စေ့စပ်ပွဲပြီးလို့ နောက်တစ်ပတ်နေရင် မင်္ဂလာပွဲကလုပ်တော့မှာဆိုတော့ မင်္ဂလာဝတ်စုံ သွားဝယ်ရမည်ဖြစ်သည်။
"ကိုကို နှင်းတို့ဘယ်ဆိုင်မှာ ဝယ်ကြမလည်းဟင်"
(ရွံစရာကောင်းလိုက်တာ)
"မနှင်းပွင့်လွှာ ကျွန်တော်ကိုကိုကိုလို့မခေါ်ပါနဲ့ ကျွန်တော်မကြိုက်ဘူး"
ဟုတ်ပါသည် 'ကိုကို' ဆိုသည်က တိမ်လွှာခေတ်သွေးအပိုင်နာမ်စားလေးတစ်ခုဖြစ်သည်။ထိုနာမ်စားကို တိမ်လွှာခေတ်သွေးကလွဲလို ဘယ်သူကိုမှမခေါ်စေချင်။
နှင်းပွင့်လွှာမျက်နှာပျက်သွားသည်။ပြီးတော့မှ...
"ဒါဆိုမောင်လို့ပဲခေါ်မယ် ဒါတော့မတားနဲ့နှင်းတို့ကနောက်တစ်ပတ်နေရင်လက်ထပ်ကတော့မှာ"
"အင်းကျွန်တော်သိပါတယ် အဲ့အကြောင်းကိုထပ်ခါထပ်ခါမပြောပါနဲ့"
"ကောင်းပြီ ဒါဆိုဘယ်ဆိုင်မှာဝယ်ကြမလည်း"
"ကျွန်တော်မစဉ်းစားတက်ဘူး မနှင်းပွင့်လွှာသာ ကြိုက်သလိုစီစဉ်ပါ"
"အင်း"
အရှေ့ကနေ သမုရဲ့ကားထဲကိုသာတက်သွားလိုက်သည်။
သူမတကယ်ကိုစိတ်ပျက်နေမိသည်။
ဘာလို့ပြန်မရနိုင်တဲ့မေတ္တာကိုမှသူမကလည်းတန်းတန်းဆွဲလိုချင်နေရသည်လည်း။
ဒီလက်ထပ်ပွဲက သူ့မဘက်ကသာလက်ခံခဲ့တာ သမုဘက်ကမယဘာမျှတောင်မပြော။အဲ့တာကပထမဆုံးစိတ်ပျက်မိတာပဲ။
မင်္ဂလာပွဲကိစ္စကိုတောင် သူမကိုပဲကြိုက်သလိုစီစဉ်ပါဆိုထဲက ဒီမင်္ဂလာပွဲကိုရှေ့မဆက်သင့်တော့ပါ။
ဒါပေအယ့် သူမအရာအားလုံးကို လျှစ်လျှူရှူ့ခဲ့သည်။
နောက်တစ်ကြိမ်စိတ်ပျက်အောင်မလုပ်ပါနဲ့ဟုသာ စိတ်ထဲကနေစုတောင်းမိသည်။
မိန်းကလေးတစ်ယောက်အနေနဲ့တော့ သူနဲ့လက်ထပ်မဲ့သူက သူမအပေါ်စိတ်မရှိရင်တောင်...
သူမကိုဂရုတော့စိုက်သင့်ပါသည်ဟုတွေးမိသည်။
မင်္ဂလာဝတ်စုံရောင်းသည့်ဆိုင်ထဲကိုရောက်တော့...
