ပြန်လည်မွေးဖွားလာသောဧကရာဇ် (b...

hinnthawethadar tarafından

34.6K 3.7K 36

Arc 3 chapter (160) ရဲ့ အဆက်ပါ Arc 3 chapter (160) ရဲ႕ အဆက္ပါ Daha Fazla

Arc 3🗡161🗡တံဆိပ်ခတ် ကောင်းကင် သားရဲလေးကောင်
Arc 3🗡162🗡လုရွှမ်ပါးစပ်ဖွင့်ပြီ
Arc 3🗡163🗡အဂ္ဂိရတ်သန့်စင်ခြင်း (ပထမပိုင်း)
Arc 3🗡164🗡အဂ္ဂိရတ်သန့်စင်ခြင်း (ဒုတိယပိုင်း)
Arc 3🗡165🗡ရှေးဟောင်းမြို့ထဲဝင်ပြီ
Arc 3🗡166🗡ရတနာမှန်သမျှ ငါ့လက်ထဲမှာ စုစည်းစေ (ပထမပိုင်း)
Arc 3🗡167🗡ရတနာမှန်သမျှငါ့လက်ထဲသိမ်းစေ (ဒုတိယပိုင်း)
Arc 3🗡168🗡ရှောင်းချင်ထျန်း မျက်နှာပျက်သွားပြီ
Arc 3🗡169🗡လုရွှမ် ပျောက်သွားပြီ (ပထမပိုင်း)
Arc 3🗡170🗡လုရွှမ် ပျောက်သွားပြီ (ဒုတိယပိုင်း)
Arc 3🗡171🗡ရတနာထွက်လာပြီ (ပထမပိုင်း)
Arc 3🗡172🗡ရတနာထွက်လာပြီ (ဒုတိယပိုင်း)
Arc 3🗡173🗡နတ်ဘုရားလက်ဝါး
Arc 3🗡174🗡ရူးသွပ်စွာလိုက်သတ်ခြင်း (ပထမပိုင်း)
Arc 3🗡175🗡ရူးသွပ်စွာလိုက်သတ်ခြင်း (ဒုတိယပိုင်း)
Arc 3🗡176🗡ရှန့်ခုန်းမြေပုံ
Arc 3🗡177🗡ဝူအဆင့်၁၀ (ပထမပိုင်း)
Arc 3🗡178🗡ဝူအဆင့်၁၀ (ဒုတိယပိုင်း)
Arc 3🗡179🗡သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်
Arc 3🗡180🗡စောင့်ဆိုင်းခြင်း (ပထမပိုင်း)
Arc 3🗡181🗡စောင့်ဆိုင်းခြင်း (ဒုတိယပိုင်း)
Arc 3🗡182🗡အဆိပ်ခတ်ထားတာလား?
Arc 3🗡183🗡ဧရာမအလှည့်အပြောင်း (ပထမပိုင်း)
Arc 3🗡184🗡ဧရာမအလှည့်အပြောင်း (ဒုတိယပိုင်း)
Arc 3🗡185🗡ရှေးဟောင်းသစ်ရွက်စိမ်း
Arc 3🗡186🗡အရွက်စိမ်းသစ်ပင်ရဲ့ နှလုံးသား
Arc 3🗡187🗡သန့်စင်ခြင်း
Arc 3🗡188🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ပထမပိုင်း)
Arc 3🗡189🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ဒုတိယပိုင်း)
Arc 3🗡190🗡ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (တတိယပိုင်း)
Arc 3🗡191🗡ယင်းယန်အမိန့်
Arc 3🗡192🗡တကယ်ပဲ အရမ်းရက်စက်တာလား?
Arc 3🗡193🗡ယင်းယန်ရေကန်ထဲဝင်ခြင်း
Arc 3🗡194🗡 ဧရိယာ၃
Arc 3🗡195🗡သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင်၄ ကျိုချင်းနယ်ပယ်
Arc 3🗡196🗡ငါလည်း သူ့ကို သတ်ချင်တယ်!
Arc 3🗡197🗡အားကြီးသော တောင်​ဖောက်နဂါး (ပထမပိုင်း)
Arc 3🗡198🗡အားကြီးသောတောင်ဖောက်နဂါး (ဒုတိယပိုင်း)
Arc 3🗡199🗡အားကြီးသောတောင်ဖောက်နဂါး (တတိယပိုင်း)
Arc 3🗡200🗡အားလုံးကို သတ်ပစ်လိုက်တာ!
Arc 3🗡201🗡စိတ်စွမ်းအား ၁၅
Arc 3🗡202🗡 ကျောင်းအုပ်ကြီးကိုကန်ကျောက်ခြင်း
Arc 3🗡203🗡အိုးယန်ရွှမ်းကို သတ်လိုက်
Arc 3🗡204🗡စစ်သေနာပတိဟူရှောက်ကို သတ်ပစ်ပြီ
Arc 3🗡205🗡မင်းသမီးလော့ရုံရဲ့ ခန့်မှန်းချက်
Arc 3🗡206🗡ကျန်းရှောက်ချန်ပြန်လာပြီ
Arc 3🗡207🗡အဆင့်၉ အခင်းအကျင်း တံဆိပ်ပြား
Arc 3🗡208🗡ရှောင်းမိသားစုကလူများ
Arc 3🗡209🗡ဟန်ရောင်ရဲ့ဆရာ
Arc 3🗡210🗡စိန်ခေါ်စာ
Arc 3🗡211🗡ပေရွှီး တော်ဝင်အင်ပါယာရဲ့ သခင် ပြောင်းလဲချိန်ရောက်ပြီ
