မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

By XiaoManTou96

203K 33.9K 987

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ

951 155 2
By XiaoManTou96

unicode

ညရောက်သည့်အခါတွင်တော့ မီးတွေပိတ်ကာဖြင့် တစ်ယောက်ကိုတစ်ယောက် မှီလျက်အိပ်ယာပေါ်တွင်  အချစ်ဇာတ်ကားကြည့်နေခဲ့ကြသည်။အဲ့ဒါက ဂျပန်ဇာတ်ကားဖြစ်ပြီးတော့ ဟဲကျင့်ရွေးထားတာပင်။  စတိုင်က နူးညံ့ ချိုမြိန်ပြီး သိမ်မွေ့၍ပရောပရည်ဆန်တဲ့ခံစားချက်ရလေသည်။ ဒီလို ရိုမန်းတစ်ဇာတ်ကားဟာ လူကြီးတွေနဲ့တော့လုံးဝဆန့်ကျင်ဘက်ပါပဲ...

လေသံက ပျော့လွန်းပြီး စည်းချက်က နှေးလွန်းတာကြောင့် ချင်ယွီက မသန်းဝေပဲမနေနိုင်တော့ကာပြောလာတော့သည်။

"ဒါကြည့်မယ့်အစား တခြား gay နဲ့ပတ်သက်တာတွေကြည့်ရအောင်လား?"

ဟဲကျင့်:"..."

ချင်ယွီ က ဒီဇာတ်ကားကို စိတ်မဝင်စားတဲ့အတွက် သူ့လက်တွေက သူချစ်သူအပေါ်ကို လှည့်လည်သွားလာနေတော့သည် သိပ်မကြာခင်မှာပဲ ဟဲကျင့်လည်းသည်းမခံနိုင်တော့ဘဲ သူ့ပေါင်ပေါ်ရှိ လက်ပ်တော့ကို ပိတ်ပြီး ဘေးဖယ်ထားလိုက်တော့သည်။ထို့နောက် ချင်ယွီ၏ ခေါင်းကို ကိုင်ကာ ပြန်နမ်းလိုက်တော့သည်။

ဟဲကျင့်၏ ပြုံးနေသော မျက်နှာသည် အလင်းဖျော့ဖျော့အောက်တွင် သူတခြားအချိန်များတွင် မပြဖူးသော သွေးဆောင်မှု ဆိုးသွမ်းသည့် ခံစားချက်လေးကို ပြသနေသည်။ သူက ဂိမ်းထဲက ကောက်ကျစ်တဲ့ ဖာရက်လေးလိုပါပဲ။ချင်ယွီကလှည့်၍ ဟဲကျင့်ကိုဖိချလိုက်တော့သည်။သူ့ပုခုံးတွေကိုကိုင်ကာဖြင့်အကြမ်းပတမ်းနမ်းတော့သည်။သူကနမ်းနေရင်း အရိုင်းဆန်စွာဖွင့် ဟဲကျင့်ရဲ့ နှုတ်ခမ်းကိုလဲကိုက်လိုက်သေး၏။

ပြီးသွားသောအခါ ချင်ယွီက ဟဲကျင့် ၏ အောက်နှုတ်ခမ်းကို ပွတ်သပ်ကာဖြင့် တီးတိုးဆိုလာလေသည်။

"မိန်းမလေး နောက်တခါ စကားမများတော့ဘူးနော် ဟုတ်ပြီလား?"

ဟဲကျင့်: "..."

ချင်ယွီ က သူ့ကို လေးလေးနက်နက်နဲ့ မက်မောစွာ ကြည့်၍တောင်းပန်နေသလိုမျိုးဆိုလာလေသည်။

"နောက်ဆုံးအကြိမ်မင်းဒေါသထွက်တုန်းကလိုလဲ ရှောင်မသွားပါနဲ့တော့နော် အဆင်ပြေလား?"

ဟဲကျင့် က နှုတ်ခမ်းကိုဖွင့်လျက် တိုးတိုးလေးပြောလာလေသည်

"တောင်းပန်ပါတယ် ဒါပေမယ့် ပြီးခဲ့တဲ့အချိန်တုန်းက ငါလည်း ဖိအားအရမ်းများသွားလို့"

သူမျက်လုံးစဉ်းကာဖြင့် ချင်ယွီရဲ့ လက်ချောင်းကိုနမ်းလိုက်ပြီးတိုးတိုးလေးပြောလာလေသည်။

"အင်း ငါတို့ ရန်မဖြစ်တော့ဘူး"

ချင်ယွီ က ကျေနပ်စွာ ပြုံးလိုက်ပြီး ဟဲကျင့် ကို ပွေ့ဖက်၍ နမ်းလိုက်သည်။

"ဟေ့ ငါတို့ မနေ့ညကတင် လုပ်ခဲ့သေးတယ်လေ..."

"ငါထိရုံလေးပါပဲ ဘာမှမလုပ်ဘူးလို့ ကတိပေးတယ်ကွာနော်"

"မင်းအာမခံတာကယုံရတာလဲမဟုတ်ဘူး ငါ မနက်စောစော အတန်းရှိသေးတယ်... အမ်း!"

"အာ့......"

အားလုံးအခြေကျသွားတဲ့အခါမှာတော့ ဟဲကျင့် သည် နေ့ခင်းဘက်တွင် ကျောင်းသို့သွားပြီး ထို့နောက်တွင်တော့ အလျင်အမြန် ကျောင်းမှ ပြန်လာခဲ့သည်။သူသည် ပတ်ဝန်းကျင်ကို လုံးဝစွန့်ခွာသွားသည်ဟု အမှန်တကယ် ခံစားခဲ့ရပြီး လူထုအမြင်ဖိအားလည်းသူ့အပေါ် နည်းပါးလာသည်။

သူတို့ အားလပ်ချိန်မှာတော့ဟင်းချက်နည်းတွေကို အတူတူ လေ့လာကြသည်။ချင်ယွီက ထမင်းဟင်းချက်ပြီး ဟဲကျင့်ကတော့ကျန်တဲ့ အိမ်မှုကိစ္စတွေကို လုပ်ပါ၏။ သူတို့နှစ်ဦးသည် ကြောက်မက်ဖွယ်ရာ ဟင်းပွဲများစွာကို ပြုလုပ်ခဲ့ကြသော်လည်း နောက်ဆုံးတွင် စားပွဲပေါ်တင်ထားသော ဟင်းပွဲများသည် နှစ်သက်ဖွယ်အရည်အသွေးတစ်ခုတော့ရှိလေရဲ့။

ဟဲကျင့် သည် အနည်းငယ် အသန့်ကြိုက်လွန်သူဖြစ်သည်။ ချင်ယွီက ပန်းကန်ဆေးတဲ့အချိန်တိုင်း မီးဖိုခန်းတစ်ခုလုံး ကိုရေတွေရွှဲနေရော။ ဟဲကျင့်က ဒါကိုနှစ်ကြိမ်လောက်မြင်ပြီးချိန်မှာတော့ သူသည်းမခံနိုင်တော့ချေ။ အဲ့ဒါကြောင့် သူကျန်တဲ့ သန့်ရှင်းရေးကို လုပ်လိုက်ပြီး ချင်ယွီလည်း နည်းနည်းတော့ အနားယူနိုင်တာပေါ့လေ။ သူတို့အတူတူနေထိုင်ပြီးနောက်မှာတော့ အလုပ်တွေကို ရှင်းရှင်းလင်းလင်း ခွဲဝေယူကြပြီး အိမ်မှုကိစ္စကြောင့် တစ်ခါမှ ရန်မဖြစ်ခဲ့ကြပါချေ။

သို့သော် ဟဲကျင့် မကြိုက်သော အရာတစ်ခု ရှိသေးသည်။ အတူတူနေထိုင်ပြီးနောက်တွင်တော့ အင်တာနက်နတ်ဘုရား နှလုံးသားမဲ့ မီး၏ တကယ့်ဘဝအစစ်အမှန်ကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ခဲ့တယ်လေ။သူက Demon God ရဲ့ host အဖြစ် ဆက်လက်လုပ်ကိုင်ခဲ့ပြီး ဗီဒီယိုတွေကို record လုပ်၍ဆက်တင်ခဲ့လေသည်။ဒါပေမယ့် Demon God ရဲ့ ဟိုလိုဂရပ်ဖစ် အင်တာဗျူးအပြီးမှာတော့ ဟဲကျင့်ကယောက်ျားလေးဆိုတာပေါ်သွားသဖြင့် သူ့ fan တွေအများအပြားဆုံးရှုံးသွားခဲ့ပေမယ့်လည်း ဖူဂျိုးရှိ fan အများအပြားလဲတိုးလာခဲ့လေရဲ့။

ထို့နောက်မီး၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပရိသတ်၏ comment box သည် အရူးအမူးပေါ်လာပြီး ၎င်းတို့သည် မြင်းရိုင်းများကဲ့သို့ ပြုမူခဲ့ရာဟဲကျင့် သည် လုံးဝကြည့်နေဖို့တောင်မတတ်နိုင်တော့ပါဘူးနော်!

