CHANDLER { Ongoing }

By Xylo_19

170K 6.6K 310

Chandler Hayden ♡ Yein Yai Mhaine Warning//Fantasy// More

Intro
Part 1 U
Part 1 Z
Part 2 U
Part 2 Z
Part 3 U
Part 3 Z
Part 4 U
Part 4 Z
Part 5 U
Part 5 Z
part 6 U
Part 6 Z
Chibi Art
Part 7 U
Part 7 Z
Part 8 U
Part 8 Z
Part 9 U
Part 9 Z
Part 10 U
part10 Z
Part 11 U
Part 11 Z
Part 12 U
Part 12 Z
Part 13 U
Part 13 Z
Do or Die
Part 14 U
Part 14 Z
Part 15 U
Part 15 Z
Part 16 U
Part 16 Z
Part 17 U
Part 17 Z
Part 18 U
Part 18 Z
Part 19 U
Part 19 Z
Part 20 Z
Part 21 U
Part 21 Z
Part 22 U
Chandler 's POV!
Part 22 Z
Part 23 U
Part 23 Z
Attention !
Part 24 U
Part 24 Z

Part 20 U

3.4K 167 11
By Xylo_19

ချန်ဒလာ၏ကနေဒါပြန်ရမယ်ဆိုတဲ့စကားကြောင့် သူ့မှာစထားသည့်အလုပ်ကိစ္စတွေကို အမြန်အပြီးဖြတ်နေရသည်။ဒီမှာကျန်နေခဲ့ဖို့တွေးနေပါသော်လည်းမရလိုက်ကိုလိုက်ခဲ့ရမည်ဆိုတဲ့စကားတို့ကိုသာပြန်ရလေသည်။အကြာကြီးနေမယ်ဆိုမနေချင် ခဏတာလိုက်ပြီးသူကတော့ပြန်လာမှာလို့သာစဉ်းစားထားသည်။အဖေနှင့်အစ်ကိုကြီးနှစ်‌ယောက်ထဲကျန်ခဲ့တာ သူကတော့လက်လွတ်စပယ်ဘယ်မှအဝေးကြီးကိုအကြာကြီးထပ်မသွားချင်။

မနက်စောစော မှော်ဘီဘက်ခြမ်းက မြေကွက်လပ်‌မှာဆောက်လုပ်နေတဲ့တိုက်တွေဆီကနေဒါမသွားခင်သူတစ်ခေါက်တော့သွားကြည့်အုန်းမည်။လက်လွတ်စပယ်မထားပစ်ခဲ့ချင်‌ပေ။ဆောက်လုပ်ပိုင်းတွေမှာသူသိပ်နားမလည်သော်ညား အင်ဂျင်နီယာကိုမင်းလှက အရာရာဂရုတစ်စိုက်သေချာလုပ်ပေးနေသည်။အစအဆုံး၊ဒီဇိုင်းကအစ သူကသာတာဝန်ယူနေသေးလို့တော်သေး။သူကဆောက်ချင်တာပဲသိတာ ဘယ်အလုပ်သမားကဘယ်လို၊ ဘယ်အင်ဂျင်နီယာကဘယ်လို‌တော်တယ်ဆိုတာကောင်းကောင်းကြီးနားမလည်။

ရန်ကုန်မြို့တစ်မြို့ထဲသော်ညား သွားရမယ့်ခရီးကတောင်နဲ့မြောက်မို့ မနက်စောစောထွက်ဖို့သာပြင်လိုက်တော့သည်။ရေချိုးအဝတ်အစားလဲပြီးသည်အထိ ချန်ဒလာဟာလည်းနိုးမလာသေးပေ။‌နှိုးပြီးလည်းပြောမသွားချင်တော့ တစ်ယောက်ထဲဒီတိုင်းထွက်သွားဖို့သာပြင်လိုက်တော့သည်။ပြောလိုက်လျှင် ဘယ်သွားမလို့လဲ ဘာလုပ်မလို့လဲကမပြီးနိုင်မစီးနိုင်ဖြစ်နေအုန်းမှာပဲ။သူလုပ်နေတဲ့အရာတွေကိုအချိန်တစ်ခုရောက်သည်အထိမပြောချင်။အင်း အချိန်တစ်ခုရောက်ရင်တော့ပြောမှာပါ။

ဝုတ် ! ဝုတ် !

အောက်ထပ် ဧည့်ခန်းထဲသို့ရောက်သည်နှင့် အမောင်ရီကထိုးဟောင်တော့သည်။သူလည်းရီရဲ့ခေါင်းလေးကိုပွတ်သပ်လိုက်ကာ " အိမ်မှာလိမ်လိမ်မာမာနေ "ဆိုပြီးတောင်မှာလိုက်သေးသည်။ဒါတောင်မရ အမောင်ရီဟာသူ့နောက်လိုက်ကာ ထိုးဟောင်နေပြန်သည်။'ငါနဲ့လိုက်ချင်‌နေလို့များလား'တစ်ခါဟောင်လိုက်တိုင်းထွက်လာသည့်အစွယ်ကြီးတွေက ကြောက်လန့်စရာ။ခန္ဓါကိုယ်ကလည်းခပ်ထွားထွားရယ် ယိမ်းယိုင်ကတစ်အိမ်ထဲကနေတာလည်းကြာပြီမို့‌မကြောက်သော်ညား ဆိုက်ထဲကလူတွေကကြောက်မယ်ထင်လို့သာမခေါ်တာ။

"" လိုက်ချင်လို့လား ""

ဝုတ် ဝုတ် !

တစ်ခါတစ်လေခေါ်သွားတာဘာမှမဖြစ်ပါဘူးလေ။သူလည်းအဖော်ရတာပေါ့။ချန်ဒလာကလည်းအပြင်သွားရင်ရီကိုခေါ်ချင်ခေါ်သွားလို့ပြောထားသည်မလား။

"" လာလာ ကားပေါ်တတ် ""

ယိမ်းယိုင် ခြံထဲဆင်းကားတံခါးဖွင့်ပေးလိုက်သည်နှင့်ရီကပြေးတတ်တော့သည်။သူ့ရဲ့ရီက တကယ့်ချစ်မွှေးကြီး။ပြေးသွားတာများဖင်ကိုတုန်လို့။

"" အစ်ကိုလေး ဘယ်လဲမနက်အစောကြီး ""

အဘစံကလည်း ခြံထဲဆင်းလာသည်ထင်သူ့ကိုတွေ့ကာနှုတ်ဆက်တော့သည်။သူကဒီချိန်အပြင်မသွားဖူးသွားတော့ အဘစံအတွက်တအံ့တဩဖြစ်နေပုံ။

"" ကိစ္စရှိလို့ပါ အဘစံ။ချန်ဒလာနိုးလာရင် ကျွန်တော်အိမ်ဘက်သွားတယ်လို့ပဲပြောပေးပါ ""

"" ဟုတ်ကဲ့အစ်ကိုလေး ""

အဘစံကိုနှုတ်ဆက်ပြီးသည်နှင့် သူလည်းကားကိုကျွမ်းကျင်စွာကွေ့ကာ ထွက်သွားလေသည်။လမ်းတစ်လျှောက်လုံးရီက လျှာထုတ်ကာအပြင်ဘက်သို့ကြည့်နေလေသည်။အချိန်တော်မြင့်စွာမောင်းလာပြီးနောက် ကားအသွားအလာနည်းလာ‌သည့်နေရာသို့ရောက်လာတော့သည်။သူကိုယ်တိုင်လည်း လာနေကျနေရာမို့ဘေးပတ်ဝန်းကျင်ကိုအမှုမထားကာပေါ့ဆလွန်းနေခဲ့သည်။

တည့်တည့်မောင်းနေရင်းနဲ့မှ သူနှင့်မျက်နှာချင်းဆိုင်လမ်းကိုတည့်တည့်မောင်းလာနေသည့်ကားတစ်စီး။လမ်းပြောင်းပြန်ကြီးကို ဘယ်လိုဖြစ်ပြီး။ တစ်ဖြေးဖြေးနီးလာတာနဲ့အမျှ စီယာတိုင်ကို,ကိုင်ထားသည့်လက်တွေဟာတုန်ယင်လာခဲ့သည်။ဒါဟာသူ့ရဲ့အကျင့်ပင် ကိစ္စတစ်ခုခုကြုံလာတိုင်းထိုနေရာက‌မရွေ့မိ။ပြောရရင် လှုပ်လို့မရနိုင်တော့တာဆိုပိုမှန်လိမ့်မယ်။သူ့တစ်ကိုယ်လုံးသွေးကြောတွေသေသွားသည့်နှယ်။စိတ်သွားတိုင်းကိုယ်မပါတော့။

ဝုတ် ! ဝုတ် !

