user@all_of_mylove_for_you

بواسطة wren_babyyyn

11.5K 1.9K 838

STARTED DATE-16.11.23 المزيد

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
EXTRA

17

520 119 59
بواسطة wren_babyyyn

ဂယူဗင်းသည် စီနီယာအစ်မ​ပြောတာကို
ကြားပြီးကတည်းက စိတ်ထဲတနုံ့နုံ့ ​
ပြောစကားနားမ​ထောင်သည့် ​ကောင်​လေးကိုလည်း ခပ်ဆတ်ဆတ်ရိုက်ပစ်ချင်သည်။

ရှန်ချွမ်း​ရွေ့ကို တ၀ကြီး ​ဆူပစ်မယ်လို့ ​
တွေးထားပြီး ချိန်းလိုက်​ပေမဲ့ စိတ်ထဲမှာ
ရစ်ခီ ဆိုသည့် နာမည်က ရင်းနှီး​နေသလို
​ဖျောက်လို့မရ။ ​နာမည်ကို​ပြောင်း​ပြောလိုက်တာကလည်း သူသိသွားမှာ​ကြောက်လို့ ချွမ်း​ရွေ့ က
မသိ​အောင် တခြားနာမည်သုံးပြီး ​
ပြောလိုက်တာဖြစ်နိုင်သည်။

စိတ်ထဲစနိုးစ​နှောင့်ဖြစ်​နေ​ပေမဲ့
ဘာမှန်း​တော့​သေချာမသိ။ အချိန်ကိုက်ဆိုသလို
၀င်လာသည့် စာတို တစ်​စောင်က
ဂယူဗင်းရှုပ်​ထွေး​နေတာ​တွေကို
လမ်းဖွင့်​ပေးလိုက်သလို။

Kim Ricky

/တကယ်လို့​လေ/

/စိတ်ဆိုး​နေတယ်ဆို ဘယ်လို
​စိတ်​ပြေ​အောင်လုပ်​ပေးရမလဲ/

/စဥ်းစား​နေရင်ကြာမှာဆိုးလို့
မင်း စိတ်​ပြေမယ့် နည်းလမ်း​​လေး​တွေပဲ ​ပြောပြ/

/မင်း ကြိုက်တဲ့ နည်းလမ်း​တွေ​နော်/

***

ဂယူဗင်းက ​တော်ရုံဆို သူစိမ်းတစ်​ယောက်အ​ပေါ် သံသယ၀င်ခဲသည်။အခု နာမည်တူ​နေတာ​ရော၊
အ​ခြေ​​နေတူ​နေတာ​ရော​ကြောင့် ဒီ acc ပိုင်ရှင်က
ချွမ်း​ရွေ့များ ဖြစ်​နေမလားဆိုပြီး စိတ်ထဲထင့်နေသည်။

ပို့ထားသည့် စာ​တွေကို ပြန်ဖတ်ကြည့်​တော့
သူနဲ့ ချွမ်း​ရွေ့ ရုပ်ရှင်မကြည့်ခင် ည မှာ
သူငယ်ချင်းအချင်းချင်း ကြိုက်သည့်
ရုပ်ရှင်​ရွေးခိုင်းတာ​တွေ၊ ​ကျောင်းမှာရှိလာ​မေးပြီး
ည​နေကျ​တော့ ​ကျောင်း​ရောက်လာတာ​တွေ
အစရှိသဖြင့် တိုက်ဆိုင်​နေသည်။
​အတည်ပြုဖို့ဆို တစ်နည်းပဲရှိသည်။
မသိမသာ  ဝူဟွန်း ကို စကားအစ်ကြည့်ဖို့။

"ဝူဟွန်း ငါ ဂယူဗင်း "

"​​အေး ဂယူဗင်း ဘာဖြစ်လို့လဲ ငါ​ပြောရဦးမယ်
မင်းမိတ်ဆက်​ပေးတဲ့ မမ နဲ့ အရမ်းအဆင်​ပြေတယ်သိလား"

ဝူဟွန်းအသံ​နေအသံထားကိုကြည့်ရတာ အရင်ကထက် ဂယူဗင်း​ပေါ် ​ပျော့​ပျောင်းလာသည်။
ကူညီ​ပေးလိုက်တာလဲ ပါမည်။ ဒါ​ပေမဲ့
သူမိတ်ဆက်​ပေးသည့် စီနီယာအစ်မက
အဆင်မ​ပြေဘူးဆိုပြီး လာ​ပြောထားတာကို အခု
ဝူဟွန်းက အဆင်​ပြေတယ်ဆို​တော့
ဘယ်တစ်​ယောက်နဲ့ အဆင်​ပြေသွားမှန်းမသိ။
ဒါကလည်း ထားလိုက်ပါ​လေ အခုက အဲတာထက်
ပိုအ​ရေးကြီးသည့် ကိစ္စရှိ​နေသည်​လေ။

"​မင်း ​ပြေတယ်ဆို​တော့ ​တော်​သေးတာ​ပေါ့
ဒါနဲ့ မင်း ရစ်ခီ နဲ့ အဆက်သွယ်ရလား"

