Part 86

1K 178 3
                                    

86 01

TYCDTN

Chapter 86

ယွီမိသားစု တာဝန်ယူရန်အတွက် ချန်မိသားစုက နည်းဗျူဟာပြောင်းကာ မောမောကိုခေါ်ပြီး ကိုယ်ခန္ဓာစစ်ဆေးခိုင်းခဲ့သည်။ ချန်ယာဖူသာ အပျိုဆိုပါက ယွီမိသားစုက အရှက်ခွဲမှုအတွက် တာဝန်ယူရမည်ဖြစ်သည်။

[T/N: အိမ်တော်က မောမော မဟုတ်ဘဲ နန်းတော်က သန့်စင်မွန်မြတ်သည့် အကြီးအကဲ မောမော ဖြစ်သည်]

မဒမ်အိုကြီးက တုံ့ဆိုင်းနေပေမယ့် ယွီရှန်းက လှောင်ပြောင်လေသည်။

"မောမောကို ခေါ်ပြီး စစ်ခိုင်းတော့ ဘာလုပ်ရမှာလဲ၊ သူ အပျိုမဟုတ်ရင် ငါတို့ ယွီမိသားစုက မလိုချင်ဘူး၊ သူ အပျိုဆိုရင်လည်း ပိုတောင်မလိုချင်သေး၊ စဉ်းစားကြည့်လေ လက်မထပ်ရေသးတဲ့ အပျိုလေးက လှေလံ၂ဖက်နင်းပြီး သာတဲ့တစ်ယောက်ကို ရွေးပြီး သာယာမှုအတွက် သူ့အဝတ်ကိုတောင် ချွတ်ပြခဲ့တာလေ၊ လက်မထပ်ရသေးတာတောင် ပစ်စလက်ခတ်နိုင်တာ ငါတို့ အိမ်တော်ကို ဝင်ပြီးရင် ငါတို့အိမ်တော်ကို ဝရုန်းသုန်းကား ဖြစ်စေမှာမလား၊ ငါတို့စံအိမ်က ပြည့်တန်ဆာ မိန်းမပျက်တွေ လက်မခံဘူး"

"နင် နင်က သည်းမခံနိုင်အောင် အနိုင်ကျင့်နေတာပဲ"

ဆွံ့အနေသည့် မဒမ်ချန်က ထိုစကားသာပြောနိုင်ပြီး နာကျင်နေသည့် ရင်ဘတ်ကို ဖိနှိပ်နေသည်။ သူ(မ)ကို မယှဉ်နိုင်သည့် ချန်ယာဖူနှင့် ချန်ယာထင်ကတော့ မျက်လုံးတွေနီရဲပြီး သူ(မ)ရဲ့ အဆိပ်ပြင်းသည့် စကားကြောင့် မကျေမနပ်ဖြစ်နေသည်။

"ဒီလောက်ထဲ လုပ်ရဲရင် အကျိုးဆက်ကို ခံရဲတဲ့ သတ္တိရှိရတယ်၊ ပြည့်တန်ဆာဖြစ်လာပြီးမှ ကိုယ့်ဘာသာကို သန့်စင်တဲ့ဘုရားလို့ ထင်မနေနဲ့၊ ဒီမင်္ဂလာပွဲကို ငါတို့ အသိအမှတ်မပြုဘူး"

ယွီရှန်းက ဆက်ပြောလေသည်။

"တိရိစ္ဆာန်မစင်ကို ကိတ်လို ဟန်ဆောင်လုပ်ထားပြီး ငါတို့ပါးစပ်ထဲ ထိုးထည့်တာတောင် ငါတို့က မမြည်းကြည့်ဘဲ မျိုချရမှာလား၊ ငါတို့မိသားစုကို အရူးတွေလို့ ထင်နေတာလား၊ ချန်ယာထင်က တော်ဝင်စီစစ်ဆေးအဖွဲ့ရဲ့ ဘယ်လက်ရုံးအရာရှိခေါင်းဆောင်ရဲ့ ဇနီးဖြစ်ရဲ့သားနဲ့ အခြေခံကျင့်ဝတ်ထုံးတမ်း၊ တရားမျှတမှု၊ ဂုဏ်သိက္ခာနဲ့ ရှက်ရွံ့ရမှာကို နားမလည်ဘူး၊ ချန်ယာဖူ အဝတ်ချွတ်ပြီး လူကို မြူဆွယ်တဲ့အကြောင်းကို ငါ သတင်းဖြန့်ပြီး နင့်ဂုဏ်သိက္ခာကိုပါ ဖျက်စီးပစ်မယ်ဆိုတာ နင်ယုံလား၊ နင်တို့အရှက်မကွဲချင်ရင် မင်္ဂလာပွဲကို နင်တို့ဘာသာ ဖျက်သိမ်းလိုက်"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Donde viven las historias. Descúbrelo ahora