မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

By XiaoManTou96

167K 29K 924

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

123:အားကျင့်ကယောင်္ကျားလေးပါ

829 155 0
By XiaoManTou96

Unicode

အစပိုင်းမှာတော့ အသင်းက ပိုဆိုးတဲ့ အခြေအနေမှာ ရှိခဲ့လေသည်။ ယခုအချိန်တွင်တော့ အရှုံးကို အောင်ပွဲအဖြစ်သို့ ပြောင်းလဲပစ်နိုင်ပြီပင်။ ဒီအသင်းပွဲကို အနိုင်ရပြီးနောက်မှာတော့ သူတို့ကံကောင်းလို့နိုင်တယ်လို့ဘယ်သူမှပြောလို့မရကြတော့ချေ။ ပြီးတော့ ဘယ်သူကမှလည်းအားကျင့် က တခြားသူတွေကိုဘယ်လိုအားကိုးတယ်ဆိုပြီးလဲမပြောဝံ့ကြတော့ပါ!

ဟာဂင်ဒတ်စ်တို့စုံတွဲနဲ့တိုက်ခိုက်တာကိုကြည့်နေစဉ်တွင်ပရိတ်သတ်ကအရာအားလုံးကိုမြင်ခဲ့ရလေသည်။မီးရဲ့ မိန်းမအနေနဲ့  အားကျင့် ၏အခန်းကဏ္ဍသည် အစားထိုး၍မရနိုင်ပဲအလွန်အရေးပါလေသည်။
သူတစ်ယောက်ထဲတင်မကပဲ လွမ်းမောဖွယ်ချစ်ခြင်းအသင်းသားများအကုန် သူတို့ အင်အားကိုအစွမ်းကုန်အသုံးချခဲ့ရသဖြင့် တစ်ယောက်ချင်းဆီတိုင်းကအရေးပါတာပါပဲ!

သုံးနာရီနီးပါးကြာခဲ့သည့်ပွဲသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီး တရားဝင်မဲပေးသည့်ပလက်ဖောင်းကိုလည်း ယခုအချိန်တွင် ပိတ်ထားလိုက်ပြီဖြစ်သည်။ အခုအချိန်မှာတော့ နှစ်သင်းရဲ့ မဲအရေအတွက် က-

လွမ်းမောဖွယ်ချစ်ခြင်းအသင်း- 535,298 မဲ

ဟာဂင်ဒတ်စ်အသင်း - 187,611 မဲ

၎င်းသည် သုံးဆနီးပါးကွာခြားခဲ့သည် — လူ 5 သန်းတွင် လွမ်းမောဖွယ်ချစ်ခြင်းအသင်း သည် မဲများ၏ 10% ရခဲ့သည်။

ပရိသတ်များမှာပျော်ရွှင်ခဲ့ကြပြီး hostသည်လည်းလူတိုင်းအား စိတ်လှုပ်ရှားစွာ ကြေငြာခဲ့သည်

" 'Demon God' ရဲ့ ပထမဦးဆုံး တရားဝင်အသင်းလိုက်ပြိုင်ပွဲ ကျင်းပပြီးစီးခြင်းအတွက် ဂုဏ်ပြုပါတယ် အနိုင်ရသွားတဲ့အသင်းကတော့ လွမ်းမောဖွယ်ချစ်ခြင်းအသင်းပဲဖြစ်ပါတယ်ခင်မျာ"

ထိုအခိုက်အတန့်မှာ အင်တာနက်ကာဖေးမှာထိုင်ပြီး ဂိမ်းကိုကြည့်နေတဲ့ ဟုန်တုန်ယွမ်က screen ကိုစိုက်ကြည့်နေပြီးအကြမ်းဖျင်းတွက်ကြည့်နေလေရဲ့။သေစမ်း!530,000 မဲတဲ့ 5 မီလီယံနီးနီးပဲဟ ဘယ်လိုတောင်အထင်ကြီးစရာလဲ!ဂိမ်းဘောနပ်စ် 500,000 ကအရေးကြီးတာတော့ဟုတ်မနေဘူး အဓိကကမဲအရေအတွက်ပဲကွ!

တကယ်တမ်း ဂိမ်းဝါသနာရှင်တစ်ယောက်အတွက် မဲပေးဖို့ 10 ယွမ် သုံးဖို့ဆိုတာ တကယ်ကို ဘာမှမပြောပလောက်ပေ။ တစ်ယောက်ယောက်က စိတ်လှုပ်ရှားပြီး လုံလောက်အောင်ချမ်းသာနေခဲ့ရင်  တစ်ထောင်ကျော်လောက် သုံးလိုက်မှာကပုံမှန်ပါပဲ။ ဟုန်တုန်ယွမ် ပင်လျှင် 3  မဲအတွက် ယွမ် 30 သုံးစွဲခဲ့သေး၏။ ဘာပဲဖြစ်ဖြစ် အဲဒါက အဓိကအချက်မဟုတ်ဘူး။ လူများလာသောအခါ မဲအရေအတွက် တိုးလာသဖြင့် ငွေပိုရလာမှာပဲလေ!

ပြီးတော့ ဒါက တရုတ်ပြည်လေ လူတိုင်းက မင်းကို ဒင်္ဂါးပြားပေးရင် မင်း ဘီလီယံနာ ဖြစ်လာလိမ့်မယ်!

အဲဒါကို တွေးကြည့်တဲ့အခါမှာတော့ "Demon God" ရဲ့ တရားဝင်အဖွဲ့အစည်းက တကယ်ကို ဆိုးရွားလွန်းပါတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို မပိတ်သေးဘဲ host က ဆက်လက်၍ ပြောလာခဲ့သည်။

"ပရိသတ်တွေခင်မျာ ထွက်ဖို့အလျင်မလိုကြပါနဲ့ဉီးနော် နောက်တဆင့်အနေနဲ့ ကျွန်တော်တို့ အနိုင်ရသွားတဲ့ အသင်းနဲ့ live interview ရှိဉီးမှာပါ သူတို့ဘာတွေပြောမလဲဆိုတာကြည့်လိုက်ကြရအောင်!"

ဂိမ်းပြီးဆုံးချိန်တွင်တော့ ဟာဂင်ဒတ်စ်အသင်းကို ထောက်ခံသူများဖြစ်သည့် ကြည့်ရှုသူအနည်းငယ်သည် အလွန်စိတ်ပျက်သွားသဖြင့် web page ကို ချက်ချင်းပိတ်လိုက်ကြတော့သည်။ သို့သော် သူတို့အားလုံးနီးပါးသည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ screen ကိုကြည့်နေကြဆဲဖြစ်သည်။အတင်းဖျင်းတွေနဲ့ ပြည့်နှက်နေတဲ့ မီး စုံတွဲရဲ့ အင်တာဗျူးကိုမျှော်လင့်စောင့်စားနေလျက်ပေါ့!

လွမ်းမောဖွယ်ချစ်ခြင်းအသင်းက အသင်းဝင်များသည် စောင့်ဆိုင်းဧရိယာသို့ပြန်ရောက်လာစဉ်တွင် သူတို့သွားလို့မရသေးကြောင်းပြောလာခဲ့လေသည်။ထို့နောက်တွင်တော့ သူတို့အားလုံး interview အခန်းထဲသို့ပို့ဆောင်ခံလိုက်ရတော့သည်။သူတို့ကို ပွဲစခင်က ကြွေးကြော်ခိုင်းခဲ့သော host ကသူတို့ကိုစိတ်လှုပ်ရှားစွာဖြင့် နှူတ်ဆက်လာသည်။

ဟဲကျင့်ကတကယ်ကို အာရုံမရတော့ပေ။ထို့နောက်တွင် မီးကသူ့လက်ကိုဆုတ်ကိုင်လာကာမှသာ အစစ်မှန်အဖြစ်ခံစားခဲ့ရသည်။သူတို့ တကယ်ကြီးနိုင်သွားတာလား? "Demon God" ရဲ့ နောက်ဆုံးပွဲကိုလေ?

