ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ...

بواسطة Swae_Nyoe

208K 21.9K 208

ဘာသာပြန်သူ - စွဲညို့အသင်း المزيد

Description
Part 1
Part 2
တယ်လီဂရုကြေညာချက်..
Part 3
Part 4
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
🥰🥰နန်းတွင်းအသစ်လေး
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 72
Part 73
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံး ပြီးဆုံးပါကြောင်း...
Part 90
Part 92
Part 93
Part 94
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 95
Part 96
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 97
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 74

1.4K 204 1
بواسطة Swae_Nyoe

74 01

TYCDTN

Chapter 74

စာအုပ်တိုင်းက အဓိကဇာတ်ဆောင်တွေက မသေမျိုးတွေမလို့ ကံဆိုးမိုးမှောင်ကျဖို့ မဖြစ်နိုင်ပေ။

ယွီရှန်း ကူးပြောင်းလာသည့်စာအုပ်က အလွမ်းအဆွေးဝတ္တု မဟုတ်သည့်အပြင် အဓိကဇာတ်ကောင်ဖြစ်သည့် ယွီမောက်ချီကို အနိုင်ယူဖို့က မလွယ်ပေ။ ယွီဖင်ယန်နှင့် မဒမ်အိုကြီးရဲ့ ရှေ့တွင် လိမ်လည်လှည့်စားခြင်း မလုပ်တော့ဘဲ စံအိမ်စီမံခန့်ခွဲမှုပိုင်းမှာသာ အာရုံစိုက် ထားလိုက်တော့သည်။ လက်ရှိကနေ ရုန်းထွက်ပြီး အိမ်ထောင်ပြုဖို့နည်းလမ်းကို သူ(မ) သိသည်။ စံအိမ်စီမံခန့်ခွဲမှုကို မဒမ်အိုကြီးကို ပြန်မပေးဘဲ လင်ရှီရဲ့ လက်ထဲမှာပဲ ရှိနေပါက အဆင်ပြေနိုင်သည် မဟုတ်ပါက သူ(မ)ရဲ့ မင်္ဂလာပွဲကို လာနှောင့်ယှက်နိုင်ခြင်းကြောင့် ဖြစ်သည်။

ယွီစီးယွီ့လို အဆင့် ၆၊ ၇ လောက်ရှိသည့် ရိုးရိုးအရာရှိနှင့် ယူရမည့်အစား အသေသာ ခံလိုက်မည်ဖြစ်သည်။ သူ(မ)ရဲ့ အနာဂတ်ခင်ပွန်းက ယွီဖင်ယန်ထက် အာဏာပါဝါပိုကြီးသူ ဖြစ်ရမည်။

ယွီမောက်ချီက တပ်မှူးချုပ်ကြီးရဲ့ လုပ်ပိုင်ခွင့် အကြောင်းနှင့် နဂါးကြေးခွံဝတ် တပ်သားတွေရဲ့အကြောင်းကို တိတ်တဆိတ် စုံစမ်းခဲ့သည်။ အခုမှ သူ(မ) သိလိုက်ရတာက ယွီဖင်ယန်အထက်မှာ ဟန်မင်းဆက်တစ်ခုလုံးမှာ ဘုရင်ကြီးသာ ရှိပြီး အိမ်ရှေ့စံနှင့် တခြားမင်းသားတွေပင် တပ်မှူးချုပ်ကြီး ယွီဖင်ယန်ရှေ့ရောက်ရင် အပြောအဆို အနေအထိုင် ဆင်ခြင်ရကြောင်း သိလိုက်ရလေသည်။

ထိုသို့ကြားလိုက်တော့ ယွီမောက်ချီက ချွေးတွေပင် စို့လာကာ မကျေမနပ်ဖြင့် တုန်လှုပ်ခြောက်ခြားကာ သေမတတ် ခံစားနေခဲ့ရသည်။ သူ့လက်ထဲမှာ ဒီလောက်ကြီးမားပြီး သက်ရောက်မှုရှိတဲ့ အာဏာရှိနေမှတော့ ဘယ်သူက ယွီဖင်ယန်ကို အနိုင်ယူနိုင်မည်နည်း။ ယွီဖင်ယန်က ဘာမှဝင်မပြောဘဲ သူ(မ)အတိတ်ကို ဖုံးကွယ်ဖို့ ဖြစ်ကတတ်ဆန်း လုပ်နေတာတွေကို အေးစက်စွာသာ ထိုင်ကြည့်နေခဲ့သည်။

