မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...
By XiaoManTou96
168K 29.2K 929
Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More
Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
985 173 11
By XiaoManTou96
Unicode
......ဒီအပေါ်မှာ ဘုရားသာသိနိုင်မယ့် အဖြစ်ပျက်တစ်ခုဖြစ်ပျက်သွားပါတယ်_(:3"∠)_....
[T/N အိုင်လဲမသိဘူး ဘာဖြစ်သွားလဲ အာသာကဘုရားပဲသိတယ်တဲ့]
ချင်ယွီက နိုးတဝက်ဖြင့် အိပ်ရာတစ်ဖက်ကိုထိလိုက်ရာတွင် ဘယ်သူမှမရှိမှန်း သိလိုက်ရသည်။သူ ကြောက်လန့်ပြီး ချက်ချင်းထလိုက်ချိန်မှာတော့ရေချိုးခန်းထဲက ရေသံကို ယောင်ဝါးဝါး ကြားလိုက်ရလေသည်။ သူ သက်ပြင်းတစ်ချက်ချကာဖြင့် ဘောင်းဘီကိုရှာရန် အိပ်ရာမှထလိုက်တော့သည်။ ထို့နောက် ရေချိုးခန်းဆီသို့ လျှောက်သွားခဲ့လေရဲ့။
ဟိုတယ် ၏ရေချိုးခန်းသည် အိပ်ခန်းနဲ့ ဧည့်ခန်းကြားတွင်ရှိနေပြီး ကြမ်းပြင်ကနေမျက်နှာကျက်ထိကိုမှန်များဖြင့်ကာရံထားကာ အတွင်းဖက်မှ ရေငွေ့အလွှာနဲ့ ယောက်ျားလေးတစ်ယောက််ပုံဖော်ပြနေတဲ့ မျက်နှာကျက်မီးဖြူရောင်လေးရှိနေပါ၏။
ခဏကြာတော့ ရေသံရပ်သွားချိန်တွင် ချင်ယွီက တံခါးကို ညင်သာစွာခေါက်လိုက်ပြီး ခေါ်လာလေသည်။
"ဟဲကျင့်"
အတွင်းမှ ပုံရိပ်သည် ရပ်တန့်သွားရသည်။ သူ ထွက်လာတဲ့အချိန်မှာတော့ bathrobe ကိုဝတ်ဆင်ထားခဲ့ပြီးဆံပင်တွေလည်းစိုစွတ်နေကာ မျက်လုံးတွေလည်းထိုနည်းလည်းကောင်းပင်။bathrobe သည်လည်း သူ့လည်ပင်းက အနီကွက်တွေကို ဖုံးအုပ်ပေးဖို့တော့ကျရှုံးခဲ့ရပြီး ထိုအနီကွက်များက ဟိုနေရာ ဒီနေရာပြန့်ကျဲလျက်ရှိနေပါ၏။
အမူးပြေနေပြီဖြစ်သောဟဲကျင့်သည်ချင်ယွီ ကို အေးစက်စွာ စိုက်ကြည့်ကာဖြင့် အိပ်ခန်းထဲသို့ ပြန်သွားခဲ့သည်။
ချင်ယွီကသူအမှားလုပ်ထားမိကြောင်းသတိထားမိသွားပြီး ချင်ယွီသူစကားအရမ်းမပြောသင့်ကြောင်းသိလိုက်သည်။သူကဟဲကျင့်နောက်ကို အမြှီးလေးကုတ်ကာဖြင့်လိုက်သွားခဲ့သည်။ဟဲကျင့်ကအိပ်ရာပေါ်မှာအိပ်နေကြောင်းတွေ့လိုက်ရတော့စိတ်သက်သာရာရသွားခဲ့လေသည်။
နေမထွက်သေးသောကြောင့် သူတို့အနည်းငယ်ထပ်အိပ်နိုင်သေးသည်။ချင်ယွီကအိပ်ရာကထကာဖြင့် ဟဲကျင့်ကိုဖက်ချင်ခဲ့သော်လည်း ဟဲကျင့်ကခေါင်းလှည့်ကာဖြင့် စိတ်ဆိုးနေတဲ့အကြည့်ပစ်လွှတ်လာခဲ့သည်။
"မင်း ဘာမှမလုပ်ပါဘူးလို့မပြောခဲ့ဘူးလားဟမ်?"
နောက်ဆုံးတော့ဟဲကျင့် ဒါကိုမေးလိုက်ရတော့တယ်။သူတကယ်ကြီးကိုအကူညီမဲ့နေသလိုခံစားနေရပါတယ်နော်။သူကအရမ်းမူးနေခဲ့တာမလို့ သူချင်ယွီကိုမငြင်းဆန်နိုင်ကြောင်းသူသိတယ် ဘယ်လိုပဲဖြစ်ဖြစ်ချင်ယွီသာသူ့ကိုမဖြားယောင်းခဲ့ရင် သူတို့ကြားထဲ ဒီဟာကဖြစ်လာစရာအကြောင်းမရှိဘူးလေ ဟုတ်တယ်မလား?