ဘေးကရီကအနည်းငယ်ထိုးဟောင်လိုက်မှသာ သူလည်းမျက်နှာချင်းဆိုင်လာနေသည့်ကားကို တိုက်ခါနီးမှကားကိုအမြန်ဘရိတ်အုပ်လိုက်သည်။ယိမ်းယိုင်နည်းတူ တစ်ဖက်ကကားကလည်းဘရိတ်တန်းအုပ်လိုက်လေသည်။

ဒါရည်ရွယ်ချက်ရှိရှိလုပ်တာမျိုးပင်။ ဘယ်လိုကောင်ကသေချင်နေတာလဲ။သေချင်လွတ်လွတ်‌လပ်လပ်သေလေငါလီးထဲမှ။ငါ့ကိုပါဂျေအောင်းရအောင်လာလုပ်နေတယ်။

ယိမ်းယိုင်ကားပေါ်မှဆင်းကာတစ်ဖက်ကားပေါ်မှလူကိုရန်တွေ့ရန် ဆင်းလိုက်သည်။သူရှေ့ကကားပေါ်မှသတိထားနေတော့ နောက်ကနေထိုးရပ်လာသည့်ကားကိုသတိမထားမိ။ယိမ်းယိုင်ကားပေါ်မှဆင်းလာသည်နှင့် တစ်ဖက်ကားပေါ်ကလူနှစ်ယောက်ကလည်းဆင်းလာသည်။ထိုလူနှစ်ယောက်ကိုကြည့်ရတာ ဂိုဏ်းစတားလိုလို၊ဘာလိုလိုနဲ့ နွေပူပူ Coat ကြီးနဲ့မီးယပ်ချမ်းထနေလို့များဝတ်ထားကြတာလား။ဒါမှမဟုတ် ကျပ်မပြည့်တာလား။တစ်ခုခုတော့တစ်ခုခုပဲ။

ကိုယ့်အတွေးနဲ့ကိုယ် ခပ်မဲ့မဲ့ပြုံးလိုက်သည်။သူတို့ကလည်းမှားသေးတစ်ချက်တောင်ပြန်မတောင်းပန်ပေ။ဘယ်လိုအကောင်စားတွေလည်း။နေပူထဲမှ သူတို့စောက်ခွက်ကြည့်ချင်လို့များ ကားပေါ်ကဆင်းလာတယ်ထင်နေတာလား။

"" ဒီမှာ မင်းတို့ကားကိုဘယ်လိုမောင်းတာလည်း။လမ်းပြောင်းပြန်ကြီးဆိုတာ မင်းတို့နားမလည်ဘူးလား ""

"" ဟေ့ကောင်တွေ Boss ခေါ်ခိုင်းလိုက်တဲ့လူကအစွာလေးဟ ""

သူပြောနေတာကိုဂရုမပြုသူတို့အချင်းချင်းသာပြန်ပြောနေသည်။

"" ဟုတ်တယ်ဟ။အဲ့အစွာလေးပါးစပ်ထဲ တစ်ခုခုနဲ့ဆို့ထားချင်တာကွာဟားဟား ""

ချက်ချင်းထွက်ပေါ်လာသည့်ကားနောက်ဆီကအသံကြောင့်သူလည်ပြန်လှည့်ကြည့်လိုက်မိသည်။သွားပြီဒီလူ‌နှစ်ယောက်ကကောဘယ်ချိန်ကတည်းက ရောက်နေတာလည်း။ဘယ်သူတွေမို့ ငါ့ကိုဒီလိုမျိုးပိတ်ဆို့ထားရတာလဲ။

"" ကြာတယ်ကွာ ဒီကောင့်ကိုကားပေါ်ဆွဲတင် ""

အဖွဲ့ထဲမှလူကခပ်နက်နက်လေးပြောလိုက်သည်နှင့်ကျန်တဲ့နှစ်ယောက်ကလည်း လှုပ်လှုပ်ရှားရှားဖြစ်လာသည်။

"" Boss ဆီကို မှည့်တစ်ပေါက်မစွန်းအောင်ပို့ရမှာနော် သေနတ်မထုတ်နဲ့! Boss စားပြီးတာနဲ့ ငါတို့အလှည့်ပဲ ""

သူတို့အချင်းချင်းပြောနေသည့်စကားသံကြောင့် ယိမ်းယိုင်ခြေလှမ်းတွေကိုအနောက်သို့အနည်းငယ်ဆုတ်လိုက်မိသည်။သူကြောက်ပြလို့မဖြစ် ကြောက်ရင်တစ်ဖက်လူကဖြဲခြောက်တတ်သည်မလား။သန်မာရမည်။ချန်ဒလာဟေဒန်ယောကျာ်းကချန်ဒလာ့လိုပဲသန်မာနေရမယ်။

"" မင်းတို့အဆင့်နဲ့ငါ့ကိုထိချင်တယ်ဟုတ်လား။လာထိစမ်း ငါ့အသားမပြောနဲ့ငါ့အရိပ်ကိုနင်းမိတာနဲ့ငါ့ယောကျာ်းကမင်းတို့ကိုသတ်ပစ်လိမ့်မယ်! ""

"" ဟေး ယောကျာ်းအားကိုးနဲ့မိုက်နေတာပဲ ဟား ""

"" အေး မိုက်လို့ရတဲ့အရည်အချင်းကငါ့မှာအပြည့်အဝရှိတယ်လေ ""

ယိမ်းယိုင်၏ပြတ်သားနေတဲ့အကြည့်တွေ ပြတ်သားလွန်းတဲ့စကားတွေကြောင့်တစ်ဖက်လူတွေရဲ့ဒေါသဟာပို၍ဆောင့်တတ်လာခဲ့သည်။သူတို့ Boss ကဘာအထိအခိုက်မှ မရှိပဲခေါ်လာစေဖို့မှာထားလို့သာ သူတို့စိတ်နှင့်သာဆိုဒီငစွာကောင်ဒီနေမှာပဲဖာ‌တစ်ယောက်သာသာ,သာဖြစ်သွားပေလိမ့်မည်။

"" ဟေ့ကောင်တွေ ဘာလုပ်နေတာလည်း ဆွဲတင်စမ်း ""

ယိမ်းယိုင်သူ့ဆီကိုကမ်းလာနေသည့်လက်ကို ရှောင်ဖို့ကြိုးစားလိုက်သည်။သူဟာယောကျာ်းလေး ပျော့ညံ့နေသည့်လူမဟုတ် ကိုယ့်ကိုလာထိရင်တော့ဦးအောင်ပြန်ချမည်။မမှီ,မှီတဲ့နေရာ တည့်တည့်ကန်ချမည်လို့သာတွေးထားလိုက်သည်။

သို့သော် သူ့ကိုလှမ်းဆွဲတော့မည့်လက်ကြီးပုခုံးကိုလာကိုင်တော့လုပ်ချိန် ကား‌ပေါ်ကရီက ဆင်းထွက်လာကာထိုလူ့ရဲ့လက်ကိုအားကုန်ကိုက်ချလေသည်။

အားးး!!!

အပြုအမူတွေကမြန်ဆန်လွန်းလှသည်။ဘယ်ချိန်ရီကားပေါ်ကဆင်းလာလည်းမသိလိုက်။တစ်ဖက်လူရဲ့အော်သံစူးစူးကိုသာကြားလိုက်ရသည်။တစ်ယောက်အကိုက်ခံလိုက်ရတော့ ကျန်‌တဲ့လူတွေကပါဝူးရှုးဝါးရှားဖြစ်လာကုန်သည်။ Kangal ခွေးတစ်ကောင်ရဲ့ကိုက်အားဟာ လူတစ်ယောက် ကိုက်အားထက်တောင်အဆပေါင်းများစွာမြင့်လေသည်။လူတစ်ယောက်၏ 162psi တောင်မနည်းခံစားရတာ ခွေးတစ်ကောင်ရဲ့ ကိုက်အား 743psi ဆိုတဲ့အားဟာ လက်တစ်ဖက်ပြတ်ထွက်ဖို့တောင်လုံလောက်သည်။ဂိုဏ်းစတားအဖွဲ့ဝင်တွေဖြစ်တာကြောင့် ဒီလိုခွေးမျိုးစိတ်ဟာရန်သူလို့သတ်မှတ်ပြီးရင် ပြန်မလွှတ်တတ်။မသေမချင်းကိုက်တတ်သည့်ခွေး။ တူရကီဖွားသိုးထိန်း‌ခွေးတွေကိုဂိုဏ်းစတား‌တွေကြားထဲမွေးထားတာအရမ်းနည်းလွန်းသည်။လည်မြိုထိတတ်ကိုက်သည့်ကောင်မျိုး။မြန်မာနိုင်ငံမှာတောင်တစ်နှစ်မွေးမြူခွင့် သိန်း50ဟာအသာလေးပင်။

လျှပ်တစ်ပြတ်မြန်ဆန်မှုတွေကြောင့် ကိုယ်ပေါ်လာစင်သည့်သွေးကြောင့်ယိမ်းယိုင်ဖင်ထိုင်တောင်လဲကျ‌မိသည်။တစ်ဖက်လူရဲ့လက်ကတစ်တောက်တောက်ကျနေသည့်လက်ကသွေးတွေဟာ သူ့ကိုခြောက်ခြားစေသည်။ရီဟာအလွတ်မပေးထို့လူကို လှုပ်ကာယမ်းနေလေသည်။သေချာလေ့ကျင့်ထားသည့်ခွေးမှန်းသိသာစွာ ကျန်တဲ့လူတွေဆီပါဦးတည်လာသည်။နောက်လူ၏ပုခုံးသားကို ခုန်အုပ်ကာကိုက်ချလိုက်ပုံကား ‌ကြောက်မက်ဖွက်ရာ။ချွန်ထက်နေသည့်သွားတွေဟာ ထိုလူ့ပုခုံးသား၌စိုက်ဝင်သွားသည်မှာ ကြည့်နေရသူကိုသွေးပျက်စေနိုင်သည်။

ဂီး ဂီး! ဝုတ် ဝုတ် !

ပါးစပ်မှသွေးတွေတစ်တောက်တောက်ဖြင့်ကျလျက်ရီကသူရဲ့‌ နောက်ဘက်ခြမ်းကိုကြည့်ကာမာန်ဖီနေပြန်သည်။သူပါနောက်ကကားဆီကလူတွေကိုလှမ်းကြည့်မိတော့ နှစ်ယောက်လုံးရဲ့မျက်နှာသွေးမရှိတော့သလိုဖြူစုတ်နေမိပြီဖြစ်သည်။လက်ထဲမှာလည်း သေနတ်ကိုယ်စီနှင့်။ မဟုတ် ... ရီကို့ပစ်မှာတော့မဟုတ်ဘူးမလား။ မဖြစ်ဘူး ...

