အပိုင်း(၂၃)
ချင်မြို့တော်...
ကွမ်းရှန်းမြို့...
"လောင်လီ မင်း မနက်စောစော ဘာလုပ်နေတာလဲ"
တံခါးဝတွင် နေပူဆာလှုံနေသော လူအိုကြီးတစ်ယောက် ဘေးဘက်ရှိ ခြံဝန်းထဲမှ စက်ဘီးလေးကို တွန်းထုတ်လာသော လူကြီးတစ်ယောက်ကို လှမ်းကြည့်ရင်း ပြုံးရယ်ကာ ပြောလိုက်သည်။
"အဖိုးကြီးချင်"
လောင်လီက သူ၏စက်ဘီးကို တွန်းလာရင်း အိမ်တံခါးဝရှိ အဖိုးကြီးကို လှမ်းကြည့်ကာ နှုတ်ဆက်သည်။
"ရှောင်ကျောင်း ငါရဲ့နာမည်က ဦးလေးချင်ပါ"
စက်ဘီးအနောက်တွင် ထိုင်နေသာသူက အသက်ခြောက်နှစ်အရွယ် ရှိသည့် ကောင်ငယ်လေး ဖြစ်သည်။ ကောင်ငယ်လေး၏ အမူအရာက အနည်းငယ် ခက်ထိုင်းထိုင်း ဖြစ်နေသည်။
ဦးလေးချင်ကို မော့ကြည့်ပြီးနောက် သူက ခေါငးကိုသာ ခပ်မြန်မြန် ညိတ်သွားသည်။ ထို့နောက် သူ၏ကိုယ်က တုန်ယင်သွားသည်။ မျက်နှာကလည်း ဖြူဖျောနေ၏။ သူက လက်ချောင်းများကိုသာ ဆိတ်နေသည်။
ထိုကောင်ငယ်လေးက အတန်ငယ် ထိတ်လန့်နေပုံရသည်။
"အိုး ဒီကလေးကတော့"
လောင်လီက ကလေးကို ငုံ့ကြည့်ပြီး သက်ပြင်းချသည်။
"သွားတော့ သွားတော့ လမ်းမှာ ဂရုစိုက်ဦး"
လောင်ချင်က လက်ယမ်းပြသည်။ သူက စိုးရိမ်တကြီး မေးမြန်းသေး၏။
"မင်း ဘာလို့ နည်းနည်းလောက် ထပ်မစောင့်တာလဲ။ မင်းရဲ့ကလေးကို အဲ့ဒီကို မောင်းပို့ခိုင်းလို့ ရတာပဲ။ ဒီနေရာက ဟန်ကျိုးနဲ့ ဝေးတယ်လေ"
"မလိုတော့ဘူး"
လောင်လီက မတ်တပ်ထရပ်သည်။ ထို့နောက် စက်ဘီးပေါ် တက်လိုက်ပြီးနောက် အနောက်ဘက်ရှိ မြေးကို ပြောသည်။
"ရှောင်ကျောင်း အဖိုးကို ဖက်ထားနော်။ ငြိမ်ငြိမ် ထိုင်"
"သွားမယ်"
သူက ခေါင်းသာညိတ်ပြီးနောက် ရွာ၏လမ်းမှတဆင့် စက်ဘီးကို ဒုန်းဆိုင်း ထိုးဆင်းသွားသည်။
"အိုး ဘယ်လောက်တောင် သနားစရာကောင်းလိုက်တဲ့ ကလေးလဲ"
"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်ကျရောဂါကို ခံစားနေရတာလဲ"
အဖိုးကြီးချင်ကမူ ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရင်း ခေါင်းကိုခါကာ သက်ပြင်းချနေသည်။
"ရှောင်ကျောင်း အေးလား"
"ဒီနေ့ တိရိစ္ဆာန်ရုံကို ခေါ်သွားပြီး တိရိစ္ဆာန်လေးကို ကြည့်ခိုင်းမယ်နော်။ သားလေး တီဗွီက တိရိစ္ဆာန်တွေကို ကြည့်ရတာ သဘောကျတယ် မဟုတ်လား"
"အဖိုးက ဒီနေ့ သားကို တိရိစ္ဆာန်လေးကို ကြည့်ခိုင်းမယ်။ နောက်ပြီး အရသာရှိတဲ့ အစားအစာတွေကိုလည်း ခေါ်ကျွေးဦးမယ်။ အဆင်ပြေလား"
လောင်လီက သူ၏ အင်အားအများကြီး စိုက်ထုတ်ပြီး စက်ဘီးကို နင်းနေရသည်။ သူ၏နဖူးတွင် ချွေးများ စိုရွှဲလာသည်။ လမ်းတောက်လျှောက်တွင် လောင်လီက သူ၏မြေးကို ဆက်တိုင်စကားပြောနေသည်။ သို့သော် ထိုကလေးကမူ ခေါင်းသာ ငုံံ့နေပြီး မည်သည့်စကားမှ ဆိုမလာချေ။
သူ၏ သားနှင့်ချွေးမက ကားတိုက်မှုတွင် သေဆုံးသွားချိန်ကတည်းက သူဟာ မြေးဖြစ်သူနှင့်သာ နှစ်ယောက်တည်း နေလာခဲ့ခြင်း ဖြစ်သည်။ သူက နေ့တိုင်းလိုလို ထောက်ပံ့ကြေး ရရှိသည့်တိုင်အောင် ...
