Last night.....
တီးတောင်...တီးတောင်....
"သမီးရေအိမ်ရှေ့မှာဘယ်သူလဲမသိဘူး ညကြီးအချိန်မတော်ကွယ်"
"ဟိုကောင်နေမှာပေါ့ အခုမှပြန်လာတာ အပြင်မှာပဲအိပ်ခိုင်းလိုက်တော့မေမေ"
"သွားကြည့်စမ်းပါအုံး"
"ဟာမေမေကလဲဒီမှာ ဆံပင်ဖီးနေတယ်လေ"
"အေငါပဲသွားကြည့်လိုက်မယ်"
ဒေါ်ဒေါ်လဲ သူ့သမီးအကြောင်းကိုသိတာနဲ့သူကိုယ်တိုင်ပဲအိမ်ရှေ့ကို ထွက်လာလိုက်သည်။
ခြံတံခါးကိုမဖွင့်သေးပဲ အရပ်ရှည်ရှည်အသားဖြူဖြူခပ်ချောချောကောင်လေးတစ်ယောက်ကိုအဒေါ်ကြီခနမျှကြည့်မိသည်။
"ဒေါ်ဒေါ် ကျွန်တော်က ကောင်းစစ်သက်တန့်ပါ သမုအတ္တညိုလွှတ်လိုက်တာပါ"
"အော်အေ ဒါဆိုအိမ်ထဲဝင်အုံးအပြင်မှာမှောင်နေပြီမကောင်းဘူး"
အဒေါ်ကြီးလဲ ခြံတံခါးဖွင့်ပေးကာ ကောင်းစစ်ကိုအရှေ့မှသွားခိုင်းပြီး ခြံတံခါးကိုသေချာပြန်ပိတ်ကာ ကောင်းစစ်ရဲ့ပုံစံကိုအကဲခတ်နေသည်။
"ဒီဘက်မှာထိုင် ဒါနဲ့ဘာကိစ္စရှိလို့လဲ"
"ဟုတ်ကဲ့ သမုအတ္တညိုက ဒီဟာလေးပေးခိုင်းလိုက်လို့ပါ"
ကောင်းစစ်သူ့ဘေးကအထုတ်ကိုထုတ်ကာ စာပွဲပေါ်တင်လိုက်သည်။ထိုအထုတ်ထဲကပိုက်ဆံတွေကိုမြင်တော့အဒေါ်ကြီးမျက်လုံးနှစ်ဖက်ပြူးသွားသည် ခနမျှအံ့ဩစိတ်ကိုပြန်ထိန်းကာ ကောင်းစစ်ကို အပြုံးဖြင့်စကားပြန်ပြောသည်။
"ဒါကဘာအတွက်လဲ မလိုပါဘူးလို့ပြောပေးပါကွယ်"
"ဒါကအလကားပေးတာမဟုတ်ပါဘူး"
"ဒါဆိုဘာအတွက်လဲ"
"တိမ်လွှာခေတ်သွေူနဲ့မပတ်သတ်ဖို့ပါ ဒါနည်းသေးရင် ထပ်တိုးပေးလို့ရပါသေးတယ် ဒီမှာစာချုပ်ပါ တိမ်လွှာခေတ်သွေးနဲ့မပတ်သတ်ဖို့ပေးတာပါ ဒေါိဒေါ်"
"မပတ်သတ်နဲ့ဆိုလဲမပတ်သတ်ပါဘူး ဒီပိုက်ဆံတွေကအရမ်းများနေတော့မယူရက်ပါဘူး နောက်ပြီးတူလေးကိုရောင်းစားသလိုဖြစ်နေမှာဆိုးလို့ပါ မယူပါရစေနဲ့"
"အဲ့လိုမဟုတ်ပါဘူး ဒါက စေတနာသန့်သန့်နဲ့ပေးတာပါ အကိုတိမ်လွှာခေတ်သွေးကိုရောင်းစားသလိုမဖြစ်ပါဘူး ဒါလေးတော့လက်ခံပေးပါနော် "
ကောင်းစစ်က အဒေါ်ကြီးကိုပိုက်ဆံတွေကမ်းပေးကာ ယူလာသည့်စာချုပ်နှာလက်မှတ်ထိုးခိုင်းပြီးသမုကိုဖုန်းဆက်ကအောင်မြင်သည်ဟု အကြောင်းကြားလိုက်သည်။
_________________________________________________________
"HAVI ငါပြောတာသေချာနားထောင် ငါနောက်နှစ်ရက်နေရင်ပြန်လာခဲ့မယ်"
"ဟုတ်ကဲ့ Boss အဆင်ပြေသလိုလုပ်"
သမုက France ကသူ့တပည့်တစ်ယောက်နဲ့ သူလုပ်တဲ့လုပ်ငန်ကိစ္စကို ပြောနေရင်းနောက်နှစ်ရက်နေရင်မဖြစ်မနေပြန်လာမယ်ဆိုတာပါပြောခဲ့သည်။
"တိမ်လွှာခေတ်သွေး ! ကျုပ်စီလာအုံး"
"ဘာလဲ...."
