My Youth Was Yours ( Complet...

By popophoenix207

43.9K 3K 313

ဉာဏ်လင်းထင် × ပိုင်ဇေယံ သူငယ်ချင်းမဖြစ်ချင်ဘူးဆိုရာကနေ သူငယ်ချင်းဖြစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ဇာတ်လမ်းလေ... More

Intro & Note
1. When we were young
2. Why can't we be friends?
3. What am I to you?
4. I only care about you
5.Let's keep growing old together
6.Life is like a ferris wheel
7. Jealousy is slowly killing me
8. Eighteen isn't last forever
9. How was your first date?
10. In other words , I love you
11. The days without you
12. Best friends can kiss too
13. He loves me or not ?
14. Same but different
16. How could I tell you that I need you?
17. My father's secrets
18. The girl in the white shirt
19. Have you ever loved me ?
20. If home is a person
21. Meet me in the pouring rain ( Final part )
Extra - Happily ever after

15. Whatever will be, will be

1.4K 131 16
By popophoenix207

( Uni )

" ဉာဏ်... မင်း ပြန်ရောက်နေတာလား "

ရုတ်တရက် ရှေ့မှာ မြင်လိုက်ရသော လူတစ်ယောက်ကြောင့် ယံယံ ပြောလက်စဖုန်းကိုပင် ဆက်မပြောနိုင်တော့ပါ။

ဆယ်နှစ်လောက် မတွေ့ခဲ့ရသည့်လူဆိုပေမဲ့ ယံယံ့ဘဝမှာ မမှတ်မိနိုင်စရာအကြောင်း မရှိသည့်လူ။ နဂိုကတည်းက ဖြူသည့်အသားအရေက အခုပိုပြီးတော့တောင် ဖြူလာသလိုထင်ရသည်။ ဆံပင်ပုံ ပြောင်းလဲသွားသလို အဝတ်အစားကလည်း အနည်းငယ်လူကြီးဆန်နေ၏။ ခန္ဓာကိုယ်က ပိုပြီးကြည့်ကောင်းလာပေမဲ့ မျက်နှာမှာတော့ အပြုံးချိုချိုလေးမရှိတော့။

ဘာတွေဘယ်လိုပြောင်းလဲသွားပါစေ ။ဒီလူက တစ်ချိန်က သူ့ရဲ့ ဉာဏ်လင်းထင် ပါပဲ။ သူ့ကိုမြင်တာနှင့် ချက်ချင်းလှည့်ထွက်ဖို့ ပြင်လိုက်တဲ့အထိ ဖြစ်သွားသည့်မျက်နှာပေါ်က နာကျင်မှု အရိပ်အယောင်တွေကိုတော့ ယံယံ ကောင်းကောင်းဖတ်လိုက်မိပါသည်။

" ဟာ...ရေခဲမုန့်က သားသားကိုပေးလေ "

ရှေ့ဆင့်နောက်ဆင့် ထွက်လာသော စကားနှစ်ခွန်းကြောင့် ဉာဏ့်ခြေလှမ်းတွေ ရှေ့မဆက်ဖြစ်တော့ပါ။ ဘယ်လောက်ပဲ နာကျင်ရပါစေ။ သူက အသက်နှစ်ဆယ်အရွယ် တက္ကသိုလ်ကျောင်းသားလေးမှ မဟုတ်တော့ဘဲ။ အမြဲတမ်း ထွက်ပြေးနေလို့ မဖြစ်တော့ဘူး မဟုတ်လား ။

" အင်း ... တစ်လလောက်ရှိပြီ "

ယံယံမေးတာကိုဖြေရင်း လက်ထဲမှာကိုင်ထားသည့်ရေခဲမုန့်ကို ပေးတော့ ကလေးငယ်လေးက ချစ်ဖို့ကောင်းအောင် ပြုံးပြလာသည်။

" ဒီမှာပဲနေတော့မှာလား ...ပြန်သွားဦးမှာလား "

" ပြန်မှာပါ ...လောလောဆယ်တော့ ဒီမှာ နေဦးမှာ "

တကယ်ဆို ဉာဏ်အပြီးပြန်လာခဲ့တာ။ ဒါပေမဲ့ သည်အကြောင်း ယံယံ့ကို မသိစေချင်ပါ။

" ဪ ... ဟိုမှာ အဆင်ပြေလား ...အစစအရာရာပေါ့ "

" ပြေပါတယ် ...နေကောင်းကြလား အန်တီတို့ရော "

" ကောင်းတယ် ...အခုတောင် သူတို့ဆီသွားမလို့... ငါတို့က သက်သက်ခွဲနေတာ "

" ဟုတ်လား ... ဒါနဲ့ မင့်သားက တော်တော်လည်တာပဲနော် .. ချစ်စရာလေး "

ဉာဏ် ပြောမှ သားနှင့်မိတ်ဆက်ပေးဖို့ ယံယံသတိရသွားသည်။

" Daniel..နှုတ်ဆက်လိုက် ... ဒါ ပါပါးသူငယ်ချင်း "

သူငယ်ချင်းဆိုတဲ့ နေရာမှာ ဉာဏ့်နှလုံးသားကတော့ မျက်ခနဲ နာကျင်သွားရသည်။ မမှားဘူးဆိုပေမဲ့ပေါ့ ။

" မင်္ဂလာပါ ဉာဏ် "

Danielက သိပ်ဉာဏ်ကောင်းသည်။  နာမည်မပြောရဘဲ ခုနက ယံယံခေါ်လိုက်တာ ကြားရုံနှင့် တစ်ခါတည်းမှတ်မိသည်။

" ဟာ ...အဲ့လိုမခေါ်ရဘူးလေ... ဦးဦးလို့ခေါ်ရတယ် "

" ခေါ်ပါဘူး ....သူ့နာမည်က ဉာဏ်ဥစ္စာ "

" Daniel ကတော့ လုပ်ပြီ ... ဉာဏ်က မင်းကို ရေခဲမုန့်ဝယ်ကျွေးထားတာမို့လား .... ကျေးဇူးတင်ပါတယ်ပြောလိုက်ဦး "

" ဝယ်ကျွေးတာ ဟုတ်ပါဘူး ...အလျော်ပေးတာ "

ဉာဏ့်ကို ဦးဦးလို့လည်း မခေါ်သည့်အပြင် ကျေးဇူးတင်စကားလည်း မပြောသော လူလည်လေးကိုကြည့်ပြီး ဉာဏ် နည်းနည်းတော့ ပြုံးမိသည်။ ယံယံ့သားက ယံယံငယ်ငယ်ကလို ဂျစ်ကန်ကန်လေး ။

" မင်း အခုအိမ်ပြန်တော့မှာလား ဉာဏ် "

" အင်း... ပြန်တော့မှာ "

" ကားပါသလား ....မပါရင် ငါတို့နဲ့အတူ လိုက်ခဲ့လေ "

ယံယံက ဉာဏ့်ကို အရင်အိမ်မှာပဲနေတယ် ထင်၍ မေးခြင်းပင် ။

" ပါတယ် ... မလိုက်တော့ဘူး ... ငါ အဲ့ဒီမှာ နေတာမဟုတ်ဘူး "

" ဪ... ဒါနဲ့ မင်း အချိန်ရရင် ငါတို့တစ်ခုခု သွားစားကြမလား "

သူတို့နှစ်ယောက်ကြားမှာ ဘာမှမဖြစ်ခဲ့သလို၊ ဝေးကွာနေသည့် သူငယ်ချင်းနှစ်ယောက် အခုမှပြန်တွေ့ရသလို ယံယံက သဘောထားပြီး ပြောဆိုနေတာလား မသိပေမဲ့ ဉာဏ် အဲ့လောက်ထိတော့ ယံယံ့ရှေ့မှာ ကြာကြာဟန်ဆောင်မနေနိုင်ပါ။ ထို့ကြောင့် ယံယံဖိတ်ခေါ်တာကို လက်မခံဖြစ်။

" နောက်တစ်ခါတွေ့မှ သွားကြတာပေါ့ ... ငါ ဒီနေ့ လုပ်စရာလေးရှိသေးလို့ "

နောက်တစ်ခါ မတွေ့အောင်တော့ ဉာဏ် ကြိုးစားရတော့မည်။

" မင်း ဘယ်မှာနေတာလဲ ... ငါ့ကိုလိပ်စာပေးခဲ့လေ "

ရေခဲမုန့်စား‌နေသည့် Danielကိုအောက်ချပြီး ယံယံက သူ့လိပ်စာကဒ်ကိုလည်း ထုတ်ပေးလာပါသည်။ ဉာဏ် ဝတ်ကျေတန်းကျေ ယူထားလိုက်ရပေမဲ့ သွားဖြစ်မှာတော့ မဟုတ်ပါ။

" ငါ လိပ်စာကဒ် မပါခဲ့ဘူး "

ဉာဏ် မပေးချင်လို့ တမင်သက်သက် ပြောခြင်းဖြစ်ကြောင်း ယံယံက ရိပ်မိပုံရပါသည်။ နောက်ထပ်မမေးတော့ပါ။

" ဪ...အဲဒါဆိုလဲ မင်းအချိန်ရတဲ့နေ့ကျ ငါ့အိမ်လာခဲ့နော် ... ဖုန်းတော့ကြိုဆက်ဦး ... အရင်ကနံပါတ်ပဲ.... ကြာပြီဆိုတော့ မင်းမှတ်မိမှာ မဟုတ်တော့ဘူး... ကဒ်ထဲမှာ ဖုန်းနံပါတ်လဲပါတယ် "

ယံယံ့အိမ်သွားပြီး ယံယံတို့မိသားစုနှင့် ဉာဏ် ထမင်းလက်စုံစားရမှာလား။ သားနှင့်မိတ်ဆက်ပေးပြီးလို့ ဉာဏ့်ကို နောက်ထပ် မိန်းမနှင့်ပါ မိတ်ဆက်ပေးဦးမလို့လား။ သည်လောက်အထိတော့ သူ့အပေါ်ကို မလုပ်သင့်ဘူးမလား။

ယံယံ့ကို ပိုင်ဆိုင်ခွင့်ရသွားသည့်မိန်းကလေးက ဘယ်သူဖြစ်မလဲ။ အဲသည်နေ့က သူတို့အခန်းထဲကနေ ပြေးထွက်သွားသည့် မိန်းကလေးပဲလား။ ဘယ်သူပဲဖြစ်ဖြစ် ဉာဏ် တကယ်မသိချင်ပါ။ တွေ့လည်းမတွေ့ချင်ပါ။

အခုတောင် ဉာဏ့်ရင်ဘတ်က အနာဟောင်းက နောက်တစ်ကြိမ် သွေးပြန်ထွက်ချင်နေပြီလေ။

" အင်းပါ ... တစ်ရက်ရက်ပေါ့ "

ဖုန်းနံပါတ်ကို ဆယ်နှစ်ကြာတောင် မှတ်မိနေတုန်းပဲဆိုတာတော့ ဉာဏ် မပြောဖြစ်ပါ။

" ငါ သွားတော့မယ်နော် ... သွားပြီ Daniel "

" Bye-bye ဉာဏ် "

ဉာဏ့်ကို နာမည်ပဲ ခေါ်နေသော Danielကို လက်ပြပြီး ယံယံ့ကို ခေါင်းညိတ်နှုတ်ဆက်ကာ သူတို့သားအဖထက်အရင် ဉာဏ်ထွက်လာခဲ့တော့သည်။

' ဒီတစ်ခါတော့ ငါ မင်းကို နှုတ်ဆက်ပြီးမှ ကျောခိုင်းခဲ့တာပါ '

အိမ်ပြန်လမ်းတစ်လျှောက်လုံး ဉာဏ် ကားမောင်းရင်း မျက်ရည်တွေကျနေတာ တားမရဆီးမရ။

သူ အရင်လို ပြန်မဖြစ်ချင်တော့ပါ။

စာအုပ်တစ်အုပ်ထဲမှာ ဉာဏ် ဖတ်ခဲ့ဖူးသည်။အသည်းဆိုတာ ကွဲဖို့ပဲတဲ့။ အချစ်ကိုခံစားတတ်တဲ့သူဟာ နာကျင်မှုကိုလည်း ခံစားရမှာပဲတဲ့။ သူ နာလည်းနာကျင်ခဲ့ရပြီးပြီ။ အသည်းလည်းကွဲခဲ့ပြီးပြီ။

ကနေဒါမှာ ခြောက်လလောက် ဉာဏ် ဘာမှမလုပ်ဘဲ အရက်တွေချည်းသောက်ပြီး ပေတေနေခဲ့ဖူးသည်။ အထီးကျန်ရင်း ၊ အရက်သောက်ရင်း၊ ငိုရင်းဖြင့် တစ်ရေးမှမအိပ်ခဲ့သည့် ညပေါင်းများစွာလည်းရှိ၏။  တဖြည်းဖြည်းနှင့် သူ့စိတ်တွေသူ မထိန်းချုပ်နိုင်တော့။ အရာရာကို လွယ်လွယ်လေး ဒေါသဖြစ်တတ်လာသည်။ ပေါက်ကွဲတတ်လာသည်။ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေ နည်းကုန်၏။

ကြာလာတော့ ဉာဏ့်အစ်ကိုဝမ်းကွဲက ဉာဏ့်ကို ဒီတိုင်းလွှတ်မထားတော့ပါ ။ Therapist တစ်ယောက်ဆီခေါ်သွားပြီး Counseling ယူခိုင်းခဲ့သည်။ အဲဒီတုန်းကသာ သူ့အစ်ကိုစကားကို သူငြင်းဆန်ပြီး ဆက်ပေတေနဲ့ခဲ့လျှင် အခုချိန် ဉာဏ်အသက်ရှင်ပါဦးမလားတောင် မသိပါ။

