Part 61

1.5K 187 2
                                    

61 01

TYCDTN

Chapter 61

ယွီမောက်ချီနှင့် လင်ရှီက ညလုံးပေါက်နေကာ ငွေစာရင်းတွေစစ်ပြီး နောက်နေ့မနက်မှပဲ ပြီးသွားခဲ့ပြီး အမှားပိစိလေးတောင် မတွေ့ခဲ့ပေ။

ယွီရှန်းရဲ့ ငွေစာရင်းတွေက အလွန်အသေးစိတ်ကျကာ လင်ရှီမပြောနှင့် ယွီဖင်ယန်ကို ပျိုးထောင်ကာ မှူးမတ်စံအိမ်ကို စီမံခဲ့သည့် မဒမ်ကြီးတောင် သူ(မ)လောက် မတော်ပေ။

သူ(မ)ရဲ့ ခြေထောက်တွေသာ အကောင်းတိုင်းရှိပါက သူ(မ)က လှပကာ အရည်အချင်းရှိသည့် လူ ဖြစ်နိုင်သည်။

လင်ရှီရဲ့ ကိုယ့်ဘာသာကိုယ် အထင်ကြီးသည့်စိတ်က စာရင်းတွေ အကုန် စစ်ပြီးချိန်မှာ ပျောက်ကွယ်သွားခဲ့ပြီး မဒမ်အိုကြီး လာပြီး စားသောက်ဖို့ပြင်ခိုင်းမှ မီးဖိုချောင်ထဲ ပါးစပ်ဟောင်းလောင်းဖြင့် ထွက်သွားရသည်။ ဒီ၁၄နှစ်ကလေးကို ရှုံးပါက သူ့သိက္ခာတွေ ရှိတော့မည်မဟုတ်ပေ။

သို့ပေမယ့် ယွီမောက်ချီက သူ(မ)ကို ကျောက ထိန်းထားပေးပြီး လက်ကို ဆွဲကိုင်ထားကာ ကတိမဖျက်ဖို့ သတိပေးနေသည်။ မဒမ်အိုကြီးကို နှုတ်ဆက်ပြီးနောက် ၂ယောက်သား မျက်တွင်းတွေညိုကာ သူတို့ရဲ့အဆောင်ကို ပြန်ခဲ့သည်။

လင်ရှီ ပထမဆုံး လုပ်ခဲ့သည့်အရာက အမွှေးတိုင်၃ချောင်းကို မီးရှို့ကာ ကမ္ပည်းတိုင်ရှေ့ ဒူးထောက်ကာ တီးတိုးပြောလေသည်။ သူ(မ) ဘာတွေပြောနေလဲဆိုတာ မသိပေမယ့် သူ(မ)ရဲ့ မျက်နှာအမူအရာက အလွန်နာကျင်နေပုံပေါက်သည်။

ယွီမောက်ချီက နဖူးပေါ်လက်တင်ကာ မျက်လုံးမှိတ်ကာ အနားယူနေလိုက်ပြီး လင်ရှီ ပူဇော်ပြီးမှ မေးလေသည်။

"အမေ တာဝန်တွေ ထပ်ရှောင်လွှဲဖို့ လုပ်နေတာလား၊ စံအိမ်ကို တာဝန်မခံချင်လို့လား"

"ငါ.. ငါ တာဝန် မခံနိုင်တော့ဘူး၊ ယန်အာနဲ့ကျွင်းကျဲကို စိတ်ပျက်စေမိခဲ့ပြီ... "

လင်ရှီက ပြောကာ မျက်ရည်တွေကျခဲ့သည်။

သူ(မ)ငိုတဲ့အချိန်တော့ သူ(မ) ဘာမှမခံစားရပေမယ့် လင်ရှီ ငိုတာကို တွေ့ရတာတော့ တော်တော်စိတ်ရှုပ်သည်။ ယွီမောက်ချီက စိတ်ရှုပ်မှုတွေကို ဖိနှိပ်ကာ နှစ်သိမ့်လေသည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Место, где живут истории. Откройте их для себя