လေယာဉ်ဆိုက်တော့ သျှားထက်လဲလာမကြိုသေးတော့ အနီးနားမှာရှိတဲ့ဆိုင်တစ်ဆိုင်မှာသာစောင့်နေသည်။
သျှားထက်ရဲ့ အကြိုက်ဆုံးဖြစ်တဲ့ KIWI MOJI တစ်ခွက်မှာပြီးတော့ သမုကိုဖုန်းဆက်ကာ လာကြိုဖို့စောင့်နေတဲ့ဆိုနာမည်ပါပေုာလိုက်သည်။
သောက်နေရင်း အရှေ့ဝိုင်းကကောင်းမလေးက သျှားထက်ကိုပြုံးပြသည်။သျှားထက်လဲပြုံးပြလိုက်သည်။ကောင်မလေးက နောက်ပြီး သူ့ကိုလက်ပါပြလာသည်ကြောင့် သျှားထက်ခေါင်းလေးကုတ်ကာ လက်ပြန်ပြလိုက်သည်။ခနနေတော့ ဆိုင်ထဲသို့ ဝင်လာသည့်ကောင်လေးသည် ထိုကောင်မလေး၏ချစ်သူဖြစ်ရမည် ။ထိုကောင်မလေးကိုဖက်ကာ သွားမည်ဟုပြောကာ ထိုကောင်မလေးလဲပါသွားသည်။သျှားထက်ကတော့ ဟက်ကော့ကြီးကျန်ခဲ့ရသည်လေ။သူကပဲအတာလား ကောင်မလေးတွေကပဲလယ်လွန်းတာလားစဉ်းစားမရ ။
ထိုအတွဲထွက်သွားပြီးရှေ့ဆင့်နောက်ဆင့်မှာဘဲ သမုကခေတ်သွေးရဲ့လက်လေးကိုကိုင်ပြီးဆိုင်ထဲကိုဝင်လာသည်။
"အမလေး ဘုရားသခင်က ငါ့ရဲ့ဘဝကိုတစ်ယောက်ထဲဖြတ်သန်းစေချင်တာလားမသိဘူး"
အသံခပ်တိုးတိုးဖြင့်သာ သျှားထက်ပြောလိုက်သည်။
"မင်းကိုစောင့်ရတာ ငါမိန်းမတောင်ရပြီးကလေးတောင်မွေးလို့ရတယ်"
"ရည်းစားလဲမရှိဘဲနဲ့ လျှောက်ပြောမနေနဲ့"
သမုရဲ့စကားကြောင့်ခေတ်သွေးက မရီမိအောင်မျက်နှာက်ုစပ်ဖြဲဖြဲလုပ်နေသည်။သျှားထက်မှာတော့ အားနေရင်ရည်းစာစမရှိဘူးဟု ဖဲ့ခံနေတာကြောင့် သမုကိုအမှုန့်ကြိတ်ပြစ်ချင်မိသည်။
"ငါကအပူမရှာချင်လို့ပါကွာ "
"ဟုတ်တယ် သျှားထက်ပြောတာမှန်တယ် ရည်းစားထားတာမကောင်းဘူး"
သျှားထက်စကားကိုခေတ်သွေးကထောက်ခံသည်။
"အချစ်ပြောတာလဲမှန်တယ် ဒါပေမယ့်ကိုကို့အတွက်တော့ကောင်းတယ်။ဘာနဲ့မှမလည်းနိုင်ဘူး"
ခတ်သွေးရဲ့မျက်နှာလေးကိုကြည့်ကာ နုနုရွရွပြေနေသည်။သျှားထက်ကတော့အကဲပိုနေသည့် သမုကိုကြည့်မရ။ရည်းစားကမရှိပါဘူးဆို သူတို့က အရှေ့မှာကြည်နူးပြနေသည်က အရမ်းကိုခံစားရခက်သည်လား။အဲ့ခံစားချက်ကို ရည်းစားမရှိတဲ့သူတွေကတော့နားလည်မှာပါ။
"ငါဒီနေ့နားရအုံးမှာလား"
"မင်းကဘယ်မှာနေမှာလဲ..."
"မင်းတို့နဲ့နေမယ်လေ"
"ဘာ ! !!"
ထအော်လိုက်သည့် သမုကြောင့် သျှားထက်နဲ့ခေတ်သွေးတင်မက ဘေးဝိုင်းတွေကပါလန့်သွားပြီးသူတို့ကိုကွက်ကြည့်ကွက်ကြည့်လုပ်လာကြသည်။
"ဘာထဖြစ်တာလဲ"
SH"အေ့လေ အလန့်တကြား"
"မင်းငါ့အိမ်မှာလိုက်နေလို့မရဘူးလေ"
SH"ဒါဆိုငါကဘယ်မှာနေရမှာလဲ "
"သျှားထက် ငါတို့နဲ့ဘာလို့လိုက်နေလို့မရရမှာလဲ လိုက်ခဲ့"
"အခန်းကနှစ်ခန်းပဲရှိတာလေ...."
