Part 94

1.2K 161 0
                                    

94 01

အခန်း (၉၄)

နေရာတိုင်းမှာ လုပ်သားအင်အား ချို့ယွင်းနေပြီး အကုန် ဖရိုဖရဲဖြစ်နေခဲ့သည်။ ယွီရှန်းက ခေါင်းမပါတဲ့ ယင်ကောင်ကို ဟိုဟိုဒီဒီ ပတ်သွားနေပြီးမှ အစေခံတချို့ကိုခေါ်ကာ လမ်းတွေကို သန့်ရှင်းရေးလုပ်ခဲ့သည်။

မဒမ်အိုကြီးက တံစက်မြိတ်အောက်မှာ အကြာကြီးရပ်ကာ ဆူဆူညံညံဖြစ်နေသည့် ခြံထဲကြည့်ရင်း ခေါင်းခါပြီး သက်ပြင်းချခဲ့သည်။ "ဒီအရည်အချင်းနဲ့များ အိမ်ရှေ့စံမင်းသားရဲ့ဘေးမှာနေဖို့ တွေးရဲသေးတယ်၊ ကိုယ့်ဘာသာကိုယ် သိပ်အထင်ကြီးနေတာပဲ။"

မာမောမောက ဘာမှပြန်မပြောခဲ့ဘဲ မှူးမတ်ကြီးက တတိယ သခင်မလေးကို ချီပြီးလာနေတာတွေ့တော့ သူမက မနက်စာ ချက်ချင်းသွားပြင်ပေးခဲ့သည်။

နံပါတ်၉မင်းသမီးလေးကို နန်းတော်ကနေ သွားခေါ်လာပြီးနောက် အိမ်ရှေ့စံမင်းသမီးက မှူးမတ်စံအိမ်တော်ကို တန်းလာခဲ့သည်။ နံပါတ်၉မင်းသမီးလေးက အိမ်ရှေ့စံမင်းသမီးရဲ့ လက်တွေထဲပြေးဝင်ကာ မေးခဲ့သည်။ "ယောက်မတော် အခု နေကောင်းသွားပြီလား။"

သူမရဲ့ ပါးအိအိလေးကိုဆွဲကာ အိမ်ရှေ့စံ မင်းသမီးက အပြုံးဖြင့် ပြန်ဖြေခဲ့သည်။ "ကျန်းမာရေး အရမ်းကောင်းနေပါပြီ။" ကိုယ်ဝန်ဆောင်ခြင်း ဖျက်စီးခံခဲ့ရသော်လည်း တာအိုရောင်ခြည်တော်အောက်မှာ အမြွှာကလေးနှစ်ယောက်ကို မွေးဖွားပေးနိုင်ခဲ့တာက ကိုယ်လုပ်တော်တွေကမွေးသည့် မွေးသည့် ကလေးရာချီရှိတာထက် ပိုကောင်းသည်။ ကြင်ယာတော်ရွှီ သေပြီးနောက် ကိုယ်လုပ်တော်ကမွေးသည့် အကြီးဆုံးသားက သူမကို တွန်းအားပေးနေတာကြောင့် သူမ လိုချင်သလို ဖယ်ရှားပစ်လို့ရသည်။

သူမ သွားစရာနေရာမရှိတော့သည့် တောင်ချောက်ကမ်းပါးကို ရောက်နေတယ်ထင်ပေမယ့် လှပသည့်ရွာလေးတစ်ရွာကို တွေ့လိုက်ရတော့ အိမ်ရှေ့စံမင်းသမီးက မပျော်ရွှင်ပဲ နေမည်လား။ ယွီရှန်းကို သူမရဲ့ ညီမလေးလို သတ်မှတ်ဖို့ လုပ်ထားပေမယ့် ဘုရင်ကြီးနှင့် အိမ်ရှေ့စံမင်းသားရဲ့ သူမက တပ်မှူးကြီးယွီကို ချည်နှောင်ဖို့ ရည်ရွယ်ချက်ရှိနေတယ်လို့ သံသယဝင်မှာကြောက်တာကြောင့် ထိုအကြံကို စွန့်လွှတ်ခဲ့သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now