CHANDLER { Ongoing }

By Xylo_19

173K 6.7K 327

Chandler Hayden ♡ Yein Yai Mhaine Warning//Fantasy// More

Intro
Part 1 U
Part 1 Z
Part 2 U
Part 2 Z
Part 3 U
Part 3 Z
Part 4 U
Part 4 Z
Part 5 U
Part 5 Z
part 6 U
Part 6 Z
Chibi Art
Part 7 U
Part 7 Z
Part 8 U
Part 8 Z
Part 9 U
Part 9 Z
Part 10 U
part10 Z
Part 11 U
Part 11 Z
Part 12 U
Part 12 Z
Part 13 U
Part 13 Z
Do or Die
Part 14 U
Part 14 Z
Part 15 U
Part 15 Z
Part 16 U
Part 16 Z
Part 17 U
Part 17 Z
Part 18 U
Part 18 Z
Part 19 U
Part 19 Z
Part 20 U
Part 20 Z
Part 21 Z
Part 22 U
Chandler 's POV!
Part 22 Z
Part 23 U
Part 23 Z
Attention !
Part 24 U
Part 24 Z

Part 21 U

3.7K 167 16
By Xylo_19

ပြသနာတွေဖြစ်ပြီးသည့်တိုင် ' အပြင်မထွက်ရ ' ဆိုတဲ့အမိန့်ကြောင့် သူဒီအိမ်ကြီးထဲမှာပဲလှောင့်ချိုင့်ထဲကငှက်တစ်ကောင်လိုထပ်ပိတ်မိနေပြန်သည်။အကုန်လုံးကလိုလေသေးမရှိအောင်ထားနေသော်လည်းသူလိုချင်တာဒီလိုပုံစံမဟုတ်။လွတ်လပ်မှုပင်။အမြဲတမ်း အဖေ့အိမ်၊အဖေ့အိမ်ဆိုပြီးညာ,ညာပြီးအပြင်ထွက်နေတာမို့ချန်ဒလာကလည်း သူ့ကိုဆိုဘာ‌ပြောပြောကိုမယုံကြည်တော့။သူဟာလည်းသူပါပဲ အဖေ့အိမ်ကလွဲပြီးသူမှာပြောစရာမရှိတော့ဘူးလား။တစ်ခြားသူဒါမှမဟုတ်သူငယ်ချင်းအိမ်လို့လိမ်ပြောရင်တောင်ရအုန်းမယ်။ဒါပေမယ့်လည်း သူ့မှာသူငယ်ချင်းဆိုလို့ တစ်‌ယောက်တောင်မရှိပေ။

စိမ်းလဲ့နေသည့် မြက်ခင်းပြင်ပေါ်လှဲချကာခြေကားယားလက်ကားယားနှင့်ကောင်းကင်ကြီးကိုမော့ကြည့်နေမိသည်။အခုသူရောက်နေသည့်နေရာက မြင်းပတ်စီးဖို့လုံလောက်သည့်ခြံအကျယ်အဝန်းပင်။ဂျော့နှင့်သူ့အတွက် ချန်ဒလာကလုပ်ပေးထားတာပင်။ဒါမယ့်ချန်ဒလာက ဒီဘက်ကိုခြေဦးတောင်မလှည့်ပေ။မြင်းကန်ခံရမှာကြောက်နေသည်ထင်ပ။သူ့မြင်းလေးဂျော့ကလိမ္မာပြီးသား။သူသာဆိုကန်ထုတ်ဖို့ပြောမှာမဟုတ်ပေ။လည်ပင်းကိုတစ်ခါထဲ တစ်ဇွတ်ဇွတ်နဲ့မြည်အောင်တတ်နင်းခိုင်းပစ်မှာ။ပျင်းလို့သာဒီ‌နေရာကိုရောက်နေလည်းမြင်းစီးချင်စိတ်လည်းမရှိပေ။

'ရီ့ကိုလည်းလွမ်းတယ်'။ရီကအဆင်ကောပြေပါ့မလား။ခုချိန်ထိရီ့မျက်နှာလေးကိုလည်းမမြင်ရသေး။ချန်ဒလာကရီအသက်ရှင်တယ်ဘယ်လောက်ပြောပြောခုချိန်ထိသူ့ရှေ့ရောက်မလာသည့်ရီ့ကိုတော့စိတ်ပူရချည်ရဲ့။ရီကို ခေါ်မလာပေးသေးဟုလည်းပြောထား‌သေးသည်လေ။သူ့ဘက်ကအတွန့်တတ်လည်း ဖက်ဖက်မောသွားရှိပေမည်။

သူကိုယ်တိုင်လည်းရီ့ကိုထိတွေ့ဖို့တွန့်ဆုတ်မိမလား‌မသေချာ။ကြမ်းတမ်းရက်စက်သည့်ခွေးကြီးကိုသူမုန်းသည်။ထိလည်းမထိတွေ့ချင်။ထို‌နေ့ကရီရဲ့လုပ်ရပ်တစ်ခုစီတိုင်းဟာသူ့မျက်ဝန်းထဲကမထွက်။‌ နောက်တစ်ခါမကြုံချင်‌လောက်အောင်ပင်။ဒါပေမယ့်လည်းအဆိုးဘက်ခြမ်းကိုပဲအမြဲတစ်‌စေကြည့်နေလို့မရ။ဘာလို့ဆိုရီဟာသူတို့နဲ့သာဆိုရန်မူ‌ဖို့နေနေသာသာခွေးပေါက်လေးကို အီနေတတ်တာသည်မလား။

" ပျင်းလိုက်တာကွာ "

မျက်စိတွေကိုလာရောက်ထိနေပြီဖြစ်သည့် ဆံပင်လေးတွေကို ထိပ်တည့်တည့်မှာစုစည်းထားကာအင်္ကျီကတော့ညဝတ်အင်္ကျီကနေခုထိမလဲရသေး။တစ်မနက်လုံးအင်္ကျီလဲဖို့တောင်ပျင်းနေတာHello Kitty ညဝတ်အင်္ကျီကိုသာဝတ်ထားလိုက်သည်။‌ နောက်ပြီးဒီဝတ်စုံကသူအကြိုက်ဆုံးအင်္ကျီပင်။အသားဖြူသည့်သူကိုယ်၌လည်းပန်းရောင် Hello kitty အင်္ကျီလေးဟာပကာသင့်စွာ။

" ယိမ်းယိုင်မှိုင်း "

နောက်ဘက်ဆီမှ ခေါ်သံကြောင့်သူလှဲနေရာမှကိုယ်လေးဆတ်ခနဲတုန်သွားကာအမြန်ထလိုက်သည်။ ခေါင်းတွေကိုလည်းစိတ်ရှုပ်စွာတစ်ဗြင်းဗြင်းကုတ်ချလိုက်မိပြန်သည်။‌ဗောက်ရှိနေလို့တော့မဟုတ်။တစ်ယောက်ထဲနေချင်လို့ ဒီဘက်ထိထွက်လာပါတယ်ဆို ဘယ်ကကောင်ကလာရှုပ်နေရပြန်တာလည်း။

