သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ...

Miracle_Phyu97 द्वारा

38.8K 3K 33

မိတ်ဆက် ငါ တကယ် ပိုက်ဆံဆုံးရှုံးချင်တယ် T_T အကောင်းဆုံး သူဌေး၊ စီးပွားရေးလောက၏ အရွယ်နှင့်မလိုက်အောင် ထူးချွန်... अधिक

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35/36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45/46
Ch-47/48
Ch-49/50
Ch-51/52
Ch-53/54
Ch-55/56
Ch-57/58
Ch-59/60
Ch-61/62
Ch-63/64
Ch-65/66
Ch-67/68
Ch-69/70
Ch-71+72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92
Ch-93+94+95
Ch-96+97+98
Ch-99+100
Ch-101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111/112
Ch-113/114
Ch-115/116
Ch-117/118
Ch-119/120
Ch-121/122
Ch-123/124
Ch-125/126
Ch-127/128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172
Ch-175/176
Ch-177/178
Ch-179/180

Ch-173/174

113 9 0
Miracle_Phyu97 द्वारा

ဖေးချမ့် 173+174

အခန်း(၁၇၃) ဘော့စ်ဖေးက အမြဲတမ်း နွေးထွေးတာပဲ

ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲတို့ သူတို့ရိုက်ကူးချင်တာကို သူတို့သိပါသည်။ ဒီမှတ်တမ်းရုပ်ရှင်၏ အလေးပေးမှုက ပရော်ဖက်ရှင်နယ် ဂိမ်မာများ ဘယ်လောက် ခမ်းနားပြီး လှပကြောင်း ပုံကြီးချဲ့ရိုက်ကူးခြင်း မဟုတ်ပါ။ ၎င်းတို့၏ နေ့စဥ်ဘဝများကို အာရုံစိုက်ထားသည်။ သူတို့ရဲ့ ရုန်းကန်ပြီး အခက်အခဲများဖြင့် ရင်ဆိုင်နေရသော ဘဝကို အားလုံးကို မြင်စေပါသည်။

"ရိုက်ထားတာ တော်တော် ကောင်းတာပဲ။"

ဖေးချမ့် စိတ်ရင်းဖြင့် ပြောလိုက်ခြင်း ဖြစ်ပါသည်။

အရင်ကလည်း eSport ကစားသမားများ၏ မှတ်တမ်းရုပ်ရှင်ကောင်းများကို မြင်ဖူးပါသည်။ ကျူးရှောင်စဲရိုက်ကူးထားသည့် ဒီတစ်ခုကတော့ အကြောင်းအရာကော ရိုက်ကူးပုံရိုက်ကူးနည်းအရကော အလွန်ပြောင်မြောက်သည်ဟု သတ်မှတ်လို့ရပါသည်။

ဟွမ်စစ်ပေါ်က အနည်းငယ် စိတ်ပျက်လက်ပျက် ပြုံးပြီး ပြောလိုက်ပါသည်။ "ကျွန်တော်လည်း တော်တော်လေး အားရပါတယ်။ ဒါပေမယ့်... ကျွန်တော်တို့ အရင်းပြန်မရမှာတောင် စိုးရိမ်မိတယ်။"

"ကျွန်တာ်တို့ ဗီဒီယိုဝက်ဘ်ဆိုက်တချို့တော့ တွေ့ပါတယ်။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ကို လုံလောက်တဲ့ လုပ်ဆောင်ချက်တွေ မပေးနိုင်ဘူး။ သာမန် မက်လုံးအစီအစဥ်တွေထဲ ပါလိုက်ရင် ဒီဗီဒီယိုက ကြည့်ရှုသူ ၃ သန်းလောက်ရှိရင်တောင် ကျွန်တော်တို့ ထောင်ဂဏန်းလောက်ပဲ ပြန်ရမှာ။ အဲ့တာ အများကြီး မဟုတ်ဘူးလေ။"

ဖေးချမ့် ခေါင်းငြိမ့်လိုက်ပါသည်။

မှတ်တမ်းရုပ်ရှင်များက သိပ်ပြီး အကျိုးအမြတ် မရတာ သိသာပါသည်။ ဗီဒီယိုအတိုများနဲ့ ခြားနားပေသည်။

ဗီဒီယိုအတိုများကို ကုန်ကြမ်း ကျယ်ကျယ်ပြန့်ပြန့်ဖြင့် ရိုက်ကူးနိုင်သည်။ ထုတ်လုပ်ရေးကို ကာမိမည့် စပွန်ဆာများလည်း ထည့်သွင်းလို့ ရသည်။ ဗီဒီယိုဝက်ဘ်ဆိုက်များအတွက် ဒီလိုဗီဒီယိုအတိုလေးများက သူတို့ ဝက်ဘ်ဆိုက်များအတွက် ဝင်ရောက်ကြည့်ရှုသူများကို ပိုမိုခေါ်ယူပေးနိုင်လိမ့်မည်။

သို့သော်လည်း မှတ်တမ်းရုပ်ရှင်များကတော့ လုံးဝ ခြားနားပါသည်။

ဟွမ်စစ်ပေါ်တို့က အလွန်အဆင့်မြင့်သည့် ရိုက်ကူးရေး ကိရိယာများကို အသုံးပြုကာ ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးဖို့အတွက် ကျင်းကျိုးမြို့၊ ရှန်ဟိုင်းမြို့နဲ့ လီကျန်းဝေ၏ မွေးရပ်မြေတို့ကို ပြေးလွှားနေခဲ့ရပါသည်။ ဖေးချမ့်က သူတို့၏ အစားအသောက်နဲ့ နေရာထိုင်ခင်းများကိုလည်း ထန်းတာ့၏ စံနှုန်းအတိုင်း ဆောင်ရွက်ခိုင်းသည်။ သူတို့က ငွေကို ရေလို သုံးစွဲနေခဲ့ရပါသည်။

ဒီလိုမှတ်တမ်းရုပ်ရှင်များကို တရားဝင် ဝက်ဘ်ဆိုက်များက ဂိမ်းများ သို့မဟုတ် ပြိုင်ပွဲများကို ပရိုမိုးရှင်းဆင်းဖို့အတွက်သာ ပုံမှန်အားဖြင် ထုတ်လုပ်လေ့ ရှိပါသည်။ မှတ်တမ်းရုပ်ရှင်ထဲ ငွေဘယ်လောက်ပဲ ထည့်သွင်းထားပါစေ ထိုဝက်ဘ်ဆိုက်များက ထိုငွေကို ပြန်ရနိုင်သည်။

သို့သော်လည်း ဟွမ်စစ်ပေါ်တို့ကတော့ ဒီမှတ်တမ်းရုပ်ရှင်ကို လူထုစိတ်ဝင်စားမှုအတွက် သာမန် လူထုဝန်ဆောင်မှုတစ်ခုအဖြစ်သာ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ သူတို့သုံးစွဲထားသည့် ငွေကို ပြန်မရနိုင်မှာ ပုံမှန်ပဲ ဖြစ်ပါသည်။

ဒီတစ်ခေါက် လုမင်လျန်က ဂိမ်းဟောင်းများ၏ New Edition များ ဖန်တီးမှုကို ဦးဆောင်ခဲ့ပြီး DLC များကလည်း အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့ကြောင်း ဟွမ်စစ်ပေါ် သိပါသည်။

လုမင်လျန်က အစီအစဉ်ရေးဆွဲသူချုပ်တစ်ယောက်၏ ရာထူးတွင် သူ့ထပ်တောင် သာလွန်သွားလောက်ပါပြီ။

ဒီတစ်ခေါက်တော့ ဖေးဟွမ်လုပ်ငန်းက နည်းနည်းလေးတောင် အကူအညီ မဖြစ်စေခဲ့ပါ။ ဒီလို တွေ့ဆုံပွဲမျိုးမှာ သူ အနည်းနဲ့ အများဆိုသလို အရှက်ရမိပါသည်။

ဖေးချမ့်က ပြုံးလိုက်၏။ "မင်းတို့တွေက အဲ့တာကြောင့် စိတ်မကောင်းဖြစ်နေကြတာလား။"

ဟွမ်စစ်ပေါ် အနည်းငယ် တုန်လှုပ်သွားပါသည်။ "ဘော့စ်ဖေး..."

ဖေးချမ့်က သူ့ဖန်ခွက်ကိုမြှောက်လိုက်ကာ ယမ်းလိုက်ပါသည်။ သူ့လေသံက ခြားနားလာ၏။ "ငါအရင်တုန်းက မပြောခဲ့ဖူးဘူးလား။ အချိန်တို အမြတ်တွေ အရှုံးတွေကြောင့် စိတ်မညစ်ဘဲ အာရုံမစိုက်နဲ့လို့။ ငွေရေးကြေးရေးကို အရမ်းကြီး စိတ်မပူကြနဲ့လို့"

"ဗီဒီယိုအတိုလေးတွေကိုလည်း မင်းတို့တွေ အမြတ်အစွန်းကြောင့်မဟုတ်ဘဲ စိတ်ခံစားချက်ကြောင့် ရိုက်ကူးခဲ့တာ မဟုတ်ဘူးလား။ မင်းတို့တွေ အဆင့်နိမ့်တဲ့ စပွန်ဆာတွေကို ငြင်းခဲ့ပေမယ့် မင်းတို့ မငတ်ပါဘူး။ နောက်ဆုံးတော့ နှစ်ဦးနှစ်ဖက် ဝင်ငွေကောင်းတဲ့ နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့တာပဲ မဟုတ်ဘူးလား။"

"ငါ့အတွက်တောာ့ အဓိက အာရုံစိုက်ရမှာက ငါတို့ငွေရနိုင်မလားဆိုတာမဟုတ်ဘူး။ ငါတို့ အဓိပ္ပာယ်ရှိတာ တစ်ခုခုကို ဖန်တီးနေလား မဖန်တီးနေဘူးလား ဆိုတာပဲ။"

"မင်းတို့ကောင်တွေ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးမယ်လို့ ဆုံးဖြတ်လိုက်ပြီးကတည်းက အရှုံးပေါ်နိုင်တယ်လို့ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးသား မဟုတ်ဘူးလား။"

"မင်းတို့လိုချင်တဲ့ စိတ်ကူးရှိတဲ့ အဆုံးသတ် ထုတ်ကုန်တစ်ခုကိုရလာပြီလေ။ ဘာတွေ ခါးသီးနေဖို့ လိုလို့လဲ။"

ဟွမ်စစ်ပေါ်ရင်ထဲ အနည်းငယ်နွေးထွေးသွားသည်။ "ကျေးဇူးတင်ပါတယ် ဘော့စ်ဖေးရယ်..."

သူတို့နှစ်ယောက် စိတ်ခံစားချက်များ ပြည့်ဝစွာဖြင့် သက်ပြင်းချလိုက်မိပါသည်။ ဒီစကားလုံးများကို တခြားတစ်ယောက်ယောက်ထံမှ ကြားရတာသာဆို အတုအယောင်များဟု ထင်ရနိုင်သည်။ သို့သော်လည်း ဘော့စ်ဖေးဆီက ထွက်လာသော စကားလုံးများဖြစ်သဖြင့် အလွန်စစ်မှန်ကာ စေတနာပါသည်ဟု ခံစားရပါသည်။

ဒါက ဘော့စ်ဖေးနဲ့ တခြားဘော့တွေရဲ့ ခြားနားချက် ဖြစ်နိုင်သည်။ သူ့မှာ သာမန်လူတွေထက် ပိုကြီးမားသည့် နှလုံးသား တကယ်ရှိပြီး အမြင်ကျယ်ကာ အမြော်အမြင်လည်း ရှိပါသည်။

ဖေးချမ့် အနည်းငယ် ပြုံးလိုက်ပါသည်။ "မင်းတို့ကိုယ်မင်းတို့ သံသယမဖြစ်ကြပါနဲ့။"

"မင်းတို့တွေ အကျိုးအမြတ်ကို မမျှော်မှန်းဘဲ ရင်ထဲကရှိတာကိုပဲ လုပ်ကြတော့ ဘာဖြစ်လဲကွာ။ ဒီမှတ်တမ်းရုပ်ရှင်က ကစားသမားတွေရဲ့ ဆန္ဒနဲ့ စိတ်ဓာတ်တွေနဲ့ ကိုက်ညီမှု ရှိနေရင် ဖေးဟွမ်လုပ်ငန်းက လမ်းကြောင်းမှန် ရောက်နေတယ်လို့ ဆိုလိုတာပဲ။"

"မင်းတို့တွေ နောက်တစ်ကား ရိုက်ကူးဖို့ ဘက်ဂျက် လိုနေပြီလား။ စိတ်မပူနဲ့။ ငါ့ကို မင်းတို့ ဘယ်လောက်လိုလဲ ဆိုတာကိုသာ ပြောလိုက်"

ဖေးချမ့်က ထင်မထားသည့် သူ့ကံကောင်းမှုကြောင့် ပျော်ရွှင်သွားပါသည်။

ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲတို့ ဒီမှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့အတွက် အရင်က အမြတ်တွေအားလုံးကို အသုံးပြုပြီးသား ဖြစ်လောက်သည်။ သူတို့မှာ များများစားစား ကျန်သည့်ပုံမပေါ်ပါ။

ဖေးချမ့်က ဒါကို ဆင်ခြေအဖြစ်ပေးပြီး သူတို့ကို ပိုက်ဆံပိုပေးလို့ ရပါသည်။ သူတို့ ဆက်လက် ဖြုန်းတီးနိုင်ဖို့အတွက် ဖြစ်၏။

အမှန်ပင်။ ဒါက နောက်တစ်သုတ်ကျမှ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

"ဘော့စ်ဖေး ကျွန်တော်တို့မှာ ဆက်ရိုက်ကူးဖို့အတွက် ဘက်ဂျက်မရှိတော့တာပဲ မဟုတ်ဘူး" ကျူးရှောင်စဲက အနည်းငယ် သက်ပြင်းချလိုက်ပါသည်။

"တကယ်တော့ ကျွန်တော်တို့မှာ ရှိနေတဲ့ ရန်ပုံငွေတွေကော ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ငွေတွေကိုတောင် ပထမဆုံး အသုံးပြုခဲ့ပါသေးတယ်။ ဒါပေမယ့် မလောက်ဘူးလို့သိလိုက်ရတော့ ဝန်ထမ်းတွေကို တစ်လစာ လစာ အကြွေးတင်နေတုန်းပဲ..."

