တနင်္ဂနွေနေ့
ဒီနေ့ ရတီ ကောင်းသန့်နဲ့ တွေ့ဖို့ချိန်းထားသောနေ့ဖြစ်သည်။
အစကတော့ သူမ ကောင်းသန့်ချော့လိုက်ပါက ပြန်အဆင်ပြေပစ်လိုက်ဖို့ တွေးထားသည်။
သို့သော် သူနဲ့မတွေ့ခင်စပ်ကြားလေးမှာပဲ ဦးဖေနဲ့ အဆုံးစွန်ခရီးကို ရောက်ခဲ့မိလေသည်။
ဦးဖေရဲ့ အထိအတွေ့....
ဦးဖေရဲ့ အကြင်အနာ...
ဦးဖေရဲ့ ချစ်တတ်မှု....
ဦးဖေရဲ့ သူမအပေါ် ဆန္ဒပြည့်ဝစေမှု....
ထို့အပြင် ယောကျ်ားပီပီသသနှင့် စွမ်းဆောင်နိုင်မှု....
အိုး.......
အရာအားလုံးက သူမကို စွဲလမ်းစေမိသည်။
မဖြစ်သင့်မှန်း သိသည်။
သို့သော် သူမ ဆက်ဖြစ်ချင်နေသည်။
လူပျိုလူလွတ်လေး ကောင်းသန့် နဲ့ဆက်တွဲလျှင် အရာအားလုံးက ပန်းခင်းလမ်းကို လျှောက်ရသလို ချောမွေ့ဖြောင့်ဖြူးမယ်မှန်း သူမ သိသည်။
လူ့စိတ်ဆိုတာလည်း ခက်သားလား....
မကောင်းမှန်းသိသော အရာကိုမှ တမ်းတမ်းစွဲမိနေသည့်အဖြစ်။
သူမနဲ့ ဦးဖေ ဟိုတစ်ခါက ကွန်ဒိုတိုက်ခန်းလေးမှာ ဆန္ဒကိုယ်စီ ဖွင့်ထုတ်ကြပြီး အချစ်ခရီးလှော်ခဲ့ကြပေမဲ့ နောက်တစ်ကြိမ်တော့ အခုထိ ပြန်မတွေ့ဖြစ်။
နေ့တိုင်း အိမ်မှာတွေ့နေရတော့ အလွမ်းပြေရတာပင်။
မေမေသတိထားမိလား၊ မထားမိလားတော့ ရတီသေချာမပြောတတ်။
သေချာတာ တစ်ခုက သူမ အခုတလောအိမ်ကပ်နေသည်။
လွမ်းတဲ့စိတ်က ငယ်ထိပ်တက်ဆောင့်သည့် နေ့မျိုးဆို တိတ်တိတ်လေး ကြီးမေမသိအောင် အဝတ်လျှော်စက်နားက လျှော်မည့် အဝတ်ပုံနားသွား။
ပြီးလျှင် ဦးဖေ အင်္ကျီ ကို အပြေးလေးရှာ။
ဘေးဘီဝဲယာ လူရှင်းမရှင်း တစ်ချက်ကြည့်ကာ ကျွင်းကျန်နေရစ်သော ဦးဖေရဲ့ချွေးနံ့ကို တဝကြီးခိုးနမ်းရှိုက်ရသေးသည်။
ဖုန်းနဲ့လည်း လှမ်းလှမ်းပြီး ချစ်ကြောင်း၊ လွမ်းကြောင်း မက်ဆေ့ ပို့ရသေးသည်။
မေမေရှေ့မှာ မေမေမသိအောင်လုပ်နေရကိုပင် ရင်တလှပ်လှပ်နဲ့ ပိုအရသာရှိသလို ခံစားနေရသည်။
ဒီနေ့တော့ သူမ ဇာတ်လမ်းတွေအကုန်ရှင်းခဲ့ဖို့ရည်ရွယ်ထားသည်။
လှေနံနှစ်ဖက်လည်း မနင်းချင်ပြီ။
ငါးရံ့နှစ်ကောင်ကို တပြိုင်တည်း မဖမ်းချင်ပြီ။