မိဘများ၏ သေဆုံးမှုက ထိုကလေးအပေါ် ကြီးမားသည့် ထိုးနှက်ချက် ဖြစ်သွားစေခဲ့သောကြောင့် ဖြစ်လောက်သည်။ ရှောင်ကျောင်းက အသက်လေးနှစ်အရွယ်ကတည်းက အလွန်ပင် ပြင်းထန်သည့် စိတ်မကျန်းမာမှု ဝေဒနာကို ခံစားနေရသည်။ ထိုအရာက စိတ်ကျရောဂါ ဖြစ်သည်။
ဆေးစရိတ်က အလွန်ဈေးကြီးလွန်းသည်။ ထိုအရာက လောင်လီအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်ရုံသာ မကသေးလေပဲ သူဟာ ကလေးကို တောက်လျောက် စောင့်ကြည့်ပေးနေရသေးလေသည်။ စိတ်ကျရောဂါ ခံစားနေရသော ကလေးများက ပုံမှန်အတိုင်း ကျောင်းသို့ မသွားနိုင်ချေ။ အိမ်တွင်သာ နေတိုင်းလိုလို နေနေသည်။
ပို၍ဆိုးသည်မှာ ထိုကလေးက စကားလည်း မပြောချေ။ ထို့ကြောင့် လောင်လီက ပို၍ စိတ်ဓာတ်ကျရသည်။ သူမမြင်နိုင်ချိန် ထိုကလေးက ကိုယ့်ကိုယ်ကို ထိခိုက်ဒဏ်ရာ ရအောင် လုပ်လိုက်မည့် အခြေအနေကို အလွန့်အလွန် စိုးရိမ်နေရသည်။
အသက်ခြောက်နှစ်ပဲ ရှိသေးတဲ့ ကလေးတစ်ယောက်အတွက်... ဒီလိုဆိုရင် သူ့ရဲ့ဘဝကို ဘယ်လိုများ ဆက်ပြီး နေထိုင်မှာတဲ့လဲ။
...
ကံကောင်းတိုက်ဆိုင်သည်မှာ သူ၏မြေးဖြစ်သူက တီဗွီရှေ့တွင် ရပ်ကြည့်ရင်း အတွင်းမှ စက်ရုပ်တိရိစ္ဆာန်များကို သဘောတကျ ကြည့်နေသော မြင်ကွင်းကို မြင်ခဲ့ရသည်။ ထိုအချိန်က မြေးဖြစ်သူ၏ မျက်ဝန်းက အလွန်တောက်ပနေလေသည်။
"ဟား ဟား ခွေး"
မရယ်မပြုံးသည်မှာ ကြာခဲ့ပြီဖြစ်သော ကလေးက ထိုအချိန်တွင် ရယ်ခဲ့သည်။ သူ မရယ်မပြုံးသည်မှာ အချိန်အတန်ကြာအောင် ဖြစ်သည့်အတွက် သူ၏အပြုံးက ကြောက်စရာကောင်းနေသော်လည်း လောင်လီကမူ ပျော်ရွှင်စိတ်လှုပ်ရှားသဖြင့် ငိုမိသေးသည်။
နောက်ဆုံးတော့ မျှော်လင့်ချက် ရှိလာပြီပဲ။
ထိုအချိန်က စတင်ပြီး ကလေးဖြစ်သူအတွက် ဆေးစရိတ်အပြင် လောင်လီက ပိုက်ဆံဆက်တိုက် စုခဲ့သည်။ တစ်နည်းအားဖြင့် နေ့တိုင်းလိုလို အရက်များ သွားခိုးပြီး ပြန်လည်ရောင်းချခဲ့သည်။ ထိုသို့ဖြင့် သူ၏ကလေးဖြစ်သူကို တစ်ပတ်တစ်ကြိမ် တိရိစ္ဆာန်ရုံသို့ ပို့ခဲ့သေးသည်။