အဖွဲ့ဝင်တွေက ဆိုဖာပေါ်မှာ ထိုင်လိုက်ကြပြီး host ကမေးလာခဲ့သည်။

"ပြိုင်ပွဲကို အနိုင်ရခဲ့တဲ့အတွက် ဘာများပြောချင် ကြပါသလဲ?မင်းတို့ပြောချင်တာအကုန်ပြောလို့ရတယ်နော်....ကျွန်တော်တို့ဘာလို့ မီးနဲ့ မစလိုက်ရမှာလဲ?

မီးက ပြုံးကာဖြင့် host ကဘက်မှားပြီးညွှန်ပြနေတာကိုပြောခဲ့လေသည်။ထို့နောက်တွင်သူကဆိုလာသည်။

"ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ဟာ အနိုင်ရရမယ်ဆိုတဲ့အတိုင်း နိုင်အောင်လုပ်နိုင်ခဲ့တာပါပဲ ပြီးတော့ အကုန်မျှော်လင့်ထားသလိုဖြစ်လာလို့လဲ ပျော်ရပါတယ်"

သူhost လုပ်ဖူးတာ အံ့သြစရာတော့မဟုတ်ပေ။သူကအခြေအနေတိုင်းမှာ အမြဲတမ်း အေးဆေးပါပဲ။ ပြီးတော့ သူကြိုတင်သတ်မှတ်ထားတဲ့ မိန့်ခွန်းကလည်း မယုံနိုင်လောက်အောင်ကို ကောင်းပါ၏။

ထို့နောက်မီးသည် ဟဲကျင့်ရဲ့လက်ကို ဆိတ်လိုက် လေသည်။ဟဲကျင့်ကအံ့သြသွားပြီး သူ့ဘေးနားက ဖက်ထုပ်လေးကို ကြည့်ကာ တစ်ခုခုပြောဖို့ ပြောလိုက်သည် ။ နွေးထွေးတဲ့ အကောင်ပေါက်လေးဟာ မိန်းကလေးပရိသတ်တွေရဲ့ နှလုံးသားကို ဘယ်လိုအနိုင်ယူရမယ်ဆိုတာ သေချာပေါက် သိလေရဲ့။

ဖက်ထုပ်လေးသည် သူ့အတောင်ပံများကို လှုပ်ယမ်းကာဖြင့် ကျီကျီ အသံများကို ပြုလုပ်ပြီး သူမည်မျှ စိတ်လှုပ်ရှားနေသည်ကို ပြသသည်။

လူတိုင်းက မရယ်ပဲမနေနိုင်ခဲ့ချေ။ထို့နောက်အားကျင့်ကပြောလာသည်။

"ကျေးဇူးတင်ပါတယ် အားလုံး...တကယ်တော့ ကျွန်တော်လည်းတော်တော် အံ့သြသွားတယ်"

host သည်လည်း အံ့သြသွားတော့သည်။

"မင်းအနိုင်ရဖို့ မမျှော်လင့်ထားဘူးလား?"

ဟဲကျင့် အနည်းငယ်ရှက်သွားပြီး

"အင်း...ကျွန်တော်က ဂိမ်းထဲရောက်တာ နှစ်ဝက် လောက်တောင် မရှိသေးဘူးလေ ကျွန်တော်က ကျွန်တော့်အဖွဲ့သားတွေလောက်အားမကြီးဘူးလို့ခံစားခဲ့ရပြီးတော့ ကျွန်တော်က သူတို့ကိုဆွဲချမိမှာကြောက်နေတာ..."

ဒီစကားကို ပြောလိုက်တော့ မီးက သူ့လက်ကို ဆိတ်လာပြန်တယ်။ ဟဲကျင့်သည် ခေါင်းကို လှည့်ကာ မီး နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ ချင်ယွီ ၏လိမ်ညာခြင်းအတွက် စိတ်မသက်မသာခံစားရသေးသော်လည်း သူ့ကိုယ်သူတော့ကိစ္စများကိုရှင်းလင်းရမည်ပင်။ အနည်းဆုံးတော့ မီးနဲ့ပူးပေါင်းခဲ့စဉ်တွင် မီးနဲ့ အတူအချိတ်အဆက်မိသလိုခံစားခဲ့ရတာပါပဲ

ဤချစ်စဖွယ်အကြည့်ကို ပရိသတ်က "လူသိရှင်ကြားပြသသောချစ်ခင်မှု" ဟု သံသယဖြစ်ဖွယ်အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီး လူများက comment box တွင် မှတ်ချက်ပေးကာ အော်ဟစ်ခဲ့ကြသည်။

ဟဲကျင့်က host ကို ကြည့်လိုက်ပြီး ဆက်ပြောသည်

"ကျွန်တော်ဘာတွေဘယ်လိုစွမ်းဆောင်ခဲ့လဲဆိုတာတော့မသေချာပါဘူး။ကျွန်တော်သိတာကတော့ မီးက တလျှောက်လုံး ကျွန်တော့်ကို ကာကွယ်ပေးနေတာကိုပဲ..."

ပထမက ဟဲကျင့်နှင့် ပတ်သက်၍ သံသယဝင်နေသူအများအပြားသည် ယခု သူ၏ နှိမ့်ချမှုကြောင့် ရင်ထဲထိသွားကြတော့သည်။ ရုတ်တရက် သူတို့သည် comment box တွင် ချီးကျူးစကားများ ရိုက်ထည့်လိုက်ကြပြီး ကြီးကျယ်ခမ်းနားသော အလုပ်တစ် ခုကို လုပ်ခဲ့ကြောင်း သူ့ကို အားပေးစကားဆိုလာကြသည်။

host ကလည်းဆိုလာသည်။

"မင်း ကောင်းကောင်းလုပ်ခဲ့ပါတယ် အသင်းလိုက် ပြိုင်ပွဲကို ထားလိုက်ဉီး fairy pet PK ကိုပြန်ပြောရအောင် အဲ့ပွဲမှာ မင်းကိုယ်တိုင်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့တယ်လေ မင်းကိုယ်မင်းဘယ်တော့မှအထင်မသေးပါနဲ့ ဒီလိုတိုတောင်းတဲ့ အချိန်ကာလမှာ ဒီလောက်အောင်မြင်တဲ့အပြင် အသင်းလိုက်ပွဲကိုလည်းအနိုင်ရသေးတယ်။ကျွန်တော်ကတော့ မင်းလိုကစားသမားနောက်တစ်ယောက်မရှိနိုင်တော့ဘူးဆိုတာသေချာပါတယ်"

ဟဲကျင့်သည် ရှူကျီးကျာ့လန်ကို ကြည့်ကာဖြင့်ပြုံးလိုက်သည်။

"နောက်တစ်ယောက်ရှိပါသေးတယ် ရှူကျီးကျာ့လန်က ဂိမ်းထဲရောက်တာ လေးလပဲရှိသေးတယ်လေ"

host: "..."

ပရိသတ်: "မင်းတို့နောက်နေကြတာလား?"

ဒီလူတွေတစ်ယောက်နဲ့တစ်ယောက်နိမ့်ချနေကြတာလား?ဒါမှမဟုတ် နှစ်လုံးက အရည်အချင်းအသီးသီးရှိပြီး တစ်ယောက်မှသေချာမပြောနိုင်တာမျိုးလား...

ထို့နောက် host က အခြားအဖွဲ့ဝင်များ မည်သို့ခံစားရသည်ကို မေးမြန်းခဲ့သည်။ အားကျင့် နှင့်မတူဘဲ ရှူကျီးကျာ့လန် သည်တော့ ရလဒ်သည် သူမျှော်မှန်းထားသည်ထက်ကျော်လွန်သွားကြောင်းရဲရဲဝံ့ဝံ့ပြောလာခဲ့သည်။လွင့်မျောတိမ်တိုက်ကတော့အသင်းအတွက်ဘယ်လိုရလဒ်ပဲဖြစ်ဖြစ် လက်ခံဖို့အသင့်ဟုဆိုလေသည်။

host:"ရေသေ ကကော"

ရေသေသည်တော့ ယပ်တောင်ကိုညှင်သာစွာခပ် ကာဖြင့် သက်ပြင်းလျက်ဆိုလာသည်။

"ကိုးခန်းမအရှင်မင်းမြတ်က ကျွန်တော်တို့နဲ့မရှိတာ နှမြောစရာပဲ"

အားလုံးက ရယ်မောကြကာဖြင့် ပရိသတ်ကို ကြည့်ပြီး လက်ပြနှုတ်ဆက်ခဲ့ကြသည်။သူတို့အသီးသီးကကိုးခန်းမကိုလည်းနှုတ်ဆက်ခဲ့ပြီး မီးကပြုံးကာဖြင့်ပြောလာသည်။

"ကိုး ဝမ်းမနည်းပါနဲ့ကွာ ငါတို့ ဆုငွေကို မင်းကိုလည်းခွဲပေးမှာပါ"

ကိုးခန်းမအရှင်မင်းမြတ်: "အမ်း..."

host: "နှလုံးသားမဲ့ က သူ့အသင်းဖော်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပုံရတယ်နော်။"

"ဟုတ်တယ် အားကျင့်နဲ့ ရှူကျီးကျာ့လန်ကလွဲရင် ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိခဲ့တာ နှစ်အနည်းငယ်လောက်ရှိပြီ..."