ဝုတ်! ဝုတ် !

ဒိုင်း !! ရီ !

__________________________

"" အဘစံ ယိမ်းယိုင်မှိုင်းဘယ်သွားလဲ ""

အိမ်ပေါ်ထပ်ကနေ အလောတကြီးဆင်းလာတာဒါမေးဖို့လား။အပေါ်ကနေ ဘာအင်္ကျီမှမပါ ဘောင်းဘီအဖြူတစ်ထည်နှင့်အသည်းအသန်ဆင်းပြေးလာကာ မျက်နှာထက်၌လည်းအလိုမကျမှုတွေကကြီးစိုးနေသည်။မျက်ခုံးတွေဟာလည်းထိလုမတတ်..

"" အိမ်ဘက်သွားမယ်လို့ပြောသွားတယ်သခင်လေး ""

အဖြေစကားပြန်ရသည်နှင့်ချန်ဒလာအိမ်ပေါ်သို့ ခပ်မြန်မြန်ပြန်တတ်ကာ ကွန်ပျူတာရှေ့၌ကောက်ထိုင်လိုက်သည်။ထို့နောက် ရီ့ရဲ့ကိုယ်ထဲမှာထည့်ထားသည့်ခြေရာခံစက်နှင့် ယိမ်းယိုင်ရဲ့ နာရီထဲမှာထည့်ထားသည့်ခြေရာခံစက်ရဲ့တည်နေရာကို တိုက်စစ်လိုက်သည်။‌နေရာနှစ်ခုဟာမတူညီပေ။အကုန်လုံးကမြို့ပြင်တွေနားမှာ။ချန်ဒလာ,ရီ့ကိုစမွေးပြီးကတည်းက ဘယ်အရာမှကို လက်လွတ်စပယ်နေနေခဲ့တာမရှိ။ယိမ်းယိုင်မှိုင်းကိုလည်း အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်နေတာပင်။

နာရီထဲမှာထည့်ထားသည့်ခြေရာခံစက်ဟာအချိန်တစ်ခုကြာမြင့်သည်နှင့် ဘယ်လိုမှဆက်သွယ်မရတော့။တစ်ခုခုလွဲမှားနေပြီဆိုတာ ချန်ဒလာကောင်းကောင်းကြီးရိပ်မိသည်။အဲ့ဘက်မြို့ပြင်ဘက်ခြမ်းဟာ တစ်ယောက်သောသူမိုက်ကယ်ပိုင်တဲ့ခြမ်း။အကုန်လုံးကို‌ သေချာကြည့်ရင် မိုက်ကယ်လက်ချက်ဆိုတာ 80% တော့သေချာသည်။'ဒီ‌ကောင်ဘာဖြစ်ချင်နေတာလဲ။ယိမ်းယိုင်မှိုင်းကို ဘာလို့ခေါ်သွားရတာလဲ'

"" Shitt! အိုလစ်ကို လွှတ်ထားရက်နဲ့ကွာ ဟာကွာ! ""

ဒုန်း ! အုန်း !

အလုပ်စားပွဲကို အကြမ်းပတမ်းလှန်ချလိုက်တာပင်။မတော်တဆဖြစ်ပြီးတဲ့နောက်ကစ သူမိုက်ကယ်ကိုသေချာစောင့်ကြည့်ကာသူလုပ်သမျှအရာတိုင်းကိုလည်းသေချာရည်ရွယ်ချက်ရှိရှိဖျက်စီးခဲ့တာပင်။

စိတ်ရှုပ်စွာဖြင့် နဖူးပေါ်ဖရိုဖရဲကျနေသည့်ဆံပင်တွေကိုသပ်လိုက်သည်။ထို့‌နောက်ဘေးနားရှိကုတင်ပေါ်တင်ထားသည့်ဖုန်းကို အမြန်လှမ်းယူကာနံပါတ်တစ်ခုကိုခေါ်ဆိုလိုက်သည်။

"" သခင်လေး ""

"" အခုချက်ချင်း လူစုထားကြ၊အိုလစ်ကိုတစ်ခါထဲပါသေဖို့ပြင်ထားခိုင်း! ""

______________

မျက်လုံးကိုပဝါဖြင့်စီးထားကာ လက်တွေကိုနောက်ပြန်တုတ်ခံထားရသည်ကနာကျင်လှသည်။ရီ့ကိုသေနတ်မှန်ပြီး ဘာတွေဆက်ဖြစ်သွားလည်းသူမသိလိုက်။ခဏတာမေ့မြောသွားကာ နိုးလာတော့ ခုလိုပုံစံဖြစ်နေတာပင်။ဘယ်သူမှလည်းသူနှင့်အငြိုးမရှိ။ဒါဆိုဘယ်လိုလူကများ။

"" လူရှိလား လူရှိလားလို့ ငါမေးနေတယ် ""

ခြေသံတစ်ရှပ်ရှပ်ကိုကြားရတာမို့ လူရှိနေတာကိုသူသိသည်။ဒါမယ့် ထိုလူကပြန်မဖြေ။ဘယ်အရာမှဘာမှကိုမမြင်ရသည့်အတွက်သူ့ရဲ့စိတ်တို့ကိုပို၍ကြောက်လာစေသည်။ချည်နှောင်ခံထားရသည့်လက်တို့ကိုလည်း ပို၍ကုတ်တွယ်မိကာ ခြေထောက်နှစ်ချောင်းကိုလည်းအချင်းချင်းပွတ်နေမိသည်။

"" ဘယ်သူလဲ ""

သူ့နားတစ်ဖြေးဖြေးကပ်လာသည့်ခြေသံတွေ။ခေါင်းကိုဘယ်ညာယိမ်းကာ မေးနေမိပြန်သည်။ဒီအချိန်မှာ သူကောင်းကောင်းကြီးသတိရသူက ချန်ဒလာသာရှိလေသည်။သူဒီလိုဖြစ်နေတာကော ချန်ဒလာဟာသိပါ့မလား။ဒါမှမဟုတ် သိနေရင်တောင်မသိချင်ယောင်ဆောင်နေမှာလား။သူ့အတွက်အရှုပ်ထုတ်မရှိတော့ဘူးဆိုပြီး ပျော်နေမှာလား။

ထို့နောက်မျက်လုံးကိုစည်းထားသည့် ပုဝါစအမဲကိုအကြမ်းပတမ်းဆွဲဖြုတ်ခံရလိုက်သည်။အလင်းနှင့်ချက်ချင်းထိတွေ့မိတော့ မျက်လုံးကိုခဏမှိတ်လိုက်ကာတစ်ဖြေးဖြေးပြန်ဖွင့်လိုက်သည်။သူတစ်ဖြေးဖြေးပြန်‌ မော့ကြည့်လိုက်သည်နှင့် ရင်းနှီးပြီးသားဖြစ်နေသည့်မျက်နှာတစ်ခု။မထင်မှတ်ထားသည့်လူ။

"" မိုက်ကယ် ""

"" ဘာလဲ ချက်ချင်းတွေ့လိုက်ရလို့ပျော်သွားတာလား ""

"" မင်း ဘာလို့ဒီလိုလုပ်ရတာလဲ။ငါ့ကိုလွှတ်ပေး ""

မိုက်ကယ်ဆိုတာ တစ်ခြားသူမဟုတ်။သူနှင့်အတူတူကျောင်းအတူတူတတ်ခဲ့သည့်လူပင်။တစ်ခန်းလုံးမှာမနိုင်ဆုံးကမိုက်ကယ်ပင်။သူ့အပေါ်နှောင့်ယှက်ဖို့ဆို အမြဲနံပါတ်တစ်ဖြစ်နေသည့်လူပင်။နောက်ပြီး သူထောင်ကျသွားတာ ခြောက်နှစ်တောင်ရှိလေပြီ။ခုတော့ဘယ်လိုများပြန်ထွက်လာပါလိမ့်။

sex ပိုင်းတွင်ယောကျာ်း၊မိန်းမ မရှောင်သူဖြစ်လေသည်။သူထောင်ကျခဲ့တာလဲ ကောင်လေးတစ်ယောက်ကိုမုဒိန်းပြုကျင့်ခဲ့လို့သာ။တကယ်ဆို မိုက်ကယ်တို့က ပိုက်ဆံရှိတဲ့လူတွေဖြစ်၍ အဲ့ကတည်းက အမှုကနည်းနည်း‌ လေးအားထုတ်လိုက်တာနဲ့လွတ်မယ်ဆိုတာအ‌သေအချာပင်။။ခုခေတ်ဥပဒေဆိုတာပိုက်ဆံအောက်ကိုရောက်နေပြီဖြစ်သည်။ဥပဒေကိုအလွဲသုံးစားလုပ်ကာ ထင်တိုင်းကြဲနေကြသည်။သူတို့မကျေနပ်တဲ့လူဆိုသတ်မည် နောက်ပြီးရင်ပိုက်ဆံအာဏာနဲ့လိုက်ကာနောက်ကြောင်းဖို့မည်။ခုချိန်မှာဥပဒေဆိုတာကြောက်စရာကောင်းတဲ့အရာမဟုတ်တော့။ရေရေရာရာ ထိန်းချုပ်ပေးမယ့်လူလည်းမရှိတော့ပျက်ချင်တိုင်းပျက်‌နေသည့်ခေတ်ပျက်ကြီးလို။

ထိုအချိန်တုန်းကလည်း ယိမ်းယိုင်ခံရသူဘက်ကတရားထွက်ဆိုပေးခဲ့လို့ဖြစ်မည်။မတရားခံရတာကိုသူ့အနေနဲ့လက်ပိုက်ကြည့်မနေနိုင်ခဲ့။မိုက်ကယ်ဆိုတဲ့ကောင်ကဘယ်လိုကောင်လဲဆိုတာ အကုန်လုံးသိသည်။ဒါတောင်ထုတ်ဖော်မပြောရဲခဲ့ကြ။ပြုခံရသူကောင်လေးဟာ အကြိမ်ကြိမ်သတ်သေဖို့လုပ်ခဲ့သည်ပင်။ဘယ်မှာလည်းတရားမျှတမှု။သူ့ရဲ့လုပ်ရပ်အတွက်လည်းနောင်တရခြင်းမရှိဘူး ဒီလိုလူတွေအတွက်ဘာပဲလုပ်ခဲ့ရလုပ်ခဲ့ရ သူနောင်တရမှာမဟုတ်။

ထွီ !