Arc 3🗡212🗡ဝှက်ဖဲကဘာလဲ?
Arc 3🗡213🗡ပြိုင်ပွဲစင်မြင့်
Arc 3🗡214🗡လှောင်အိမ် စွမ်းအင်လမ်းကြောင်း
Arc 3🗡215🗡တောင့်တင်းမှုမှ ပျော့ပျောင်းမှုသို့
Arc 3🗡216🗡အဆင့်၅ကို ထိုးဖောက်ခြင်း (ပထမပိုင်း)
Arc 3🗡217🗡အဆင့်၅ကို ထိုးဖောက်ခြင်း (ဒုတိယပိုင်း)
Arc 3🗡218🗡အဆင့်၅ကို ထိုးဖောက်ခြင်း (တတိယပိုင်း)
Arc 3🗡219🗡စိတ်စွမ်းအား ၁၆
Arc 3🗡220🗡အရှက်မရှိကြသူများ
Arc 3🗡221🗡ကာကွယ်မှု အခင်းအကျင်းကြီး
Arc 3🗡222🗡ထပ်ခါထပ်ခါ သတ်ပြီ
Arc 3🗡223🗡ပျံသန်းသွားခြင်း
Arc 3🗡224🗡ဘိုးဘေးများကိုအံ့သြစေသူ
Arc 3🗡225🗡ရတနာအခန်း
Arc 3🗡226🗡နဂါးရုပ်တု
Arc 3🗡227🗡စစ်သူရဲများ
Arc 3🗡228🗡ကျောင်းအုပ်အသစ်
Arc 3🗡229🗡ထွက်ခွာရန်ပြင်ဆင်ခြင်း
Arc 3🗡230🗡တိမ်တိုက်ငှက်
Arc 4🗡1🗡တြိဂံဧရိယာ
Arc 4🗡2🗡မှော်တစ်ထောင်စံအိမ်
Arc 4🗡3🗡ဓားအပိုင်းအစ
Arc 4🗡4🗡ရှီးမန်ကျွင့်
Arc 4🗡5🗡သတ်ဖြတ်ပြီ
Arc 4🗡6🗡အရိပ်လူသတ်ခန်းမ
Arc 4🗡7🗡တံခါးဝကို ရောက်ရှိခြင်း
Arc 4🗡8🗡အစိမ်းရောင်ဓားအလင်း
Arc 4🗡9🗡ဝိညာဥ်အစားအစာ
Arc 4🗡10🗡ခူးရုန်မြက်
Arc 4🗡11🗡သန့်စင်ဖို့စတင်ခြင်း
Arc 4🗡12🗡ထွက်ခွာခြင်း
Arc 4🗡13🗡လမ်းညွှန်တံဆိပ်ပြား
Arc 4🗡14🗡ထိုက်ကျိရဲ့ရှေ့ပြေးပုံစံ
Arc 4🗡15🗡သတ်ဖြတ်လေပြီ
Arc 4🗡16🗡တော်ဝင်အင်ပါယာရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်
Arc 4🗡17🗡ပြေးပြီ
Arc 4🗡18🗡စိတ်စွမ်းအား ထိုးဖောက်သွားပြီ
Arc 4🗡19🗡စက္ကန့်အပိုင်းအတွင်းသတ်ခြင်း
Arc 4🗡20🗡မြို့ကိုပြန်ခြင်း
Arc 4🗡21🗡ဖောက်ခွဲသတ်ဖြတ်ခြင်း အခင်းအကျင်း
Arc 4🗡22🗡စိတ်ဝိညာဥ်ဆေး
Arc 4🗡23🗡စုပေါင်းအောင်မြင်မှု
Arc 4🗡24🗡ယွမ်စံအိမ်၏စံအိမ်သခင်
Arc 4🗡25🗡လက်ဝါးတစ်ချက်တည်း
Arc 4🗡26🗡စစ်မှန်တဲ့ နဂါးနှလုံး
Arc 4🗡27🗡ယွမ်စံအိမ်အား ညအချိန်တွင် ဝင်ရောက်စီးနင်းခြင်း
Arc 4🗡28🗡နဂါးဦးခေါင်း ရေကန်
Arc 4🗡29🗡နဂါးသွေးသံ
Arc 4🗡30🗡အရှိန်တင်မယ်
Arc 4🗡31🗡လူသတ်သမားကို ဆွဲဆောင်ခြင်း
Arc 4🗡32🗡ကျွန်ဈေးကွက်
Arc 4🗡33🗡ပြိုကျသွားပြီ
Arc 4🗡34🗡အဆိပ်မိခြင်း
Arc 4🗡35🗡ခရမ်းရောင်မီးခို အဆိပ်
Arc 4🗡36🗡သွေးကြောများ တိုးမြှင့်လာပြီ
Arc 4🗡37🗡တတိယနန်းတော်ပင်လယ်
Arc 4🗡38🗡နှစ်လ
Arc 4🗡39🗡 မျှော်စင်ကိုးထပ်
Arc 4🗡40🗡နောက်ထပ်နှစ်လုံးလောက်
Arc 4🗡41🗡သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆
Arc 4🗡42🗡သူတော်စင်တစ်ပိုင်း
Arc 4🗡43🗡ချိလော့တောင်
Arc 4🗡44🗡ချိုင့်ဝှမ်းအတွင်းသို့
Arc 4🗡45🗡ချိုင့်ဝှမ်းထဲကတိုက်ပွဲ
Arc 4🗡46🗡စစ်ကူတွေ ရောက်လာပြီ
Arc 4🗡47🗡ရန်သူတစ်သိန်းကိုအနိုင်ယူခြင်း ဒဏ္ဍာရီ
Arc 4🗡48🗡အဂ္ဂိရတ်ပညာရှင် အဖွဲ့ရဲ့ ခေါင်းဆောင်ကို သတ်လိုက်ပြီ
Arc 4🗡49🗡ဆေးဥယျာဉ်
Arc 4🗡50🗡ပန်းနီမိန်းကလေး
Arc 4🗡51🗡ဝိညာဥ်ချီပေါင်းစည်းမှု
Arc 4🗡52🗡မိမိဘာသာသေလမ်းရှာခြင်း
Arc 4🗡53🗡ဖရိုဖရဲဖြစ်လာပြီ
Arc 4🗡54🗡ကောင်းကင်ကံကြမ္မာဓမ္မခန္ဓာကိုယ်
Arc 4🗡55🗡မ​ရှိတော့ဘူး