လျှောက်အိပ်ရတာကြိုက်တဲ့ကျောင်းသားတွေနဲ့ယှဉ်ရင်တော့ သူတို့ကိစ္စကအသေးအမွှားပါပဲ။ဒါပေမယ့်ဟဲကျင့်လို ရှေးဆန်တဲ့အတွေးအခေါ်တွေနဲ့ ဘောင်ခတ်ခံထားရတဲ့ လူအတွက်တော့ ဒီကိစ္စကအရမ်းကြီးမားတာပါပဲ
ထိထားနမ်းထားတဲ့နေရာအကုန်လုံးက ချင်ယွီ သူ့ခန္ဓာကိုယ်ပေါ်မှာ အမှတ်သားလုပ်ခဲ့သလိုမျိုး အခုထိပူနေတုန်းပဲ
သူလက်မခံနိုင်တဲ့ပုံလည်းမဖြစ်ချင်ပါဘူး။သူအခုချင်ယွီနဲ့တွဲနေပြီဆိုပေမယ့်လည်း ဒါကအဓိပ္ပာယ်မရှိနေဘူးလေ ဘယ်လိုအတွဲက သူတို့ပထမဆုံးတွဲတဲ့နေ့မှာ ဟိုတယ်မှာ ဒီလိုတွေလုပ်လို့လဲလို့?ချင်ယွီကခွေးကောင်ပဲ!
"ငါလည်း ဒီတိုင်းမထိန်းနိုင်ခဲ့လိုပါ..."
ချင်ယွီကသူ့ကိုတည့်တည့်စိုက်ကြည့်ကာဖြင့် သူရဲ့ချစ်ဖို့ကောင်းတဲ့အမူအရာနဲ့ဟဲကျင့်ကိုဆွဲဆောင်ခဲ့လေသည်။သူ့ကိုဟဲကျင့်များခွင့်လွှတ်မလားလို့ပေါ့ ဒါပေမယ့်လည်းဟဲကျင့်က သူရောင်းတာကိုမဝယ်ခဲ့ပါချေ။သူကအလွှမ်းမိုးကိုမခံပါဘူးနော်
ဟဲကျင့်ကအေးစက်နေဆဲဆိုတာကိုတွေ့တော့ချင်ယွီသည် ပျော့ညံ့စွာဆိုလာလေသည်။
"ပြီးတော့ မင်းလဲသဘောကျပုံရတာပဲကို...."
ဒါကိုကြားတော့ ဟဲကျင့်ကပိုစိတ်ဆိုးသွားတော့၏။ သူက နောက်ပြန်လှည့်ပြီး ချင်ယွီရဲ့ဒူးကိုကန်လိုက်လေသည်။ ချင်ယွီက ကျယ်ကျယ်လောင်လောင်အော်လိုက်ပေမယ့် ဒီအခွင့်အရေးကိုအသုံးချပြီး ဟဲကျင့်ကိုတင်းတင်းကြပ်ကြပ်ဖက်ထားကာဖြင့် သူ့မေးစေ့ကို ဟဲကျင့်ပုခုံးပေါ်တင်ထား၍အရူးလေးလိုတောင်းပန်တော့သည်။
"ငါတောင်းပန်ပါတယ်နော် ငါ့အမှားပါ နောက်ထပ် ထပ်မလုပ်တော့ပါဘူး"
ချင်ယွီ သည် ယခင်က မိန်းကလေးနဲ့တောင် တစ်ခါမျှ ချိန်းတွေ့ခြင်းမရှိခဲ့ဘဲ သူ့ချစ်သူ စိတ်ဆိုးသောအခါ ဘာလုပ်ရမှန်း မသိခဲ့ပေ။ အရင်ကတော့ သူ Single ဖြစ်ခဲ့တုန်းကတော့ မာနကြီးတဲ့အပြုအမူတွေ ရှိနေရင်တောင် သူ့မိန်းမက သူ့ကို ချော့မော့ပြီး ပျော်ရွှင်အောင် ကြိုးစားလိမ့်မယ်လို့ အမြဲတွေးထားခဲ့တာ အခုလိုဖြစ်လာမယ်လို့မမျှော်လင့်ထားဘူးလေ...
အားကျင့်မပျော်တာကိုတွေ့တော့ သူ့နှလုံးသားတောင် ကိုက်ခဲလာရတယ်!
ဟဲကျင့်က ချင်ယွီကဒီလိုကပ်တွယ်တတ်တဲ့သူဆိုတာကိုဘယ်တုန်းကမှမသိခဲ့ပါပေ။ဒါပေမယ့်လည်းသူထပ်ပြီးငြင်းမဆန်နေတော့ပါ။လေပျော့နေတဲ့ပူဖောင်းလိုမျိုး သူကအနည်းငယ်တွန့်လိမ်လိုက်ကာဖြင့် ချင်ယွီကိုအနည်းငယ်ဆူပူလိုက်တော့သည်။
"သွား ရေသွားချိုးစမ်းပါ နံတယ်!"