"ကောင်းတာပေါ့" ဖေးချမ့် အကျယ်ကြီး အအော်လိုက်ပါသည်။

ကျူးရှောင်စဲ ကြောင်သွား၏။ "?"

ဖေးချမ့် နှစ်ချက်လောက် ချောင်းဆိုးလိုက်ပါသည်။ "မင်းတို့လုပ်ထားတာ ကောင်းပါတယ်။ ဒါ မင်းတို့ဝန်ထမ်းတွေက မင်းတို့နဲ့ နှလုံးသားချင်းနီးစပ်ပြီး တစ်စိတ်တည်း တစ်ဝမ်းတည်း ရှိတယ်လို့ ဖော်ပြနေတာပဲ။ ဒီလောက်ကြမ်းတမ်းတဲ့ အခြေအနေမျိုးမှာတောင် ဘယ်သူမှ အလုပ်ထွက်ဖို့ စိတ်ကူး မရှိကြဘူး။ ဒါက ဖေးဟွမ်လုပ်ငန်းက စိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိတဲ့ ရင့်ကျက်တဲ့ အဖွဲ့တစ်ခုဖြစ်လာပြီဆိုတဲ့သဘောပဲလေ။"

"မင်းတို့ကောင်တွေ ကိုယ့်ပိုက်ဆံကိုယ် မသုံးခဲ့သင့်ဘူး။ လက်ထောက်ရှင်းကို သွားတွေ့လိုက်။ မင်းတို့ ပြန်ပေးဖို့ ဘယ်လောက်ပဲလိုလို အကုန်ပေးမယ်။"

"အဲ နေဦး။ ဒီလောက်နဲ့ မလုံလောက်သေးဘူး။ လစာပေးဖို့ နှောင့်နှေးတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး။ သူတို့ကို အတိုးနဲ့ပါ လစာပေးမယ်။ ငါတို့ရဲ့ အထောက်အပံ့ဖြစ်တဲ့ ညီအစ်ကိုတွေကို မဟုတ်တာ မလုပ်သင့်ဘူး။"

ဟွမ်စစ်ပေါ် ကြောင်စီစီ ဖြစ်သွားပါသည်။ "ဘော့စ်ဖေး ဒါ မသင့်တော်ဘူးမလား။ အရင်တုန်းက လစာနှောင့်နှေးတာကို အတိုးနဲ့ ရှင်းပေးတာမျိုး တစ်ခါမှလည်း မကြားဖူးဘူး။"

ဖေးချမ့်က ဟွမ်စစ်ပေါ် ထပ်မပြောတော့ဖို့ လက်ခါပြလိုက်ပါသည်။

"ဟွမ်စစ်ပေါ် မင်းတို့ ဘာတွေရိုက်ချင်လဲ၊ မင်းတို့ ဘာတွေတိုက်ခိုက်ပြီး ကိုယ့်ကိုယ်ကို စိန်ခေါ်ချင်လဲဆိုတာကို ငါဂရုမစိုက်ဘူး။ဒါပေမယ့် ငါတို့ကုမ္ပဏီရဲ့ ပုံရိပ်ကို ထိခိုက်စေမယ့် ကိစ္စမျိုးတွေကို ဘာမှ ခွင့်မပြုနိုင်ဘူး။"

"ထန်းတာ့နဲ့ အတူတူ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ခဲ့ရတဲ့ ဝန်ထမ်းတွေကို စိတ်ဓာတ်ကျခွင့် ပေးလို့ မဖြစ်ဘူး၊ နားလည်လား။"

ဘော့စ်ဖေးက အလွန်ဖြောင့်မတ်စွာ ပြောလိုက်ပါသည်။

ဟွမ်စစ်ပေါ် ကြည်နူးလွန်းသဖြင့် မျက်လုံးထဲ မျက်ရည်များ ဝဲလာခဲ့သည်။

ဒါ... မိသားစုတစ်စုရဲ့ နွေးထွေးမှုလိုပဲ။

အပြင်ဘက်မှာ ဘယ်လောက်ပဲ နာကျင်လာပါစေ၊ အခက်အခဲတွေ ဘယ်လောက်ပဲ ကြုံတွေ့လာရပါစေ ထန်းတာ့ကို ပြန်ရောက်လာခြင်းက အိမ်ကိုပြန်လာရသလိုပင်။ စိတ်ပူစရာ ဘာမှ မလိုအပ်ပါ။ ထန်းတာ့နဲ့ ဘော့စ်ဖေးက သူတို့နောက်မှာ ရှိနေပါသည်။

သူတို့ငွေတွေ အများကြီး သုံးထားတာကို ဘော့စ်ဖေး စိတ်ထဲမထားတာကိုမြင်သောအခါ ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲတို့ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ပြုတ်ကျသွားသလို ခံစားလိုက်ကြပါသည်။

ဖေးချမ့်က မေးလိုက်သည်။ "မင်းတို့တွေ နောက်ပရောဂျက်အတွက်လည်း မှတ်တမ်းရုပ်ရှင်ပဲ ရိုက်ကူးကြမှာလား။"

ဟွမ်စစ်ပေါ်က ခေါင်းခါလိုက်ပါသည်။ "အဲ့တာတော့ ကျွန်တော်တို့ မဆုံးဖြတ်ရသေးဘူး။ ဒီမှတ်တမ်းရုပ်ရှင် ထုတ်လွှင့်တဲ့အထိ စောင့်ပြီး တုန့်ပြန်မှုကို အရင်စောင့်ကြည့်လိုက်ဦးမယ်။ ဒါပေမယ့် ဒီ Theme မျိုးနဲ့တော့ သေချာပေါက် ဆက်မလုပ်တော့ဘူး။ ဒါက ငွေမရလို့ မဟုတ်ဘဲ ကျွန်တော်တို့ပြသချင်တာတွေ အများကြီး ပြသပြီးသွားပြီမို့လို့ပါ။”

"ကျွန်တော်တို့ Theme အသစ်ပြောင်းပြီး ရိုက်ကူးနိုင်တယ်။"

ဖေးချမ့် ခေါင်းငြိမ့်လိုက်ပါသည်။ "အင်း စမ်းကြည့်ကြပါ။ မင်းတို့ ပိုက်ဆံလိုရင် ပြောသာ ပြောလိုက်"

အကြာကြီးစကားပြောပြီးနောက် ဖေးချမ့် ရုတ်တရက်ကြီး တစ်ခုခုကို တွေးမိသွားပါသည်။

"သြော် ဟုတ်သားပဲ။ ချန်းလျဲ့အခြေအနေ ဘယ်လိုရှိလဲ။"

ဖေးချမ့်က ချန်းလျဲ့ကို ရှန်ဟိုင်းသို့ ပို့ပြီးပြီ ဖြစ်သော်လည်း အနည်းငယ် စိတ်ပူနေရဆဲ ဖြစ်သည်။ ချန်းလျဲ့က တကယ်ပဲ ပါရမီရှိသူဖြစ်ကာ စတန့် တစ်ခုခု ထွင်လိုက်မှာကို ဖေးချမ့် စိတ်ပူနေပါသည်။ ထို့ကြောင့် မေးကြည့်ဖို့ တွေးမိခြင်း ဖြစ်သည်။

"သေချာတော့ မသိဘူး။ ဘော့စ်ဖေး တောင်းဆိုတဲ့အတိုင်း သူ့အတွက် အစားအသောက်နဲ့ နေရာထိုင်ခင်းအတွက် ကျွန်တော်ကူညီပေးထားတယ်။ ဒါပေမယ့် ကျွန်တော်တို့က ရိုက်ကူးရေးအတွက် အလုပ်ရှုပ်နေပြီး သူကလည်း ရှန်ဟိုင်းမြို့မှာ လျှောက်သွားနေတော့ အများကြီး မတွေ့မိကြဘူး။"

"မှတ်တမ်းရုပ်ရှင်အတွက် အပိတ်ဇာတ်ဝင်တေးကို ဆိုပေးဖို့ တောင်းဆိုချင်ခဲ့တာ။ ဒါပေမယ့် ကျွန်တော်တို့မှာ ဘက်ဂျက်လည်း မလုံလောက် သင့်တော်တဲ့ သီချင်းကိုလည်း ရှာမရခဲ့လို့ သူ့ကိုမပြောဖြစ်ခဲ့ဘူး။"

ဟွမ်စစ်ပေါ်က သူနားလည်သလို ရှင်းပြဖို့ ကြိုးစားပါသည်။

ဖေးချမ့်၏ နှလုံးခုန်သံ ရပ်တန့်သွားတော့မလို ဖြစ်သွားသည်။ သို့သော် မကြာခင် ပုံမှန်အတိုင်းပဲ ပြန်ဖြစ်သွားခဲ့ပါသည်။

နည်းနည်းတောင် လန့်သွားတယ်ကွာ။

ကံကောင်းစွာဖြင့် ဟွမ်စစ်ပေါ်က ချန်းလျဲ့ကို အပိတ်သီချင်းဆိုခိုင်းဖို့ မဆွေးနွေးခဲ့ပေ။ ချန်းလျဲ့သာ တကယ်ဆိုပါက ပြဿနာ တက်နိုင်ပါသည်။

ဒီမှတ်တမ်းရုပ်ရှင်က ငွေမရသော်လည်း ရိုက်ကူးရေးထဲ အားထုတ်ကြိုးပမ်းမှုများကြောင့် သေချာပေါက် ကြည့်ရှုသူများကို ဆွဲဆောင်နိုင်ပါလိမ့်မည်။

ဒီလိုဖြစ်လာပြီး ချန်းလျဲ့သာ ရုတ်တရက်ကြီး အင်တာနက်ပေါ်မှာ နာမည်ကြီးလာကာ ထိုကဲ့သို့ ပါရမီရှင်တစ်ယောက်ကြောင့် ဖေးဟွမ်လုပ်ငန်းအပေါ် သက်ရောက်မှုရှိလာပါက...

အကျိုးဆက်များက စိတ်ကူးဖြင့် မှန်းဆ၍ မရနိုင်အောင် ရှိလာလိမ့်မည်။

ကံကောင်းလို့ ဒါမျိုးတွေ ဘာတစ်ခုမှမဖြစ်ခဲ့ပေ။

အမှန်ပင်။ ချန်းလျဲ့ကို အဆင်မပြေချင်တာမျိုး မဟုတ်ပါ။ချန်းလျဲ့ကို နည်းနည်းလောက် စောင့်ခိုင်းပြီး ဒီအသုတ်မှာ နာမည်ကြီးမလာစေချင်ရုံ ဖြစ်ပါသည်။ ဒါမှ ချန်းလျဲ့ ဖေးချမ့်ကို ဒုက္ခမပေးနိုင်မှာ ဖြစ်ပါသည်။

မင်းရဲ့ ကိုယ်ပိုင်အချိန်ရောက်ရင် မင်းဖာသာမင်း နာမည်ကြီးလာလို့ရတယ်။ ကျေးဇူးပြုပြီး အဲ့နာမည်ကြီးမှုကို ငါ့ဆီသာ ယူမလာပါနဲ့။

"အခုကော" ဖေးချမ့်က ဆက်မေးသည်။

ဟွမ်စစ်ပေါ်က ခေတ္တစဥ်းစားလိုက်ပါသည်။ "သူအခု ရှန်ဟိုင်းမှာ အခွင့်အလမ်းတွေ လိုက်ရှာနေတုန်းပဲထင်တယ်။ ဘော့စ်ဖေး သိချင်ရင် ကျွန်တော်ဖုန်းဆက်မေးလိုက်မယ်လေ။"

ဖေးချမ့်က လက်ကာလိုက်သည်။ "မလိုပါဘူး။ ငါက ဒီတိုင်းမေးကြည့်တာပါ။"

ချန်းလျဲ့ ဒီတစ်ခေါက် ငွေစာရင်းရှင်းမှုကို ဒုက္ခမပေးနိုင်သရွေ့ အားလုံး အိုကေပါသည်။

ဘေးမှာတော့ ကျူးရှောင်စဲက စိတ်ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။

ဘော့စ်ဖေးက သူ့ဝန်ထမ်းတိုင်းကို တကယ်ပဲ ဂရုစိုက်တာပါလား။

ချန်းလျဲ့နဲ့ ပတ်သတ်ပြီး ကျူးရှောင်စဲ တစ်ခုခု ကြားဖူးပါသည်။

ချန််းလျဲ့က ယွီအင်တာနက်ကဖေးတွင် ဆိုင်အဆိုတော် ဖြစ်ခဲ့ဖူးသည်။ ကဖေးအတွက်လည်း အမြတ်များစွာ ယူဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါသည်။ တခြားဘော့စ်များသာဆိုရင် ချန်းလျဲ့ကို ရွှေဥဥပေးသော ကြက်မကြီးလို သဘောထားကာ ချုပ်ကိုင်ထားပြီး ထွက်သွားခွင့်ပေးမှာ မဟုတ်ပါ။

သို့သော်လည်း ဘော့စ်ဖေးကတော့ လုံးဝ ဆန့်ကျင်ဘက်ကို လုပ်ခဲ့သည်။ ချန်းလျဲ့ကို ယွီအင်တာနက်ကဖေးမှာပဲ နေခိုင်းပြီး အမြတ် ဆက်ထုတ်ကာ သူ့အိပ်မက်များ နောက်လိုက်ခြင်းမှ မတားဆီးခဲ့ပါ။ ပိုကြီးမားသည့် စင်မြင့်တစ်ခုပေါ်တွင် ပိုကောင်းမွန်သည့် အခွင့်အလမ်းများ ရှာဖွေနိုင်အောင် ရှန်ဟိုင်းမြို့သို့ ပို့ဆောင်ဖို့ ငွေများပင် ထောက်ပံ့ပေးခဲ့ပါသည်။

ဒါက ဘော့စ်ဖေးအတွက် ဘယ်နည်းနဲ့မှ အကျိုးအမြတ် မရှိနိုင်ပါ။ လုံးဝ ကိုယ်ကျိုးမငဲ့ခြင်းမျိုးသာ ဖြစ်ပါသည်။

အခုထိတောင် ဘော့စ်ဖေးက ရှန်ဟိုင်းမြို့လို အဝေးကြီးမှာ ရောက်နေသည့် ချန်းလျဲ့ကို ဂရုစိုက်နေဆဲ ဖြစ်သည်။

သဘောကောင်းလိုက်တဲ့ စိတ်ထားလေး...