သိပ်မကြာခင်က ကြားထားသော သတင်းအရ ဟန်ချန်းရှိ ချင်တျန်းတိရိစ္ဆာန်ရုံတွင် ကြောက်စရာကောင်းသော တိရိစ္ဆာန်များ အသစ်တစ်သုတ် ရောက်လာသည်ဟု ဆိုသည်။ ထို့ကြောင့် ထိုကလေးကိုလည်း နှစ်နာရီစာ ဝေးကွာသော ခရီးကို ကျော်ဖြတ်လျက် လိုက်ပို့ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
ထိုကလေး ပြုံးမည်ဆိုလျှင်ပင် သူက ကျေနပ်လေသည်။ သူက ကျေနပ်သည်ဟု ခံစားရ၏။ သူမြေးဖြစ်သူ ပြုံးနိုင်သမျှ တစ်ရက်တွင် သူ၏စိတ်ကျရောဂါက ပျောက်ကွယ်သွားမည်ဟု ယူဆသည်။
သူ၏အသက်က တစ်နေ့ထက်တစ်နေ့ ဆိုးယုတ်လာသော မြင်ကွင်းကို ကြည့်နေရင်း...
သားတစ်ယောက် သေဆုံးသွားခြင်းက သူ၏ဆံပင်မွှေးကို ဖြူသွားစေသည်။ ထိုအဖိုးကြီးက မြေးဖြစ်သူကိုလည်း စိတ်မချနိုင်သေးချေ။ ထို့ကြောင့် သူက ကွယ်လွန်ခဲ့သော် ထိုကောင်ငယ်လေးက ဒီအတိုင်း ကျန်ရစ်ခဲ့မည်ဆိုလျှင် သူ၏အခြေအနေက ပို၍ဆိုးရွားပေလိမ့်မည်။ မိဘမဲ့ကျောင်းသို့ ရောက်သွားမည်ဆိုလျှင်ပင် သူ၏အနာဂတ်က မကောင်းမွန်နိုင်ချေ။
ပြဿနာကမူ တောင်တန်းကြီးတမျှ ကြီးမားနေသည်။ ထို့ကြောင့် နေ့တိုင်းလိုလို တွေးတောမိနေရင်း သူ၏နှလုံးသားက လေးလံလာရသလို အသက်ရှူရခက်လာတတ်သည်။
ထိုသို့ဖြင့် ဟန်ချန်း၏မြို့စွန်သို့ ရောက်ရှိသွားသည့် လောင်လီက စက်ဘီးကို ဘေးဘက်သို့ ရပ်နားပြီးနောက် ကလေးကို ချီကာ မြေပြင်တွင် ရပ်ရန် အကူအညီပေးသည်။
ထို့ကြောင့် သူ ကြိုတင်ကြည့်ထားခဲ့သော မြေပုံအတိုင်း လျှောက်သွားပြီးနောက် ချင်ထျန်းတိရိစ္ဆာန်ရုံသို့ ရောက်သွားသည်။
သို့သော် ...
သူက တိရိစ္ဆာန်ရုံ၏ ဝင်ပေါက်သို့ ရောက်သောအခါ တံခါးက ပိတ်ထားကြောင်း မြင်ရသည်။ ထို့ကြောင့် လောင်လီက လက်ထဲတွင် ကျစ်ကျစ်ပါအောင် ကိုင်ထားသည့် ဒင်္ဂါးပြားကို ပြန်ငုံ့ကြည့်လိုက်သည်။
ပိတ်ထားတယ်။
သူက နှစ်နာရီတောင် စက်ဘီးစီးပြီး မြေးဖြစ်သူနဲ့ ဒီရောက်လာတာ။ ဒါပေမယ့် ဒီနေရာက ပိတ်ထားတယ်။ သူက ဒီကောင်လေးကိုလည်း ကတိပေးထားပြီးသား။ ဒါပေမယ့် ဒီနေရာက ...