ဟဲကျင့် သည်ချင်ယွီ၏ ချွေးနံ့နှင့် အရက်နံ့ကြောင့် ရွံရှာနေပုံရသည်။ပြီးတော့ အခန်းထဲတွင် စွဲကျန်နေသည့် ထိုရနံ့ကြောင့် ဟဲကျင့်မှာ တဖြည်းဖြည်း နီမြန်းလာပြန်သည်။
အမိန့်အရ ချင်ယွီသည် နာနာခံခံဖြင့် ရေချိုးရန် သွားခဲ့သည်။ ရေချိုးပြီးတာနဲ့hair dryer ကိုလည်းယူလာခဲ့လေသည်။ ဟဲကျင့် အိပ်နေသေးတာကို မြင်လိုက်ရတော့ သူ့ဆံပင်တွေကို ခြောက်အောင်လို့ ညှင်သာစွာလေမှုတ်ပေးခဲ့သည်။
ထို့နောက်တွင်တော့ ဟဲကျင့်သည်လည်း မရုန်းကန်တော့ဘဲ ချင်ယွီကို ဖက်ခွင့်ပေးထားလိုက်တော့လေရဲ့။.
ချင်ယွီသည် မျက်လုံးများကို မှိတ်ထားပြီး ခေါင်းထဲတွင်တော့ အမိုက်စား အတွေးများကိုတွေးနေခဲ့သည်။ သူ့ရင်ခွင်ထဲက ဒီလူက "ဟဲကျင့် " လို့ ခေါ်တဲ့ ဂိမ်းတစ်ခုလို ခံစားရတယ်။ နှစ်ယောက်ကြားက ကွဲလွဲမှုတွေက ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ သူ့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာလိမ့်မယ်။ ရံဖန်ရံခါတွင် ကိုင်တွယ်ရန် ပိုခက်ခဲသော Boss တောင် ရှိနေဉီးမယ်။ ဒါပေမယ့်လည်းအဆုံးတွင် တော့ အမြဲတမ်းကျော်ဖြတ်နိုင်တာမျိုးပေါ့
အခုပဲ ချင်ယွီက သူနောက်ထပ်အဆင့်ကို ရောက်သွားပြီလို့ ခံစားလိုက်ရပြီး အဲ့ဒါကမယုံနိုင်လောက်အောင်ကို အံသြစရာကောင်းတယ်!
သူတို့ ပြန်နိုးလာတော့‌ 9 နာရီထိုးခါနီးနေပြီ!
လူနှစ်ယောက်က အလျင်စလို ထလာကြပြီး ဟဲကျင့် သည် ကုတင်အောက်တွင် သူ့အတွင်းခံဘောင်းဘီကို တွေ့သောအခါတွင် သူ့မျက်နှာအမူအရာမှာ ဗလာကျင်းသွားတော့သည်။
"အမ်း..."
ချင်ယွီက ကမန်းကတန်းဖြင့်
"အဲ့ဒါကိုမဝတ်လိုက်နဲ့ ငါ့ကိုခဏစောင့်!"
ထို့နောက် တံခါးကို အမြန်ဖွင့်ကာဖြင့် အောက်ထပ်သို့ ပြေးဆင်း၍ အနီးနားရှိ ကုန်စုံဆိုင်တွင် အမျိုးသား အတွင်းခံ ဘောင်းဘီ အသစ်တစ်ထုပ်ကို ဝယ်ခဲ့လေသည်။
ဟဲကျင့် သည်ချင်ယွီကို မကြည့်ဝံ့ပေ။ အတွင်းခံကို ဝတ်ပြီးနောက် နှစ်ယောက်သား တက္ကစီခေါ်ကာ တက္ကသိုလ်သို့ ပြန်ခဲ့ကြသည်။
တက္ကသိုလ်တွင် သုံးနှစ်နီးပါးကြာပြီးနောက်ဟဲကျင့်သည် ပထမဆုံးအကြိမ်ဖြစ် ကျောင်းနောက်ကျခဲ့ရသည်။
ပြီးတော့ အဲဒီအတန်းရဲ့ ပါမောက္ခက တကယ်ကို တင်းကြပ်တဲ့သူတစ်ယောက်ဖြစ်နေလေရဲ့... သင်ခန်းစာစပြီးချိန်မှာတော့ နောက်တံခါးကို ပိတ်လိုက်တဲ့အတွက် နောက်ကျတဲ့သူတိုင်းက ရှေ့တံခါးကနေပဲဝင်လို့ရလေသည်။
အတန်းကို မတက်ရင်ရော?အဲ့အကြံကမကောင်းနေဘူး!အတန်းမပြီးခင်မှာဆရာက အကုန်လုံးရဲ့ နာမည်ကို နောက်တစ်ကြိမ်ထပ်ခေါ်သေးတယ်....အဲ့အချိန်မှာ ဟဲကျင့်အတန်းထဲဝင်လိုက်‌တော့ အကုန်လုံးရဲ့ အာရုံက သူ့ဆီရောက်လာတော့တာပဲ!
စာသင်နှစ်အသစ်၊သင်ခန်းစာအသစ်၊ဟဲကျင့်ကိုအရင်ကတစ်ခါမှမမြင်ဖူးတဲ့ဆရာအသစ်... သူက အညံ့ဆုံးကျောင်းသားတစ်ယောက်လို အေးစက်စက်နဲ့ သူ့ကိုကြည့်လာတယ်။
ဒီစည်းမျဉ်းအရ ရှက်ရွံ့တတ်တဲ့သူတိုင်း တနင်္လာနေ့မနက်ကို နောက်ကျဖို့ မဝံ့ရဲကြပါချေ။
ရုန်းကန်မှုအနည်းငယ်ဖြင့် ဟဲကျင့် သည် သူ့ကိုလက်မထောင်ပြသော ဟုန်တုန်ယွမ် ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။
"ကော မင်းကအံ့ဩစရာပဲ!မင်းက ပါမောက္ခဟောင်ရဲ့ အတန်းကို နောက်ကျမှဝင်လာရဲတယ်နော် မင်းသင်ခန်းစာရဲ့ တဝက်လောက်တောင်လွတ်သွားပြီ ..."