Therapist ရဲ့အကူအညီနဲ့ သူ့စိတ်တွေ ပြန်တည်ငြိမ်လာခဲ့သည်။ ခံစားချက်တွေနောက် မလိုက်ဘဲ သူ့ကိုယ်သူ ပြန်ထိန်းချုပ်နိုင်လာခဲ့၏။ နောက်တော့ ကနေဒါမှာပဲ ကျောင်းပြန်တက်ပြီး သူ့ဘဝသူ ပြန်တည်ဆောက်နိုင်ခဲ့သည်။ လိုအပ်လာတိုင်းတော့ Therapistဆီ သွားမြဲ။ တိုင်ပင်ဖြစ်မြဲ။ Therapistက ကနေဒါမှာ ဉာဏ့်အတွက် အရင်းနှီးဆုံးမိတ်ဆွေတစ်ယောက်လို့တောင် ပြောရမည်။ မပြန်ခင်က သွားနှုတ်ဆက်ခဲ့တော့ နောက်လည်းအလည်လာဖို့နှင့် အကူအညီလိုတိုင်း အမြဲဆက်သွယ်ဖို့ ဉာဏ့်ကိုမှာလိုက်သေး၏။

ကားပေါ်မှာကတည်းက တားမရအောင် ကျခဲ့သောမျက်ရည်တွေကို အိမ်ရောက်တာနှင့် ဖွင့်ချပြီး ဉာဏ် တစ်ယောက်တည်း နင့်နင့်သည်းသည်း ငိုကြွေးမိသည်။ သူ ဒီနာကျင်မှုတွေကနေ လွတ်မြောက်ချင်ပါပြီ။ ယံယံနှင့် ပတ်သက်ခဲ့သမျှအားလုံးကို လွှတ်ချနိုင်ချင်ပြီ။

လွှတ်ချမှလည်း ရတော့မည်မဟုတ်လား။

ကိုယ်နဲ့ဘယ်လိုမှ သက်ဆိုင်ခြင်းမရှိတော့သည့် လူတစ်ယောက်အတွက် သူဆက်ပြီးခံစားနေဖို့ မသင့်တော့ဘူးလေ။

' မင်းဆီကနေ ငါ့ကိုလွတ်မြောက်ခွင့်ပေးပါတော့ ယံယံ '

******

နောက်တစ်ပတ်မှာတော့ ဉာဏ် သူ့မိဘတွေနှင့် မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာပွဲတစ်ခုကို လိုက်သွားရသည်။ သူ့အလှည့်ဘယ်တော့လဲဆိုသည့်မေးခွန်းတွေ၊ ရည်ရွယ်ထားတဲ့သူမရှိသေးလျှင် လူကြီးချင်းသဘောတူပြီး စေ့စပ်ပေးကြရအောင်ဆိုပြီး သူ့မိဘတွေကိုစသလိုလိုနှင့် လမ်းကြောင်းပေးနေသည့်စကားတွေကို ဆက်နားမထောင်ချင်သဖြင့် မင်္ဂလာခန်းမထဲကထွက်ခဲ့ပြီး hotelဝင်းထဲက တစ်နေရာမှာ ထိုင်နေစဉ် သူ့ရှေ့မှာအမှတ်မထင်ဖြတ်သွားသောစုံတွဲတစ်တွဲက သူ့ကိုကျော်သွားပြီးမှ သူ့ဘက်ပြန်လှည့်လာ၏။

" ဉာဏ် "

" ခေါင်ထွဋ်.... လဝန်း "

" ဟယ် .... ဉာဏ် ရယ် ... နင် နေနိုင်လိုက်တာ... ဒီလောက်ထိ ငါတို့ကို အဆက်အသွယ်ဖြတ်ထားရလားဟင် ကောင်စုတ်ရဲ့.... ငါတို့က နင့်သူငယ်ချင်းတွေ မဟုတ်ဘူးလား.... နင် အသက်ရှင်နေမှန်းတောင် မသိရဘူး... ငါတို့ ဘယ်လောက်စိတ်ပူခဲ့ကြရလဲသိရဲ့လား "

လဝန်းကတော့ မိန်းကလေးပီပီ ဉာဏ့်လက်မောင်းကိုထုရိုက်ပြီး ရန်တွေလုပ်ကာ ငယ်သူငယ်ချင်းဖြစ်သူကိုဖက်ပြီး ငိုပါတော့သည်။ လဝန်းငိုတော့ ဉာဏ်လည်း မျက်ရည်ကျရ၏။ ခေါင်ထွဋ်ကလည်း ဉာဏ့်ကိုအကြာကြီး ဖက်ထားပြီး " မင်းကွာ " ဟု တဖွဖွပြောကာ မျက်ရည်တွေဝိုင်းလျက်။

ခေါင်ထွဋ်တို့နှစ်ယောက်က လက်ထပ်ထားတာ နှစ်နှစ်လောက်ရှိပြီတဲ့။ ငယ်သူငယ်ချင်းတွေကနေ ချစ်သူတွေဖြစ်ပြီး အခုတော့ ဘဝလက်တွဲဖော်တွေပါ ဖြစ်သွားကြသော သူငယ်ချင်းနှစ်ယောက်အတွက် ဉာဏ်ပျော်ပါသည်။ သူ့မှာသာ..... ဉာဏ် နောက်ဆက်တွဲ ဝင်လာတော့မည့် အတွေးတွေကို ခေါင်းထဲက အမြန်ဖယ်ထုတ်ပစ်လိုက်ရသည်။

ခေါင်ထွဋ်တို့လင်မယားက သံစဉ်နှင့် သော်ဇင့်ကိုပါ လှမ်းခေါ်တော့ ချက်ချင်းရောက်လာကြသည်။ သံစဉ်ကလည်း လဝန်းလိုပဲ ဉာဏ့်ကိုမြင်တာနှင့် ရန်တွေထောင်ပြီး ငိုနေတာအကြာကြီး။ ဉာဏ် မိဘတွေနှင့် ပြန်မလိုက်ဘဲ သူငယ်ချင်းတွေနှင့် နေရစ်ပြီး စကားပြောလို့ကောင်းမည့်ဆိုင်တစ်ဆိုင်ကို သွားဖြစ်ကြသည်။ အရင်လိုတော့ ယံယံ မပါဘူးပေါ့။

" ပိုင်ဇေနဲ့ရော တွေ့ပြီးပြီလား "

" အင်း ... အရင်တစ်ပတ်က လမ်းမှာတစ်ခါတွေ့တယ် "

" ဘာဖြစ်မှန်းမသိရဘဲ နင်တို့နှစ်ယောက်စလုံး ပြိုင်တူပျောက်သွားကြတော့ ငါတို့အားလုံး ပဟေဠိတွေနဲ့ ကျန်ခဲ့ကြရတာ "

ယံယံကရော သူ့လို ထွက်ပြေးခဲ့တာလား။ သူငယ်ချင်းတွေနှင့်အတူ ဆက်ရှိနေမှာပဲလို့ ထင်ခဲ့မိသည်။

" နောက် ခြောက်လလောက်နေတော့ ပိုင်ဇေက ပြန်ရောက်လာတယ် ... နင် ကနေဒါကို ပြောင်းသွားတယ်ဆိုတာ အဲဒီကျမှ သူပြောလို့ ငါတို့က သိရတာ "

" သူလဲ လက်ရွေးစင်အသင်းထဲဝင်ပြီး ရန်ကုန်ပြောင်းသွားတယ် "

သူငယ်ချင်းတွေ ပြောသမျှကို ဉာဏ်ကတော့ ငြိမ်ငြိမ်သက်သက် ‌နားထောင်နေရုံသာ ။

" ပိုင်ဇေနဲ့လဲ ငါတို့သိပ်မတွေ့ဖြစ်ပါဘူး ....ဒါပေမဲ့ မင်းထက်စာရင်တော့ တွေ့ရတာပေါ့ ....မဟုတ်တောင် ဒီကောင်က ဘောလုံးသမားဆိုတော့ ပွဲတွေမှာ သူ့ကိုမြင်နေရတာ ...မင်းသာ သေလားရှင်လား မသိရတာ "

" အဲဒီတုန်းက နင်တို့ ဘာဖြစ်မှန်းမသိပေမဲ့ အဆင်မပြေ ဖြစ်သွားကြတယ်ဆိုတာတော့ ငါတို့လဲ ရိပ်မိပါတယ်.... ပိုင်ဇေကလဲ နင် ကနေဒါထွက်သွားပြီဆိုတာကလွဲရင် နင့်အကြောင်း သူဘာမှမသိဘူးလို့ ပြောတယ်.. ငါတို့လဲ ထပ်မမေးတော့ဘူး ....သော်ဇင် ပြောသလို သူနဲ့လဲ သိပ်မတွေ့ဖြစ်ဘူးလေ.... နင့်ထက်စာရင် အသက်ရှင်နေမှန်းသိနေရတာလေး ပိုတာပါပဲ "

သူငယ်ချင်းတွေနှင့်တွေ့လျှင် ဒီအကြောင်းတွေ မဖြစ်မနေ ကြားရမယ်ဆိုတာ ဉာဏ် သိပြီးသားပါ။

" အဲဒီကောင် ဟိုတလောက ဘောလုံးသမားဘဝကနေ အနားယူသွားတာ သိပြီးပြီလား... အဲ့နောက် ငါနဲ့တစ်ခါတွေ့သေးတယ် ....ဘာလို့ ဆက်မကန်တော့တာလဲဆိုတော့ သူ့ကိုအားပေးမယ့်သူမရှိလို့တဲ့ ....မင်းကို အားပေးကြတဲ့ပရိတ်သတ်တွေ ဒီလောက်ပေါတာဆိုတော့ အဲ့လိုပရိတ်သတ်ပြောတာ မဟုတ်ဘူးတဲ့....အဲဒါနဲ့ ငါတောင် ဉာဏ်လင်းထင်လို ကွင်းထဲထိ လက်သီးနဲ့ ဝင်ထိုးပေးတဲ့သူ လိုနေတာလားလို့ မေးလိုက်တော့ ဟုတ်တယ် ဟုတ်တယ်ဆိုပြီး ရယ်သွားသေးတယ် "

" စောက်ပိုတွေ ... သူ့မိန်းမနဲ့သား ရှိနေတာပဲ ...သူ့ဟာသူ မကန်ချင်တော့လို့ မကန်တာနေမှာပေါ့ "

တစ်ချိန်လုံး တိတ်နေခဲ့ပြီးမှ ဉာဏ် ဝင်ပြောလိုက်သည့် စကားကြောင့် သူငယ်ချင်းတွေမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

" ဟမ် !"

" ပိုင်ဇေက အိမ်ထောင်ကျပြီးပြီရယ် "

" ဟိုနေ့က ငါနဲ့တွေ့တော့ သူ့သားလဲပါတယ် ... ငါ့ကိုတောင် မိတ်ဆက်ပေးသေး "

" ဟုတ်လား ....ငါတို့ မသိလိုက်ဘူး "

" ပိုင်ဇေက တအားလျှို့ဝှက်တာ ....သူ ဘယ်လောက်နာမည်ကြီးကြီး သူ့မိသားစုအကြောင်း ဘယ်သူမှမသိကြရဘူး "

" အေးကွာ .... မိန်းမရတာတောင် ငါတို့ကို အသိမပေးဘူး "

ဒါဆို အခုအချိန်ထိ ယံယံက အဲဒီမိန်းကလေးကို ဘယ်သူနဲ့မှ‌ တွေ့မပေးဘဲ လျှို့ဝှက်ထားတုန်းပဲ ထင်ပါရဲ့။ အဲ့ဒီလောက်တောင် ချစ်တာတဲ့လား ။

သူငယ်ချင်းတွေနှင့် စကားကြာကြာပြောပြီး နောက် သော်ဇင်က ဉာဏ့်ကို အိမ်ပြန်လိုက်ပို့ခဲ့သည်။ တခြားသူတွေကလည်း ဖုန်းနံပါတ်တွေရော၊ အိမ်လိပ်စာတွေပါ ယူသွားကြသည်။ နောက်ထပ် အဆက်အသွယ်မဖြတ်ရန်လည်း မှာကြသေး၏။

ငယ်သူငယ်ချင်းတွေနှင့် ပြန်ဆုံရတော့လည်း ကနေဒါမှာတုန်းကလောက် ဉာဏ် အထီးမကျန်တော့ပါ။

*****

ကနေဒါမှာ နေတုန်းကလည်း မန်းလေးကိုပြန်လာဖို့ တဖွဖွပြောပြီး မန်းလေး ပြန်ရောက်တော့လည်း အိမ်ထောင်ပြုဖို့ တတွတ်တွတ်ပြောလာသော ပါးနဲ့မားကြောင့် ဉာဏ် မိဘတွေအိမ်တောင် မသွားချင်တော့။ သူတို့မိတ်ဆွေတွေရဲ့ သမီးမိန်းကလေးပုံတွေ ယူပြရတာ အားမရ၍ ယောက်ျားလေးတစ်ယောက်နှင့် လက်ထပ်လည်း လက်ခံကြောင်းနှင့် အဓိက  တစ်ယောက်တည်း မနေတော့ဖို့ဆိုသည့်စကားက ပြောသေးသည်။

မိဘတွေရဲ့ဒီဆန္ဒကိုတော့ ဉာဏ် ဖြည့်ဆည်းမပေးနိုင်လောက်ဘူးထင်သည် ။

အချစ်ဦးနှင့် ပတ်သက်ပြီး ခံစားခဲ့ရသည့် ဝေဒနာကြောင့် အိမ်ထောင်ပြုဖို့လည်း စိတ်ကူးမရှိသလို သူ့နှလုံးသားက နောက်ထပ်လူတစ်ယောက်ကိုလည်း ချစ်နိုင်တော့မည်မဟုတ်၍ ။

" တင်း...တောင် "

အပြင်ဘက်က လူခေါ်ဘဲလ်သံကြောင့် ဉာဏ် ရုတ်တရက် အံ့ဩသွားတာအမှန် ။ ဉာဏ့်လိပ်စာကို သူ့အလုပ်ကလူတွေကတော့ မသိ။ မိဘတွေလည်း မဖြစ်နိုင်။ မနက်ကမှ မြစ်ကြီးနား ပြန်သွားကြသည်။

ဒါဆို အရင်တစ်ပတ်ကတွေ့ခဲ့တဲ့ သူငယ်ချင်းတွေများလား။

စဉ်းစားရင်း တံခါးသွားဖွင့်လိုက်တော့ ....

