ဒါကို တိရုံလို့ ခေါ်တာလား (Zo...

By SN_SwaeNyoe002

32.5K 5.3K 30

ဘာသာပြန်သူ - စွဲညို့အသင်း More

Description
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
BL Completed Package Promotion
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Telegram ကို လာခဲ့နော်
Part 44
Part 45
☘️ကြေညာချက်လေးပါ☘️
Part 46
Completed Novels in Telegram

Part 26

607 109 0
By SN_SwaeNyoe002

အပိုင်း (၂၆)

"ဟယ်လို ကြည့်ရှု့သူ မိတ်ဆွေတို့"

OL ယူနီဖောင်းကို သေသပ်စွာ ဝတ်ဆင်ထားသော သတင်းထောက် အမျိုးသမီးက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံဝင်ပေါက်တွင် ရပ်လျက် သူမအရှေ့ဘက်ရှိ ကင်မရာကို နှုတ်ဆက်လိုက်သည်။

"ငါတို့က အချစ် ပရောဂျက်ပရိုဂရမ်ကလေ"

"ဒီနေ့ ငါတို့က အထူးအခမ်းအနား အနေနဲ့ စိတ်ကျရောဂါကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားနေရတဲ့ အမျိုးမျိုးသော အသိုင်းအဝိုင်းက ကလေးငယ်တွေနဲ့ ပက်သက်တဲ့ အစီအစဉ်တစ်ခုကို တင်ဆက်သွားမှာပါ"

"သူတို့က သူတို့ရဲ့စိတ်ကျရောဂါကြောင့် မူကြိုလည်း သွားလို့မရနိုင်သလို အခန်းထဲမှာ တစ်ချိန်လုံး နေနေကြရတယ်။ နောက်ပိုင်း တစ်ရက်လုံး ကျောင်းစာကို မလေ့လာနိုင်တဲ့ အခြေအနေမျိုးတွေတောင် ရှိတယ်"

"သူတို့ရဲ့ နှလုံးသားက ပိတ်နေတာ။ အပြင်လူတွေနဲ့လည်း ဆက်သွယ်နိုင်စွမ်းအား မရှိတော့ဘူးလေ"

သူမက ထိုသို့ပြောနေရင်းမှ သတင်းထောက် အမျိုးသမီး၏ မျက်ဝန်းက မျက်ရည်များ စိုလာသည်။ သူမအသံကပင် တုန်လာ၏။

"အရင်ရှိုးမှာ ပါခဲ့တဲ့ မိန်းကလေး သုန့်သုန့်ကို မှတ်မိသေးတယ် မဟုတ်လား။ ကံဆိုးစွာနဲ့ ဒီအပတ် မနေ့ည တင်္နလာနေ့ ညနက်ပိုင်းမှ သုန့်သု့န်က မိသားစုဝင်တွေ အိပ်ပျော်နေတဲ့အချိန်မှာ အဆောက်အဦးပေါ်က ခုန်ချသွားခဲ့တယ်"

"ဟူး"

"ဒီနေ့ ငါတို့တွေ ဒီတိရိစ္ဆာန်ရုံကို ရောက်နေတာ"

"ပြောကြတာက ဒီတိရိစ္ဆာန်က အဲ့ဒီသတ္တဝါတွေက စိတ်ကျရောဂါကို ခံစားနေခဲ့ရတဲ့၊ သူတို့ရဲ့ နှလုံးသား တံခါးကို ပိတ်ထားတဲ့ ကလေးငယ်တွေကို မြန်မြန်သက်သာလာအောင် ကူညီပေးနိုင်တယ်တဲ့"

"ချင်တုက ကလေးသူငယ် ကျန်းမာရေး ထိန်းသိမ်းစောက်ရှောက်ရေး စင်တာက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံနဲ့ ရေရှည် စာချုပ်ချုပ်ဆိုထားတယ်။ ဒီထူးခြားတဲ့ ကလေးတွေကို ပြန်လည်သက်သာလာအောင်၊ အမြန်ဆုံး ပုံမှန်ဘဝနဲ့ နေနိုင်အောင် ကူညီပေးဖို့ အကြံအစည်တစ်ခုကို ချခဲ့တယ်"