ဂယူဗင်းသည် ရစ်ခီ လို့သာထည့်​ပြောလိုက်ရသည်။
ရင်တမမ။

"ရစ်ခီ? ဘယ်ကရစ်ခီ? အာ! မင်းနဲ့ ချိန်းထားတာမဟုတ်ဘူးလား မင်းကို
​တွေ့မယ်ဆိုပြီးထွက်သွားတာပဲ"

ဝူဟွန်းက ​ကြောင်အအ​လေး​ပြောလာသည်။

"အင်း ဒါဆို ​ရောက်နှင့်​နေပြီထင်တယ်
ငါ ဖုန်းချလိုက်​တော့မယ်"

ဂယူဗင်းသည် မျက်နှာ​ပေါ်က အပြုံးကို
ထိန်းမရ၊သိမ်းမရ။ ချွမ်း​ရွေ့ တစ်ဖက်လှည့်နဲ့
သူ့အ​ကြောင်းစုံစမ်းပြီး သူ့ကို လိုက်တာ​တွေ၊
သူ​သ​ဘောကျချိန်မှာ ချွမ်း​ရွေ့ကလည်း
သူ့ကို သ​ဘောကျ​နေ​ကြောင်းစဥ်းစားမိ​တော့
ရင်ထဲယားကျိကျိ။ အရင်ကထက်ပိုပြီး ​
နေလို့ထိုင်လို့​ကောင်းလာသလို။

အူတူတူ​လေးလို့ ထင်ထားကာမှ တကယ်​တော့
လူလည်​လေး ဖြစ်​နေတာပဲ ရှန်ချွမ်း​ရွေ့​လေးက။
ဂယူဗင်းက ​စိတ်ဆိုး​နေတာ​တွေ​တောင် ​
ပျောက်ပြီအူမြူးလာသည်။

အရင်ထက် ပိုပြီးအရှိန်တင်ကာ ကားကို​မောင်းလာခဲ့သည်။ လူလည်​လေးကို ​ပွေ့ဖက်ပြီး ရင်ခွင်ထဲထည့်ကာ နမ်းရှိုက်ချင်သည်။ ရှန်ချွမ်း​ရွေ့နားက
တစ်ဖဝါးမှကို မခွာချင်​တော့။

ဆိုင်ထဲမှာ ထိုင်​နေသည့် ချွမ်း​ရွေ့ကို ဘာ​တွေတကုပ်ကုပ်လုပ်​နေမှန်းမသိ။ ဂယူဗင်း၀င်လာတာကို မြင်​တော့ ၀မ်းသာသလိုလို၊​ကြောက်သလိုလိုနဲ့ တုန်တုန်ရီရီ။
ကျားဂူထဲ​ရောက်သွားသည့် ​ကြောင်​ပေါက်​လေးလို။
ချွမ်း​ရွေ့က တစ်ခုခု​ပြော​နေ​ပေမဲ့ ဂယူဗင်း နားထဲမှာ ဘာမှမကြား။ရုပ်ရှင်ထဲကအ​နှေးပြကွက်လို
ချွမ်း​ရွေ့မျက်နှာ​လေးကပဲ တ၀ဲလည်လည်။

သူငယ်ချင်းအချင်းချင်းကြိုက်တယ်ပဲ လုပ်​နေလို့
သူ့သူငယ်ချင်း အူ​ကြောင်ကျားကိုများ ကြိုက်​နေသလားဆိုပြီး ဂယူဗင်းက စိုးရိမ်ခဲ့ရတာ​​တွေက၊
အခု​တော့ အလကား စိုးရိမ်စိတ်၀င်မိတယ်ဆိုပြီး ကိုယ်ဘာကိုယ်အသုံးမကျဘူးဆိုပြီးလဲ တွေးမိသည်။သူ့ကို သ​ဘောကျလို့ က​လေးအ​တွေး​နဲ့ သူ့ကို
ပိုးပန်းသည့် ချွမ်း​ရွေ့ပုံကို ပြန်မြင်​ယောင်​တော့
ဂယူဗင်း စိတ်ထဲ အူယားသည့် စိတ်က တရိပ်ရိပ်။

"ချွမ်း​ရွေ့ ကိုယ်တို့ လက်ထပ်ရ​အောင်"

ချွမ်း​​ရွေ့က မထင်မှတ်ထားလိုထင်သည်။
အံ့သြသွားပုံရသည်။ပြန်မ​ဖြေလာ။
ဂယူဗင်းက ကိစ္စမရှိဘူးလို့ ​တွေးသည်။
ပြန်​ဖြေ​​ဖြေ မ​​ဖြေ​ဖြေ ကိစ္စမရှိ၊တစ်​နေ့ ရှန်ချွမ်း​ရွေ့ လက်ထပ်လို့ ခန်းမထဲအတူတူ၀င်ရမည့် သူ
သည် ကင်ဂယူဗင်းပဲ ဖြစ်ရမည်။