ကြိုးကြာရိုင်းက မီးနဲ့အားကျင့်ကိုကြည့်ကာ  ပြုံးပြီး

"ဒါပေမယ့် မီးနဲ့အားကျင့် ကတော့ တစ်ယောက်နဲ့တစ်ယောက် သိနေတာကြာပြီလို့တော့ ကျွန်တော်ကြားတာပဲ သူတို့က Spirit Fairy ခေါတ်ထဲကလက်ထပ်ခဲ့ကြတာလေ!"

ဒီသတင်းက... အလွန်တုန်လှုပ်စရာကောင်းသွားပြီ!

host သည်လည်းပြောစရာပျောက်ရှသွားရပြီး စလာထဲကလက်တွဲမဖြုတ်ရသေးသော စုံတွဲကိုကြည့်လိုက်သည်။

"အဲ့လောက်တောင်ကြာပြီလား ဒါဆိုဘယ်လိုလုပ် အားကျင့် ဂိမ်းထဲမှာနှစ်ဝက်လောက်ပဲရှိသေးတယ်လို့ပြောရတာလဲ?"

မီး သည် အားကျင့် ကို တစ်ချက်ကြည့်လိုက်ပြီး ဆိုလာသည်။

"သူက8 နှစ်လောက် အွန်လိုင်းမတက်ခဲ့ဘူးလေ"

ဟဲကျင့်: "..." သူ့ကြည့်ရတာဘာလို့အရမ်းတွေခါးသီးနေပုံပေါက်ရတာလဲ?

host ၏ပါးစပ်သည် အိုပုံသဏ္ဍာန်ဖြစ်သွားရသည်

"8 နှစ်? ဒါဆို မီး မင်းမကွာရှင်းခဲ့ဘူးလား?"

မီး:  "ဟင့်အင်း"

သာမာန်လူတွေဆိုဒီလိုပဲထင်မှာပဲ ဟုတ်တယ်မလား?

ဟဲကျင့်သည် အနည်းငယ်ရှက်သွားပြီး ဤအကြောင်းအရာကို အမြန်အဆုံးသတ်နိုင်ပါစေဟု တိတ်တဆိတ် ဆုတောင်းနေမိတော့သည်။ ဒါပေမယ့်လည်း ရေသေ က မီး နဲ့ ပတ်သက်ပြီး နောက်ထပ် တစ်ခုခုကို ဆက်ပြောခဲ့တယ်

"တကယ်တော့ ဒီလူက စွန့်ပစ်ခံလိုက်ရတာလေ အဲ့ဒါကြောင့် သူ့နာမည်ကို နှလုံးသားမဲ့လို့ပြောင်းလိုက်တာပေါ့ အားကျင့်လည်းပြန်လာရော မီးလို့ပြန်ပြောင်းလိုက်တော့တာပဲ"

မီး:  "ဟေး!!"

အားလုံး: "ဟားဟားဟား.."

အားကျင့်: "..."

screen ရှေ့မှ ပရိသတ်များကလည်း ရယ်ရလွန်းလို့ ငိုတောင်ငိုချင်လာရသည်။သာမန်အားဖြင့် အေးစက်တဲ့ နှလုံးသားမဲ့သည် ထိုကဲ့သို့ နုံအပြီး အပြစ်ကင်းစင်တဲ့ အတွေ့အကြုံမျိုး ရှိနေလိမ့်မည်ဟုမမျှော်လင့်ထားပေ။

ရေသေမရပ်ပါနဲ့ဉီး! ပရိတ်သတ်ကိုဆက်ပြောပြပါဉီး!

ဤကိစ္စတွင်နှလုံးသားမဲ့တွင်ဇနီးရှိသည်ဟူသောအချက်သည်အလွန်စိတ်ပျက်စရာမဟုတ်ခဲ့ချေ။ ဇနီးဖြစ်သူအပေါ်ထားတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ဒီအသေးစိတ်အချက်လေးတွေကြောင့် ပရိသတ်တွေက သူ့ရဲ့ပုံရိပ်ကို ပိုလို့တောင် သဘောကျစေခဲ့ပါ၏။

host က ခဏတာ ချောင်းဟန့်လိုက်ပြီး အားကျင့်ကိုကြည့်ကာ

"တကယ်တော့ ကျွန်တော်သိပ်နားမလည်ဘူး။ အားကျင့်က ဘာကြောင့် ယောကျ်ားလေးပုံကို ရွေးတာလဲ? ပြီးတော့ သူမ အသံက ယောက်ျားလေးလိုပဲနော်..."

ဟဲကျင့် ၏ နှလုံးသားက တင်းကျပ်သွားပြီး ဘာပြန်ပြောရမှန်း မသိတော့ချေ။

ထိုအချိန်တွင် မီး သည် ဟဲကျင့် ၏လက်ကို ရုတ်တရက် တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့ကို အားတက် သရော ကြည့်လိုက်သည်။ ထို့နောက် သူကသူရဲ့ သံလိုက်လိုဆွဲငင်နိုင်သည့်အသံဖြင့် ပြောလာခဲ့သည်။

"အားကျင့်က ယောကျ်ားလေးပါ

ဟဲကျင့် သည် သူ့ဘေးနားတွင် အကြာကြီး တိတ်ဆိတ်ငြိမ်သက်သွားသလို ခံစားလိုက်ရသည်။ မျက်လုံး အစုံတစ်ထောင်က သူနဲ့ မီးကိုစိုက် ကြည့်နေသလိုမျိုး... သူ အစိုးရိမ်ဆုံးအရာက ချင်ယွီအတွက်တော့ ပြဿနာမဟုတ်ခဲ့ပါ။

အရမ်းရဲရင့်တယ် အရမ်းပြတ်သားတယ်။ချင်ယွီ သည် စွန့်ပစ်ခံရရန် သို့မဟုတ် မုန်းတီးခံရရန် မကြောက်ခဲ့ပေ။ သူက သူ့ဂုဏ်သိက္ခာအတွက်လည်းမစိုးရိမ်ခဲ့ပဲ ယောက်ျားလေးတစ်ယောက်ကို ချစ်နေကြောင်း လူတိုင်းကို ရဲရဲတင်းတင်း ပြောလိုက်ပါ၏။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ရှည်လျားပြီး အဆင်မပြေသော တိတ်ဆိတ်မှုတစ်ခု ရှိနေသည်။ screen ရှေ့ရှိပရိသတ်တောင်မှတိတ်ဆိတ်သွားလေရဲ့ ။ နောက်တော့ လူတွေက စတင်ဆွေးနွေးလာတော့တယ်

"ဘာ? အားကျင့် က ယောက်ျားလေးလား?"

"နှလုံးသားမဲ့ ရဲ့ဇနီးက ယောက်ျားလေးပဲ...ဒါဆို နှလုံးသားမဲ့က gay လား?"

"သေစမ်း ဒီကောင်မလေးတွေ ပြောခဲ့တာတွေက အမှန်တွေ ဖြစ်နေခဲ့တာပဲ ဒါက 'Demon God' မှာ အကြီးမားဆုံး သတင်းပဲ!"

host သည်လည်း အံသြသွားရသည်။ ဒီလို ပေါ့ပေါ့ပါးပါး မေးခွန်းထုတ်လိုက်တာကနေ ဒီလို ဗုံးမျိုးရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူးလေနော်!