ဘော့စ်ဖေးက အမြဲတမ်း နွေးထွေးမှုပေးသူ ဖြစ်ပါသည်။

အခန်း(၁၇၄) ငွေစာရင်းရှင်းချိန်နီးတော့ ပြဿနာပေါ်လာပြီ

ဇွန်လ ၂၁ ရက်နေ့တွင် ဖေးဟွမ်လုပ်ငန်း၏ ပိုးအိမ်ထဲမှ လိပ်ပြာအဖြစ် မွေးဖွားလာခြင်း မှတ်တမ်းရုပ်ရှင်ကို အိုင်လီကျွန်းတွင် တရားဝင် ထုတ်လွှင့်ပြသခဲ့ပါပြီ။

မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်သောကြောင့် ပိုးအိမ်ထဲမှ လိပ်ပြာတစ်ကောင်အဖြစ် မွေးဖွားလာခြင်းမှာ ကော်မာရှယ်များထည့်သွင်းလို့မရသလို ဘယ်ဝက်ဘ်ဆိုက်နဲဲ့မှလည်း အကျိုးအမြတ် ခွဲဝေခြင်း သဘောတူစာချုပ် မချုပ်ဆိုရသေးပါ။ အိုင်လီကျွန်း၏ မူလ မက်လုံးအစီအစဥ်အရဆို ကြည့်ရှုသူအရေအတွက်က ၁ သန်းလောက် ရောက်သွားရင်တောင် ဝင်ငွေက ယွမ်ထောင်ဂဏန်းလောက်သာ ရှိပါလိမ့်မည်။ အတော်လေး တရားလွန်ပါသည်။

ထို့ကြောင့်ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲတို့က ဒီအကြံကို အနည်းနဲ့ အများ လက်လျှော့ကာ အကျိုးအမြတ်ကို မမျှော်မှန်းဘဲ ရင်ထဲရှိတာတွေကိုသာ ဆောင်ရွက်ခဲ့ပါသည်။

ဖေးဟွမ်လုပ်ငန်းသည် ယခင်တုန်းက ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ စီးရီးကို ထုတ်လွှင့်ဖူးပြီး ပရိတ်သတ်အုပ်များစွာ ရှိပြီးသားဖြစ်သဖြင့် ဒီတစ်ခေါက် မှတ်တမ်းရုပ်ရှင်ကို ထုတ်လွှင့်လိုက်သောအခါ ချက်ချင်းပဲ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခြင်းကို ခံခဲ့ရပါသည်။

ဗီဒီယိုထဲတွင် လီကျန်းဝေက ကင်မရာကို မျက်နှာမူပြီး နှစ်ပေါင်းများစွာအတွင်း သူ့ဘဝခရီးလမ်းအကြောင်းကို မမောမပန်းစွာ ပြောနေပါသည်။

"ကျွန်တော့်အဖေ ထွက်သွားတော့ ကျွန်တော် တံခါးကို ကန်ဖွင့်ပြီး ထွက်ပြေးလာခဲ့တယ်။ ကျွန်တော့်လုပ်ငန်းကို သေချာစတင်ဖို့အတွက် ရှန်ဟိုင်းမြို့ကို တစ်ယောက်တည်း သွားခဲ့တယ်။"

"စဥ်းစားကြည့်မှ ဒီရွေးချယ်မှုကို ကျွန်တော် နောင်တ မရမိဘူး။ ကျွန်တော်က အွန်လိုင်းပေါ်မှာ ယှဥ်ပြိုင်ဖို့အတွက် မွေးဖွားလာတာ။ ကျွန်တော့်ရဲ့ စာအုပ်ထဲက ဘဝကြီးအတိုင်းပဲ လိုက်နာပြီး အလုပ်လုပ်၊ မိန်းမယူ၊ ကလေးမွေးခဲ့မယ်ဆိုရင် တစ်ဘဝလုံး နောင်တအကြီးကြီး ရပြီး နေခဲ့ရမှာ။”

"ကျွန်တော်က ရွှေဇွန်းကိုက်ပြီး မွေးဖွားလာတဲ့ ဒုတိယမျိုးဆက် သူဌေးသားလည်း မဟုတ်ဘူးလေ။ ကျွန်တော့်ကံကလည်း မကောင်းဘူး။ ပြီးတော့ ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားလာတာ။ ဒါပေမယ့် နောက်ထပ် ရှုထောင့်တစ်ခုက ကြည့်ရင်တော့ ကျွန်တော့်ကံက မဆိုးလှဘူး။ ကျွန်တော် သဘောကျတာကို ရွေးချယ်ခဲ့ပြီး နာမည်ရလာနိုင်ခဲ့တယ်။"

"ဒါပေမယ့် လူငယ်တွေကို ကျွန်တော့်ခြေရာတိုင်း လိုက်ရှာဖို့ အကြံမပေးချင်ပါဘူး။"

"ကျွန်တော့်လုပ်ငန်းကို စတင်ပြီး အောင်မြင်လာတော့ လူတွေ အများကြီးက ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော့်ကို မေးခွန်းထုတ်လာတယ်။ ကျွန်တော့်အဖြေကတော့ အမြဲတမ်း အတူတူပဲ..."

"ခင်ဗျားတို့သာ တကယ်ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် ကျွန်တော့်ကို ဒီမေးခွန်းကို မေးနေစရာတောင် မလိုဘူး။ အစကတည်းက ကျွန်တော့်လိုပဲ ဖြစ်နေမှာ။ တံခါးကို ကန်ဖွင့်ပြီး လွတ်လပ်စွာ နေထိုင်မှာပေါ့။ ပြီးတော့ ဒါက ခင်ဗျားတို့ရဲ့ အိပ်မက်ဆိုတာ သံသယ မရှိဘဲ စွဲစွဲမြဲမြဲ ယုံကြည်ထားရင် အဆုံးသတ်အထိ ခင်ဗျားတို့ တိုက်ခိုက်မှာပဲ။"

"ခင်ဗျားတို့ စိတ်ဆုံးဖြတ်ချက်ချဖို့ ကျွန်တော့်အကြံဉာဏ်ကို လိုတယ် ဆိုရင်တော့ ကျွန်တော်အကြံပေးချင်တာက ခင်ဗျားတို့ တစ်ခုခုကို အရင်ဆုံး သေချာအောင်လုပ်ဖို့ပဲ။ ခင်ဗျားတို့ ပညာသင်ရမှာကြောက်လို့ ဒီလိုလုပ်ပြီး ထွက်ပြေးချင်တာလား။ ဒါမှမဟုတ် ပရော်ဖက်ရှင်နယ် ဂိမ်မာတစ်ယောက်ဖြစ်လာဖို့ လမ်းကို ရွေးချယ်ခြင်းရဲ့ ပေးဆပ်ရမယ့် တန်ဖိုးကို တကယ်ပဲ နားလည်ရဲ့လား။"

အလွန်လျင်မြန်စွာဖြင့် ကစားသမားများစွာက ကောမန့်အကန့်တွင် မက်ဆေ့ချ်များ ရေးသားလာခဲ့ကြသည်။

"မြန်လိုက်တာ"

"ဘော့စ်ဖေးနဲ့ နေ့စဥ်ဘဝကို ဘာလို့ မရိုက်တော့တာလဲလို့ ဖေးဟွမ်လုပ်ငန်းကို မေးနေတာ။ သူတို့ ဒါကိုပြင်ထားကြတာကိုး။"

"ဒီမှတ်တမ်းရုပ်ရှင်က အရမ်းအဆင့်မြင့်တဲ့ပုံပဲ။ မဟာ ထုတ်လုပ်မှုကြီးတစ်ခုနဲ့တောင် တူတယ်။"

"တကယ်တော့ ငါအကြိုက်ဆုံး ပရော်ဖက်ရှင်နယ်ဂိမ်မာတွေအကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုပဲ။ ငါအားပေးမှဖြစ်မယ်။”

"လုပ်ငန်းဂိမ်မာတစ်ယောက်ရဲ့ ဘဝက ဒီလောက် ခါးသီးပြီး ကြမ်းတမ်းလိမ့်မယ်လို့ မထင်ခဲ့မိဘူးကွာ။ တံခါးကို ကန်ဖွင့်ပြီး ထွက်ပြေးပြီး ပရော်ဖက်ရှင်နယ် ဂိမ်မာတစ်ယောက် ဖြစ်လာတယ်တဲ့။ ကံကောင်းစွာနဲ့ သူအောင်မြင်လာပြီးတဲ့နောက်ပိုင်း မိဘတွေရဲ့ အသိအမှတ်ပြုခြင်းကို ရခဲ့ပါတယ်။"

"အစ်ကိုလီရဲ့ စကားလုံးတိုင်းက အရမ်း စေတနာပါပြီး ရိုးသားတာပဲ။"

"ဒီမှတ်တမ်းရုပ်ရှင်က တကယ်ပဲ အဓိပ္ပာယ်ရှိတယ်။ ငါ့မှာ စာမေးပွဲရလဒ် မကောင်းဘဲ အွန်လိုင်းဂိမ်းကစားဖို့ပဲ စိတ်အားထက်သန်တဲ့ အစ်ကိုတစ်ယောက် ရှိတယ်။ သူက အမြဲတမ်း ပရော်ဖက်ရှင်နယ် ဂိမ်မာတစ်ယောက်ဖြစ်လာဖို့ချည်းပဲ ပြောနေတာ။ အစ်ကိုလီရဲ့ စကားတွေက အရမ်းမှန်တယ်။ ငါ့အစ်ကိုက ဂိမ်းတွေကို အဲ့လောက်လည်း စိတ်အားထက်သန်မှုရှိတာ မဟုတ်ဘူး။ ပြီးတော့ သူ့မှာ အဲ့ပါရမီပါလား မပါလားဆိုတာလည်း မတွေးမိဘူး။ သူက စာမသင်ချင်တာသက်သက်ပဲ။"

"ဟုတ်တယ်။ ဒီမှတ်တမ်းရုပ်ရှင်က လူတွေကို ကြိုးစားပြီး စိတ်အားထန်သက်မှုရှိအောင် တိုက်တွန်းတာမျိုး မဟုတ်ဘူး။ eSprot ကစားသမားတွေအကြောင်း ချဲ့ကားထားတာလည်း မဟုတ်ဘူး။ အဲ့လို Themeမျိုးတွေကို ခဏခဏ ရိုက်ဖူးကြပြီး လူငယ်တွေအတွက် လမ်းလွဲစရာတွေ ဖြစ်နေတယ်။ ဒီမှတ်တမ်းရုပ်ရှင် ရတနာတစ်ပါးဖြစ်ရတဲ့အကြောင်းအရင်းက ပရော်ဖက်ရှင်နယ် ဂိမ်မာတွေ ဖြတ်သန်းရတဲ့ အခက်အခဲနဲ့ နာကျင်မှုတွေကို ဖော်ပြထားလို့ပဲ။ ပရော်ဖက်ရှင်နယ် ဂိမ်မာဖြစ်ချင်တဲ့လူတွေ အများကြီး ရှိပေမယ့် ကျရှုံးကြတာကိုလည်း ငါတို့ကိုသိစေချင်တာ။ ဒီမှတ်တမ်းရုပ်ရှင်က အရမ်းကို အဓိပ္ပာယ်ရှိတယ်။"

"ဖေးဟွမ်လုပ်ငန်းက ဒီလောက် လက်တွေ့ကျပြီး အဓိပ္ပာယ်ရှိတဲ့ အကြောင်းအရာမျိုးကို ထုတ်လုပ်နိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ငါအားပေးတယ်။"

ကစားသမားများ ရေးသားခဲ့သည့် ကောမန့်များက အားလုံးနီးပါး ကောမန့်ကောင်းများ ဖြစ်ကြသည်။

ပိုးအိမ်ထဲမှ လိပ်ပြာတစ်ကောင်အဖြစ် မွေးဖွားလာခြင်းက ဂိမ်းလောကမှာ ရေပန်းစား အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။ အိုင်လီကျွန်း၏ မျက်နှာစာ စာမျက်နှာမှာလည်း ထည့်သွင်းပေးခြင်း ခံခဲ့ရကာ ပို၍ပင် ရေပန်းစားလာပါသေးသည်။

ဇွန်လ ၂၃ ရက်နေ့တွင်...