ချက်ချင်းဆိုသလိုပင်သမုရဲ့ကောင်းထဲကို မှောင်မိုက်သည့်အတွေးတချို့ဝင်လာသည်။
"ရတယ် နှစ်ခန်းရှိလဲအဆင်ပြေတယ် မင်းကတစ်ခန်းအိပ်လိုက်။ငါကခေတ်သွေးနဲ့သွားအိပ်လိုက်မယ်"
"ဘာ..ဘာလို့ငါနဲ့အိပ်မှာလဲ ဆိုဖာပေါ်မှာအိပ်လေနေရာကျယ်တယ်"
"အကိုပြောတာလဲမှန်နေတာပဲ"
"ဘယ်ကိုမှန်တာလဲနောက်စေ့ကိုလား"
ရွဲ့သလိုစောင်းသလိုမျက်နှာပေးဖြင့် သမုကပြောသည်။ခေတ်သွေးကထိုစကားကိုသဘောမကျဟန် သမုမျက်စောင်းထိုးလိုက်သည်။
"ပေးမင်းအထုတ်တွေ အာ...များလိုက်တာ"
"သူ့ဘာသာသယ်ပါစေ အချစ်ကဒီတိုင်းပဲလိုက်ခဲ့"
"ဒါဆိုမင်းသယ်ပေးလိုက်လေ အားနေတယ်မို့လား"
လက်ထဲမှကိုင်ထားသည့် အထုတ်အား သမုကိုပေးကာပြောသည်။
"ဟမ် ! ကိုကိုနဲ့ဘာဆိုင်လို့လဲ"
"လျှာမရှည်နဲ့ သယ်လိုက်"
"ဟုတ်ကဲ့! !!"
မျက်နှာကြီးစူပုတ်ပုတ်နဲ့အထုတ်တွေသယ်သွားသည့်သမုကို လျှားထက်ရယ်မိပါသည်။လင်ကိုကြောက်တက်လိုက်တာလဲသူဗလကြီးနဲ့မှအားမနာ...။
"စော်မရှိရယ်မနေနဲ့သွားမယ်"
"ဟာဗျာ..."
သျှားထက်ကိုအသက်လွတ်ကြီးဖဲ့သွားသည့်ခေတ်သွေး။သျှားထက်ဘာမျှပြန်မပြောနိုင်ခင်မှာဘဲသူကအရှေ့ကအရင်သွားနှင့်ပြီ။သျှားထက်မှာတော့မအီမသာမျက်နှာဘေးဖြင့်ကျန်ခဲ့သည်။
"သမုအတ္တညို ! ငါ့ဟိုနားက cookie ဆိုင်မှာခနရက်ပေး"
"ဘာလုပ်ဖို့လဲ ညနေစောင်းနေပြီ"
"......"
"အင်းပါ ကိုကို အချစ်ကရက်ခိုင်းတော့ရက်ပေးလိုက်မယ်။မကြာစေနဲ့နော် ကိုကိုဒီကဘဲစောင့်နေမယ်"
ခေတ်သွေးခေါင်းညိပ်ပြလျက် ကာပေါ်ကနေပြေးဆင်းသွားသည်။ကားပေါ်ကနေ ပြေးဆင်းသွားသည့် ခေတ်သွေးကို သမုမှာလိုက်ကြည့်ရသည်ကမမောနိုင်ပါ။
"တချို့လူတွေများသူများကိုကြ ရည်းစားမရှိဘူး လေးဘာလေးနဲ့ သူကြတော့လင်ကိုကြောက်နေ လိုက်တာများဟားးးးဟားးး"
သျှားထက်က ပေစောင်းစောင်းဖြင့်သမုကိုပြန်ဖဲ့သည်။အခုတော့သမုကိုပြန်ပြောနိုင်တာတကွက်တွေ့သွားပြီလေ။
"မင်းတောင်ကြောက်စရာရှိလို့လား Fa ကောင်ရ"
သမုကခက်အေးအေးပင်ပြန်ဖဲ့သည်။
"လင်ကြောက်ကောင်! "
"Faကောင် "
"အဟမ်းးးဘာဖြစ်နေတာလဲ"
ခေတ်သွေးကမုန့်ဝယ်ပြီးလို့ ကားထဲကိုပြန်ဝင်လာမှ သမုရဲ့ပါးစပ်လဲပိတ်။သျှားထက်ပါးစပ်လဲပိတ်သွားတော့သည်။ဘာမှမဖြစ်ထားသည့်အတိုင်း ခေတ်သွေးကိုပြုံးကာကြည့်လာသည်။
"ဘာလာကြည့်တာလဲ"
"ကွတ်ကီးစားချင်လို့ "
သျှားထက်အံ့ဩမိသည်။ကွတ်ကီးကိုဘယ် တော့မှမစားပါဘူးဆိုသည့်သူကအခု ကွတ်ကီး တောင်းစားသည်လား။သမုကဘယ်တုန်းကကွတ်ကီးကြိုက်သွားသည်လည်း။သျှားထက် ဘာမှတောင်ပြန်မပြောနိုင်ဆွံ့အနေမိသည်။
"မရဘူး ဒါကငါအကြိုက်ဆုံးမြေပဲကွတ်ကီး မင်းစားချင်ရင်သွားဝယ်လေ"
"အချစ်ဝယ်လာတာပဲစားချင်တာ"
"ပိုလိုက်တာ! ရွံစရာကြီး ဝေါ့..."