သူတို့က မသဲမကွဲမက်ဆေ့ချ်တွေလိုမျိုး သူတို့နှစ်ယောက်ရဲ့ ပုံတွေပေါက်ကွဲထွက်လာမလားလို့ရှာတာမျိုး အချစ်ဆိုင်ရာမြင်ကွင်းတွေရှာတာမျိုး နှလုံးသားမဲ့မီးက position ဘယ်နှမျိုးလောက်လုပ်ပြီးပြီလဲလို့ပါမေးတော့ ဟဲကျင့်မှာဆွံ့အသွားရတော့တာပဲ။ပထမကတော့ ဟဲကျင့်က ချင်ယွီရဲ့ live stream ကိုကြည့်ဖို့ စိတ်ဝင်စားခဲ့သော်လည်း နောက်ပိုင်းမှာတော့ သူတကယ်ကြီးကြည့်ဖို့ မဝံ့ရဲတော့ဘူးလို့

သို့သော် ချင်ယွီကတော့ အဲ့ဒါတွေကို စိတ်အနှောင့်အယှက် မဖြစ်ပဲနဲ့ အရမ်းတွေတောင် သဘောကျနေသေး။သူကဟဲကျင့်နဲ့ ပြောထားတဲ့ စကားတွေကိုအမြဲတမ်း လျှို့လျှို့ဝှက်ဝှက်နဲ့ record လုပ်ထားပြီးတော့ ဗီဒီယိုရဲ့ အစ ဒါမှမဟုတ် အဆုံးမှာတောင် ထည့်ထည့်လေ့ရှိသေးတယ်။အဲ့ဒါကနေသူ့fan တွေက comics တွေပါဆွဲတော့တာပဲ...ကံကောင်းတာက သူ့အသံပဲကြားရပြီးလူကိုမမြင်နေရလို့ပဲ။အဲ့လိုမှမဟုတ်ရင်ဟဲကျင့် ချင်ယွီကိုသေလောက်အောင်ကန်ပြီးလောက်ပြီပဲ။အခုတော့ သူနားလည်သွားပြီ မီးက သူ့မိန်းမကိုရူးလောက်အောင်ကြွားချင်နေတာပဲ!

သူတို့တကယ်ကြီး အိပ်ရာထဲမှာ position အသစ်တွေအများကြီးသုံးပြီးသွားပြီ။သူတို့နှစ်ယောက်လုံးကငယ်ရွယ်ပြီးစိတ်အားထက်သန်ကာတစ်ယောက်နဲ့တစ်ယောက်လဲချစ်နေခဲ့တာပဲလေ။သူတို့ကိုယ်သူတို့လည်း နားမလည်နိုင်လောက်အောင်ကိုလည်းထိန်းမချုပ်နိုင်ခဲ့ချေ။တစ်ခါကဆို သူတို့အဲ့ဒါကိုလုပ်နေတဲ့အချိန်မှာချင်ယွီက သူ့လက်ပတ်ကနေ recording function ကိုတောင်ဖွင့်ထားခဲ့သဖြင့် ဟဲကျင့်ရူးသွပ်လုနီးပါးဖြစ်သွားခဲ့သေးသည်။ထိုကိစ္စနဲ့ပတ်သက်ပြီး သူနဲ့ချင်ယွီ ရက်အတော်ကြာအောင် စစ်အေးတိုက်ပွဲဖြစ်ခဲ့ကြရသေးသည်။ပြီးတော့အဲ့ဒါက သူတို့အတူနေထိုင်ပြီးနောက် ရန်ဖြစ်တဲ့ပထမဆုံးအကြိမ်ပင်။

ဒါပေမယ့် ခြုံငုံပြောရရင် သူတို့နှစ်ယောက်အတူတကွနေထိုင်ပြီးနောက် ချိုမြိန်တဲ့အခိုက်အတန့်တွေဟာစကားများရန်ဖြစ်တာတွေထက် သာလွန်နေပါသေး၏။ သူတို့ဘယ်အချိန်ထိအတူတူရှိနိုင်မလဲဆိုတာကို မသိသဖြင့် ဟဲကျင့်သည် ချင်ယွီနှင့် နေ့ရက်တိုင်းကို နောက်ဆုံးနေ့ကဲ့သို့ ဆက်ဆံခဲ့ပြီး ချင်ယွီ နှင့် အချိန်တိုင်းကို ဂရုတစိုက် မြတ်နိုးခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်လကြာသွားပြီပင်။ ဟဲကျင့်သည်လည်းသူ၏ စာမေးပွဲများ ပြီးဆုံးကာ တက္ကသိုလ် တတိယနှစ် တရားဝင် ပြီးဆုံးခဲ့သည်။သူသည် နွေရာသီ အလုပ်သင် အလုပ်ကိုလည်း အောင်မြင်စွာ တွေ့ရှိခဲ့သည်။ A အမြို့ရှိ CBD တွင် သူသည် သွားဘက်ဆိုင်ရာပစ္စည်းများရောင်းချသည့်  ကနေဒါကုမ္ပဏီတစ်ခုတွင် စီမံခန့်ခွဲရေးလက်ထောက်အဖြစ် နှစ်လခွဲကြာ စတင်လုပ်ကိုင်ရမည်ဖြစ်သည်။ သူကောင်းကောင်းစွမ်းဆောင်နိုင်ရင် စာချုပ်ကို ကြိုတင် လက်မှတ်ထိုးနိုင်သလို ဘွဲ့ရပြီးပါက အမြဲတမ်းဝန်ထမ်းအဖြစ်ပါလုပ်နိုင်လေသည်။သူ့မှာ မြင့်မားတဲ့ လစာမရှိပေမယ့် ဒီအလုပ်အကိုင်အခွင့်အလမ်းက ဟဲကျင့်ကို တကယ် စိတ်လှုပ်ရှားစေတုန်းပါပဲ

အလုပ်သင်မစခင် မှာပဲချင်ယွီကဟဲကျင့်အတွက်လိုအပ်သည့် ဝတ်စုံ၊နတ်ခ်တိုင်နဲ့ ဖိနပ်အနက်တစ်ရံ ဝယ်ရန်အတွက် အဖော်လိုက်ပေးခဲ့လေသည်။

ထိုကိစ္စများအတွက်တော့ ဟဲကျင့်သည် အတော်လေး မသိနားမလည်ခဲ့ပေ။ သူဘာလုပ်ရမယ်ဆိုတာ မသိခင်မှာ  ဝန်ထမ်းသစ်တွေရဲ့ အတွေ့အကြုံ အကြောင်း အွန်လိုင်းမှာ ရှာဖွေခဲ့ပါသေးသည်။

"ဒီအလုပ်က တော်တော်အလုပ်ရှုပ်တာ မင်း ဝတ်စုံလဲဝတ်ရတယ်..."

"ကောင်းပြီ ငါ့မှာ တခြားရွေးချယ်စရာ မရှိဘူး" 

ဟဲကျင့်က သူ့လက်ပတ်ထဲမှာ မှတ်စုမှတ်ထားလိုက်သည်။စီမံခန့်ခွဲရေးဝန်ထမ်းတွေက ပုံစံကျတဲ့ ဝတ်စုံကိုဝတ်ဆင်ရန်လိုအပ်ပါတယ်

ချင်ယွီကတော့ ဟဲကျင့်ရဲ့အလုပ်ကို အလုပ်ရှုပ်တယ်လို့တော့မထင်ခဲ့ချေ တစ်ခုပဲ သူဟဲကျင့် suit ဝတ်တဲ့ပုံကို တခြားသူများကို မမြင်စေချင်လဲ့ပေ။သူ့ရဲ့ မျက်လုံးထဲမှာ ဟဲကျင့်က အရာရာပြီးပြည့်စုံနေရော။သူကအစထဲက ချင်ယွီမျက်လုံးထဲမှာ မယုံနိုင်လောက်အောင်ကြည့်ကောင်းပြီးတော့ ချစ်ဖို့ကောင်းပြီးသားပဲလေ အခု suit နဲ့ ကပိုပြီးတော့တောင် မဟားတရား ချစ်ဖို့ကောင်းနေသေး သူတခြားသူကြည့်မှာတကယ်ကြီးမလိုချင်ပါချေ။

ဟဲကျင့် သည် မှန်ရှေ့တွင်ရပ်ကာ သူ့ကိုယ်သူကြည့်လိုက်စဉ် ပေါ့ပေါ့ပါးပါးဝတ်ထားသည်ထက် အဆများစွာ ပိုချောမောနေပုံရကာချင်ယွီကို စိုးရိမ်တကြီးမေးလိုက်သည် 

"ဒီတော့ ငါဘယ်လိုနေလဲ?"