ယွီအင်တာနက်ကဖေးတွင် ဖေးချမ့်က သူ့ဖုန်းထဲမှာ ဖွင့်ထားသည့် မှတ်တမ်းရုပ်ရှင်ကို ပိတ်လိုက်ပြီး အရှေ့က ကော်ဖီကို သောက်လိုက်ပါသည်။ နောက်ဆုံးတော့ သူ စိတ်အေးနိုင်ပါပြီ။

"ဟူး... အခုတော့ ကိစ္စတွေ ပုံမှန်ပြန်ဖြစ်သွားပြီ။ တကယ်ကြီးကို ငွေမဝင်ဘူးပဲ။ ကောင်းလိုက်တာကွာ။"

ပိုးအိမ်ထဲမှ လိပ်ပြာတစ်ကောင်အဖြစ် မွေးဖွားလာခြင်းကို ထုတ်လွှင့်ခဲ့တာ ၃ ရက်ကြာပါပြီ။ ဒီ ၃ရက်အတွင်း ဖေးချမ့်က စိုးရိမ်နေခဲ့ရသည်။

ဟွမ်စစ်ပေါ် သူ့ကို ကျက်သရေ မရှိသည့် ဖုန်းဆက်ပြီး "ဘော့စ်ဖေး မှတ်တမ်းရုပ်ရှင်က ငွေတွေ ဝင်လာပြီ" ဟု ပြောမှာကို စိုးရိမ်နေခဲ့သည်။

ကံကောင်းစွာဖြင့် ထိုကဲ့သို့ ကိစ္စမျိုး ဘာမှ မဖြစ်ခဲ့ပါ။

ဖေးချမ့် နှစ်ခါ သုံးခါလောက် စစ်ဆေးပြီးပါပြီ။ ပိုးအိမ်ထဲမှ လိပ်ပြာတစ်ကောင်အဖြစ် မွေးဖွားလာခြင်းက ၃ ရက်အတွင်း ကြည့်ရှုသူ ၂ သန်းကျော်က ဝက်ဘ်ဆိုက်ပေါ်က ရေပန်းအစားဆုံး ဗီဒီယို ၃ ခုထဲ ပါဝင်သော်လည်း ဝင်ငွေ များများစားစားတော့ မရနိုင်ပါ။

အိုင်လီကျွန်း၏ မက်လုံးအစီအစဥ်အရ ဒီဗီဒီယိုက အများဆုံး ယွမ်ထောင်ဂဏန်းသာ ရနိုင်လိမ့်မည်။ အဲ့တာ ဘာမှ မဟုတ်ပါ။

ဒါက ဖေးချမ့် ခန့်မှန်းထားတာနဲ့ ကိုက်ညီမှု ရှိပါသည်။

"မဆိုးပါဘူး။ ငါ့ရဲ့ အရှုံးပေါ် အတွေ့အကြုံတွေကနေ ကောင်းကောင်း သင်ယူနိုင်ခဲ့တာပဲ။ ဒီလို မှတ်တမ်းရုပ်ရှင်မျိုးကို ရိုက်ကူးဖို့ ဆုံးဖြတ်တာက ငွေရမှာ မဟုတ်ဘူးဆိုတာကို သက်သေပြလိုက်တာပဲ။ ရွေးချယ်မှု မှန်ကန်တယ်။”

"ငါဖေးဟွမ်လုပ်ငန်းကို ငွေတွေ ဆက်ထည့်ပေးလို့ရပြီထင်တယ်။"

ယွီအင်တာနက်ကဖေးအပြင် နောက်ထပ် အရှုံးပေါ်နိုင်မည့် နေရာတစ်ခုကို တွေ့သွားပြီ ဖြစ်ကြောင်း ဖေးချမ့် ရုတ်တရက် သတိထားလိုက်မိပါသည်။

ရိုက်ကူးရေးတန်ဖိုး မြင့်မားသော်လည်း အကျိုးအမြတ် နည်းပါးသည့် ရုပ်ရှင်များကို ထုတ်လုပ်ခြင်း ဖြစ်သည်။

မအောင်မြင်မှုများစွာကို ကြုံတွေ့ခဲ့ရပြီးနောက် ဖေးချမ့် အခု တစ်ခုခုကို သိလိုက်ရပါပြီ။ အရှုံးပေါ်ဖို့ဆိုတာ သူထင်ထားတာလောက် မလွယ်ကူပါ။ ဥပမာအားဖြင့် အရည်အသွေး စုတ်ချာပြီး ညံ့ဖျင်းသည့် အရာများကို ထုတ်လုပ်လို့မရဘူးဟု စနစ်က သတ်မှတ်ထားသည်။ သူဖန်တီးသည့် ဂိမ်းများတွင် ရောင်းချနိုင်မည့် ကောင်းကွက်များ ပါဝင်ရမည် စသဖြင့်တို့ ဖြစ်ပါသည်။

တစ်နည်းအားဖြင့် ဖေးချမ့် ထုတ်လုပ်နိုင်သည့် ထုတ်ကုန်များက အရည်အသွေးရှိသော ထုတ်ကုန်များ ဖြစ်ရမည်။ တမင်တကာ အရည်အသွေး နိမ့်ကျအောင် လုပ်လို့ မဖြစ်ပါ။

သို့သော်လည်း တခြားတစ်ခုခုကို ဖေးချမ့် နားလည်လာခဲ့သည်။ စနစ်က အရည်အသွေးဆိုတာကို အမြတ်ရနိုင်ခြင်းသာမကဘဲ ဂုဏ်သတင်းအရပါ သတ်မှတ်ခြင်း ဖြစ်လေသည်။

ပိုးအိမ်ထဲမှ လိပ်ပြာတစ်ကောင်အဖြစ် မွေးဖွားလာခြင်းကဲ့သို့သော မှတ်တမ်းရုပ်ရှင်မျိုးက ငွေရနိုင်ခြေ အလွန်နည်းပါးသော်လည်း စနစ်က မတားမြစ်ခဲ့ပါ။

ထို့အပြင် ဖေးချမ့် ယွီအင်တာနက်ကဖေးလုပ်ငန်းကို စတင်ခဲ့စဥ်က အရှုံးပေါ်နိုင်ခြေများ အလွန်မြင့်မားသော်လည်း စနစ်က သူ့ကို မတားခဲ့ပါ။

ဆိုလိုရင်းက 'ဂုဏ်သတင်း'ဆိုသည်မှာ စနစ်အတွက် အလွန်အရေးကြီးသော သတ်မှတ်ချက် ဖြစ်သည်။ ဂုဏ်သတင်းကောင်း ရနိုင်မှာသာ သေချာပါက စနစ်က ဒီလိုထုတ်ကုန်များကို အသိအမှတ်ပြုပြီး ဖေးချမ့် တမင်သက်သက် အရှုံးပေါ်အောင် လုပ်နေသည်ဟု ထင်မှာ မဟုတ်ပါ။

ဖေးချမ့်က အရင်ကတည်းက ဒါကို ဝေဝေဝါးဝါး သိနေခဲ့သော်လည်း လေးလေးနက်နက် မစစ်ဆေးရသေးပါ။ ဂိမ်းများနဲ့ ဗီဒီယိုများ၏ ငွေဝင်ပုံက အလွန်ခြားနားသည်။

ဂိမ်းများက နာမည်ကောင်းရတာနဲ့ ရောင်းအားကောင်းမည့် သဘော ဖြစ်သည်။ ဂိမ်းများတွင် ရောင်းချနိုင်မည့် အားသာချက် တစ်ခုခုတော့ ရှိရမည်ဟု စနစ်က သတ်မှတ်ထားသဖြင့် နာမည်ကောင်းကောင်း ရရှိထားသည့် ဂိမ်းများ အရှုံးပေါ်နိုင်ခြေက အလွန်နည်းသည်။

အရည်အသွေး ကောင်းမွန်သော်လည်း ဝင်ငွေ မကောင်းသည့် ဂိမ်းများ ရာဇဝင်ထဲ ရှိခဲ့ဖူးသော်လည်း ဗီဒီယို၊ ရုပ်ရှင်များနဲ့ ယှဥ်လျှင် အလွန်နည်းပါးပြီး ရှားပါးလွန်းပါသည်။

သို့သော်လည်း ဗီဒီယိုများကတော့ ခြားနားသည်။ နာမည်ကြီးပြီး ကြည့်ရှုသူ မြင့်မားနေရင်တောင် အမြတ်ရမည်ဟု မဆိုလိုပါ။ ဒီမှတ်တမ်းရုပ်ရှင်က သာဓကပဲ ဖြစ်ပါသည်။

"အဲ့တာကြောင့် ငါဖေးဟွမ်လုပ်ငန်းကို ဒီလို ဗီဒီယိုမျိုးတွေ ဆက်ရိုက်ခိုင်းနေသရွေ့တော့ ငါ ပုံမှန်အရှုံးပေါ်နေနိုင်မှာပဲ။"

ဖေးချမ့် ချက်ချင်းဆိုသလိုပဲ ဖေးဟွမ်လုပ်ငန်းအတွက် လုပ်ငန်းဦးတည်ချက်တစ်ခုကို ရှာတွေ့သွားခဲ့ပါသည်။

နောက်တစ်ခေါက် ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲတို့ကို တွေ့သည့်အခါ ဒီမှတ်တမ်းရုပ်ရှင်လမ်းကိုပဲ ဆက်လျှောက်ပြီး နောက်ပြန်မဆုတ်ဖို့ မျှားခေါ်နိုင်ဖို့ နည်းလမ်း တစ်ခုခု ရှာရမည်။ ဒီလိုသာဆို ပုံမှန်အရှုံးပေါ်နိုင်မည့် အရင်းအမြစ်တစ်ခု ရှိလာပါလိမ့်မည်။ အဲ့တာဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

သို့သော်လည်း ဟွမ်စစ်ပေါ်တို့ကတော့ eSport အမျိုးအစားကို ဆက်လက်ပြီး မရိုက်ကူးလောက်တော့ပေ။ သူတို့ ဘယ်လို theme မျိုး ဆက်ရိုက်ရမလဲဆိုတာကိုတော့ ထပ်ဆွေးနွေးဖို့ လိုပါသေးသည်။

ငွေစာရင်းရှင်းချိန် မတိုင်ခင် တစ်ပတ်အလိုတွင် မကြေညာထားသည့်၊ မထုတ်လုပ်ရသေးသည့် ထုတ်ကုန်များ ကျန်နေလို့ မရပါ။

တစ်နည်းအားဖြင့် ဖေးချမ့် လောလောဆယ်တော့ ဘာမှ သိပ်မလုပ်နိုင်သေးပေ။ ရှော့ပင်ထွက်ခြင်း သို့မဟုတ် အကျိုးခံစားခွင့်များ ထပ်ပေးခြင်းတို့ဖြင့် ဆက်လက် ငွေဖြုန်းတီးကာ ရုတ်တရက်ကြီး ဘာမှ မတိုးတက်လာပါစေနဲ့ဟုသာ ဆုတောင်းဖို့ ရှိတော့သည်။

ဖေးချမ့် စနစ်ရန်ပုံငွေကို ကြည့်လိုက်သည်။ အရှုံးပေါ်မည့် အခြေအနေမှာ ရှိနေဆဲ ဖြစ်သည်။

"ငါလုပ်နိုင်တာ မှန်သမျှ အနည်းနဲ့ အများဆိုသလို လုပ်ပြီးသွားပြီ။ အခု တစ်ခုတည်းသောပြဿနာက အရှုံးပေါ်နေတဲ့ အခြေအနေအတိုင်း ဘယ်လို ဆက်ထိန်းသိမ်းမလဲဆိုတာပဲ။”

Zawgyi

ေဖးခ်မ့္ 173+174

အခန္း(၁၇၃) ေဘာ့စ္ေဖးက အၿမဲတမ္း ေႏြးေထြးတာပဲ

ဟြမ္စစ္ေပၚနဲ႔ က်ဴးေ႐ွာင္စဲတို႔ သူတို႔႐ိုက္ကူးခ်င္တာကို သူတို႔သိပါသည္။ ဒီမွတ္တမ္း႐ုပ္႐ွင္၏ အေလးေပးမႈက ပေရာ္ဖက္႐ွင္နယ္ ဂိမ္မာမ်ား ဘယ္ေလာက္ ခမ္းနားၿပီး လွပေၾကာင္း ပုံႀကီးခ်ဲ႕႐ိုက္ကူးျခင္း မဟုတ္ပါ။ ၎တို႔၏ ေန႔စဥ္ဘဝမ်ားကို အာ႐ုံစိုက္ထားသည္။ သူတို႔ရဲ႕ ႐ုန္းကန္ၿပီး အခက္အခဲမ်ားျဖင့္ ရင္ဆိုင္ေနရေသာ ဘဝကို အားလုံးကို ျမင္ေစပါသည္။

"႐ိုက္ထားတာ ေတာ္ေတာ္ ေကာင္းတာပဲ။"

ေဖးခ်မ့္ စိတ္ရင္းျဖင့္ ေျပာလိုက္ျခင္း ျဖစ္ပါသည္။

အရင္ကလည္း eSport ကစားသမားမ်ား၏ မွတ္တမ္း႐ုပ္႐ွင္ေကာင္းမ်ားကို ျမင္ဖူးပါသည္။ က်ဴးေ႐ွာင္စဲ႐ိုက္ကူးထားသည့္ ဒီတစ္ခုကေတာ့ အေၾကာင္းအရာေကာ ႐ိုက္ကူးပုံ႐ိုက္ကူးနည္းအရေကာ အလြန္ေျပာင္ေျမာက္သည္ဟု သတ္မွတ္လို႔ရပါသည္။

ဟြမ္စစ္ေပၚက အနည္းငယ္ စိတ္ပ်က္လက္ပ်က္ ျပဳံးၿပီး ေျပာလိုက္ပါသည္။ "ကြၽန္ေတာ္လည္း ေတာ္ေတာ္ေလး အားရပါတယ္။ ဒါေပမယ့္... ကြၽန္ေတာ္တို႔ အရင္းျပန္မရမွာေတာင္ စိုးရိမ္မိတယ္။"

"ကြၽန္တာ္တို႔ ဗီဒီယိုဝက္ဘ္ဆိုက္တခ်ိဳ႕ေတာ့ ေတြ႕ပါတယ္။ ဒါေပမယ့္ သူတို႔က ကြၽန္ေတာ္တို႔ကို လုံေလာက္တဲ့ လုပ္ေဆာင္ခ်က္ေတြ မေပးႏိုင္ဘူး။ သာမန္ မက္လုံးအစီအစဥ္ေတြထဲ ပါလိုက္ရင္ ဒီဗီဒီယိုက ၾကည့္႐ႈသူ ၃ သန္းေလာက္႐ွိရင္ေတာင္ ကြၽန္ေတာ္တို႔ ေထာင္ဂဏန္းေလာက္ပဲ ျပန္ရမွာ။ အဲ့တာ အမ်ားႀကီး မဟုတ္ဘူးေလ။"

ေဖးခ်မ့္ ေခါင္းၿငိမ့္လိုက္ပါသည္။

မွတ္တမ္း႐ုပ္႐ွင္မ်ားက သိပ္ၿပီး အက်ိဳးအျမတ္ မရတာ သိသာပါသည္။ ဗီဒီယိုအတိုမ်ားနဲ႔ ျခားနားေပသည္။