သူ တကယ်ပဲ လှောင်ရယ်နေခဲ့မှာမလား။ ကောလဟာလအရ သူက အလွန်သွေးအေးပြီး အကြင်နာမဲ့သူဖြစ်ပြီး ညီမအရင်းဖြစ်သူကို လူရွှင်တော်လို ကြည့်နေခဲ့သည်။

ယွီမောက်ချီက ယွီဖင်ယန်၊ မဒမ်အိုကြီး၊ ယွီစီးယွီ့နှင့် ယွီးရှန်း စသည့် ယွီစံအိမ်တစ်ခုလုံးကို အမုန်းကြီး မုန်းနခဲ့တော့သည်။ အရင်ဆုံး အင်အားကြီးကာ သန်မာအောင်လုပ်ပြီးမှ ယွီစံအိမ်တစ်ခုလုံးကို ခြေထောက်ဖြင့် နင်းချေပစ်မည်။

သို့ပေမယ့် အားနည်းသည့် အမျိုးသမီးအနေနှင့် တော်ဝင်စာမေးပွဲကို ဝင်ဖြေလို့မရလို့ ကိုယ့်ဘာသာ ထင်ပေါ်ကျော်ကြားအောင်လုပ်လို့ မရသဖြင့် ဘယ်လိုနည်းဖြင့် ယွီမိသားစုကို အနိုင်ယူရမည်နည်း။ အများအပြား စဥ်းစားပြီးနောက် သူ(မ) ပိုအာဏာကြီးအောင် လုပ်ဖို့က အိမ်ရှေ့စံမင်းသားကို လက်ထပ်ဖို့ရန်သာ ရှိသည်။

မျက်နှာက လက်ရာကြီး အယောင် ကျသွားသည်နှင့် ယွီမောက်ချီက အိမ်ရှေ့စံမင်းသားနှင့် တခြားမင်းသားတွေရဲ့ အချက်အလက်တွေကို စုဆောင်းခဲ့သည်။ လင်ရှီ သူ(မ)ကို လူတွေနှင့်တွေ့ဆုံရသည့်ပွဲတွေကို ခေါ်ထုတ်သွားနိုင်ဖို့အတွက် လင်ရှီ မြန်မြန် နေကောင်းဖို့ အလောတကြီး ဆော်သြခဲ့သည်။

***

ယနေ့တွင် နံပါတ်(၉)မင်းသမီးက ယွီရှန်းဆီကို ရုတ်တရက် အလည်လာခဲ့သည်။ သူ(မ)ရဲ့အနောက်တွင် ခုံရုံးက အမျိုးသမီး၂ယောက်ပါပြီး မင်းသမီးလေးက အရှက်သည်းစွာ အမြန်လျှောက်ဝင်လာပြီး သူ(မ) အမူအရာက ဝမ်းနည်းကာ အလွန်စိုးရိမ်နေပုံ ပေါက်နေသည်။

ကြာကန်ဘေးမှာ ထိုင်ကာ ငါးစာကျွေးနေသည့် ယွီရှန်းက သူ(မ)ကို မြင်တော့ ထောင်ဟုန်ကို အစာသွပ်မုန့်တွေ ယူလာခိုင်းလိုက်သည်။

"ဟေး ဘာလို့ အဲလောက်ပိန်သွားတာလဲ၊ မေးစေ့တောင် ချွန်ချွန်လေး ဖြစ်နေပြီ"

ယွီရှန်းက လက်ထဲက ငါးစာတွေ အကုန်လုံးကို ကန်ထဲချကျွေးလိုက်သည်။ သူ(မ)က လက်ကို ပြောင်အောင်သုတ်ပြီး မင်းသမီးလေးရဲ့ အောက်မေးစေ့လေးကို ကိုင်ကာ စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

နှုတ်ခမ်းလေးစူကာ နံပါတ်(၉)မင်းသမီးလေးက အလွန်ဝမ်းနည်းနေပုံ ပေါက်နေသည်။

"ဘာဖြစ်တာလဲ၊ ဘယ်သူ အနိုင်ကျင့်လို့လဲ"