ချင်ယွီ ၏ လက်ချောင်းများက သူ့ကော်လာကို ပွတ်သပ်ပြီး နားထဲသို့ တီးတိုးပြောလာလေသည်။

 "ငါ မာနေပြီ"

"မင်းက အရူးပဲ!" 

ဟဲကျင့်က ရှက်သွားကာ ချင်ယွီကို တွန်းထုတ်ကာဖြင့် နတ်ခ်တိုင်ကိုဆွဲလိုက်၍ 

"ငါတကယ်ပြောနေတာ ကြည့်ရတာအဆင်ပြေရဲ့လား?"

ချင်ယွီကပြုံး၍ခဏလောက် သူ့ကိုကြည့်လိုက်ရင်းပြောလာလေသည်။

 "ဒီဝတ်စုံက မင်းနဲ့မတန်ဘူး"

ဟဲကျင့်:"ဘာကိုဆိုလိုတာလဲ?"

ချင်ယွီ က သူ့လက်မောင်းကိုဆွဲကာပြောလိုက်သည်။

 "ချွတ်လိုက် တခြားဆိုင်ကိုလိုက်ပို့ပေးမယ်"

ဟဲကျင့်ကချင်ယွီကို ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်ချိန်တွင် ဝန်ထမ်းများကလည်း သူတို့နှစ်ယောက်ကို ထူးဆန်းစွာကြည့်လာလေသည်။သူကကြယ်သီးဖြုတ်နေရင်းပြောလာသည်။

"ဒီဆိုင်က အွန်လိုင်းပေါ်မှာ အကြံပေးထားတာအများဆုံးပဲ ပြီးတော့ ဒီဟာကအလုပ်စလုပ်တဲ့ သူတွေအတွက်လည်းသင့်တော်တယ်။ဈေးလည်းတော်ပြီးတော့ ချုပ်ရိုးချုပ်သားလဲအဆင်ပြေတယ်။ယွမ် 1000 ပဲကျမှာကို"

ချင်ယွီက ဟဲကျင့်ပြောတာကိုမကြားရသလိုပဲ luxury brand တွေရှိတဲ့ အထပ်ကိုခေါ်သွားတော့သည်။သူတို့တွေ လင်းယုန် logo ကိုတွေ့လိုက်တော့ ချင်ယွီက ဟဲကျင့်ကို အထဲဆွဲခေါ်သွားတော့သည်။သေချာတာပေါ့ ဟဲကျင့် brand နာမည်ကိုသတိထားမိပါ၏။အဲ့ဒါက Armaniပဲ

"မင်းက အရူးပဲ!"

ဟဲကျင့် ၏ခြေထောက်သည် မြေကြီးပေါ်တွင် အမြစ်တွယ်နေသကဲ့သို့ အထဲကို လျှောက်မဝင်ဝံ့ပေ။

ချင်ယွီက ဟဲကျင့်ရဲ့ အနောက်ကိုလိုက်သွားပြီး သူ့ကိုတွန်းထည့်လိုက်တော့သည်။

"ဒါက မင်းအလုပ်သစ်ရလို့ ဂုဏ်ပြုတာပဲ ငါမင်းအတွက်ဝယ်ပေးမယ် ငါ့စကားသာနားထောင်စမ်းပါ"

သူတို့ဝင်လိုက်တာနဲ့အရောင်းဝန်ထမ်း လူငယ်တစ်ယောက်က သူတို့ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လာပြီး သူတို့ ဘာရှာနေတာလဲလို့ ယဉ်ယဉ်ကျေးကျေး မေးလာ၏။ ချင်ယွီကိုယ်ပေါ်ရှိ luxury အဝတ်အစားတွေကြောင့်ဖြစ်နိုင်သည် သူမ နှေးနှေးကွေးကွေးမလုပ်ရဲတော့ချေ။

ချင်ယွီက ဟဲကျင့်ကိုညွှန်ပြကာဖြင့် "သူ့အတွက် အလုပ်ဝတ်ဖို့ suit တစ်စုံလောက်ရှာပေးပါ"

ဟဲကျင့် ၏မျက်နှာသည် ဖြူဖျော့သွားရပြီး စင်ပေါ်ရှိအဝတ်အစားများနှင့် စျေးနှုန်းတံဆိပ်များမပါရှိသော်လည်း ဤအမှတ်တံဆိပ်မှဝတ်စုံများသည် အနည်းဆုံး ယွမ် 10,000လောက် ကုန်ကျမည်ဟုလည်း ကြားသိခဲ့ရသည်။ သူ့အလုပ်သင်အနေဖြင့် တစ်လလျှင် ယွမ်4000 ဝင်ငွေရှိသည်။ သူသာ ဒီဟာကို အလုပ်ကိုသာဝတ်သွားခဲ့ရင် သူဌေးက သူ့ကိုမော်ကြွားနေတယ်လို့မထင်သွားလောက်ဘူးလား?ဒါကြီးကသင့်ကိုမသင့်တော်နေဘူး!

အရောင်းစာရေးမလေးသည် သန့်စင်နေသော ဟဲကျင့်ရဲ့  အရွယ်အစားကို လျင်မြန်စွာ တိုင်းတာပြီးနောက် သူ့အတွက် သင့်တော်သော ဝတ်စုံကို အမြန်ရွေးချယ်လိုက်သည်။ ဟဲကျင့် သည် ဇိမ်ခံအမှတ်တံဆိပ်များ၏ fan မဟုတ်သော်လည်း လူများသည် အဝတ်အစားကောင်းများကို မှီခိုသည် ဟုလည်း ယုံကြည်ခဲ့သည်။ ၎င်းကို စမ်းဝတ်ကြည့်ပြီးနောက်တွင် ကြီးမားသော ခြားနားချက်ကို သူတွေ့မြင်ခဲ့ရသည်။

အရောင်းဝန်ထမ်းမလေးက ဈေးကို ပြောပြလာသည်။ တွက်ချက်ပြီးနောက်တွင်တော့ ဟဲကျင့်က သူ့လစာနှစ်လစာထက်ပိုနေသည်ကိုတွေ့လိုက်ရပါ၏။တကယ့်ကိုမတန်နေဘူး!

ချင်ယွီက ဟဲကျင့်စိတ်ဝင်စားနေတာကိုတွေ့တော့ သူကအနားကပ်ကာဖြင့် ညှင်သာစွာပြောလာလေသည်။

"ငါ့လူကအကောင်းဆုံးနဲ့တိုက်တန်ပါတယ်"

ဟဲကျင့်က"ငါ့လူကအကောင်းဆုံးနဲ့တိုက်တန်ပါတယ်" ဆိုတဲ့စကားကြောင့်ရင်ထဲထိသွားရပြီးသူမရယ်မိအောင်ကြိုးစားလိုက်ရသည်။အရင်တုန်းကသာချင်ယွီက သူ့ကိုလက်ဆောင်ပေးခဲ့ပါက သူပြတ်ပြတ်သားသားငြင်းလိုက်မည်ဖြစ်သာ။အရင်တုန်းကတော့ သူက ချင်ယွီဆီက ငွေရေးကြေးရေးနဲ့ ပက်သတ်ပြီးမမှီခိုချင်သော်လည်းအခုတော့ သူ ချင်ယွီရဲ့ လက်ဆောင်ကြောင့် အရမ်းစိတ်လှုပ်ရှားခဲ့ရပြီးအဲ့ဒါနဲ့ပတ်သက်ပြီးသူအရမ်းကျေနပ်နေလေသည်။

လအတော်ကြာ အတူနေခဲ့ပြီးနောက် ဟဲကျင့် သည် လူနှစ်ယောက်အတူရှိသောအခါ ငွေသည် အရေးအကြီးဆုံးမဟုတ်ကြောင်း တဖြည်းဖြည်းနားလည်လာသည်။စဉ်းစားကြည့်မယ်ဆိုရင် တကယ်လို့ချင်ယွီသာမွဲသွားပြီးဈေးပေါတဲ့ နက်ခ်တိုင်လေးပေးမယ်ဆိုရင်တောင် သူဝမ်းသာအားရလက်ခံဉီးမှာပါပဲနော်ပြီးတော့ အဲ့ဒါကလည်း ချင်ယွီကိုချစ်လို့ပါပဲ။