"ငါက ဒီအချစ်ချန်နယ်ရဲ့ အဓိက တာဝန်ရှိသူ တုန်းယွဲ့ပါ။ နောက်ပြီး ဒီတိရိစ္ဆာန်တွေဆိုတာက အမှန်ပဲ တည်ရှိတာလား။ စိတ်ကျရောဂါ ခံစားရတယ်ဆိုတာက ကုသဆေး မရှိတဲ့ ရောဂါတစ်မျိုးပဲ။ ဒီနေ့ခေတ်မှာ အခုချိန်အထိပေါ့။ ဒါကို ဖြေဆေးမတွေ့သေးဘူး။ ဒါပေမယ့် ဒီတိရိစ္ဆာန်ရုံက တိရိစ္ဆာန်တွေက ကုသပေးနိုင်တယ်လို့ ပြောတယ်။ ဒါကြောင့် ဒီတုန်းယွဲ့က အားလုံးကို ဒီတိရိစ္ဆာန်ရုံထဲ အလည်အပတ် ခေါ်သွားပေးမှာပါ"

သူတို့၏ အချစ်ပရောဂျက် ပရိုဂရမ်က လောကတွင် ဆင်းရဲပင်ပန်း ခံစားနေရသူများကို ကူညီကာကွယ်ပေးပြီး လိုအပ်သည့် နေရာများတွင် ထောက်ပံ့ပေးသည့် တိုက်ရိုက်ထုတ်လွှင့်သော ပရိုဂရမ် တစ်ခုဖြစ်သည်။

သိပ်မကြာခင်က လူငယ်တစ်ဦးကလည်း စိတ်ကျရောဂါ ခံစားနေရသော ကလေးများအကြောင်း ရီပို့ယူခဲ့ကြသေးသည်။

သူတို့ကိုယ်သူတို့ ပိတ်လှောင်ထားပြီး ထောင်အတွင်းတွင် အကျဉ်းချထားသလိုမျိုး နေထိုင်ကြရသည့် ထိုကလေးတစ်အုပ်က အပြင်ဘက်ရှိ ကောင်းကင်ပြာကိုလည်း မမြင်နိုင်ချေ။ အခြားသော ကလေးများကဲ့သို့ မူကြိုတွင်လည်း မကစားနိုင်ချေ။ သူတို့ကို ဓာတ်ပုံရိုက်လျှင်ပင် ထိုကလေးများက ကြောက်တတ်လေသည်။ ထို့အပြင် သူတို့ကလည်း ကိုယ့်ကိုယ်ကို သတ်သေသွားသည့် ကလေးများ၏ ပမာဏ နည်းပါးသည်။ သို့သော် ...

နောက်တစ်ခေါက် ချင်တု ကလေးသူငယ် ကုသရေးစင်တာသို့ ထပ်သွားခဲ့ချိန်က ဆေးရုံတစ်ခုလုံးက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံအကြောင်း ဆွေးနွေးနေမှု အကြောင်းအရာကို ကြားခဲ့ရသည်။

စိတ်ကျရောဂါ ခံစားနေရသည့် ကလေးတိုင်းလိုလို ယခင် အနေအထားနှင့် ခြားနားကာ တိုးတက်လာကြောင်း ရီပို့တင်နေကြသည်။ သူတို့က အနည်းငယ် ခပ်ထိုင်းထိုင်း ဖြစ်နေကြသေးသည်။ သို့တိုင်အောင် သူတို့၏မျက်ဝန်းက တောက်ပလာလေ ဖြစ်သည်။

ထို့ကြောင့် ‌မေးခွန်းပေါင်း များစွာနှင့်အတူ တုန်းယွဲ့က ကောင်းကင်ပြာ တိရိစ္ဆာန်ရုံသို့ ပရိုဂရမ်ကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။

သူတို့ကလည်း ဒါက ချဲ့ကားခြင်း ဟုတ်မဟုတ်၊ အမှန်တကယ် သက်ရောက်မှု ရှိမရှိ သိလိုသည်။ ဒီနည်းအားဖြင့် အမှန်တကယ် လုပ်နိုင်ခဲ့လျှင် စိတ်ကျရောဂါကို ခံစားနေရသော ကလေးများအတွက် အလွန်ကောင်းမွန်ပြီး အစားထိုး မရနိုင်သော ကဏ္ဍမျိုးဖြင့် ကူညီနိုင်ပေလိမ့်မည်။ ဈေးကြီးသော ဆေးများအစားပင် ဝယ်ယူနိုင်သေးသည်။