လောင်လီက မြေးဖြစ်သူကို ပြုံးပြပြီး ထိုင်းမှိုင်းသော မျက်ဝန်းများကို ကြည့်ကာ ရေရွတ်သည်။
"မကြောက်နဲ့နော် တံခါးက မကြာခင် ပွင့်သွားလိမ့်မယ်။ အဖိုးက သကြားလုံး အရင်ဝယ်ကျွေးရမလား"
ဘေးဘက်ရှိ သေးငယ်သော ဆိုင်ငယ်လေးသို့ လျှောက်ဝင်သွားပြီးနောက် လောင်လီက ချင်ထျန်းတိရိစ္ဆာန်ရုံသို့ လက်ညိုးထိုးကာ မေးလိုက်သည်။
"ဟယ်လို တစ်ခုလောက် မေးပါရစေ။ ဘာလို့ ဒီတိရိစ္ဆာန်ရုံက ဒီနေ့မဖွင့်တာလဲ"
"ရှင်က ဒီတိရိစ္ဆာန်ရုံအကြောင်း ပြောနေတာလား"
ထိုသူဌေးမက မြေးအဖိုးနှစ်ယောက်ကို ကြည့်ပြီး ထူးဆန်းသော အပြုံးမျိုးဖြင့် ပြောသည်။
"ကျွန်မ ကြားထားတဲ့အတိုင်းဆိုရင် အဲ့ဒီသူဌေးက ဥပဒေအရ စည်းမျဉ်းကို ဖောက်ဖျက်လို့ အကျဉ်းချခံထားရတယ်လေ အား"
" ဒီတိရိစ္ဆာန်ရုံက ဘယ်တော့ဖွင့်မလဲဆိုတာတော့ မသိပါဘူး။ မဖွင့်တော့တာလဲ ဖြစ်နိုင်တာပဲ"
"နောက်ပြီး သူရဲ့စီးပွားရေးကလည်း ပျက်စီးသွားပြီ။ ကျွန်မသိထားတဲ့အတိုင်းဆိုရင် ရှင်တို့ အခြားတစ်ဖက်ခြမ်းက တိရိစ္ဆာန်ရုံကို သွားသင့်တယ်"
"အဖမ်းခံရတယ် ဟုတ်လား"
လောင်လီက ရပ်တန့်သွားသည်။ သူ၏နှုတ်ခမ်းများက မဲ့ကျသွားလေသည်။
အခု သူ့ရဲ့မြေးကို ပြန်ခေါ်သွားရမှာလား။ ဒါမှမဟုတ် လေးနာရီလောက်ဝေးတဲ့ ချန်းချန်က တိရိစ္ဆာန်ရုံကို သွားရမှာလား။
တစ်ခဏခန့်ကြာပြီးနောက် လောင်လီက ဒုက္ခများသွားပုံ ပေါ်သည်။
"ရှင်က တိရိစ္ဆာန်ရုံ ရှာနေတာလား။ လမ်းတစ်ဖက်ခြမ်းမှာ တစ်ခုရှိတယ်လေ။ ကျွန်မကြားထားတဲ့အတိုင်းဆို အခုတလော နာမည်ကြီးနေတာပဲ။ လူအများကြီး သွားကြတယ်"
"ဟန်ကျိုးမှာ တိရိစ္ဆာန်ရုံ နှစ်ခုပဲ ရှိတာ။ ဒါပေမယ့် တစ်ဖက်က တိရိစ္ဆာန်ရုံက ပိုသေးပြီး တိရိစ္ဆာန်က ပိုနည်းတယ်။ အမျိုးအစား မစုံလောက်ဘူး"
သူဌေးမက အရှေ့မှ လူအိုကြီးကို ကြည့်သည်။ နောက်မှ ပုံမှန်မဟုတ်သော ပုံစံနှင့် ကလေးကိုလည်း ကြည့်လိုက်ပြီး စာနာသနားသွားလေသည်။
"ဒါပေမယ့် ဒီတိရိစ္ဆာန်ရုံကို အခုတလော လူတော်တော်များများ သွားနေကြတာဆိုတော့ ကလေးကို ခေါ်သွားလိုက်တာ အဆင်ပြေမှာပါ"
"ကျေးဇူးတင်ပါတယ်"
လောင်လီက ကလေးကို ခပ်မြန်မြန် ချီပွေ့လိုက်သည်။ ထို့နောက် လမ်းကူးလိုက်ပြီး တစ်ဖက်ခြမ်းရှိ တိရိစ္ဆာန်သို့ သွားသည်။
ယိုယွင်းပျက်စီးနေသော တံခါးကို မြင်သောအခါ သူက တုန့်ဆိုင်းသွားသည်။
"တံခါးတောင်မှ ဒီလောက်ထိ အိုဟောင်းနေတာ။ အထဲက တိရိစ္ဆာန်တွေက ကောင်းမွန်နိုင်ပါ့မလား"
နောက်ပြီး သူ့ရဲ့ကလေးကိုလည်း အများကြီး အားထုတ်ပြီး ခေါ်လာရတာဆိုတော့...