မိုက်ကယ်ရဲ့မျက်နှာတည့်တည့်ကိုလှမ်းထွေးလိုက်သည်။ရွံစရာမျက်နှာ ..

"" မင်းလိုအမှိုက်ကောင်တွေက သေသင့်တာ ပြန်မလွတ်လာသင့်ဘူး ""

ဖြောင်း !

အရိုက်ခံလိုက်ရသည့်ရိုက်ချက်ကြောင့်တစ်ကိုယ်လုံးထူပူသွားသည်နှယ့်။ဒီလိုကောင်ဆီမှာအရိုက်ခံရတယ်ပေါ့လေ။

မိုက်ကယ် ယိမ်းယိုင်မှိုင်းရဲ့အကြည့်တွေကိုတစ်စိုက်မတ်မတ်ပြန်ကြည့်ကာပါးစောင်နှစ်ဖက်ကိုအားနှင့်ဖျစ်ညစ်လိုက်သည်။ဒီကောင့်ကြောင့်သာမဟုတ်ရင် သူထောင်ကျခဲ့မှာမဟုတ်။အခုတော့တန်ရာတန်ကြေးအနေနဲ့ဒီကောင့်ဘဝကို့သူ့အောက်မှာညည်းတွားစေချင်နေသည်။သူ့အောက်မှာရှိနေမယ့်ယိမ်းယိုင်မှိုင်းရဲ့ အငိုမျက်ဝန်းတွေနဲ့အော်ညည်းသံတွေဟာဘယ်လောက်တောင်နားဝင်ချိုလိုက်မလဲ။' ရပ်ပါတော့လို့'ပြောမယ့်အသံတွေကိုနားထောင်ချင်လှပြီ။အပြင်မှာ ဒီလောက်တောင်လှနေရရက်တာအဝတ်မပါတဲ့မင်းရဲ့ခန္ဓာကိုယ်က ဘယ်လောက်တောင်လှရက်လိုက်မလဲ။အင်းပြောရင်းသရေတောင်ကျလာမိပြီ။

"" မင်းယောကျာ်းထက် ငါကကောင်းအောင်လုပ်ပေးမှာပါ ""

"" မင်းလွှတ်စမ်း ""

"" မင်းလင်က ကောင်းအောင်လုပ်မပေးဘူးမလား။ငါက မင်းခနခနတောင်းတအောင်လုပ်ပေးမှာပါ ""

ပါးစပ်မှလည်းပြောကာ သူ့ကိုကြိုးတွေအမြန်ဖြေနေကာ ကုတင်ပေါ်အမြန်ပစ်တင်လိုက်သည်။ပြစ်မျိုးမှဲ့မထင်ဒီယောက်ကျာ်းကိုသူဖျက်စီးရတော့မည်။ယိမ်းယိုင်မှိုင်းဟာလှသည်။သူတပ်မက်ခဲ့ရသည့်ခါးသိမ်သိမ်‌လေး။ကျောင်းသားဘဝတုန်းကအချိန်တိုင်းစိတ်ကူးယဉ်ခဲ့ရသည့်ထိုကောင်လေး။သူ့ရဲ့မျက်ဝန်းကြည်ကြည်လေးတွေက ငွေ့ရည့်ဖွဲ့လာချိန်ဘယ်လောက်တောင်လှလိုက်မလဲ။နောက်ပြီးဒီနှုတ်ခမ်းပါးလေးကသူ့ရဲ့နာမည်ကိုခေါ်မယ့်အသံတွေကိုကြားချင်လှပြီ။

ကုတင်ပေါ်ရောက်သည်နှင့် ယိမ်းယိုင်ရဲ့အဝတ်တွေကိုအသည်းအသန်ချွတ်လေသည်။ယိမ်းယိုင်ကရုန်းလေ မိုက်ကယ်ကပိုအားထည့်လာလေဖြစ်သည်။

"" ဟား ငြိမ်ငြိမ်နေစမ်း ""

ပါးစောင်ကို,ကိုင်ကာမွေ့ယာနဲ့ ကိုယ်လွတ်သည်အထိ ခပ်ဆတ်ဆတ်လှုပ်ရမ်းလိုက်သည်။ယိမ်းယိုင်ရဲ့ကိုယ်ပေါ်၌ အမဲရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီကသာကျန်နေတော့သည်။သူဒီလိုကြီးအဆုံးမသတ်ချင်ပေ။ဒီလိုလုပ်ခံရမည့်အစားသေသာသေလိုက်ချင်သည်။သူ့ရဲ့ခန္ဓာနဲ့စိတ်ကို ချန်ဒလာကလွဲပြီးဘယ်သူမှမထိ‌ စေရ။မျက်ဝန်းခမ်းစပ်တွေဟာနီရဲလာကာမျက်ရည်စတွေဟာတစ်လှိမ့်လှိမ့်ကျဆင်းလာနေတော့သည်။

"" ငါတောင်းပန်ပါတယ် အင့် ဖယ်ပေးပါ ""

"" ... ""

"" မိုက်ကယ် ငါ့ကိုလွှတ်ပေး။ ဘာပဲဖြစ်ဖြစ် အင့် ပေးမှာမို့ ငါ့ကိုလွှတ်ပေးပါ ""

"" ခံလိုက် နားငြီးတယ်! ""

"" ငါ့ကို ချုပ်မထားနဲ့မိုက်ကယ်.. အ့ ""

မိုက်ကယ်ကတော့လုပ်မြဲလုပ်ဆဲ သူ့လည်ပင်းတွေကြားခေါင်းနစ်ထားကာ အဝတ်အစားတွေကိုချွတ်ယူနေသည်။ တစ်ခါတွန်းလိုက်တိုင်းပိုလို့သာအားထည့်လိုက်သည်။ဒီလိုအရာကြီး ပြီးသွားရင်တောငါ..ငါမောင့်မျက်နှာကိုတွေ့မြင်ရပါအုန်းမလား။မောင်ကငါ့ကိုရွံရှာနေသလိုကြည့်နေအုန်းမလား။မောင်ကငါ့ကိုမုန်းတီးနေမလားဆိုတဲ့ သူမတွေးချင်မှအဆုံးတန်းစီဝင်ရောက်လာခဲ့သည်။အတတ်နိုင်ဆုံးတော့သူရုန်းရပေမည်။ဒီခန္ဓာဟာပိုင်ရှင်နေပြီဖြစ်သည်။

ယိမ်းယိုင်မျက်ဝန်းအနည်းငယ့်ဝေ့ကြည်လိုက်သည်နှင့်ခေါင်းရင်းနားမှာရှိနေသည့် ရေသောက်ဖန်ခွက်ကိုယူကာမိုက်ကယ်ရဲ့ခေါင်းကိုအားပြင်းပြင်းရိုက်ချလိုက်သည်။‌ထိုနေရာကလည်းသွေးတွေစိမ့်ထွက်လာကာ မိုက်ကယ်ကလည်းအနောက်သို့ဆုတ်ခွါသွားလေသည်။သူလည်းထိုအခွင့်အရေးကိုသုံးကာ ထွက်ပြေးမည်အပြု အနောက်ကနေဆွဲဆောင့်ခံလိုက်ရသည်။

"" ခွေးသူတောင်းစား ငါကအလျော့ပေးနေတာကို မင်းက ""

သွေးတွေနှင့်ရောယှက်နေသည့်မျက်နှာဟာ ရွံစရာအတိ။မြောက်တတ်လာသည့်လက်တွေနှင့်အတူ သူ့မျက်ဝန်းတို့ကို ပြန်မှိတ်ချလိုက်မိသည်။တကယ်ကြီးလွတ်မြောက်ဖို့လမ်းမရှိတာလား။

ဒုန်း ဒုန်း !!