ဟဲကျင့်: "... "
ဟုန်တုန်ယွမ်: "နေပါဉီး အဲဒါက အဓိကအချက်မဟုတ်သေးဘူး အဓိကက မနေ့ညက မင်းပြန်မလာဘူး။ မင်းဘယ်သွားနေတာလဲ?!"
ဟဲကျင့်ခေါင်းတောင်ကိုက်သွားရသည်။ ပါမောက္ခရဲ့ အေးစက်စက်အကြည့်ကိုခံရတာထက် ဒီလိုမေးခွန်းတွေကိုသူပိုစိုးရိမ်တာပဲ....တကယ်လို့သူသာ ချင်ယွီနဲ့ တစ်ညလုံးအတူရှိခဲ့တယ်လို့ ဟုန်တုန်ယွမ်ကို ပြောလိုက်ရင် သူဘယ်လိုထင်လောက်လဲ?
အတန်းမပြီးဆုံးခင် ပါမောက္ခ ဟောင် က နာမည်တွေကို ရေတွက်လေသည်။ ဟဲကျင့်ရဲ့ နာမည်ကိုခေါ်သည့်အချိန်တွင်တော့ သူကဟဲကျင့်ကို အထက်အောက်ကြည့်ကာဖြင့်ဆိုလာလေသည်။
"ဟဲကျင့် မင်းငါနဲ့လိုက်ခဲ့"
တစ်တန်းလုံး ထိတ်လန့်သွားကြသည်။ သူတို့သည် ပရော်ဖက်ဆာ ဟောင် နောက်မှလိုက်သွားသည့်ဟဲကျင့် ကို ကြည့်နေကြသည်။နောက်ကျလို့ ပရော်ဖက်ဆာဟောင်ဆီကအခေါ်ခံရတာ ဟဲကျင့်ကပထမဆုံးလူပဲ!
ပရော်ဖက်ဆာ ဟောင်ကသူကိုဆူတော့မယ်လို့ဟဲကျင့်လည်းထင်ခဲ့တာပင်။မထင်မှတ်စွာပဲ ကျောင်းသားတွေနည်းသွားတဲ့အခါတော့ ပရော်ဖက်ဆာဟောင်က ရုတ်တရက်မေးလာခဲ့သည်။
"ဟဲကျင့် မင်းအကြောင်းကို ငါ မစ္စလီ ဆီကနေကြားထားတယ်"
မစ္စလီသည် သူတို့၏ ပရော်ဖက်ရှင်နယ် အကြံပေးပုဂ္ဂိုလ်ဖြစ်ပြီးဟဲကျင့် သည် ပရော်ဖက်ဆာ ဘာပြောချင်သည်ကို မသိသောကြောင့် အနည်းငယ်ကြောင်အသွားခဲ့သည်။
"ဟွားတက္ကသိုလ်မှာ အုပ်ချုပ်ရေးအဖွဲ့ က ဘွဲ့ကြိုကျောင်းသားတွေအတွက် တစ်နှစ်ကို သုတေသနပညာရှင်ဖြစ်ဖို့ ခွဲတမ်းနှစ်ခုပေးတယ်။ မင်းကြားဖူးလား?"
ပရော်ဖက်ဆာ ‌ဟောင်က သူ့မျက်မှန်ကိုပင့်တင်လိုက်ရင်း
"မစ္စလီက မင်းကိုထောက်ခံပေးခဲ့တယ် သုတေသနအတွက်အခေါ်ခံရတာဘာလဲဆိုတာမင်းသိလား?"