"ရှောင်ကျောင်း မင်း ဒီထဲကို ဝင်ချင်လား"
သူက မြေးဖြစ်သူ၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်ရပ်ပြီး ကလေး၏ ကော်လံများကို သပ်ရပ်အောင် လုပ်ပေးလျက် ပြုံးကာ မေးသည်။
ရှောင်ကျောင်းက တံခါးကို ကျော်ကာ မော့ကြည့်သည်။ ထို့နောက် ခေါင်းပြန်ငုံ့သွားသည်။ ထို့နောက် မျက်နှာက ဖြူဖျော့နေသည်။
"အိုး ဒီတစ်ခုကိုပဲ သွားရတော့မယ် ထင်တယ်။ အခုအချိန်မှ ချန်းချန်ကို သွားမယ်ဆိုလည်း မှီတော့မှာ မဟုတ်ဘူး"
လောင်လီက ရင်နာသွားသည်။ သူက ကလေးကို လက်မှတ်ရုံထဲသို့ ခေါ်သွားလိုက်ရသည်။
ထိုနေရာတွင် ဖျော့တော့သော မျက်နှာနှင့် လူတစ်ယောက်က ထိုင်နေသည်။ သူက ခေါင်းငုံံ့လျက် ဖုန်းကစားနေ၏။
"ကောင်ငယ်လေး အသက်ခြောက်နှစ်အောက် ကလေးတွေက လက်မှတ်ဝယ်ဖို့ လိုလား"
"အာ"
ဆုပိုင်က ထိုမြေးဖိုးနှစ်ယောက်ကို မော့ကြည့်ပြီး ပြုံးလျက်ပြောသည်။
"အသက်ခြောက်နှစ်အောက် ကလေးတွေက လက်မှတ်ဝယ်စရာ မလိုပါဘူး။ တစ်စောင်ပဲ ဝယ်ရုံပဲ ရပါတယ်"
"ဒါဆိုလည်း တစ်စောင်ပေးပါ"
ထိုစကားကို ကြားသောအခါ လောင်လီကလည်း ဒီအခြေအနေကလည်း ကောင်းမွန်သည်ဟု ထင်သည်။ လက်မှတ်တစ်စောင်ခသာ ပေးရသဖြင့် နောက်ပိုင်းမှသာ ကလေးကို အရသာရှိသော စားစရာများ ဝယ်ကျွေးမည်ဟု ဆုံးဖြတ်လိုက်၏။
"နည်းနည်း နည်းနည်း"
သူက ကလေးကို အထဲသို့ ခေါ်သွားနေသည့်အချိန်တွင် ရုတ်တရက် အဖြူအမည်း ဝက်ဝံကြီးတစ်ကောင်ပေါ်တွင် တက်စီးနေသည့် ကောင်မငယ်လေးတစ်ယောက်က အနောက်ဘက်မှ သုံးဘီးများကို တက်နင်းလာသည့် မျောက်တစ်အုပ်ဖြင့် ပျော်ပါးနေကြောင်း မြင်လိုက်ရသည်။
သူမ၏ အနောက်ဘက်တွင် ကလေးတစ်အုပ်က လောင်လီကို ကျော်ဖြတ်လျက် ဝင်ပြေးသွားသေးလေသည်။ သူတို့က ပျော်ရွှင်စွာဖြင့် ဆော့ကစားနေပုံ ရသည်။
Telegram မှာ အပိုင်း ၅၇အထိ ရောက်ပါပြီနော်။
3/3/2024 ကနေ 6/3/2024အထိ ပိုရိုမိုးရှင်း ရှိပါတယ်။