"အမ် ဒါဆိုပြောရမယ်ဆိုရင်တော့သူငယ်ချင်းပေါ့?"

host က တင်းမာနေတဲ့အခြေအနေကိုလျှော့ချရန်ကြိုးစားခဲ့သည်။

မီး သည် အားကျင့် ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူ့ကို မလွတ်မြောက်စေပါဘဲ

"မဟုတ်ဘူး ကျွန်တော်တို့ကစုံတွဲတွေပါ"

ဟဲကျင့် : "... "

host က မေးခွန်းတွေ ထပ်မမေးရဲတော့ဘူး။ သူက အကြောင်းအရာကို အမြန်ပြောင်းလိုက်ပြီး ဘောနပ်စ်ရရှိပြီးနောက်မှာ သူတို့ဘာတွေစီစဉ်ထားလဲဟုသာမေးလာခဲ့တော့သည်

"ဒီတစ်ခါတော့ရှူကျီးကျာ့လန်နဲ့စလိုက်ရအောင်?"

ရှူကျီးကျာ့လန် က ခဏလောက်စဉ်းစားပြီး

"အဲဒီဆုကြေးငွေ 500,000? ကျွန်တော်တို့ ဆယ်ယောက်ကို ခွဲလိုက်ရင် တစ်ယောက်ကို 50,000 လောက်ပဲရမှာလေ ကျွန်တော်တို့ ဘာလုပ်နိုင်မှာမလို့လဲ...."

host ကသွေးအန်ချင်သွားရသည်။

အဲ့ ယွမ် 50,000 ဆိုတာက သူ့ရဲ့ နှစ်ဝက်လစာလောက်ရှိတာလေနော် ဒီလူအတွက်ကတော့တန်ဖိုးမဲ့နေလေရဲ့!

"ကြည့်ရတာ ရှူကျီးကျာ့လန် က ချမ်းသာတဲ့လူတစ်ယောက်ပဲနော်။"

host က အနည်းငယ်ရယ်မောလိုက်ပြီး ရေသေကိုကြည့်ကာဖြင့်

"ရေသေ ကကော"

ရေသေကသူ့ယပ်တောင်ကို ငုံ့ကြည့်ကာဖြင့်

"ကောင်းပြီ ကျွန်တော်ကတော့ ယပ်တောင် ပေါ်မှာစိန်စီလိုက်မယ်။"

host က ဆွံ့အသွားရပြန်ပါရော

ဘယ်လိုတောင်လဲ သူက ယပ်တောင်အတွက် ယွမ်50,000.ကိုသုံးမယ်ပေါ့..

ရေသေ က သက်ပြင်းတစ်ချက်ချလိုက်ပြီး "ဟုတ်တယ် ဒါကတော်တော်နည်းတဲ့ ပမာဏပဲ..."

host သည် ဤသခင်နှင့် pet တစ်စုံကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ပြီး အချင်းချင်းကြည့်နေကြသော ကြိုးကြာရိုင်း နှင့် လွင့်မျောတိမ်တိုက်ကိုကြည့်လိုက်ပြီးနောက်တွင်တော့  ကြိုးကြာရိုင်း က ခေါင်းညိတ်ကာဖြင့်

"ဟုတ်တယ် အဲ့ဒါက တကယ်ကြီးကို တော်တော်နည်းတယ်..."

လွင့်မျောတိမ်တိုက်: "မင်းတူလေးအတွက် တခုခုဝယ်ပေးလိုက်ရင်ရော"

ကြိုးကြာရိုင်း: "အကြံကောင်းပဲ"

host ကလုံးဝကိုပြောစရာပျောက်ရှသွားတော့တာပါပဲ။ မီးအတွက်ကတော့ မေးနေစရာမလိုတော့ဘူးလေ သူကပိုက်ဆံမလိုတော့ဘူး။host လုပ်ပြီးတော့ တစ်နှစ်ကို ယွမ် တစ်သန်းလောက် ဝင်ငွေရနေတဲ့သူလေနော်။

အားကျင့်သည်တော့ host က ဘာလို့ဆက်မမေးတော့တာလဲလို့ သိချင်သွားရသည်။အဲ့ဒါက 50,000 လေ ဟမ့် ကိန်းဂဏန်း 5 လုံးထက်ပိုမစုထားဖူးသော ဟဲကျင့်ကဲ့သို့တစ်စုံတစ်ယောက်အတွက်၎င်းသည် စိတ်ကူးယဉ်ကြည့်လို့တောင်မရသော ကိန်းဂဏန်းတစ်ခုဖြစ်လေရဲ့။

ငွေရနိုင်မှန်း သိလိုက်သည်နှင့် သူဘာပြောရမှန်းမသိလောက်အောင် စိတ်လှုပ်ရှားသွားတော့သည်။ မီးပြောလိုက်တဲ့ ရှက်စရာကောင်းတဲ့ စကားကိုတောင် မေ့သွားခဲ့ပါ၏... ယွမ် 5၀၀၀၀ နဲ့ ဆို အချိန်ပိုင်းအလုပ် လုပ်စရာ မလိုတော့ဘူး။ ပြီးတော့သူ့ရဲ့ ကျူရှင်လခအတွက်လည်းလုံလောက်သွားလိမ့်မယ်။အဲ့တော့ဆိုလိုတာကသူလွတ်မြောက်တော့မှာပဲ!

အဲ့အချိန်တုန်းကတော့ ဟဲကျင့်သည် သူရရှိမည့်အရာသည် ယွမ် 50,000 ထက်သာလွန်သည်ကို မသိခဲ့ပါချေ။

Zawgyi

123:အားက်င့္ကေယာက်ၤားေလးပါ

အစပိုင္းမွာေတာ့ အသင္းက ပိုဆိုးတဲ့ အေျခအေနမွာ ရွိခဲ့ေလသည္။ ယခုအခ်ိန္တြင္ေတာ့ အရႈံးကို ေအာင္ပြဲအျဖစ္သို႔ ေျပာင္းလဲပစ္ႏိုင္ၿပီပင္။ ဒီအသင္းပြဲကို အႏိုင္ရၿပီးေနာက္မွာေတာ့ သူတို႔ကံေကာင္းလို႔ႏိုင္တယ္လို႔ဘယ္သူမွေျပာလို႔မရၾကေတာ့ေခ်။ ၿပီးေတာ့ ဘယ္သူကမွလည္းအားက်င့္ က တျခားသူေတြကိုဘယ္လိုအားကိုးတယ္ဆိုၿပီးလဲမေျပာဝံ့ၾကေတာ့ပါ!

ဟာဂင္ဒတ္စ္တို႔စုံတြဲနဲ႔တိုက္ခိုက္တာကိုၾကည့္ေနစဥ္တြင္ပရိတ္သတ္ကအရာအားလုံးကိုျမင္ခဲ့ရေလသည္။မီးရဲ႕ မိန္းမအေနနဲ႔  အားက်င့္ ၏အခန္းက႑သည္ အစားထိုး၍မရႏိုင္ပဲအလြန္အေရးပါေလသည္။
သူတစ္ေယာက္ထဲတင္မကပဲ လြမ္းေမာဖြယ္ခ်စ္ျခင္းအသင္းသားမ်ားအကုန္ သူတို႔ အင္အားကိုအစြမ္းကုန္အသုံးခ်ခဲ့ရသျဖင့္ တစ္ေယာက္ခ်င္းဆီတိုင္းကအေရးပါတာပါပဲ!