ဟဲကျင့် ခေါင်းညိတ်လိုက်သည်။ သုတေသန ပညာရှင်များသည် သင်ကြားရန် တက္ကသိုလ်တွင် ဆက်နေရန် လျှောက်ထားနိုင်ပြီး အကြံပေးပုဂ္ဂိုလ်ဖြစ်မှ ဦးစွာ စတင်နိုင်သည်ဟု သူကြားသိရသည်။ သူသည် စီမံခန့်ခွဲရေးလမ်းကြောင်းကို လိုက်လျှောက်ခဲ့ပြီး ဟွားတက္ကသိုလ်မှ စီမံခန့်ခွဲရေး ဝန်ထမ်း 10% သည် မဟာဘွဲ့ကို ကြိုပြီးသင်ယူရလေသည်။
သို့သော် တက္ကသိုလ်၏ "အောက်ခြေအဆင့်" တွင်သူသည်အများကြီးဝင်ငွေရလိမ့်မည်မဟုတ်ပေ။ ဆက်လက်ပြီး ပညာဆက်လက်သင်ယူပါက လစာပိုမြင့်သော သို့မဟုတ် မန်နေဂျာအဆင့်တွင် အလုပ်လုပ်နိုင်မည်ဖြစ်သည်။ သုတေသီတစ်ဦးဖြစ်ခြင်းသည် သူ့အား တည်ငြိမ်စေပြီး လူ့အဖွဲ့အစည်းအတွင်း "အောင်မြင်သော" ပုံရိပ်ကို ထိန်းသိမ်းထားနိုင်သော်လည်း ၎င်းသည် ပျင်းစရာကောင်းသည့်အလုပ်တစ်ခုဖြစ်ပြီး ကျောင်းသားများစွာက ၎င်းကို စိတ်ဝင်စားခြင်းမရှိချေ။
ဟဲကျင့်က အဲ့အကြောင်းအရာနဲ့ပက်သတ်ပြီး သူဘယ်လိုအတွေးရှိလဲဆိုတာမသေချာပေ။ သူ့အနာဂတ်ကို အစီအစဉ်မစခင်မှာ သူ့အမေကဖုန်းခေါ်ဆိုပြီး ရပ်တန့်ခဲ့တယ်လေ။ ပြီးတော့ နောက်ဆက်တွဲ အဖြစ်အပျက်တွေ အားလုံးနဲ့ ပက်သက်ပြီး သူဘာကို စီစဉ်ရမယ်ဆိုတာ လုံးဝ သေချာမသိပါပေ။
ပရော်ဖက်ဆာ ဟောင်: "မင်းရဲ့ အရင်အဆင့်တွေကိုငါကြည့်ပြီးပြီ။ မင်းကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တာပဲ။ မင်းစိတ်ဝင်စားရင် မစ္စလီကို ငါပြောလိုက်မယ်ငါ့မှာ ခွဲတမ်းတစ်ခုကျန်သေးတယ်။ အခုတော့ငါ မင်းအတွက် ဖယ်ထားပေးလိုက်မယ်"
ဟဲကျင့်က ခေါင်းငြိမ့်ကာဖြင့် ပရော်ဖက်ဆာ ဟောင်ကိုကျေးဇူးတင်လိုက်၏။
ပရော်ဖက်ဆာ ဟောင်: "ဒီမနက် ကဘာဖြစ်တာလဲ? နေမကောင်းလို့လား?"
ဟဲကျင့်ကရှက်ရွံ့စွာဖြင့် "ဟုတ်" လို့ပြန်ဖြေလိုက်ပြီး သူနောက်ဘယ်တော့မှနောက်မကျတော့ဘူးလို့လဲကတိပေးလိုက်လေသည်။ပရော်ဖက်ဆာ ဟောင်ကရယ်လာလေသည်။
"ဘယ်သူက တမင်တကာလုပ်မှာလဲကွာ ငါနားလည်ပါတယ် မစိုးရိမ်ပါနဲ့ မင်းကိုယ်မင်းဂရုစိုက်ဉီး"
အိပ်ဆောင်ကို မပြန်ခင်တွင် သူ့လက်ပတ်ကတုန်ခါလာလေသည်။ အဲ့ဒါကချင်ယွီပင်။
ဟဲကျင့်ကိုင်လိုက်တဲ့အချိန်တွင်တော့ ချင်ယွီက ချိုချိုသာသာနဲ့ဆိုလာလေသည်။
"မိန်းမလေး မင်းအတူတူစားချင်လား?မင်းဗိုက်ဆာနေမှာပေါ့ မနက်ကငါတို့မနက်စာမစားခဲ့ရဘူးလေ"
ဘယ်သူမှ မကြားရဘူးဆိုတာ သူသိပေမယ့်ဟဲကျင့်က စိုးရိမ်တကြီးနဲ့ လှည့်ပတ်ကြည့်နေတုန်းပင်
"ငါ့ကို အဲ့ဒီလိုမခေါ်နဲ့!"
ချင်ယွီ: "ဒါဆိုမင်းကိုဘယ်လိုခေါ်ရမလဲ စီနီယာအစ်ကိုလို့လား?"
ဒီ စီနီယာအစ်ကိုဆိုတဲ့အခေါ်အဝေါ်က ဟဲကျင့်ကိုပိုမိုရှက်ရွံ့သွားစေပြီးတော့ သူတစ်ကိုယ်လုံးကြက်သီးတွေတောင်ထသွားတော့လေရဲ့။အဲ့ဒါကသူ့နားကိုလည်းနာကျင်စေပါ၏။
"ငါ့နာမည်ကိုပဲခေါ်စမ်းပါ!"
ဟဲကျင့်မှာ ရှက်သွေးဖြာနေရတော့သည်။
ချင်ယွီက ရယ်ကာဖြင့်
"အိုခေ အိုခေ ဟဲကျင့် ငါတတိယကန်တင်းမှာစောင့်နေမယ်နော် ဒီကိုလာခဲ့"
တတိယကန်တင်း သို့ သူရောက်ချိန်မှာတော့ ချင်ယွီသည် အတော်လေး ဈေးကြီးသော အစားအစာ နှစ်မျိုးကို မှာယူခဲ့ပြီးဖြစ်သည်။
ဟဲကျင့်: "ဘာလို့ကြိုမှာထားရတာလဲ?"