" ဉာဏ် "

အဖြူရောင် ဝမ်းဆက်လေးနဲ့ လက်ထဲမှာ ချယ်ရီသီးတွေ ထည့်ထားသော ဘူးကိုမြှောက်ပြလာသော Daniel.... နောက်မှာတော့ သူထပ်မဆုံချင်တော့သည့် Daniel အဖေ ။

" ဉာဏ့်ဖို့ သားသား ချယ်ရီသီးတွေ ဝယ်လာခဲ့တယ်... ပါးပါးကပြောတာ ဉာဏ် ကြိုက်တယ်တဲ့ ...သားသားကိုတော့ နည်းနည်းပြန်ကျွေးနော် "

ဒီသားအဖက ဘယ်လိုလုပ်ပြီး ဉာဏ့်လိပ်စာ ရလာသည်မသိ။ မတွေ့ချင်တော့ပါဘူးဆိုမှ ဆိုက်ဆိုက်မြိုက်မြိုက်ကို သူ့ဆီရောက်လာကြသည်။ ပြီးရင် ဖအေဖြစ်သူက သူ့ကို ဝေဒနာတွေ ပေးခဲ့ဦးမည်။

" မင်းအိမ်လိပ်စာ ငါ ဘယ်လိုရတာလဲ စဉ်းစားနေတာလား ဉာဏ်လင်းထင် "

သူ့မျက်နှာကိုမြင်ရုံဖြင့် သူဘာတွေ တွေးနေလဲဆိုတာ ယံယံက အရင်လို သိနေတုန်းပါပဲလား။

" ဘာလုပ်လာတာလဲ ပိုင်ဇေယံ "

ဉာဏ် ထပ်ပြီး ဟန်မဆောင်ချင်တော့ပါ။ ယံယံက မေ့ထားနိုင်လည်း ဉာဏ်ကတော့ သူတို့ကြားမှာ ဘာမှမဖြစ်ခဲ့သလိုမျိုး သဘောမထားနိုင်ပါ။ ယံယံ့မျက်နှာကို ခဏခဏမြင်နေရလျှင် သူပဲ ပိုခံစားရမည်။

" အလည်လာတာပေါ့ ဉာဏ် "

ဉာဏ်က အဖေဖြစ်သူကိုမေးပေမဲ့ ပြန်ဖြေတာက သား။ ယံယံကတော့ ဘာမှမပြောဘဲ သားဖြစ်သူကိုကြည့်ပြီး ပြုံးစိစိလုပ်နေသည်။

" ဘာ ဉာဏ်လဲ မင်းက "

" နာမည်က ဉာဏ်ဆို ...အာ့မို့ သားသားက ဉာဏ်လို့ ခေါ်တာလေ ... ပါပါးလဲ ဒီလိုခေါ်တာကို "

" မင်းအဖေနဲ့ငါနဲ့ရွယ်တူ ...မလေးမစား မလုပ်နဲ့ .... ကလေးကို သင်မထားဘူးလား ပိုင်ဇေယံ "

" ဒီကောင်က ငါပြောရင် ရမယ်ထင်လို့လား "

ဖအေဖြစ်သူကို မကြည်တာနှင့် Danielကိုပါ ဉာဏ်ငေါက်ပစ်လိုက်သည်။

" အဲဒါဆိုလဲ ဒယ်ဒီလို့ခေါ်မယ် "

" ဘာ "

Danielဆီကစကားကြောင့် ယံယံနှင့်သူ တစ်ယောက်ကိုတစ်ယောက် မျက်လုံးအပြူးသားနဲ့ ကြည့်မိသွား၏ ။ ပြီးတော့ ယံယံက တဟားဟား အော််ရယ်တော့သည်။

" ငါ သင်ထားတာ မဟုတ်ဘူးနော် ....သူ့ဟာသူ ပြောတာ "

တကယ်လည်း ယံယံ Danielကို ဘာမှမှာမထားပါ။

" ဘာဒယ်ဒီလဲ ..မခေါ်နဲ့ ....ငါက မင်းအဖေမှမဟုတ်တာ "

" ခေါ်မှာပဲ ...သားသားတို့ကျောင်းက Eishan ဆိုလဲ ပါပါးရော ဒယ်ဒီရော အဖေနှစ်ယောက်ရှိတာ "

Daniel က international preschool တစ်ခုမှာ တက်နေသည့်ကလေးမို့ သူငယ်ချင်းတွေလည်းရှိပြီး သူ့သူငယ်ချင်းတွေအကြောင်းလည်း အမြဲပြန်ပြောတတ်သည်။ Eishanကို ယံယံသိသလို Eishan ရဲ့အဖေနှစ်ယောက်ကိုလည်း တစ်ခါတစ်လေ သူ Danielကို ကျောင်းပို့ကျောင်းကြိုလုပ်တိုင်း အမြဲတွေ့တတ်၏။ တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာနှင့် ဘယ်တော့မဆို ပြုံးရယ်နေကြပြီး နှစ်ယောက်တွဲ ကျောင်းလာကြိုကြသော ၊ သူနှင့် အသက်မတိမ်းမယိမ်းအရွယ် အမျိုးသားနှစ်ယောက်ကိုမြင်တိုင်းယံယံ ငေးကြည့်ပြီး ပြုံးမိသည်။ ပြီးတော့ တစ်ချိန်တည်းမှာပဲ သူ့နှလုံးသားကတော့ လွမ်းဆွတ်နာကျင်လာရစမြဲ ။

" ဘာနေနေ မခေါ်နဲ့ "

" Come on, Daddy
Don't be serious "

ကလေးနှင့်ပြိုင်ပြီး စိတ်ဆိုးနေသူနှင့် အင်္ဂလိပ်လိုပါပြောပြီး ဉာဏ့်ကို ပညာပြနေသော သူ့သားကို ကြည့်ကာ ယံယံကတော့ ရယ်ပဲရယ်နေမိသည်။

" အထဲဝင်မယ်နော် ဒယ်ဒီ
မတ်တပ်ရပ်နေရတာ ကြာပြီလေ "

ချယ်ရီဘူးကို လက်ကကိုင်ပြီး ပြောပြောဆိုဆို ဝင်ချသွားသော ဆရာသမားလေးကိုကြည့်၍ ဉာဏ် ရယ်ရခက်ငိုရခက်ဖြစ်နေပြီ။

" မင်းက ဘာလို့ရယ်နေတာလဲ ...ကိုယ့်သားကိုယ်မပြောဘဲနဲ့ "

" ငါပြောရင်လဲ မရပါဘူးဆို "

" ဘာဖြစ်ဖြစ် ငါ့ကို အဲ့လိုမခေါ်ခိုင်းနဲ့လေ ...မကောင်းဘူး "

ယံယံ သက်ပြင်းချပြီး  သူ့ကို အခုထိ ပေးမဝင်ဘဲ အပေါက်ဝကနေ ပိတ်ရပ်ထားသူကို သည်တိုင်းကြည့်နေမိသည်။ Danielကတော့ သူ့အရပ်လေးနှင့် တိုးဝင်သွားပြီး အခန်းထဲမှာ ဖိနပ်တွေရောချွတ်နေပြီ။

" သူ အဲ့လိုခေါ်တိုင်း မင်း သူ့အဖေ တကယ်ဖြစ်မသွားပါဘူး ဉာဏ်လင်းထင်ရာ "

" မင့်မိန်းမရှေ့ကျ ဘယ်လိုလုပ်ကောင်းမှာလဲ ပိုင်ဇေယံ"

ဉာဏ် အဲဒါကို ထည့်မပြောချင်ပေမဲ့ ပြောမှဖြစ်တော့မည်။ နောက်ပြီး သူတို့ တစ်ယောက်ကိုတစ်ယောက် မျက်နှာမလွှဲဘဲ အကြည့်ချင်းအားပြိုင်နေမိကြသည်။ ဉာဏ့်အကြည့်တွေမှာ အလိုမကျမှုတွေနှင့် ဒေါသတွေပါနေပြီး ယံယံ့ မျက်ဝန်းတွေမှာတော့ စိတ်ညစ်သွားသည့် အရိပ်အယောင်တွေအပြည့်။ ထို့နောက် ယံယံ့ဘက်ကပဲ စပြီးစိတ်လျှော့လိုက်ပါသည်။

" ငါ့မိန်းမမှ မင်းရှေ့မရှိတာ ဉာဏ်ရာ "

" ဘာနေနေလေ ပိုင်ဇေယံ... တစ်ချိန်ချိန်ဆုံရင် ဘယ်လိုလုပ်မလဲ "

" ငါ့မိန်းမနဲ့ မင်းနဲ့ ဘယ်တော့မှမတွေ့စေရဘူးကွာ ...စိတ်ချ "

" ငါကလဲ မတွေ့ချင်ပါဘူး "

အသက်သုံးဆယ်ကျော်တာတောင် ကလေးကြီးလို စိတ်ဆိုးနေသော ဉာဏ့်ကိုကြည့်ပြီး ယံယံ စိတ်ပျက်လက်ပျက် ခေါင်းရမ်းမိသည်။ ထိုအချိန်မှာပဲ

" ဟာ....ဒီမှာ ဂီတာတွေ အများကြီးပဲ ....ဒယ်ဒီ သားသား ဂီတာတီးချင်တယ် ....ဂီတာတီးမယ် "

ဉာဏ့်အိပ်ခန်းတွေပါ လျှာလျှာရှည်ရှည်ဖွင့်ဝင်ပြီး နံရံမှာ ချိတ်ထားသည့် ဂီတာတွေကို မမှီ့တမှီဖြင့် လှမ်းဆွဲဖြုတ်နေသော Danielကြောင့် ယံယံနှင့်ဆက်ရန်မဖြစ်နိုင်တော့ဘဲ Danielဆီ ဉာဏ်ပြေးသွားရတော့သည်။

" ဟိတ်ကောင် ...မဆွဲနဲ့ ...ငါ့ဂီတာ ပြုတ်ကျရင် မင်းတို့သားအဖနှစ်ယောက်စလုံးကို ရိုက်သတ်ပစ်မယ် "

" ဒီဂီတာလောက်ကတော့ ပါပါးက လျော်နိုင်ပါတယ်နော် ... သားသားပါပါးမှာ ပိုက်ဆံတွေ များကြီးရှိတယ် "

" အဲ့ဒါဆိုလဲ မင့်ပါပါး မင်းဝယ်ခိုင်း "

ဉာဏ် ဘယ်လောက်ပြောပြော မရပါ။ Danielက ဂီတာတွေ တစ်လက်ပြီးတစ်လက် လိုက်ဆွဲနေသည်။ ဉာဏ်က ဆွဲလုလိုက် Danielက နောက်တစ်ခုဆီ ပြေးသွားလိုက်နှင့် ဉာဏ့်ကိုပြောင်နေသလို တခစ်ခစ်ရယ်သေး၏။

" မင်းတို့သားအဖ ငါ့ကို သက်သက်မဲ့ အလုပ်လာရှုပ်နေကြတာလား ... ပြန်ကြပါတော့ကွာ "

" ပြန်ပါဘူး ...ဒယ်ဒီ သားသားကို ဂီတာတီး သင်ပေးပါလား .... နော်... please  "

ဉာဏ့်ခြေထောက်ကို ဆွဲဖက်ပြီး ဉာဏ့်ကိုမော့ကြည့်ကာ ပြောနေသော Danielက တကယ်တော့ ကောက်ပွေ့ထားချင်စရာကောင်းလောက်အောင် ချစ်စရာကောင်းလွန်းပါသည်။ ယံယံ့ကြောင့် ထပ်မခံစားချင်တော့လို့သာ  ဒီကလေးကို ငြင်းဆန်နေရပေမဲ့ညဒယ်ဒီဆိုသည့် ခေါ်သံကြားတိုင်း စိတ်ထဲမှာမရိုးမရွတွေ ဖြစ်ဖြစ်သွားတာတော့အမှန် ။

" မင်း ငယ်ငယ်လေးပဲရှိသေးတယ် .... ဒါတွေ မတီးနိုင်ဘူး ... လက်တွေအနာဖြစ်ကုန်လိမ့်မယ် "