ယွီရှန်းက ကြာပွတ်ကို ဆုပ်ကိုင်ထားလိုက်သည်။

"ဘယ်သူမှ အနိုင်မကျင့်ပါဘူး၊ ဒီကိစ္စက ပြောရခက်တယ်"

နံပါတ်(၉)မင်းသမီးလေးက ဘေးပတ်ပတ်လည်ကို ကြည့်ကာ ရေကန်နားက ခုံတန်းရှည်မှာ ထိုင်ပြီး ခါးကိုင်းကာ မေးစေ့ကို လက်ဖြင့် ထောက်ထားပြီး စိတ်ဓာတ်ကျစွာ သက်ပြင်းချလေသည်။

"ငါ့ကိုတောင်ပြောရခက်တာလား၊ အပျင်းပြေအောင်လို့ မပျော်ရွှင်ရတဲ့ အကြောင်းလေး ပြောပါဦး"

ယွီရှန်းက လက်ကကြာပွတ်ကိုစကားရင်း သူ(မ)ရဲ့နားကို ဖွဖွကိုက်ကာ လေသံတိုးတိုးဖြင့် ချော့ခဲ့သည်။

နံပါတ်၉မင်းသမီးရဲ့ မျက်လုံးထဲတွင် ရုန်းကန်နေရဟန်တွေ ပေါ်နေသည်။ ပါးစပ်ဟလိုက် ပိတ်လိုက်ဖြင့် အမှန်ကို ပြောပြတော့မည့်အချိန်မှာပဲ ယွီမောက်ချီက နူးညံ့သည့် ဟန်ပန်အပြုံးဖြင့် အစာသွပ်မုန့်ဗန်းကို ယူပြီး လာနေတာကို တွေ့လိုက်လေသည်။

74 02

သူ(မ) လက်ထဲက မုန့်ဗန်းကို ကြည့်ပြီးနောက် နံပါတ်၉မင်းသမီးလေးရဲ့ နှာခေါင်းက လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့သည်။

ကောလဟာဟအရ နံပါတ်၉မင်းသမီးလေးက အစားတစ်လိုင်းဖြစ်ကာ တမူထူးခြားသည့် အစာသွပ်မုန့်လေး ဆက်သရုံဖြင့် သူ(မ)ကို စိတ်ချမ်းသာအောင် လုပ်ပေးလို့ရကြောင်း ကြားသိခဲ့ရသည်။ သူ(မ) ရှာဖွေခဲ့သည့် အချက်အလက်တွေကို ပြန်တွေးကာ ထိုအတိုင်း လုပ်လိုက်တော့ နံပါတ်၉မင်းသမီးရဲ့ အာရုံကို တကယ်ရသွားဟန် ပေါက်သွားတာကြောင့် သူ(မ)ရဲ့ အပြုံးတွေက ပိုနူးညံ့သွားခဲ့သည်။

တစ်ဦးတည်းသော သွေးသားရင်း ညီမလေးဖြစ်သည့် နံပါတ်၉မင်းသမီးလေးကို အိမ်ရှေ့စံမင်းသားက အလွန်ချစ်ခင်အလိုလိုက်ကြောင်း သိရသည်။ သူ(မ)သာ နံပါတ်၉မင်းသမီးလေးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိပါက အိမ်ရှေ့စံမင်းသားကို ကပ်ဖို့ ခေါင်းခဲစရာ မလိုတော့ပေ။

ထိုသို့တွေးလိုက်ကာ ယွီမောက်ချီက ခြေလှမ်းတွေ သွက်ပစ်ပြီး ခုံတန်းရှည်ရှေ့က ကျောက်စားပွဲပေါ် အစာသွပ်မုန့်ဗန်းချပေးပြီး ဒူးညွတ် အရိုအသေပေးကာ ပြောလေသည်။

"ကျွန်တော်မျိုးမက မင်းသမီးလေးကို လာရောက် ခစားတာပါ၊ ဒီအစာသွပ်မုန့်မျိုးစုံတွေက ကျွန်တော်မျိုးမ ကိုယ်တိုင် လုပ်ထားတာမလို့ မင်းသမီးလေး သုံးဆောင်တော်မူကြည့်ပါ"

"သူက ဘယ်သူလဲ"

နံပါတ်၉မင်းသမီးလေးက သူ(မ)သူငယ်ချင်းကောင်းရဲ့ အင်္ကျီလက်ကိုဆွဲကာ မေးခဲ့သည်။

"စာထဲမှာ အမြွှာညီမအကြောင်း ရေးပြီး ပြောဖူးတယ်မလား၊ အဲဒါ သူလေ"

