Part 28

2.3K 258 2
                                    

TYCDTN

Chapter 28

အဓိကခန်းမထဲမှာ အစေခံတွေက ဖွယ်ဖွယ်လျာလျာ စားသောက်ပွဲကြီးကို ပြင်ဆင်ပေးထားပြီးပြီ ဖြစ်သည်။ သူတို့ဝင်သွားတော့ အစားအသောက်က ပူနွေးနေကာ မွှေးပျံ့နေခဲ့သည်။

"လာခဲ့ အနောက်မြောက်ပိုင်းမှာ ခက်ခဲတဲ့ဒဏ်တွေ ခံခဲ့ရတော့ အစားကောင်း အသောက်ကောင်းတွေ မစားခဲ့ရဘူးမလား၊ ဒါတွေအကုန်လုံး ငါ့မြေးအကြိုက်တွေချည်းပဲ၊ ညီမလေးကို ခုံပေါ်ချပေးလိုက်ပြီး ၂ယောက်လုံးစားကြ"

မဒမ်အိုကြီးက အချက်ပြခဲ့သည်။

ယွီရှန်းကလည်း အောက်ဆင်းဖို့ ရုန်းကန်နေခဲ့သည်။

ယွီဖင်ယန်က သူ့ညီမလေးကို တွန့်ဆုတ်စွာဖြင့် ဝှီးချဲပေါ် ချပေးလိုက်ပြီး မဒမ်အိုကြီးကို တစ်ခွက်ထည့်ပေးကာ သြရှသည့် အသံဖြင့်ပြောလေသည်။

"ဒီနှစ်တွေထဲ ဒီမြေးက အဖွားတို့ကို ခက်ခဲအောင် လုပ်ခဲ့မိပြီ၊ ကိုယ်ဘာသာ အပြစ်ပေးတဲ့အနေနဲ့ ဒီမြေးက တစ်ခွက်သောက်ပါ့မယ်"

ထိုစကားကြားတော့ မဒမ်အိုကြီးက ထပ်ပြီး မျက်ရည်ကျခဲ့သည်။ ထို့နောက် ယွီရှန်းရဲ့ စကားကို ကြားလိုက်လေသည်။

"အစ်ကိုကြီး သမီးတို့က မိသားစုတွေလေ၊ အစ်ကိုကြီးက အပြင်မှာ ကြိုးစားနေတဲ့ အချိန်မှာ သမီးတို့က မိသားစုဘဝလေး ပိုကောင်းမွန်အောင် ထိန်းသိမ်း စောင့်ရှောက်ခဲ့တယ်၊ လူတိုင်း ကိုယ့်တာဝန်ကို ကျေအောင်လုပ်ပြီး ဘဝတွေ ပိုကောင်းမွန်အောင် လုပ်တာလေ၊ အစာမရှိဘဲ သောက်ရင် အစာအိမ်နာလိမ့်မယ် မြန်မြန်စား"

စကားပြောပြီးနောက် သူ(မ)က ဖန်ခွက်ကိုဆွဲကာ ပုဇွန်ဖက်ထုပ် ခွံ့ကျွေးလိုက်သည်။

ယွီဖင်ယန်က အမြန်လေးမြိုချကာ ညီမဖြစ်သူရဲ့ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ပေးခဲ့သည်။

မဒမ်အိုကြီးကလည်း သဘောတူစွာ ပြောလေသည်။

"ရှန်းအာပြောတာမှန်တယ်၊ ကိုယ့်တာဝန်ကိုယ်ယူပြီး မိသားစုဘဝလေး ပိုကောင်းအောင် လုပ်ကြရအောင်၊ ဒီလိုစကားတွေ ပြောနေစရာ မလိုပါဘူး၊ နှစ်အနည်းငယ်လောက် ဝေးကွားသွားတာနဲ့ ဒီအဖွားကို စိမ်းကားနေတာပဲ"

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now