ချွမ်း​ရွေ့က တစ်ချိန်လုံး အူတူတူပုံ​လေး၊
အရင်က​တော့ သူပဲ ​​မြောင်း​တွေအ​ကျယ်ကြီး​
ဖောက်ပြီး ဂယူဗင်းက ​ရေစီးနဲ့အတူလာ​တော့မယ်ဆို​တော့ ဂိတ်ပိတ်ထားပြန်သည်။
က​လေးစိတ်နဲ့ ​ကြောင်​တောင်​တောင်​လေးဆို​တော့ ​သေချာ​ပေါက် မဟုတ်တာ​တွေလုပ်ဖို့ ​တွေး​နေတာဖြစ်နိုင်သည်။

***

အိမ်ပြန်​ရောက်သွား​တော့လည်း ဂယူဗင်းက
ချွမ်း​ရွေ့ကို ​တွေ့ချင်စိတ်ကထိန်းမရ။
လူလည်​လေးက တစ်ချိန်လုံး ဂယူဗင်းကို ​
ဆော့​နေခဲ့တာကို သတိရပြီး ရှန်အူတူတူလေးကို
ဂယူဗင်းက ပြန်စဖို့ အကြံရသွားသည်။

Kim Ricky

/စိတ်​ပြေ​အောင်လုပ်​ပေးချင်ရင်
သူသ​ဘောကျတာလုပ်​ပေးလိုက်​လေ
ဥပမာ လက်ထပ်ချင်တယ်ဆို
လက်ခံလိုက်တာမျိုး/

ချွမ်း​ရွေ့ user name ​ကိုကြည့်ပြီး​တော့လည်း
ဂယူဗင်းက အိပ်ယာ​ပေါ်လှိမ့်ရပြန်သည်။​​
ဖူးစာ​တွေလို့ဆိုရမလား
​ပေးထားတဲ့ မျိုးရိုးကိုက " ကင် " မျိုးရိုး။

ချွမ်း​ရွေ့က စာမပြန်​ပေမဲ့ ဂယူဗင်းက အရင်က
ချွမ်း​ရွေ့ပို့ခဲ့သည့် စာ​လေး​တွေကိုကြည့်ပြီး
သူ့မှာ အိပ်မ​ပျော်နိုင်။ဘယ်တုန်းကတည်းက
ချွမ်း​​​ရွေ့က သူ့​အ​ပေါ် စိတ်ရှိတာဖြစ်နိုင်လဲ။
ဒိတ်လုပ်တယ်ဆိုပြီးစ​တွေ့ကတည်းကလား၊
ရုပ်ရှင်ရုံမှာ ​တွေ့တုန်းကလား၊​ကော်ဖီဆိုင်မှာ
ထပ်​တွေ့တုန်းက၊​ကျောင်းကို လာရှာတုန်းကလား၊
အဲ​လောက်ထိ ​နောက်ကျမယ်လို့ မထင်။
ဂယူဗင်းသည် အလိုလို​နေရင်း
အား​တွေပြည့်လာသလိုခံစား​နေရသည်။

***

Kim Ricky

/​မောနင်း/

/အိပ်ယာကနိုးရင် ရည်းစားကို
ဖုန်းဆက်တာကလည်းစိတ်ဆိုး​ပြေ​စေနိုင်တယ်​နော်/

ဂယူဗင်းသည် မိုးလင်းကတည်းက ချွမ်း​ရွေ့ကို
စချင်စိတ်ကိုထိန်းမရ။

/ဟင် မင်း စိတ်ဆိုး​နေတာလား/

ချွမ်း​ရွေ့က ပို့ပြီးပြီးချင်း ဒီစာကို ပြန်ဖျက်သွားသည်။ ဒါကို ဂယူဗင်းက မြင်ဖြစ်​အောင်မြင်သွားသည်။ဒီလိုမပိမရိနဲ့ ချွမ်း​ရွေ့က ဘယ်လိုစိတ်နဲ့များ လူလည်ပက်ကား​လေးလုပ်ချင်လဲမသိ။

/မှားပို့တာ/

ချွမ်း​ရွေ့သည် လိုင်းသုံး​နေတာရပ်သွားသည်။ချက်ချင်းဖုန်း၀င်လာသည်။ ဂယူဗင်းသည်
မသိသာ​စေရန် ရယ်ချင်​ပတ်ကျိဖြစ်​နေသည့်
အသံကို အရင် ပြင်ရသည်။

"ဟယ်လို ဗင်းလား"

အသံ​လေးက ညင်ညင်သာသာ​​လေး။
​ကြောင်​​ပေါက်​လေးလို။ဂယူဗင်း နားထဲ ယားကျိယားကျိ။

"အင်း"

ဂယူဗင်းသည် ​အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။မဟုတ်ရင် ရယ်သံထွက်လာ​တော့မှာ။

"​​​​good morning"

"ကိုယ်ကို အဲတာ​ပြောဖို့ ဖုန်းဆက်လိုက်တာလား"

"အဲလိုလည်း မဟုတ်ဘူး ဒီတိုင်း"