ဗီဒီယိုအတိုမ်ားကို ကုန္ၾကမ္း က်ယ္က်ယ္ျပန္႔ျပန္႔ျဖင့္ ႐ိုက္ကူးႏိုင္သည္။ ထုတ္လုပ္ေရးကို ကာမိမည့္ စပြန္ဆာမ်ားလည္း ထည့္သြင္းလို႔ ရသည္။ ဗီဒီယိုဝက္ဘ္ဆိုက္မ်ားအတြက္ ဒီလိုဗီဒီယိုအတိုေလးမ်ားက သူတို႔ ဝက္ဘ္ဆိုက္မ်ားအတြက္ ဝင္ေရာက္ၾကည့္႐ႈသူမ်ားကို ပိုမိုေခၚယူေပးႏိုင္လိမ့္မည္။

သို႔ေသာ္လည္း မွတ္တမ္း႐ုပ္႐ွင္မ်ားကေတာ့ လုံးဝ ျခားနားပါသည္။

ဟြမ္စစ္ေပၚတို႔က အလြန္အဆင့္ျမင့္သည့္ ႐ိုက္ကူးေရး ကိရိယာမ်ားကို အသုံးျပဳကာ ဒီမွတ္တမ္း႐ုပ္႐ွင္ကို ႐ိုက္ကူးဖို႔အတြက္ က်င္းက်ိဳးၿမိဳ႕၊ ႐ွန္ဟိုင္းၿမိဳ႕နဲ႔ လီက်န္းေဝ၏ ေမြးရပ္ေျမတို႔ကို ေျပးလႊားေနခဲ့ရပါသည္။ ေဖးခ်မ့္က သူတို႔၏ အစားအေသာက္နဲ႔ ေနရာထိုင္ခင္းမ်ားကိုလည္း ထန္းတာ့၏ စံႏႈန္းအတိုင္း ေဆာင္႐ြက္ခိုင္းသည္။ သူတို႔က ေငြကို ေရလို သုံးစြဲေနခဲ့ရပါသည္။

ဒီလိုမွတ္တမ္း႐ုပ္႐ွင္မ်ားကို တရားဝင္ ဝက္ဘ္ဆိုက္မ်ားက ဂိမ္းမ်ား သို႔မဟုတ္ ၿပိဳင္ပြဲမ်ားကို ပ႐ိုမိုး႐ွင္းဆင္းဖို႔အတြက္သာ ပုံမွန္အားျဖင္ ထုတ္လုပ္ေလ့ ႐ွိပါသည္။ မွတ္တမ္း႐ုပ္႐ွင္ထဲ ေငြဘယ္ေလာက္ပဲ ထည့္သြင္းထားပါေစ ထိုဝက္ဘ္ဆိုက္မ်ားက ထိုေငြကို ျပန္ရႏိုင္သည္။

သို႔ေသာ္လည္း ဟြမ္စစ္ေပၚတို႔ကေတာ့ ဒီမွတ္တမ္း႐ုပ္႐ွင္ကို လူထုစိတ္ဝင္စားမႈအတြက္ သာမန္ လူထုဝန္ေဆာင္မႈတစ္ခုအျဖစ္သာ ႐ိုက္ကူးခဲ့ျခင္း ျဖစ္သည္။ သူတို႔သုံးစြဲထားသည့္ ေငြကို ျပန္မရႏိုင္မွာ ပုံမွန္ပဲ ျဖစ္ပါသည္။

ဒီတစ္ေခါက္ လုမင္လ်န္က ဂိမ္းေဟာင္းမ်ား၏ New Edition မ်ား ဖန္တီးမႈကို ဦးေဆာင္ခဲ့ၿပီး DLC မ်ားကလည္း ေအာင္ျမင္မႈ ႀကီးႀကီးမားမား ရ႐ွိခဲ့ေၾကာင္း ဟြမ္စစ္ေပၚ သိပါသည္။

လုမင္လ်န္က အစီအစဥ္ေရးဆြဲသူခ်ဳပ္တစ္ေယာက္၏ ရာထူးတြင္ သူ႕ထပ္ေတာင္ သာလြန္သြားေလာက္ပါၿပီ။

ဒီတစ္ေခါက္ေတာ့ ေဖးဟြမ္လုပ္ငန္းက နည္းနည္းေလးေတာင္ အကူအညီ မျဖစ္ေစခဲ့ပါ။ ဒီလို ေတြ႕ဆုံပြဲမ်ိဳးမွာ သူ အနည္းနဲ႔ အမ်ားဆိုသလို အ႐ွက္ရမိပါသည္။

ေဖးခ်မ့္က ျပဳံးလိုက္၏။ "မင္းတို႔ေတြက အဲ့တာေၾကာင့္ စိတ္မေကာင္းျဖစ္ေနၾကတာလား။"

ဟြမ္စစ္ေပၚ အနည္းငယ္ တုန္လႈပ္သြားပါသည္။ "ေဘာ့စ္ေဖး..."

ေဖးခ်မ့္က သူ႕ဖန္ခြက္ကိုေျမႇာက္လိုက္ကာ ယမ္းလိုက္ပါသည္။ သူ႕ေလသံက ျခားနားလာ၏။ "ငါအရင္တုန္းက မေျပာခဲ့ဖူးဘူးလား။ အခ်ိန္တို အျမတ္ေတြ အ႐ႈံးေတြေၾကာင့္ စိတ္မညစ္ဘဲ အာ႐ုံမစိုက္နဲ႔လို႔။ ေငြေရးေၾကးေရးကို အရမ္းႀကီး စိတ္မပူၾကနဲ႔လို႔"

"ဗီဒီယိုအတိုေလးေတြကိုလည္း မင္းတို႔ေတြ အျမတ္အစြန္းေၾကာင့္မဟုတ္ဘဲ စိတ္ခံစားခ်က္ေၾကာင့္ ႐ိုက္ကူးခဲ့တာ မဟုတ္ဘူးလား။ မင္းတို႔ေတြ အဆင့္နိမ့္တဲ့ စပြန္ဆာေတြကို ျငင္းခဲ့ေပမယ့္ မင္းတို႔ မငတ္ပါဘူး။ ေနာက္ဆုံးေတာ့ ႏွစ္ဦးႏွစ္ဖက္ ဝင္ေငြေကာင္းတဲ့ နည္းလမ္းတစ္ခုကို ႐ွာေတြ႕ခဲ့တာပဲ မဟုတ္ဘူးလား။"

"ငါ့အတြက္ေတာာ့ အဓိက အာ႐ုံစိုက္ရမွာက ငါတို႔ေငြရႏိုင္မလားဆိုတာမဟုတ္ဘူး။ ငါတို႔ အဓိပၸာယ္႐ွိတာ တစ္ခုခုကို ဖန္တီးေနလား မဖန္တီးေနဘူးလား ဆိုတာပဲ။"

"မင္းတို႔ေကာင္ေတြ မွတ္တမ္း႐ုပ္႐ွင္ကို ႐ိုက္ကူးမယ္လို႔ ဆုံးျဖတ္လိုက္ၿပီးကတည္းက အ႐ႈံးေပၚႏိုင္တယ္လို႔ စိတ္ပိုင္းဆိုင္ရာျပင္ဆင္ထားၿပီးသား မဟုတ္ဘူးလား။"

"မင္းတို႔လိုခ်င္တဲ့ စိတ္ကူး႐ွိတဲ့ အဆုံးသတ္ ထုတ္ကုန္တစ္ခုကိုရလာၿပီေလ။ ဘာေတြ ခါးသီးေနဖို႔ လိုလို႔လဲ။"

ဟြမ္စစ္ေပၚရင္ထဲ အနည္းငယ္ေႏြးေထြးသြားသည္။ "ေက်းဇူးတင္ပါတယ္ ေဘာ့စ္ေဖးရယ္..."

သူတို႔ႏွစ္ေယာက္ စိတ္ခံစားခ်က္မ်ား ျပည့္ဝစြာျဖင့္ သက္ျပင္းခ်လိုက္မိပါသည္။ ဒီစကားလုံးမ်ားကို တျခားတစ္ေယာက္ေယာက္ထံမွ ၾကားရတာသာဆို အတုအေယာင္မ်ားဟု ထင္ရႏိုင္သည္။ သို႔ေသာ္လည္း ေဘာ့စ္ေဖးဆီက ထြက္လာေသာ စကားလုံးမ်ားျဖစ္သျဖင့္ အလြန္စစ္မွန္ကာ ေစတနာပါသည္ဟု ခံစားရပါသည္။

ဒါက ေဘာ့စ္ေဖးနဲ႔ တျခားေဘာ့ေတြရဲ႕ ျခားနားခ်က္ ျဖစ္ႏိုင္သည္။ သူ႕မွာ သာမန္လူေတြထက္ ပိုႀကီးမားသည့္ ႏွလုံးသား တကယ္႐ွိၿပီး အျမင္က်ယ္ကာ အေျမာ္အျမင္လည္း ႐ွိပါသည္။

ေဖးခ်မ့္ အနည္းငယ္ ျပဳံးလိုက္ပါသည္။ "မင္းတို႔ကိုယ္မင္းတို႔ သံသယမျဖစ္ၾကပါနဲ႔။"

"မင္းတို႔ေတြ အက်ိဳးအျမတ္ကို မေမွ်ာ္မွန္းဘဲ ရင္ထဲက႐ွိတာကိုပဲ လုပ္ၾကေတာ့ ဘာျဖစ္လဲကြာ။ ဒီမွတ္တမ္း႐ုပ္႐ွင္က ကစားသမားေတြရဲ႕ ဆႏၵနဲ႔ စိတ္ဓာတ္ေတြနဲ႔ ကိုက္ညီမႈ ႐ွိေနရင္ ေဖးဟြမ္လုပ္ငန္းက လမ္းေၾကာင္းမွန္ ေရာက္ေနတယ္လို႔ ဆိုလိုတာပဲ။"

"မင္းတို႔ေတြ ေနာက္တစ္ကား ႐ိုက္ကူးဖို႔ ဘက္ဂ်က္ လိုေနၿပီလား။ စိတ္မပူနဲ႔။ ငါ့ကို မင္းတို႔ ဘယ္ေလာက္လိုလဲ ဆိုတာကိုသာ ေျပာလိုက္"

ေဖးခ်မ့္က ထင္မထားသည့္ သူ႕ကံေကာင္းမႈေၾကာင့္ ေပ်ာ္႐ႊင္သြားပါသည္။

ဟြမ္စစ္ေပၚနဲ႔ က်ဴးေ႐ွာင္စဲတို႔ ဒီမွတ္တမ္း႐ုပ္႐ွင္ ႐ိုက္ကူးဖို႔အတြက္ အရင္က အျမတ္ေတြအားလုံးကို အသုံးျပဳၿပီးသား ျဖစ္ေလာက္သည္။ သူတို႔မွာ မ်ားမ်ားစားစား က်န္သည့္ပုံမေပၚပါ။

ေဖးခ်မ့္က ဒါကို ဆင္ေျခအျဖစ္ေပးၿပီး သူတို႔ကို ပိုက္ဆံပိုေပးလို႔ ရပါသည္။ သူတို႔ ဆက္လက္ ျဖဳန္းတီးႏိုင္ဖို႔အတြက္ ျဖစ္၏။

အမွန္ပင္။ ဒါက ေနာက္တစ္သုတ္က်မွ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ပါသည္။

"ေဘာ့စ္ေဖး ကြၽန္ေတာ္တို႔မွာ ဆက္႐ိုက္ကူးဖို႔အတြက္ ဘက္ဂ်က္မ႐ွိေတာ့တာပဲ မဟုတ္ဘူး" က်ဴးေ႐ွာင္စဲက အနည္းငယ္ သက္ျပင္းခ်လိုက္ပါသည္။

"တကယ္ေတာ့ ကြၽန္ေတာ္တို႔မွာ ႐ွိေနတဲ့ ရန္ပုံေငြေတြေကာ ကြၽန္ေတာ္တို႔ရဲ႕ ကိုယ္ပိုင္ေငြေတြကိုေတာင္ ပထမဆုံး အသုံးျပဳခဲ့ပါေသးတယ္။ ဒါေပမယ့္ မေလာက္ဘူးလို႔သိလိုက္ရေတာ့ ဝန္ထမ္းေတြကို တစ္လစာ လစာ အေႂကြးတင္ေနတုန္းပဲ..."

"ေကာင္းတာေပါ့" ေဖးခ်မ့္ အက်ယ္ႀကီး အေအာ္လိုက္ပါသည္။

က်ဴးေ႐ွာင္စဲ ေၾကာင္သြား၏။ "?"