သုံးနာရီနီးပါးၾကာခဲ့သည့္ပြဲသည္ ေနာက္ဆုံးတြင္ ၿပီးဆုံးသြားခဲ့ၿပီး တရားဝင္မဲေပးသည့္ပလက္ေဖာင္းကိုလည္း ယခုအခ်ိန္တြင္ ပိတ္ထားလိုက္ၿပီျဖစ္သည္။ အခုအခ်ိန္မွာေတာ့ ႏွစ္သင္းရဲ႕ မဲအေရအတြက္ က-

လြမ္းေမာဖြယ္ခ်စ္ျခင္းအသင္း- 535,298 မဲ

ဟာဂင္ဒတ္စ္အသင္း - 187,611 မဲ

၎သည္ သုံးဆနီးပါးကြာျခားခဲ့သည္ — လူ 5 သန္းတြင္ လြမ္းေမာဖြယ္ခ်စ္ျခင္းအသင္း သည္ မဲမ်ား၏ 10% ရခဲ့သည္။

ပရိသတ္မ်ားမွာေပ်ာ္႐ႊင္ခဲ့ၾကၿပီး hostသည္လည္းလူတိုင္းအား စိတ္လႈပ္ရွားစြာ ေၾကျငာခဲ့သည္

" 'Demon God' ရဲ႕ ပထမဦးဆုံး တရားဝင္အသင္းလိုက္ၿပိဳင္ပြဲ က်င္းပၿပီးစီးျခင္းအတြက္ ဂုဏ္ျပဳပါတယ္ အႏိုင္ရသြားတဲ့အသင္းကေတာ့ လြမ္းေမာဖြယ္ခ်စ္ျခင္းအသင္းပဲျဖစ္ပါတယ္ခင္မ်ာ"

ထိုအခိုက္အတန္႔မွာ အင္တာနက္ကာေဖးမွာထိုင္ၿပီး ဂိမ္းကိုၾကည့္ေနတဲ့ ဟုန္တုန္ယြမ္က screen ကိုစိုက္ၾကည့္ေနၿပီးအၾကမ္းဖ်င္းတြက္ၾကည့္ေနေလရဲ႕။ေသစမ္း!530,000 မဲတဲ့ 5 မီလီယံနီးနီးပဲဟ ဘယ္လိုေတာင္အထင္ႀကီးစရာလဲ!ဂိမ္းေဘာနပ္စ္ 500,000 ကအေရးႀကီးတာေတာ့ဟုတ္မေနဘူး အဓိကကမဲအေရအတြက္ပဲကြ!

တကယ္တမ္း ဂိမ္းဝါသနာရွင္တစ္ေယာက္အတြက္ မဲေပးဖို႔ 10 ယြမ္ သုံးဖို႔ဆိုတာ တကယ္ကို ဘာမွမေျပာပေလာက္ေပ။ တစ္ေယာက္ေယာက္က စိတ္လႈပ္ရွားၿပီး လုံေလာက္ေအာင္ခ်မ္းသာေနခဲ့ရင္  တစ္ေထာင္ေက်ာ္ေလာက္ သုံးလိုက္မွာကပုံမွန္ပါပဲ။ ဟုန္တုန္ယြမ္ ပင္လွ်င္ 3  မဲအတြက္ ယြမ္ 30 သုံးစြဲခဲ့ေသး၏။ ဘာပဲျဖစ္ျဖစ္ အဲဒါက အဓိကအခ်က္မဟုတ္ဘူး။ လူမ်ားလာေသာအခါ မဲအေရအတြက္ တိုးလာသျဖင့္ ေငြပိုရလာမွာပဲေလ!

ၿပီးေတာ့ ဒါက တ႐ုတ္ျပည္ေလ လူတိုင္းက မင္းကို ဒဂၤါးျပားေပးရင္ မင္း ဘီလီယံနာ ျဖစ္လာလိမ့္မယ္!

အဲဒါကို ေတြးၾကည့္တဲ့အခါမွာေတာ့ "Demon God" ရဲ႕ တရားဝင္အဖြဲ႕အစည္းက တကယ္ကို ဆိုး႐ြားလြန္းပါတယ္။

တိုက္႐ိုက္ထုတ္လႊင့္မႈအခန္းကို မပိတ္ေသးဘဲ host က ဆက္လက္၍ ေျပာလာခဲ့သည္။

"ပရိသတ္ေတြခင္မ်ာ ထြက္ဖို႔အလ်င္မလိုၾကပါနဲ႔ဉီးေနာ္ ေနာက္တဆင့္အေနနဲ႔ ကြၽန္ေတာ္တို႔ အႏိုင္ရသြားတဲ့ အသင္းနဲ႔ live interview ရွိဉီးမွာပါ သူတို႔ဘာေတြေျပာမလဲဆိုတာၾကည့္လိုက္ၾကရေအာင္!"

ဂိမ္းၿပီးဆုံးခ်ိန္တြင္ေတာ့ ဟာဂင္ဒတ္စ္အသင္းကို ေထာက္ခံသူမ်ားျဖစ္သည့္ ၾကည့္ရႈသူအနည္းငယ္သည္ အလြန္စိတ္ပ်က္သြားသျဖင့္ web page ကို ခ်က္ခ်င္းပိတ္လိုက္ၾကေတာ့သည္။ သို႔ေသာ္ သူတို႔အားလုံးနီးပါးသည္ ကြန္ပ်ဴတာေရွ႕တြင္ ထိုင္ကာ screen ကိုၾကည့္ေနၾကဆဲျဖစ္သည္။အတင္းဖ်င္းေတြနဲ႔ ျပည့္ႏွက္ေနတဲ့ မီး စုံတြဲရဲ႕ အင္တာဗ်ဴးကိုေမွ်ာ္လင့္ေစာင့္စားေနလ်က္ေပါ့!

လြမ္းေမာဖြယ္ခ်စ္ျခင္းအသင္းက အသင္းဝင္မ်ားသည္ ေစာင့္ဆိုင္းဧရိယာသို႔ျပန္ေရာက္လာစဥ္တြင္ သူတို႔သြားလို႔မရေသးေၾကာင္းေျပာလာခဲ့ေလသည္။ထို႔ေနာက္တြင္ေတာ့ သူတို႔အားလုံး interview အခန္းထဲသို႔ပို႔ေဆာင္ခံလိုက္ရေတာ့သည္။သူတို႔ကို ပြဲစခင္က ေႂကြးေၾကာ္ခိုင္းခဲ့ေသာ host ကသူတို႔ကိုစိတ္လႈပ္ရွားစြာျဖင့္ ႏႉတ္ဆက္လာသည္။

ဟဲက်င့္ကတကယ္ကို အာ႐ုံမရေတာ့ေပ။ထို႔ေနာက္တြင္ မီးကသူ႔လက္ကိုဆုတ္ကိုင္လာကာမွသာ အစစ္မွန္အျဖစ္ခံစားခဲ့ရသည္။သူတို႔ တကယ္ႀကီးႏိုင္သြားတာလား? "Demon God" ရဲ႕ ေနာက္ဆုံးပြဲကိုေလ?

အဖြဲ႕ဝင္ေတြက ဆိုဖာေပၚမွာ ထိုင္လိုက္ၾကၿပီး host ကေမးလာခဲ့သည္။

"ၿပိဳင္ပြဲကို အႏိုင္ရခဲ့တဲ့အတြက္ ဘာမ်ားေျပာခ်င္ ၾကပါသလဲ?မင္းတို႔ေျပာခ်င္တာအကုန္ေျပာလို႔ရတယ္ေနာ္....ကြၽန္ေတာ္တို႔ဘာလို႔ မီးနဲ႔ မစလိုက္ရမွာလဲ?