ယွီရှန်းက စက်ဆုပ်ရွံရှာစွာ နှုတ်ခမ်းကို စေ့စေ့ပိတ်ထားသည်။

မင်းသမီးလေးက နားလည်သွားကာ ယွီမောက်ချီကို ထခိုင်းလျက် သေချာကြည့်ပြီး အံ့သြစွာ ပြောလေသည်။

"မဖြစ်နိုင်ဘူး၊ မှားနေတာပဲဖြစ်မယ်၊ အစ်ကိုကြီးယွီနဲ့နင်က ဒီလောက်လှတာကို သူ့ကျမှဘာလို့ ရွက်ကြမ်းရေကျို ဖြစ်နေတာလဲ၊ မျက်ခုံးမွေးကိုလည်း ကြည့်ဦး မပါသလိုဘဲ၊ နှုတ်ခမ်းဆိုလည်း ခြောက်ကပ်နေပြီး၊ အသားအရည်ကလည်း ကြမ်းထော်ပြီး လူကလည်း လေတိုက်ရင် လွင့်တော့မလို ပိန်ခြောက်နေတာပဲ၊ နင်နဲ့ အစ်ကိုကြီးယွီနဲ့ တူတဲ့ပုံစံ တစ်ခုမှကိုမရှိဘူး မှားနေတာပဲဖြစ်မယ်"

နံပါတ်(၉)မင်းသမီးလေးက ရုပ်ရည်ချောမောသည့် လူတွေကိုသာ ကြိုက်နှစ်သက်သည့်လူ ဖြစ်သည်။ ယွီမောက်ချီရဲ့ ရုပ်ရည်က ကြော့ရှင်းလှပသည်ဟု ပြောလို့ရပေမယ့် တောက်ပနေသည့် ယွီရှန်းနှင့် ယှဉ်လိုက်ပါက မှေးမိန်သွားကာ ရွက်ကြမ်းရေကျို ဖြစ်သွားရရှာသည်။ ဒါ့အပြင် ညတိုင်းအိပ်မက်ဆိုးတွေ မက်နေတာကြောင့် ပိန်လှီလာကာ အသားအရည်က မွဲခြောက်ခြောက် ဖြစ်လာခဲ့သည်။ အရင်က လှပမှု ပွိုင့်၆ခုလောက်က အခု၂ခုလောက်သာ ကျန်တော့သည်။ အခု သူ(မ)က ခေါင်းကြီး ကိုယ်သေး ပဲစေ့အပင်ပေါက် ညစ်ပတ်ပတ်ကြီးနှင့် ဆင်တူနေသည်။

ယွီရှန်းက သူ(မ)ရဲ့ ရုပ်ရည်နှင့်ပတ်သက်ပြီး အမြဲဂုဏ်ယူခဲ့ရသည်။ ထိုစကားကြားတော့ သူ(မ)က လက်ဆန့်ကာ နံပါတ်၉မင်းသမီးရဲ့ လည်ပင်းကို ဖက်ထားပြီး ခေါင်းခါကာရယ်လျက်..

"တော်တယ် ချုံးအာ၊ တကယ့်ကို ငါ့ရဲ့တော်လိုက်တဲ့ ချုံးအာလေး၊ သိပ်မှန်တယ်၊ ငါလည်း တစ်နေရာရာတော့ မှားနေတယ်လို့ထင်တယ်၊ မဟုတ်ရင် ဘယ်လိုလုပ် မောင်နှမတွေဖြစ်လာမှာလဲ"

နောက်ဆုံးစကားပြောပြီးနောက် တောက်ပနေသည့် အပြုံးအစား ကျေနပ်အားရမှုတို့ အစားထိုးဝင်ရောက်လာခဲ့သည်။

ယွီမောက်ချီက လက်သီးတင်းတင်းဆုပ်ကာ ရင်ထဲက မုန်းတီးမှုကြီးကို ဖိနှိပ်ပြီး သူ(မ)ရဲ့ ရန်စမှုကို မကြားသလို ဟန်ဆောင်နေခဲ့သည်။