"​သြော် မသိပါဘူး ကိုယ်စိတ်ဆိုး​နေလားဆိုတာကို
သိချင်လို့ ဖုန်းဆက်တယ်ထင်​နေတာ"

"မသိချင်ပါဘူး "

ချွမ်း​ရွေ့သည် ပက်ခနဲ ရန်ပြန်​တွေ့သည်။
အလိမ်မိသွားသည့် က​လေး​လေးတစ်​ယောက်လို။

"​သြော်"

"​ဘာ ​သြော်လဲ မင်း​နော် ငါကို လိုက်စ​မ​နေနဲ့"

"ကိုယ်က ဘယ်မှာစ​နေလို့လဲ"

ဂယူဗင်း စတာကို ချွမ်း​ရွေ့သည် ပြန်ပြီး​ကောင်း​ကောင်းတုံ့ပြန်ရမည့်အစား ရန်ပဲပြန်​တွေ့​နေသည်။
ဒါကလည်း ဂယူဗင်း အတွက်​တော့ ချစ်စဖွယ်အတိ။

"မင်း သိတယ်မလား"

ချွမ်း​ရွေ့ အဲ​လောက်မြန်မြန် ရိပ်မိသွားမယ်လို့မထင်၊

"ဘာကိုသိရမှာလဲ ချွမ်း​ရွေ့ ကိုယ့်ကို လျှို့ဝှက်ထားတာ​တွေရှိလို့လား"

"မရှိပါဘူး ဒါပဲ​​​နော်"

ဖုန်းချတာအလင်းအရှိန်ထက်​​တောင်
မြန်​သေးသည်။
ဂယူဗင်း ​တွေးတာမမှားရင် သူ့သူငယ်ချင်းဆီ
ဖုန်းဆက်ပြီး အကူညီမဖြစ်သည့်
အကြံဉာဏ်​တွေသွား​​​တောင်း​နေ​လောက်မှာ ​
သေချာသ​လောက်ရှိသည်။

***

ချွမ်း​ရွေ့သည် ​ကျောင်းထဲကို အလျင်စလို။
တစ်မနက်လုံး ဖုန်းဆက်​တော့လည်း ဖုန်းက
မအားဘူးဆိုတာရယ် မကိုင်တာရယ်နဲ့၊မသင်္ကာချင်။

"ဝူဟွန်းကို ​တွေ့မိ​သေးလား"

အတန်း​ဖော်တစ်​ယောက်ကို ​မေးလိုက်​ပေမဲ့
​ခေါင်းခါပြလာသည်။

"ကျစ် ဘယ်သွား​နေတာလဲမသိဘူး အဲ​ကောင်"

နွား​လေးဝူး ဝူ

/​ဟေ့​ကောင် ​ကျောင်းမလာဘူးလား/

/ဖုန်းကိုင်ဦး ​ပြောပြစရာရှိတယ်/

ချွမ်း​ရွေ့သည် စာပို့ပြီးပြီးချင်း ဖုန်းဆက်လိုက်​တော့
ဝူဟွန်းက ဖုန်းကိုင်လာသည်။

"​မနက်ကတည်းက ဆက်​နေတာ ဘာလို့ဖုန်းမကိုင်တာ​လဲ ​သေသွားပြီထင်​နေတာ"

"မင်း နဲ့ ပြိုင်ရန်မ​တွေ့နိုင်ဘူး ငါကို တစ်ခုကူစမ်းပါ"

"ဘာလဲ ​ပြောကြည့်"

"မင်းတုန်းက ငါအကြံ​ပေးတယ်​လေ
ငါအလှည့်လာကူ​ပေး"

ဘာကူရမယ်လဲမ​ပြောဘဲ လိပ်စာပို့လိုက်တာမို့လို့
ချွမ်း​ရွေ့က မသွားချင်၊သွားချင်နဲ့ သွားရပြန်သည်။
​ကျောင်းမတက်ချင်တာလည်း တစ်ကဏ္ဍာ​ပေါ့​။

စား​သောက်ဆိုင်ထဲ​ရောက်သွား​ပေမဲ့ ဝူဟွန်းကို
ရှာလို့မ​တွေ့။ဖုန်းဆက်ပြီး​မေးမယ်ကြံလိုက်ကာမှ
ခပ်​​ဝေး​ဝေးမှာ ကုပ်ကုပ်လေးထိုင်​နေသည့် ​
ကျောပြင်ကို​တွေ့သည်။
ဝူဟွန်းက ကုပ်ကမြင်း အဲလိုအပိုးကျိုးသည့်
ပုံစံ နဲ့ ထိုင်​နေတာရှားသည်။အဲ​တော့ ချွမ်း​ရွေ့က
ဖုန်းထုတ်ပြီး ဓါတ်ပုံရိုက်ထားလိုက်သည်။
တစ်​နေရာရာမှာ အသုံး၀င်ချင် ၀င်လာမှာ
​ပြောလို့ရတာမဟုတ်ဘူး။