ေဖးခ်မ့္ ႏွစ္ခ်က္ေလာက္ ေခ်ာင္းဆိုးလိုက္ပါသည္။ "မင္းတို႔လုပ္ထားတာ ေကာင္းပါတယ္။ ဒါ မင္းတို႔ဝန္ထမ္းေတြက မင္းတို႔နဲ႔ ႏွလုံးသားခ်င္းနီးစပ္ၿပီး တစ္စိတ္တည္း တစ္ဝမ္းတည္း ႐ွိတယ္လို႔ ေဖာ္ျပေနတာပဲ။ ဒီေလာက္ၾကမ္းတမ္းတဲ့ အေျခအေနမ်ိဳးမွာေတာင္ ဘယ္သူမွ အလုပ္ထြက္ဖို႔ စိတ္ကူး မ႐ွိၾကဘူး။ ဒါက ေဖးဟြမ္လုပ္ငန္းက စိန္ေခၚမႈေတြကို ခံႏိုင္ရည္႐ွိတဲ့ ရင့္က်က္တဲ့ အဖြဲ႕တစ္ခုျဖစ္လာၿပီဆိုတဲ့သေဘာပဲေလ။"

"မင္းတို႔ေကာင္ေတြ ကိုယ့္ပိုက္ဆံကိုယ္ မသုံးခဲ့သင့္ဘူး။ လက္ေထာက္႐ွင္းကို သြားေတြ႕လိုက္။ မင္းတို႔ ျပန္ေပးဖို႔ ဘယ္ေလာက္ပဲလိုလို အကုန္ေပးမယ္။"

"အဲ ေနဦး။ ဒီေလာက္နဲ႔ မလုံေလာက္ေသးဘူး။ လစာေပးဖို႔ ေႏွာင့္ေႏွးတာက ေကာင္းတဲ့ကိစၥ မဟုတ္ဘူး။ သူတို႔ကို အတိုးနဲ႔ပါ လစာေပးမယ္။ ငါတို႔ရဲ႕ အေထာက္အပံ့ျဖစ္တဲ့ ညီအစ္ကိုေတြကို မဟုတ္တာ မလုပ္သင့္ဘူး။"

ဟြမ္စစ္ေပၚ ေၾကာင္စီစီ ျဖစ္သြားပါသည္။ "ေဘာ့စ္ေဖး ဒါ မသင့္ေတာ္ဘူးမလား။ အရင္တုန္းက လစာေႏွာင့္ေႏွးတာကို အတိုးနဲ႔ ႐ွင္းေပးတာမ်ိဳး တစ္ခါမွလည္း မၾကားဖူးဘူး။"

ေဖးခ်မ့္က ဟြမ္စစ္ေပၚ ထပ္မေျပာေတာ့ဖို႔ လက္ခါျပလိုက္ပါသည္။

"ဟြမ္စစ္ေပၚ မင္းတို႔ ဘာေတြ႐ိုက္ခ်င္လဲ၊ မင္းတို႔ ဘာေတြတိုက္ခိုက္ၿပီး ကိုယ့္ကိုယ္ကို စိန္ေခၚခ်င္လဲဆိုတာကို ငါဂ႐ုမစိုက္ဘူး။ဒါေပမယ့္ ငါတို႔ကုမၸဏီရဲ႕ ပုံရိပ္ကို ထိခိုက္ေစမယ့္ ကိစၥမ်ိဳးေတြကို ဘာမွ ခြင့္မျပဳႏိုင္ဘူး။"

"ထန္းတာ့နဲ႔ အတူတူ ခက္ခဲတဲ့အခ်ိန္ေတြကို ေက်ာ္ျဖတ္ခဲ့ရတဲ့ ဝန္ထမ္းေတြကို စိတ္ဓာတ္က်ခြင့္ ေပးလို႔ မျဖစ္ဘူး၊ နားလည္လား။"

ေဘာ့စ္ေဖးက အလြန္ေျဖာင့္မတ္စြာ ေျပာလိုက္ပါသည္။

ဟြမ္စစ္ေပၚ ၾကည္ႏူးလြန္းသျဖင့္ မ်က္လုံးထဲ မ်က္ရည္မ်ား ဝဲလာခဲ့သည္။

ဒါ... မိသားစုတစ္စုရဲ႕ ေႏြးေထြးမႈလိုပဲ။

အျပင္ဘက္မွာ ဘယ္ေလာက္ပဲ နာက်င္လာပါေစ၊ အခက္အခဲေတြ ဘယ္ေလာက္ပဲ ၾကဳံေတြ႕လာရပါေစ ထန္းတာ့ကို ျပန္ေရာက္လာျခင္းက အိမ္ကိုျပန္လာရသလိုပင္။ စိတ္ပူစရာ ဘာမွ မလိုအပ္ပါ။ ထန္းတာ့နဲ႔ ေဘာ့စ္ေဖးက သူတို႔ေနာက္မွာ ႐ွိေနပါသည္။

သူတို႔ေငြေတြ အမ်ားႀကီး သုံးထားတာကို ေဘာ့စ္ေဖး စိတ္ထဲမထားတာကိုျမင္ေသာအခါ ဟြမ္စစ္ေပၚနဲ႔ က်ဴးေ႐ွာင္စဲတို႔ ပခုံးေပၚမွ ဝန္ထုပ္ဝန္ပိုးႀကီး ျပဳတ္က်သြားသလို ခံစားလိုက္ၾကပါသည္။

ေဖးခ်မ့္က ေမးလိုက္သည္။ "မင္းတို႔ေတြ ေနာက္ပေရာဂ်က္အတြက္လည္း မွတ္တမ္း႐ုပ္႐ွင္ပဲ ႐ိုက္ကူးၾကမွာလား။"

ဟြမ္စစ္ေပၚက ေခါင္းခါလိုက္ပါသည္။ "အဲ့တာေတာ့ ကြၽန္ေတာ္တို႔ မဆုံးျဖတ္ရေသးဘူး။ ဒီမွတ္တမ္း႐ုပ္႐ွင္ ထုတ္လႊင့္တဲ့အထိ ေစာင့္ၿပီး တုန္႔ျပန္မႈကို အရင္ေစာင့္ၾကည့္လိုက္ဦးမယ္။ ဒါေပမယ့္ ဒီ Theme မ်ိဳးနဲ႔ေတာ့ ေသခ်ာေပါက္ ဆက္မလုပ္ေတာ့ဘူး။ ဒါက ေငြမရလို႔ မဟုတ္ဘဲ ကြၽန္ေတာ္တို႔ျပသခ်င္တာေတြ အမ်ားႀကီး ျပသၿပီးသြားၿပီမို႔လို႔ပါ။”

"ကြၽန္ေတာ္တို႔ Theme အသစ္ေျပာင္းၿပီး ႐ိုက္ကူးႏိုင္တယ္။"

ေဖးခ်မ့္ ေခါင္းၿငိမ့္လိုက္ပါသည္။ "အင္း စမ္းၾကည့္ၾကပါ။ မင္းတို႔ ပိုက္ဆံလိုရင္ ေျပာသာ ေျပာလိုက္"

အၾကာႀကီးစကားေျပာၿပီးေနာက္ ေဖးခ်မ့္ ႐ုတ္တရက္ႀကီး တစ္ခုခုကို ေတြးမိသြားပါသည္။

"ေၾသာ္ ဟုတ္သားပဲ။ ခ်န္းလ်ဲ႕အေျခအေန ဘယ္လို႐ွိလဲ။"

ေဖးခ်မ့္က ခ်န္းလ်ဲ႕ကို ႐ွန္ဟိုင္းသို႔ ပို႔ၿပီးၿပီ ျဖစ္ေသာ္လည္း အနည္းငယ္ စိတ္ပူေနရဆဲ ျဖစ္သည္။ ခ်န္းလ်ဲ႕က တကယ္ပဲ ပါရမီ႐ွိသူျဖစ္ကာ စတန္႔ တစ္ခုခု ထြင္လိုက္မွာကို ေဖးခ်မ့္ စိတ္ပူေနပါသည္။ ထို႔ေၾကာင့္ ေမးၾကည့္ဖို႔ ေတြးမိျခင္း ျဖစ္သည္။

"ေသခ်ာေတာ့ မသိဘူး။ ေဘာ့စ္ေဖး ေတာင္းဆိုတဲ့အတိုင္း သူ႕အတြက္ အစားအေသာက္နဲ႔ ေနရာထိုင္ခင္းအတြက္ ကြၽန္ေတာ္ကူညီေပးထားတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က ႐ိုက္ကူးေရးအတြက္ အလုပ္႐ႈပ္ေနၿပီး သူကလည္း ႐ွန္ဟိုင္းၿမိဳ႕မွာ ေလွ်ာက္သြားေနေတာ့ အမ်ားႀကီး မေတြ႕မိၾကဘူး။"

"မွတ္တမ္း႐ုပ္႐ွင္အတြက္ အပိတ္ဇာတ္ဝင္ေတးကို ဆိုေပးဖို႔ ေတာင္းဆိုခ်င္ခဲ့တာ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာ ဘက္ဂ်က္လည္း မလုံေလာက္ သင့္ေတာ္တဲ့ သီခ်င္းကိုလည္း ႐ွာမရခဲ့လို႔ သူ႕ကိုမေျပာျဖစ္ခဲ့ဘူး။"

ဟြမ္စစ္ေပၚက သူနားလည္သလို ႐ွင္းျပဖို႔ ႀကိဳးစားပါသည္။

ေဖးခ်မ့္၏ ႏွလုံးခုန္သံ ရပ္တန္႔သြားေတာ့မလို ျဖစ္သြားသည္။ သို႔ေသာ္ မၾကာခင္ ပုံမွန္အတိုင္းပဲ ျပန္ျဖစ္သြားခဲ့ပါသည္။

နည္းနည္းေတာင္ လန္႔သြားတယ္ကြာ။

ကံေကာင္းစြာျဖင့္ ဟြမ္စစ္ေပၚက ခ်န္းလ်ဲ႕ကို အပိတ္သီခ်င္းဆိုခိုင္းဖို႔ မေဆြးေႏြးခဲ့ေပ။ ခ်န္းလ်ဲ႕သာ တကယ္ဆိုပါက ျပႆနာ တက္ႏိုင္ပါသည္။

ဒီမွတ္တမ္း႐ုပ္႐ွင္က ေငြမရေသာ္လည္း ႐ိုက္ကူးေရးထဲ အားထုတ္ႀကိဳးပမ္းမႈမ်ားေၾကာင့္ ေသခ်ာေပါက္ ၾကည့္႐ႈသူမ်ားကို ဆြဲေဆာင္ႏိုင္ပါလိမ့္မည္။

ဒီလိုျဖစ္လာၿပီး ခ်န္းလ်ဲ႕သာ ႐ုတ္တရက္ႀကီး အင္တာနက္ေပၚမွာ နာမည္ႀကီးလာကာ ထိုကဲ့သို႔ ပါရမီ႐ွင္တစ္ေယာက္ေၾကာင့္ ေဖးဟြမ္လုပ္ငန္းအေပၚ သက္ေရာက္မႈ႐ွိလာပါက...

အက်ိဳးဆက္မ်ားက စိတ္ကူးျဖင့္ မွန္းဆ၍ မရႏိုင္ေအာင္ ႐ွိလာလိမ့္မည္။

ကံေကာင္းလို႔ ဒါမ်ိဳးေတြ ဘာတစ္ခုမွမျဖစ္ခဲ့ေပ။

အမွန္ပင္။ ခ်န္းလ်ဲ႕ကို အဆင္မေျပခ်င္တာမ်ိဳး မဟုတ္ပါ။ခ်န္းလ်ဲ႕ကို နည္းနည္းေလာက္ ေစာင့္ခိုင္းၿပီး ဒီအသုတ္မွာ နာမည္ႀကီးမလာေစခ်င္႐ုံ ျဖစ္ပါသည္။ ဒါမွ ခ်န္းလ်ဲ႕ ေဖးခ်မ့္ကို ဒုကၡမေပးႏိုင္မွာ ျဖစ္ပါသည္။

မင္းရဲ႕ ကိုယ္ပိုင္အခ်ိန္ေရာက္ရင္ မင္းဖာသာမင္း နာမည္ႀကီးလာလို႔ရတယ္။ ေက်းဇူးျပဳၿပီး အဲ့နာမည္ႀကီးမႈကို ငါ့ဆီသာ ယူမလာပါနဲ႔။

"အခုေကာ" ေဖးခ်မ့္က ဆက္ေမးသည္။

ဟြမ္စစ္ေပၚက ေခတၱစဥ္းစားလိုက္ပါသည္။ "သူအခု ႐ွန္ဟိုင္းမွာ အခြင့္အလမ္းေတြ လိုက္႐ွာေနတုန္းပဲထင္တယ္။ ေဘာ့စ္ေဖး သိခ်င္ရင္ ကြၽန္ေတာ္ဖုန္းဆက္ေမးလိုက္မယ္ေလ။"

ေဖးခ်မ့္က လက္ကာလိုက္သည္။ "မလိုပါဘူး။ ငါက ဒီတိုင္းေမးၾကည့္တာပါ။"

ခ်န္းလ်ဲ႕ ဒီတစ္ေခါက္ ေငြစာရင္း႐ွင္းမႈကို ဒုကၡမေပးႏိုင္သေ႐ြ႕ အားလုံး အိုေကပါသည္။

ေဘးမွာေတာ့ က်ဴးေ႐ွာင္စဲက စိတ္ခံစားခ်က္မ်ားျဖင့္ သက္ျပင္းခ်လိုက္သည္။

ေဘာ့စ္ေဖးက သူ႕ဝန္ထမ္းတိုင္းကို တကယ္ပဲ ဂ႐ုစိုက္တာပါလား။

ခ်န္းလ်ဲ႕နဲ႔ ပတ္သတ္ၿပီး က်ဴးေ႐ွာင္စဲ တစ္ခုခု ၾကားဖူးပါသည္။

ခ်န္္းလ်ဲ႕က ယြီအင္တာနက္ကေဖးတြင္ ဆိုင္အဆိုေတာ္ ျဖစ္ခဲ့ဖူးသည္။ ကေဖးအတြက္လည္း အျမတ္မ်ားစြာ ယူေဆာင္ေပးႏိုင္ခဲ့သူ ျဖစ္ပါသည္။ တျခားေဘာ့စ္မ်ားသာဆိုရင္ ခ်န္းလ်ဲ႕ကို ေ႐ႊဥဥေပးေသာ ၾကက္မႀကီးလို သေဘာထားကာ ခ်ဳပ္ကိုင္ထားၿပီး ထြက္သြားခြင့္ေပးမွာ မဟုတ္ပါ။

သို႔ေသာ္လည္း ေဘာ့စ္ေဖးကေတာ့ လုံးဝ ဆန္႔က်င္ဘက္ကို လုပ္ခဲ့သည္။ ခ်န္းလ်ဲ႕ကို ယြီအင္တာနက္ကေဖးမွာပဲ ေနခိုင္းၿပီး အျမတ္ ဆက္ထုတ္ကာ သူ႕အိပ္မက္မ်ား ေနာက္လိုက္ျခင္းမွ မတားဆီးခဲ့ပါ။ ပိုႀကီးမားသည့္ စင္ျမင့္တစ္ခုေပၚတြင္ ပိုေကာင္းမြန္သည့္ အခြင့္အလမ္းမ်ား ႐ွာေဖြႏိုင္ေအာင္ ႐ွန္ဟိုင္းၿမိဳ႕သို႔ ပို႔ေဆာင္ဖို႔ ေငြမ်ားပင္ ေထာက္ပံ့ေပးခဲ့ပါသည္။

ဒါက ေဘာ့စ္ေဖးအတြက္ ဘယ္နည္းနဲ႔မွ အက်ိဳးအျမတ္ မ႐ွိႏိုင္ပါ။ လုံးဝ ကိုယ္က်ိဳးမငဲ့ျခင္းမ်ိဳးသာ ျဖစ္ပါသည္။

အခုထိေတာင္ ေဘာ့စ္ေဖးက ႐ွန္ဟိုင္းၿမိဳ႕လို အေဝးႀကီးမွာ ေရာက္ေနသည့္ ခ်န္းလ်ဲ႕ကို ဂ႐ုစိုက္ေနဆဲ ျဖစ္သည္။

သေဘာေကာင္းလိုက္တဲ့ စိတ္ထားေလး...