Arc 4🗡56🗡အခွင့်အလမ်း
Arc 4🗡57🗡လူအုပ်ကြီးရှေ့မှာ
Arc 4🗡58🗡သွေးပိုးကောင်
Arc 4🗡59🗡လက်တစ်ဖက်တည်းနဲ့ ရှင်းထုတ်ခြင်း
Arc 4🗡60🗡ထူးဆန်းတဲ့ ရတနာရဲ့ အငွေ့အသက်
Arc 4🗡61🗡မြန့်ရှန်ပန်း
Arc 4🗡62🗡လူထောင်ပေါင်းများစွာ စုဝေးကြရာ
Arc 4🗡63🗡ထျန်အိမ်ကလူတွေလာပြီ
Arc 4🗡64🗡မောက်မာသော ထျန်မိသားစု
Arc 4🗡65🗡လက်ဝါးစွမ်းအင်
Arc 4🗡66🗡ဆရာတူဦးလေးလို့ခေါ်
Arc 4🗡67🗡 လူလိမ်
Arc 4🗡68🗡မျက်နှာဖြူ ပညာရှင်
Arc 4🗡69🗡အခင်းအကျင်းထဲ ပိတ်မိနေပြီ
Arc 4🗡70🗡စီစဉ်ရခြင်းအကြောင်းရင်း
Arc 4🗡71🗡 နိယာမနတ်သူငယ်
Arc 4🗡72🗡ယွမ်စံအိမ်နဲ့ဆက်ဆံရေး
Arc 4🗡73🗡ထူးဆန်းသောအဘွားကြီး
Arc 4🗡74🗡တောက်ပနေသောတိမ်တိုက်
Arc 4🗡75🗡အင်အားစုများ၏ ရုန်းရင်ဆန်ခတ်မှုများ
Arc 4🗡76🗡မိုးကြိုးလျှပ်စီးကြောင်း
Arc 4🗡77🗡နိယာမစွမ်းအင် ရလာတဲ့ ခန္ဓာကိုယ်
Arc 4🗡78🗡မိမိကိုယ်ကို နှိပ်စက်ခြင်း
Arc 4🗡79🗡လိမ်လည်လှည့်စားမှု
Arc 4🗡80🗡ဘယ်သူက ပိုပါးနပ်မလဲ
Arc 4🗡81🗡အသက်ရှင်ရာလမ်း
Arc 4🗡82🗡 ထွက်ခွာခြင်းနှင့် နေရစ်ခြင်း
Arc 4🗡83🗡အားလုံးသေကုန်ပြီ
Arc 4🗡84🗡လုရွှမ် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီ
Arc 4🗡85🗡နတ်ဆေးလုံးမြို့
Arc 4🗡86🗡ဖုန်ရှန်ဧကရာဇ် အင်ပါယာက မင်းသားငယ်
Arc 4🗡87🗡မြို့သခင်ကျောင်းကျန့်
Arc 4🗡88🗡မြို့သခင်ရဲ့သရုပ်ဆောင်မှု
Arc 4🗡89🗡ရွှီချင့်ရဲ့သူတော်စင်တစ်ပိုင်း အသွင်အပြင်
Arc 4🗡90🗡လုရွှမ်ရဲ့ကျိန်ဆိုချက်
Arc 4🗡91🗡အံ့ဖွယ်လူသား
Arc 4🗡92🗡ကျောင်းကျန့် လက်နက်ချလိုက်ပြီ
Arc 4🗡93🗡ယဲ့ကူ
Arc 4🗡94🗡အသက်ရှင်လျက်သေရခြင်း
Arc 4🗡95🗡ဆွဲဆောင်ခြင်း
Arc 4🗡96🗡တစ်ဖက်သတ် လူသတ်ပွဲ
Arc 4🗡97🗡ပွေရှုပ်တဲ့ မြို့သခင်
Arc 4🗡98🗡တစ်ယောက်သေ တစ်ယောက်လက်ခံ
Arc 4🗡99🗡တစ်နှစ်
Arc 4🗡100🗡ကျောင်းတော်ကြီးလေးခု
Arc 4🗡101🗡နဂါးဝိညာဉ်မြက်
Arc 4🗡102🗡ကြောက်စရာကောင်းသောလူ
Arc 4🗡103🗡စုပ်ယူပြီးပြီ
Arc 4🗡104🗡လက်ဝါးတစ်ချက်၏စွမ်းအား
Arc 4🗡105🗡သူတော်စင်ဝိညာဥ်မြက်ကို ကုသမယ်
Arc 4🗡106🗡ယွိလင်းလုံ
Arc 4🗡107🗡လေပြင်းလက်ဝါး
Arc 4🗡108🗡လူသတ်ဓားရဲ့အစွမ်း
Arc 4🗡109🗡သတ်လိုက်
Arc 4🗡110🗡အခင်းအကျင်းထဲကျ​ရောက်ခြင်း
Arc 4🗡111🗡​သာလွန်သောဖြစ်တည်မှု
Arc 4🗡112🗡ခိုးဝင်တိုက်ခိုက်မှု
Arc 4🗡113🗡သူတော်စင်တစ်ပိုင်းသို့ ရောက်ရှိခြင်း
Arc 4🗡114🗡ခေါ်ယူခြင်း
Arc 4🗡115🗡ရှန်းလင်တည်းခိုခန်း
Arc 4🗡116🗡အနီရောင်ဝတ်စုံနဲ့ မိန်းကလေး
Arc 4🗡117🗡ပိုင်ရှင်အမျိုးသမီး
Arc 4🗡118🗡ပိုက်ဆံဆုံးရှုံးရပြီ
Arc 4🗡119🗡လွမ့်ထျန်းသစ်တော
Arc 4🗡120🗡အသက်သခင် ကျေးဇူးရှင်
Arc 4🗡122🗡သားရဲဒီရေ
Arc 4🗡123🗡လျှိုဝှက်မှော်အခင်းအကျင်း
Arc 4🗡124🗡ဒြပ်စင်ငါးခုသမင်
Arc 4🗡125🗡အနက်ရောင်လမ်းကျဉ်း
Arc 4🗡126🗡ဆိုင်ရှင်အမျိုးသမီး ပြန်ပေါ်လာပြီ
Arc 4🗡127🗡အဒေါ်နဲ့တူမ
Arc 4🗡128🗡ကံဆိုးမှု
Arc 4🗡129🗡နဂါးအရိုးကြီး
Arc 4🗡130🗡ကြီးနိုင်ငယ်ညှင်း