"" Boss Boss ""

"" ဟာကွာ ! ""

မိုက်ကယ်တံခါးနားအမြန်ထသွားကာတစ်ဒုန်းဒုန်းထုနေသူကို ဖွင့်ပေးလိုက်သည်။တကယ့်အချိန်ကောင်းဆိုဖျက်ပြီ။ပါးစပ်နားရောက်ခါနီးအသားတုံးပုတ်ချခံလိုက်ရသလိုမိုက်ကယ်မှာကျိတ်မနိုင်ခဲမနိုင်။

"" ဘာဖြစ်တာလဲ ""

"" ဟို .. ဟိုဟာ ""

"" ငါမေးနေတယ် သေချာရှင်းရှင်းလင်းလင်းပြောစမ်း ""

"" ရှေ့ဘက်ခြမ်းမှာ တစ်ခုခုဖြစ်နေပြီ Boss! မီးခိုး .. မီးခိုးငွေ့တွေကော အဲ့ဘက်ကလွတ်လာတဲ့လူပြောတာတော့ .. သူတို့ဘက်ခြမ်း ကျူးကျော် .. ကျူးကျော်သူရှိတယ်တဲ့ ဘယ်သူမှ ကောင်း..ကောင်းကောင်းအသက်မရှင်ဘူးတဲ့! ""

"" ဘာကွ ""

မိုက်ကယ် ကုတင်ပေါ်မှာအရုပ်ကြိုးပြတ်လဲနေသူကိုလှမ်းကြည့်လိုက်သည်။ဒီကောင်တော်တော်ကြီးကံကောင်းနေသည်ပင်။ ရှေ့ဘက်ဂိုဒေါင်တစ်ခုလုံးကလူတွေကိုပစ်ခဲ့ပြီး ဒီကောင်နဲ့ဒီမှာပျော်နေလို့မရပေ။‌ နောက်ပြီးထိုနေရာမှာသူတင်ပို့ရမည့်အရာတွေရှိနေသေးသည်။ဘယ်ကောင်ကသူ့ပိုက်နက်ထဲလာကျူးကျော်ရတာလည်း။

"" ဒီကောင့်ကိုကြည့်ထား အခန်းထဲက ခြေတစ်လှမ်းတောင်မရွေ့စေနဲ့ ""

"" ဟုတ်ကဲ့ Boss ""

မိုက်ကယ်မှာစရာရှိတာမှာပြီး အရှေ့ဘက်ဂိုဒေါင်ဘက်ခြမ်းသို့ ထွက်လာခဲ့တော့သည်။ဂိုဒေါင်နားမရောက်ခင်နောက်ဘက်ခြမ်းကလူတွေကိုပါလူစုဖို့တစ်ခါထဲမှာခဲ့ရသည်။သူတို့လိုလူတွေဖို့အန္တရာယ်ဆိုတာ မျက်စိတစ်မှိတ်အတွင်းရောက်လာတတ်သည်။အချိန်နေရာမရွေးသတိလစ်နေလို့မရ သတိတစ်ချက်လွတ်တာနဲ့သူတို့ဘဝဟာရန်သူ့လက်ထဲ ကျေကျေနပ်နပ်ကြီးရောက်ရှိသွားပေလိမ့်မည်။

မိုက်ကယ် နောက်ကပါလာနေသည့်လူယုံတော်ကိုတစ်ချက်ကြည့်ကာမေးလိုက်သည်။

"" ရှေ့ဘက်ဂိုဒေါင်ခြမ်းက ဘာတွေထဖြစ်တာလဲ ""

"" ရှေ့ဘက်ခြမ်းက လူအင်အားများပါတယ်၊ကျူးကျော်သူက တစ်ယောက်ထဲပါ ""

ကျူးကျော်သူက နယ်နယ်ရရဆိုတော့ Cobra ကောင်ကို။

"" တစ်ယောက်ထဲဆို မင်းတို့ကမသတ်နိုင်လို့လား မင်းတို့ကောင်တွေ စောက်သုံးကျလို့လား။ယိမ်းယိုင်မှိုင်းကို အကုန်လုံးကြည့်နေ အဲ့ကောင်ဉာဏ်နီဉာဏ်နက်များတယ် ငါမခေါ်မခြင်းအရှေ့ခြမ်းကိုတစ်ယောက်မှထွက်မလာခဲ့နဲ့ ! ""

"" အမိန့်ရှိပါ Boss! ""

မိုက်ကယ်ခြေလှမ်းတွေကိုပို၍ပင်အမြန်တင်လိုက်သည်။ဘယ်လိုကောင်ကများတစ်ယောက်ထဲလာပြီး

ဒုန်း !

တံခါးကို ကိုင်ဖွင့်လိုက်သည်နှင့်သွေးညှီနံ့တို့ကနှာခေါင်းအတွင်းအရှိန်ပြင်းပြင်းဝင်ရောက်လာခဲ့တော့သည်။သေနေသည့်လူတွေကြားထဲ ဘေ့စ်ဘောတုတ်တံကိုကိုင်ကာ အေးအေးဆေးဆေး,ဆေးလိပ်သောက်နေသူ။ထိုလူ့ရဲ့တုတ်တံ၌ သွေးတို့ဟာရဲရဲနီလေသည်။ သွေးစတွေဟာ ထိုလူဝတ်ဆင်ထားသည့် အင်္ကျီအဖြူရောင်ပေါ်မှာလည်းစွန်းထင်းနေကာ မျက်နှာတွေပေါ်မှာလည်းစွန်းထင်းနေလေသည်။ထိုလူရဲ့‌ ဘေးနားမှာလည်း အသက်ငယ်ငယ်က‌လေး၊လူကြီး‌ တွေရဲ့ နှစ်လုံး၊ကျောက်ကပ်၊အဆုတ်တို့က ပြန့်ကျဲချနေသည်။သူ့‌ နေရာနှင့်သူစီရီထားသည့်ပုံးတွေကိုရိုက်ခွဲချထားသည့်ပုံ။အောက်ကသူ့ရဲ့လူတွေကလည်း အသက်ငင်နေလေသည်။ရိုက်ချက်တွေဟာတကယ့်နေရာတွေကိုရွေးရိုက်ထားတာ မသေမရှင်ထားထားတာပင်။မိုက်ကယ့်ရဲ့ဒေါသတို့ဟာ စိတ်ထဲထောင်းခနဲ။

"" မင်း ချန်ဒလာဟေဒန် ""

ဒီကောင်က ဘယ်လောက်ထိဒီလောက်မြန်မြန်လိုက်လာနိုင်ရတာလဲ။ချန်ဒလာဟေဒန်က သူတို့နယ်ပယ်ထဲမှာတော့ ချန်ဒလာဆိုတဲ့နာမည်နဲ့မထင်ရှား။ Cobra ဆိုတဲ့နာမည်နဲ့ထင်ရှားသည်။ဘာလို့ဆို သူ့ရဲ့လည်ပင်းကမြွေဟောက်တတ်တူးကြောင့်အလွယ်မှတ်ကြတာပင်။ယိမ်းယိုင်ရဲ့ ခြေရာခံစက်ပါနေတဲ့နာရီကိုလည်းသူဖျက်ဆီးပြီပြီလေ ဒါကိုဘယ်လိုများဒီလောက်မြန်မြန်ရောက်နိုင်ရတာလဲ။ဘာပဲဖြစ်ဖြစ် Cobra ဆိုတဲ့လူနဲ့ထိပ်တိုက်တွေ့ချင်နေခဲ့တာသူ့ဆန္ဒ။Cobra ကိုသာနိုင်ရင် သူ့ကိုဦးညွတ်လာမည့်လူတွေဟာဒူးနဲ့ဒေး။
တွေ့ကြပြီပေါ့ကွာ ချန်ဒလာဟေဒန်!။

"" ငါကမင်းကိုစောင့်နေတာ!။စောက်သုံးမကျတဲ့လူအောက်မှ စောက်သုံးမကျတဲ့ကောင်တွေရှိနေတာမထူးဆန်းဘူးပဲ။ ""

"" ... ""

"" Shit ! တိုက်ရည်ခိုက်ရည်က ငါ့လီးလောက်တောင်မကောင်းဘူး ""

"" ဒီကို ဘာကိစ္စနဲ့လာတာလဲ ""

ချန်ဒလာ ကိုင်ထားသည့်ဘေ့စ်ဘောတုတ်တံနှင့် မိုက်ကယ်ရဲ့မျက်နှာကိုတည့်တည့်လှမ်းချိန်လိုက်ကာ

"" ငါပိုင်တဲ့ပစ္စည်း မိုက်ကယ်ဆိုတဲ့ ခွေးသူတောင်းစားခိုးသွားလို့ လာပြန်ယူတာ ""

"" ငါ့ကိုနိုင်အောင်တိုက်နိုင်ရင် မင်းပစ္စည်းမင်းရမယ် ! ""

အဟက် !

"" ကြည့်ရတာ မင်းတစ်ယောက်ထဲလားအဖော်ခေါ်မလာဘူးလား ကိုယ့်သေတွင်းလာတူးနေသလိုဖြစ်မနေဘူးလား ""

ချန်ဒလာက မပြောမဆိုပဲဘေ့စ်ဘောစ်တုတ်တံကိုအောက်သို့ပစ်ချလိုက်သည်။ထို့နောက်သေနတ်ထဲမှကျည်ဆန်ကိုပါထုတ်ချကာထောင့်တစ်နေရာသို့ပစ်ချထားလိုက်သည်။လက်ဗလာနဲ့တိုက်မည့်သဘောပင်။ချန်ဒလာဘက်ကဇရှိနေမှတော့ မိုက်ကယ်ဘက်ကလည်းလက်ဗလာနဲ့ချဖို့သာပြင်ဆင်တော့သည်။

"" မိုက်ကယ် မိုက်ကယ် စောက်တောသားနာမည် ""

ခွပ် !