အိမ်ရှေ့စံမင်းသားရဲ့ ညီမအကြောင်းကို သူ(မ) သေချာစုံစမ်းထားခဲ့သည်။ သူ(မ)က စကားကို တည့်ပြောတတ်သူ ဖြစ်သည်။ သူ(မ)ကို ရည်ရွယ်ချက်ရှိရှိ ပြောတာ မဟုတ်ဘဲ သူ(မ)ရဲ့ အတွေးကို ထုတ်ဖော်ပြောပြခြင်းသာ ဖြစ်သည်။

သူ(မ)က မှူးမတ်စံအိမ်ရဲ့ သွေးသား ဖြစ်တာကြောင့် သူ(မ)ကို အပြင် ခေါ်ထုတ်သွားသည့်အခါ မရေမတွက် နိုင်သည့်လူတွေက သူ(မ)ရဲ့ မျိုးရိုး အထောက်အထားကို မေးကြသည်။ သူ(မ)ရင်ထဲမှာ ထိန်းချုပ်ထားရသည့် ခံစားချက်က နှလုံးနှင့် အဆုတ်ပင် ပေါက်ထွက်မတတ် ဖြစ်နေကာ သာမာန်လူတွေဆိုရင် သည်းခံနိုင်မည် မဟုတ်ပေ။

ယွီမောက်ချီက လင်ရှီနှင့် တော်တော်တူနေခြင်း ကြောင့်သာ မဟုတ်ပါက အပြင်လူတွေ သူ(မ)ကို ဘယ်လိုထင်ကြမလဲမသိပေ။ ကမ္ဘာကြီးမှာ ထူးဆန်းမှုတွေ ပြည့်နေသည် ဆိုသည့်အတိုင်း အတုအယောင်မောင်နှမ ၂ယောက်ရဲ့ရုပ်ရည်ကျတော့ ထူးကဲနေပြီး တကယ့်မောင်နှမအရင်းကျတော့ ရုပ်က တူမနေဘဲ သံသယ ဝင်ခံနေရသည်။ မောင်နှမ၃ယောက် အတူတူရပ်နေပါက ယွီမောက်ချီက လမ်းဘေးက ကောက်လာသည့် လူနှင့်တူနေမည် ဖြစ်သည်။

နံပါတ်၉မင်းသမီးလေးကတော့ ယွီမောက်ချီ ခံစားနေရသည့် မကျေမနပ်မှုတွေကို မသိပေ။ ယွီရှန်း ပျော်နေတာ တွေ့တော့ သူ(မ)လည်းပျော်သည်။ လက်တစ်ဖက်ဖြင့် သူ(မ)ရဲ့ အကောင်းဆုံး သူငယ်ချင်းကို ပြန်ဖက်ပြီး နောက်လက်တစ်ဖက်ဖြင့် အစာသွပ်မုန့်ကို ယူစားနေသည်။ ထိုအချင်းအရာကို မြင်တော့ ယွီမောက်ချီက ပြုံးကာ မုန့်ပန်းကန်ကို ရှေ့တိုးပေးခဲ့သည်။

74 03

ယွီရှန်းရဲ့ မျက်နှာထက်က ပျော်ရွှင်မှုတွေ ချက်ချင်း ပျောက်သွားကာ အင်္ကျီလက်ကို ခါယမ်းပြီး ကျောက်စားပွဲပေါ်က အစာသွပ်မုန့်ပန်းကန်ကို တွန်းထုတ်ပြီး တည်ကြည်စွာပြောလေသည်။

"မစားနဲ့ စားလို့မရဘူး"

ကလောင်ကလန် အသံတွေကြောင့် နံပါတ်၉မင်းသမီးလေးက ကြက်သေသေသွားကာ မေးလေသည်။

"ဘာ.. ဘာလို့လဲ၊ အနံ့လေးက မွှေးတယ်လေ"

ယွီရှန်းက နောက်ဆုံးအစာသွပ်မုန့်ကို လွှင့်ပစ်ကာ ဘေးကယွီမောက်ချီကို ငဲ့ကြည့်ပြီးနောက် တစ်လုံးချင်း ပြောလေသည်။