တစ်ဖက်မိန်းက​လေးက ဘယ်သူလဲမသိ​ပေမဲ့
ဒီလိုအပိုးကျိုး​အောင် လုပ်နိုင်တယ်ဆိုကတည်းက
ချွမ်း​ရွေ့က အထင်ကြီးသွားပြီ။သူကိုကျ​​တော့ ရည်းစား​ကြောက်တယ်​လေး၊ဘာ​လေး ​ပြောပြီး
ဝူဟွန်းကိုယ်တိုင်ကျ​တော့ မ​ကြောက်တာမဟုတ်။

"​​ဝူဟွန်း ငါ"

အားရပါးရ ပုခုံးဖက်ပြီး ​ခေါ်​တော့မလို့
ရင်းနှီး​နေသည့် မျက်နှာကို မြင်လိုက်ရတာမို့လို့
ချွမ်း​ရွေ့သည် ​ကြောင်သွားရသည်။

တစ်ဖက်ကလည်း အဓိပ္ပါယ်ပါပါ.
မျက်ခုံးပင့်လိုက်တာမို့လို့
​နေရာမှာ​တင် ဒူး​ထောက်လိုက်ချင်။
ဒါနဲ့ ​ဘေးက ​ကောင်မ​လေးက​ရော ဘယ်သူလဲ၊
ဘာလို့ ဂယူဗင်းက ဒီ​ရောက်​နေတာလဲ။
ချွမ်း​ရွေ့ ​ခေါင်းထဲမှာ ​မေးခွန်း​တွေအပြည့်။
မ​နေ့က သူလိုက်ခဲ့​ပေးတာ သိသွားလို့များ
ပြဿနာတက်​နေတာလား ဆိုပြီး ​တွေး​မိသွား​တော့ ချွမ်း​ရွေ့သည် ဝူဟွန်း​ဘေးက ​နေရာအလွတ်မှာ ကုပ်ကုပ်​လေး ၀င်ထိုင်​လိုက်သည်။

ဝူဟွန်းသည် ချွမ်း​ရွေ့​၀င်ထိုင်တာမြင်​တော့ မျက်နှာငယ်​လေးနဲ့ ကြည့်လာသည်။ ချွမ်း​ရွေ့ကလည်း အူ​ကြောင်​ကြောင်နဲ့ ပြန်ကြည့်​ပေးလိုက်သည်။ဘာ​တွေဖြစ်​နေမှန်းမသိ။

​လေထုက အ​တော်​လေးကိုးရိုးကားယားနိုင်ပါသည်၊
စားပွဲခုံ​အောက်မှာ ဝူဟွန်းက ချွမ်း​ရွေ့ ​ခြေ​ထောက်ကို ခဏခဏ လာတက်နင်းသည်။ ချွမ်း​ရွေ့သည်လည်း စိတ်​ပေါက်​​ပေါက်နဲ့ ပြန်ကန်​ပေးလိုက်သည်။

နှစ်​​ယောက်သား ပြဿနာတက်​နေတာကို ဂယူဗင်းသည် လက်ပိုက်ကြည့်​နေသည်။​ဘေးက​ကောင်
မ​လေးကလည်း ဂယူဗင်းနည်းတူကြည့်​နေ​ပေမဲ့
သူလည်း အရိပ်အခြည်ကြည့်​နေရသလို။

" ဗင်း ဘာလို့ ဒီကို​ရောက်​နေတာလဲ"

ချွမ်း​ရွေ့သည် ​မေးသာ​မေးလိုက်တယ်
သူကိုယ်တိုင်လည်း ဘာလို့ဒီကို​ရောက်​နေမှန်းမသိ။

"ချွမ်း​ရွေ့ ကူညီ​ပေးတာဆို အခုကိစ္စကို"

ချွမ်း​ရွေ့သည် မျက်လုံး​လေးပြူးပြီး ကြည့်သည်။
ဘာကိစ္စမှန်း​တောင် သူမသိဘူး​နော်။

"ဟုတ်တယ် ဂယူဗင်း ချွမ်း​​ရွေ့ကိုယ်တိုင်ကူ​ပေးတာ
သူ​တောင် သ​ဘောတူ"

"မင်း ပါးစပ်ပိတ်ထား"

ဂယူဗင်း ကြိမ်း​တော့ ဝူဟွန်းသည် ငြိမ်သည်။ တစ်ဖက်က​ကောင်မ​လေးကလည်း တုန်သွားသည်။ ချွမ်း​ရွေ့သည်
အ​ခြေ​အ​နေကို နားလည်သွားသလို။

"ငါတို့ စကား​ကောင်း​ကောင်း​ပြောကြရ​အောင်
ဒီက အစ်မက.."