{ကောင်းကင်ပြာ တိရိစ္ဆာန်ရုံဟုတ်လား။ တကယ်ကြီးလား။ ဒါက ဆေးရုံက လှည့်စားထားတာ မဟုတ်လား}

{ဒီနေ့ခေတ် ဆေးရုံတွေဆီကနေ အမှန်တရားတွေ မကြားရတော့ဘူး ထင်ပါတယ်}

{ဒါပေမယ့် ဒီကလေးတွေကတော့ တော်တော်လေးတော့ ခြားနားသွားတယ်}

{မဟုတ်ဘူး ဆိုရင်လည်း ဒီတိရိစ္ဆာန်ရုံကို တရားစွဲကြတာပေါ့။ စိတ်ကျရောဂါ ခံစားရတဲ့ ကလေးတွေကို သုံးပြီး အခုလို နာမည်ကြီးအောင် လုပ်တဲ့အတွက် မုန်းတီးခံရဖို့ ထိုက်တန်တယ်}

{ဟုတ်တယ်။ စက်ရုပ် တိရိစ္ဆာန်တွေက သစ်သားတုံးတွေလိုပဲ။ သူတို့က စိတ်ကျရောဂါ ခံစားနေရတဲ့ ကလေးတွေအပေါ် ဘယ်လိုများ သက်ရောက်မှု ရှိနိုင်မှာလဲ။ ငါတော့ နားမလည်နိုင်ဘူး}

{အစိုးရကလည်း ဒီကိစ္စကို တစ်ခုခု လုပ်ပြီး ပိတ်သိမ်းပေးဖို့ မျှော်လင့်တယ်}

...

ရှိုးကို ကြည့်နေကြသော ကြည့်ရှုသူများ အားလုံးက ကွန့်မန့်များ တစ်ခုပြီး တစ်ခု ချန်ထားရစ်ခဲ့ကြသည်။ သူတို့အားလုံးက နားမလည်နိုင်ကြောင်း မှတ်ချက်ချကြသည်။

မည်သို့ပင်ဆိုစေ အခုတလော သတင်းများကို ကြည့်ခဲ့ကြသော လူအများစုက ကလေးရှိသော မိဘများ ဖြစ်သည်။ သူတို့က တိရိစ္ဆာန်များနှင့် ရင်းနှီးရုံသာ မကသေးလေပဲ ကလေးတိုင်းနှင့် အနည်းဆုံး တစ်ခေါက်တော့ဖြင့် ရောက်ဖူးကြလေသည်။ ထို့ကြောင့် စက်ရုပ် တိရိစ္ဆာန်များက မည်သို့သော ပုံသဏ္ဌာန်ရှိကြောင်း နားလည်နေကြသည်။ ထိုသစ်သားတုံးကဲ့သို့ တိရိစ္ဆာန်များက ကလေးငယ်များ၏ စိတ်ကျရောဂါကို မကုသပေးနိုင်ချေ။

ထိုစကားကို ကြားသောအခါ လူတိုင်းလိုလို ခေါင်းခါကြပြီး လှောင်ကြသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

"ကောင်းပြီလေ။ အတွင်းကို ဝင်ကြည့်ရင် အခြေအနေကို သိရမှာပေါ့"

တုန်းယွဲ့က တိရိစ္ဆာန်၏ ဝင်ပေါက်နားသို့ ခပ်မြန်မြန် လျှောက်သွားလိုက်သည်။ သူမက ကင်မရာကို လှည့်ကြည့်ကာ ပြောသည်။

"ကျွန်မတို့ရဲ့ အချစ်ပရောဂျက်က အမှန်တိုင်း ပြောရဲပြီး အမှန်တိုင်း လုပ်ဆောင်ရဲတဲ့ ပရိုဂရမ်တစ်ခုပဲ။ အမှန်တိုင်းပြောတဲ့ ပရိုဂရမ်လို့လဲ ဆိုလို့ရတယ်။ ဒီတိရိစ္ဆာန်ရုံကသာ လိမ်ညာရဲရင် အဲ့ဒီနောက်... ကျွန်မတို့က လိုအပ်တဲ့ စီစဉ်မှုတွေ လုပ်ပြီး ဌာနအသီးသီးကို အကြောင်းကြားပြီး ဒီတိရိစ္ဆာန်ရုံကို ပိတ်သိမ်းခိုင်းမယ်။ ဒါရိုက်တာကတောင်မှ တရားဝင် တာဝန်ယူရမယ်"

"ဘာလို့လဲ"