" ဒါဆို သားသားကြီးလာရင် သင်ပေးနော် ဒယ်ဒီ "

ဉာဏ် ဘာပြောရမှန်းမသိတော့ဘဲ စိတ်ရှုပ်ရှုပ်နှင့် ခေါင်းသာကုတ်နေမိသည်။ Danielက သူ့ခြေထောက်ကို ဖက်ထားရာကနေလွှတ်ပြီး လက်သေးသေးလေးဖြင့် သူ့လက်ဖဝါးကိုဆုပ်ကိုင်လာသည်။ သူ့ကိုမော့ကြည့်ရင်းလည်း ပြုံးပြသေး၏။ ပြီးတော့

" အခုတော့ ဒယ်ဒီ တီးပြ "

ယံယံ ဘာမှဝင်မပြောဘဲ ဉာဏ်နှင့်သူ့သားကိုပဲ ပွဲကြည့်ပရိတ်သတ်လုပ်နေလိုက်သည်။ Danielက နှစ်နှစ်သုံးနှစ်အရွယ်ကတည်းက အရုပ်တွေ အစုံရှိသည့်အထဲက ဂီတာတို့ ကီးဘုတ်တို့လိုအရုပ်တွေကိုသာ ပိုပြီးစိတ်ဝင်စား၏။ သေနတ်တို့ဘောလုံးတို့ ဆော့လေ့မရှိ။ အိပ်ခါနီးဆိုလည်း သီချင်းဖွင့်ပေးရ‌သည်။ musicကို သဘောကျသည့် သူ့သားက ဉာဏ့်ဂီတာတွေကိုမြင်ပြီး ဉာဏ့်ကို တွယ်ကပ်တော့မည်ဆိုတာ ယံယံ သိနေပါပြီ။ အခုကို လက်မလွှတ်တော့ ။ သူ ဉာဏ့်ကို အားတောင်နာလာသည်။

" ပြန်ကြစို့ Daniel... ပါပါးတို့ ဒီလောက်ပဲ နှောင့်ယှက်ရအောင် "

" ဟင့်... ပြန်ချင်သေးဘူး ....ဒယ်ဒီ ဂီတာတီးပြတာ ကြည့်ဦးမှာ "

" မင်း ဒီနေ့ ရေခဲမုန့်စားရမဲ့နေ့လေ "

" စားတော့ဘူး ...နက်ဖြန်မှစားတော့မယ် "

အကြိုက်ဆုံး ရေခဲမုန့်ကိုတောင် ငြင်းပြီး ဉာဏ့်လက်ကိုပဲဆွဲထားသော သားဖြစ်သူကို ယံယံ ဘယ်လိုလုပ်ရမှန်းမသိတော့ပါ ။ သို့သော်လည်း

" ဘာသီချင်းတီးပြရမှာလဲ "

ယံယံ ထင်မထားသည့် စကားတစ်ခွန်း ။ ဉာဏ်က သူ့သားကို တီးပြမည်တဲ့လေ ။

" ဘာနေနေ ဒယ်ဒီ ကြိုက်တာတီး .... သားသား နားထောင်မယ် "

ဉာဏ်က ဂီတာတီးပြမည်ဆိုသဖြင့် ပျော်နေသော Daniel လေးကိုကြည့်ပြီး  ဉာဏ့်စိတ်ထဲမှာ အေးချမ်းလာရသည်။ ရှေ့ကတစ်ယောက်ကို ကြည့်မိရင်သာ နေရခက်ခက်သွား၏။

ထို့နောက် ဉာဏ် အကြိုက်ဆုံး သီချင်းတွေထဲက တစ်ပုဒ်လည်းဖြစ် ကလေးနှင့်လည်း သင့်တော်သော သီချင်းတစ်ပုဒ်ကို ရွေးပြီး ဂီတာတီးရင်း ဆိုဖြစ်သည်။

♪ When I was just a little boy
I asked my mother, what will I be
Will I be handsome? Will I be rich?
Here's what she said to me  ♪

ဆယ်နှစ်အကြာမှ သူ့ရှေ့မှာ ဂီတာတီးပြီး သီချင်းဆိုနေသော ဉာဏ့်ကို ပြန်မြင်ရတာ ယံယံ အိပ်မက်မက်သလို ခံစားနေရပြီး ရင်ထဲမှာလည်း အမည်တပ်လို့မရသည့် ခံစားချက်တစ်မျိုး ဖြစ်နေသည်။

အရင်လို ဉာဏ်သီချင်းဆိုပြတာ သူ့ကိုမဟုတ်တော့။
အရင်လို သူ့ကို ဆိုပြနေကြသီချင်းလည်း မဟုတ်တော့။
အရင်လိုလည်း ဂီတာတီးရင်း သူ့ကိုကြည့်မနေတော့။
သူတို့နှစ်ယောက်ကြားမှာလည်း အရင်လို မဟုတ်တော့ပါ ။ အသက်အရွယ်တွေ ၊ အခြေအနေတွေ အားလုံးပြောင်းလဲသွားခဲ့ပြီ။

ဒါပေမဲ့ ဉာဏ်သီချင်းဆိုပြီး ဂီတာတီးနေတာကို ကြည့်ရတာ ယံယံအရင်လိုပဲ  သဘောကျဆဲပါ။ နောက်ပြီး ကြည့်နေရင်း မျက်ရည်တွေဝဲလာသဖြင့် ခဏထကာ မျက်နှာလွှဲမိသည်။ Daniel ကတော့ သူ့တုန်းကလိုပဲ ဉာဏ့်ဘေးမှာ သေချာထိုင်ပြီး ‌နားထောင်နေ၏။

♪ Qué será, será
Whatever will be, will be
The future's not ours to see
Qué será, será
What will be, will be ♪

ဉာဏ်သီချင်းကို အဆုံးသတ်လိုက်သည့်အခါ ဘေးမှာ သဘောတကျ ထိုင်နားထောင်နေသော Danielက ထပြီး ဉာဏ့်ကိုဖက်လာသည်။ ဒီကလေးသေးသေးလေးရဲ့ ပွေ့ဖက်မှုလေးက ဉာဏ့်ရင်ထဲကို လှုပ်ခတ်သွားသလို ဝမ်းနည်းဝမ်းသာကို တပြိုင်နက်တည်းခံစားရ၏။

သို့သော်လည်း သူ သံယောဇဉ်တွယ်လို့မဖြစ်ဘူးဆိုသည့် အသိက ခေါင်းထဲကိုချက်ချင်းဝင်လာတာမို့ သူ့ကိုဖက်ထားသော Daniel ရဲ့ကိုယ်လုံးလေးကို အသာလေးဆွဲခွာမိသည်။

" သွားရအောင် Daniel... မင်း ဆန္ဒပြည့်ပြီမလား... ဉာဏ့်ကို မနှောင့်ယှက်တော့နဲ့ "

ဒီတစ်ခါတော့ ယံယံစကားကို သူ့သားကနားထောင်ပါသည်။

" နောက်တစ်ပတ်ကျ ထပ်လာခဲ့မယ်နော် ဒယ်ဒီ "

ဉာဏ် ခေါင်းလည်းမညိတ်မိသလို ခေါင်းလည်းမခါမိပါ။ မလာနှင့်ဟုလည်း ကလေးတစ်ယောက်ကို သူ မပြောရက်တာလား။ ဒါမှမဟုတ် သူကိုယ်တိုင်က လာစေချင်လို့လား။ ဘာပဲဖြစ်ဖြစ် ခုနက သူဆိုပြခဲ့သည့် သီချင်းထဲကလို ဖြစ်လာမည့်အရာတွေက ဖြစ်ကိုလာမှာပဲ မဟုတ်လား ။

" Daniel ဖိနပ်သွားစီးတော့ "

Daniel သူတို့ဘေးကထွက်သွားတော့ သူ့ကိုမကြည့်ဘဲ သိသိသာသာ ရှောင်လွှဲနေသူကို ယံယံ စကားစလိုက်၏။

" သွားတော့မယ်နော် ဉာဏ် ...နောက်မှတွေ့မယ် "

" မင်း ဘာလို့ ဒီလိုလုပ်နေတာလဲ ပိုင်ဇေယံ "

" ဘာကိုလဲ "

မသိချင်‌ယောင်ဆောင်နေသူကို သိအောင် ဉာဏ် ပွင့်ပွင့်လင်းလင်း ပြောမှရတော့မည် ။

" ငါပြောချင်တာ မင်းသိမယ်လို့ထင်တာ ...မသိတော့လဲ သိအောင်ပြောရတာပေါ့... မင်း ဘာဖြစ်လို့ ငါ့အိမ်လာခဲ့တာလဲ..... ဟိုနေ့ကတွေ့ကတည်းက ဘာလို့ ငါတို့ကြားမှာ ဘာမှမဖြစ်ထားသလို ဟန်ဆောင်နေတာလဲ "

" နှစ်တွေကြာခဲ့ပြီ ဉာဏ် "

" နှစ်တွေကြာတာနဲ့ ဖြစ်ခဲ့သမျှကိစ္စတွေက မေ့ပျောက်သွားရမှာလား ..... မင်း အဲ့လိုနေနိုင်ပေမဲ့ ငါမနေနိုင်ဘူးပိုင်ဇေ ... ကျေးဇူးပြုပြီး ငါ့ကို ဒီလောက်နဲ့ လွှတ်ပေးပါတော့ ... ငါ မင်းနဲ့ထပ်မတွေ့ချင်တော့ဘူး "

" ဉာဏ် ... "

သူတို့နှစ်ယောက်စလုံးရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေနှင့် ။ ဘယ်သူမှတော့ မငိုမိကြပါ ။

ထို့နောက် ဉာဏ့်ရှေ့ကို ယံယံက ခြေတစ်လှမ်းတိုးလာကာ

" ဉာဏ် ... ငါ မင်းကို တစ်ခါလောက် ဖက်ထားလို့ရမလား "

မဖြစ်နိုင်ပါ။ ပြီးရင် ဉာဏ် ရူးသွားလိမ့်မည်။ ယံယံက ရှေ့တိုးလာပေမဲ့ ဉာဏ်ကတော့ နောက်ဆုတ်မိ၏။

" မလုပ်နဲ့ ပိုင်ဇေယံ ...မင်း ငါ့ကို မထိနဲ့ "

" အိုခေ ... အိုခေ.... နောက်ထပ်မဆုတ်ပါတော့နဲ့ ... ငါ မင်းကို မဖက်တော့ပါဘူး "

ယံယံ ရှေ့ဆက်မတိုးတာ သေချာမှ ဉာဏ်လည်း ခြေလှမ်းတွေကို နောက်ဆုတ်တာ ရပ်လိုက်သည်။

သို့သော်လည်း ယံယံက မပြန်ခင်မှာ စကားတစ်ခွန်းထပ်ပြောသွားပါသေးသည်။

" ငါ မင်းနဲ့ သူငယ်ချင်းပြန်ဖြစ်ချင်တယ် ဉာဏ်" တဲ့ ။

#PoPoPhoenix

*
*
*
*
*

( Zgi )

" ဉာဏ္... မင္း ျပန္ေရာက္ေနတာလား "

႐ုတ္တရက္ ေရွ႕မွာ ျမင္လိုက္ရေသာ လူတစ္ေယာက္ေၾကာင့္ ယံယံ ေျပာလက္စဖုန္းကိုပင္ ဆက္မေျပာႏိုင္ေတာ့ပါ။

ဆယ္ႏွစ္ေလာက္ မေတြ႕ခဲ့ရသည့္လူဆိုေပမဲ့ ယံယံ့ဘဝမွာ မမွတ္မိႏိုင္စရာအေၾကာင္း မရွိသည့္လူ။ နဂိုကတည္းက ျဖဴသည့္အသားအေရက အခုပိုၿပီးေတာ့ေတာင္ ျဖဴလာသလိုထင္ရသည္။ ဆံပင္ပုံ ေျပာင္းလဲသြားသလို အဝတ္အစားကလည္း အနည္းငယ္လူႀကီးဆန္ေန၏။ ခႏၶာကိုယ္က ပိုၿပီးၾကည့္ေကာင္းလာေပမဲ့ မ်က္ႏွာမွာေတာ့ အၿပဳံးခ်ိဳခ်ိဳေလးမရွိေတာ့။

ဘာေတြဘယ္လိုေျပာင္းလဲသြားပါေစ ။ဒီလူက တစ္ခ်ိန္က သူ႔ရဲ႕ ဉာဏ္လင္းထင္ ပါပဲ။ သူ႔ကိုျမင္တာႏွင့္ ခ်က္ခ်င္းလွည့္ထြက္ဖို႔ ျပင္လိုက္တဲ့အထိ ျဖစ္သြားသည့္မ်က္ႏွာေပၚက နာက်င္မႈ အရိပ္အေယာင္ေတြကိုေတာ့ ယံယံ ေကာင္းေကာင္းဖတ္လိုက္မိပါသည္။

" ဟာ...ေရခဲမုန႔္က သားသားကိုေပးေလ "

ေရွ႕ဆင့္ေနာက္ဆင့္ ထြက္လာေသာ စကားႏွစ္ခြန္းေၾကာင့္ ဉာဏ့္ေျခလွမ္းေတြ ေရွ႕မဆက္ျဖစ္ေတာ့ပါ။ ဘယ္ေလာက္ပဲ နာက်င္ရပါေစ။ သူက အသက္ႏွစ္ဆယ္အ႐ြယ္ တကၠသိုလ္ေက်ာင္းသားေလးမွ မဟုတ္ေတာ့ဘဲ။ အၿမဲတမ္း ထြက္ေျပးေနလို႔ မျဖစ္ေတာ့ဘူး မဟုတ္လား ။