" ဘာလဲ .. ဘာလဲပြော "

ယိမ်းယိုင်ရဲ့အသံ၌စိတ်မရှည်မှုများအပြည့်အဝရောနေသည်။ချန်ဒလာကလည်းဒီချိန်အလုပ်သွားပြီ၊လာမှာလည်းမဟုတ်နောက်ပြီးချန်ဒလာကသူ့ကို့ဘယ်တော့မှနာမည်တပ်မခေါ်။စိတ်ရှုပ်စွာဖြင့်နောက်သို့လှည့်ကြည့်လိုက်သည်နှင့် ထင်မထားတဲ့လူ။အလုပ်သွားရမယ့်လူကဘယ်လိုဖြစ်ပြီးဒီ‌နေရာကိုရောက်နေတာလဲ။ အလုပ်သွားမှာလား ရှိုးသွားထုတ်မှာလားတောင်မသဲကွဲ။ Suits အပြည့်ကိုဝတ်ဆင်ထားကာ လက်မှာလည်း Smart watch နာရီကိုပတ်ထားသည်။ဆံပင်တွေကိုလည်း တစ်မွှေးမကျန်အကုန်လှန်တင်ထားလေသည်။မျက်ခုံးထူထူတွေကလည်းထိလုမတတ်ကြုတ်ထားပြန်သည်။ရုပ်ကိုက သူ့လုပ်စာထိုင်စားနေရတဲ့ရုပ်။

' ဘုတ် '

သူ‌ချန်ဒလာ့ကိုငေးနေတုန်းမှာပဲမျက်နှာတည့်တည့်ပေါ်ပျံဝဲလာတဲ့အထုတ်တစ်ထုတ်။သူမှာအငိုက်မိလို့ လှမ်းဖမ်းချိန်တောင်မရလိုက်။မျက်နှာတည့်တည့်နှာခေါင်းရိုးကို တည့်မှန်တာ။ဒီလိုမျိုးသူလုပ်ချင်တိုင်းလုပ်လို့ရရိုးလား။သူ့အသားမဟုတ်တိုင်း ပစ်လို့ရရိုးတဲ့လား။အဲ့လိုသာလုပ်လို့ရကြေးဆို သူ့စောက်ခွက်ကြီးကို သံဘရက်နဲ့ခြစ်ဆားသိပ်ပေးလိုက်ချင်တယ်။

" မျက်နှာပေါ်တည့်တည့်ပစ်ရလား "

" ကျုပ်ကဘယ်လိုပစ်ပစ်လက်ပါရင် မိအောင်ဖမ်းရမှာခင်ဗျားလေ! "

'သေနာကောင်' ပါးစပ်မှလည်းကျိန်ဆဲကာ လက်ထဲကအမဲရောင်အထုတ်ကိုဖြေကြည့်လိုက်သည်။အိတ်အပြည့်နီးပါး စတော်ဘယ်ရီသီးအပြည့်ပင်။ဒီအသီး တွေ့ကြောင့်သူ့နှာခေါင်းကခုနတော်တော်အောင့်သွားတာ။

" စတော်ဘယ်ရီသီးတွေငါကဘာလုပ်ရမှာလဲ "

သူမေးလိုက်တာနဲ့ ချန်ဒလာ့ရဲ့မျက်နှာကချက်ချင်းပုပ်သိုးလာသည်။မသိခြင်ထောင်,ထောင်ပြီးမေးလိုက်တာမဟုတ် ဒီလိုမျိုးကိုယ့်အတွက်ဝယ်ပေးဖို့နေနေသာသာ သူ့အတွက်လိုအပ်တဲ့အရာတောင်သူ့ဘာသာဝယ်တာမဟုတ်ဘူးလေ။အဘစံကမျက်စိဒေါင့်ထောင့်အမြဲလိုက်ကြည့်နေရတာပင်။

" ညကျ ဖင်ထဲထည့်ပေးမလို့။ရေဆေးထား "

တကယ်သူစိတ်အချဥ်‌ပေါက်သွားရသည်။ကောင်းကောဝယ်လာပေးတဲ့ဒီကကောင်ကပဲစောက်ရူးကြီးကျလို့ဟေ။ဒူတာပဲလားတုံးတာပဲလား ဒါမှမဟုတ် ချန်ဒလာ့ရဲ့စကားကြမ်းကြမ်းကို အပြောမခံရရင် စားမဝင်အိပ်မပျော်နိုင်များဖြစ်နေကြတာလား။ပြောလိုက်ပြီထား ချန်ဒလာဆိုတဲ့ကောင်ကမသိရင်သူတို့အမြင်မှာတော့ လူဆိုးကောင်။တစ်ဖက်ကလူရဲ့ပြောတဲ့စကားကိုကမကြည့်။ချန်ဒလာအော်တာပဲ လူသိတာအောက်ကနေယိမ်းယိုင်မှိုင်းကိုက်နေတာကျလူမသိဘူးဆိုတာဒါမျိုး။

အခုလည်းကြည့် သူ့ကိုပဲပြန်ပြီးစူးစူးကြည့်နေပြန်ပြီ။ပြန်ရန်တွေ့ဖို့ပဲစကားရှာနေတာလား။အဘစံက ယိမ်းယိုင်အပေါ်လျော့ပေးဖို့ပြောပေမယ့် သူမှမနေနိုင်တာ။လုပ်လိုက်တဲ့အပြုအမူတိုင်းက စောက်တလွဲ။စောက်အပြစ်ကြီး။တစ်နေ့လောက်ယိမ်းယိုင်မှိုင်းကို မပြောရတဲ့နေ့များရှိခဲ့မယ်ဆို နောက်ပွင့်မယ့်ဘုရားတောင်စောစောစီးစီးပွင့်နေလောက်ပြီ။တစ်နေ့ကဆို သူ့မြင်းသားဖောက်ဖို့ဆိုပြီး အိမ်ကနေခိုးထွက်ကိုစိုးသူလွင်ကို မြင်းမဖြူဖြူလေးတစ်ကောင်ရှာပေးဖို့ရုံးထိသွားပြောတယ်တဲ့။ သူမြင်းကဖြင့်မဲတူးနေတာရေနံဆီသုတ်ထားတဲ့အတိုင်းကို လိုချင်တော့ဖြင့်မြင်းဖြူလှလှလေးတဲ့။

" ကြည့်မနေနဲ့။ ခနနေအိမ်ထဲဝင် "

" မဝင်ဘူး "

" ခင်ဗျားအတွန့်တတ်ပြောရမယ့်လူက ကျုပ်မဟုတ်ဘူး။စောက်စကားကို ဆင်ခြင်ပြောလိုက် "

" .... "

" မနက်ဖြန် ၈ နာရီ ကနေဒါပြန်မယ်! "

" မင်းအဖေကော "