"မောင် ဒါလေးဘယ်လိုနေလည်း"
"မနှင်းပွင့်လွှာအဆင်ပြေရင်ယူလိုက်ပါ ကျွန်တော်ပိုက်ဆံရှင်းလိုက်ပါ့မယ်"
သမုရဲ့စိမ်းသတ်သတ်အခေါ်အဝေါ်ကြောင့်ဘေးနားမှာရှိသည့်အမျိုးသမီးသည်သမုတို့ကိုသေချာကြည့်နေမိသည်။
နှင်းပွင့်လွှာကတော့သမုရဲ့စကားကိုသဘောမကျပါ။ဒါပေမယ်လည်း သူမ ရွေးချယ်ပြီးပြီလေ။
"အမနောက်တစ်ထည်ပြပေးပါ ဒါသိပ်မကြိုက်ဘူး"
"ဟုတ်ကဲ့ ဟိုဘက်နားမှာပါ"
"မောင်နေခဲ့အုံးနော်"
သမုခေါင်းတစ်ချက်သာညှိပ်ပြလိုက်သည်။နှင်းပွင့်လွှာကတော့ ဟိုဘက်နားက အဝတ်တွေကိုသွားကြည့်နေသည်။တစ်ချက်တစ်ချက်သမုကိုလှမ်းကြည့်ရင်း ပြုံးပြသည်။
"မောင်ဒါလေးသွားဝတ်ကြည့်"
နှင်းပွင့်လွှာလက်ထဲမှ အင်္ကျီကိုယူကာ အဝတ်လဲခန်းထဲမှာပဲဝင်လဲလိုက်သည်။
သမုကအသားဖြူတာကြောင့် အင်ဖြူရောင် သတိုးသား ဝတ်စုံလေးဝတ်လိုက်တော့ နတ်သာလေးနှင့်တူသည်။
နှင်းပွင့်လွှာက အဖြူရောင်ဂါဝန်လေးနဲ့သမုကိုသေချာကြည့်နေမိသည်။
"မောင်ကအရမ်းခန့်တာပဲ"
"...ဟယ် လိုက်ဖက်လိုက်တာ..."
သူတို့ဘေးနားမှာရက်နေသည့် အမျိုးသမီးက ထိုသို့ချီးမွန်းသည်။
ထိုစကားကိုသမုကြားတော့ ချက်ချင်းပင်မျက်မှောင်ကျုံ့မိသည်။
သမုမျက်မှောင်ကျုံ့တာကိုမြင်မှထိုအမျိုးသမီးသူ့ပါးစပ်သူလက်နဲ့အုပ်ထားမိသည်။
"မနှင်းပွင့်လွှာသဘောကျရင် ယူလိုက်ပါကျွန်တော်ပိုက်ဆံသွားရင်းလိုက်မယ်"
"အင်း ဒါလေးသဘောကျတယ်"
မင်္ဂလာဝတ်စုံရွေးပြီးပိုက်ဆံရှင်းကာ သူတို့လည်းပြန်လာကြသည်။
မင်္ဂလာပွဲကနီးလေ သမုရဲ့စိတ်တွေပိုပြီးရှုပ်ထွေးလာလေ။
တကယ်ကိုထိုအမျိုးသမီးနဲ့သူလက်ထပ်ကမှာလား။
သူဒါကိုဘယ်လိုငြင်းဆန်ရမလည်း။
အတွေးများကိုရက်ပြီး ကားကိုပဲအာရုံစိုက်မောင်းလိုက်သည်။
"မောင် ဟိုနားက cookie ဆိုင်လေးမှာခနရက်ပေးနော်"
"....."
သမုငြင်းဆိုချင်းမရှိ ခေါင်းသာညှိပ်ပြလိုက်သည်။နှင်းပွင့်လွှာက cookie ဆိုင်ထဲကိုဝင်သွားတော့ သမုတစ်စုံတစ်ယောက်ကိုသတိရမိပါသည်။
သူသတိရနေသူက သေချာပေါက် တိမ်လွှာခေတ်သွေးဆိုသည့်ကောင်ပေါက်လေးပင်ဖြစ်သည်။
နှင်းပွင့်လွှာ ခနကြာမှ cookie ဆိုင်ထဲမှထွက်လာပြီး cookie တွေဝယ်လာသည်။သူမ ဝယ်လာသည့် cookie တွေကတစ်ယောက်ယောက်အရမ်းကြိုက်ရသည့်မြေပဲ cookie တွေပင်ဖြစ်သည်။
ဒါဟာတိုက်ဆိုင်မှုတစ်ခုသာဖြစ်လိမ့်မည်။
"စားမလား "
နှင်းပွင့်လွှာက သူ့လက်ထဲမှကိုင်ထားသည့် ဖန်ပုလင်းလေးကိုလက်လှမ်းပေးသည်။
ထို ပုလင်းအကြည်လေးထဲမှာ မြေပဲ cookie တွေကိုထပ်ထားလျက် ပုလင်းအပြည့်ပင်။
"မစားတော့ပါဘူး ကျွန်တော်မကြိုက်ဘူး"
"စားကြည့်ပါကောင်းတယ်"
"မစားပါရစေနဲ့ ကျွန်တော်မကြိုက်တဲ့အရာတွေကိုဇွတ်မကျွေးပါနဲ့"
"အင်းပါ ဆိုင်ရှေ့မှာကားရပ်ပေးလို့ကျေးဇူး"
"အင်း" ဆိုပြီးသာတစ်ခွန်းထဲပြန်ပြောပြီးကားကိုသာအာရုံစိုက်ကာမောင်းလိုက်သည်။
သူတို့အိမ်ပြန်ရောက်တော့ ခြံထဲမှာ မင်္ဂလာပွဲအတွက်ထင်ပါရဲ့ လူတွေအများကြီးက ပန်းပင်တွေရွေ့လိုက် မြတ်တွေရိတ်လိုက်နဲ့အလုပ်များနေကြသည်။
"နှင်း..."