" အင္း ... တစ္လေလာက္ရွိၿပီ "

ယံယံေမးတာကိုေျဖရင္း လက္ထဲမွာကိုင္ထားသည့္ေရခဲမုန႔္ကို ေပးေတာ့ ကေလးငယ္ေလးက ခ်စ္ဖို႔ေကာင္းေအာင္ ၿပဳံးျပလာသည္။

" ဒီမွာပဲေနေတာ့မွာလား ...ျပန္သြားဦးမွာလား "

" ျပန္မွာပါ ...ေလာေလာဆယ္ေတာ့ ဒီမွာ ေနဦးမွာ "

တကယ္ဆို ဉာဏ္အၿပီးျပန္လာခဲ့တာ။ ဒါေပမဲ့ သည္အေၾကာင္း ယံယံ့ကို မသိေစခ်င္ပါ။

" ဪ ... ဟိုမွာ အဆင္ေျပလား ...အစစအရာရာေပါ့ "

" ေျပပါတယ္ ...ေနေကာင္းၾကလား အန္တီတို႔ေရာ "

" ေကာင္းတယ္ ...အခုေတာင္ သူတို႔ဆီသြားမလို႔... ငါတို႔က သက္သက္ခြဲေနတာ "

" ဟုတ္လား ... ဒါနဲ႔ မင့္သားက ေတာ္ေတာ္လည္တာပဲေနာ္ .. ခ်စ္စရာေလး "

ဉာဏ္ ေျပာမွ သားႏွင့္မိတ္ဆက္ေပးဖို႔ ယံယံသတိရသြားသည္။

" Daniel..ႏႈတ္ဆက္လိုက္ ... ဒါ ပါပါးသူငယ္ခ်င္း "

သူငယ္ခ်င္းဆိုတဲ့ ေနရာမွာ ဉာဏ့္ႏွလုံးသားကေတာ့ မ်က္ခနဲ နာက်င္သြားရသည္။ မမွားဘူးဆိုေပမဲ့ေပါ့ ။

" မဂၤလာပါ ဉာဏ္ "

Danielက သိပ္ဉာဏ္ေကာင္းသည္။  နာမည္မေျပာရဘဲ ခုနက ယံယံေခၚလိုက္တာ ၾကား႐ုံႏွင့္ တစ္ခါတည္းမွတ္မိသည္။

" ဟာ ...အဲ့လိုမေခၚရဘူးေလ... ဦးဦးလို႔ေခၚရတယ္ "

" ေခၚပါဘူး ....သူ႔နာမည္က ဉာဏ္ဥစၥာ "

" Daniel ကေတာ့ လုပ္ၿပီ ... ဉာဏ္က မင္းကို ေရခဲမုန႔္ဝယ္ေကြၽးထားတာမို႔လား .... ေက်းဇူးတင္ပါတယ္ေျပာလိုက္ဦး "

" ဝယ္ေကြၽးတာ ဟုတ္ပါဘူး ...အေလ်ာ္ေပးတာ "

ဉာဏ့္ကို ဦးဦးလို႔လည္း မေခၚသည့္အျပင္ ေက်းဇူးတင္စကားလည္း မေျပာေသာ လူလည္ေလးကိုၾကည့္ၿပီး ဉာဏ္ နည္းနည္းေတာ့ ၿပဳံးမိသည္။ ယံယံ့သားက ယံယံငယ္ငယ္ကလို ဂ်စ္ကန္ကန္ေလး ။

" မင္း အခုအိမ္ျပန္ေတာ့မွာလား ဉာဏ္ "

" အင္း... ျပန္ေတာ့မွာ "

" ကားပါသလား ....မပါရင္ ငါတို႔နဲ႔အတူ လိုက္ခဲ့ေလ "

ယံယံက ဉာဏ့္ကို အရင္အိမ္မွာပဲေနတယ္ ထင္၍ ေမးျခင္းပင္ ။

" ပါတယ္ ... မလိုက္ေတာ့ဘူး ... ငါ အဲ့ဒီမွာ ေနတာမဟုတ္ဘူး "

" ဪ... ဒါနဲ႔ မင္း အခ်ိန္ရရင္ ငါတို႔တစ္ခုခု သြားစားၾကမလား "

သူတို႔ႏွစ္ေယာက္ၾကားမွာ ဘာမွမျဖစ္ခဲ့သလို၊ ေဝးကြာေနသည့္ သူငယ္ခ်င္းႏွစ္ေယာက္ အခုမွျပန္ေတြ႕ရသလို ယံယံက သေဘာထားၿပီး ေျပာဆိုေနတာလား မသိေပမဲ့ ဉာဏ္ အဲ့ေလာက္ထိေတာ့ ယံယံ့ေရွ႕မွာ ၾကာၾကာဟန္ေဆာင္မေနႏိုင္ပါ။ ထို႔ေၾကာင့္ ယံယံဖိတ္ေခၚတာကို လက္မခံျဖစ္။

" ေနာက္တစ္ခါေတြ႕မွ သြားၾကတာေပါ့ ... ငါ ဒီေန႔ လုပ္စရာေလးရွိေသးလို႔ "

ေနာက္တစ္ခါ မေတြ႕ေအာင္ေတာ့ ဉာဏ္ ႀကိဳးစားရေတာ့မည္။

" မင္း ဘယ္မွာေနတာလဲ ... ငါ့ကိုလိပ္စာေပးခဲ့ေလ "

ေရခဲမုန႔္စား‌ေနသည့္ Danielကိုေအာက္ခ်ၿပီး ယံယံက သူ႔လိပ္စာကဒ္ကိုလည္း ထုတ္ေပးလာပါသည္။ ဉာဏ္ ဝတ္ေက်တန္းေက် ယူထားလိုက္ရေပမဲ့ သြားျဖစ္မွာေတာ့ မဟုတ္ပါ။

" ငါ လိပ္စာကဒ္ မပါခဲ့ဘူး "

ဉာဏ္ မေပးခ်င္လို႔ တမင္သက္သက္ ေျပာျခင္းျဖစ္ေၾကာင္း ယံယံက ရိပ္မိပုံရပါသည္။ ေနာက္ထပ္မေမးေတာ့ပါ။

" ဪ...အဲဒါဆိုလဲ မင္းအခ်ိန္ရတဲ့ေန႔က် ငါ့အိမ္လာခဲ့ေနာ္ ... ဖုန္းေတာ့ႀကိဳဆက္ဦး ... အရင္ကနံပါတ္ပဲ.... ၾကာၿပီဆိုေတာ့ မင္းမွတ္မိမွာ မဟုတ္ေတာ့ဘူး... ကဒ္ထဲမွာ ဖုန္းနံပါတ္လဲပါတယ္ "

ယံယံ့အိမ္သြားၿပီး ယံယံတို႔မိသားစုႏွင့္ ဉာဏ္ ထမင္းလက္စုံစားရမွာလား။ သားႏွင့္မိတ္ဆက္ေပးၿပီးလို႔ ဉာဏ့္ကို ေနာက္ထပ္ မိန္းမႏွင့္ပါ မိတ္ဆက္ေပးဦးမလို႔လား။ သည္ေလာက္အထိေတာ့ သူ႔အေပၚကို မလုပ္သင့္ဘူးမလား။

ယံယံ့ကို ပိုင္ဆိုင္ခြင့္ရသြားသည့္မိန္းကေလးက ဘယ္သူျဖစ္မလဲ။ အဲသည္ေန႔က သူတို႔အခန္းထဲကေန ေျပးထြက္သြားသည့္ မိန္းကေလးပဲလား။ ဘယ္သူပဲျဖစ္ျဖစ္ ဉာဏ္ တကယ္မသိခ်င္ပါ။ ေတြ႕လည္းမေတြ႕ခ်င္ပါ။

အခုေတာင္ ဉာဏ့္ရင္ဘတ္က အနာေဟာင္းက ေနာက္တစ္ႀကိမ္ ေသြးျပန္ထြက္ခ်င္ေနၿပီေလ။

" အင္းပါ ... တစ္ရက္ရက္ေပါ့ "

ဖုန္းနံပါတ္ကို ဆယ္ႏွစ္ၾကာေတာင္ မွတ္မိေနတုန္းပဲဆိုတာေတာ့ ဉာဏ္ မေျပာျဖစ္ပါ။

" ငါ သြားေတာ့မယ္ေနာ္ ... သြားၿပီ Daniel "

" Bye-bye ဉာဏ္ "

ဉာဏ့္ကို နာမည္ပဲ ေခၚေနေသာ Danielကို လက္ျပၿပီး ယံယံ့ကို ေခါင္းညိတ္ႏႈတ္ဆက္ကာ သူတို႔သားအဖထက္အရင္ ဉာဏ္ထြက္လာခဲ့ေတာ့သည္။

' ဒီတစ္ခါေတာ့ ငါ မင္းကို ႏႈတ္ဆက္ၿပီးမွ ေက်ာခိုင္းခဲ့တာပါ '

အိမ္ျပန္လမ္းတစ္ေလွ်ာက္လုံး ဉာဏ္ ကားေမာင္းရင္း မ်က္ရည္ေတြက်ေနတာ တားမရဆီးမရ။

သူ အရင္လို ျပန္မျဖစ္ခ်င္ေတာ့ပါ။

စာအုပ္တစ္အုပ္ထဲမွာ ဉာဏ္ ဖတ္ခဲ့ဖူးသည္။အသည္းဆိုတာ ကြဲဖို႔ပဲတဲ့။ အခ်စ္ကိုခံစားတတ္တဲ့သူဟာ နာက်င္မႈကိုလည္း ခံစားရမွာပဲတဲ့။ သူ နာလည္းနာက်င္ခဲ့ရၿပီးၿပီ။ အသည္းလည္းကြဲခဲ့ၿပီးၿပီ။

ကေနဒါမွာ ေျခာက္လေလာက္ ဉာဏ္ ဘာမွမလုပ္ဘဲ အရက္ေတြခ်ည္းေသာက္ၿပီး ေပေတေနခဲ့ဖူးသည္။ အထီးက်န္ရင္း ၊ အရက္ေသာက္ရင္း၊ ငိုရင္းျဖင့္ တစ္ေရးမွမအိပ္ခဲ့သည့္ ညေပါင္းမ်ားစြာလည္းရွိ၏။  တျဖည္းျဖည္းႏွင့္ သူ႔စိတ္ေတြသူ မထိန္းခ်ဳပ္ႏိုင္ေတာ့။ အရာရာကို လြယ္လြယ္ေလး ေဒါသျဖစ္တတ္လာသည္။ ေပါက္ကြဲတတ္လာသည္။ က်ိဳးေၾကာင္းဆင္ျခင္ႏိုင္စြမ္းေတြ နည္းကုန္၏။

ၾကာလာေတာ့ ဉာဏ့္အစ္ကိုဝမ္းကြဲက ဉာဏ့္ကို ဒီတိုင္းလႊတ္မထားေတာ့ပါ ။ Therapist တစ္ေယာက္ဆီေခၚသြားၿပီး Counseling ယူခိုင္းခဲ့သည္။ အဲဒီတုန္းကသာ သူ႔အစ္ကိုစကားကို သူျငင္းဆန္ၿပီး ဆက္ေပေတနဲ႔ခဲ့လွ်င္ အခုခ်ိန္ ဉာဏ္အသက္ရွင္ပါဦးမလားေတာင္ မသိပါ။

Therapist ရဲ႕အကူအညီနဲ႔ သူ႔စိတ္ေတြ ျပန္တည္ၿငိမ္လာခဲ့သည္။ ခံစားခ်က္ေတြေနာက္ မလိုက္ဘဲ သူ႔ကိုယ္သူ ျပန္ထိန္းခ်ဳပ္ႏိုင္လာခဲ့၏။ ေနာက္ေတာ့ ကေနဒါမွာပဲ ေက်ာင္းျပန္တက္ၿပီး သူ႔ဘဝသူ ျပန္တည္ေဆာက္ႏိုင္ခဲ့သည္။ လိုအပ္လာတိုင္းေတာ့ Therapistဆီ သြားၿမဲ။ တိုင္ပင္ျဖစ္ၿမဲ။ Therapistက ကေနဒါမွာ ဉာဏ့္အတြက္ အရင္းႏွီးဆုံးမိတ္ေဆြတစ္ေယာက္လို႔ေတာင္ ေျပာရမည္။ မျပန္ခင္က သြားႏႈတ္ဆက္ခဲ့ေတာ့ ေနာက္လည္းအလည္လာဖို႔ႏွင့္ အကူအညီလိုတိုင္း အၿမဲဆက္သြယ္ဖို႔ ဉာဏ့္ကိုမွာလိုက္ေသး၏။

ကားေပၚမွာကတည္းက တားမရေအာင္ က်ခဲ့ေသာမ်က္ရည္ေတြကို အိမ္ေရာက္တာႏွင့္ ဖြင့္ခ်ၿပီး ဉာဏ္ တစ္ေယာက္တည္း နင့္နင့္သည္းသည္း ငိုေႂကြးမိသည္။ သူ ဒီနာက်င္မႈေတြကေန လြတ္ေျမာက္ခ်င္ပါၿပီ။ ယံယံႏွင့္ ပတ္သက္ခဲ့သမွ်အားလုံးကို လႊတ္ခ်ႏိုင္ခ်င္ၿပီ။