" ကျုပ်ဒယ်ဒီကိုမေးပြီးဘာလုပ်မလို့လဲ။ဘာလဲ မတွေ့ရတာကြာတော့သတိရနေတာလား "

တစ်ခါထဲ လိုက်မယ်ထင်လို့မေးမိ‌တာလေ။သူ့ဘက်ကဟိုမလွတ်ဒီမလွတ်ပြောစရာလို‌လို့လား။ပါတယ် မပါဘူးပြောပြီးရင် ပြီးပြီမလား။သူကအရစ်ရှည်တာလားကိုယ်ကအရစ်ရှည်တာလားမသဲကွဲ။ဒီလိုပဲ မျက်နှာချင်းဆိုင်မိတာနဲ့။ကြာလာတော့သက်သက်မဲ့ပြသနာကိုမီးခွက်ထွန်းရှာသလားတောင်ထင်လာပြီ။

" စကားပြောတာ မလွန်နဲ့ချန်ဒလာ။ငါ့ဘက်က အတူတူလိုက်မယ်ထင်လို့မေးမိရုံပဲ! "

ပါပါမပါပါသူ့အရေးမို့လို့လား။ဟိုကဖြင့်သူ့ကိုရှိတယ်လို့တောင်ထင်လို့လား။သူရှိနေလို့တောင် ဟိုလူကဒီအိမ်ကိုတောင်လာမနေ။တစ်ချက်တောင်မမေးတဲ့လူကိုများသူကကောပြန်မေးစရာလိုလို့လား။

ဟိုက ဂရုမစိုက်ရင်ကိုယ်ကလည်းဂရုစိုက်စရာမလို။ရှင်းရှင်းပြောရရင်ယောင်လို့တောင်လှည့်ကြည့်မှာမဟုတ်ပေ။ဝတ္တရားတွေ ရိုသေမှုတွေလာမပြောနဲ့။ချန်ဒလာ့ဘဝမှာဒါတွေကမလိုအပ်တဲ့အရာတွေ!ပြောနေရင်းမှတစ်ဖြည်းဖြည်းနဲ့ယိမ်းယိုင်မှိုင်းရဲ့မျက်နှာကညှိုးလာပြန်တော့လည်း ဒီကကောင်အလွန်ဆိုပြီးအထင်မခံနိုင်။

" ဟာကွာသွားနှင့်ပြီခင်ဗျားယောကျာ်းရဲ့အ‌ဖေမနက်ကတည်းက Helicopter ကြီးစီးပြီး သွားနှင့်ပြီရပလား "

အသံ၌စိတ်မရှည်မှုတို့ကအပြည့်အဝပါဝင်နေသည်။

" စကားကိုဆင်ခြင်ပြောနော် ငါမင်းထက်အကြီး မင်းလက်လွတ်စပယ်ပြောလို့ရတဲ့ထဲမှာ ငါမပါဘူး "

အံမယ် ပြန်ပြောဖို့ကျဒီရုပ်မဟုတ်တော့ဘူး။

ယိမ်းယိုင်သူ့အနားသို့ထိုင်‌‌နေရာမှထကာတိုးကပ်သွားလိုက်သည်။မျက်နှာကို လည်းတစ်စိုက်မတ်မတ်ကြည့်နေလိုက်သည်။လူတိုင်းဟာငြိမ်ခံပြီးပြန်မပြောပဲနေကြည့်ရောင့်တတ်ပေလိမ့်မည်။ဒီထဲမှာချန်ဒလာတစ်ယောက်လည်းအပါအဝင်ဖြစ်သည်။အမြဲတမ်းသူကိုစကားနဲ့အနိုင်ပေးနေလို့မဖြစ်။သူ့ဘက်ကတင်းတာနှင့် ချန်ဒလာကအမြဲတစ်ထစ်လျော့တတ်သည်။သူ့ဘက်ကိုယ့်ဘက်ကတင်းတာမျိုး ချန်ဒလာကဘယ်တော့မှလက်မခံ။ဘာကြောင့်လည်းဆိုတာမသိပေမယ့် ကိုယ့်ဘက်ကပါတင်းလာတာနဲ့ချန်ဒလာ့ရဲ့အသက်ရှုသံတွေဟာမြန်လာကာတစ်ခုခုကို မနည်းစိတ်လျော့လိုက်ရသည့်ပုံ။

အခုလည်းကြည့် နှစ်ယောက်သားအကြည့်တွေကစစ်တိုက်နေဆဲ။မသိရင် ငယ်ငယ်ကဆော့နေကျ မျက်တောင်ခပ်ရင်အရှုံးဆိုတဲ့အတိုင်းဆော့နေ‌တာလားပဲ။အကြောတင်းနေတဲ့လူကလည်း‌လျော့မည့်ပုံမပေါ်။အကြည်ချင်းစစ်တိုက်‌နေကြတာဒီလိုသာကြပ်ကြပ်ကြည့်နေညနေမိုးချုပ်မှာအမှန်။နောက်ဆုံးချန်ဒလာကပဲစိတ်လျော့ကာလှည့်ထွက်လာခဲ့သည်။

" လီးပဲကွာ လီးမှမပြောဘူး နောက်ခါပြောရင်စောက်ခွက်ကိုဖြတ်ရိုက်လိုက်! "

ချန်ဒလာထွက်သွားသည်နှင့်ယိမ်းယိုင်လည်းသက်ပြင်းရှည်ကြီးကို တစ်ချက်ချလိုက်မိသည်။ဘယ်လိုယောကျာ်းကို သူ့ကိုပေးသနားထားရတာလဲ။အမြဲရန်လိုနေတဲ့ကောင်နဲ့သူဘယ်လိုများထပ်ပြီးနှစ်ပါးသွားရပါ့မလဲ။တကယ်ချန်ဒလာ့ကိုရော့အင့်ဆိုပြီးတော့သာကောက်ပေးလိုက်ချင်။

•~•~•~•~•~•~•~•~•~•~•~•~•~

ရုံးချုပ်ကြီးကို ပြန်သွားသည့်တိုင် ကားမှန်ကိုတစ်တောက်တောက်ခေါက်နေမိသည်။ခုကုန်တိုက်တော်တော်များများ LED Board နေရာ၌ချန်ဒလာ၏ပုံအစားမိုက်ကယ်ရဲ့အဖေဟာတော်တော်များများနေရာယူထားသည်။တစ်ချို့နေရာတွေ၌လည်း ချန်ဒလာ့ကိုအလိုမရှိဟု ရေးကပ်ထားသည်။ဒါဟာဦး ဒေဝရဲ့လှည့်ကွက်‌သေးသေးလေးပင်။ယိမ်းယိုင်မှိုင်းကိုအပြင်မထွက်စေချင်တာဒါတွေပါသည်။သူ့ကြောင့်ဆိုပြီးစိတ်ကဆွဲနေမှာသူမလိုလား။မိုက်ကယ်ရဲ့အဖေ‌အဆင့်လောက်ဟာ သူ့ကိုယှဉ်တိုက်ရအောင်သူနင်းထားတဲ့မြေမှုန့်တစ်မှုန့်စာလောက်တောင်အရည်အချင်းမရှိ။