Arc 4🗡121🗡သားရဲကင်ရနံ့

97 12 0
hinnthawethadar tarafından

Chapter (121) Arc 4
သားရဲကင်ရနံ့

"ဟေ့ ငါနင့်ကိုပြောနေတာ မကြားဘူးလား? ဘာလို့မဖြေတာလဲ?"

"တွန့်တိုတဲ့လူကြီး... ဝိညာဥ်ကျောက်တုံး ၂၀၀၀၀ ပေးထားတဲ့ မျက်နှာနဲ့ လာလုပ်နေတယ်... ငါနင့်အသက်ကိုတောင် ကယ်ခဲ့တာ မဟုတ်ဘူးလား? နင်ဘယ်လို မျက်နှာမျိုး လုပ်ပြနေတာလဲ"

လုရွှမ် သူ့အတွေးနယ်ထဲမှ သတိ ပြန်လည်လာစဥ် ဟုန်ချောင်ရဲ့ စိတ်တိုတိုနဲ့ ကြည့်နေတဲ့ မျက်လုံးတွေကို မြင်ရတော် ခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်မိသည်။

"ဒီမိန်းကလေး ဒေါသတော်တော် ကြီးတာပဲ"
.......

"ငါ တစ်ခုခုကို တွေးနေတာကြောင့် မင်းနဲ့ စကားမပြောဖြစ်တာ"

လုရွှမ် မတတ်နိုင်ပေ။ သူတစ်ခုခု ပြန်မပြောရင် ဒီကောင်မလေးက အဆုံးမသတ်ဘဲ အော်ဟစ်နေလိမ့်မယ်။ ဟုန်ချောင် ရှက်ရွံ့ကာ မယုံနိုင်စွာ အော်ပြောလာပြန်၏။

"နင်အဲဒါကို စဉ်းစားနေလည်း စကားပြောလို့ ရတယ်!"