သူ့ဝတ်စုံအသစ် အိတ်ကိုကိုင်ထားရင်း ဟဲကျင့်က ချင်ယွီ ရဲ့မွေးနေ့အတွက် ဒါမှမဟုတ် သူတို့ရဲ့ နှစ်ပတ်လည်နေ့တွေအတွက် သူပေးမယ့် လက်ဆောင်အမျိုးအစားကိုတောင် စပြီးစဉ်းစားနေပါပြီနော်။

နောက်ဆုံးတွင် သူသည် 9AM မှ 5PM အလုပ်ကိုစတင်ခဲ့သည်။ ဟဲကျင့် သည် နံနက် 8 နာရီတွင် အိပ်ရာမှထကာ ရထားဘူတာသို့ 15 မိနစ်ခန့် လမ်းလျှောက်ပြီးနောက် မိနစ် 20 ခန့်ရထားစီး၍ ရုံးကိုရောက်ဖို့ 5 မိနစ်လောက်လမ်းထပ်လျှောက်ရလေသည်။

သူ ပထမဆုံးရုံးခန်းထဲကို ဝင်လိုက်တာနဲ့ ကုမ္ပဏီရဲ့ ဧည့်ခံဝန်ထမ်း လူငယ်တစ်ယောက်က သူ့ကို ချက်ချင်း နှုတ်ဆက်လာသည်။ ဟဲကျင့် က ဝတ်စုံကို ဝတ်ထားတော့ ခါတိုင်းထက် ပိုယုံကြည်မှု ပိုရှိပုံရလေသည်။ သို့သော် သူသည် ဤမျှစျေးကြီးပြီး ကြည့်ကောင်းသည့်ဝတ်စုံကို ၀တ်ထားသောကြောင့် ရှက်ရွံ့သလိုတော့ ခံစားရသည်။ ကံကောင်းစွာပဲ သူ့လုပ်ဖော်ကိုင်ဖက်တွေက အမှတ်တံဆိပ်တွေကို သိပ်ဂရုမစိုက်ဘဲ အဲဒါကို လုံးဝသတိမထားမိခဲ့ကြပါချေ။ သို့သော် သူ့တိုက်ရိုက်သူဌေးကတော့ ချက်ချင်းသတိပြုမိပြီး  သူ့ကိုအထက်အောက်ကြည့်ကာဖြင့်ပြောလာသည်။

"ကြည့်ကောင်းတဲ့ဝတ်စုံပဲ"

ဟဲကျင့် ၏တိုက်ရိုက်သူဌေးသည် ကုမ္ပဏီ၏အမှုဆောင်မန်နေဂျာဖြစ်ပြီး Stansford တွင်ဘွဲ့ရခဲ့လေသည်။ သူ၏မျိုးရိုးအမည်မှာ ချွိုင်ဖြစ်၍ 36 နှစ်ရှိပြီးဖြစ်ပြီး အောင်မြင်သော စီးပွား ရေးသမားဖြစ်သည်။ သူက အရမ်းဖော်ရွေပြီး ချစ်စရာကောင်းတဲ့ မိသားစုလည်းရှိလေသည်။

ဟဲကျင့် ကိုလည်း အရမ်းဂရုစိုက်ပါ၏။ ရက်အနည်းငယ်အတွင်း သူ့အား သင်ခန်းစာများစွာ သင်ပေးခဲ့သည်။ ဟဲကျင့် သည် ခိုင်မာသော သင်ယူနိုင်စွမ်းရှိပြီး လျင်မြန်စွာ တိုးတက်လာသဖြင့် သူ၏ သူဌေးမှ ချီးကျူးခြင်းကိုခံရလေသည်။

အပူချိန် 30 ဒီဂရီကျော်သွားချိန်တွင် ချင်ယွီသည်ဟဲကျင့် မြေအောက်ရထားစီးရသည့်အတွက် စိတ်မကောင်းသဖြင့် နေ့တိုင်း သူ့ကို အလုပ်လိုက်ပို့ပေးတော့သည်။  ဟဲကျင့်  သည် သူနှင့်အတူရှိချိန်နည်းလာသည်နှင့် ပတ်သက်၍လည်း မကြာခဏ ညည်းညူတတ်သေးသည်။ ဒါပေမယ့်ဟဲကျင့်ကိုတော့ ထောက်ခံဆဲပါပေ။

အရာအားလုံးချောမွေ့နေပုံရလေသည် - သူသည် သူချစ်ရသူတစ်ဦးနှင့် အတူရှိနေပြီး သူ့အနာဂတ်အတွက် အလွန်ကြိုးစားနေလေသည်။ ဤသည်မှာဟဲကျင့်၏ စိတ်ထဲတွင် အကောင်းဆုံး အခြေအနေဖြစ်သည်။ သူသည် gay ဖြစ်လို့ရုန်းကန်ရခြင်းကိုရပ်တန့်လိုက်ပြီး အဆိုးမြင်သူလည်း မဟုတ်တော့ဘဲ သူသည် ယခင်ကထက်ပင် ယုံကြည်မှုပိုရှိလာခဲ့သည်။

ဇူလိုင်လကုန်ခါနီးတွင်တော့ သူတို့ဘဝတွင် အပြောင်းအလဲအနည်းငယ်ဖြစ်လာခဲ့လေသည်။ Demon God ၏တရားဝင်အဖွဲ့အစည်းသည် ချင်ယွီကို ကုပ္ပဏ္ဏီရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ်ကမ်းလှမ်းလာခဲ့သည်။သူရဲ့လစာအလွန်မြင့်မားမည်ဖြစ်သော်လည်း သူ့ရဲ့မျက်နှာကို ပရိတ်သတ်ရှေ့သို့ထွက်ပြဖို့တော့လိုပါ၏။

Zawgyi

133:မိန္းမကိုအရမ္းႂကြားခ်င္ေနတဲ့အ႐ူးေကာင္ပဲ

ညေရာက္သည့္အခါတြင္ေတာ့ မီးေတြပိတ္ကာျဖင့္ တစ္ေယာက္ကိုတစ္ေယာက္ မွီလ်က္အိပ္ယာေပၚတြင္ အခ်စ္ဇာတ္ကားၾကည့္ေနခဲ့ၾကသည္။အဲ့ဒါက ဂ်ပန္ဇာတ္ကားျဖစ္ၿပီးေတာ့ ဟဲက်င့္ေ႐ြးထားတာပင္။ စတိုင္က ႏူးညံ့ ခ်ိဳၿမိန္ၿပီး သိမ္ေမြ႕၍ပေရာပရည္ဆန္တဲ့ခံစားခ်က္ရေလသည္။ ဒီလို ႐ိုမန္းတစ္ဇာတ္ကားဟာ လူႀကီးေတြနဲ႔ေတာ့လုံးဝဆန႔္က်င္ဘက္ပါပဲ...

ေလသံက ေပ်ာ့လြန္းၿပီး စည္းခ်က္က ေႏွးလြန္းတာေၾကာင့္ ခ်င္ယြီက မသန္းေဝပဲမေနႏိုင္ေတာ့ကာေျပာလာေတာ့သည္။

"ဒါၾကည့္မယ့္အစား တျခား gay နဲ႔ပတ္သက္တာေတြၾကည့္ရေအာင္လား?"

ဟဲက်င့္:"..."