ပြေးဝင်လာသည့်လက်တို့ကို မိုက်ကယ်မရှောင်လိုက်နိုင်ခဲ့။ချန်ဒလာကလျင်သည်။သူ့ရဲ့အကြည့်တို့ကစူးရှနေကာသားကောင်ကို ပစ်မှတ်ထားလေသည်။မျက်နှာတွေကိုကြီး ရွေးထိုးတာမို့လူကကာချိန်တောင်မရ။နောက်ဆုံးအချက်အနေနဲ့ ဒူးခေါင်းကွေ့နေရာကို ဖြတ်ကန်ချလိုက်သည်။သူ့ကိုယ်ဟာညွန့်ခနဲ။တကယ့်ကြိုးကွင်းထဲရောက်နေသလို ချန်ဒလာကသတ်မှတ်ထားတာပင်။

"" ပြိုက်ဖက်ကောင်းလည်းမဟုတ်ဘူး ""

မိုက်ကယ် သူ့ကို‌ နောက်ကျောပေးသွားသည့်လူကိုသွေးတွေပြည့်နှက်နေသည့်တမံတလင်းပေါ်၌နောက်ပြန်ချုပ်ထားလိုက်သည်။တစ်ရွေ့ရွေ့နှင့်မိုက်ကယ်ဆွဲခေါ်ရာ၌ပါလာကာ နောက်မှာချည်ထားသည့်သံကြိုးနှင့်လည်ပင်းကိုပတ်ဖို့ပြင်လိုက်သည်နှင့် ချန်ဒလာကသူမျက်နှာကိုခေါင်းတိုက်လက်ကိုလှန်ချိုးကာကိုယ်လွတ်ရုန်းသည်။မိုက်ကယ်လည်းနှာခေါင်းရိုးနားအငိုက်မိသွားသောကြောင့် ချန်ဒလာ့ကိုလွတ်ပေးလိုက်မိသည်။

လွတ်သွားပြီးသည်နှင့် နာ‌နေတာကိုဂရုမစိုက်သုံးလေးချက်လောက်တစ်ခါထဲပြန်ဆင့်ထိုးမှ ချန်ဒလာ့၏မျက်နှာကိုတစ်ချက်ထိမိသည်။သန်မာသည့်ယောကျာ်းသားတွေမို့ ထိလိုက်သည့်အရှိန်တိုင်းဟာမနည်းလှ။ချန်ဒလာထွက်နေသည့်သွေးတွေကိုမသုတ်မိ။ကိုယ့်သွေးကိုကိုယ်ပြန်အရသာခံ‌လိုက်သည်။ထို့နောက် ဆောင့်ကန်လာသည့်ခြေထောက်ကန်ချက်ကိုဖမ်းကာ တစ်ချက်ထဲတံတောင်ဆစ်နင်းရိုက်ချိုးချလိုက်သည်။

အား !

"" ငါ့မျက်နှာချောချောလေးကို လာထိတယ်ပေါ့ ""

ခေါင်းမှဆံပင်တွေကို ဆောင့်ဆွဲချကာကြမ်းပြင်နှင်‌ ခေါင်းအကြိမ်ကြိမ်ရိုက်ခတ်နေလိုက်သည်။တစ်ချက်ရိုက်လိုက်တိုင်းသွေးတွေဟာဖြာခနဲ။နာကျင်လွန်းလို့တောင်မိုက်ကယ်မှာအော်ဖို့မတတ်နိုင်။ခေါင်းကိုချာကနဲ ချာကနဲနေအောင်မူးသွားစေသည်။လွှတ်ပေးဖို့အစီအစဉ်မရှိဘူးထင်သည်။တစ်ချက်မှ အချောင်မပေး။ရုန်းလေပိုက်ရိုက်လေဖြစ်လေသည်။

"" ဒီအချက်က ငါ့လူအတွက်! ""

မေးရိုးတွေထောင်ကာ အံကြိတ်သံကြီးနှင့်ပြောနေသည့်ပုံက ကြက်သီးတစ်ဖြန်းဖြန်းထသွားစေလေသည်။‌မျက်ဝန်းတွေကစူးရှနေကာ မထိတထိအပြုံးတွေဟာလည်း သွေးပျက်စေနိုင်လောက်တဲ့အထိစွမ်းဆောင်နေသည်။တံမံတလင်းရဲ့အေးစက်မှုဒဏ်တွေနဲ့ပါ ခေါင်းတစ်ခုလုံးကထုံကျင်လာသည်။

"" ဒီအချက်က အပြစ်မရှိတဲ့ကလေးတွေအတွက်! ""

ဘေးမှပြန့်ကျဲ‌နေသည့် ကလေးတွေရဲ့အတွင်းကလီစာကိုကြည့်လေ ချန်ဒလာ့ဒေါသစိတ်တွေလှိုက်တတ်လာလေဖြစ်သည်။သူဟာကောက်ကျစ်သည်။သူ့ကိုလာမထိသရွေ့၊သူပိုင်တဲ့အရာကိုလာမထိသရွေ့ ချန်ဒလာဟေဒန်ဆိုတဲ့ကောင်‌မျိုးက နည်းနည်းတောင်တုန်လှုပ်မည့်ကောင်မျိုးမဟုတ်ပေ။အပြစ်ရှိတဲ့လူတိုင်းကို အပြစ်ပေးတတ်သည်။ကောက်ကျစ်စဉ်းလဲသည့်အရာတွေကိုဘယ်သောအခါမှသူလုပ်မှာမဟုတ်ပေ။ကလေးတွေဆိုတာ မိဘရဲ့ရင်ခွင်အောက်မှာခိုလှုံနားရမည့်အရွယ်တွေ ဒီလိုကောင်တွေဟာကိုယ့်သားသမီးထိတတ်မှနာတတ်ပေလိမ့်မည်။ကလေးတွေရဲ့ အတွင်းကလီစာတွေဟာလတ်ဆတ်သည့်အပြင်လူကြီး‌တွေထက်နှစ်ရှည်ပိုခံသည်။ဒါကြောင့်လည်း ကလေးတွေရဲ့ အတွင်းကလီစာဆို နိုင်ငံရပ်ခြားကလူတွေကပိုပြီးတပ်မတ်လေသည်။သူတို့လုပ်လိုက်သည့်အရာတိုင်းက အိမ်မက်တွေရည်မှန်းချက်တွေ အစပျိုးနေသည့်အနာဂတ်ရဲ့ကြယ်ပွင့်တွေပင်။

"" မင်းတို့လုပ်ခဲ့တဲ့လုပ်ရပ်တစ်ခုစီတိုင်းအတွက် မင်းတို့ရဲ့အသက်တွေကိုဇီဝိန်ချုပ်ပေးမယ့်သေမင်းက ချန်ဒလာဟေဒန်ဆိုတဲ့ငါကိုယ်တိုင်ပဲ ""

_______________________

ဝုန်း !! ဒိုင်း ! ဒိုင်း !

အပြင်ဘက်မှဆူညံစွာထွက်ပေါ်လာသည့်အသံတွေကြောင့် ယိမ်းယိုင်ကုတင်ပေါ်မှကုန်းရုန်းထမိသည်။ဘာတွေဘယ်လိုဖြစ်နေကြတာပါလိမ့်။ကြောက်လွန်းလို့တုန်နေခဲ့သည့်ကိုယ်ကို ဆွဲချကာကုတင်အောင်ခြေမှာနားကိုလက်နှစ်ဖက်ဖြင့်အုပ်ကာထိုင်နေမိသည်။ဘယ်လိုလူတွေထပ်ပြီးဝင်လာပြန်ပြီလည်း။

ဒိုင်း ! ဒိုင်း ! ဒိုင်း !

"" ဟားး အကုန်သတ်ကြ ""

"" တစ်ယောက်မှအလွတ်မပေးနဲ့! ""

ပစ်ခတ်သံတွေဟာ ပို၍ကျယ်လောက်လာသည်။အသံတွေကိုပြတ်ပြတ်ရှင်းရှင်းကြားရလေခြေထောက်တွေကိုပိုကုတ်မိလာလေဖြစ်သည်။အခန်းတစ်ခန်းလုံးရဲ့ပတ်ချာလည်၌လည်း ပြတင်းပေါက်လေးတောင်မရှိအကုန်လုံးဟာတမံတလင်းအလုံပိတ်ပင်။လွတ်လမ်းဆိုတာ သူ့ရှေ့ရှိတံခါးမကြီးတစ်ချပ်သာရှိသည်။ဖွင့်ပြီးသွားဖို့ကျတော့လည်းမဖြစ်နိုင်ပေ။သူဘာလုပ်ရမလည်းဆိုတာတောင်စဉ်းစားမရတော့။ခေါင်းတွေပူထွက်လာကာဦးနှောက်ကတောင်ဘာမှစဉ်းစားမရနိုင်ချေ။သူအကျပ်ရိုက်နေခိုက်...

"" အစ်ကိုလေးဒီအခန်းထဲမှာ ဆောင့်ကန်ပြီးသာဖွင့် ""

ရင်းနှီးနေသည့် အိုလစ်ရဲ့အသံ။အိုလစ်ကဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေရတာလည်းဒါဆိုချန်ဒလာကကော။ခုနတုန်းကပစ်ခတ်သံတွေငြိမ်ကျသွားပြန်တော့လည်းချန်ဒလာ့ရဲ့အသံကိုမကြားရသဖြင့်သူ့မှာရင်ပူရပြန်သည်။ချန်ဒလာများတစ်ခုခုထိခိုက်လို့များလား။သူ့ကြောင့်သူ့ကြောင့်သူသာအပြင်မထွက်ခဲ့ရင်။

"" အစ်ကိုလေး တံခါးနားမှာဆိုနောက်ဆုတ်နေ ကြားလား အစ်ကိုလေး ""

ဒုန်း ! ဒုန်း ! ဒုန်း !