ဝူဟွန်းသည် ချွမ်း​ရွေ့​ခြေ​ထောက်ကို တက်နင်းပြန်သည်။ဟိုက ​ကောင်မ​လေးကလည်း
​ကြောင်​တောင်​တောင်နဲ့ကြည့်သည်။ ဂယူဗင်းကို
ချွမ်း​ရွေ့ကကြည့်လိုက်​တော့ ​ကြောင်​ပေါက်​လေး​တွေ ပြဿနာရှာရင် ကြည့်သလို ဘာလုပ်လုပ်
သဘောကျသည့် အကြည့်မျိုး။မကြည်နူးနိုင်​သေး
ဘာပြဿနာတက်​နေမှန်း ချွမ်း​ရွေ့နားမလည်။

"​ ချွမ်း​​ရွေ့က ကိုယ့်ညီမ​လေးနဲ့ ဝူဟွန်းကို ​အောင်သွယ်​ပေးလိုက်တာဆို  မင်းသူငယ်ချင်းနဲ့ ကိုယ်လုံး၀ သ​ဘောမတူဘူး ချွမ်းရွေ့က​ရော
ကိုယ်ကို မလိုက်သွားဘူးလို့ ကတိ​ပေးပြီး
ဘာလို့ လိုက်သွားရတာလဲ"

ဂယူဗင်းသည် ဆူသလိုလိုနဲ့ ပြဿနာကို နားလည်​အောင်​ပြောပြသည်။မဟုတ်ရင် အူ​ကြောင်​ကြောင်​လေးက နားလည်မယ်မထင်။ဝူဟွန်းဆိုသည့်​ကောင်ကလည်း  သူ စိတ်မဆိုးရင်ပြီး​ရောဆိုပြီး
ဘာမှမသိသည့် ချွမ်း​ရွေ့ကို အကူ​ခေါ်လိုက်ပုံ​ပေါ်သည်။

"မဟုတ်ဘူး​လေ မင်းပဲ စီနီယာအစ်မ နဲ့ ဒိတ်​ပေးတာလဲ အခုကျ​တော့ ဘာလို့ မင်းညီမ​လေး ဖြစ်​နေတာလဲ??"

ချွမ်း​ရွေ့သည် မျက်​မှောင်ကြုတ်ပြီး​တောင်
စဥ်းစားရသည်အထိ။ရုပ်ရှင်​တွေထဲကလို
ရင်းနှီးတဲ့ညီမ​လေး​တွေ၊ ငယ်ငယ်က ​စောင့်​ရှောက်လာတယ်ဆိုတဲ့ အကွက်​တွေလား။

"ကိုယ်မိတ်ဆက်​ပေးတဲ့ သူနဲ့ စကားဧည့်​ထောက်ခံ​ပြောလာတာဘယ်သူလဲ "

"ဘယ်သူ​ပြော...အဲ"

ချွမ်း​ရွေ့ ​ခေါင်းထဲ အဲ​နေ့ကအဖြစ်အပျက်​တွေ
တစ်ခုပြီးတစ်ခုပြန်​ပေါ်လာသည်။
ဝူဟွန်းကို သာ စိတ်ရှိလက်ရှိပိတ်ထိုးလိုက်ချင်သည်။
အဲတာအကုန် မင်း​ကြောင့်။

"ငါတို့မသိလို့ ဖြစ်သွားတာ​လေ မင်း​တောင်
ငါ့သူငယ်ချင်းကို ကြိုက်​သေးတာပဲ ငါလည်း
မင်းညီမ​လေးကို ကြိုက်တာဘာဖြစ်လဲ ပြီး​တော့
မင်းကိုယ်တိုင်ဖန်တီး​ပေးတာ​လေ ငါ​ရော
ချွမ်း​ရွေ့​ရော ဒီက ချာတိတ်​လေးနဲ့​ရောမဆိုင်ဘူး"

ဝူဟွန်းသည် ပက်ခနဲ။ချွမ်း​ရွေ့ကို တပ်ကူ​ခေါ်ထား​
ပေမဲ့ တပ်ကူက လမ်းတစ်၀က်မှာတင် လှည့်ပြန်ချင်​နေတာမြင်​တော့ ကိုယ်ဘာကိုယ်​ပဲ အားကိုးရသည်။

"ဘာချာတိတ်​လေးလဲ မင်းထက် နှစ်နှစ်ပဲငယ်တာ
ချွမ်း​ရွေ့က ငါကို ပြန်ကြိုက်တယ် ငါညီမ​လေးက မင်းကို ပြန်ကြိုက်လို့လား မတူတာမတုစမ်းနဲ့"

ဂယူဗင်း ဒီလို ရန်​တွေ့တာမမြင်ဘူး​တော့ ချွမ်း​ရွေ့သည် ပါးစပ်အ​ဟောင်းသား​လေးနဲ့ ကြည့်​နေမိသည်။

"​အောင်မာ ငါကိုအ​ဖြေ​ပေးခါနီး မင်းလာရှုပ်လို့​လေ
အဲလိုမှန်းသိ ရှန်ချွမ်း​ရွေ့ကြိုက်မယ်​ပြောတုန်းက
ငါ ငြင်းခိုင်းလိုက်ပါတယ်"

"မင်းက ရာရာစစ ဘာမို့လို့လဲ"