"တချို့အရာတွေက ကြည့်ကောင်းပြီးမွှေးပေမယ့် တကယ်တော့အဆိပ်ပဲ၊ တချို့လူတွေလိုပေါ့ အပြင်ပန်းကသာ နူးညံ့ဖော်ရွေတတ်ပေမယ့် နောက်ကွယ်မှာ ကျတော့ ကိုယ့်အစ်မကို ချောက်နက်ထဲကျအောင် တွန်းပြီး သေအောင် လုပ်တတ်တယ်၊ အပေါ်ယံပဲကြည့်ပြီး ဆုံးဖြတ်လို့မရဘူး၊ ဒါကြောင့် သူစိမ်းတွေ ပေးတဲ့ဟာကို လက်လွတ်စပယ် မစားရဘူး"

နံပါတ်၉မင်းသမီးလက တုန်ယင်နေသည့် ယွီမောက်ချီကို ထိပ်လန့်စွာ ကြည့်လိုက်သည်။ သူ(မ)ရဲ့ ခုံရုံးက အမျိုးသမီး၂ယောက်က နန်းတော်မှာ အလျင်ဆုံးဖြစ်ကာ ထိုစကားကြားတော့ ယွီစီးယွီ့ရဲ့ ဂုဏ်သတင်း ပျက်စီးသည့်နေ့က အကြောင်းကို ချက်ချင်း ဆက်စပ်တွေးမိကာ ယွီမောက်ချီပေါ်ထားသည့် သူတို့ရဲ့အမြင်တွေက အောက်ဆုံးထိ ထိုးကျသွားခဲ့သည်။

မိန်းကလေးယွီက ထူးခြားကာ အကျိုးအကြောင်း မဆီလျော်သော်လည်း မဟုတ်တာတွေ မပြောဘဲ သူ(မ)နှုတ်က ထွက်သည့် စကားတိုင်းက အမှန်တွေသာဖြစ်သည်။ နံပါတ်၉မင်းသမီးလေးက အလွန်ရိုးရှင်းကာ အယုံလွယ်တာကြောင့် မုန့်အနည်းငယ် ကျွေးရုံဖြင့် အကျင့်မကောင်းကာ ကောက်ကျစ်သည့် ယွီမောက်ချီနှင့် သူငယ်ချင်း ဖြစ်သွားနိုင်သည်။ ထိုသို့တွေးလိုက်တော့ ထိုအမျိုးသမီး၂ယောက်က အရှေ့ အနည်းငယ်တိုးလာကာ ယွီမောက်ချီကို သူတို့မင်းသမီးနှင့် ဝေးအောင် ခွာလိုက်သည်။

ကြောက်ရွံ့မှုတွေဖြင့် ယွီမောက်ချီက မျက်ရည်တွေဝဲကာ နောက်ဆုတ်လိုက်ပြီး သူ(မ)ရဲ့ပိန်လှီကာ လူမမာရုပ်ပေါက်နေသည့်ပုံက ပိုသနားစရာ ကောင်းသွားခဲ့သည်။

ထိုအချိန်မှာပဲ လမ်းလျှောက်ထွက်ဖို့ အပြင်ထွက်လာသည့် အားလုက လွှင့်ပစ်ထားသည့် အစာသွပ်မုန့်စတွေကို ကောက်စားလိုက်သည်။

"အားလု ဒီလို အဆိပ်တွေ စားလို့ မရဘူးလေ၊ ထွေးထုတ်ပစ်"

ယွီရှန်းက ကွာစေ့ဖြင့် အားလုရဲ့ခေါင်းကို ပေါက်လိုက်သည်။

အားလုက ဘာမှန်း နားမလည်ပေမယ့် မျက်လုံးလည်ကာ အစာသွပ်မုန့်ကို ထွေးထုတ်ပြီး သူ့သခင်ကျွေးသည့် ကွာစေ့ကိုသာ ကောက်စားလိုက်သည်။ အတောင်ပန်ခတ်ကာ အဝေးကို ပျံသွားခဲ့သည်။ ထိုအချင်းအရာကို မြင်တော့ နံပါတ်၉မင်းသမီးလေးက တခစ်ခစ် ရယ်ခဲ့သည်။

ယွီမောက်ချီက ရင်ထဲကသာ မကျေမနပ်မျိုးစုံကို ခံစားနေရပေမယ့် မျက်နှာထက်က ဘာမှမပြခဲ့ပေ။ မျက်ရည်တွေဝဲကာ သူ(မ)က ရှင်းပြခဲ့သည်။