"ပြဿနာကို ပါးစပ်နဲ့ အဖြေရှာတာ မဟုတ်ဘူး... ဦးနှောက်နဲ့ အဖြေရှာနေတာ"

"တွန့်တိုတဲ့လူကြီး!"

"ဒီကမ္ဘာငယ်က ထူးထူးခြားခြား ဖြစ်နေတော့ ယေဘူယျ စည်းမျဉ်းတွေက ဒီမှာ အသုံးမဝင်ဘူး....  ငါတို့က လူတိုင်းနဲ့ ကွဲကွာနေပုံရသလိုနဲ့ ဒါပေမဲ့ တကယ်တော့ ငါတို့က ဒီသစ်တောရဲ့ အလယ်ဗဟိုကို အဆက်မပြတ် စုဝေးလာနေကြတာ.... အဲဒါကြောင့် ငါတို့နဲ့ တခြားသူတွေကို တွေ့နေတာ"

ထိုစကားကို ကြားတော့ ဟုန်ချောင် ရှက်ရွံ့စွာဖြင့် ပါးစပ်ကို ပိတ်လိုက်ကာ ဒါက အဓိပ္ပာယ်ရှိကြောင်း သူမလည်း နားလည်လိုက်သည်။

"အခု မင်းရဲ့စိတ်တွေကို စုစည်းထား...သေချာ စဉ်းစားပြီး သတိနဲ့နေတာ အကောင်းဆုံးပဲ...  ငါတို့တွေ မကြာခဏဆိုသလို အချင်းချင်း တိုက်ခိုက် ရန်ဖြစ်နေကြပြီ ဆိုတော့ ငါတို့ ဗဟိုချက်ကို ရောက်လုနီးနေပြီလို့ ဆိုလိုတာပဲ ဒီလောက်ဆို ငါမင်းကို သတိပေးစရာ မလိုဘူးမဟုတ်လား?"

ဟုန်ချောင်လည်း

"ဒါက ဘယ်လို အန္တရာယ်ထဲ ရောက်နေပြီလဲ ဆိုတာ မသိဘူး...."

ပြောလိုက်ပြီးနောက် သူမ ပါးစပ်ကို ပိတ်၍ နောက်ကျောမှ လက်နက်ကို ဆွဲထုတ်၍ ပတ်ဝန်းကျင်ကို အာရုံစိုက်လိုက်သည်။

လုရွှမ် ကူကယ်ရာမဲ့ ဖြစ်သွား၏။ ယခင်က သူ့လက်နက်များကို ကျောက်စိမ်းပြားအတွင်း သိမ်းဆည်းထားကာ အသုံးပြုသောအခါတွင် ၎င်းကို တွေးလိုက်ရုံဖြင့် သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။ မး

မည်မျှပင် ပြောင်မြောက်ပြီး ကြော့ရှင်းနေပါစေ ယခုတော့ သူ့မှာ ဘာလက်နက်မှ မရှိတော့ပေ။

"နင့်ရဲ့လက်နက်က ဘယ်မှာလဲ?"

လုရွှမ် သူ့လက်သီးများကိုသာ ဝှေ့ယမ်းပြလိုက်သည်။ ဟုန်ချောင် အရှက်ကွဲသွားသလို ခံစားလိုက်ရကာ လုရွှမ်ကို မျက်နှာလွှဲပစ်လေ၏။

“သွေးနံ့လား?”

နှစ်ယောက်သား တညီတညွတ်တည်း အော်ဟစ်ကာ သွေးနံ့ပြင်းသည့် နေရာဆီသို့ ပြေးသွားကြသည်။

ကောင်းကင်ကို မော့ကြည့်လိုက်သော် သစ်ပင်တစ်ပင်ပေါ်တွင် သွေးများ ရွှဲနစ်နေတဲ့ သေးငယ်သော သားရဲတစ်ကောင်သည် သစ်ပင်သစ်ကိုင်းပေါ်တွင် သေဆုံး​နေပြီး မြှားရှည်ဖြင့် ထိုးဖောက်ခံထားရ၏။ ၎င်းသည် အသုံးမဝင်သော်လည်း အရသာရှိသော သားရဲတစ်ကောင် ဖြစ်သည်။

မနီးမဝေး မြေပြင်ပေါ်တွင် သွေးအိုင်မှလွဲ၍ အထုပ်တစ်ထုပ်သာ ရှိသည်။

အဖြစ်အပျက်က ရှင်းရှင်းလင်းလင်း သိသာထင်ရှားပါ၏။ တစ်ယောက်ယောက်က သူတော်စင်သားရဲ တစ်ကောင်ကို တွေ့သွားခဲ့ပုံပင်။ သူက သားရဲလေးကို ဖမ်းပြီး ဖြားယောင်း သွေးဆောင်ခဲ့သည်။

သားရဲလေးရဲ့ မိဘတွေ ထွက်လာပြီး ထိုလူကို စားပစ်ခဲ့တာကြောင့် သွေးအိုင်သာ ကျန်တော့ခြင်းပင်။

"ဒီသားရဲလေးက အရမ်းသနားဖို့ ကောင်းတာပဲ.... ငါတို့ မြှုပ်လိုက်မလား?"