"တစ်ပတ်ခါ ကျုပ်နဲ့ France ကိုသွားရမယ် ခများအဆင်သင့်လုပ်ထား"
"ငါက ဘာလုပ်ရမှာလဲ ငါ့မှာဘာဝတ်စရာမှလည်းမရှိဘူး ဒီတိုင်းခေါ်သွား"
ခေတ်သွေးက သူဝတ်ထားသည့်သမုအင်္ကျီကိုပုတ်ကာပြောသည်။
"အာ....ဟုတ်သားပဲ ခများကိုအင်္ကျီလိုက်ဝယ်ပေးရအုံးမှာပဲ ကျုပ်အင်္ကျီလဲပြီးထွက်လာခဲ့မယ်ကားပေါ်မှာစောင့်နေလိုက်"
"......"
"ဘာကြည့်နေတာလဲ ကျုပ် six-pack တွေကြည့်ချင်လို့လား"
"မဟုတ်တာတွေလျှောက်မပြောနဲ့သွားပြီ"
ရှက်ရမ်းရမ်းကာ အောက်ထပ်ကိုဆင်းပြီးကားထဲမှာသာစောင့်နေလိုက်သည်။သမုမှာတော့ ခေတ်သွေးဖြစ်သွားတဲ့ပုံလေးကိုကြည့်ကာ ပြုံးပြုံးကြီးကျန်ခဲ့သည်။
အင်္ကျီလဲပြီးအောက်ထပ်ကိုဆင်းလာတော့ ခေတ်သွေးက ကားဘောင်ကိုမှီကာအိပ်ငိုက်နေသည်။
ပြွတ်
"အာ...ဟင်...ရောက်ပြီလား"
ခေတ်သွေးရဲ့နှုတ်ခမ်းလေးကိုဖိနမ်းလိုက်တော့အိပ်ချင်မူးတူးနဲ့ပြောလာသည့်ခေတ်သွေးကတကယ်ကိုချစ်ဖို့ကောင်းနေသည်။
"အိပ်ပုတ်လေး အခုမှသွားမှာ "
"ဟင်းးးမင်းကိုစောင့်ရတာအကြားကြီးပဲ အပြင်တစ်ခါသွားမှာကိုဘယ်လောက်တောင်ပြင်နေတာလဲ"
ခေတ်သွေးကစူပုတ်ပုတ်နဲ့မေးတော့ သမုကသူ့ဘက်လှည့်ကာ ခေတ်သွေးလက်ကိုကိုင်ကာ သူ့ညီလေးပေါ်တင်ကာ ပြောသည်။
"ကိုကိုကမကြာချင်ဘူး ဒီကောင်လုပ်လို့ကြာနေတာ"
"မင်း..."
ရှက်လို့ထင်ပါရဲ့ ခေတ်သွေးမျက်နှာကလေး ခပ်ရဲရဲဖြစ်လာကာ စကားပင်ဘာပြောရမှန်းမသိစကားများပျောက်ရှကုန်သည်။
"သမုအတ္တညို..."
"ကျုပ်ကိုအဲ့လိုမခေါ်နဲ့ မကြိုက်ဘူး"
"ဒါဖြင့်ငါက ဘယ်လိုခေါ်ရမှာလဲ"
ခေတ်သွေးပေစောင်းစောင်းလေ သမုကိုကြည့်ကာ ပြောတော့ သမုမှာကားမောင်းနေရင်းပင် ခေတ်သွေးကိုအသဲယားကာ ပါးနှစ်ဖက်ကိုစိတ်ရှိလက်ရှိ ကိုက်ပစ်ချင်သည်။
"ကိုကိုလို့ခေါ်"
ခေတ်သွေးကိုမကြည့်ပဲ သမုပြောလိုက်သည်။
"ဟမ် ! မင်း...မင်းက ငါ့ထက်ငယ်တယ်လေ ဘာလို့ကိုကိုလို့ခေါ်ရမှာလဲ"
ခေတ်သွေးစကားများ ထစ်ကာသမုကို မဝံ့မရဲ ပြန်ပြောလိုက်သည်။သမုကတော့ သူ့ကိုငယ်သည်ဟုပြောရင်မကြိုက်ပေ သူငယ်တာကိုသိသည်။သို့သော် ခေတ်သွေးသူ့ကို ငယ်သည်ဟုပြောလျင်လက်မခံချင်။
ခေတ်သွေးအား မျက်မှောင်ကျုံ့လျက် သမုကြည့်လိုက်တော့ မျက်နှာလွှဲသွားသည့် ခေတ်သွေးကို ဆုပ်သက်တစ်ချက်ထုတ်ကာ....