ရုတ်တရက် ဘေးဘက်မှ အမျိုးသားတစ်ယောက် လျှောက်လာသည်။ ထို့နောက် ဒေါသတကြီး ဖြစ်နေပုံရသော ပါးကို အသားကုန်ဖောင်းထားသည့် ချိုမြိန်ဖွယ်ကောင်းသည့် ချစ်စရာ ကောင်မလေးကိုလည်း မြင်ရသည်။

"ဦလေးဆုပိုင်ရဲ့ တိရိစ္ဆာန်ရုံက ဒီလောက်ကောင်းတာ။ ဘာလို့ ပိတ်သိမ်းရမှာလဲ"

"နင်တို့က လူဆိုးတွေ။ နင်တို့ကို ဒီနေရာက မကြိုဆိုဘူး"

တုန်းယွဲ့က မင်းသမီးဝတ်စုံကို ဝတ်ဆင်ထားသည့် ကောင်မလေးကို ကြည့်သည်။ ထိုကောင်မလေးကို ဆံပင်လေးကို ချောမွေ့ ပြောင်ရှင်းသော ပုံစံမျိုးဖြင့် နှစ်ဖက်ခွဲစည်းထားသည်။ သူမ၏ ပုံစံလေးက ချစ်စရာလေး ဖြစ်သည်။ ထို့ကြောင့် သူမက ဆောင့်ကျောက်ထိုင်လိုက်ရင်း မေးကြည့်လိုက်သည်။

"ကောင်မလေးက ဒီတိရိစ္ဆာန်ရုံက ဒီလောက်ထိ ကောင်းမှန်း ဘယ်လိုသိတာလဲ"

"ဟွန့် ဒါပေါ့ ဘေဘီက ဒီနေရာကို နေ့တိုင်းလာနေကြလေ။ ဒီထဲက တိရိစ္ဆာန်တိုင်းက ဘေဘီရဲ့ မိတ်ဆွေတွေ။ သူတို့က အရမ်းနာခံတာ"

"နင်တို့ ဒီလိုပြောခွင့်မရှိဘူး"

"သတိထား ငါ တပိုင်ကို ပြောပြီး နင်တို့ကို ရိုက်နှက်ခိုင်းလိုက်မှာ"

ကောင်မလေးက မျက်မှောင်ကြုတ်သည်။ ထို့နောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ရှေ့မှလူများကို စိုက်ကြည့်သည်။ ထို့နောက် အတွင်းသို့ ပြေးဝင်သွားသည်။

ငါတို့ သူတို့ကို တိရိစ္ဆာန်ကို ဖျက်ဆီးခွင့် မပြုနိုင်ဘူး။ သူတို့ကို သေချာပေါက် တားရမယ်။

"တပိုင် သတင်းဆိုးပဲ။ လူဆိုးတွေ လာနေကြပြီ"

"တပိုင်"

တုန်းယွဲ့က မြေပြင်က မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် တိရိစ္ဆာန်ရုံ ဝင်ပေါက်သို့ ဖြည်းဖြည်းချင်း လျှောက်ဝင်သွားသည်။

"ဟိုး ဟိုး ဟိုး"

"အိုး လား လား လား"

"မြန်မြန်"

တိရိစ္ဆာန်ရုံဝင်ပေါက်မှ လက်မှတ်ဂိတ်သို့ ရောက်သွားသည့်အချိန်တွင် အတွင်းမှ ဝင်ပေါက်မှ အော်ဟစ်သံကို ကြားရသည်။ တုန်းယွဲ့က‌ ကြောင်သွားသည်။

ဒါက သူ အရင်ရောက်ဖူးတဲ့ တိရိစ္ဆာန်ရုံနဲ့ ခြားနားနေသလိုပဲ။ ဒီတိရိစ္ဆာန်ရုံက တကယ်ပဲ ခြားနားမှုတွေ ရှိနေတာလား။

သံသယအပြည့်နှင့် တုန်းယွဲ့က လက်မှတ်ပြတင်းပေါက်နားသို့ လျှောက်သွားသည်။ ထိုနေရာတွင် အသက်သုံးဆယ်အရွယ်ခန့် ရှိမည့် အမျိုးသမီးတစ်ယောက်က ထိုင်နေသည်။

"ဟယ်လို လက်မှတ်ဝယ်ချင်လို့ပါ"