"ညီမလေး ဘာလို့ ငါ့ကို အခက်တွေ့အောင်လုပ်နေတာလဲ၊ အစ်ကိုကြီးနဲ့အဖွားရဲ့ ထောက်ခံမှုကို ငါဘယ်တော့မှ မလုယူဘူးလို့ ပြောပြီးထားမလို့ ငါ့ကို ဒီလောက် မတိုက်ခိုက်ပါနဲ့၊ အမေက နေမကောင်းလို့ ငါ့ကို စံအိမ်စီမံခန့်ခွဲရေး တာဝန်ကို ပေးထားလို့ ငါက ငါ့တာဝန်ငါ လုပ်နေတာပါ၊ နံပါတ်၉မင်းသမီးလေးက ငါတို့မှူးမတ်စံအိမ်ရဲ့ အထူးဧည့်သည်မလို့ ငါက အစာသွပ်မုန့်လေးနဲ့ ဧည့်ခံတာကို သံသယတွေ ဝင်အောင် မလုပ်ပါနဲ့၊ တစ်ယောက်ယောက်နဲ့ စားခိုင်းပြီး စမ်းသပ်ကြည့်လိုက် ဒါဆို အဖြူအမည်း သဲကွဲသွားလိမ့်မယ်"

စကားမဆုံးသေးခင်မှာပဲ သူ(မ)မျက်လုံးထဲမှာ မျက်ရည်တွေ လျှံနေခဲ့တော့သည်။

ယွီရှန်းက သူ(မ)ရဲ့ မာယာထဲ မကျဆင်းဘဲ ခနဲ့လေသည်။

"တစ်စုံတစ်ယောက်ကို ရှာပြီး စမ်းစားခိုင်းမယ် ဟုတ်လား ဘာလို့ အလုပ်ရှုပ်ခံနေမှာလဲ၊ အစ်မပဲ တစ်လုပ်လောက် စားပြပါလား၊ အဆိပ်ဟုတ်ဟုတ် မဟုတ်ဟုတ် နင်ပဲခံရမှာလေ၊ နင်မှန်တယ်ဆိုရင် ငါတောင်းပန်ပါ့မယ်"

နံပါတ်၉မင်းသမီးလေးက လက်ခုပ်သြဘာပေးချီးကျူးခဲ့သည်။

"ကောင်းလိုက်တဲ့အကြံ၊ ကြာပန်းစေ့ကိတ်လေးက အတော်ဆုံးပဲ"

ယွီရှန်းက သူ(မ)ကို ကျေနပ်အားရစွာ ပြန်ကြည့်ခဲ့သည်။

မြေကြီးပေါ်က မုန့်တွေကို ငါက ကောက်စားရမှာလား။ ဒီ၂ယောက်က သူ့ကို ခွေးတို့ ဝက်တို့ လို့ထင်နေတာလား။ လူကို အရှက်ခွဲတာ ဆိုရင်လည်း အတိုင်းအတာတော့ ရှိတယ်။ ထိုအချိန်တွင် ယွီမောက်ချီထဲတွင် နံပါတ်၉မင်းသမီးလေး ကျေနပ်အောင် လုပ်ပေးဖို့ စိတ်ကူးမရှိပေ။ သူတို့ကို သေအောင်သာ ထိုးသတ်ပစ်ချင်နေသည်။ သူ(မ) မျက်လုံးထဲက ရန်လိုမှုတွေကို တွေ့လိုက်တော့ ခုံရုံးက အမျိုးသမီး၂ယောက်က ရှေ့တိုးလာကာ စူးရှစွာ စိုက်ကြည့်ပစ်လိုက်သည်။

ကြောက်လန့်သွားကာ သူ(မ)က မုန်းတီးမှုတွေကို ထိန်းချုပ်ပြီး လက်ဖြင့် မျက်နှာကို အုပ်ကာ ငိုချလိုက်လေသည်။