လႊတ္ခ်မွလည္း ရေတာ့မည္မဟုတ္လား။

ကိုယ္နဲ႔ဘယ္လိုမွ သက္ဆိုင္ျခင္းမရွိေတာ့သည့္ လူတစ္ေယာက္အတြက္ သူဆက္ၿပီးခံစားေနဖို႔ မသင့္ေတာ့ဘူးေလ။

' မင္းဆီကေန ငါ့ကိုလြတ္ေျမာက္ခြင့္ေပးပါေတာ့ ယံယံ '

******

ေနာက္တစ္ပတ္မွာေတာ့ ဉာဏ္ သူ႔မိဘေတြႏွင့္ မိတ္ေဆြတစ္ေယာက္ရဲ႕ မဂၤလာပြဲတစ္ခုကို လိုက္သြားရသည္။ သူ႔အလွည့္ဘယ္ေတာ့လဲဆိုသည့္ေမးခြန္းေတြ၊ ရည္႐ြယ္ထားတဲ့သူမရွိေသးလွ်င္ လူႀကီးခ်င္းသေဘာတူၿပီး ေစ့စပ္ေပးၾကရေအာင္ဆိုၿပီး သူ႔မိဘေတြကိုစသလိုလိုႏွင့္ လမ္းေၾကာင္းေပးေနသည့္စကားေတြကို ဆက္နားမေထာင္ခ်င္သျဖင့္ မဂၤလာခန္းမထဲကထြက္ခဲ့ၿပီး hotelဝင္းထဲက တစ္ေနရာမွာ ထိုင္ေနစဥ္ သူ႔ေရွ႕မွာအမွတ္မထင္ျဖတ္သြားေသာစုံတြဲတစ္တြဲက သူ႔ကိုေက်ာ္သြားၿပီးမွ သူ႔ဘက္ျပန္လွည့္လာ၏။

" ဉာဏ္ "

" ေခါင္ထြဋ္.... လဝန္း "

" ဟယ္ .... ဉာဏ္ ရယ္ ... နင္ ေနႏိုင္လိုက္တာ... ဒီေလာက္ထိ ငါတို႔ကို အဆက္အသြယ္ျဖတ္ထားရလားဟင္ ေကာင္စုတ္ရဲ႕.... ငါတို႔က နင့္သူငယ္ခ်င္းေတြ မဟုတ္ဘူးလား.... နင္ အသက္ရွင္ေနမွန္းေတာင္ မသိရဘူး... ငါတို႔ ဘယ္ေလာက္စိတ္ပူခဲ့ၾကရလဲသိရဲ႕လား "

လဝန္းကေတာ့ မိန္းကေလးပီပီ ဉာဏ့္လက္ေမာင္းကိုထု႐ိုက္ၿပီး ရန္ေတြလုပ္ကာ ငယ္သူငယ္ခ်င္းျဖစ္သူကိုဖက္ၿပီး ငိုပါေတာ့သည္။ လဝန္းငိုေတာ့ ဉာဏ္လည္း မ်က္ရည္က်ရ၏။ ေခါင္ထြဋ္ကလည္း ဉာဏ့္ကိုအၾကာႀကီး ဖက္ထားၿပီး " မင္းကြာ " ဟု တဖြဖြေျပာကာ မ်က္ရည္ေတြဝိုင္းလ်က္။

ေခါင္ထြဋ္တို႔ႏွစ္ေယာက္က လက္ထပ္ထားတာ ႏွစ္ႏွစ္ေလာက္ရွိၿပီတဲ့။ ငယ္သူငယ္ခ်င္းေတြကေန ခ်စ္သူေတြျဖစ္ၿပီး အခုေတာ့ ဘဝလက္တြဲေဖာ္ေတြပါ ျဖစ္သြားၾကေသာ သူငယ္ခ်င္းႏွစ္ေယာက္အတြက္ ဉာဏ္ေပ်ာ္ပါသည္။ သူ႔မွာသာ..... ဉာဏ္ ေနာက္ဆက္တြဲ ဝင္လာေတာ့မည့္ အေတြးေတြကို ေခါင္းထဲက အျမန္ဖယ္ထုတ္ပစ္လိုက္ရသည္။

ေခါင္ထြဋ္တို႔လင္မယားက သံစဥ္ႏွင့္ ေသာ္ဇင့္ကိုပါ လွမ္းေခၚေတာ့ ခ်က္ခ်င္းေရာက္လာၾကသည္။ သံစဥ္ကလည္း လဝန္းလိုပဲ ဉာဏ့္ကိုျမင္တာႏွင့္ ရန္ေတြေထာင္ၿပီး ငိုေနတာအၾကာႀကီး။ ဉာဏ္ မိဘေတြႏွင့္ ျပန္မလိုက္ဘဲ သူငယ္ခ်င္းေတြႏွင့္ ေနရစ္ၿပီး စကားေျပာလို႔ေကာင္းမည့္ဆိုင္တစ္ဆိုင္ကို သြားျဖစ္ၾကသည္။ အရင္လိုေတာ့ ယံယံ မပါဘူးေပါ့။

" ပိုင္ေဇနဲ႔ေရာ ေတြ႕ၿပီးၿပီလား "

" အင္း ... အရင္တစ္ပတ္က လမ္းမွာတစ္ခါေတြ႕တယ္ "

" ဘာျဖစ္မွန္းမသိရဘဲ နင္တို႔ႏွစ္ေယာက္စလုံး ၿပိဳင္တူေပ်ာက္သြားၾကေတာ့ ငါတို႔အားလုံး ပေဟဠိေတြနဲ႔ က်န္ခဲ့ၾကရတာ "

ယံယံကေရာ သူ႔လို ထြက္ေျပးခဲ့တာလား။ သူငယ္ခ်င္းေတြႏွင့္အတူ ဆက္ရွိေနမွာပဲလို႔ ထင္ခဲ့မိသည္။

" ေနာက္ ေျခာက္လေလာက္ေနေတာ့ ပိုင္ေဇက ျပန္ေရာက္လာတယ္ ... နင္ ကေနဒါကို ေျပာင္းသြားတယ္ဆိုတာ အဲဒီက်မွ သူေျပာလို႔ ငါတို႔က သိရတာ "

" သူလဲ လက္ေ႐ြးစင္အသင္းထဲဝင္ၿပီး ရန္ကုန္ေျပာင္းသြားတယ္ "

သူငယ္ခ်င္းေတြ ေျပာသမွ်ကို ဉာဏ္ကေတာ့ ၿငိမ္ၿငိမ္သက္သက္ ‌နားေထာင္ေန႐ုံသာ ။

" ပိုင္ေဇနဲ႔လဲ ငါတို႔သိပ္မေတြ႕ျဖစ္ပါဘူး ....ဒါေပမဲ့ မင္းထက္စာရင္ေတာ့ ေတြ႕ရတာေပါ့ ....မဟုတ္ေတာင္ ဒီေကာင္က ေဘာလုံးသမားဆိုေတာ့ ပြဲေတြမွာ သူ႔ကိုျမင္ေနရတာ ...မင္းသာ ေသလားရွင္လား မသိရတာ "

" အဲဒီတုန္းက နင္တို႔ ဘာျဖစ္မွန္းမသိေပမဲ့ အဆင္မေျပ ျဖစ္သြားၾကတယ္ဆိုတာေတာ့ ငါတို႔လဲ ရိပ္မိပါတယ္.... ပိုင္ေဇကလဲ နင္ ကေနဒါထြက္သြားၿပီဆိုတာကလြဲရင္ နင့္အေၾကာင္း သူဘာမွမသိဘူးလို႔ ေျပာတယ္.. ငါတို႔လဲ ထပ္မေမးေတာ့ဘူး ....ေသာ္ဇင္ ေျပာသလို သူနဲ႔လဲ သိပ္မေတြ႕ျဖစ္ဘူးေလ.... နင့္ထက္စာရင္ အသက္ရွင္ေနမွန္းသိေနရတာေလး ပိုတာပါပဲ "

သူငယ္ခ်င္းေတြႏွင့္ေတြ႕လွ်င္ ဒီအေၾကာင္းေတြ မျဖစ္မေန ၾကားရမယ္ဆိုတာ ဉာဏ္ သိၿပီးသားပါ။

" အဲဒီေကာင္ ဟိုတေလာက ေဘာလုံးသမားဘဝကေန အနားယူသြားတာ သိၿပီးၿပီလား... အဲ့ေနာက္ ငါနဲ႔တစ္ခါေတြ႕ေသးတယ္ ....ဘာလို႔ ဆက္မကန္ေတာ့တာလဲဆိုေတာ့ သူ႔ကိုအားေပးမယ့္သူမရွိလို႔တဲ့ ....မင္းကို အားေပးၾကတဲ့ပရိတ္သတ္ေတြ ဒီေလာက္ေပါတာဆိုေတာ့ အဲ့လိုပရိတ္သတ္ေျပာတာ မဟုတ္ဘူးတဲ့....အဲဒါနဲ႔ ငါေတာင္ ဉာဏ္လင္းထင္လို ကြင္းထဲထိ လက္သီးနဲ႔ ဝင္ထိုးေပးတဲ့သူ လိုေနတာလားလို႔ ေမးလိုက္ေတာ့ ဟုတ္တယ္ ဟုတ္တယ္ဆိုၿပီး ရယ္သြားေသးတယ္ "

" ေစာက္ပိုေတြ ... သူ႔မိန္းမနဲ႔သား ရွိေနတာပဲ ...သူ႔ဟာသူ မကန္ခ်င္ေတာ့လို႔ မကန္တာေနမွာေပါ့ "

တစ္ခ်ိန္လုံး တိတ္ေနခဲ့ၿပီးမွ ဉာဏ္ ဝင္ေျပာလိုက္သည့္ စကားေၾကာင့္ သူငယ္ခ်င္းေတြမွာ ပါးစပ္အေဟာင္းသားျဖစ္သြားၾကသည္။

" ဟမ္ !"

" ပိုင္ေဇက အိမ္ေထာင္က်ၿပီးၿပီရယ္ "

" ဟိုေန႔က ငါနဲ႔ေတြ႕ေတာ့ သူ႔သားလဲပါတယ္ ... ငါ့ကိုေတာင္ မိတ္ဆက္ေပးေသး "

" ဟုတ္လား ....ငါတို႔ မသိလိုက္ဘူး "

" ပိုင္ေဇက တအားလွ်ိဳ႕ဝွက္တာ ....သူ ဘယ္ေလာက္နာမည္ႀကီးႀကီး သူ႔မိသားစုအေၾကာင္း ဘယ္သူမွမသိၾကရဘူး "

" ေအးကြာ .... မိန္းမရတာေတာင္ ငါတို႔ကို အသိမေပးဘူး "

ဒါဆို အခုအခ်ိန္ထိ ယံယံက အဲဒီမိန္းကေလးကို ဘယ္သူနဲ႔မွ‌ ေတြ႕မေပးဘဲ လွ်ိဳ႕ဝွက္ထားတုန္းပဲ ထင္ပါရဲ႕။ အဲ့ဒီေလာက္ေတာင္ ခ်စ္တာတဲ့လား ။

သူငယ္ခ်င္းေတြႏွင့္ စကားၾကာၾကာေျပာၿပီး ေနာက္ ေသာ္ဇင္က ဉာဏ့္ကို အိမ္ျပန္လိုက္ပို႔ခဲ့သည္။ တျခားသူေတြကလည္း ဖုန္းနံပါတ္ေတြေရာ၊ အိမ္လိပ္စာေတြပါ ယူသြားၾကသည္။ ေနာက္ထပ္ အဆက္အသြယ္မျဖတ္ရန္လည္း မွာၾကေသး၏။

ငယ္သူငယ္ခ်င္းေတြႏွင့္ ျပန္ဆုံရေတာ့လည္း ကေနဒါမွာတုန္းကေလာက္ ဉာဏ္ အထီးမက်န္ေတာ့ပါ။

*****

ကေနဒါမွာ ေနတုန္းကလည္း မန္းေလးကိုျပန္လာဖို႔ တဖြဖြေျပာၿပီး မန္းေလး ျပန္ေရာက္ေတာ့လည္း အိမ္ေထာင္ျပဳဖို႔ တတြတ္တြတ္ေျပာလာေသာ ပါးနဲ႔မားေၾကာင့္ ဉာဏ္ မိဘေတြအိမ္ေတာင္ မသြားခ်င္ေတာ့။ သူတို႔မိတ္ေဆြေတြရဲ႕ သမီးမိန္းကေလးပုံေတြ ယူျပရတာ အားမရ၍ ေယာက္်ားေလးတစ္ေယာက္ႏွင့္ လက္ထပ္လည္း လက္ခံေၾကာင္းႏွင့္ အဓိက  တစ္ေယာက္တည္း မေနေတာ့ဖို႔ဆိုသည့္စကားက ေျပာေသးသည္။

မိဘေတြရဲ႕ဒီဆႏၵကိုေတာ့ ဉာဏ္ ျဖည့္ဆည္းမေပးႏိုင္ေလာက္ဘူးထင္သည္ ။

အခ်စ္ဦးႏွင့္ ပတ္သက္ၿပီး ခံစားခဲ့ရသည့္ ေဝဒနာေၾကာင့္ အိမ္ေထာင္ျပဳဖို႔လည္း စိတ္ကူးမရွိသလို သူ႔ႏွလုံးသားက ေနာက္ထပ္လူတစ္ေယာက္ကိုလည္း ခ်စ္ႏိုင္ေတာ့မည္မဟုတ္၍ ။

" တင္း...ေတာင္ "

အျပင္ဘက္က လူေခၚဘဲလ္သံေၾကာင့္ ဉာဏ္ ႐ုတ္တရက္ အံ့ဩသြားတာအမွန္ ။ ဉာဏ့္လိပ္စာကို သူ႔အလုပ္ကလူေတြကေတာ့ မသိ။ မိဘေတြလည္း မျဖစ္ႏိုင္။ မနက္ကမွ ျမစ္ႀကီးနား ျပန္သြားၾကသည္။

ဒါဆို အရင္တစ္ပတ္ကေတြ႕ခဲ့တဲ့ သူငယ္ခ်င္းေတြမ်ားလား။

စဥ္းစားရင္း တံခါးသြားဖြင့္လိုက္ေတာ့ ....