သူမ ချစ်ဆိပ်ရည်တွေက တစ်ယောက်သောသူ ဦးဖေကိုမှ တမ်းတမ်းစွဲဖြစ်နေလေပြီ။
ဒါကြောင့် ဒီနေ့လှလှပပ အဆုံးသတ်ခဲ့ဖို့ ရက်ရက်စက်စက်လှအောင်ပြင်ထားသည်။
အပေါ်အောက် တစ်ဆက်တည်း အဝါရောင်ကိုယ်ကျပ်ဆွဲသားဂါဝန်အတိကလေးဖြင့်။
မျက်ခွံဖို့ဖို့လေးပေါ် ဘာအရောင်မှ အထူးအထွေမတင်တော့ဘဲ Eyeliner ခပ်ထူထူလေးဆွဲထားကာ မျက်တောင်လေးတွေကို mascara ဖြင့် ကော့တင်ထားသည်။
ပါးအို့လေးတွေကို ပန်းရောင်ပြေပြေလေးချယ်သထားတော့ ဆယ်ကျော်သက်အလှတရားတွေကို ပိုတောက်ပြောင်နေသလို။
နှုတ်ခမ်းဖူးဖူးလေးကိုလည်း အနီမရင့်တရင့်လေးဆိုထားတော့ သူမအလှတရားတွေက စူးရဲရင်မောစေသည်။
လေးညိုကို ချိန်းထားသော "Junction city" ကိုပို့ခိုင်းလိုက်ပြီး ပြန်လွှတ်လိုက်သည်။
စောင့်မနေစေလို။
ဘယ်လိုဘယ်ပုံတွေ ဆက်ဖြစ်မယ်မှန်း သူမမှ မသိဘဲ။၊
အဝင်ဝက ဖုန်းပွတ်နေသည့် လူတစ်စုထဲ ကောင်းသန့်ကို သူမရှာရသေးသည်။
တွေ့ပါပြီ....ဒင်း။
Levi's တီရှပ်အနီရဲရဲကိုမှ အပေါ်က ဂျက်ကက်အပါးနဲ့၊ အောက်ကလည်း Chino ဘောင်းဘီအနက်ရောင်။
ကြည့်လိုက်တာနှင့် Gen-Z ရုပ်လေးထွက်နေသည်။
သူမဝင်အလာကို ရှာနေဟန်တူသည်။
သူမကို တွေ့လိုက်သည်နှင့် အပြေးလေး လှမ်းလိုက်သည်။
"ရတီ...ရောက်လာပြီလား"
"အေး..."
"နင်ကလည်းကွာ...စကားပြောတာ ခပ်ပြတ်ပြတ်ကြီးနဲ့"
"ဟဲ့....ငါဒီလိုပဲပြောနေကြကို"
တကယ်တော့ ဦးဖေနဲ့ ဆုံးတုန်းကဆို အဲလိုမှမဟုတ်ဘဲ။
မြူ၏သို့၊ ကလူ၏သို့ ပြောနေကြပင်။
သို့သော် ကောင်းသန့်က သူမငယ်နိုင်ဆိုတော့ ခပ်တည်တည်ဟောက်ထည့်လိုက်သည်။
"ငါတို့ မုန့်အရင်စားကြမလား"
"ကောင်းသားပဲ...ငါလည်း ဗိုက်ဆာနေပြီ"
"လာ....လာ"
ကောင်းသန့် ရတီလက်ကို ဘာမဆိုင်၊ ညာမဆိုင်ဆွဲကိုင်ပစ်လိုက်သည်။
ရတီလည်း တွန်းဖယ်မနေတော့။
ခေါ်ဆောင်လာဆီ အလိုက်သင့် လှမ်းခဲ့လိုက်တော့သည်။
အပေါ်ထပ်က " Lotteria" ဆီ ဝင်လိုက်ကြသည်။
"နင်ဘာစားချင်လဲ"
"ငါက ကြက်ကြော်နဲ့ Coca Cola"
"အေး...ငါမှာပေးလိုက်မယ်...နင်သွားထိုင်နေလေ"
ဒီနေ့မှ ပြာပြာသလဲ သူမကို အရမ်းကာရောဂရုစိုက်ပြနေသည်။