မနေ့ညကလည်း ချင်ယွီကညစာအတွက်ပေးခဲ့တာပင်။အဲ့ဒါက ဟဲကျင့်ကို ချင်ယွီအပေါ် အကြွေးအများကြီးတင်နေသလိုခံစားရလေသည်။
ချင်ယွီ က သူဘာတွေတွေးနေလဲဆိုတာကို သိသဖြင့် ညည်းညူလာလေသည်။
"ငါက မင်းရဲ့ချစ်သူပါ ဘာလို့ မင်းကို မကျွေးနိုင်ရတာလဲ? ဒါက ဘယ်လိုနည်းဥပဒေလဲ? လာထိုင်ပြီးစားတော့"
ဟဲကျင့်: "... "
ချင်ယွီက မစားခင်ဂုဏ်ပြုဉီးမယ်ဆိုကာ သောက်စရာလည်းထပ်မှာလိုက်သေး၏။ဟဲကျင့်ကထူးဆန်းနေသလိုမျိုးမေးလာတော့သည်။
"ဘာအတွက်လဲ"
ချင်ယွီ:" ငါ့ဆီ Demon God ကပိုက်ဆံရောက်လာပြီ ခဏနေရင် မင်းကိုလွှဲပေးလိုက်မယ်
ဟဲကျင့် ၏ မျက်လုံးများ တောက်ပလာပြီး "မြန်လိုက်တာ!"
ချင်ယွီ: "ဟုတ်တယ် ငါနဲ့အတူဘဏ်ကိုလိုက်ခဲ့ amount ကတော်တော်များတယ်"
ဟဲကျင့်:  " 50,000 မဟုတ်ဘူးလား? "
ချင်ယွီကမျက်ခုံးပင့်ကာဖြင့်"အဲ့ဒါက တရားဝင်ကြေငြာထားတဲ့ amount လေ ထပ်ဆောင်းအနေနဲ့ မဲတွေကလဲရဉီးမှာ tax ဖြတ်ပြီးရင်တောင် 3 millions လောက်ကျန်သေးတယ်အရံကစားသမားတွေက တစ်ယောက် ယွမ် 50,000 ရမှာ ကျောက်မင်ကျွယ်က တစ်ပွဲပဲပါခဲ့ရလို့ မယူတော့ဘူးတဲ့လေအဲ့တော့ 7 ယောက်ကျန်တယ် ငါတို့ တစ်ယောက်ဆီကို ယွမ် 400,000လောက်ရလိမ့်မယ်"
ဟဲကျင့် အံ့သြလွန်းလို့ ပါးစပ်ကို မပိတ်နိုင်ခဲ့ဘူး...
ယွမ် 50,000 ကတောင် သူ့အတွက် မဖြစ်နိုင်တဲ့ ကိန်းဂဏန်း ဖြစ်နေပြီ  ဒီ 400,000 က မဖြစ်နိုင်တဲ့ကိန်းဂဏန်းရဲ့ ရှစ်ဆတဲ့ !
ချင်ယွီ က သူ့ခွက်ကို မြှောက်လိုက်ပြီး "ဒါဆို မင်း cheer လုပ်ချင်သေးလား?"
ဟဲကျင့်က cheer လုပ်လိုက်ပြီး ခဏအကြာတွင်တော့သက်ပြင်းချလာခဲ့သည်။
"ဘုရား ဘာလို့ဒီလောက်အများကြီးရရတာလဲ?"
ချင်ယွီကခပ်ဟဟရယ်လိုက်ပြီး
"ငါပထမဆုံး host လုပ်တုန်းကဆိုငါလည်း ဒီကမ္ဘာကြီးကအရမ်းကိုဆန်းကျယ်တယ်လို့ခံစားခံရတာ...အဲ့ဒါကတစ်ညထဲနဲ့ super star ဖြစ်လာသလိုပဲလေ ငါတို့ကသိပ်မတူသလိုမျိုးပေါ့"
အမှန်တော့ ဟဲကျင့်က သူ့အတွက် အကြီးမားဆုံး လက်ဆောင်တစ်ခုရသွားသလိုမျိုးဖြစ်သွားသောကြောင့် မူးလဲလုနီးပါးပင်...။ သူက ဒီတိုင်းချင်ယွီနဲ့ဝင်ကစားခဲ့ရုံသာဖြစ်ပြီး သိပ်မမျှော်လင့်ခဲ့ချေ... ဒီငွေပမာဏက မမျှော်လင့်ထားလောက်အောင်ပါပဲ။
မွန်းတည့်အချိန်၌ သူသည်ချင်ယွီ နှင့် ဘဏ်သို့ လမ်းလျှောက်လာစဉ် ဟဲကျင့်ကချင်ယွီကိုသတိပေးလာလေသည်။
"ငါ့ကို လွှဲပေးရင် 390,000 ပဲလွှဲနော်"
ချင်ယွီ: "ဘာလို့လဲ"
ဟဲကျင့်:  "ငါ မင်းကို 3000 ပေးရမယ်လေ ဟုတ်တယ်ဟုတ်?အရင်က မင်းရဲ့နေရာမှာ ငါနေခဲ့တယ်... မင်းငါ့ကို ညစာ အမြဲကျွေးတယ် ဒါက ငါမင်းကိုပေးရမယ့်ငွေပမာဏပဲလေ"
ချင်ယွီက အနည်းငယ် စိတ်ဆိုးသွားသည် ။
"မင်း ငါနဲ့ တွက်နေတုန်းပဲလား?"