"အာ...ဝတီနဲ့ သဲသဲပါလား... နင်တို့ကိုလွမ်းနေတာ"
နှင်းပွင့်လွှာက ထိုမိန်းကလေးနှစ်ယောက်ကိုပြေးဖက်သည်။
သမုကတော့ ဘေးကနေတောင့်တောင့်ကြီးသာရက်နေသည်။
"ဒါက သမုအတ္တညို။ ငါ့သတိုးသားလောင်းပေါ့ ။ မောင်ဒါက ဝတီနဲ့သဲသဲ နှင်းသူငယ်ချင်းတွေလေ"
"ဟုတ်ကဲ့ ကျွန်တော်ကသမုအတ္တညိုပါ"
အက်ရှရှအသံဖြင့်သာခပ်အေးအေးပြောလိုက်သည်။
သမုရဲ့စကားတစ်ခွန်းချင်းစီတွင်အသက်မပါသည့်ဟန်။
တကယ်ကိုလေးတိလေးကန် ။အရာအားလုံးကိုစိတ်ပျက်နေသည်အလား...။
"ဟေ့ မောင်ဆိုပါလား နှင်းနင့်ဟာကြီးက ရှယ်မိုက်တယ်နော်"
နှင်းပွင့်လွှာနားကိုကပ်ပြီး သမုကိုတစ်ချက်ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။
"ကောင်မတွေနော် ငါရိုက်လိုက်ရ"
"ဟားးဟားးးစတာပါ သူ့ဟာကြတော့တွန့်တိုလိုက်တာ"
သူတို့သုံးယောက်ကသာ စကားတွေတစ်တွတ်တွတ်ပြောနေတာ။သမုကသူနှင့်မသက်ဆိုင်သလို ဘာစကားမျှဝင်မပြောပါချေ။ထိုနေရာမှာခနမျှမနေချင်။သူတို့မေးသည့်အနှောင့်သွားမလွတ်သည့်စကားများပင်မဖြေချင်တာကြောင့်ရှောင်ထွက်ဖို့သာလုပ်လိုက်သည်။
"မနှင်းပွင့်လွှာတို့အေးဆေးစကားပြောအုံး ကျွန်တော်သောက်စရာတစ်ခုခုယူလာပေးမယ်"
သမုရဲ့စိမ်းသက်သည့်အခေါ်ကြောင့် နှင်းပွင့်လွှာရဲ့သူငယ်ချင်းနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးမျက်ခုံးပင့်မိသည်။
သမုကတော့ဘာကိုမှဂရုမစိုက်ထိုဝိုင်းထဲကနေထွက်လာသည်။
"ငါနင့်ကိုစဉ်းစားလို့မရတော့ဘူး ဒီလောက်အေးစက်စက်နဲ့လူကိုဘာလို့ရွေးချယ်ရတာလည်း နင်ရူးသွားပြီလားမိနှင်း"
"အေ့ဟယ် နင်အစက ဒီလိုအေးစက်စက်လူမျိုတွေမကြိုက်ပါဘူး နင်စိတ်ရောမှန်ရဲ့လား"
နှင်းပွင့်လွှာအပြုံးနှင့်သာ သူ့ရဲ့သူငယ်ချင်းတွေပြောနေသည့်စကားကိုတုံ့ပြန်နိုင်သည်။သူမမှာ ဖြေရှင်းဖို့စကားလုံးတစ်လုံမျှရှိမနေ။ဒီတခါလည်းသူမအရှက်ကွဲရပြန်သည်။
သူမစိတ်ပျက်နေမိတာတော့အမှန်ပင်။လက်ထပ်မယ့်နေ့ကြရင် သူမကိုထပ်ပြီးအရှက်မခွဲပါနဲ့။