ခ်င္ယြီ က ဒီဇာတ္ကားကို စိတ္မဝင္စားတဲ့အတြက္ သူ႔လက္ေတြက သူခ်စ္သူအေပၚကို လွည့္လည္သြားလာေနေတာ့သည္ သိပ္မၾကာခင္မွာပဲ ဟဲက်င့္လည္းသည္းမခံႏိုင္ေတာ့ဘဲ သူ႔ေပါင္ေပၚရွိ လက္ပ္ေတာ့ကို ပိတ္ၿပီး ေဘးဖယ္ထားလိုက္ေတာ့သည္။ထို႔ေနာက္ ခ်င္ယြီ၏ ေခါင္းကို ကိုင္ကာ ျပန္နမ္းလိုက္ေတာ့သည္။

ဟဲက်င့္၏ ၿပဳံးေနေသာ မ်က္ႏွာသည္ အလင္းေဖ်ာ့ေဖ်ာ့ေအာက္တြင္ သူတျခားအခ်ိန္မ်ားတြင္ မျပဖူးေသာ ေသြးေဆာင္မႈ ဆိုးသြမ္းသည့္ ခံစားခ်က္ေလးကို ျပသေနသည္။ သူက ဂိမ္းထဲက ေကာက္က်စ္တဲ့ ဖာရက္ေလးလိုပါပဲ။ခ်င္ယြီကလွည့္၍ ဟဲက်င့္ကိုဖိခ်လိုက္ေတာ့သည္။သူ႔ပုခုံးေတြကိုကိုင္ကာျဖင့္အၾကမ္းပတမ္းနမ္းေတာ့သည္။သူကနမ္းေနရင္း အ႐ိုင္းဆန္စြာဖြင့္ ဟဲက်င့္ရဲ႕ ႏႈတ္ခမ္းကိုလဲကိုက္လိုက္ေသး၏။

ၿပီးသြားေသာအခါ ခ်င္ယြီက ဟဲက်င့္ ၏ ေအာက္ႏႈတ္ခမ္းကို ပြတ္သပ္ကာျဖင့္ တီးတိုးဆိုလာေလသည္။

"မိန္းမေလး ေနာက္တခါ စကားမမ်ားေတာ့ဘူးေနာ္ ဟုတ္ၿပီလား?"

ဟဲက်င့္: "..."

ခ်င္ယြီ က သူ႔ကို ေလးေလးနက္နက္နဲ႔ မက္ေမာစြာ ၾကည့္၍ေတာင္းပန္ေနသလိုမ်ိဳးဆိုလာေလသည္။

"ေနာက္ဆုံးအႀကိမ္မင္းေဒါသထြက္တုန္းကလိုလဲ ေရွာင္မသြားပါနဲ႔ေတာ့ေနာ္ အဆင္ေျပလား?"

ဟဲက်င့္ က ႏႈတ္ခမ္းကိုဖြင့္လ်က္ တိုးတိုးေလးေျပာလာေလသည္

"ေတာင္းပန္ပါတယ္ ဒါေပမယ့္ ၿပီးခဲ့တဲ့အခ်ိန္တုန္းက ငါလည္း ဖိအားအရမ္းမ်ားသြားလို႔"

သူမ်က္လုံးစဥ္းကာျဖင့္ ခ်င္ယြီရဲ႕ လက္ေခ်ာင္းကိုနမ္းလိုက္ၿပီးတိုးတိုးေလးေျပာလာေလသည္။

"အင္း ငါတို႔ ရန္မျဖစ္ေတာ့ဘူး"

ခ်င္ယြီ က ေက်နပ္စြာ ၿပဳံးလိုက္ၿပီး ဟဲက်င့္ ကို ေပြ႕ဖက္၍ နမ္းလိုက္သည္။

"ေဟ့ ငါတို႔ မေန႔ညကတင္ လုပ္ခဲ့ေသးတယ္ေလ..."

"ငါထိ႐ုံေလးပါပဲ ဘာမွမလုပ္ဘူးလို႔ ကတိေပးတယ္ကြာေနာ္"

"မင္းအာမခံတာကယုံရတာလဲမဟုတ္ဘူး ငါ မနက္ေစာေစာ အတန္းရွိေသးတယ္... အမ္း!"

"အာ့......"

အားလုံးအေျခက်သြားတဲ့အခါမွာေတာ့ ဟဲက်င့္ သည္ ေန႔ခင္းဘက္တြင္ ေက်ာင္းသို႔သြားၿပီး ထို႔ေနာက္တြင္ေတာ့ အလ်င္အျမန္ ေက်ာင္းမွ ျပန္လာခဲ့သည္။သူသည္ ပတ္ဝန္းက်င္ကို လုံးဝစြန႔္ခြာသြားသည္ဟု အမွန္တကယ္ ခံစားခဲ့ရၿပီး လူထုအျမင္ဖိအားလည္းသူ႔အေပၚ နည္းပါးလာသည္။

သူတို႔ အားလပ္ခ်ိန္မွာေတာ့ဟင္းခ်က္နည္းေတြကို အတူတူ ေလ့လာၾကသည္။ခ်င္ယြီက ထမင္းဟင္းခ်က္ၿပီး ဟဲက်င့္ကေတာ့က်န္တဲ့ အိမ္မႈကိစၥေတြကို လုပ္ပါ၏။ သူတို႔ႏွစ္ဦးသည္ ေၾကာက္မက္ဖြယ္ရာ ဟင္းပြဲမ်ားစြာကို ျပဳလုပ္ခဲ့ၾကေသာ္လည္း ေနာက္ဆုံးတြင္ စားပြဲေပၚတင္ထားေသာ ဟင္းပြဲမ်ားသည္ ႏွစ္သက္ဖြယ္အရည္အေသြးတစ္ခုေတာ့ရွိေလရဲ႕။

ဟဲက်င့္ သည္ အနည္းငယ္ အသန႔္ႀကိဳက္လြန္သူျဖစ္သည္။ ခ်င္ယြီက ပန္းကန္ေဆးတဲ့အခ်ိန္တိုင္း မီးဖိုခန္းတစ္ခုလုံး ကိုေရေတြ႐ႊဲေနေရာ။ ဟဲက်င့္က ဒါကိုႏွစ္ႀကိမ္ေလာက္ျမင္ၿပီးခ်ိန္မွာေတာ့ သူသည္းမခံႏိုင္ေတာ့ေခ်။ အဲ့ဒါေၾကာင့္ သူက်န္တဲ့ သန႔္ရွင္းေရးကို လုပ္လိုက္ၿပီး ခ်င္ယြီလည္း နည္းနည္းေတာ့ အနားယူႏိုင္တာေပါ့ေလ။ သူတို႔အတူတူေနထိုင္ၿပီးေနာက္မွာေတာ့ အလုပ္ေတြကို ရွင္းရွင္းလင္းလင္း ခြဲေဝယူၾကၿပီး အိမ္မႈကိစၥေၾကာင့္ တစ္ခါမွ ရန္မျဖစ္ခဲ့ၾကပါေခ်။

သို႔ေသာ္ ဟဲက်င့္ မႀကိဳက္ေသာ အရာတစ္ခု ရွိေသးသည္။ အတူတူေနထိုင္ၿပီးေနာက္တြင္ေတာ့ အင္တာနက္နတ္ဘုရား ႏွလုံးသားမဲ့ မီး၏ တကယ့္ဘဝအစစ္အမွန္ကို ရွင္းရွင္းလင္းလင္းျမင္ေတြ႕ႏိုင္ခဲ့တယ္ေလ။သူက Demon God ရဲ႕ host အျဖစ္ ဆက္လက္လုပ္ကိုင္ခဲ့ၿပီး ဗီဒီယိုေတြကို record လုပ္၍ဆက္တင္ခဲ့ေလသည္။ဒါေပမယ့္ Demon God ရဲ႕ ဟိုလိုဂရပ္ဖစ္ အင္တာဗ်ဴးအၿပီးမွာေတာ့ ဟဲက်င့္ကေယာက္်ားေလးဆိုတာေပၚသြားသျဖင့္ သူ႔ fan ေတြအမ်ားအျပားဆုံးရႈံးသြားခဲ့ေပမယ့္လည္း ဖူဂ်ိဳးရွိ fan အမ်ားအျပားလဲတိုးလာခဲ့ေလရဲ႕။

ထို႔ေနာက္မီး၏ တိုက္႐ိုက္ထုတ္လႊင့္မႈတြင္ ပရိသတ္၏ comment box သည္ အ႐ူးအမူးေပၚလာၿပီး ၎တို႔သည္ ျမင္း႐ိုင္းမ်ားကဲ့သို႔ ျပဳမူခဲ့ရာဟဲက်င့္ သည္ လုံးဝၾကည့္ေနဖို႔ေတာင္မတတ္ႏိုင္ေတာ့ပါဘူးေနာ္!