အထက်တန်းစား၊ အထက်တန်းစားဆိုပြီး လုံးဝပါးစပ်ကမချတဲ့ ဦးသော‌ကနဲ့ဦးဒေဝကသူ့ကိုအခုတော့သွေးတိုးစမ်းချင်လာပြီ။သူ့သားစောဝန်းကို Medical ပိုင်းထည့်လည်းအဆင်မပြေ။ Medical ပိုင်း၌ ကမ်မလီက‌ဦးဆောင်ပြီးဆောင်ရွက်နေတာမို့ သူတို့ဘယ်လိုမှထိုးဖောက်လို့မရပေ။ခုတော့ဦးဒေဝနဲ့ပူးပေါင်းပြန်ပြီဖြစ်သည်။ နှစ်ယောက်စလုံးဟာဦးရိုးရာမင်းလက်‌အောက်ကလူတွေ။ဦးရိုးရာမင်းခုတစ်လေပျောက်ချက်အားကောင်းတာလဲကောင်းတဲ့ပျောက်ခြင်းမဟုတ်ပေ။ဦးသောကနှင့်ဦးဒေဝကိုနောက်ကနေကြိုးကိုင်ကစားနေတာပင်။ နောက်ပြီးအချိန်တစ်ခု ရောက်တာနဲ့ယိမ်းယိုင်မှိုင်းကိုကြိုက်သလိုဆွဲထုတ်သွားနိုင်သည်။ဦးရိုးရာဟာလည်း ခေသူမဟုတ် သူသာစလာကတည်းကမင်္ဂလာပွဲကိုကြီးကြီးကျယ်ကျယ်လုပ်ခဲ့မယ်ဆို ခုချိန်မှာယိမ်းယိုင်ကသူ့လက်ထဲကို ရောက်မှာမဟုတ်။မျိုးပင်မှိုင်းကလည်း ဘယ်လောက်ဒုက္ခ ရောက်နေပါစေသူ့အဘိုးဆီကအကူအညီလုံးဝယူမှာမဟုတ်သည့်အတွက်ဒါဟာသူ့အတွက်ဂွင်တစ်မျိုးဖြစ်သွားတာပင်။

မျိုးပင်မှိုင်းနှင့်ယိမ်းယိုင်မှိုင်းညီအစ်ကိုနှစ်ယောက်လုံးကခေါင်းမာတာတော့တူတယ်။အမှတ်သည်း‌ခြေလည်းကြီးကြတယ်။မျိုးပင်မှိုင်းတို့မိသားစုနှင့် ဦးရိုးရာမင်းတို့အဆက်အသက်ပြတ်ထားသည်မှာနှစ်နှစ်လောက်တော့အလွန်ဆုံးရှိလောက်သည်။ဒါ တွေကသူ့အတွက်ကအရေးမပါသော်လည်းယိမ်းယိုင်မှိုင်းကိုလက်ထက်မယ်ကြံတုန်းကအနည်းအများ‌ တော့သိရထားတာပင်။အကုန်လုံးကလျောလျောရှူရှူနဲ့လွယ်‌ နေလိုက်ပုံများ။အဟက်! ဦးရိုးရာမင်းရဲ့ သူ့မြေးအတွက်နဲ့ပထဆုံးစိန်ခေါ်ခဲ့တဲ့နေ့ကိုလည်းမေ့မှာမဟုတ်။

Company လမ်းမဘက်ကွေ့ရသည်နှင့် သူ့လက်အောက်ရှိ Company,ကုန်တိုက်တွေရဲ့ LED Board နေရာမှာတစ်စုံတစ်ယောက်ရဲ့ပုံကားနေရာအပြည့်အဝယူထားလေသည်။Conmany တွေရဲ့ထုတ်ကုန်တွေနှင့် LED Board ကဟာကလားလားမျှမသက်ဆိုင်။ဒီဘက်ခြမ်းကသူ့လက်ထဲကရေဖြစ်သည့်အတွက်ကြိုက်သလိုလုပ်ပိုင်ခွင့်အပြည့်အဝရှိသည်။LED Board အပြည့်နေရာယူထားသည်ကမြင်းတစ်ကောင်နားအဖြူရောင်ဝတ်စုံလေးနှင့်မတ်တပ်ရပ်နေသည့်ကောင်လေး။ထိုကောင်လေးက Curly hair လေးတွေကိုပါပိုင်ဆိုင်ထားကာ အင်္ကျီမှအနည်းငယ်လစ်ဟနေသောကြောင့် ရင်ဘတ်ညှပ်ရိုးပေါ်မှ မှည့်နက်လေးကိုပါမြင်တွေ့နေရသည်။

" အစ်ကိုလေး ဟယ်ရီ။တစ်လမ်းလုံး ပါပါရာဇီတွေကြီးပဲ ဘယ်လိုလုပ်ရမလဲ "

အရှေ့ကားနှစ်စီးနောက်ကားနှစ်စီးနေရာယူထားကာ ချန်ဒလာစီးလာသည့် McLaren ကားကတော့အလည်မှာပင်။အိုလစ်နဲ့မတ်စ်က ရှေ့တစ်ဖက်စီကနေဦးဆောင်သည်။နောက်ကကားထဲမှာက ကိုငြိမ်းစံနှင့် ဂိုဏ်းသားဂျွန်က ဦးဆောင်ထားသည်။ဒီလိုလူအုပ်ကြီးထဲမှာ လုပ်ကြံလူမပါနိုင်ဘူးလို့ပြောနိုင်လို့လား။ခုချိန်က ဦးဒေဝကသူ့သားမိုက်ကယ်သေတဲ့ကိစ္စနဲ့ ချန်ဒလာ့ကိုဘယ်လိုလုပ်ရလုပ်ရလုပ်ကြံမှာပင်။

ဆက်သွယ်ရေးကိရိယာဆီက မတ်စ်ရဲ့အသိပေးသံကြောင့် ကားနှစ်စီးကိုကျော်ကာရှေ့သို့ကြည့်လိုက်သည်။ပါပ့ရာဇီဟာကြိတ်ကြိတ်တိုးပင် ဒီလူအုပ်ကြီးထဲဖြတ်မောင်းဖို့အဆင်ပြေပါ့မလား။သခင်လေးကစိတ်ရှုပ်တာမကြိုက်သလို လူရှုပ်တာလည်းမကြိုက်ပေ။ဒီလူအုပ်ကြီးကို ကျော်ပြီး Company ထဲရောက်ရင်တောင်ကံကောင်းပေအုန်းမယ်။

" ကားကိုထပ်ချဲ့လိုက်။ဂျွန်နဲ့ကိုငြိမ်းစံကားကို150cm အလိုလောက်ထိထပ်ချဲ့ပေးပါ "

" Yes Sir ! "