"အသက်ပဲငယ်တာပါ ကျန်တာတွေအကုန် ခများထက်ကြီးတယ် ကိုကိုလို့ပဲခေါ်မဟုတ်ရင် သုံးလလောက်လမ်းမလျှောက်နိုင်အောင်လုပ်ပြစ်လိုက်မယ် ဘာမှတ်နေလဲ"
ခေတ်သွေးစိတ်ထဲကနေသာ သမုကိုအကြိမ်တစ်ရာလောက်ဆဲနေမိသည်။အပြင်မှာတော့ထုတ်မပြောရဲ။ပြောရင်ပြောတဲ့အတိုင်းလုပ်တက်သည့်ကိုလဲသိသောကြောင့် သူခေါ်ဆိုခေါ်လိုက်မည်။
"အင်းအင်း"
ခေတ်သွေးလဲ သမုနဲ့အပြိုင်စကားနိုင်မလုချင်တာကြောင် အလွယ်သာဖြေလိုက်သည်။ပြီးနောက် ကားမှန်ကိုမှီကာ ခနမျှမျက်လုံးများကိုမှိတ်ထားမိသည်။
"အဟမ်း...အဟမ်း...ထတော့ရောက်ပြီ"
သမုက ချောင်းဟန့်နှိုးတာတောင် အိပ်နေသည့်ခေတ်သွေးကမထပဲဆက်အိပ်နေတာကြောင့်သမုစိတ်တိုလာရသည်။
"အချစ် ထတော့ကွာ ကိုကိုစိတ်မရှည်ဘူးနော်"
"အင်းးးးခေါင်းကိုက်တယ် ခေါင်းကိုက်တယ်"
ခေတ်သွေးက မျက်လုံးမဖွင့်ပဲနဲ့သမုကိုခပ်ချွဲချွဲပြောလိုက်သည်။ ခေတ်သွေးပုံစံလေးကိုကြည့်ပြီးသမုပြာယာခက်သွားရသည်။
"နေမကောင်းတာလား ပြစမ်း"
ခေတ်သွေးရဲ့ဆံနွယ်များအုပ်နေသည့် နှဖူးပြင်လေးကိုကိုင်လျက်မေးသည်။ခေတ်သွေးနေမကောင်းမှာကိုသမုကြောက်ပါသည်။ေနမကောင်းရင် ကလေးတစ်ယောက်လိုချွဲတက်တဲ့ခေတ်သွေးကိုသူမပြုစုတက် ။ခေတ်သွေးနေမကောင်းဖြစ်သည်ကရှားသည် ။စိတ်ရှုပ်စရာတွေရှိမှဖြစ်တက်တာလေ။အခုကသူနဲ့နေလို့စိတ်ရှူပ်နေတာလား။သမုမစဉ်းစားတက်။
"အာ...ငါခေါင်းပဲကိုက်တာ နေကောင်းပါတယ် ငါအခုငြိမ်ငြိမ်လေးပဲနေပါရစေ"
"အင်း ! ဒါဆို France ရောက်မှလိုက်ဝယ်ပေးမယ် အခုတော့ ကျွန်တော်မျိုးအင်္ကျီပဲဝတ်လိုက်နော် အိမ်ပြန်ပြီးနားလိုက်"
တစ်တွတ်တွတ်ပြောနေသည့်သမုကို ခေတ်သွေးနားညီးလာသည် သို့သော်ပြန်မပြောချင် ခေါင်းကိုက်နေရတဲ့ကြားထဲသူ့နဲ့ရန်ဖက်မချင်ချင်တာကြောင့် ငြိမ်ငြိမ်လေးသာနေနေလိုက်သည်။
"ကျုပ်ပြောတာကြားလား ဟာ..မေးနေတယ်လေ"
"အင်းအင်း"
သမုလဲကားပေါ်တက်ကာ သူ့ ကွန်ဒိုကိုသာပြန်လာလိုက်တော့သည်။
အိမ်ပြန်ရောက်တော့ ခေတ်သွေးကို အိမ်မှာအိပ်ခိုင်းပြီးသူကတော့ သူ့အမေအိမ်ကို ခနပြန်မယ်ဆိုကာ ခေတ်သွေးကိုခနထားခဲသည်။
အိမ်ကိုပြန်သာပြန်ရတာ ခေတ်သွေးကိုတစ်ယောက်ထဲထားခဲ့ရတာစ်မချပေ။စိတ်မချလဲ ခနပဲနေပြီအမြန်ပြန်လာမည်ဟုသာတွေးလိုက်သည်။