သူတို႔က မသဲမကြဲမက္ေဆ့ခ်္ေတြလိုမ်ိဳး သူတို႔ႏွစ္ေယာက္ရဲ႕ ပုံေတြေပါက္ကြဲထြက္လာမလားလို႔ရွာတာမ်ိဳး အခ်စ္ဆိုင္ရာျမင္ကြင္းေတြရွာတာမ်ိဳး ႏွလုံးသားမဲ့မီးက position ဘယ္ႏွမ်ိဳးေလာက္လုပ္ၿပီးၿပီလဲလို႔ပါေမးေတာ့ ဟဲက်င့္မွာဆြံ႕အသြားရေတာ့တာပဲ။ပထမကေတာ့ ဟဲက်င့္က ခ်င္ယြီရဲ႕ live stream ကိုၾကည့္ဖို႔ စိတ္ဝင္စားခဲ့ေသာ္လည္း ေနာက္ပိုင္းမွာေတာ့ သူတကယ္ႀကီးၾကည့္ဖို႔ မဝံ့ရဲေတာ့ဘူးလို႔

သို႔ေသာ္ ခ်င္ယြီကေတာ့ အဲ့ဒါေတြကို စိတ္အေႏွာင့္အယွက္ မျဖစ္ပဲနဲ႔ အရမ္းေတြေတာင္ သေဘာက်ေနေသး။သူကဟဲက်င့္နဲ႔ ေျပာထားတဲ့ စကားေတြကိုအၿမဲတမ္း လွ်ိဳ႕လွ်ိဳ႕ဝွက္ဝွက္နဲ႔ record လုပ္ထားၿပီးေတာ့ ဗီဒီယိုရဲ႕ အစ ဒါမွမဟုတ္ အဆုံးမွာေတာင္ ထည့္ထည့္ေလ့ရွိေသးတယ္။အဲ့ဒါကေနသူ႔fan ေတြက comics ေတြပါဆြဲေတာ့တာပဲ...ကံေကာင္းတာက သူ႔အသံပဲၾကားရၿပီးလူကိုမျမင္ေနရလို႔ပဲ။အဲ့လိုမွမဟုတ္ရင္ဟဲက်င့္ ခ်င္ယြီကိုေသေလာက္ေအာင္ကန္ၿပီးေလာက္ၿပီပဲ။အခုေတာ့ သူနားလည္သြားၿပီ မီးက သူ႔မိန္းမကို႐ူးေလာက္ေအာင္ႂကြားခ်င္ေနတာပဲ!

သူတို႔တကယ္ႀကီး အိပ္ရာထဲမွာ position အသစ္ေတြအမ်ားႀကီးသုံးၿပီးသြားၿပီ။သူတို႔ႏွစ္ေယာက္လုံးကငယ္႐ြယ္ၿပီးစိတ္အားထက္သန္ကာတစ္ေယာက္နဲ႔တစ္ေယာက္လဲခ်စ္ေနခဲ့တာပဲေလ။သူတို႔ကိုယ္သူတို႔လည္း နားမလည္ႏိုင္ေလာက္ေအာင္ကိုလည္းထိန္းမခ်ဳပ္ႏိုင္ခဲ့ေခ်။တစ္ခါကဆို သူတို႔အဲ့ဒါကိုလုပ္ေနတဲ့အခ်ိန္မွာခ်င္ယြီက သူ႔လက္ပတ္ကေန recording function ကိုေတာင္ဖြင့္ထားခဲ့သျဖင့္ ဟဲက်င့္႐ူးသြပ္လုနီးပါးျဖစ္သြားခဲ့ေသးသည္။ထိုကိစၥနဲ႔ပတ္သက္ၿပီး သူနဲ႔ခ်င္ယြီ ရက္အေတာ္ၾကာေအာင္ စစ္ေအးတိုက္ပြဲျဖစ္ခဲ့ၾကရေသးသည္။ၿပီးေတာ့အဲ့ဒါက သူတို႔အတူေနထိုင္ၿပီးေနာက္ ရန္ျဖစ္တဲ့ပထမဆုံးအႀကိမ္ပင္။

ဒါေပမယ့္ ၿခဳံငုံေျပာရရင္ သူတို႔ႏွစ္ေယာက္အတူတကြေနထိုင္ၿပီးေနာက္ ခ်ိဳၿမိန္တဲ့အခိုက္အတန႔္ေတြဟာစကားမ်ားရန္ျဖစ္တာေတြထက္ သာလြန္ေနပါေသး၏။ သူတို႔ဘယ္အခ်ိန္ထိအတူတူရွိႏိုင္မလဲဆိုတာကို မသိသျဖင့္ ဟဲက်င့္သည္ ခ်င္ယြီႏွင့္ ေန႔ရက္တိုင္းကို ေနာက္ဆုံးေန႔ကဲ့သို႔ ဆက္ဆံခဲ့ၿပီး ခ်င္ယြီ ႏွင့္ အခ်ိန္တိုင္းကို ဂ႐ုတစိုက္ ျမတ္ႏိုးခဲ့သည္။

မ်က္စိတစ္မွိတ္အတြင္းမွာပဲ ႏွစ္လၾကာသြားၿပီပင္။ ဟဲက်င့္သည္လည္းသူ၏ စာေမးပြဲမ်ား ၿပီးဆုံးကာ တကၠသိုလ္ တတိယႏွစ္ တရားဝင္ ၿပီးဆုံးခဲ့သည္။သူသည္ ေႏြရာသီ အလုပ္သင္ အလုပ္ကိုလည္း ေအာင္ျမင္စြာ ေတြ႕ရွိခဲ့သည္။ A အၿမိဳ႕ရွိ CBD တြင္ သူသည္ သြားဘက္ဆိုင္ရာပစၥည္းမ်ားေရာင္းခ်သည့္ ကေနဒါကုမၸဏီတစ္ခုတြင္ စီမံခန႔္ခြဲေရးလက္ေထာက္အျဖစ္ ႏွစ္လခြဲၾကာ စတင္လုပ္ကိုင္ရမည္ျဖစ္သည္။ သူေကာင္းေကာင္းစြမ္းေဆာင္ႏိုင္ရင္ စာခ်ဳပ္ကို ႀကိဳတင္ လက္မွတ္ထိုးႏိုင္သလို ဘြဲ႕ရၿပီးပါက အၿမဲတမ္းဝန္ထမ္းအျဖစ္ပါလုပ္ႏိုင္ေလသည္။သူ႔မွာ ျမင့္မားတဲ့ လစာမရွိေပမယ့္ ဒီအလုပ္အကိုင္အခြင့္အလမ္းက ဟဲက်င့္ကို တကယ္ စိတ္လႈပ္ရွားေစတုန္းပါပဲ

အလုပ္သင္မစခင္ မွာပဲခ်င္ယြီကဟဲက်င့္အတြက္လိုအပ္သည့္ ဝတ္စုံ၊နတ္ခ္တိုင္နဲ႔ ဖိနပ္အနက္တစ္ရံ ဝယ္ရန္အတြက္ အေဖာ္လိုက္ေပးခဲ့ေလသည္။

ထိုကိစၥမ်ားအတြက္ေတာ့ ဟဲက်င့္သည္ အေတာ္ေလး မသိနားမလည္ခဲ့ေပ။ သူဘာလုပ္ရမယ္ဆိုတာ မသိခင္မွာ ဝန္ထမ္းသစ္ေတြရဲ႕ အေတြ႕အႀကဳံ အေၾကာင္း အြန္လိုင္းမွာ ရွာေဖြခဲ့ပါေသးသည္။

"ဒီအလုပ္က ေတာ္ေတာ္အလုပ္ရႈပ္တာ မင္း ဝတ္စုံလဲဝတ္ရတယ္..."

"ေကာင္းၿပီ ငါ့မွာ တျခားေ႐ြးခ်ယ္စရာ မရွိဘူး"

ဟဲက်င့္က သူ႔လက္ပတ္ထဲမွာ မွတ္စုမွတ္ထားလိုက္သည္။စီမံခန႔္ခြဲေရးဝန္ထမ္းေတြက ပုံစံက်တဲ့ ဝတ္စုံကိုဝတ္ဆင္ရန္လိုအပ္ပါတယ္

ခ်င္ယြီကေတာ့ ဟဲက်င့္ရဲ႕အလုပ္ကို အလုပ္ရႈပ္တယ္လို႔ေတာ့မထင္ခဲ့ေခ် တစ္ခုပဲ သူဟဲက်င့္ suit ဝတ္တဲ့ပုံကို တျခားသူမ်ားကို မျမင္ေစခ်င္လဲ့ေပ။သူ႔ရဲ႕ မ်က္လုံးထဲမွာ ဟဲက်င့္က အရာရာၿပီးျပည့္စုံေနေရာ။သူကအစထဲက ခ်င္ယြီမ်က္လုံးထဲမွာ မယုံႏိုင္ေလာက္ေအာင္ၾကည့္ေကာင္းၿပီးေတာ့ ခ်စ္ဖို႔ေကာင္းၿပီးသားပဲေလ အခု suit နဲ႔ ကပိုၿပီးေတာ့ေတာင္ မဟားတရား ခ်စ္ဖို႔ေကာင္းေနေသး သူတျခားသူၾကည့္မွာတကယ္ႀကီးမလိုခ်င္ပါေခ်။

ဟဲက်င့္ သည္ မွန္ေရွ႕တြင္ရပ္ကာ သူ႔ကိုယ္သူၾကည့္လိုက္စဥ္ ေပါ့ေပါ့ပါးပါးဝတ္ထားသည္ထက္ အဆမ်ားစြာ ပိုေခ်ာေမာေနပုံရကာခ်င္ယြီကို စိုးရိမ္တႀကီးေမးလိုက္သည္

"ဒီေတာ့ ငါဘယ္လိုေနလဲ?"