ကောင်းယွဲ့က ရှေ့ဘက်မှ သတင်းထောက်ကို ကြည့်ပြီး မျက်မှောင်အသာကြုတ်သည်။

"ဘာလို့ သတင်းထောက်တွေ ရောက်လာတာလဲ"

ဘေဘီကို ဂရုစိုက်နိုင်ရန် အလို့ငှာ ကောင်းယွဲ့က လွန်ခဲ့တဲ့နှစ်ရက်ခန့်ကတည်းက အလုပ်ထွက်ခဲ့ခြင်း ဖြစ်သည်။ မူလကမူ သူမက တိရိစ္ဆာန်ရုံကို နေ့တိုင်းလာကာ သမီးဖြစ်သူနှင့် ဆော့ကစားချင်ခဲ့သည်။ သို့သော် ဆုပိုင်က ဦးစီးသူ လိုအပ်နေမည်ဟု မထင်ထားမိချေ။ ထို့ကြောင့် ကောင်းယွဲ့က လျှောက်ခဲ့ခြင်း ဖြစ်သည်။

ဒီနည်းအတိုင်းဆိုလျှင် သူမက သမီးဖြစ်သူနှင့် အချိန်ဖြုန်းနိုင်ရုံသာ မကသေးလေပဲ ပိုက်ဆံလည်း ရဦးမည် ဖြစ်သည်။

"ရှင်က..."

"အိုး တို့တွေ့က အချစ်ပရောဂျက်ဆိုတဲ့ ပရိုဂရမ်အသင်းတစ်ခုကပါ။ ဒီတိရိစ္ဆာန်ရုံက ဆေးရုံနဲ့ ပူးပေါင်းပြီး စိတ်ကျရောဂါ ခံစားနေရတဲ့ ကလေးတွေကို ကုသပေးတယ်ဆိုတဲ့ သတင်းကြားထားလို့ လာခဲ့တာပါ"

ဘန်း

ရုတ်တရက် ခြံဝန်းအနောက်ဘက်ရှိ လက်မှတ်အရောင်း ကောင်တာ အခန်းတံခါးက ခပ်ကြမ်းကြမ်း တွန်းဖွင့်ခံရသည်။

"မား သူတို့ကို လက်မှတ်တွေ မရောင်းနဲ့။ သူတို့က လူဆိုးတွေ။ သူတို့က ဦးလေးဆုပိုင်ရဲ့ တိရိစ္ဆာန်ရုံကို ပိတ်ခိုင်းမယ်လို့ ပြောနေကြတာ"

"တပိုင် သူတို့က အရမ်းရက်စက်တဲ့သူတွေ သူတို့ကို မောင်းထုတ်လိုက်"

"အိုး"

အတွင်းမှ လက်မှတ်ပြတင်းပေါက် ဘေးဘက် လျှောက်လမ်းနားတွင် အဖြူအမည်း တိရိစ္ဆာန်တစ်ကောင်က ရုတ်တရက် ခုန်ထွက်လာသည်။ ထို့နောက် မာန်ဖီပြီး တုန်းယွဲ့တို့ကို ကြည့်လာသည်။

သို့ရာတွင် ထိုကောင်မလေးကမူ ဝက်ဝံကဲ့သို့သော တိရိစ္ဆာန်ကြီး၏ ကျောပေါ်တွင် တက်ထိုင်နေခဲ့ခြင်း ဖြစ်သည်။ သူမက နှုတ်ခမ်းလေးကို ဆူပြီး လက်သီးလေးကို မြှောက်လျက် သူတို့ကို ကြည့်လာသည်။

"ဘာတွေဖြစ်နေတာလဲ။ လူတွေက စက်ရုပ် တိရိစ္ဆာန်တွေအပေါ် တက်စီးနိုင်သွားတာလား"

Telegram မှာ အပိုင်း ၂၆အထိ ရောက်ပါပြီနော်။

Continue Reading

You'll Also Like

32.6K 4K 83
Title - A Filthy Rich Hamster In Apocalypse 🐹 ကမ္ဘာပျက်ကပ်ထဲက ဟမ်းစတားသူဌေးလေး Description ဟမ်းစတားလေး : "ဒယ်ဒီ.. ဒယ်ဒီ.. ဝူယိလေးမှာ အစာတွေရှိတယ်...
230K 26.4K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
3.6M 537K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
Wish By _hazel20

Fanfiction

61.4K 5.7K 16
When a love was born because of a bet... HH (Yaoi) (Myanmar Sub)