ဟဲကျင့် သည်ချင်ယွီ ၏ပခုံးကိုဆွဲကိုင်လိုက်ပြီး သူခံစားရပုံကို အလေးအနက်ပြောပြလာသည်
 "ချင်ယွီ ငါမင်းငွေရှာနိုင်တယ်ဆိုတာသိပါတယ် ပြီးတော့ ဒီငွေပမာဏလောက်ကိုဂရုမစိုက်ဘူးဆိုတာလဲသိတယ်။ဒါပေမယ့်ငါ့အတွက်ကတော့မတူဘူး။ငါလည်းယောက်ျားလေးပဲလေ ငါမင်းကိုပဲအချိန်တိုင်းမှီခိုမနေချင်ဘူး။ငါမင်းဆီကပဲအမြဲတမ်းလက်မခံနေနိုင်ဘူး။ငါကငါ့တို့ဆက်ဆံရေးမှာငွေကြေးအရတော့တူညီမူရှိချင်တယ်အဲ့လိုမှပဲ ငါတို့...."
ဟဲကျင့်အသံကပျော့ပြောင်းသွားကာဖြင့် "ဆက်တွဲလို့ရမှာ..."
ဟဲကျင့်က ဆက်တွဲလို့ရမှာလို့ ပြောတဲ့စကားနဲ့တင် ချင်ယွီကကျေနပ်သွားတော့သည်။ပြီးတော့သူဟဲကျင့်က ဘာလို့ဒီလိုပြောတာလဲဆိုတာကိုနားလည်ခဲ့သည် သူက မျက်နှာမငယ်ချင်လို့သာ။
"အင်း ဒါဆိုလည်းကောင်းပါပြီ" သူ့ကောင်မလေးကို အလိုလိုက်တဲ့လေသံနဲ့ချင်ယွီကချိုချိုသာသာဆိုလေသည်။
 "အရာရာမင်းသဘောပါပဲ"
ဟဲကျင့်: "......"
ချင်ယွီသည် ဟဲကျင့်အိမ်မှထွက်လာပြီးနောက်အသစ်ဖွင့်ထားသော acc သို့ငွေလွှဲလိုက်သည်။
သူ့အပ်ငွေရုတ်တရက်တိုးလာသည့် ဂဏန်းအနည်းငယ်ကို ကြည့်လိုက်တော့... ဟဲကျင့် က သိပ်ကိုဆန်းကြယ်သလို ခံစားလိုက်ရပါ၏။ ဟွားတက္ကသိုလ် မှ ဘွဲ့ရသူများ၏ ၀င်ငွေကို ကြည့်ရင် တစ်ဦးစီသည် တစ်နှစ်လျှင် ပျမ်းမျှ 100,000 ရရှိကြပြီး အစားအသောက်နှင့် နေရာထိုင်ခင်းစရိတ်များ မပါဝင်ပေ။ သူတို့မှာ စုဆောင်းငွေ မရှိသလောက်ပါပဲ။ ယခုမူ သူသည် ၎င်းတို့၏ တစ်နှစ်လစာ လေးဆနှင့် ညီမျှသော ပမာဏကို ရုတ်တရက် ရခဲ့သည်။
သူဒါကိုပင်ပင်ပန်းပန်းလုပ်ပြီးရလာတာလား? အဲ့လိုတော့မထင်ဘူးနော်!
ဒါမှမဟုတ် ကံကြောင့်လား? ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..
ဟဲကျင့်သည် ပုံမှန်မဟုတ်သောခံစားချက်ဖြင့် အိပ်ဆောင်ကိုပြန်လာခဲ့တာက ဟုန်တုန်ယွမ်က သူ့ကို ပရောဖက်ဆာဟောင်က ဘာတွေပြောလိုက်လဲလို့ အလောတကြီးမမေးခင်ထိပင်။ထိုအခါမှဟဲကျင့်ရဲ့စိတ်ကလက်တွေ့ကိုပြန်ရောက်လာတော့လေရဲ့
"အိုး ငါ့ကို သုတေသနပညာရှင်ဖြစ်ချင်လား မေးတာပါ"
အမှန်တော့ သူလည်း သူ့အနာဂတ်ကို တွေးရမယ်။ သူ့ဘဝတစ်လျှောက်လုံး ဒီ 390,000 ကို အားကိုးလို့မရဘူးလေ။
သူက နိုင်ငံရပ်ခြားမှာ ပညာသင်ကြားဖို့ မစဉ်းစားဘူး အဲ့တော့ သုတေသီဖြစ်ချင်လား? အပြင်မှာ အလုပ်ရှာချင်လား?