သမုရဲ့ချွဲပျစ်ပျစ်အသံကြောင့် သျှားထက်မျက်နှာမဲ့ကာပြောလိုက်သည်။သမုကတော့ဂရုစိုက်။ခေတ်သွေးနှုတ်ခမ်းထောင့်နားမှာပေးနေသည့် ကွတ်ကီးစလေးကိုသူ့ပါးစပ်နဲ့လှမ်းယူလိုက်သည်။
ပြွတ်
"မင်းဘာလုပ်တာလဲ"
ခေတ်သွေးမျက်နှာတစ်ပြင်လုံးရဲတက်လာသည်။သမုရဲ့လုပ်ရက်ကြောင့်သျှားထက်မျက်လုံးပြူးသွားရသည်။
"အချစ်မှမကျွေးတာ အချစ်နှုတ်ခမ်းနားမှာပေးနေတဲ့ဟာပဲစားရမှာပေါ့"
သူ့နှုတ်ခမ်းသူလက်မနဲ့ဖိကာ ခေတ်သွေးကိုစေ့စေ့ကြည့်ကာပြောလိုက်သည်။သျှားထက်ဒုတိယအကြိမ်သမုကိုအံ့ဩမိသည်။ပထမက သူသိပ်ကြိုက်တဲ့အလုပ်ကိုစွန့်လွတ်ခဲ့သည်။ဒုတိယတခါသူမကြိုက်ပါဘူးဟုပြောသည့်ကွတ်ကီးကို ခေတ်သွေးစီက လုတောင်စားနေသည်လား။
"မင်းငတ်နေတာလား"
"အင်းငတ်နေတာ"
"ငါ့ဟာတွေလာမလုစားနဲ့ကွာ"
"စားတော့ဘာဖြစ်လဲကွာ မကျေနပ်ရင်ကိုကို့ကိုပြန်စားလို့ရတယ်"
သူ့ကိုသူလက်ညှိုးထိုးပြီးပြောနေတဲ့သမုက ကလေးဆိုးကြီးလား။တကယ်ကိုမနိုင်ဘူး။
"ဟိတ်ကောင် ဘယ်ကိုဆက်မောင်းရအုံးမှာလဲ"
"အေဟိုဘက်လမ်းချိုးလိုက်အဲ့မှာ တတိယအထက်ကငါ့ကွန်ဒိုပဲ"
သျှားထက်လမ်းမေးပြီးခေါင်းအသာငြိပ့်ပြလိုက်သည်။လမ်းသည့်တဲ့သူကကားမမောင်းပဲ လမ်းမသိတဲ့သူကိုကားမောင်းခိုင်းသည်က မဟုတ်သေးပါဘူး။
"ရောက်ပြီ...."
"ငါ့ဘာသာအထုတ်တွေသယ်ခဲ့မယ် မင်းတို့လင်လင်နှစ်ယောက်အရင်သွား ရှေ့ကနေမျက်စိနောက်တယ်"
"ရည်းစားမရှိတဲ့သူတွေကတော့အဲ့လိုပြောမှာပေါ့"
"ရည်းစားမရှိတာဘာဖြစ်လဲ...ရည်းစားရှိပြီထားပါအုံးသူတို့စိတ်ကောက်ရင်ချော့ရမယ်။သူတို့လိုချင်နာတွေဝယ်ပေးရမယ်။သူတို့သွားချင်တာတွေလိုက်ပို့ရမယ်။သူတို့...."
သျှားထက်စကားမဆုံးခင်မှာပဲ သမုနဲ့ခေတ်သွေးက တက်သွားသည်။ဘာပြောလို့ပြောရမှန်းတောင်မသိသျှားထက် ကြောင်အအလေးကျန်ခဲ့သည်။
သူတို့လဲအခန်းထဲရောက်တော့ ပင်ပန်လာတာကြောင့်ဘာမှမချက်တော့ပဲ ခေတ်သွေးဝယ်လာသည့်ကွတ်ကီးများကိုသာလုစားကြတော့သည်။ပြီးနောက်အခန်းနေရာချပြီးသူတို့လဲ ပင်ပန်းတာကြောင့်တခါထဲအိပ်လိုက်တော့သည်။
_____________________________________________________________
# nay-naybook
# SHARE HTET ✅