ေဘာ့စ္ေဖးက အၿမဲတမ္း ေႏြးေထြးမႈေပးသူ ျဖစ္ပါသည္။

အခန္း(၁၇၄) ေငြစာရင္း႐ွင္းခ်ိန္နီးေတာ့ ျပႆနာေပၚလာၿပီ

ဇြန္လ ၂၁ ရက္ေန႔တြင္ ေဖးဟြမ္လုပ္ငန္း၏ ပိုးအိမ္ထဲမွ လိပ္ျပာအျဖစ္ ေမြးဖြားလာျခင္း မွတ္တမ္း႐ုပ္႐ွင္ကို အိုင္လီကြၽန္းတြင္ တရားဝင္ ထုတ္လႊင့္ျပသခဲ့ပါၿပီ။

မွတ္တမ္း႐ုပ္႐ွင္တစ္ခုျဖစ္ေသာေၾကာင့္ ပိုးအိမ္ထဲမွ လိပ္ျပာတစ္ေကာင္အျဖစ္ ေမြးဖြားလာျခင္းမွာ ေကာ္မာ႐ွယ္မ်ားထည့္သြင္းလို႔မရသလို ဘယ္ဝက္ဘ္ဆိုက္နဲဲ႕မွလည္း အက်ိဳးအျမတ္ ခြဲေဝျခင္း သေဘာတူစာခ်ဳပ္ မခ်ဳပ္ဆိုရေသးပါ။ အိုင္လီကြၽန္း၏ မူလ မက္လုံးအစီအစဥ္အရဆို ၾကည့္႐ႈသူအေရအတြက္က ၁ သန္းေလာက္ ေရာက္သြားရင္ေတာင္ ဝင္ေငြက ယြမ္ေထာင္ဂဏန္းေလာက္သာ ႐ွိပါလိမ့္မည္။ အေတာ္ေလး တရားလြန္ပါသည္။

ထို႔ေၾကာင့္ဟြမ္စစ္ေပၚနဲ႔ က်ဴးေ႐ွာင္စဲတို႔က ဒီအၾကံကို အနည္းနဲ႔ အမ်ား လက္ေလွ်ာ့ကာ အက်ိဳးအျမတ္ကို မေမွ်ာ္မွန္းဘဲ ရင္ထဲ႐ွိတာေတြကိုသာ ေဆာင္႐ြက္ခဲ့ပါသည္။

ေဖးဟြမ္လုပ္ငန္းသည္ ယခင္တုန္းက ေဘာ့စ္ေဖးရဲ႕ ေန႔စဥ္ဘဝ စီးရီးကို ထုတ္လႊင့္ဖူးၿပီး ပရိတ္သတ္အုပ္မ်ားစြာ ႐ွိၿပီးသားျဖစ္သျဖင့္ ဒီတစ္ေခါက္ မွတ္တမ္း႐ုပ္႐ွင္ကို ထုတ္လႊင့္လိုက္ေသာအခါ ခ်က္ခ်င္းပဲ က်ယ္က်ယ္ျပန္႔ျပန္႔ အာ႐ုံစိုက္ျခင္းကို ခံခဲ့ရပါသည္။

ဗီဒီယိုထဲတြင္ လီက်န္းေဝက ကင္မရာကို မ်က္ႏွာမူၿပီး ႏွစ္ေပါင္းမ်ားစြာအတြင္း သူ႕ဘဝခရီးလမ္းအေၾကာင္းကို မေမာမပန္းစြာ ေျပာေနပါသည္။

"ကြၽန္ေတာ့္အေဖ ထြက္သြားေတာ့ ကြၽန္ေတာ္ တံခါးကို ကန္ဖြင့္ၿပီး ထြက္ေျပးလာခဲ့တယ္။ ကြၽန္ေတာ့္လုပ္ငန္းကို ေသခ်ာစတင္ဖို႔အတြက္ ႐ွန္ဟိုင္းၿမိဳ႕ကို တစ္ေယာက္တည္း သြားခဲ့တယ္။"

"စဥ္းစားၾကည့္မွ ဒီေ႐ြးခ်ယ္မႈကို ကြၽန္ေတာ္ ေနာင္တ မရမိဘူး။ ကြၽန္ေတာ္က အြန္လိုင္းေပၚမွာ ယွဥ္ၿပိဳင္ဖို႔အတြက္ ေမြးဖြားလာတာ။ ကြၽန္ေတာ့္ရဲ႕ စာအုပ္ထဲက ဘဝႀကီးအတိုင္းပဲ လိုက္နာၿပီး အလုပ္လုပ္၊ မိန္းမယူ၊ ကေလးေမြးခဲ့မယ္ဆိုရင္ တစ္ဘဝလုံး ေနာင္တအႀကီးႀကီး ရၿပီး ေနခဲ့ရမွာ။”

"ကြၽန္ေတာ္က ေ႐ႊဇြန္းကိုက္ၿပီး ေမြးဖြားလာတဲ့ ဒုတိယမ်ိဳးဆက္ သူေဌးသားလည္း မဟုတ္ဘူးေလ။ ကြၽန္ေတာ့္ကံကလည္း မေကာင္းဘူး။ ၿပီးေတာ့ ဆင္းရဲတဲ့မိသားစုမွာ ေမြးဖြားလာတာ။ ဒါေပမယ့္ ေနာက္ထပ္ ႐ႈေထာင့္တစ္ခုက ၾကည့္ရင္ေတာ့ ကြၽန္ေတာ့္ကံက မဆိုးလွဘူး။ ကြၽန္ေတာ္ သေဘာက်တာကို ေ႐ြးခ်ယ္ခဲ့ၿပီး နာမည္ရလာႏိုင္ခဲ့တယ္။"

"ဒါေပမယ့္ လူငယ္ေတြကို ကြၽန္ေတာ့္ေျခရာတိုင္း လိုက္႐ွာဖို႔ အၾကံမေပးခ်င္ပါဘူး။"

"ကြၽန္ေတာ့္လုပ္ငန္းကို စတင္ၿပီး ေအာင္ျမင္လာေတာ့ လူေတြ အမ်ားႀကီးက ဒီကိစၥနဲ႔ပတ္သတ္ၿပီး ကြၽန္ေတာ့္ကို ေမးခြန္းထုတ္လာတယ္။ ကြၽန္ေတာ့္အေျဖကေတာ့ အၿမဲတမ္း အတူတူပဲ..."

"ခင္ဗ်ားတို႔သာ တကယ္ဆုံးျဖတ္ခ်က္ခ်ၿပီးၿပီဆိုရင္ ကြၽန္ေတာ့္ကို ဒီေမးခြန္းကို ေမးေနစရာေတာင္ မလိုဘူး။ အစကတည္းက ကြၽန္ေတာ့္လိုပဲ ျဖစ္ေနမွာ။ တံခါးကို ကန္ဖြင့္ၿပီး လြတ္လပ္စြာ ေနထိုင္မွာေပါ့။ ၿပီးေတာ့ ဒါက ခင္ဗ်ားတို႔ရဲ႕ အိပ္မက္ဆိုတာ သံသယ မ႐ွိဘဲ စြဲစြဲၿမဲၿမဲ ယုံၾကည္ထားရင္ အဆုံးသတ္အထိ ခင္ဗ်ားတို႔ တိုက္ခိုက္မွာပဲ။"

"ခင္ဗ်ားတို႔ စိတ္ဆုံးျဖတ္ခ်က္ခ်ဖို႔ ကြၽန္ေတာ့္အၾကံဉာဏ္ကို လိုတယ္ ဆိုရင္ေတာ့ ကြၽန္ေတာ္အၾကံေပးခ်င္တာက ခင္ဗ်ားတို႔ တစ္ခုခုကို အရင္ဆုံး ေသခ်ာေအာင္လုပ္ဖို႔ပဲ။ ခင္ဗ်ားတို႔ ပညာသင္ရမွာေၾကာက္လို႔ ဒီလိုလုပ္ၿပီး ထြက္ေျပးခ်င္တာလား။ ဒါမွမဟုတ္ ပေရာ္ဖက္႐ွင္နယ္ ဂိမ္မာတစ္ေယာက္ျဖစ္လာဖို႔ လမ္းကို ေ႐ြးခ်ယ္ျခင္းရဲ႕ ေပးဆပ္ရမယ့္ တန္ဖိုးကို တကယ္ပဲ နားလည္ရဲ႕လား။"

အလြန္လ်င္ျမန္စြာျဖင့္ ကစားသမားမ်ားစြာက ေကာမန္႔အကန္႔တြင္ မက္ေဆ့ခ်္မ်ား ေရးသားလာခဲ့ၾကသည္။

"ျမန္လိုက္တာ"

"ေဘာ့စ္ေဖးနဲ႔ ေန႔စဥ္ဘဝကို ဘာလို႔ မ႐ိုက္ေတာ့တာလဲလို႔ ေဖးဟြမ္လုပ္ငန္းကို ေမးေနတာ။ သူတို႔ ဒါကိုျပင္ထားၾကတာကိုး။"

"ဒီမွတ္တမ္း႐ုပ္႐ွင္က အရမ္းအဆင့္ျမင့္တဲ့ပုံပဲ။ မဟာ ထုတ္လုပ္မႈႀကီးတစ္ခုနဲ႔ေတာင္ တူတယ္။"

"တကယ္ေတာ့ ငါအႀကိဳက္ဆုံး ပေရာ္ဖက္႐ွင္နယ္ဂိမ္မာေတြအေၾကာင္းကို ႐ိုက္ကူးထားတဲ့ မွတ္တမ္း႐ုပ္႐ွင္တစ္ခုပဲ။ ငါအားေပးမွျဖစ္မယ္။”

"လုပ္ငန္းဂိမ္မာတစ္ေယာက္ရဲ႕ ဘဝက ဒီေလာက္ ခါးသီးၿပီး ၾကမ္းတမ္းလိမ့္မယ္လို႔ မထင္ခဲ့မိဘူးကြာ။ တံခါးကို ကန္ဖြင့္ၿပီး ထြက္ေျပးၿပီး ပေရာ္ဖက္႐ွင္နယ္ ဂိမ္မာတစ္ေယာက္ ျဖစ္လာတယ္တဲ့။ ကံေကာင္းစြာနဲ႔ သူေအာင္ျမင္လာၿပီးတဲ့ေနာက္ပိုင္း မိဘေတြရဲ႕ အသိအမွတ္ျပဳျခင္းကို ရခဲ့ပါတယ္။"

"အစ္ကိုလီရဲ႕ စကားလုံးတိုင္းက အရမ္း ေစတနာပါၿပီး ႐ိုးသားတာပဲ။"

"ဒီမွတ္တမ္း႐ုပ္႐ွင္က တကယ္ပဲ အဓိပၸာယ္႐ွိတယ္။ ငါ့မွာ စာေမးပြဲရလဒ္ မေကာင္းဘဲ အြန္လိုင္းဂိမ္းကစားဖို႔ပဲ စိတ္အားထက္သန္တဲ့ အစ္ကိုတစ္ေယာက္ ႐ွိတယ္။ သူက အၿမဲတမ္း ပေရာ္ဖက္႐ွင္နယ္ ဂိမ္မာတစ္ေယာက္ျဖစ္လာဖို႔ခ်ည္းပဲ ေျပာေနတာ။ အစ္ကိုလီရဲ႕ စကားေတြက အရမ္းမွန္တယ္။ ငါ့အစ္ကိုက ဂိမ္းေတြကို အဲ့ေလာက္လည္း စိတ္အားထက္သန္မႈ႐ွိတာ မဟုတ္ဘူး။ ၿပီးေတာ့ သူ႕မွာ အဲ့ပါရမီပါလား မပါလားဆိုတာလည္း မေတြးမိဘူး။ သူက စာမသင္ခ်င္တာသက္သက္ပဲ။"

"ဟုတ္တယ္။ ဒီမွတ္တမ္း႐ုပ္႐ွင္က လူေတြကို ႀကိဳးစားၿပီး စိတ္အားထန္သက္မႈ႐ွိေအာင္ တိုက္တြန္းတာမ်ိဳး မဟုတ္ဘူး။ eSprot ကစားသမားေတြအေၾကာင္း ခ်ဲ႕ကားထားတာလည္း မဟုတ္ဘူး။ အဲ့လို Themeမ်ိဳးေတြကို ခဏခဏ ႐ိုက္ဖူးၾကၿပီး လူငယ္ေတြအတြက္ လမ္းလြဲစရာေတြ ျဖစ္ေနတယ္။ ဒီမွတ္တမ္း႐ုပ္႐ွင္ ရတနာတစ္ပါးျဖစ္ရတဲ့အေၾကာင္းအရင္းက ပေရာ္ဖက္႐ွင္နယ္ ဂိမ္မာေတြ ျဖတ္သန္းရတဲ့ အခက္အခဲနဲ႔ နာက်င္မႈေတြကို ေဖာ္ျပထားလို႔ပဲ။ ပေရာ္ဖက္႐ွင္နယ္ ဂိမ္မာျဖစ္ခ်င္တဲ့လူေတြ အမ်ားႀကီး ႐ွိေပမယ့္ က်႐ႈံးၾကတာကိုလည္း ငါတို႔ကိုသိေစခ်င္တာ။ ဒီမွတ္တမ္း႐ုပ္႐ွင္က အရမ္းကို အဓိပၸာယ္႐ွိတယ္။"

"ေဖးဟြမ္လုပ္ငန္းက ဒီေလာက္ လက္ေတြ႕က်ၿပီး အဓိပၸာယ္႐ွိတဲ့ အေၾကာင္းအရာမ်ိဳးကို ထုတ္လုပ္ႏိုင္လိမ့္မယ္လို႔ ထင္မထားခဲ့ဘူး။ ငါအားေပးတယ္။"

ကစားသမားမ်ား ေရးသားခဲ့သည့္ ေကာမန္႔မ်ားက အားလုံးနီးပါး ေကာမန္႔ေကာင္းမ်ား ျဖစ္ၾကသည္။

ပိုးအိမ္ထဲမွ လိပ္ျပာတစ္ေကာင္အျဖစ္ ေမြးဖြားလာျခင္းက ဂိမ္းေလာကမွာ ေရပန္းစား အေၾကာင္းအရာတစ္ခု ျဖစ္လာခဲ့သည္။ အိုင္လီကြၽန္း၏ မ်က္ႏွာစာ စာမ်က္ႏွာမွာလည္း ထည့္သြင္းေပးျခင္း ခံခဲ့ရကာ ပို၍ပင္ ေရပန္းစားလာပါေသးသည္။

ဇြန္လ ၂၃ ရက္ေန႔တြင္...