ဟုန်ချောင် ရုတ်တရက် ထပြောလိုက်သည်။

လုရွှမ် မျက်လုံးကို မှိတ်ချလိုက်ပြီး မူလက စားရအောင်လို့ ပြောလိုက်ချင်သည်။ ဘာပဲဖြစ်ဖြစ် ဆယ်ရက်ဆက်တိုက် ဘာမှ မစားရ​သေးဘူး ဆိုတော့ အစားအသောက်ကို စားရဦးမယ်လေ။

ဟုန်ချောင်ကတော့ လုရွှမ်ကို လုံးဝ လျစ်လျူရှုခဲ့သည်။ ယခုအချိန်တွင် သူမ၏စိတ်သည် သားရဲလေးပေါ်တွင်သာ တွယ်ကပ်နေ၏။ မြှားကိုဖြုတ်ကာ တွင်းတစ်ခုတူး၍ ၎င်းကိုမြှုပ်နှံကာ သင်္ချိုင်းဂူတစ်ခုပင် ပြုလုပ်ခဲ့သည်။

"ဘာလဲ? သူ နင့်အသက်ကို ကယ်ခဲ့ဖူးလို့လား?"

လုရွှမ်ရဲ့ စိတ်ဓာတ်ကျနေတဲ့ ပုံစံကို မြင်တော့ ဟုန်ချောင်က ယုံကြည်မှုအပြည့်နဲ့ အော်လိုက်လေသည်။

လုရွှမ် သူထောင်ချောက်ထဲသို့ ကျသွားမှန်း ရုတ်တရက် သဘောပေါက်သွားပြီး ကလေးမလေးက စကား လှည့်ကွက်များစွာ ရှိနေတာပဲ။ သူ့အသက်ကို ကယ်တင်တာက တစ်ကြိမ်ပဲ ဆိုပေမယ့် တစ်သက်လုံး ပြန်ဆပ်လို့ မဆုံးနိုင်တော့မှာကို စိုးရိမ်မိသည်။

"သတိထား... တစ်ယောက်ယောက် လာနေပြီ!"

လုရွှမ်ရဲ့ စိတ်ဝိညာဉ် စွမ်းအားတွေကို ဖြန့်ကျက်ထားတာကြောင့် တစ်စုံတစ်ယောက် လာနေတာကို ခံစားမိလိုက်သည်။ ရောက်လာသူက လူများပြီး သူတို့၏ ခွန်အားသည် အလွန်အားကောင်းနေပါသည်။

လုရွှမ် ဟုန်ချောင်ကို သတိပေးကာ နှစ်ယောက်သား အမြန် ပုန်းနေလိုက်သည်။

အခင်းအကျင်း တံဆိပ်ပြား မရှိသော်လည်း လုရွှမ် သူ့ရဲ့ ကျင့်ကြံမှုအခြေခံဖြင့် စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြု၍ ၎င်းတို့နှစ်ဦးအား ဖုံးအုပ်ထားရန် လုံလောက်ပါ၏။ တစ်ခုတည်းသော အားနည်းချက်မှာ လူများကို ရှောင်နိုင်သော်လည်း အာရုံခြောက်ပါးရှိသောသူတော်စင်တချို့ကိုရှောင်လွှဲ၍မရပါ။ သားရဲ.သညာ။

ခြေသံများကြားတွင် လူရှစ်ဦး ဆက်တိုက်ဆိုသလို ထွက်လာရာ တစ်စုံတစ်ယောက်သည် ရိုးရိုးရှင်းရှင်း အဖွဲ့တစ်ဖွဲ့ကို ဦးဆောင် ဖွဲ့စည်းခဲ့ပုံပင်။

"အစ်ကိုပိုင် ဘာဖြစ်နေတာလဲ ပြောပါဦး.... ငါတို့ လမ်းလျှောက်လာတာ ဆယ်ရက်ရှိပြီ သူတော်စင် သားရဲ မပြောနဲ့.... ငှက်တစ်ကောင်တောင် မတွေ့ရ​သေးဘူး"

စကားပြောလာတဲ့ လူက အဘိုးကြီး တစ်ယောက်ဖြစ်ပေမယ့် အစ်ကိုပိုင်လို့ ခေါ်တဲ့လူက လူလတ်ပိုင်း တစ်ယောက်ပင်။ သူတော်စင်တစ်ပိုင်း အဆင့်၅ သိုင်းပညာရှင်ဖြစ်လို့ ၎င်း၏ ကျင့်​ကြံမှုအဆင့် အပေါ်မူတည်၍ ၎င်း၏ သာလွန်ကောင်းမွန်မှုကို အကဲဖြတ်လျှင် "အစ်ကိုပိုင်" ဟူသော ဘွဲ့ကို သဘာဝအတိုင်း ရထိုက်ပါသည်။

"ကျွန်တော် ဒီတစ်ခေါက် အပြင်မထွက်လာခင် ဦးလေးကို လာဘ်ထိုးပြီး နိမိတ်ဖတ်ပေးဖို့ တောင်းဆိုခဲ့တယ်.... ဒီတစ်ခါ နိမိတ်ဖတ်တော့ မြူမှိုင်းတွေပဲ ဆိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပေမယ့် ထူးထူးခြားခြား အကျိုးကျေးဇူးတွေလည်း ရနိုင်တယ်...  သေဖို့လည်း အရမ်းအန္တရာယ်များတယ်"