" ဉာဏ္ "

အျဖဴေရာင္ ဝမ္းဆက္ေလးနဲ႔ လက္ထဲမွာ ခ်ယ္ရီသီးေတြ ထည့္ထားေသာ ဘူးကိုေျမႇာက္ျပလာေသာ Daniel.... ေနာက္မွာေတာ့ သူထပ္မဆုံခ်င္ေတာ့သည့္ Daniel အေဖ ။

" ဉာဏ့္ဖို႔ သားသား ခ်ယ္ရီသီးေတြ ဝယ္လာခဲ့တယ္... ပါးပါးကေျပာတာ ဉာဏ္ ႀကိဳက္တယ္တဲ့ ...သားသားကိုေတာ့ နည္းနည္းျပန္ေကြၽးေနာ္ "

ဒီသားအဖက ဘယ္လိုလုပ္ၿပီး ဉာဏ့္လိပ္စာ ရလာသည္မသိ။ မေတြ႕ခ်င္ေတာ့ပါဘူးဆိုမွ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ကို သူ႔ဆီေရာက္လာၾကသည္။ ၿပီးရင္ ဖေအျဖစ္သူက သူ႔ကို ေဝဒနာေတြ ေပးခဲ့ဦးမည္။

" မင္းအိမ္လိပ္စာ ငါ ဘယ္လိုရတာလဲ စဥ္းစားေနတာလား ဉာဏ္လင္းထင္ "

သူ႔မ်က္ႏွာကိုျမင္႐ုံျဖင့္ သူဘာေတြ ေတြးေနလဲဆိုတာ ယံယံက အရင္လို သိေနတုန္းပါပဲလား။

" ဘာလုပ္လာတာလဲ ပိုင္ေဇယံ "

ဉာဏ္ ထပ္ၿပီး ဟန္မေဆာင္ခ်င္ေတာ့ပါ။ ယံယံက ေမ့ထားႏိုင္လည္း ဉာဏ္ကေတာ့ သူတို႔ၾကားမွာ ဘာမွမျဖစ္ခဲ့သလိုမ်ိဳး သေဘာမထားႏိုင္ပါ။ ယံယံ့မ်က္ႏွာကို ခဏခဏျမင္ေနရလွ်င္ သူပဲ ပိုခံစားရမည္။

" အလည္လာတာေပါ့ ဉာဏ္ "

ဉာဏ္က အေဖျဖစ္သူကိုေမးေပမဲ့ ျပန္ေျဖတာက သား။ ယံယံကေတာ့ ဘာမွမေျပာဘဲ သားျဖစ္သူကိုၾကည့္ၿပီး ၿပဳံးစိစိလုပ္ေနသည္။

" ဘာ ဉာဏ္လဲ မင္းက "

" နာမည္က ဉာဏ္ဆို ...အာ့မို႔ သားသားက ဉာဏ္လို႔ ေခၚတာေလ ... ပါပါးလဲ ဒီလိုေခၚတာကို "

" မင္းအေဖနဲ႔ငါနဲ႔႐ြယ္တူ ...မေလးမစား မလုပ္နဲ႔ .... ကေလးကို သင္မထားဘူးလား ပိုင္ေဇယံ "

" ဒီေကာင္က ငါေျပာရင္ ရမယ္ထင္လို႔လား "

ဖေအျဖစ္သူကို မၾကည္တာႏွင့္ Danielကိုပါ ဉာဏ္ေငါက္ပစ္လိုက္သည္။

" အဲဒါဆိုလဲ ဒယ္ဒီလို႔ေခၚမယ္ "

" ဘာ "

Danielဆီကစကားေၾကာင့္ ယံယံႏွင့္သူ တစ္ေယာက္ကိုတစ္ေယာက္ မ်က္လုံးအျပဴးသားနဲ႔ ၾကည့္မိသြား၏ ။ ၿပီးေတာ့ ယံယံက တဟားဟား ေအာ္္ရယ္ေတာ့သည္။

" ငါ သင္ထားတာ မဟုတ္ဘူးေနာ္ ....သူ႔ဟာသူ ေျပာတာ "

တကယ္လည္း ယံယံ Danielကို ဘာမွမွာမထားပါ။

" ဘာဒယ္ဒီလဲ ..မေခၚနဲ႔ ....ငါက မင္းအေဖမွမဟုတ္တာ "

" ေခၚမွာပဲ ...သားသားတို႔ေက်ာင္းက Eishan ဆိုလဲ ပါပါးေရာ ဒယ္ဒီေရာ အေဖႏွစ္ေယာက္ရွိတာ "

Daniel က international preschool တစ္ခုမွာ တက္ေနသည့္ကေလးမို႔ သူငယ္ခ်င္းေတြလည္းရွိၿပီး သူ႔သူငယ္ခ်င္းေတြအေၾကာင္းလည္း အၿမဲျပန္ေျပာတတ္သည္။ Eishanကို ယံယံသိသလို Eishan ရဲ႕အေဖႏွစ္ေယာက္ကိုလည္း တစ္ခါတစ္ေလ သူ Danielကို ေက်ာင္းပို႔ေက်ာင္းႀကိဳလုပ္တိုင္း အၿမဲေတြ႕တတ္၏။ တစ္ေယာက္ကိုတစ္ေယာက္ ၾကင္ၾကင္နာနာႏွင့္ ဘယ္ေတာ့မဆို ၿပဳံးရယ္ေနၾကၿပီး ႏွစ္ေယာက္တြဲ ေက်ာင္းလာႀကိဳၾကေသာ ၊ သူႏွင့္ အသက္မတိမ္းမယိမ္းအ႐ြယ္ အမ်ိဳးသားႏွစ္ေယာက္ကိုျမင္တိုင္းယံယံ ေငးၾကည့္ၿပီး ၿပဳံးမိသည္။ ၿပီးေတာ့ တစ္ခ်ိန္တည္းမွာပဲ သူ႔ႏွလုံးသားကေတာ့ လြမ္းဆြတ္နာက်င္လာရစၿမဲ ။

" ဘာေနေန မေခၚနဲ႔ "

" Come on, Daddy
Don't be serious "

ကေလးႏွင့္ၿပိဳင္ၿပီး စိတ္ဆိုးေနသူႏွင့္ အဂၤလိပ္လိုပါေျပာၿပီး ဉာဏ့္ကို ပညာျပေနေသာ သူ႔သားကို ၾကည့္ကာ ယံယံကေတာ့ ရယ္ပဲရယ္ေနမိသည္။

" အထဲဝင္မယ္ေနာ္ ဒယ္ဒီ
မတ္တပ္ရပ္ေနရတာ ၾကာၿပီေလ "

ခ်ယ္ရီဘူးကို လက္ကကိုင္ၿပီး ေျပာေျပာဆိုဆို ဝင္ခ်သြားေသာ ဆရာသမားေလးကိုၾကည့္၍ ဉာဏ္ ရယ္ရခက္ငိုရခက္ျဖစ္ေနၿပီ။

" မင္းက ဘာလို႔ရယ္ေနတာလဲ ...ကိုယ့္သားကိုယ္မေျပာဘဲနဲ႔ "

" ငါေျပာရင္လဲ မရပါဘူးဆို "

" ဘာျဖစ္ျဖစ္ ငါ့ကို အဲ့လိုမေခၚခိုင္းနဲ႔ေလ ...မေကာင္းဘူး "

ယံယံ သက္ျပင္းခ်ၿပီး  သူ႔ကို အခုထိ ေပးမဝင္ဘဲ အေပါက္ဝကေန ပိတ္ရပ္ထားသူကို သည္တိုင္းၾကည့္ေနမိသည္။ Danielကေတာ့ သူ႔အရပ္ေလးႏွင့္ တိုးဝင္သြားၿပီး အခန္းထဲမွာ ဖိနပ္ေတြေရာခြၽတ္ေနၿပီ။

" သူ အဲ့လိုေခၚတိုင္း မင္း သူ႔အေဖ တကယ္ျဖစ္မသြားပါဘူး ဉာဏ္လင္းထင္ရာ "

" မင့္မိန္းမေရွ႕က် ဘယ္လိုလုပ္ေကာင္းမွာလဲ ပိုင္ေဇယံ"

ဉာဏ္ အဲဒါကို ထည့္မေျပာခ်င္ေပမဲ့ ေျပာမွျဖစ္ေတာ့မည္။ ေနာက္ၿပီး သူတို႔ တစ္ေယာက္ကိုတစ္ေယာက္ မ်က္ႏွာမလႊဲဘဲ အၾကည့္ခ်င္းအားၿပိဳင္ေနမိၾကသည္။ ဉာဏ့္အၾကည့္ေတြမွာ အလိုမက်မႈေတြႏွင့္ ေဒါသေတြပါေနၿပီး ယံယံ့ မ်က္ဝန္းေတြမွာေတာ့ စိတ္ညစ္သြားသည့္ အရိပ္အေယာင္ေတြအျပည့္။ ထို႔ေနာက္ ယံယံ့ဘက္ကပဲ စၿပီးစိတ္ေလွ်ာ့လိုက္ပါသည္။

" ငါ့မိန္းမမွ မင္းေရွ႕မရွိတာ ဉာဏ္ရာ "

" ဘာေနေနေလ ပိုင္ေဇယံ... တစ္ခ်ိန္ခ်ိန္ဆုံရင္ ဘယ္လိုလုပ္မလဲ "

" ငါ့မိန္းမနဲ႔ မင္းနဲ႔ ဘယ္ေတာ့မွမေတြ႕ေစရဘူးကြာ ...စိတ္ခ် "

" ငါကလဲ မေတြ႕ခ်င္ပါဘူး "

အသက္သုံးဆယ္ေက်ာ္တာေတာင္ ကေလးႀကီးလို စိတ္ဆိုးေနေသာ ဉာဏ့္ကိုၾကည့္ၿပီး ယံယံ စိတ္ပ်က္လက္ပ်က္ ေခါင္းရမ္းမိသည္။ ထိုအခ်ိန္မွာပဲ

" ဟာ....ဒီမွာ ဂီတာေတြ အမ်ားႀကီးပဲ ....ဒယ္ဒီ သားသား ဂီတာတီးခ်င္တယ္ ....ဂီတာတီးမယ္ "

ဉာဏ့္အိပ္ခန္းေတြပါ လွ်ာလွ်ာရွည္ရွည္ဖြင့္ဝင္ၿပီး နံရံမွာ ခ်ိတ္ထားသည့္ ဂီတာေတြကို မမွီ႔တမွီျဖင့္ လွမ္းဆြဲျဖဳတ္ေနေသာ Danielေၾကာင့္ ယံယံႏွင့္ဆက္ရန္မျဖစ္ႏိုင္ေတာ့ဘဲ Danielဆီ ဉာဏ္ေျပးသြားရေတာ့သည္။

" ဟိတ္ေကာင္ ...မဆြဲနဲ႔ ...ငါ့ဂီတာ ျပဳတ္က်ရင္ မင္းတို႔သားအဖႏွစ္ေယာက္စလုံးကို ႐ိုက္သတ္ပစ္မယ္ "

" ဒီဂီတာေလာက္ကေတာ့ ပါပါးက ေလ်ာ္ႏိုင္ပါတယ္ေနာ္ ... သားသားပါပါးမွာ ပိုက္ဆံေတြ မ်ားႀကီးရွိတယ္ "

" အဲ့ဒါဆိုလဲ မင့္ပါပါး မင္းဝယ္ခိုင္း "

ဉာဏ္ ဘယ္ေလာက္ေျပာေျပာ မရပါ။ Danielက ဂီတာေတြ တစ္လက္ၿပီးတစ္လက္ လိုက္ဆြဲေနသည္။ ဉာဏ္က ဆြဲလုလိုက္ Danielက ေနာက္တစ္ခုဆီ ေျပးသြားလိုက္ႏွင့္ ဉာဏ့္ကိုေျပာင္ေနသလို တခစ္ခစ္ရယ္ေသး၏။

" မင္းတို႔သားအဖ ငါ့ကို သက္သက္မဲ့ အလုပ္လာရႈပ္ေနၾကတာလား ... ျပန္ၾကပါေတာ့ကြာ "

" ျပန္ပါဘူး ...ဒယ္ဒီ သားသားကို ဂီတာတီး သင္ေပးပါလား .... ေနာ္... please  "