ခ်င္ယြီ ၏ လက္ေခ်ာင္းမ်ားက သူ႔ေကာ္လာကို ပြတ္သပ္ၿပီး နားထဲသို႔ တီးတိုးေျပာလာေလသည္။

"ငါ မာေနၿပီ"

"မင္းက အ႐ူးပဲ!"

ဟဲက်င့္က ရွက္သြားကာ ခ်င္ယြီကို တြန္းထုတ္ကာျဖင့္ နတ္ခ္တိုင္ကိုဆြဲလိုက္၍

"ငါတကယ္ေျပာေနတာ ၾကည့္ရတာအဆင္ေျပရဲ႕လား?"

ခ်င္ယြီကၿပဳံး၍ခဏေလာက္ သူ႔ကိုၾကည့္လိုက္ရင္းေျပာလာေလသည္။

"ဒီဝတ္စုံက မင္းနဲ႔မတန္ဘူး"

ဟဲက်င့္:"ဘာကိုဆိုလိုတာလဲ?"

ခ်င္ယြီ က သူ႔လက္ေမာင္းကိုဆြဲကာေျပာလိုက္သည္။

"ခြၽတ္လိုက္ တျခားဆိုင္ကိုလိုက္ပို႔ေပးမယ္"

ဟဲက်င့္ကခ်င္ယြီကို ရႈပ္ေထြးစြာျဖင့္ၾကည့္လိုက္ခ်ိန္တြင္ ဝန္ထမ္းမ်ားကလည္း သူတို႔ႏွစ္ေယာက္ကို ထူးဆန္းစြာၾကည့္လာေလသည္။သူကၾကယ္သီးျဖဳတ္ေနရင္းေျပာလာသည္။

"ဒီဆိုင္က အြန္လိုင္းေပၚမွာ အႀကံေပးထားတာအမ်ားဆုံးပဲ ၿပီးေတာ့ ဒီဟာကအလုပ္စလုပ္တဲ့ သူေတြအတြက္လည္းသင့္ေတာ္တယ္။ေဈးလည္းေတာ္ၿပီးေတာ့ ခ်ဳပ္႐ိုးခ်ဳပ္သားလဲအဆင္ေျပတယ္။ယြမ္ 1000 ပဲက်မွာကို"

ခ်င္ယြီက ဟဲက်င့္ေျပာတာကိုမၾကားရသလိုပဲ luxury brand ေတြရွိတဲ့ အထပ္ကိုေခၚသြားေတာ့သည္။သူတို႔ေတြ လင္းယုန္ logo ကိုေတြ႕လိုက္ေတာ့ ခ်င္ယြီက ဟဲက်င့္ကို အထဲဆြဲေခၚသြားေတာ့သည္။ေသခ်ာတာေပါ့ ဟဲက်င့္ brand နာမည္ကိုသတိထားမိပါ၏။အဲ့ဒါက Armaniပဲ

"မင္းက အ႐ူးပဲ!"

ဟဲက်င့္ ၏ေျခေထာက္သည္ ေျမႀကီးေပၚတြင္ အျမစ္တြယ္ေနသကဲ့သို႔ အထဲကို ေလွ်ာက္မဝင္ဝံ့ေပ။

ခ်င္ယြီက ဟဲက်င့္ရဲ႕ အေနာက္ကိုလိုက္သြားၿပီး သူ႔ကိုတြန္းထည့္လိုက္ေတာ့သည္။

"ဒါက မင္းအလုပ္သစ္ရလို႔ ဂုဏ္ျပဳတာပဲ ငါမင္းအတြက္ဝယ္ေပးမယ္ ငါ့စကားသာနားေထာင္စမ္းပါ"

သူတို႔ဝင္လိုက္တာနဲ႔အေရာင္းဝန္ထမ္း လူငယ္တစ္ေယာက္က သူတို႔ကို လႈိက္လႈိက္လွဲလွဲ ႏႈတ္ဆက္လာၿပီး သူတို႔ ဘာရွာေနတာလဲလို႔ ယဥ္ယဥ္ေက်းေက်း ေမးလာ၏။ ခ်င္ယြီကိုယ္ေပၚရွိ luxury အဝတ္အစားေတြေၾကာင့္ျဖစ္ႏိုင္သည္ သူမ ေႏွးေႏွးေကြးေကြးမလုပ္ရဲေတာ့ေခ်။

ခ်င္ယြီက ဟဲက်င့္ကိုၫႊန္ျပကာျဖင့္ "သူ႔အတြက္ အလုပ္ဝတ္ဖို႔ suit တစ္စုံေလာက္ရွာေပးပါ"

ဟဲက်င့္ ၏မ်က္ႏွာသည္ ျဖဴေဖ်ာ့သြားရၿပီး စင္ေပၚရွိအဝတ္အစားမ်ားႏွင့္ ေစ်းႏႈန္းတံဆိပ္မ်ားမပါရွိေသာ္လည္း ဤအမွတ္တံဆိပ္မွဝတ္စုံမ်ားသည္ အနည္းဆုံး ယြမ္ 10,000ေလာက္ ကုန္က်မည္ဟုလည္း ၾကားသိခဲ့ရသည္။ သူ႔အလုပ္သင္အေနျဖင့္ တစ္လလွ်င္ ယြမ္4000 ဝင္ေငြရွိသည္။ သူသာ ဒီဟာကို အလုပ္ကိုသာဝတ္သြားခဲ့ရင္ သူေဌးက သူ႔ကိုေမာ္ႂကြားေနတယ္လို႔မထင္သြားေလာက္ဘူးလား?ဒါႀကီးကသင့္ကိုမသင့္ေတာ္ေနဘူး!

အေရာင္းစာေရးမေလးသည္ သန႔္စင္ေနေသာ ဟဲက်င့္ရဲ႕ အ႐ြယ္အစားကို လ်င္ျမန္စြာ တိုင္းတာၿပီးေနာက္ သူ႔အတြက္ သင့္ေတာ္ေသာ ဝတ္စုံကို အျမန္ေ႐ြးခ်ယ္လိုက္သည္။ ဟဲက်င့္ သည္ ဇိမ္ခံအမွတ္တံဆိပ္မ်ား၏ fan မဟုတ္ေသာ္လည္း လူမ်ားသည္ အဝတ္အစားေကာင္းမ်ားကို မွီခိုသည္ ဟုလည္း ယုံၾကည္ခဲ့သည္။ ၎ကို စမ္းဝတ္ၾကည့္ၿပီးေနာက္တြင္ ႀကီးမားေသာ ျခားနားခ်က္ကို သူေတြ႕ျမင္ခဲ့ရသည္။

အေရာင္းဝန္ထမ္းမေလးက ေဈးကို ေျပာျပလာသည္။ တြက္ခ်က္ၿပီးေနာက္တြင္ေတာ့ ဟဲက်င့္က သူ႔လစာႏွစ္လစာထက္ပိုေနသည္ကိုေတြ႕လိုက္ရပါ၏။တကယ့္ကိုမတန္ေနဘူး!