တစ်ဖက်မှာလည်း ယွီရှန်းက ရယ်ကာ ခနဲ့လေသည်။

74 04

"နင်ငိုမယ်ဆိုတာ ငါသိသားပဲ၊ အကျပ်အတည်းထဲရောက်တိုင်း ငိုတတ်ပြီး လှည့်စားဖို့ နည်းလမ်းအသစ် မရှာနိုင်ဘူးလား၊ ငါက စိတ်မရှည်ဘူးနော် ငိုသံတွေက ငါ့ကို ခေါင်းကိုက်စေတယ်၊ မျက်နှာတစ်ခုလုံးကို ဆုပ်ချေပစ်မယ်၊ နင့်ကိုခုခံဖို့ ငါ့ကိုငါ ညစ်ပတ်အောင် လုပ်မယ် ထင်နေလား၊ ငါ့ကိုထပ်ပြီး မကောင်းဇာတ်သွင်း နေလို့ကတော့ ငြိမ်ခံနေမှာ မဟုတ်ဘူးနော်၊ နင်က အနားရောက်တာနဲ့ ကိုက်တဲ့ အဆိပ်ပြင်းတဲ့မြွေလိုပဲ၊ နင်ကိုက်ခဲ့တာကို ငါ တစ်ခါ လျစ်လျူရှုခဲ့ပြီးပြီနော်၊ အေး ငါ့ကို ထပ်ကိုက်လို့ကတော့ နင့်ကို အလွတ်မပေးဘူး"

သူ(မ)က ကြာပွတ်ဖြင့် ကျောက်စားပွဲကို မညှာမတာ ရိုက်လိုက်တော့ ရိုက်ခတ်သံကြီးက မြည်ဟီးနေသည်။

ကြောက်လန့်တကြားဖြင့် ယွီမောက်ချီက ခွင့်လွှတ်ပေးဖို့ပင် မပြောတော့ဘဲ မျက်နှာအုပ်ကာ ထွက်ပြေးသွားပြီး ယွီရှန်းက သူ(မ)ရဲ့ အမှားတွေကို အကုန် ထုတ်ပြောမှတော့ ဆက်အနေနိုင်တော့ပေ။

ယွီရှန်း ဒေါသထွက်လာတိုင်း မျိုးရိုးမြင့် အမျိုးသမီး ၁၀ယောက်မှာ ၉ယောက်က ထိုကဲ့သို့ ထွက်ပြေးသွားတတ်သည်။ ထိုမြင်ကွင်းမျိုးကို နံပါတ်၉မင်းသမီးလေးက စိမ်းမနေပေမယ့် ရိုးမသွားပဲ ပျော်ရွှင်စွာ ကြည့်ပြီး လက်သေးသေးလေးဖြင့် လက်ခုပ်လည်း တီးနေသေးသည်။

သူ(မ)ခေါင်းကိုပွတ်ကာ ယွီရှန်းက ဆုံးမလေသည်။

"ဒီလိုတအီအီ ငိုတတ်တဲ့ မိန်းမတွေနဲ့ ဝေးဝေးနေ၊ သူတို့က ပြဿနာ အရမ်းရှာတတ်တယ်၊ နင် တစ်ယောက်တည်းဆိုရင် ကိစ္စမရှိပေမယ့် နင့်ကြောင့် အိမ်ရှေ့စံမင်းသားပါ ပါလာရင် မကောင်းဘူး"

နံပါတ်၉မင်းသမီးလေးက ထပ်ခါထပ်ခါ ခေါင်းငြိမ့်ပြခဲ့သည်။ ခုံရုံးက အမျိုးသမီး၂ယောက်က ယွီမောက်ချီရဲ့ ရည်ရွယ်ချက်ကို သိသွားပြီး ယွီမောက်ချီ အပေါ်ထားသည့် သူတို့ရဲ့ အမြင်တွေက ပိုဆိုးသွားကာ ဘာမှမဆိုခဲ့ပေမယ့် ပြန်ရောက်သည့်အခါမှာတော့ မိဖုရားကြီးကို အကုန်ပြန်တင်ပြခဲ့သည်။

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

3/3/2024 ကနေ 6/3/2024အထိ ပိုရိုမိုးရှင်း ရှိပါတယ်။

واصل القراءة

ستعجبك أيضاً

208K 21.9K 103
ဘာသာပြန်သူ - စွဲညို့အသင်း
504K 51.1K 200
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000
17.3K 1.3K 23
Author(s) : Hai Yan(海宴) Associated Names : Lang Gia bảng Lang Ya Bang The Rankings of Lang Ya 琅琊榜 Type : Web Novel (CN) Chapters : 174 chapters Statu...
847K 130K 153
Guide The Villain Father To Be Virtuous Author_公子闻筝 English Translator_Chichipeph Burmese Translators_ Xiao LiuShu & Xiao Shu Start Date_25.1.2021 E...