တအောင့်ကြာ သူမတို့မှာထားတာတွေ အကုန်ရောက်လာသည်။
စကားကိုတောင် ဟုတ်တိပတ်တိမပြောကြသေးဘဲ အစားကိုပဲ ဝအောင်စားလိုက်ကြသည်။
"ဗိုက်ဝသွားတာပဲ...လာ ငါတို့ တခြားတစ်နေရာပြောင်းရအောင်"
"နင် ငါ့ကို ဘယ်နေရာခေါ်သွားမလို့လဲ"
"နင်ကလည်းဟာ ငါတို့ အေးအေးဆေးဆေးစကားပြောရအောင်လေ...ငါတို့မတွေ့တာ အရမ်းကြာနေပြီလေ...ငါသိသလောက် စာမေးပွဲဖြေပြီးကတည်းကလေ...ဒီမှာ..လူအဲဒီလောက် ရှုပ်နေတာ....အေးဆေးဆေးဆေး စကားပြောဖို့မလွယ်လောက်ဘူး"
"ပြီးရော"
ကောင်းသန့်နဲ့ရတီ ကုန်တိုက်မှ တစ်နေရာဆီ ကောင်းသန့်ကားနဲ့ ဦးတည်မောင်းနှင်လိုက်သည်။
"နင်အခု ဘယ်သွားမှာလဲ"
"ငါ့တိုက်ခန်းလေ"
"ဟဲ့..နင့်မှာ ဘယ်အချိန်ကတည်းက တိုက်ခန်းပိုင်သွားတာလဲ"
"ဟား...ဟား..ငါ့အဖေက ငါစာမေးပွဲပြီးကတည်းက လွတ်လွတ်လပ်လပ်နေချင်နေရအောင်ဆိုပြီး တိုက်ခန်းဝယ်ပေးထားတာ...ငါအခုနင့်ကို ဒါပြချင်လို့လေ"
"အေး..ပြီးရော...ဟိုရောက်ရင်လည်း ငါလည်း နင့်ကိုပြောစရာရှိတယ်"
"ငါလည်း မတွေ့ရတဲ့ အချိန်တွေမှာ ပြောစရာတွေ ရင်နဲ့အပြည့်ပဲ"
"ဟေ့....ဟေ့ နင်ဝတ္ထုတွေ လာရေးမနေနဲ့...နင့်အကြောင်းငါသိလာတာ အံတိုနေပြီနော်"
"အဟတ်.....ဟတ်...နင်ကလည်း ရိုလို့ကို မရဘူးပဲ"
"လမ်းသေချာကြည့်မောင်အုံး"
ရတီ စကားလမ်းကြောင်း လွှဲပစ်လိုက်သည်။
ခဏကြာ ကောင်းသန့် ရင်ကွဲပက်လက်နဲ့ ကျန်ရစ်ကြီး ဖြစ်ခဲ့မယ်မှန်း သူကိုယ်တိုင် ကြိုသိခဲ့မယ်ဆို သူဒီလောက်ထိ အူမြူးနေမိမှာမဟုတ်။
တိုက်ခန်းရှိရာ နေရာသို့ရောက်လာပြီ။
ကားလွတ်တဲ့နေရာ ပါကင်ထိုးလိုက်ကာ သူ့တိုက်ခန်းရှိရာ (၃)လွှာကို လှေကားနဲ့တက်လာကြသည်။
ဖွင့်လိုက်တော့ တိုက်ခန်းက အခုမှ interior decoration လုပ်ထားသဖြင့် အပျံစားဖြစ်နေသည်။
အတွင်း ဆိုဖာနံရံတွေဆီ နှစ်ဦးသား မတိုင်ပင်ရဘဲ ပြိုင်တူထိုင်ချမိလိုက်သည်။
အိုက်စပ်နေသဖြင့် အဲယားကွန်း ဖွင့်လိုက်သည်။၊
ပြီးနောက်ကောင်းသန့်မှ ပြောစရာရှိတာ အရင်ထုတ်ပြောလိုက်သည်။