ရိုးရိုးသားသားပြောရရင် အသက်နှစ်ဆယ်ကျော်သူတိုင်းက ကမ္ဘာကြီးကို စူးစမ်းလေ့လာရတာကို နှစ်သက်ကြပါသည်။ဟဲကျင့်သည်လည်း အလားတူပါပဲ။ သုတေသီတစ်ယောက်ဖြစ်ရခြင်းသည် သူ့အမေစီစဉ်ပေးသည့်လမ်းကြောင်းနှင့် အတူတူပင်ဖြစ်သည်။ ၎င်းသည် ပွင့်လင်းမြင်သာမှုရှိပြီးမင်းဘယ်ကိုရောက်မယ်ဆိုတာကိုသိရတယ်။ တစ်ခုတည်းသော ခြားနားချက်မှာ သူတို့ရဲ့နေရာပါပဲ- တစ်ခုက တက္ကသိုလ်မှ ရွေးချယ်ထားသော မြို့တစ်မြို့ ဖြစ်ပြီးတော့ နောက်တစ်ခုက သူ့မိသားစုကရွေးပေးထားတဲ့ သူ့မွေးရပ်မြေပါပဲ
အကယ်၍ သူသည် သုတေသနပညာရှင်တစ်ဦးဖြစ်ရန် ရွေးချယ်ခဲ့လျှင် ဟဲကျင့် သည် နောက်သုံးနှစ်၊ ငါးနှစ်၊ ဆယ်နှစ်အကြာတွင်ပင် သူဘာဖြစ်လာမည်ကို သိရှိထားပြီးဖြစ်သည်။ အရာအားလုံးကပုံသေနေမှာဖြစ်ပြီး သူ့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေရှိမှာမဟုတ်ချေ။ သူ့အတွက် စိုးရိမ်စရာတွေကနေ အကာအကွယ်ပေးမယ့် ပတ်ဝန်းကျင်တစ်ခု ဖြစ်လာရုံပေ...
ဟဲကျင့်သည် ဤအကြောင်းကို ရက်အနည်းငယ်ကြာအောင် တွေးနေခဲ့ပြီး သူသည် အလွန်ပျော်ရွှင်နေပုံမပေါ်ချေ။ ဒီအုံ့မှိုင်းတဲ့ရက်တွေမှာ ချင်ယွီနဲ့နေ့တိုင်းနေ့လည်စာအတူစားလေ့ရှိပြီး ချင်ယွီကတင်းနစ်ကစားဖို့လည်းခေါ်လေ့ရှိသည်။ နှစ်ယောက်သား ချိန်းတွေ့နေကြပေမယ့် တက္ကသိုလ်မှာ သိပ်ပြီးပေါ်ပေါ်ထင်ထင်မနေရဲ့ကြပါဘူးနော်။ ချင်ယွီကသူ့အိပ်ဆောင်ကိုသွားပြီး ဟဲကျင့်ဆီက အနမ်းသူခိုးလုပ်ရန်သာ ရံဖန်ရံခါတောင်းဆိုရုံသာတတ်နိုင်လေ၏။
ဒီနေ့မှာတော့ တင်းနစ်ကစားပြီးနောက် နှစ်ယောက်သားစောင့်ဆိုင်းဧရိယာတွင်ထိုင်နေစဉ်ချင်ယွီကမေးလာလေသည်။
"ဘာတွေဖြစ်နေလဲ?မင်းကိုကြည့်ရတာ တစ်ခုခုကို စိုးရိမ်နေသလိုပဲ?"
ခဏတိတ်ဆိတ်သွားပြီးနောက် ဟဲကျင့် ကမေးလာခဲ့သည်။
 "မင်းရဲ့အနာဂတ်ကို မင်းစဉ်းစားဖူးလား?" 
Zawgyi
ဟိုတယ် ၏ရေချိုးခန်းသည် အိပ်ခန်းနဲ့ ဧည့်ခန်းကြားတွင်ရှိနေပြီး ကြမ်းပြင်ကနေမျက်နှာကျက်ထိကိုမှန်များဖြင့်ကာရံထားကာ အတွင်းဖက်မှ ရေငွေ့အလွှာနဲ့ ယောက်ျားလေးတစ်ယောက်ပုံဖော်ပြနေတဲ့ မျက်နှာကျက်မီးဖြူရောင်လေးရှိနေပါ၏။
"ဟဲကျင့်"
"အမ်း..."
ဟဲကျင့်: "... "
ချင်ယွီက ရယ်ကာဖြင့်
ဟဲကျင့်: "... "
"ဘာအတွက်လဲ"
ချင်ယွီ: "ဘာလို့လဲ"
"အရာရာမင်းသဘောပါပဲ"
ဟဲကျင့်: "......"
Continue Reading
You'll Also Like
3.6K 354 16
[COMPLETED] XiaLin က ဘီတာတစ်ယောက်ဖြစ်တယ် အရေးကြီးဆုံးကတော့ သူ့မှာ သူနဲ့ချိန်းတွေ့တဲ့ အယ်ဖာတွေ အကုန် သူတို့ရဲ့ ကံဇာတာပါတဲ့ အိုမီကာကို တွေ့ရလိမ့်မယ်ဆို...
10.5K 1.9K 17
Title: Not so-evil dragon and Prince (不怎么恶的龙,还有王子) Author: LiangLiang (俩俩) Status: Completed (16 chapters+1 extra)
25.1K 1.7K 38
❝Loving you isn't a big mistake, it is actually the best thing happened in my life, even though we didn't end up together.❞ In which a girl loves a b...
1.4M 34.5K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...