သို့သော်သူမကိုယ်တိုင်ကိုယ်က ရူးရူးမိုက်မိုက်ရွေးချယ်ခဲ့သည်လား။
ဒီလောက်တော့ပေးစပ်ရမည်လေ။
သမုအတ္တညိုဆိုသည့် လူရဲ့အချစ်ကိုရဖို ဒီလောက်ထိခက်ခဲလိမ့်မယ်လို့သူမ မတွေးခဲ့။လွယ်လွယ်လေးပါဟုသာတွေးခဲ့မိသည်။
တကယ်တန်း ထင်သလောက်လွယ်ကူမနေပါ။
"ငါမရူးလို့ပဲ ဒီမင်္ဂလာပွဲကိုလက်ခံခဲ့တာပေါ့"
"အေ့ပါ နင်သဘောပဲ"
"နောက်တစ်ပတ်နေရင် လက်ထပ်ကတော့မှာဆိုတော့ အိပ်ရေးဝဝအိပ် အစားလည်းပုံမှန်စားကြားလား"
"အင်းပါ ငါသိပါတယ် အခုလိုငါ့ကိုဂရုစိုက်ပေးတဲ့အတွက်လည်းကျေးဇူးပါ"
သူငယ်ချင်းသုံးယောက်စကားပြောရင်းနှင့် ရယ်နေကြသည်။
သောက်စရာတစ်ခုခုသွားယူမယ်ဆိုသူကလည်းပေါ်မလာတော့ပေ။
ဝတီနဲ့သဲသဲလဲပြန်သွားပြီး နှင်းပွင့်လွှာလဲအိမ်ထဲကိုသာဝင်ခဲ့လိုက်သည်။
"သမီး ဒီကိုလာပါအုံး မင်္ဂလာပွဲအတွက်ဖိတ်စာတွေကအခုထိမရွေးရသေးဘူး "
"ဟုတ်ကဲ့အန်တီ"
"သမီးဘာအနံလေးကြိုက်လည်း လာကြည့်ပေးပါအုံး"
" နှင်းဆီအနံ့ပဲယူလိုက်ပါ ဒါပြီးရင်သမီးအိမ်ပြန်အုံးမယ်နော်အန်တီ"
"အေ့ပါကွယ်သမီးကြိုက်တာလုပ် "
နှင်းဆီအနံ့နဲ့ ဖိတ်စာအညိုရောင်လေးကိုသာရွေးခဲ့သည်။
နှင်းပွင့်လွှာလည်း သမုနဲ့ ဒေါ်ဝေဟန်နန်းညိုကိုနှုတ်ဆက်ပြီးသူ့အိမ်ကိုသာပြန်သွားတော့သည်။
သမုကတော့သူရဲ့အခန်းထဲကနေမထွက်နိုင်တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်နေလျက်။
သူ့ညီမကတော့အတက်နိုင်ဆုံးကူညီပေးသည်။
အစကတော့ သမု သူ့ညီမကိုမုန်းသည်။
အခုတော့ မုန်းတာကိုဘေးဖယ်ကာ ကျေးဇူးတင်နေရသည်။
"ငါအဲ့လိုလုပ်လိုသူ့ငါ့ကိုမုန်းသွားပြီထင်တယ်ဟာ"
"သူမုန်းလည်း ဒါကနှစ်ယောက်လုံးကောင်းဖို့အတွက်ပဲလေ"
"သူငါကိုမုန်းတယ်ဆိုလည်းမုန်းပါစေ။ဒါမှသူအများကြီးမနာကျင်ရမှာ"
မျက်နှာငယ်လေးဖြင့်သူ့ရဲ့ခံစားချက်များကို ပေါ့သွားအောင်အကုန်ပြောလိုက်သည်။အခုလို ပြောလိုက်တာကလဲ အပူတစ်ခုလျော့သည်လား...။
___________________________________________________________
# SHARE HTET ✅
# nay-naybook