ကျင့်ကြံသူပိုင်က တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဆက်ပြောလေ၏။

"တကယ်တော့ ဦးလေးက ကျွန်တော့်ကို လာဖို့ အကြံပေးတာ မဟုတ်ဘူး.... ဒါပေမဲ့ ကျင့်ကြံသူဆိုတာ ကောင်းကင်ကို တွန်းလှန် ဆန့်ကျင်ဖို့ပဲလေ.... မကျင့်ကြံရင် အန္တရာယ်နဲ့ ကြုံလာတဲ့အခါ ကျွန်​တော်တို့ ဘယ်လိုလုပ် တားဆီးနိုင်မလဲ? နောက်ပြီး အခုကျွန်တော်တို့ လွမ့်ထျန်းတောထဲကို ရောက်နေပြီ... နောင်တရနေလို့ အသုံးမဝင်ဘူး.... ဒါကြောင့် ရှေ့ကို ဆက်လျှောက်တာ ပိုကောင်းတယ်"

"အစ်ကိုပိုင် ပြောတာ မှန်ပါတယ်!"

လူအုပ်ကြီးက ထပ်ခါထပ်ခါ ချီးမွမ်း​လေသည်။

အခင်းအကျင်း ဖွဲ့စည်းမှုအတွင်း ဟုန်ချောင်သည် အံ့သြတကြီးဖြင့် ဖွဲ့စည်းတည်ဆောက်ပုံကို ကြည့်ပြီး ခဏအကြာတွင် ငြိမ်သက်သွားသည်။ လုရွှမ်၏ မျက်လုံးကြီးများကို ပထမဆုံးအကြိမ် တွေ့ဆုံရသကဲ့သို့ မှိတ်တုတ်မှိတ်တုတ်ဖြင့် ကြည့်နေမိသည်။

ယခုအချိန်တွင် လုရွှမ်၏ မျက်လုံးများထဲက တစ်ဖက်လူအပေါ် သံသယကို မြင်လိုက်ရတော့ သူမသည် ဂုဏ်ယူစွာ အော်လိုက်ပြီး

"အဲ့ဒီလူက ဘယ်သူများလဲလို့.... အဲဒါက သေးသေးလေးထဲက လူတစ်ယောက်ပါပဲ.... အဲဒီလူကို ပိုင်ကျစ်ရှန်လို့ ခေါ်တယ်.... ထုံးယန်ဧကရာဇ်အင်ပါယာ ပိုင်မိသားစုက... ထုံးယန်ဧကရာဇ်အင်ပါယာက အလယ်အလတ်အဆင့် အင်ပါယာဖြစ်ပေမယ့် ပိုင်မိသားစုရဲ့ တည်ရှိမှုကြောင့် တချို့အဆင့်မြင့် ဧကရာဇ်အင်ပါယာတွေကတောင် သူတို့ကို မျက်နှာသာ ပေးရတယ်"

"ပိုင်မိသားစုက နိမိတ်ဖတ်တဲ့ နေရာမှာ အတော်ဆုံးပဲ..."

ဤလူ၏ မျိုးရိုးအမည်မှာ ပိုင်ဖြစ်သည်ကို ကြားသိပြီးနောက် လုရွှမ် ပိုင်မိသားစု အကြောင်းကို ယခင်က ကြားဖူးခဲ့ကြောင်း သတိရသွားသည်။ သို့သော် သူအရင်ဘဝကတည်းက ကောင်းကင်အလိုကို မယုံကြည်ခဲ့ဘဲ သူ့ဘဝကို သူပိုင်တယ်ဟုသာ ယုံကြည်ခဲ့သူ ဖြစ်၏။

ထို့ကြောင့် သူသည် နိမိတ်ဟောခြင်းအကြောင်း အနည်းငယ် သိသော်လည်း လေးနက်စွာ နားမလည်ခဲ့ပေ။ ထိုပိုင်မိသားစုကိုတော့ သူသိပါ၏။

ဒီဘ၀မှာ သူ့စိတ်ဓာတ်တွေ ပြောင်းလဲသွားခဲ့ပြီ။ အရင်ဘဝက မောက်မာမှုတွေနဲ့ ယှဉ်ရင် အခုစိတ်က ပိုတည်ငြိမ်လာ​ပြီ။ ဒီအချိန်မှာ ပိုင်ကျစ်ရှန်းရဲ့ စကားကို နားထောင်ရင်းနဲ့ အဓိပ္ပာယ်ရှိတယ်လို့ ခံစားမိကာ တိတ်တိတ်လေး ခေါင်းညိတ်လိုက်သည်။

"ဟေး ဒါက..."

တစ်စုံတစ်ယောက်က ဟုန်ချောင် တည်ထားတဲ့ သင်္ချိုင်းဂူကို နောက်ဆုံးတော့ တွေ့သွားသည်။ လုရွှမ် ဟုန်ချောင်ကို ကြည့်လိုက်တော့ သူမက ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာပျက်သွားသည်။

"ယွမ်မုသားရဲ.... ဟဲဟဲ ဒီနေ့တော့ စားဖို့ အချိန်ရောက်ပြီ!"