မီးက ၿပဳံးကာျဖင့္ host ကဘက္မွားၿပီးၫႊန္ျပေနတာကိုေျပာခဲ့ေလသည္။ထို႔ေနာက္တြင္သူကဆိုလာသည္။

"ေက်းဇူးတင္ပါတယ္ ကြၽန္ေတာ္တို႔ဟာ အႏိုင္ရရမယ္ဆိုတဲ့အတိုင္း ႏိုင္ေအာင္လုပ္ႏိုင္ခဲ့တာပါပဲ ၿပီးေတာ့ အကုန္ေမွ်ာ္လင့္ထားသလိုျဖစ္လာလို႔လဲ ေပ်ာ္ရပါတယ္"

သူhost လုပ္ဖူးတာ အံ့ၾသစရာေတာ့မဟုတ္ေပ။သူကအေျခအေနတိုင္းမွာ အၿမဲတမ္း ေအးေဆးပါပဲ။ ၿပီးေတာ့ သူႀကိဳတင္သတ္မွတ္ထားတဲ့ မိန႔္ခြန္းကလည္း မယုံႏိုင္ေလာက္ေအာင္ကို ေကာင္းပါ၏။

ထို႔ေနာက္မီးသည္ ဟဲက်င့္ရဲ႕လက္ကို ဆိတ္လိုက္ ေလသည္။ဟဲက်င့္ကအံ့ၾသသြားၿပီး သူ႔ေဘးနားက ဖက္ထုပ္ေလးကို ၾကည့္ကာ တစ္ခုခုေျပာဖို႔ ေျပာလိုက္သည္ ။ ေႏြးေထြးတဲ့ အေကာင္ေပါက္ေလးဟာ မိန္းကေလးပရိသတ္ေတြရဲ႕ ႏွလုံးသားကို ဘယ္လိုအႏိုင္ယူရမယ္ဆိုတာ ေသခ်ာေပါက္ သိေလရဲ႕။

ဖက္ထုပ္ေလးသည္ သူ႔အေတာင္ပံမ်ားကို လႈပ္ယမ္းကာျဖင့္ က်ီက်ီ အသံမ်ားကို ျပဳလုပ္ၿပီး သူမည္မွ် စိတ္လႈပ္ရွားေနသည္ကို ျပသသည္။

လူတိုင္းက မရယ္ပဲမေနႏိုင္ခဲ့ေခ်။ထို႔ေနာက္အားက်င့္ကေျပာလာသည္။

"ေက်းဇူးတင္ပါတယ္ အားလုံး...တကယ္ေတာ့ ကြၽန္ေတာ္လည္းေတာ္ေတာ္ အံ့ၾသသြားတယ္"

host သည္လည္း အံ့ၾသသြားေတာ့သည္။

"မင္းအႏိုင္ရဖို႔ မေမွ်ာ္လင့္ထားဘူးလား?"

ဟဲက်င့္ အနည္းငယ္ရွက္သြားၿပီး

"အင္း...ကြၽန္ေတာ္က ဂိမ္းထဲေရာက္တာ ႏွစ္ဝက္ ေလာက္ေတာင္ မရွိေသးဘူးေလ ကြၽန္ေတာ္က ကြၽန္ေတာ့္အဖြဲ႕သားေတြေလာက္အားမႀကီးဘူးလို႔ခံစားခဲ့ရၿပီးေတာ့ ကြၽန္ေတာ္က သူတို႔ကိုဆြဲခ်မိမွာေၾကာက္ေနတာ..."

ဒီစကားကို ေျပာလိုက္ေတာ့ မီးက သူ႔လက္ကို ဆိတ္လာျပန္တယ္။ ဟဲက်င့္သည္ ေခါင္းကို လွည့္ကာ မီး ႏွင့္ အၾကည့္ခ်င္းဖလွယ္လိုက္သည္။ ခ်င္ယြီ ၏လိမ္ညာျခင္းအတြက္ စိတ္မသက္မသာခံစားရေသးေသာ္လည္း သူ႔ကိုယ္သူေတာ့ကိစၥမ်ားကိုရွင္းလင္းရမည္ပင္။ အနည္းဆုံးေတာ့ မီးနဲ႔ပူးေပါင္းခဲ့စဥ္တြင္ မီးနဲ႔ အတူအခ်ိတ္အဆက္မိသလိုခံစားခဲ့ရတာပါပဲ

ဤခ်စ္စဖြယ္အၾကည့္ကို ပရိသတ္က "လူသိရွင္ၾကားျပသေသာခ်စ္ခင္မႈ" ဟု သံသယျဖစ္ဖြယ္အဓိပၸာယ္ဖြင့္ဆိုခဲ့ၿပီး လူမ်ားက comment box တြင္ မွတ္ခ်က္ေပးကာ ေအာ္ဟစ္ခဲ့ၾကသည္။

ဟဲက်င့္က host ကို ၾကည့္လိုက္ၿပီး ဆက္ေျပာသည္

"ကြၽန္ေတာ္ဘာေတြဘယ္လိုစြမ္းေဆာင္ခဲ့လဲဆိုတာေတာ့မေသခ်ာပါဘူး။ကြၽန္ေတာ္သိတာကေတာ့ မီးက တေလွ်ာက္လုံး ကြၽန္ေတာ့္ကို ကာကြယ္ေပးေနတာကိုပဲ..."

ပထမက ဟဲက်င့္ႏွင့္ ပတ္သက္၍ သံသယဝင္ေနသူအမ်ားအျပားသည္ ယခု သူ၏ ႏွိမ့္ခ်မႈေၾကာင့္ ရင္ထဲထိသြားၾကေတာ့သည္။ ႐ုတ္တရက္ သူတို႔သည္ comment box တြင္ ခ်ီးက်ဴးစကားမ်ား ႐ိုက္ထည့္လိုက္ၾကၿပီး ႀကီးက်ယ္ခမ္းနားေသာ အလုပ္တစ္ ခုကို လုပ္ခဲ့ေၾကာင္း သူ႔ကို အားေပးစကားဆိုလာၾကသည္။

host ကလည္းဆိုလာသည္။

"မင္း ေကာင္းေကာင္းလုပ္ခဲ့ပါတယ္ အသင္းလိုက္ ၿပိဳင္ပြဲကို ထားလိုက္ဉီး fairy pet PK ကိုျပန္ေျပာရေအာင္ အဲ့ပြဲမွာ မင္းကိုယ္တိုင္ႏိုင္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့တယ္ေလ မင္းကိုယ္မင္းဘယ္ေတာ့မွအထင္မေသးပါနဲ႔ ဒီလိုတိုေတာင္းတဲ့ အခ်ိန္ကာလမွာ ဒီေလာက္ေအာင္ျမင္တဲ့အျပင္ အသင္းလိုက္ပြဲကိုလည္းအႏိုင္ရေသးတယ္။ကြၽန္ေတာ္ကေတာ့ မင္းလိုကစားသမားေနာက္တစ္ေယာက္မရွိႏိုင္ေတာ့ဘူးဆိုတာေသခ်ာပါတယ္"

ဟဲက်င့္သည္ ရႉက်ီးက်ာ့လန္ကို ၾကည့္ကာျဖင့္ၿပဳံးလိုက္သည္။

"ေနာက္တစ္ေယာက္ရွိပါေသးတယ္ ရႉက်ီးက်ာ့လန္က ဂိမ္းထဲေရာက္တာ ေလးလပဲရွိေသးတယ္ေလ"

host: "..."

ပရိသတ္: "မင္းတို႔ေနာက္ေနၾကတာလား?"

ဒီလူေတြတစ္ေယာက္နဲ႔တစ္ေယာက္နိမ့္ခ်ေနၾကတာလား?ဒါမွမဟုတ္ ႏွစ္လုံးက အရည္အခ်င္းအသီးသီးရွိၿပီး တစ္ေယာက္မွေသခ်ာမေျပာႏိုင္တာမ်ိဳးလား...

ထို႔ေနာက္ host က အျခားအဖြဲ႕ဝင္မ်ား မည္သို႔ခံစားရသည္ကို ေမးျမန္းခဲ့သည္။ အားက်င့္ ႏွင့္မတူဘဲ ရႉက်ီးက်ာ့လန္ သည္ေတာ့ ရလဒ္သည္ သူေမွ်ာ္မွန္းထားသည္ထက္ေက်ာ္လြန္သြားေၾကာင္းရဲရဲဝံ့ဝံ့ေျပာလာခဲ့သည္။လြင့္ေမ်ာတိမ္တိုက္ကေတာ့အသင္းအတြက္ဘယ္လိုရလဒ္ပဲျဖစ္ျဖစ္ လက္ခံဖို႔အသင့္ဟုဆိုေလသည္။

host:"ေရေသ ကေကာ"

ေရေသသည္ေတာ့ ယပ္ေတာင္ကိုညႇင္သာစြာခပ္ ကာျဖင့္ သက္ျပင္းလ်က္ဆိုလာသည္။

"ကိုးခန္းမအရွင္မင္းျမတ္က ကြၽန္ေတာ္တို႔နဲ႔မရွိတာ ႏွေျမာစရာပဲ"

အားလုံးက ရယ္ေမာၾကကာျဖင့္ ပရိသတ္ကို ၾကည့္ၿပီး လက္ျပႏႈတ္ဆက္ခဲ့ၾကသည္။သူတို႔အသီးသီးကကိုးခန္းမကိုလည္းႏႈတ္ဆက္ခဲ့ၿပီး မီးကၿပဳံးကာျဖင့္ေျပာလာသည္။

"ကိုး ဝမ္းမနည္းပါနဲ႔ကြာ ငါတို႔ ဆုေငြကို မင္းကိုလည္းခြဲေပးမွာပါ"

ကိုးခန္းမအရွင္မင္းျမတ္: "အမ္း..."

host: "ႏွလုံးသားမဲ့ က သူ႔အသင္းေဖာ္ေတြနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိပုံရတယ္ေနာ္။"

"ဟုတ္တယ္ အားက်င့္နဲ႔ ရႉက်ီးက်ာ့လန္ကလြဲရင္ ငါတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ သိခဲ့တာ ႏွစ္အနည္းငယ္ေလာက္ရွိၿပီ..."