ခ်င္ယြီက ဟဲက်င့္စိတ္ဝင္စားေနတာကိုေတြ႕ေတာ့ သူကအနားကပ္ကာျဖင့္ ညႇင္သာစြာေျပာလာေလသည္။

"ငါ့လူကအေကာင္းဆုံးနဲ႔တိုက္တန္ပါတယ္"

ဟဲက်င့္က"ငါ့လူကအေကာင္းဆုံးနဲ႔တိုက္တန္ပါတယ္" ဆိုတဲ့စကားေၾကာင့္ရင္ထဲထိသြားရၿပီးသူမရယ္မိေအာင္ႀကိဳးစားလိုက္ရသည္။အရင္တုန္းကသာခ်င္ယြီက သူ႔ကိုလက္ေဆာင္ေပးခဲ့ပါက သူျပတ္ျပတ္သားသားျငင္းလိုက္မည္ျဖစ္သာ။အရင္တုန္းကေတာ့ သူက ခ်င္ယြီဆီက ေငြေရးေၾကးေရးနဲ႔ ပက္သတ္ၿပီးမမွီခိုခ်င္ေသာ္လည္းအခုေတာ့ သူ ခ်င္ယြီရဲ႕ လက္ေဆာင္ေၾကာင့္ အရမ္းစိတ္လႈပ္ရွားခဲ့ရၿပီးအဲ့ဒါနဲ႔ပတ္သက္ၿပီးသူအရမ္းေက်နပ္ေနေလသည္။

လအေတာ္ၾကာ အတူေနခဲ့ၿပီးေနာက္ ဟဲက်င့္ သည္ လူႏွစ္ေယာက္အတူရွိေသာအခါ ေငြသည္ အေရးအႀကီးဆုံးမဟုတ္ေၾကာင္း တျဖည္းျဖည္းနားလည္လာသည္။စဥ္းစားၾကည့္မယ္ဆိုရင္ တကယ္လို႔ခ်င္ယြီသာမြဲသြားၿပီးေဈးေပါတဲ့ နက္ခ္တိုင္ေလးေပးမယ္ဆိုရင္ေတာင္ သူဝမ္းသာအားရလက္ခံဉီးမွာပါပဲေနာ္ၿပီးေတာ့ အဲ့ဒါကလည္း ခ်င္ယြီကိုခ်စ္လို႔ပါပဲ။

သူ႔ဝတ္စုံအသစ္ အိတ္ကိုကိုင္ထားရင္း ဟဲက်င့္က ခ်င္ယြီ ရဲ႕ေမြးေန႔အတြက္ ဒါမွမဟုတ္ သူတို႔ရဲ႕ ႏွစ္ပတ္လည္ေန႔ေတြအတြက္ သူေပးမယ့္ လက္ေဆာင္အမ်ိဳးအစားကိုေတာင္ စၿပီးစဥ္းစားေနပါၿပီေနာ္။

ေနာက္ဆုံးတြင္ သူသည္ 9AM မွ 5PM အလုပ္ကိုစတင္ခဲ့သည္။ ဟဲက်င့္ သည္ နံနက္ 8 နာရီတြင္ အိပ္ရာမွထကာ ရထားဘူတာသို႔ 15 မိနစ္ခန႔္ လမ္းေလွ်ာက္ၿပီးေနာက္ မိနစ္ 20 ခန႔္ရထားစီး၍ ႐ုံးကိုေရာက္ဖို႔ 5 မိနစ္ေလာက္လမ္းထပ္ေလွ်ာက္ရေလသည္။

သူ ပထမဆုံး႐ုံးခန္းထဲကို ဝင္လိုက္တာနဲ႔ ကုမၸဏီရဲ႕ ဧည့္ခံဝန္ထမ္း လူငယ္တစ္ေယာက္က သူ႔ကို ခ်က္ခ်င္း ႏႈတ္ဆက္လာသည္။ ဟဲက်င့္ က ဝတ္စုံကို ဝတ္ထားေတာ့ ခါတိုင္းထက္ ပိုယုံၾကည္မႈ ပိုရွိပုံရေလသည္။ သို႔ေသာ္ သူသည္ ဤမွ်ေစ်းႀကီးၿပီး ၾကည့္ေကာင္းသည့္ဝတ္စုံကို ၀တ္ထားေသာေၾကာင့္ ရွက္႐ြံ႕သလိုေတာ့ ခံစားရသည္။ ကံေကာင္းစြာပဲ သူ႔လုပ္ေဖာ္ကိုင္ဖက္ေတြက အမွတ္တံဆိပ္ေတြကို သိပ္ဂ႐ုမစိုက္ဘဲ အဲဒါကို လုံးဝသတိမထားမိခဲ့ၾကပါေခ်။ သို႔ေသာ္ သူ႔တိုက္႐ိုက္သူေဌးကေတာ့ ခ်က္ခ်င္းသတိျပဳမိၿပီး သူ႔ကိုအထက္ေအာက္ၾကည့္ကာျဖင့္ေျပာလာသည္။

"ၾကည့္ေကာင္းတဲ့ဝတ္စုံပဲ"

ဟဲက်င့္ ၏တိုက္႐ိုက္သူေဌးသည္ ကုမၸဏီ၏အမႈေဆာင္မန္ေနဂ်ာျဖစ္ၿပီး Stansford တြင္ဘြဲ႕ရခဲ့ေလသည္။ သူ၏မ်ိဳး႐ိုးအမည္မွာ ခြၽိဳင္ျဖစ္၍ 36 ႏွစ္ရွိၿပီးျဖစ္ၿပီး ေအာင္ျမင္ေသာ စီးပြား ေရးသမားျဖစ္သည္။ သူက အရမ္းေဖာ္ေ႐ြၿပီး ခ်စ္စရာေကာင္းတဲ့ မိသားစုလည္းရွိေလသည္။

ဟဲက်င့္ ကိုလည္း အရမ္းဂ႐ုစိုက္ပါ၏။ ရက္အနည္းငယ္အတြင္း သူ႔အား သင္ခန္းစာမ်ားစြာ သင္ေပးခဲ့သည္။ ဟဲက်င့္ သည္ ခိုင္မာေသာ သင္ယူႏိုင္စြမ္းရွိၿပီး လ်င္ျမန္စြာ တိုးတက္လာသျဖင့္ သူ၏ သူေဌးမွ ခ်ီးက်ဴးျခင္းကိုခံရေလသည္။

အပူခ်ိန္ 30 ဒီဂရီေက်ာ္သြားခ်ိန္တြင္ ခ်င္ယြီသည္ဟဲက်င့္ ေျမေအာက္ရထားစီးရသည့္အတြက္ စိတ္မေကာင္းသျဖင့္ ေန႔တိုင္း သူ႔ကို အလုပ္လိုက္ပို႔ေပးေတာ့သည္။ ဟဲက်င့္ သည္ သူႏွင့္အတူရွိခ်ိန္နည္းလာသည္ႏွင့္ ပတ္သက္၍လည္း မၾကာခဏ ညည္းညဴတတ္ေသးသည္။ ဒါေပမယ့္ဟဲက်င့္ကိုေတာ့ ေထာက္ခံဆဲပါေပ။

အရာအားလုံးေခ်ာေမြ႕ေနပုံရေလသည္ - သူသည္ သူခ်စ္ရသူတစ္ဦးႏွင့္ အတူရွိေနၿပီး သူ႔အနာဂတ္အတြက္ အလြန္ႀကိဳးစားေနေလသည္။ ဤသည္မွာဟဲက်င့္၏ စိတ္ထဲတြင္ အေကာင္းဆုံး အေျခအေနျဖစ္သည္။ သူသည္ gay ျဖစ္လို႔႐ုန္းကန္ရျခင္းကိုရပ္တန႔္လိုက္ၿပီး အဆိုးျမင္သူလည္း မဟုတ္ေတာ့ဘဲ သူသည္ ယခင္ကထက္ပင္ ယုံၾကည္မႈပိုရွိလာခဲ့သည္။

ဇူလိုင္လကုန္ခါနီးတြင္ေတာ့ သူတို႔ဘဝတြင္ အေျပာင္းအလဲအနည္းငယ္ျဖစ္လာခဲ့ေလသည္။ Demon God ၏တရားဝင္အဖြဲ႕အစည္းသည္ ခ်င္ယြီကို ကုပၸဏၰီရဲ႕ ေျပာေရးဆိုခြင့္ရွိသူအျဖစ္ကမ္းလွမ္းလာခဲ့သည္။သူရဲ႕လစာအလြန္ျမင့္မားမည္ျဖစ္ေသာ္လည္း သူ႔ရဲ႕မ်က္ႏွာကို ပရိတ္သတ္ေရွ႕သို႔ထြက္ျပဖို႔ေတာ့လိုပါ၏။

Continue Reading

You'll Also Like

26M 779K 76
"You are mine!" He roars. "I will do whatever it takes to make you know that. Whether it means I lock you up in a prison and throw away the key." Foo...
12.5M 353K 64
"A hidden connection is stronger than an obvious one." ©𝐉𝐈𝐊𝐎𝐎𝐊𝐈𝐄𝟏𝟕 No translations allowed. |*Contains some mature and triggering content*|...
637K 14.8K 62
"Since you're a player, let's play a game. "Let's cuddle, and kiss, and play fight. We'll tease each other, go on dates, meet each other's friends an...