အပြင်ဘက်ကနေကြားနေရသည့်အိုလစ်ရဲ့အသံအတိုင်းသူလည်းနောက်သို့ ခြေလှမ်းလေးငါးလှမ်းလောက်ဆုတ်ချလိုက်သည်။မကြာလိုက် ပိတ်ထားသည့်တံခါးကြီးဟာလည်းအချိန်ခ‌ဏလေးအတွင်းမှာပဲ ဖွင့်ဟလာတော့သည်။တံခါးကြီးပွင့်သွားသည်နှင့် သူရှာမိသည်က တစ်ယောက်သောသူသာရှိသည်။ဟယ်ရီ၊အိုလစ်၊မတ်စ်သုံးယောက်လုံးရှိနေသော်ညားချန်ဒလာကတော့ရှိမနေခဲ့ပေ။ဒီချိန်မှာ သူလိုအပ်နေဆုံးကချန်ဒလာ့ရဲ့အနွေးဓါတ်ပင်။

"" ဟယ်ရီ ,မင်းတို့ဒီကိုဘယ်လိုလုပ်ပြီး ""

"" ဒါတွေအိမ်ရောက်ရင် တစ်ခုစီရှင်းပြမယ်။ခုတော့ကားပေါ်အရင်သွားရအောင်အစ်ကိုလေး ""

ဟယ်ရီ,ချန်ဒလာထည့်ပေးလိုက်သည့် Coat အရှည်ကို ယိမ်းယိုင်ကိုယ်ပေါ်သို့တင်ပေးလိုက်သည်။ထို့နောက် ကားဆီသွားဖို့ပြင်ကြသည်နှင့်

"" ချန်ဒလာကော ... ချန်ဒလာဘယ်မှာလဲ။သူပါမှ ငါပြန်မယ် ""

"" သခင်လေးက ကိစ္စရှိလို့ဖြတ်နေတာပါ။သူပြီးရင်လိုက်လာပါလိမ့်မယ် ""

"" ငါပြောနေတယ်! ချန်ဒလာဘယ်မှာလဲ ""

မပြောမချင်းသူတို့အစ်ကိုလေးဟာဇွဲလျော့မည့်ပုံမပေါ်။ဒါပေမယ့်လည်းသူတို့သခင်လေး၏အမိန့်ကို လွန်ဆန်လို့မရ။သခင်လေးကဒါဆိုဒါမှကြိုက်သည့်လူ။ခုနေသူ‌ရှိနေတဲ့နေရာအစ်ကိုလေးကိုခေါ်သွားကြည့်သူတို့အကုန်လုံးသေတောင်သေသွားနိုင်သည်။နှစ်ယောက်ကြားထဲမှာလည်းခက်သား။

"" ငါမေးနေတာမဖြေရင် ငါ့ဘာသာလိုက်ရှာမယ် ""

"" လိုက်ပို့မယ် .. ဒါမယ့်ကျွန်တော်ပြောတဲ့အတိုင်းလုပ်ရမယ် ""

ထိုအခါမှယိမ်းယိုင်ကလည်းဘာလည်းဆိုသည့်သဘောဖြင့်မေးဆတ်ပြလေသည်။

ဟယ်ရီ အခန်းထဲရှိကြမ်းပြင်ပေါ်သို့ကျနေသည့်မျက်စိစည်းပုဝါအမဲကိုသွားယူကောက်လိုက်ကာယိမ်းယိုင်၏မျက်လုံးတွေကိုစီးချပေးလိုက်သည်။တစ်လမ်းလုံးအလောင်းကောင်တွေနှင့်ပင်ပြည့်နေမှာ။ချန်ဒလာဟာဒါတွေကိုယိမ်းယိုင်ကိုမမြင်စေချင်လောက်ပေ။နောက်ပြီးကလေးတွေရဲ့အတွင်းကလီစာတွေ ဒါတွေကိုအစ်ကိုလေးယိမ်းယိုင်သာမြင်ရင်သွေးပျက်သွား‌နိုင်သည်။

"" ကျွန်တော်လက်ကိုကိုင်ပြီး လိုက်ခဲ့ပေး။မတ်နဲ့ အိုလစ် ကားကိုအရှေ့ဘက်ခြမ်းကိုယူခဲ့ကြ။ ""

"" အမိန့်ရှိပါ အစ်ကိုလေးဟယ်ရီ ""

နှစ်ယောက်သားပြေးထွက်သွားသည်နှင့် ဟယ်ရီလည်းအရှေ့ဘက်ဂိုဒေါင်ဘက်ခြမ်းတွေကိုသာခြေလှမ်းတွေဦးတည်လိုက်တော့သည်။လမ်းတစ်လျှောက်အစ်ကိုလေးကလည်းဘာမှမမေးတိတ်တစိတ်လိုက်ပါနေလို့သာတော်သေးသည်။ဂိုဒေါင်တံခါးရှေ့ရောက်သည်နှင့် ယိမ်းယိုင်ကိုတစ်ဖက်ကိုထိန်းကိုင်ကာတံခါးကိုအနည်းငယ်လောက်တွန်းဖွင့်လိုက်သည်။အနည်းလေးဟရုံလေးရှိသေး အော်ဂလီဆန်လွန်းလှသည့် သွေးညှီနံ့တွေဟာပျံ့နှံ့လာတော့သည်။ယိမ်းယိုင်ပါနှာခေါင်း အနည်းငယ်ရှုံ့လိုက်မိသည်။ဘယ်လို‌နေရာကြီးပါလိမ့်။နောက်ပြီး မျက်စိစည်းကိုဖြေဖို့လုပ်တော့ဟယ်ရီကဟန့်တားသည်။ဒီနားတစ်ဝိုက်မှာချန်ဒလာရှိတယ်ဟုလည်းနားနားကပ်ကာ‌ပြောလာခဲ့သည်။ပစ္စည်းနှစ်ခုချင်းတစ်အုန်းအုန်းချင်းထိရိုက်သံတွေ။အသံကြားရာသူ့ခြေလှမ်းလေးနည်းနည်းတိုးကာနင်းလိုက်သည်နှင့် အိတုန်အိတုန်အရာကြီးတစ်ခု။

"" မောင် ""

ယိမ်းယိုင်ရဲ့အသံကိုခပ်‌ပျော့ပျော့ကိုကြားသည်နှင့်ချန်ဒလာ,မိုက်ကယ်၏ခေါင်းကိုရိုက်ခွဲနေသံတို့ဟာတိခနဲငြိမ်သက်ချသွားသည်။ထို့နောက် မိုက်ကယ်၏ဆံပင်တွေကိုစုကိုင်ကာယိမ်းယိုင်၏နားသို့တစ်ဖြေးဖြေးတိုးကပ်ကာသွားလိုက်သည်။နီးလာလေ ယိမ်းယိုင်ပါး၌မြင်နေရသည့်လက်ဝါးရာကြီးကြောင့် အသက်ခပ်မျှော့မျှော့သာကျန်ရှိနေသည့်မိုက်ကယ်ကိုတမံတလင်းပေါ်သို့ ပစ်ချကာဘေ့ဘေစ်တုတ်တံနှင့်အပေါ်ကနေ,နေရာစုံထပ်ရိုက်ပြန်သည်။

"" မောင် .. ဘာလုပ်နေတာလည်းရပ်လိုက် ""

ယိမ်းယိုင်းမမြင်ရသော်လည်း တစ်အုန်းအုန်းနှင့်အသံကြားနေရကာချန်ဒလာမကောင်းတာတစ်ခုခုလုပ်နေတယ်ဆိုတာခန့်မှန်းလို့ရသည်။

"" ဒီကောင့်ကိုအမိန့်လာမပေးစမ်းနဲ့ ""

ယိမ်းယိုင်၏မျက်ခုံးတွေ တွန့်ချိုးကုန်သည်။‌ ဒေါသအသံထွက်နေသည့်ချန်ဒလာ့ကိုထိန်းနိုင်ပါ့မလား။နောက်ဆုံးအနေနဲ့အသက်ကိုဝဝရှုလျှက် ချန်ဒလာ့အငွေ့အသက်တွေရနေသည့် coat ကိုဆုတ်ကိုင်လာကာ

"" ချန်ဒလာဟေဒန်! ငါပြောနေတယ် မင်းလုပ်နေတာတွေခုချက်ချင်းရပ်လိုက်စမ်း! ""

ဒီတစ်ခါတော့ ယိမ်းယိုင်၏အသံကားချန်ဒလာ့ကိုအကျိုးသက်ရောက်သွားလေသည်။ချန်ဒလာ့ရဲ့ လှုပ်ရှားမှုတွေအကုန်ရပ်ချကာ လေထဲတွင်အမဲရောင်ကြိုးစလေးတစ်လူလူလွင့်နေသည့်ကောင်လေးနားတိုးကပ်သွားလိုက်သည်။ထို့နောက်အမည်းရောင် မျက်လုံးစည်းအောက်က ပါးပြင်နုနုလေးကိုထိကိုင်ကာ ...

"" ဒီကောင့်ကိုအမိန့်ပေးနိုင်တာ ဒီစကြာဝဋာမှာခင်ဗျားတစ်ယောက်ပဲရှိလိမ့်မယ် ""

အနီးကပ်ကြားလိုက်ရသည့် ချန်ဒလာ့ရဲ့အက်ရှရှအသံတွေနှင့်အတူ လီလီပန်းရနံ့ကနှာခေါင်းထဲတိုးဝင်လာချိန်မှာတော့ ငှက်တစ်ကောင်ဟာသူခိုနားနေကျသစ်ပင်ကြီးကို တွေ့သည်နှယ်ယိမ်းယိုင်ကိုယ်တိုင်ဟာလည်းမမြင်ရသော်ညားသူ့ရှေ့ရှိရင်ခွင်ကျယ်ကြီးထဲတိုးဝင်ကာဖက်ထားမိလိုက်တော့သည်။အရွယ်အစားကွာခြားလွန်းသောကြောင့် ယိမ်းယိုင်၏ကိုယ်သေးသေးလေးဟာ ချန်ဒလာ့ရဲ့ရင်ခွင်ကျယ်ကြီး၌ စုန်းစုန်းမြုပ်လေသည်။

"" ငါမင်းမျက်နှာမြင်ချင်တယ် ""

စည်းထားသည့်အရာကိုဆွဲဖြုတ်မည်လုပ်တော့ ချန်ဒလာကဆွဲတားသည်။

"" ကိုယ့်ယောကျာ်းကို မမြင်ရရင်‌မနေနိုင်ဘူးလား ""

"" ခုချိန်ကနောက်ရမယ့်အချိန်မဟုတ်ဘူး။ ""

"" ကျုပ်ခင်ဗျားကိုနမ်းချင်တယ် ""

"" မင်းနောက်ရမည့်အချိန်မဟုတ်ဘူးနော် ""

"" နောက်ရမယ့်အချိန်မဟုတ်ဘူး နမ်းရမယ့်အချိန် ""

ပြွတ် !