ႀကိဳးၾကာ႐ိုင္းက မီးနဲ႔အားက်င့္ကိုၾကည့္ကာ  ၿပဳံးၿပီး

"ဒါေပမယ့္ မီးနဲ႔အားက်င့္ ကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ သိေနတာၾကာၿပီလို႔ေတာ့ ကြၽန္ေတာ္ၾကားတာပဲ သူတို႔က Spirit Fairy ေခါတ္ထဲကလက္ထပ္ခဲ့ၾကတာေလ!"

ဒီသတင္းက... အလြန္တုန္လႈပ္စရာေကာင္းသြားၿပီ!

host သည္လည္းေျပာစရာေပ်ာက္ရွသြားရၿပီး စလာထဲကလက္တြဲမျဖဳတ္ရေသးေသာ စုံတြဲကိုၾကည့္လိုက္သည္။

"အဲ့ေလာက္ေတာင္ၾကာၿပီလား ဒါဆိုဘယ္လိုလုပ္ အားက်င့္ ဂိမ္းထဲမွာႏွစ္ဝက္ေလာက္ပဲရွိေသးတယ္လို႔ေျပာရတာလဲ?"

မီး သည္ အားက်င့္ ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ဆိုလာသည္။

"သူက8 ႏွစ္ေလာက္ အြန္လိုင္းမတက္ခဲ့ဘူးေလ"

ဟဲက်င့္: "..." သူ႔ၾကည့္ရတာဘာလို႔အရမ္းေတြခါးသီးေနပုံေပါက္ရတာလဲ?

host ၏ပါးစပ္သည္ အိုပုံသ႑ာန္ျဖစ္သြားရသည္

"8 ႏွစ္? ဒါဆို မီး မင္းမကြာရွင္းခဲ့ဘူးလား?"

မီး:  "ဟင့္အင္း"

သာမာန္လူေတြဆိုဒီလိုပဲထင္မွာပဲ ဟုတ္တယ္မလား?

ဟဲက်င့္သည္ အနည္းငယ္ရွက္သြားၿပီး ဤအေၾကာင္းအရာကို အျမန္အဆုံးသတ္ႏိုင္ပါေစဟု တိတ္တဆိတ္ ဆုေတာင္းေနမိေတာ့သည္။ ဒါေပမယ့္လည္း ေရေသ က မီး နဲ႔ ပတ္သက္ၿပီး ေနာက္ထပ္ တစ္ခုခုကို ဆက္ေျပာခဲ့တယ္

"တကယ္ေတာ့ ဒီလူက စြန႔္ပစ္ခံလိုက္ရတာေလ အဲ့ဒါေၾကာင့္ သူ႔နာမည္ကို ႏွလုံးသားမဲ့လို႔ေျပာင္းလိုက္တာေပါ့ အားက်င့္လည္းျပန္လာေရာ မီးလို႔ျပန္ေျပာင္းလိုက္ေတာ့တာပဲ"

မီး:  "ေဟး!!"

အားလုံး: "ဟားဟားဟား.."

အားက်င့္: "..."

screen ေရွ႕မွ ပရိသတ္မ်ားကလည္း ရယ္ရလြန္းလို႔ ငိုေတာင္ငိုခ်င္လာရသည္။သာမန္အားျဖင့္ ေအးစက္တဲ့ ႏွလုံးသားမဲ့သည္ ထိုကဲ့သို႔ ႏုံအၿပီး အျပစ္ကင္းစင္တဲ့ အေတြ႕အႀကဳံမ်ိဳး ရွိေနလိမ့္မည္ဟုမေမွ်ာ္လင့္ထားေပ။

ေရေသမရပ္ပါနဲ႔ဉီး! ပရိတ္သတ္ကိုဆက္ေျပာျပပါဉီး!

ဤကိစၥတြင္ႏွလုံးသားမဲ့တြင္ဇနီးရွိသည္ဟူေသာအခ်က္သည္အလြန္စိတ္ပ်က္စရာမဟုတ္ခဲ့ေခ်။ ဇနီးျဖစ္သူအေပၚထားတဲ့ သူ႔ရဲ႕ခ်စ္ျခင္းေမတၱာေတြနဲ႔ ဒီအေသးစိတ္အခ်က္ေလးေတြေၾကာင့္ ပရိသတ္ေတြက သူ႔ရဲ႕ပုံရိပ္ကို ပိုလို႔ေတာင္ သေဘာက်ေစခဲ့ပါ၏။

host က ခဏတာ ေခ်ာင္းဟန႔္လိုက္ၿပီး အားက်င့္ကိုၾကည့္ကာ

"တကယ္ေတာ့ ကြၽန္ေတာ္သိပ္နားမလည္ဘူး။ အားက်င့္က ဘာေၾကာင့္ ေယာက်္ားေလးပုံကို ေ႐ြးတာလဲ? ၿပီးေတာ့ သူမ အသံက ေယာက္်ားေလးလိုပဲေနာ္..."

ဟဲက်င့္ ၏ ႏွလုံးသားက တင္းက်ပ္သြားၿပီး ဘာျပန္ေျပာရမွန္း မသိေတာ့ေခ်။

ထိုအခ်ိန္တြင္ မီး သည္ ဟဲက်င့္ ၏လက္ကို ႐ုတ္တရက္ တင္းတင္းဆုပ္ကိုင္လိုက္ၿပီး သူ႔ကို အားတက္ သေရာ ၾကည့္လိုက္သည္။ ထို႔ေနာက္ သူကသူရဲ႕ သံလိုက္လိုဆြဲငင္ႏိုင္သည့္အသံျဖင့္ ေျပာလာခဲ့သည္။

"အားက်င့္က ေယာက်္ားေလးပါ

ဟဲက်င့္ သည္ သူ႔ေဘးနားတြင္ အၾကာႀကီး တိတ္ဆိတ္ၿငိမ္သက္သြားသလို ခံစားလိုက္ရသည္။ မ်က္လုံး အစုံတစ္ေထာင္က သူနဲ႔ မီးကိုစိုက္ ၾကည့္ေနသလိုမ်ိဳး... သူ အစိုးရိမ္ဆုံးအရာက ခ်င္ယြီအတြက္ေတာ့ ျပႆနာမဟုတ္ခဲ့ပါ။

အရမ္းရဲရင့္တယ္ အရမ္းျပတ္သားတယ္။ခ်င္ယြီ သည္ စြန႔္ပစ္ခံရရန္ သို႔မဟုတ္ မုန္းတီးခံရရန္ မေၾကာက္ခဲ့ေပ။ သူက သူ႔ဂုဏ္သိကၡာအတြက္လည္းမစိုးရိမ္ခဲ့ပဲ ေယာက္်ားေလးတစ္ေယာက္ကို ခ်စ္ေနေၾကာင္း လူတိုင္းကို ရဲရဲတင္းတင္း ေျပာလိုက္ပါ၏။

တိုက္႐ိုက္ထုတ္လႊင့္မႈအခန္းတြင္ ရွည္လ်ားၿပီး အဆင္မေျပေသာ တိတ္ဆိတ္မႈတစ္ခု ရွိေနသည္။ screen ေရွ႕ရွိပရိသတ္ေတာင္မွတိတ္ဆိတ္သြားေလရဲ႕ ။ ေနာက္ေတာ့ လူေတြက စတင္ေဆြးေႏြးလာေတာ့တယ္

"ဘာ? အားက်င့္ က ေယာက္်ားေလးလား?"