"မင်းက​ရော ဘာမို့လို့လဲ ငါက သူ့သူငယ်ချင်းကွ
သူအူဘယ်နှစ်​ခွေရှိလဲဆိုတာကအစ သိတယ်
သူ​သောက်တဲ့ milk tea ​တောင် ပိုက်တစ်ခုတည်း အတူတူ​သောက်ဖူးတယ် သူ့ကုတင်​ပေါ်မှာ
တူတူလှဲပြီး တစ်ညလုံးဂိမ်း​ဆော့ဖူးတယ်ကွ"

"​ဟေ့​ကောင် ဘာ​တွေ​လျှောက်​ပြော​နေတာလဲ "

ဂယူဗင်း မျက်နှာကြီးနီပြီး ရှူးရှူးရှဲရှဲနဲ့ ​​ဒေါသထွက်​နေတာမြင်​တော့ ချွမ်း​ရွေ့က ၀င်ပါရသည်၊မဟုတ်ရင် သူတို့ပြတ်သွား​တော့မယ်လို့ခံစား​နေရသည်။
သူငယ်​ချင်း​ပေါင်းမှားတယ်ဆိုတာ ဒါမျိုး။.

"သွား မင်းတို့ ထွက်သွား ဒီကမိန်းမိန်း​လေးလဲ သူနဲ့ လိုက်သွား​နော် ဟဲ့​ကောင် မင်းထွက်သွား"

ချွမ်း​ရွေ့သည် ဝူဟွန်းလည်း အဆင်​ပြေ၊
သူလည်း သက်သာမည့် နည်းကို ​ရွေးသည်။
ဝူဟွန်းက ​ကောင်မ​လေးကို ​ခေါ်ပြီး
ထွက်သွားတာမြင်မှ သက်ပြင်းချရသည်။
​ပြောသာ​ပြောရတယ် သူငယ်ချင်းဆို​​ေတာ့
ကူရမည်။

"ဘယ်သွားမှာလဲ ကိုယ် လိုက်သွား"

"မလိုက်နဲ့​လေ ဂယူဗင်းကလည်း"

ဂယူဗင်း ​ဘေးကို အမြန်၀င်ထိုင်သည်။ချွမ်း​ရွေ့
အကြံကိုသိ​နေ​တော့ ဂယူဗင်းစိုက်ကြည့်လာသည်။
အဲ​တော့လည်း ချွမ်း​ရွေ့က အရင်ကသုံး​နေသည့်အကွက်​တွေလို ရယ်ပြလိုက်သည်။

"ကိုယ်ကို မလိမ့်တပတ်လုပ်ရတာ ​ပျော်လား
ရှန်ချွမ်း​ရွေ့"

ဂယူဗင်းဆီက နာမည်အပြည့်အစုံ​ခေါ်တာကြားလိုက်ရ​တော့ ချွမ်း​ရွေ့ သိပ်ပြီး ​နေလို့​တောင်မ​ကောင်းချင်။
မျက်နှာပျက်ချင်လာသည်။ မားမား​ခေါ်ရင်​တောင် ကိစ္စမရှိ​ပေမဲ့ ​ကောင်​လေးက​ခေါ်​တော့
ရင်ထဲမ​ကောင်းချင်။

ဂယူဗင်းက မျက်နှာငယ်​လေးဖြစ်​နေသည့်
ချွမ်း​ရွေ့မျက်နှာ​လေးကို ညစ်သည်။
ပါး​ဖောင်း​ဖောင်​းလေးကို ညစ်ထား​တော့
နှုတ်​ခမ်းကဆူထွက်လာတာ ချစ်စရာအတိ။

ချွမ်း​ရွေ့က မျက်​စောင်းလှမ်းထိုးသည်။
သူ့ကို အဲလိုလုပ်တာမကြိုက်ပါဘူး​ပေါ့။

"ဖယ်စမ်းပါ ငါ ဘယ်တုန်းကလုပ်လို့လဲ မင်းပဲ ငါကို ငြိုငြင်တာ​လေ ရပါတယ် ငါနားလည်ပါတယ်"

ချွမ်း​ရွေ့က ဆူပုတ်ပုတ်​လေးနဲ့ အ​ရှေ့က
ခရင်းကိုကိုင်ပြီး ကိတ်မုန့်ကို ဖွသည်။

"ကိုယ်က ဘယ်မှာငြိုငြင်လို့လဲ ကင်ရစ်ခီ​လေး
က လူကို မလှည့်စားပါဘူး​လေဆိုပြီး စွပ်စွဲ​ ပြီးရင်
သူ့ ဒိတ်တင်း app ကသူငယ်ချင်းကို​မေးပြီး
ပြန်​ချော့တာ"

ချွမ်း​ရွေ့သည် မျက်နှာရဲရဲ​လေးနဲ့ လှည့်ကြည့်သည်။

"ဘယ်လိုလို့သိတာလဲ မင်းသိရက်သားနဲ့
ငါကို တမင်လုပ်​နေတာ​ပေါ့"

မျက်လုံး​လေး​တွေက အံ့သြမှုအထင်းသား။

" ကိုယ်သိတာ မကြာ​သေးဘူး​လေ ဘာလို့
စိတ်ဆိုးတာလဲ ချွမ်း​ရွေ့ က"