အမိန့်ရသည်နှင့် ကားလေးစီးဟာ ညီတူညီမျှချန်ဒလာ၏ကားဆန့်ကျင်ဘက်သို တစ်ဖြေးဖြေးကပ်ချသွားသည်။ကားတစ်စီးနှင့်တစ်စီးအကွာအဝေးဟာ နည်းနည်းလေးတောင်လွဲချော်မှုမရှိပေ။တိကျနေသည်။ဖြေးဖြေးခြင်းလှည့်ဝင်လာသည့် ကား‌ငါးစီးကြောင့် ပါပါရာဇီတွေကလှုပ်လှုပ်ရှားရှားဖြစ်ကုန်တာထိုကားတွေနားအပြေးတစ်ပိုင်းပြေးလာကြတော့သည်။လက်ထဲမှာလည်းကင်မရာတွေမိုက်တွေကို ကိုင်ကာသူ့ထက်ငါအရင်ရောက်မေးချင်ဇောဖြင့် လူ့ခံတပ်အလားတိုးဝင်လာကြသည်။

မတ်စ် ထိုလူအုပ်ကြီးကိုကြည့်ကာ C7A2 သေနတ်ကိုထုတ်ကာကျည်စစ်နေလိုက်သည်။နောက်ပြီးရောက်တာနှင့် ချန်ဒလာရဲ့ရှင်းလင်းပွဲ မပြီးမချင်းစတုတ္ထထပ်၌သွားနေရမည်ဖြစ်သည်။ဟယ်ရီနှင့် ကိုငြိမ်းစံသာချန်ဒလာ့ရဲ့ဘေးမှာရှိမှာဖြစ်သည်။ဘယ်အရာမဆို သတိလတ်လွတ်ဖြစ်ရင်မကောင်း။သတိချပ်နေရလိမ့်မည်။မတ်စ်ကလျင်သည်ထက်သည်။ဟယ်ရီပြီးရင် လက်ရုံးရည်အပြည့်ဆုံးကမတ်စ်ပင်။ဘယ်အရာမဆို ခိုင်းတဲ့အလုပ်တိုင်းကိုတိကျသည်။အမှားအယွင်းမရှိပေ။

" ဟိုမှာ လာနေပြီ! ကားနားသွားမြန်မြန် "

" အလယ်က ကားနားသွား အဲ့မှာ ချန်ဒလာဟေဒန်ပါတာ "

" မြန်မြန်ပြေးစမ်းပါ ငါတို့မရောက်မှဖြင့် "

တီ တီ တီ .......!

ကျယ်လွန်းလှသည့် ကားနှစ်စီးဟွန်းသံကြောင့် လူတွေအကုန်လန့်ထွက်ကုန်သည်။ဒါဟာသူတို့ကိုလမ်းရှင်းစေချင်တဲ့သဘောလား ဒါမှမဟုတ် အနားမကပ်စေချင်တဲ့သဘောလား။ကင်မရာမန်းတွေဟာလည်း ဒီကိုသူတို့နှင့်သတင်းတင်ဆက်ဖို့လား ပြိုင်ကားကို ဓါတ်ပုံလာရိုက်ဖို့လား။ပြိုင်ကားတွေနြင်တာနဲ့ တစ်ယောက်ပြီးတစ်ယောက်ဓါတ်ပုံလိုက်ရိုက်နေကြတာသူတို့ကို ရှိတယ်တောင်မထင်တော့။ပြောလို့သာပြောရတာ ကားတွေဟာလန်ထွက်နေကာ တကယ့်ကိုအပြန့်စားတွေပင်။‌ပုံထဲမှာပဲ မြင်ဖူးသည့်ကားများကို တစ်နေရာထဲစုမြင်လိုက်ရသလို။ McLaren Model ကတော့ ကားငါးစီးလုံးစီးထဲမှာ မိမိုက်နေသည်။

ကားရပ်သွားသည်နှင့် ဆင်းလာသည့်နားလူတွေဟာအလုံးအချင်းပြေးကြပြန်သည်။သို့သော် ထိုလူတွေနားမရောက်လိုက် လုံခြုံရေးဝန်ထမ်းတွေက အကုန်ပိတ်ဆို့ကာတားထားပြန်သည်။

" နေပါအုန်း အစ်ကို ကျွန်တော်တို့မေးတာလေးဖြေခဲ့ပေးပါအုန်း "

" အစ်ကိုရေ ဒီဘက်လေးခနလောက်လှည့်ကြည့်ပါအုန်း "

" အစ်ကိုရေ ဦးဒေဝရဲ့သားကို ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့တယ်ဆိုတာ တကယ်လားရှင့်ဖြေပေးသွားပါအုန်း "

Company အထဲဝင်ခါနီးခါမှ ထိုမေးခွန်းကြောင့်ချန်ဒလာက နောက်သို့ပြန်လှည့်လာသည်။သတင်းထောက်မလေးမှာ ဝန်ထမ်းတွေကိုကျော်ကာ ရှည်လျားလွန်းလှသည့်ထို့လူ့အရပ်ကြီးကြောင့်မော့ကြည့်နေရသည်။ရေမငတ်ပါပဲ တံတွေကိုလည်းအကြိမ်ကြိမ်ခနခနမြိုချနေမိပြန်သည်ာရပ်ကြည့်နေရုံလောက်နှင့် ဘာကိုကြောက်လို့ကြောက်မှန်းမသိကြောက်စိတ်တွေက တိုးရစ်ဝင်လာခဲ့သည်။ထို့လူရဲ့အကြည့်တွေပဲလား ..

" သတ်ပစ်ခဲ့တာ "

တိကျပြတ်သားလွန်းသည့်အဖြေစကားပြန်ပြောပြီးသည်နှင့် ချန်ဒလာဘယ်အရာကိုမှ ဂရုမစိုက် ဟောခန်းမကြီးထဲသို့တန်းတန်းမတ်မတ်ဝင်သွားလိုက်သည်။ထိုအခန်းထဲ၌ အဆင့်မြင့်သတင်းသမားတွေ၊ရှယ်ယာဝင်အစုသမား သုံးလေးယောက်ကလွဲပြီး ဘယ်သူမှမရှိ။

" လာပြီ လာပြီ "

တစ်လက်လက်ထနေသည့် မီးအလင်းရောင်တွေကိုကျော်ကာ သူ့ဖို့ချထားပေးသည့်ခုံ၌ ခြေချိတ်ကာဝင်ထိုင်လိုက်သည်။အခုတစ်ခါ ဦးဒေဝပိုက်ဆံပေးထားသည့်လူတွေလည်းပါနေလောက်သည်။ဘာပဲဖြစ်ဖြစ် သူတို့ကဆိုးကွက်ကိုတော့ရှာမှာပင်။

" စ မေးလို့ရပြီ "

" ကျွန်မက D သတင်းဌာနကပါ့ရှင့်။အခု ဦးဒေဝရဲ့သားအမှုနဲ့ပတ်သတ်ပြီး အစ်ကိုတို့ Company ကလူကလည်းတစ်စိတ်တစ်ဒေသပါဝင်နေတယ်ဆိုတာ အဲ့တာဟုတ်ပါသလားရှင် "