ယြီအင္တာနက္ကေဖးတြင္ ေဖးခ်မ့္က သူ႕ဖုန္းထဲမွာ ဖြင့္ထားသည့္ မွတ္တမ္း႐ုပ္႐ွင္ကို ပိတ္လိုက္ၿပီး အေ႐ွ႕က ေကာ္ဖီကို ေသာက္လိုက္ပါသည္။ ေနာက္ဆုံးေတာ့ သူ စိတ္ေအးႏိုင္ပါၿပီ။

"ဟူး... အခုေတာ့ ကိစၥေတြ ပုံမွန္ျပန္ျဖစ္သြားၿပီ။ တကယ္ႀကီးကို ေငြမဝင္ဘူးပဲ။ ေကာင္းလိုက္တာကြာ။"

ပိုးအိမ္ထဲမွ လိပ္ျပာတစ္ေကာင္အျဖစ္ ေမြးဖြားလာျခင္းကို ထုတ္လႊင့္ခဲ့တာ ၃ ရက္ၾကာပါၿပီ။ ဒီ ၃ရက္အတြင္း ေဖးခ်မ့္က စိုးရိမ္ေနခဲ့ရသည္။

ဟြမ္စစ္ေပၚ သူ႕ကို က်က္သေရ မ႐ွိသည့္ ဖုန္းဆက္ၿပီး "ေဘာ့စ္ေဖး မွတ္တမ္း႐ုပ္႐ွင္က ေငြေတြ ဝင္လာၿပီ" ဟု ေျပာမွာကို စိုးရိမ္ေနခဲ့သည္။

ကံေကာင္းစြာျဖင့္ ထိုကဲ့သို႔ ကိစၥမ်ိဳး ဘာမွ မျဖစ္ခဲ့ပါ။

ေဖးခ်မ့္ ႏွစ္ခါ သုံးခါေလာက္ စစ္ေဆးၿပီးပါၿပီ။ ပိုးအိမ္ထဲမွ လိပ္ျပာတစ္ေကာင္အျဖစ္ ေမြးဖြားလာျခင္းက ၃ ရက္အတြင္း ၾကည့္႐ႈသူ ၂ သန္းေက်ာ္က ဝက္ဘ္ဆိုက္ေပၚက ေရပန္းအစားဆုံး ဗီဒီယို ၃ ခုထဲ ပါဝင္ေသာ္လည္း ဝင္ေငြ မ်ားမ်ားစားစားေတာ့ မရႏိုင္ပါ။

အိုင္လီကြၽန္း၏ မက္လုံးအစီအစဥ္အရ ဒီဗီဒီယိုက အမ်ားဆုံး ယြမ္ေထာင္ဂဏန္းသာ ရႏိုင္လိမ့္မည္။ အဲ့တာ ဘာမွ မဟုတ္ပါ။

ဒါက ေဖးခ်မ့္ ခန္႔မွန္းထားတာနဲ႔ ကိုက္ညီမႈ ႐ွိပါသည္။

"မဆိုးပါဘူး။ ငါ့ရဲ႕ အ႐ႈံးေပၚ အေတြ႕အၾကဳံေတြကေန ေကာင္းေကာင္း သင္ယူႏိုင္ခဲ့တာပဲ။ ဒီလို မွတ္တမ္း႐ုပ္႐ွင္မ်ိဳးကို ႐ိုက္ကူးဖို႔ ဆုံးျဖတ္တာက ေငြရမွာ မဟုတ္ဘူးဆိုတာကို သက္ေသျပလိုက္တာပဲ။ ေ႐ြးခ်ယ္မႈ မွန္ကန္တယ္။”

"ငါေဖးဟြမ္လုပ္ငန္းကို ေငြေတြ ဆက္ထည့္ေပးလို႔ရၿပီထင္တယ္။"

ယြီအင္တာနက္ကေဖးအျပင္ ေနာက္ထပ္ အ႐ႈံးေပၚႏိုင္မည့္ ေနရာတစ္ခုကို ေတြ႕သြားၿပီ ျဖစ္ေၾကာင္း ေဖးခ်မ့္ ႐ုတ္တရက္ သတိထားလိုက္မိပါသည္။

႐ိုက္ကူးေရးတန္ဖိုး ျမင့္မားေသာ္လည္း အက်ိဳးအျမတ္ နည္းပါးသည့္ ႐ုပ္႐ွင္မ်ားကို ထုတ္လုပ္ျခင္း ျဖစ္သည္။

မေအာင္ျမင္မႈမ်ားစြာကို ၾကဳံေတြ႕ခဲ့ရၿပီးေနာက္ ေဖးခ်မ့္ အခု တစ္ခုခုကို သိလိုက္ရပါၿပီ။ အ႐ႈံးေပၚဖို႔ဆိုတာ သူထင္ထားတာေလာက္ မလြယ္ကူပါ။ ဥပမာအားျဖင့္ အရည္အေသြး စုတ္ခ်ာၿပီး ညံ့ဖ်င္းသည့္ အရာမ်ားကို ထုတ္လုပ္လို႔မရဘူးဟု စနစ္က သတ္မွတ္ထားသည္။ သူဖန္တီးသည့္ ဂိမ္းမ်ားတြင္ ေရာင္းခ်ႏိုင္မည့္ ေကာင္းကြက္မ်ား ပါဝင္ရမည္ စသျဖင့္တို႔ ျဖစ္ပါသည္။

တစ္နည္းအားျဖင့္ ေဖးခ်မ့္ ထုတ္လုပ္ႏိုင္သည့္ ထုတ္ကုန္မ်ားက အရည္အေသြး႐ွိေသာ ထုတ္ကုန္မ်ား ျဖစ္ရမည္။ တမင္တကာ အရည္အေသြး နိမ့္က်ေအာင္ လုပ္လို႔ မျဖစ္ပါ။

သို႔ေသာ္လည္း တျခားတစ္ခုခုကို ေဖးခ်မ့္ နားလည္လာခဲ့သည္။ စနစ္က အရည္အေသြးဆိုတာကို အျမတ္ရႏိုင္ျခင္းသာမကဘဲ ဂုဏ္သတင္းအရပါ သတ္မွတ္ျခင္း ျဖစ္ေလသည္။

ပိုးအိမ္ထဲမွ လိပ္ျပာတစ္ေကာင္အျဖစ္ ေမြးဖြားလာျခင္းကဲ့သို႔ေသာ မွတ္တမ္း႐ုပ္႐ွင္မ်ိဳးက ေငြရႏိုင္ေျခ အလြန္နည္းပါးေသာ္လည္း စနစ္က မတားျမစ္ခဲ့ပါ။

ထို႔အျပင္ ေဖးခ်မ့္ ယြီအင္တာနက္ကေဖးလုပ္ငန္းကို စတင္ခဲ့စဥ္က အ႐ႈံးေပၚႏိုင္ေျခမ်ား အလြန္ျမင့္မားေသာ္လည္း စနစ္က သူ႕ကို မတားခဲ့ပါ။

ဆိုလိုရင္းက 'ဂုဏ္သတင္း'ဆိုသည္မွာ စနစ္အတြက္ အလြန္အေရးႀကီးေသာ သတ္မွတ္ခ်က္ ျဖစ္သည္။ ဂုဏ္သတင္းေကာင္း ရႏိုင္မွာသာ ေသခ်ာပါက စနစ္က ဒီလိုထုတ္ကုန္မ်ားကို အသိအမွတ္ျပဳၿပီး ေဖးခ်မ့္ တမင္သက္သက္ အ႐ႈံးေပၚေအာင္ လုပ္ေနသည္ဟု ထင္မွာ မဟုတ္ပါ။

ေဖးခ်မ့္က အရင္ကတည္းက ဒါကို ေဝေဝဝါးဝါး သိေနခဲ့ေသာ္လည္း ေလးေလးနက္နက္ မစစ္ေဆးရေသးပါ။ ဂိမ္းမ်ားနဲ႔ ဗီဒီယိုမ်ား၏ ေငြဝင္ပုံက အလြန္ျခားနားသည္။

ဂိမ္းမ်ားက နာမည္ေကာင္းရတာနဲ႔ ေရာင္းအားေကာင္းမည့္ သေဘာ ျဖစ္သည္။ ဂိမ္းမ်ားတြင္ ေရာင္းခ်ႏိုင္မည့္ အားသာခ်က္ တစ္ခုခုေတာ့ ႐ွိရမည္ဟု စနစ္က သတ္မွတ္ထားသျဖင့္ နာမည္ေကာင္းေကာင္း ရ႐ွိထားသည့္ ဂိမ္းမ်ား အ႐ႈံးေပၚႏိုင္ေျခက အလြန္နည္းသည္။

အရည္အေသြး ေကာင္းမြန္ေသာ္လည္း ဝင္ေငြ မေကာင္းသည့္ ဂိမ္းမ်ား ရာဇဝင္ထဲ ႐ွိခဲ့ဖူးေသာ္လည္း ဗီဒီယို၊ ႐ုပ္႐ွင္မ်ားနဲ႔ ယွဥ္လွ်င္ အလြန္နည္းပါးၿပီး ႐ွားပါးလြန္းပါသည္။

သို႔ေသာ္လည္း ဗီဒီယိုမ်ားကေတာ့ ျခားနားသည္။ နာမည္ႀကီးၿပီး ၾကည့္႐ႈသူ ျမင့္မားေနရင္ေတာင္ အျမတ္ရမည္ဟု မဆိုလိုပါ။ ဒီမွတ္တမ္း႐ုပ္႐ွင္က သာဓကပဲ ျဖစ္ပါသည္။

"အဲ့တာေၾကာင့္ ငါေဖးဟြမ္လုပ္ငန္းကို ဒီလို ဗီဒီယိုမ်ိဳးေတြ ဆက္႐ိုက္ခိုင္းေနသေ႐ြ႕ေတာ့ ငါ ပုံမွန္အ႐ႈံးေပၚေနႏိုင္မွာပဲ။"

ေဖးခ်မ့္ ခ်က္ခ်င္းဆိုသလိုပဲ ေဖးဟြမ္လုပ္ငန္းအတြက္ လုပ္ငန္းဦးတည္ခ်က္တစ္ခုကို ႐ွာေတြ႕သြားခဲ့ပါသည္။

ေနာက္တစ္ေခါက္ ဟြမ္စစ္ေပၚနဲ႔ က်ဴးေ႐ွာင္စဲတို႔ကို ေတြ႕သည့္အခါ ဒီမွတ္တမ္း႐ုပ္႐ွင္လမ္းကိုပဲ ဆက္ေလွ်ာက္ၿပီး ေနာက္ျပန္မဆုတ္ဖို႔ မွ်ားေခၚႏိုင္ဖို႔ နည္းလမ္း တစ္ခုခု ႐ွာရမည္။ ဒီလိုသာဆို ပုံမွန္အ႐ႈံးေပၚႏိုင္မည့္ အရင္းအျမစ္တစ္ခု ႐ွိလာပါလိမ့္မည္။ အဲ့တာဆို ဘယ္ေလာက္ေတာင္ ေကာင္းလိုက္မလဲ။

သို႔ေသာ္လည္း ဟြမ္စစ္ေပၚတို႔ကေတာ့ eSport အမ်ိဳးအစားကို ဆက္လက္ၿပီး မ႐ိုက္ကူးေလာက္ေတာ့ေပ။ သူတို႔ ဘယ္လို theme မ်ိဳး ဆက္႐ိုက္ရမလဲဆိုတာကိုေတာ့ ထပ္ေဆြးေႏြးဖို႔ လိုပါေသးသည္။

ေငြစာရင္း႐ွင္းခ်ိန္ မတိုင္ခင္ တစ္ပတ္အလိုတြင္ မေၾကညာထားသည့္၊ မထုတ္လုပ္ရေသးသည့္ ထုတ္ကုန္မ်ား က်န္ေနလို႔ မရပါ။

တစ္နည္းအားျဖင့္ ေဖးခ်မ့္ ေလာေလာဆယ္ေတာ့ ဘာမွ သိပ္မလုပ္ႏိုင္ေသးေပ။ ေ႐ွာ့ပင္ထြက္ျခင္း သို႔မဟုတ္ အက်ိဳးခံစားခြင့္မ်ား ထပ္ေပးျခင္းတို႔ျဖင့္ ဆက္လက္ ေငြျဖဳန္းတီးကာ ႐ုတ္တရက္ႀကီး ဘာမွ မတိုးတက္လာပါေစနဲ႔ဟုသာ ဆုေတာင္းဖို႔ ႐ွိေတာ့သည္။

ေဖးခ်မ့္ စနစ္ရန္ပုံေငြကို ၾကည့္လိုက္သည္။ အ႐ႈံးေပၚမည့္ အေျခအေနမွာ ႐ွိေနဆဲ ျဖစ္သည္။

"ငါလုပ္ႏိုင္တာ မွန္သမွ် အနည္းနဲ႔ အမ်ားဆိုသလို လုပ္ၿပီးသြားၿပီ။ အခု တစ္ခုတည္းေသာျပႆနာက အ႐ႈံးေပၚေနတဲ့ အေျခအေနအတိုင္း ဘယ္လို ဆက္ထိန္းသိမ္းမလဲဆိုတာပဲ။”

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

494K 50.5K 200
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000
248K 14.8K 40
My priority /property/privacy
148K 11.3K 78
Alpha Wolf and Omega Jeon Jungkook x Kim Taehyung