ဉာဏ့္ေျခေထာက္ကို ဆြဲဖက္ၿပီး ဉာဏ့္ကိုေမာ့ၾကည့္ကာ ေျပာေနေသာ Danielက တကယ္ေတာ့ ေကာက္ေပြ႕ထားခ်င္စရာေကာင္းေလာက္ေအာင္ ခ်စ္စရာေကာင္းလြန္းပါသည္။ ယံယံ့ေၾကာင့္ ထပ္မခံစားခ်င္ေတာ့လို႔သာ  ဒီကေလးကို ျငင္းဆန္ေနရေပမဲ့ညဒယ္ဒီဆိုသည့္ ေခၚသံၾကားတိုင္း စိတ္ထဲမွာမ႐ိုးမ႐ြေတြ ျဖစ္ျဖစ္သြားတာေတာ့အမွန္ ။

" မင္း ငယ္ငယ္ေလးပဲရွိေသးတယ္ .... ဒါေတြ မတီးႏိုင္ဘူး ... လက္ေတြအနာျဖစ္ကုန္လိမ့္မယ္ "

" ဒါဆို သားသားႀကီးလာရင္ သင္ေပးေနာ္ ဒယ္ဒီ "

ဉာဏ္ ဘာေျပာရမွန္းမသိေတာ့ဘဲ စိတ္ရႈပ္ရႈပ္ႏွင့္ ေခါင္းသာကုတ္ေနမိသည္။ Danielက သူ႔ေျခေထာက္ကို ဖက္ထားရာကေနလႊတ္ၿပီး လက္ေသးေသးေလးျဖင့္ သူ႔လက္ဖဝါးကိုဆုပ္ကိုင္လာသည္။ သူ႔ကိုေမာ့ၾကည့္ရင္းလည္း ၿပဳံးျပေသး၏။ ၿပီးေတာ့

" အခုေတာ့ ဒယ္ဒီ တီးျပ "

ယံယံ ဘာမွဝင္မေျပာဘဲ ဉာဏ္ႏွင့္သူ႔သားကိုပဲ ပြဲၾကည့္ပရိတ္သတ္လုပ္ေနလိုက္သည္။ Danielက ႏွစ္ႏွစ္သုံးႏွစ္အ႐ြယ္ကတည္းက အ႐ုပ္ေတြ အစုံရွိသည့္အထဲက ဂီတာတို႔ ကီးဘုတ္တို႔လိုအ႐ုပ္ေတြကိုသာ ပိုၿပီးစိတ္ဝင္စား၏။ ေသနတ္တို႔ေဘာလုံးတို႔ ေဆာ့ေလ့မရွိ။ အိပ္ခါနီးဆိုလည္း သီခ်င္းဖြင့္ေပးရ‌သည္။ musicကို သေဘာက်သည့္ သူ႔သားက ဉာဏ့္ဂီတာေတြကိုျမင္ၿပီး ဉာဏ့္ကို တြယ္ကပ္ေတာ့မည္ဆိုတာ ယံယံ သိေနပါၿပီ။ အခုကို လက္မလႊတ္ေတာ့ ။ သူ ဉာဏ့္ကို အားေတာင္နာလာသည္။

" ျပန္ၾကစို႔ Daniel... ပါပါးတို႔ ဒီေလာက္ပဲ ေႏွာင့္ယွက္ရေအာင္ "

" ဟင့္... ျပန္ခ်င္ေသးဘူး ....ဒယ္ဒီ ဂီတာတီးျပတာ ၾကည့္ဦးမွာ "

" မင္း ဒီေန႔ ေရခဲမုန႔္စားရမဲ့ေန႔ေလ "

" စားေတာ့ဘူး ...နက္ျဖန္မွစားေတာ့မယ္ "

အႀကိဳက္ဆုံး ေရခဲမုန႔္ကိုေတာင္ ျငင္းၿပီး ဉာဏ့္လက္ကိုပဲဆြဲထားေသာ သားျဖစ္သူကို ယံယံ ဘယ္လိုလုပ္ရမွန္းမသိေတာ့ပါ ။ သို႔ေသာ္လည္း

" ဘာသီခ်င္းတီးျပရမွာလဲ "

ယံယံ ထင္မထားသည့္ စကားတစ္ခြန္း ။ ဉာဏ္က သူ႔သားကို တီးျပမည္တဲ့ေလ ။

" ဘာေနေန ဒယ္ဒီ ႀကိဳက္တာတီး .... သားသား နားေထာင္မယ္ "

ဉာဏ္က ဂီတာတီးျပမည္ဆိုသျဖင့္ ေပ်ာ္ေနေသာ Daniel ေလးကိုၾကည့္ၿပီး  ဉာဏ့္စိတ္ထဲမွာ ေအးခ်မ္းလာရသည္။ ေရွ႕ကတစ္ေယာက္ကို ၾကည့္မိရင္သာ ေနရခက္ခက္သြား၏။

ထို႔ေနာက္ ဉာဏ္ အႀကိဳက္ဆုံး သီခ်င္းေတြထဲက တစ္ပုဒ္လည္းျဖစ္ ကေလးႏွင့္လည္း သင့္ေတာ္ေသာ သီခ်င္းတစ္ပုဒ္ကို ေ႐ြးၿပီး ဂီတာတီးရင္း ဆိုျဖစ္သည္။

♪ When I was just a little boy
I asked my mother, what will I be
Will I be handsome? Will I be rich?
Here's what she said to me  ♪

ဆယ္ႏွစ္အၾကာမွ သူ႔ေရွ႕မွာ ဂီတာတီးၿပီး သီခ်င္းဆိုေနေသာ ဉာဏ့္ကို ျပန္ျမင္ရတာ ယံယံ အိပ္မက္မက္သလို ခံစားေနရၿပီး ရင္ထဲမွာလည္း အမည္တပ္လို႔မရသည့္ ခံစားခ်က္တစ္မ်ိဳး ျဖစ္ေနသည္။

အရင္လို ဉာဏ္သီခ်င္းဆိုျပတာ သူ႔ကိုမဟုတ္ေတာ့။
အရင္လို သူ႔ကို ဆိုျပေနၾကသီခ်င္းလည္း မဟုတ္ေတာ့။
အရင္လိုလည္း ဂီတာတီးရင္း သူ႔ကိုၾကည့္မေနေတာ့။
သူတို႔ႏွစ္ေယာက္ၾကားမွာလည္း အရင္လို မဟုတ္ေတာ့ပါ ။ အသက္အ႐ြယ္ေတြ ၊ အေျခအေနေတြ အားလုံးေျပာင္းလဲသြားခဲ့ၿပီ။

ဒါေပမဲ့ ဉာဏ္သီခ်င္းဆိုၿပီး ဂီတာတီးေနတာကို ၾကည့္ရတာ ယံယံအရင္လိုပဲ  သေဘာက်ဆဲပါ။ ေနာက္ၿပီး ၾကည့္ေနရင္း မ်က္ရည္ေတြဝဲလာသျဖင့္ ခဏထကာ မ်က္ႏွာလႊဲမိသည္။ Daniel ကေတာ့ သူ႔တုန္းကလိုပဲ ဉာဏ့္ေဘးမွာ ေသခ်ာထိုင္ၿပီး ‌နားေထာင္ေန၏။

♪ Qué será, será
Whatever will be, will be
The future's not ours to see
Qué será, será
What will be, will be ♪

ဉာဏ္သီခ်င္းကို အဆုံးသတ္လိုက္သည့္အခါ ေဘးမွာ သေဘာတက် ထိုင္နားေထာင္ေနေသာ Danielက ထၿပီး ဉာဏ့္ကိုဖက္လာသည္။ ဒီကေလးေသးေသးေလးရဲ႕ ေပြ႕ဖက္မႈေလးက ဉာဏ့္ရင္ထဲကို လႈပ္ခတ္သြားသလို ဝမ္းနည္းဝမ္းသာကို တၿပိဳင္နက္တည္းခံစားရ၏။

သို႔ေသာ္လည္း သူ သံေယာဇဥ္တြယ္လို႔မျဖစ္ဘူးဆိုသည့္ အသိက ေခါင္းထဲကိုခ်က္ခ်င္းဝင္လာတာမို႔ သူ႔ကိုဖက္ထားေသာ Daniel ရဲ႕ကိုယ္လုံးေလးကို အသာေလးဆြဲခြာမိသည္။

" သြားရေအာင္ Daniel... မင္း ဆႏၵျပည့္ၿပီမလား... ဉာဏ့္ကို မေႏွာင့္ယွက္ေတာ့နဲ႔ "

ဒီတစ္ခါေတာ့ ယံယံစကားကို သူ႔သားကနားေထာင္ပါသည္။

" ေနာက္တစ္ပတ္က် ထပ္လာခဲ့မယ္ေနာ္ ဒယ္ဒီ "

ဉာဏ္ ေခါင္းလည္းမညိတ္မိသလို ေခါင္းလည္းမခါမိပါ။ မလာႏွင့္ဟုလည္း ကေလးတစ္ေယာက္ကို သူ မေျပာရက္တာလား။ ဒါမွမဟုတ္ သူကိုယ္တိုင္က လာေစခ်င္လို႔လား။ ဘာပဲျဖစ္ျဖစ္ ခုနက သူဆိုျပခဲ့သည့္ သီခ်င္းထဲကလို ျဖစ္လာမည့္အရာေတြက ျဖစ္ကိုလာမွာပဲ မဟုတ္လား ။

" Daniel ဖိနပ္သြားစီးေတာ့ "

Daniel သူတို႔ေဘးကထြက္သြားေတာ့ သူ႔ကိုမၾကည့္ဘဲ သိသိသာသာ ေရွာင္လႊဲေနသူကို ယံယံ စကားစလိုက္၏။

" သြားေတာ့မယ္ေနာ္ ဉာဏ္ ...ေနာက္မွေတြ႕မယ္ "

" မင္း ဘာလို႔ ဒီလိုလုပ္ေနတာလဲ ပိုင္ေဇယံ "

" ဘာကိုလဲ "

မသိခ်င္‌ေယာင္ေဆာင္ေနသူကို သိေအာင္ ဉာဏ္ ပြင့္ပြင့္လင္းလင္း ေျပာမွရေတာ့မည္ ။

" ငါေျပာခ်င္တာ မင္းသိမယ္လို႔ထင္တာ ...မသိေတာ့လဲ သိေအာင္ေျပာရတာေပါ့... မင္း ဘာျဖစ္လို႔ ငါ့အိမ္လာခဲ့တာလဲ..... ဟိုေန႔ကေတြ႕ကတည္းက ဘာလို႔ ငါတို႔ၾကားမွာ ဘာမွမျဖစ္ထားသလို ဟန္ေဆာင္ေနတာလဲ "

" ႏွစ္ေတြၾကာခဲ့ၿပီ ဉာဏ္ "

" ႏွစ္ေတြၾကာတာနဲ႔ ျဖစ္ခဲ့သမွ်ကိစၥေတြက ေမ့ေပ်ာက္သြားရမွာလား ..... မင္း အဲ့လိုေနႏိုင္ေပမဲ့ ငါမေနႏိုင္ဘူးပိုင္ေဇ ... ေက်းဇူးျပဳၿပီး ငါ့ကို ဒီေလာက္နဲ႔ လႊတ္ေပးပါေတာ့ ... ငါ မင္းနဲ႔ထပ္မေတြ႕ခ်င္ေတာ့ဘူး "

" ဉာဏ္ ... "

သူတို႔ႏွစ္ေယာက္စလုံးရဲ႕ မ်က္ဝန္းမွာ မ်က္ရည္စေတြႏွင့္ ။ ဘယ္သူမွေတာ့ မငိုမိၾကပါ ။

ထို႔ေနာက္ ဉာဏ့္ေရွ႕ကို ယံယံက ေျခတစ္လွမ္းတိုးလာကာ

" ဉာဏ္ ... ငါ မင္းကို တစ္ခါေလာက္ ဖက္ထားလို႔ရမလား "

မျဖစ္ႏိုင္ပါ။ ၿပီးရင္ ဉာဏ္ ႐ူးသြားလိမ့္မည္။ ယံယံက ေရွ႕တိုးလာေပမဲ့ ဉာဏ္ကေတာ့ ေနာက္ဆုတ္မိ၏။

" မလုပ္နဲ႔ ပိုင္ေဇယံ ...မင္း ငါ့ကို မထိနဲ႔ "

" အိုေခ ... အိုေခ.... ေနာက္ထပ္မဆုတ္ပါေတာ့နဲ႔ ... ငါ မင္းကို မဖက္ေတာ့ပါဘူး "

ယံယံ ေရွ႕ဆက္မတိုးတာ ေသခ်ာမွ ဉာဏ္လည္း ေျခလွမ္းေတြကို ေနာက္ဆုတ္တာ ရပ္လိုက္သည္။

သို႔ေသာ္လည္း ယံယံက မျပန္ခင္မွာ စကားတစ္ခြန္းထပ္ေျပာသြားပါေသးသည္။

" ငါ မင္းနဲ႔ သူငယ္ခ်င္းျပန္ျဖစ္ခ်င္တယ္ ဉာဏ္" တဲ့ ။

#PoPoPhoenix

Continue Reading

You'll Also Like

148K 10.8K 19
အချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့ အစ်ကိုနဲ့ ဘဝတစ်ခု အတူတည်ဆောင်ရင်း အချစ်ကို ကျွန်တော် တွေ့ခဲ့တယ်။ အခ်စ္က ဘဝတစ္ခုမဟုတ္ေပမဲ့ အစ္ကိုနဲ႔ ဘဝတစ္ခု အတူတည္ေဆာင္ရင္း...
177K 21.3K 48
အို....ဤအချစ်များရယ် ဘာကြောင့် ဆုံဖို့ခက်ရတယ်(Zaw and Uni)
607K 48K 51
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}