" အင်း "

" ဒါဆို မိုက်ကယ်ရဲ့အမှုက ထိုလူနှင့်အပြည့်အဝပတ်သတ်နေတာပေါ့နော် "

" အင်းးး "

တစ်ယောက်ပြီး တစ်ယောက်အစဉ်လိုက်လက်ထောင်ကာသိချင်တဲ့မေးခွန်းကို ထပ်မေးလာသည်။ဖြေဆိုသူရဲ့မျက်နှာအနေအထားကို သူတို့မခန့်မှန်း။သူတို့သတင်းဌာန နာမည်ရဖို့သာအရေးကြီးသည်။အဲ့လိုအတွက်လည်း မလိုအပ်တဲ့ Personal case တွေအထိ ဝင်ရောက်စွတ်ဖက်လည်းသူတို့အမှန်။

" နောက်ပြီး အဲ့လူနဲ့လည်းလက်ထက်ထားတယ်ဆိုပြီးသတင်းသဲ့သဲ့လေးထွက်နေပါတယ်ခဗျ။တကယ်အမှန်သာဆို ဘာလို့ယောကျာ်းလေးကိုများ... "

" ငါယောကျာ်းယူယူမိန်းမယူယူ မင်ထမင်းတင်ကျွေးထားရလို့လား "

" သခင်လေး! "

ဟယ်ရီကဟန့်သည်။ခုလောလောဆယ်မှာမလိုအပ်တဲ့ပြသနာတွေမဖြစ်စေချင်။သို့သော်ချန်ဒလာကဂရုမစိုက်။သူလုပ်ချင်တာသူလုပ်သည်။ဟယ်ရီ့ကိုတစ်ချက်တောင်မကြည့်။ပါပါရာဇီတွေကိုသာပြာကျတော့မည့်အကြည့်တို့နဲ့သာကြည့်နေသည်။

" ‌Girl ဖြစ်ဖြစ် Boy ဖြစ်ဖြစ် မင်းစောက်ကြောင်းလား။ကျစ်! စိတ်ပျက်စရာ Next ! "

ချန်ဒလာရဲ့ Next ဆိုတဲ့အသံကိုကြားတာနဲ့နောက်ထပ်အမျိုးသမီးတစ်ယောက်ကလက်ထောင်ကာထပ်မေးလာသည်။

" ဦးဒေဝရဲ့သားရဲ့အမှုကအစ်ကို့လက်ချက်ပါလား။ဘယ်လိုအငြိုးတွေများရှိနေခဲ့လို့ပါပဲရှင့်။နောက်ပြီးအစ်ကိုတို့ရုံးချုပ်ကလူနဲ့ပါ ဘယ်လိုပတ်သတ်နေခဲ့တာပါလဲ! "

ချန်ဒလာက ထိုမေးခွန်းမေးသည့်အမျိုးသမီးကိုကြည့်ကာ လက်သုံးချောင်းထောင်လိုက်သည်။အကုန်လုံးကလည်း ပြန်ဖြေလာမည့်အဖြေကိုစောင့်မျှော်ကြသည့်အလား လည်တစ်ရှည်ရှည်။ဘယ်လိုအဖြေများဖြစ်နေပါလိမ့်။ကင်မရာမန်းတွေရဲ့ တစ်ဖျက်ဖျက်ရိုက်ချက်တွေဟာလည်း စိတ်ရှုပ်စရာကောင်းနေပေမယ့်လည်း သူ့အပိုင်ကိုတော့ထိလို့မရနိုင်ဘူးဆိုတာတော့ တစ်တိုင်းပြည်လုံးသိသွားပေလိမ့်မည်။

" ငါ့လူကို ကြည့်ပိုင်ခွင့်မရှိဘူး။ပြောပိုင်ခွင့်မရှိဘူး။ထိပိုင်ခွင့်မရှိဘူး။ အဲ့ဒီ့အချက်သုံးချက်လုံးချိုးဖောက်တဲ့ ဘယ်သူ့ကိုမဆိုငါ့ဘက်ကသတ်ပစ်ဖို့ဝန်လေးနေမှာမဟုတ်ဘူး! "

လက်သုံးချောင်းထဲမှ လက်ညှိုးနဲ့လက်သူကြွယ်ကိုတစ်ချောင်းစီပြန်သိမ်းကာလက်ခလည်ကိုတော့ထားခဲ့လိုက်သည်။ထို့နောက် Live လွှင့်ပုံထင်ရသည့်ကင်မရာရှေတည့်တည့်လှည့်ကာမျက်ခုံးတစ်ချက်ပင့်ပြီးလက်ထောင်ပြလိုက်သည်။ဘယ်ကောင့်များစောက်ဂရုမစိုက်ဘူးဆိုတဲ့ အကြည့်မျိုး။

•~•~•~•~•~•~•~•~•~•~•~

" အစ်ကို အဲ့ကောင်လေးပြောသွားတာကြောက်စရာကြီး "

မျိုးပင်မှိုင်းသူ့ရဲ့ကောင်မလေးကို Shopping လိုက်ပို့ရင်း ကုန်တိုက်ရဲ့ဖန်သားပြင်၌ပေါ်နေသည့်လူ၏ ရှင်းလင်းပွဲကိုကြည့်နေကြတာပင်။ချန်ဒလာတို့ခုလုပ်‌နေသည့်နေရာနှင့်ဒီနေရာကလည်းသိပ်မဝေးလမ်းလျှောက်ရင်တောင်ရောက်လောက်သည့်အနေအထား။ယိမ်းယိုင်မှုင်းကသူတို့နှင့်ဆိုင်တာဆိုင်တာ မပိုင်တော့ပေ။သူတို့မိသားစုထံ၌ခွဲထုတ်သွားတာလည်း တစ်မျိုးကောင်းပေသည်။ညီလေးမှာ ကာကွယ်ပေးမယ့်လူလည်းရှိသည်။စောင့်ရှောက်ပေးမညိ့သူလည်းရှိနေပြီပဲ။အနည်းအများတော့လုံခြုံသည်ပင်။‌ နောက်ဆုံးကိုယ့်မိသားစုကိုယ်ပြန်သတ်တဲ့မိသားစုအရိပ်အာဝါသ‌ အောက်ကလွတ်သွားတာလည်းအကောင်းဆုံးပင်။

" အစ်ကို ဘာတွေစဉ်းစားနေတာလဲ နှင်းပြောတာကြားလား! "

" အာ အင်းကြားတယ်နှင်း။ ဒီမှာခနစောင့်နေ ကို toilet ခနသွားအုန်းမယ်! "