"ႏွလုံးသားမဲ့ ရဲ႕ဇနီးက ေယာက္်ားေလးပဲ...ဒါဆို ႏွလုံးသားမဲ့က gay လား?"

"ေသစမ္း ဒီေကာင္မေလးေတြ ေျပာခဲ့တာေတြက အမွန္ေတြ ျဖစ္ေနခဲ့တာပဲ ဒါက 'Demon God' မွာ အႀကီးမားဆုံး သတင္းပဲ!"

host သည္လည္း အံၾသသြားရသည္။ ဒီလို ေပါ့ေပါ့ပါးပါး ေမးခြန္းထုတ္လိုက္တာကေန ဒီလို ဗုံးမ်ိဳးရလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေမွ်ာ္လင့္ထားခဲ့ဘူးေလေနာ္!

"အမ္ ဒါဆိုေျပာရမယ္ဆိုရင္ေတာ့သူငယ္ခ်င္းေပါ့?"

host က တင္းမာေနတဲ့အေျခအေနကိုေလွ်ာ့ခ်ရန္ႀကိဳးစားခဲ့သည္။

မီး သည္ အားက်င့္ ၏လက္ကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားၿပီး သူ႔ကို မလြတ္ေျမာက္ေစပါဘဲ

"မဟုတ္ဘူး ကြၽန္ေတာ္တို႔ကစုံတြဲေတြပါ"

ဟဲက်င့္ : "... "

host က ေမးခြန္းေတြ ထပ္မေမးရဲေတာ့ဘူး။ သူက အေၾကာင္းအရာကို အျမန္ေျပာင္းလိုက္ၿပီး ေဘာနပ္စ္ရရွိၿပီးေနာက္မွာ သူတို႔ဘာေတြစီစဥ္ထားလဲဟုသာေမးလာခဲ့ေတာ့သည္

"ဒီတစ္ခါေတာ့ရႉက်ီးက်ာ့လန္နဲ႔စလိုက္ရေအာင္?"

ရႉက်ီးက်ာ့လန္ က ခဏေလာက္စဥ္းစားၿပီး

"အဲဒီဆုေၾကးေငြ 500,000? ကြၽန္ေတာ္တို႔ ဆယ္ေယာက္ကို ခြဲလိုက္ရင္ တစ္ေယာက္ကို 50,000 ေလာက္ပဲရမွာေလ ကြၽန္ေတာ္တို႔ ဘာလုပ္ႏိုင္မွာမလို႔လဲ...."

host ကေသြးအန္ခ်င္သြားရသည္။

အဲ့ ယြမ္ 50,000 ဆိုတာက သူ႔ရဲ႕ ႏွစ္ဝက္လစာေလာက္ရွိတာေလေနာ္ ဒီလူအတြက္ကေတာ့တန္ဖိုးမဲ့ေနေလရဲ႕!

"ၾကည့္ရတာ ရႉက်ီးက်ာ့လန္ က ခ်မ္းသာတဲ့လူတစ္ေယာက္ပဲေနာ္။"

host က အနည္းငယ္ရယ္ေမာလိုက္ၿပီး ေရေသကိုၾကည့္ကာျဖင့္

"ေရေသ ကေကာ"

ေရေသကသူ႔ယပ္ေတာင္ကို ငုံ႔ၾကည့္ကာျဖင့္

"ေကာင္းၿပီ ကြၽန္ေတာ္ကေတာ့ ယပ္ေတာင္ ေပၚမွာစိန္စီလိုက္မယ္။"

host က ဆြံ႕အသြားရျပန္ပါေရာ

ဘယ္လိုေတာင္လဲ သူက ယပ္ေတာင္အတြက္ ယြမ္50,000.ကိုသုံးမယ္ေပါ့..

ေရေသ က သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး "ဟုတ္တယ္ ဒါကေတာ္ေတာ္နည္းတဲ့ ပမာဏပဲ..."

host သည္ ဤသခင္ႏွင့္ pet တစ္စုံကို လ်စ္လ်ဴရႈရန္ ဆုံးျဖတ္လိုက္ၿပီး အခ်င္းခ်င္းၾကည့္ေနၾကေသာ ႀကိဳးၾကာ႐ိုင္း ႏွင့္ လြင့္ေမ်ာတိမ္တိုက္ကိုၾကည့္လိုက္ၿပီးေနာက္တြင္ေတာ့  ႀကိဳးၾကာ႐ိုင္း က ေခါင္းညိတ္ကာျဖင့္

"ဟုတ္တယ္ အဲ့ဒါက တကယ္ႀကီးကို ေတာ္ေတာ္နည္းတယ္..."

လြင့္ေမ်ာတိမ္တိုက္: "မင္းတူေလးအတြက္ တခုခုဝယ္ေပးလိုက္ရင္ေရာ"

ႀကိဳးၾကာ႐ိုင္း: "အႀကံေကာင္းပဲ"

host ကလုံးဝကိုေျပာစရာေပ်ာက္ရွသြားေတာ့တာပါပဲ။ မီးအတြက္ကေတာ့ ေမးေနစရာမလိုေတာ့ဘူးေလ သူကပိုက္ဆံမလိုေတာ့ဘူး။host လုပ္ၿပီးေတာ့ တစ္ႏွစ္ကို ယြမ္ တစ္သန္းေလာက္ ဝင္ေငြရေနတဲ့သူေလေနာ္။

အားက်င့္သည္ေတာ့ host က ဘာလို႔ဆက္မေမးေတာ့တာလဲလို႔ သိခ်င္သြားရသည္။အဲ့ဒါက 50,000 ေလ ဟမ့္ ကိန္းဂဏန္း 5 လုံးထက္ပိုမစုထားဖူးေသာ ဟဲက်င့္ကဲ့သို႔တစ္စုံတစ္ေယာက္အတြက္၎သည္ စိတ္ကူးယဥ္ၾကည့္လို႔ေတာင္မရေသာ ကိန္းဂဏန္းတစ္ခုျဖစ္ေလရဲ႕။

ေငြရႏိုင္မွန္း သိလိုက္သည္ႏွင့္ သူဘာေျပာရမွန္းမသိေလာက္ေအာင္ စိတ္လႈပ္ရွားသြားေတာ့သည္။ မီးေျပာလိုက္တဲ့ ရွက္စရာေကာင္းတဲ့ စကားကိုေတာင္ ေမ့သြားခဲ့ပါ၏... ယြမ္ 5၀၀၀၀ နဲ႔ ဆို အခ်ိန္ပိုင္းအလုပ္ လုပ္စရာ မလိုေတာ့ဘူး။ ၿပီးေတာ့သူ႔ရဲ႕ က်ဴရွင္လခအတြက္လည္းလုံေလာက္သြားလိမ့္မယ္။အဲ့ေတာ့ဆိုလိုတာကသူလြတ္ေျမာက္ေတာ့မွာပဲ!

အဲ့အခ်ိန္တုန္းကေတာ့ ဟဲက်င့္သည္ သူရရွိမည့္အရာသည္ ယြမ္ 50,000 ထက္သာလြန္သည္ကို မသိခဲ့ပါေခ်။

Continue Reading

You'll Also Like

25.1K 1.7K 38
❝Loving you isn't a big mistake, it is actually the best thing happened in my life, even though we didn't end up together.❞ In which a girl loves a b...
67.1K 11K 133
ခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love   အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတ...
3.6K 354 16
[COMPLETED] XiaLin က ဘီတာတစ်ယောက်ဖြစ်တယ် အရေးကြီးဆုံးကတော့ သူ့မှာ သူနဲ့ချိန်းတွေ့တဲ့ အယ်ဖာတွေ အကုန် သူတို့ရဲ့ ကံဇာတာပါတဲ့ အိုမီကာကို တွေ့ရလိမ့်မယ်ဆို...
56.7K 1.9K 39
Thirteen year-old Taylor Landt's step-mother believes that he should be the next great football player for the high school he'll be attending in the...