"ဘယ်မှာ စိတ်ဆိုးလို့လဲ"

"ဒါဆို စိတ်​ကောက်တာလား ဒီမျက်နှာ​လှလှ​လေးက ဒီလို စိတ်​ကောက်တာ​တောင်လှ​တာ ကိုယ်က
စိတ်မချဘူးကွာ အရင်က​ရော app မှာ
တခြား​ကောင်မ​လေး​တွေနဲ့ စကား​ပြောရင်
အဲလိုမျက်နှာ​လေးပဲမလား"

"ငါက ဘယ်မှာမှ တခြား​ကောင်မ​လေး​တွေနဲ့
စကားမ​ပြောဖူးဘူး​နော်"

ချွမ်း​ရွေ့သည် ပြန်သာ​ပြောလိုက်ရတယ်
လိပ်ပြာမလုံချင်။

"ဒါဆို သက်​သေပြတဲ့အ​နေနဲ့ ကိုယ့်ကို လက်ထပ်"

ချွမ်း​ရွေ့ကသာ တအံ့တသြနဲ့ ဘာ​တွေရူးပြန်ပြီလဲ
ဆိုသည့် အကြည့်နဲ့ကြည့်​နေ​ပေမဲ့ ဂယူဗင်း အိတ်ကပ်ထဲကို နှိုက်​နေ​တော့ လက်စွပ်ဗူး များလားလို့ ​
တွေးမိပြီး ကြည်နူးရပြန်သည်။ လက်စွပ်​ပေးလို့
က​တော့ ချက်ချင်းပြန်လက်ခံလိုက်မှာ။

ချွမ်း​ရွေ့က မျက်လုံးဝိုင်းကြီး​တွေနဲ့ ​စောင့်​နေ​ပေမဲ့
ဂယူဗင်းက သူ့ဖုန်းကို ထုတ်ပြီး တစ်ခုခုနှိပ်​နေတာမို့လို့  ချွမ်း​ရွေ့က စိတ်တိုတိုနဲ့ သူ​ခြေထားသည့်
ကိတ်မုန့်​တွေကိုသာ ပါးစပ်ထဲထိုးထည့်​နေသည်။ ကင်ဂယူဗင်းက ဘာမှအလိုက်မသိ။

Vin;all of my love for you

ချွမ်း​ရွေ့သည် ဖုန်းထဲက နိုတီကို မြင်မြင်ချင်း​
ကြောင်သွားပြီး ဂယူဗင်းကို ကြည့်​တော့

"ကိုယ်ကို လက်ခံပြီးရင် အဲ app ကို
ဖျက်လိုက်​တော့​နော် ချွမ်း​ရွေ့ ​ကောင်​မ​လေး​တွေနဲ့ စကား​ပြောဖူးတယ်ဆိုပြီး ​တွေးမိရုံနဲ့တင်
ကိုယ် ​နေလို့မ​ကောင်း​တော့ဘူး"

ဂယူဗင်းသည် ချွမ်း​ရွေ့ပခုံး​ပေါ် ​ခေါင်းတိုးပြီး ​
ခွေး​ပေါက်​လေး​တွေ ချွဲ​နေသလို​ပြောလာသည်။

ချွမ်း​ရွေ့သည် လက်​တွေ​တောင်တုန်ကနဲ။
ဂယူဗင်းသည် သူ့ကို ဘယ်လို နိုင်မလဲဆိုတာ ​ကောင်း​ကောင်းသိ​နေသလို။

Kim Ricky;all of my love for you

" လက်စွပ်၀ယ်​ပေး​​နော် ဒါမှ လက်ထက်မှာ"

ချွမ်း​ရွေ့သည် ဆူပုတ်ပုတ်​လေး​ပြောရင်း
app ကိုဖျက်လိုက်သည်။

"ချွမ်း​ရွေ့သာ လိုချင်ရင် ကိုယ်က
တစ်လ​တစ်​ကွင်း၀ယ်​ပေးမယ်"

ဂယူဗင်းသည် ခပ်​သော့​သော့ ရယ်ရင်း၊
အဲဒီdating app ကို review
​ကောင်း​ကောင်း​သွား​ရေးလိုက်သည်။
​လူလည်​လေးကို သူ့ဘ၀ထဲ​ခေါ်လာ​ပေးလို့၊
ရှန်ချွမ်း​​လေးနဲ့ ဆုံစည်းခွင့်​ပေးလို့။

____

END
14.3.24

واصل القراءة

ستعجبك أيضاً

10.8K 407 5
Hunhan 3shots + Extra Part
751K 27.8K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
720 105 8
ချစ်ရသူကို ကိုယ်အနားမရှိနိုင်‌တော့ တဲ့အချိန်မလွမ်းစေချင်တဲ့ကောင်လေးရယ်... ကိုယ့်အလွမ်းကိုမမှု ချစ်ရသူ မျက်နှာလေးကိုသာ အချိန်ရသရွေ့မြင်ချင်‌နေတဲ့ ကောင...
920K 21.1K 49
In wich a one night stand turns out to be a lot more than that.