ခေါင်းလေးတစ်ချက်ပုတ်ကာ အပြုံးချိုချိုလေးတွေပြုံးပြကာထွက်သွားသည့်ကို။အခုတစ်လော မျက်နှာလည်းမကောင်းပေဘာတွေအခက်အခဲရှိလည်းဆိုတာသူမေးလို့တောင်မရ။အစ်ကိုက တစ်ယောက်ထဲ အမြဲကြိတ်ကာခံစားနေတတ်သည်ပင်။သူများတွေလို အေးအတူပူအမျှခံစားချင်ပေမယ့် အစ်ကိုကအမြဲနှုတ်ဆိတ်နေတတ်သည်။

မျိုးပင်မှိုင်း Toilet ထဲထွက်လာသော်လည်း အချိန်အတော်ကြာရပ်နေမိသည်။သူ့မှာရှင်းစရာကိစ္စတွေ အများကြီးရှိနေသည်။ဒါလီယာဝမ်နဲ့ကော ဘိုးဘိုးနဲ့ကော။ဘိုးဘိုးနှင့်အဆက်အသွယ်မလုပ်ဖြစ်တာကြာပြီဖြစ်ပေမယ့်အခုတော့ပြန်ဆက်သွယ်ရတော့မည့်ပုံ။'စိတ်ရှုပ်ဖို့ကောင်းလိုက်တာကွာ ခုချိန်မေမေသာရှိနေမယ်ဆို သူဘာလုပ်ရမလဲဆိုတာလမ်းပြပေးမှာ '

" ကိုကို! "

အများသုံးဘေစင်မှာမတ်တပ်ရပ်ရင်းမှ‌ ခေါ်သံကြောင့်သူ့ကိုယ်လေးဟာတွန့်ခနဲ။‌ဒီခေါ်သံကိုသူအများကြီးရင်းနှီးသည်။တစ်လျှောက်လုံးသူ့ကို တစ်မျိုးမျိုးနဲ့လိုက်ရှုပ်နေတတ်သည့်ကောင်။ဒီကောင်လည်းစိတိပျက်ဖို့ကောင်းလှသည်။အမြဲတမ်းပတ်‌ ရှောင်လေလေထိပ်တိုက်တိုးတတ်သည်။မဆုံချင်တဲ့လူနဲ့မှထပ်ဆုံမိပြန်သည်။သူ့ဘက်ကအစကတည်းကလိုက်လျောညီထွေးမဆက်ဆံပေးလိုက်သင့်ပေ။ခုတော့ရောင့်တတ်လာလိုက်ပုံများ။

" ကိုကိုက ဒီကိုဘယ်လိုဖြစ်ပြီးရောက်လာတာလဲ "

" နှင်းနဲ့လာတာ "

" ဪ!။ နှင်းကိုပြန်ပို့ပြီးရင် ကျွန်တော်နဲ့အတူညစာစားပေးပါလားကိုကို "

" ငါမအားဘူး "

ဘေစင်မှာ လက်ဝင်ဆေးနေသည့်ဟယ်ရီက လက်တို့ကခဏရပ်တန့်သွားသည်။ဒါပေမယ့်လည်းအမူအရာမပျက်အပြုအမူကိုထိန်းကာ ...

" ကျွန်တော်စောင့်နေမှာပါ "

" ငါမအားဘူးဆိုတာ မင်းနဲ့မစားချင်လို့ ဟယ်ရီ! "

" ဘာလို့... "

" မင်းနဲ့စားရမှာတော့ မသတီတာအမှန် "

သူ့လိုလူအတွက်တော့ အစ်ကို့ရဲ့ပြောချက်တိုင်းကအထိနာသည်။ဒါပေမယ့်လည်းသူ့ဘက်ကပိုင်ရှင်ရှိမည့်လူတစ်ယောက်ကို ရှေ့ဆင်တိုးနေရတာလဲ။သူတို့နှစ်ယောက်ကြားဟယ်ရီဟာဘယ်လိုအပိုင်းအစဖြစ်ဖြစ် ဝင်လို့မရတော့ချေ။ပိုင်ရှင်ရှိမယ့်လူကိုရှောင်ရမယ်တဲ့။ဒါပေမယ့်လည်းဘယ်လိုလုပ်ရမလဲ အချစ်မှာအတ္တစိတ်တော့ရှိသည်မလား ချစ်ရတဲ့သူကိုပိုင်ဆိုချင်တယ်၊ကိုယ့်ကိုယ်ပဲကြည့်နေစေချင်တယ်။သူလှည့်ကြည့်လိုက်တိုင်း အမြဲတမ်းရှိနေမယ့်အိမ်တစ်လုံးဖြစ်ချင်မိတယ်။

" နောက်ခါတွေ ငါ့ကို ကိုကိုလို့မခေါ်နဲ့! "

" ဘာလို့လဲ! "

" နှင်းကဘာမှမပြောပေမယ့် ငါ့ဘက်ကအပြောအဆိုဆင်ခြင်ရမယ် နှင်းကငါ့လက်ထပ်တော့မယ့်မိန်းကလေး မင်းကဘာမှမဆိုင်တဲ့လူ! ဘာမဟုတ်တဲ့လူကြောင့် ငါနဲ့နှင်းကြားသွေးကွဲတာမျိုးငါမလိုလားဘူး! "

" ကိုကို သူ့ကိုသိပ်ချစ်တာပဲလား "

" အွန်း "

ကိုကိုကပြုံးပြီးဖြေတယ်။ကိုကို့အပြုံးတွေမှာ ထိုအမျိုးသမီးလေးကို ဘယ်လောက်ချစ်လဲဆိုတာ‌ထင်ဟပ်နေခဲ့တယ်။ကိုကို့အပြုံးတွေကို မြင်ရတိုင်းသူ‌ပါလိုက်ပျော်မိ၏။ဒါပေမယ့်လည်းရင်ဘတ်ထဲကလည်း အနည်းငယ်တော့အောင့်တတ်နေမိသည်။သူ့ရဲ့အချစ်တွေကို ရင်ဘတ်ထဲမှုပဲရင်ဝယ်ပိုက်သိမ်းထားဖို့ကံပါလာခဲ့သည်ထင်သည်။သူ့ရဲ့အရာအားလုံးကို ရင်ထဲမှာပဲသိမ်းထားဖို့ကိုကိုကလမ်းပြပေးလိုက်ပြီဖြစ်သည်။ရှေ့ဆက်လှမ်းဖို့ဆိုတဲ့ ကြိုးစရေးရေးလေးတောင်မမြင်တော့။အရာရာအကုန်လုံးကို ရှေ့ဆက်မတိုးမိအောင်အစ်ကိုဟာပါးနပ်စွာကန့်ချလိုက်တာပင်။ထိုအမျိုးသမီးကို ကြင်ကြင်နာနာတစ်ချက်ခေါ်တိုင်းသေမိန့်ကြကြေးဆို ဒီနေရာမှာ ဟယ်ရီဆိုတဲ့ကောင်မရှိတော့မှာအသေပချာပင်။

' တစ်ဖက်သတ်အချစ်တွေက မီးတစ်စလိုပဲအမြဲပူလောင်စေတယ် '

အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းမှမဟုတ်ပါဘူး အဝေးကနေချစ်နေရလည်း အချစ်ပဲတဲ့။ဒီလိုပဲကိုကို့အနားရှိနေမှ အချစ်မဟုတ်ပါဘူး ကိုကို့အဝေးကနေပြီးချစ်နေရတာလည်းအချစ်ပါပဲ။ကျွန်တော့်ဘဝမှာ တစ်ခါမှဆု‌မတောင်းဖူးပေမယ့်ကိုကိုနဲ့တွေ့ပြီးနောက်မှ ပိုဆုတောင်းဖြစ်လာတယ်။ဒါဟာ ကိုကို့ကို အမြဲပျော်ရွှင်စေချင်တာပါပဲ။ကျွန်တော့်ကြောင့်ဟုတ်ခဲ့ရင်တောင် ကိုကို့ကိုပျော်ရွှင်စေချင်ခဲ့တာတော့ ကျွန်တော့စိတ်ရင်းအမှန်ပါ။ မျှော်လင့်ချက်လည်းမပါသလိုအတ္တလည်းကင်းတဲ့ကျွန်တော့်ရဲ့အချစ်ပါပဲ။

" ကိုကို သူနဲ့နေရတာ ပျော်တယ်ထင်တယ် "

" အင်း နှင်းကငါ့ကိုအများကြီးနားလည်ပေးနိုင်တယ်။ငါဝမ်းနည်းတဲ့အချိန်တိုင်းတစ်ဦးတည်းရှိပေးနိုင်တဲ့လူပဲ။စကားပြောနေတာ ရပ်လိုက်ရအောင် နှင်းငါ့ကိုစောင့်နေတယ် "

ဟယ်ရီ့ရဲ့လက်မောင်းကိုတစ်ချက်ကိုပုတ်ကာ မျိုးပင်မှိုင်းကတော့ထွက်သွားလေပြီ။

ကိုကိုဟာသူ့ကိုနည်းနည်းလေးတောင်သဘောမကျဘူးပဲ။တစ်ခါတစ်လေ မပိုင်ဆိုင်ရတဲ့လူတွေကိုလည်းဇာတ်လမ်းမစတင်ခင်ကတည်းက ဆုံးရှုံးရတတ်တယ်။ကိုယ်ချစ်တဲ့လူက သူချစ်တဲ့လူနှင့်တွဲမြင်ရတဲ့အခါ ‌နာကျင်ခြင်းနှင့် ပျော်ရွှင်ရခြင်းက ဒွန်တွဲဝင်လာတတ်၏။‌နာကျင်ရခြင်းဟာ ချစ်ရတဲ့လူရဲ့ပျော်ရွှင်မှုဟာ ကိုယ့်ကြောင့်မဟုတ်‌တာကြောင့်ဖြစ်ပြီး၊ပျော်ရွှင်ရခြင်းဟာကိုယ့်ကြောင့်မဟုတ်တဲ့ ချစ်ရတဲ့လူရဲ့အပြုံးတွေကို မြင်ရခြင်းကြောင့်ဖြစ်ပေလိမ့်မည်။

" စတင်ကတည်းက မှားနေခဲ့တာ ကျွန်တော့်ဘက်က မှားနေခဲ့တာ အားးး! "

နံရံကိုတစ်ရပ်စက်ထိုးခွဲနေသည့်ဟယ်ရီ။အစကတည်း ပိုင်ရှင်ရှိသည့်လူကိုချစ်ဖို့သူ့နှစ်လုံးသားကလှုံ့ဆော်ခဲ့ရတာလဲ။ခုတော့မလိုအပ်တာတွေပဲဖြစ်နေခဲ့ပြီ။စတင်တွေ့ခဲ့သည့် ကိုကို့ရဲ့အပြုံးတွေကြောင့်သူရင်ခုန်ခဲ့ရသည်။ကိုကိုဟာ သူ့အပေါ်မျှော့်လင့်ချက်တစ်စွန်းတစ်စတောင်မထားခဲ့။သူကသာ သူ့ဘက်ကသာအတိုင်းထက်အလွန်ကျော်လွန်နေခဲ့တာ။ကိုကို့ဘက်ကအကြိမ်ကြိမ်ငြင်းပယ်ခဲ့သည့် ဂရုစိုက်မှုတွေကို သူ့ဘက်ကအလိုက်မသိပေးခဲ့မိတာ။ကိုယ်ချစ်တာသူသိဖို့ကြိုးစားရင်း သူချစ်တာ ကိုယ်မဟုတ်မှန်းသိခဲ့ရတယ်။

" ကိုကို့အပေါ် စိတ်မယိမ်းအောင်ကျွန်တော်ကြိုးစားပါ့မယ်။ကျွန်တော်ကြိုးစားပါ့မယ်ဗျာ "

" သဝန်တိုလိုက်တာ ကိုကို့နဲ့ကိုကိုအမျိုးသမီးလေးကို ကျွန်တော်သဝန်တိုလိုက်တာ "

ပထမဆုံးအကြိမ် သူ့ဘဝမှာကျလာဖူးသည့်မျက်ရည်။လူငယ်တိုင်းဟာအချစ်ဆိုတဲ့နွံထဲမှာအချိန်ကြာမြင့်စွာနစ်ဖူးခဲ့ကြသည်မလား။ဒီလိုပါပဲ သူဟာလည်းဒီလိုပါပဲ ကိုယ့်အတွက်ချစ်ခြင်းမေတ္တာမရှိသည့်လူဆီမှာနစ်ဖူးခဲ့ပြီဖြစ်သည်။ဘုရားသခင်ဟာ ပူဆွေးဝမ်းနည်းဖို့အတွက်နဲ့အချစ်ဆိုတဲ့အရာကိုဖန်ဆင်းပေးထားတာလား။ဒါမှမဟုတ် သူ့လုပ်ခဲ့တဲ့အပြစ်တစ်ခုစီတိုင်းအတွက် ပြစ်ဒဏ်ခက်လိုက်သည်လား။

•~•~•~•~•~•~•~•~•~•~•

23 • 3 • 2024 •
Kiran

Continue Reading

You'll Also Like

9.1K 653 22
တချိန်က ဘယ်အရာကိုမှဂရုမစိုက်စွာပြုံးပျော်နေခဲ့သော ရှားပိုင်ဇေဟူသည့် လူရွယ်လေးသည် သူသိပ်ချစ်လှပါသောမောင့်ကိုတွေ့ခဲ့ချိန်မှစ၍ သူ့၏ဘဝသည် ကပြောင်းကပြန်ဖြ...
159K 4.5K 12
(COMPLETE) Grab your favorite drink and curl up to a quick romance! So, get ready to follow the adventure to finding love of Monica and Noah as they...
390K 23.9K 41
We were enemies by birth. We were in love by choice. [trigger warning for like three chapters]
7.1K 416 23
~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your health💫🙆❣️ ~~မြင်မြင်ချင်းအခ...