ရောက်တာမကြာသေးသည့်အိုလစ်နှင့်မတ်စ်လည်းခုချက်ချင်းပင်ပြန်ထွက်ရတော့မလိုပင်။ဟယ်ရီကလည်းခေါင်းကြီးကိုပွတ်ကာ မျက်နှာဟာလည်းအတော်နီနေပြန်သည်။အနေအထိုင်မဆင်ခြင်တဲ့လူတွေကြောင့်ကျုပ်တို့ရဲ့အပျိုဖြန်းလေးရှက်နေရပြီကြည့်။ သခင်လေးကလည်းကားပေါ်မှာကျသူမဟုတ်သည့်အတိုင်းသတ်ပစ်မည်ဟုသာအသားကုန်ကြုံးဝါးနေပြီတော့များ။

သူတို့ကံကောင်းသည်ဟုဆိုရမည် ရီရဲ့ခန္ဓာကိုယ်ထဲမှာကော၊ယိမ်းယိုင်မှိုင်းရဲ့ နာရီထဲမှာကော ခြေရာခံစက်တွေထည့်ထားလို့သာ။နောက်ပြီးအိုလစ်က အစ်ကိုလေးကိုအဝေးကနေစောင့်ရှောက်ရတဲ့သူ။အစ်ကိုလေးက စောစောစီးစီးထွက်သွားသည်မို့သူ့မှာနောက်ကနေလိုက်ကြည့်ဖို့နောက်ကျခဲ့ရသည်။သူသာစောစောထလိုက်ဖြစ်ရင် ရီဟာလည်းသေနတ်ထိမှန်ခဲ့မှာမဟုတ်ပေ။ဒီ‌နေ့ကြုံခဲ့ရသမျှဟာသူ့အပြစ်သူသာအလုပ်ကိုမ‌ပေါ့ဆခဲ့ရင်။

တစ်လျှောက်လုံးသခင်လေးဘယ်လောက်ဒေါသထွက်နေမှန်းလည်းသိသာလှသည်။ အစ်ကိုလေးကိုထိတဲ့လူမှန်သမျှသတ်ပစ်မည်ဟုသာကြိမ်းဝါးနေခဲ့တာပင်။

"" မင်းတို့ကဘာရပ်နေတာလည်း ""

"" သွားတော့မှာပါဗျ သွားတော့မှာပါ ""

အကုန်လုံးခပ်သုတ်သုတ်ထွက်သွားသည်နှင့်ချန်ဒလာလည်း ယိမ်းယိုင်လက်ကိုဆွဲကာနောက်ကနေဆွဲခေါ်လာခဲ့တော့သည်။အပြင်ဘက်မှာဘာမှသိပ်မရှိပေ သစ်ပင်တွေနှင့်သာပြည့်နှက်နေလေသည်။မျက်စိစည်းကိုစီးထားသော်လည်းအလင်းအရသာကိုတော့ခံစားမိကာအပြင်ရောက်လာကြပြီဆိုတာတော့သိလိုက်မိသည်။ထို့နောက်ချန်ဒလာ့ရဲ့ခြေလှမ်းတွေကလည်းရပ်တန့်ကာသူ့မျက်စိစည်းကို ဖြေလျော့ပေးလာသည်။သူမျက်လုံးကိုခပ်ဖြေး‌ဖြေးဖွင့်ယူလိုက်သည်နှင့်အရင်ဆုံးတွေ့မြင်ရသူကချန်ဒလာ။အင်္ကျီတစ်ထည်လုံး၌လည်းခြင်းခြင်းနီနေသည့်သွေးတွေကာစွန်းထင်းနေကာမြင်မကောင်းပေ။

"" မင်း မင်းအင်္ကျီက ... ""

"" အင်္ကျီကယောကျာ်းထက်အရေးကြီးနေလို့လား ""

"" မဟုတ် ... ""

"" ထပ်နမ်းချင်တယ် ""

ယိမ်းယိုင်ကချန်ဒလာ့လက်မှ အတင်းရုန်းပြန်သည်။အပြင်ကြီးမှာ သူမနမ်းချင်။

"" မနမ်းချင်ဘူး လွှတ်ဆို! ""

ခပ်အီအီအသံလေးက ချန်ဒလာ့ကိုလောင်စာထည့်ပေးလိုက်သည့်နှယ်။

"" ဒီ‌ကကောင်ကို နမ်းချင်လာအောင်ခင်ဗျားလုပ်တာ။အဲ့တာခင်ဗျားရဲ့အပြစ် ပါးစပ်ပေါက်ပိတ်ပြီး ကျုပ်နမ်းတာသည်းခံလိုက်! ""

အင့်! ပြွတ် !

တစ်ကိုယ်လုံးကိုထိန်းကိုင်ကာချန်ဒလာကနှုတ်ခမ်းတစ်ခုလုံးကိုမိမိရရနမ်းယူနေတော့သည်။ပါးစပ်အတွင်းသို့ရောက်‌ရှိနေသည့်လျှာရဲ့စုတ်ယူသံကြောင့်လည်းကြားလို့မကောင်းသည့်နားရှက်ဖွယ်အသံတို့ကားပေါ်ထွက်လာခဲ့တော့သည်။အချိန်တော်ကြာမြင့်စွာနမ်းယူပြီးသည်နှင့်အသက်မရှုမဝတော့ရင်ဘတ်ကိုထုကာဟန့်တားမိသည်။ထိုအခါမှ ချန်ဒလာကအနည်းငယ်လွှတ်ကာ ..

"" နှာခေါင်းထည့်ပေးထားတာအသက်ရှူဖို့ နှာခေါင်းနဲ့အသက်ရှုလေ လီးဖြစ်လို့ပါးစပ်နဲ့ရှုနေတာလား ""

ထပ်မံထိကပ်လာသည့်နှုတ်ခမ်းတွေအောက်သူလည်းလိုက်‌ပါ‌စီးမျောမိပြန်တော့သည်။ချိုချဉ်တစ်လုံးစုပ်သလိုအပေါ်အောက်နှုတ်ခမ်းတွေကိုပြတ်ထွက်မတတ်စုပ်ယူနေတာ ဘယ်ဘဝကနှုတ်ခမ်းငတ်လာတဲ့ကောင်လည်း။သူများနှုတ်ခမ်းတွေပူထူနေလည်းဂရုမစိုက်သူနမ်းလို့ဝမှသာလွှတ်ပေးလာတော့သည်။ယိမ်းယိုင်လည်းချန်ဒလာ့ရဲ့လက်ကလွှတ်သည်နှင့်အသက်ကိုခပ်မြန်မြန်ရှုကာ သူသိချင်တာကိုမေးလိုက်သည်။

"" ငါ.. ဒီမှာရှိတာမင်းဘယ်လိုသိတာလည်း ""

ပြန်ဖြေလာသည့်ပုံကဂျစ်ကန်ကန်။မသိရင်တစ်ကမ္ဘာလုံးမှာသူတစ်ယောက်ထဲအလုပ်တွေလုပ်သည့်ပုံနှင့်ကျန်တဲ့လူက သူ့လုပ်စာထိုင်စားနေရသည့်အတိုင်း။စောက်ခွက်ကြီးကို လက်သည်းနဲ့ကုတ်ကာဖြတ်ရိုက်လိုက်ချင်မိသည်။တကယ်ကိုနားထဲကန့်လန့်

"" ကျုပ်ကငွေကိုခွေးလိုနွားလို ရှာထားရတာကျုပ်ပိုက်ဆံ‌တွေလိမ်ပြီး‌ပြေးတာနဲ့နောက်ကနေစောက်ခွက်လိုက်ရိုက်မလို့ မျက်စိဒေါင့်ထောင့်ကြည့်နေတာ။ အဲ့တာကြောင့်သိတာ ""တဲ့လေ။

_________________________

14 • 3 • 2024 •
Kiran























Continue Reading

You'll Also Like

159K 4.5K 12
(COMPLETE) Grab your favorite drink and curl up to a quick romance! So, get ready to follow the adventure to finding love of Monica and Noah as they...
37.6K 963 22
Your life was in ruins. That was it. You were the most miserable person as you thought that nothing can save you. But at the breaking point of your l...
7K 416 23
~~မြင်မြင်ချင်းအချစ်ဆိုတာ တကယ်ရှိတယ်၊ စချစ်တက်သွားဖို့ စက္ကန့်အပိုင်းအခြားလေးနဲ့တင် လုံလောက်ပါတယ်~~ Take care of your health💫🙆❣️ ~~မြင်မြင်ချင်းအခ...
55.9K 1.1K 12
"So I'm going to be staying with your son for three weeks?" She answered, "Yes Rachel, trust me, he's a nice guy. His name is Cory. I'm sure you'll l...