တစ်စုံတစ်ယောက်က ယွမ်မုသားရဲကို မြေပြင်ထဲကနေ တူးထုတ်ပြီး ချက်ချင်းပဲ သန့်စင်ကာ မီးနဲ့ ကင်လိုက်သည်။

"စိတ်မပူပါနဲ့... ငါတို့စောင့်ကြည့်နေတာ ကြာပြီ ဒီမှာသူတော်စင် သားရဲတွေ ပုန်းနေရင် အစောကတည်းက ထွက်လောက်ပြီ...  ဒါကြောင့် အရင်စားရအောင်"

ပိုင်ကျစ်ရှန်းက ခဏလောက် တုံ့ဆိုင်းသွားပေမယ့် ဘာမှ ထပ်မတောင်းဆိုတော့ပေ။ လမ်းတစ်လျှောက်မှာ အစွန်းရောက် စွမ်းအားတွေ ထုတ်လွှတ်ခဲ့တာတောင် သူတော်စင် သားရဲတွေ ထွက်လာတာကို မတွေ့ခဲ့ရဘူးလေ။

ဟုန်ချောင် ဒေါသတကြီးဖြင့် သူမ လက်သီးများကို တင်းတင်း ဆုပ်လိုက်မိသည်။

"ဒီလူယုတ်မာတွေတော့...."

ပြင်းထန်သော ရနံ့တစ်ခုသည် အဝေးသို့ ပျံ့လွင့်လာကာ လုရွှမ်သည် သူ့နှာခေါင်းမှ အနံ့ကို ဆက်လက် စုပ်ယူလိုက်ပြီး ဟုန်ချောင်ကတော့ ဒေါသတကြီး သွားများကို အံကြိတ်ကာ တိတ်တိတ်လေး ကျိန်ဆဲလိုက်​တော့သည်။

လုရွှမ်သည် သူမအား အာရုံစိုက်ရန် စိတ်မ၀င်စားချေ။ အကြိမ်အနည်းငယ် ဒဏ်ရာရပြီးနောက် ဤမိန်းကလေးလည်း ရင့်ကျက်လာခဲ့သည်။

"မင်းဘာကို ကြောက်နေတာလဲ? သူတော်စင် သားရဲတွေ ရောက်လာရင်တောင် သူတို့အုပ်စုကြီး တစ်ခုလုံး ရှိနေတုန်းပဲလေ.... သေစမ်း ငါတို့ရဲ့ အခင်းအကျင်းက တောင့်မခံနိုင်တော့ဘူး... မြန်မြန်ထွက်!"

လုရွှမ်ရဲ့ စိတ့ဝိညာဉ်စွမ်းအားက အလွန်အမင်း ခံနိုင်ရည်ရှိပြီး လှုပ်ရှားမှု တစ်ခုကို ချက်ချင်းခံစားလိုက်ရသည်။ သူတော်စင် သားရဲများမှာ ထိုအသားကင် ရနံ့ကြောင့် ၎င်းတို့ တကယ်ကို ဆွဲဆောင်ခံလိုက်ရလေပြီ။




Chapter (121) Arc 4
သားရဲကင္ရနံ႕

"ေဟ့ ငါနင့္ကိုေျပာေနတာ မၾကားဘူးလား? ဘာလို႔မေျဖတာလဲ?"

"တြန႔္တိုတဲ့လူႀကီး... ဝိညာဥ္ေက်ာက္တုံး ၂၀၀၀၀ ေပးထားတဲ့ မ်က္ႏွာနဲ႕ လာလုပ္ေနတယ္... ငါနင့္အသက္ကိုေတာင္ ကယ္ခဲ့တာ မဟုတ္ဘူးလား? နင္ဘယ္လို မ်က္ႏွာမ်ိဳး လုပ္ျပေနတာလဲ"

လု႐ႊမ္ သူ႕အေတြးနယ္ထဲမွ သတိ ျပန္လည္လာစဥ္ ဟုန္ေခ်ာင္ရဲ႕ စိတ္တိုတိုနဲ႕ ၾကည့္ေနတဲ့ မ်က္လုံးေတြကို ျမင္ရေတာ္ ေခါင္းကို တိတ္တဆိတ္ ခါယမ္းလိုက္မိသည္။

"ဒီမိန္းကေလး ေဒါသေတာ္ေတာ္ ႀကီးတာပဲ"
.......

"ငါ တစ္ခုခုကို ေတြးေနတာေၾကာင့္ မင္းနဲ႕ စကားမေျပာျဖစ္တာ"

လု႐ႊမ္ မတတ္နိုင္ေပ။ သူတစ္ခုခု ျပန္မေျပာရင္ ဒီေကာင္မေလးက အဆုံးမသတ္ဘဲ ေအာ္ဟစ္ေနလိမ့္မယ္။ ဟုန္ေခ်ာင္ ရွက္႐ြံ႕ကာ မယုံနိုင္စြာ ေအာ္ေျပာလာျပန္၏။

"နင္အဲဒါကို စဥ္းစားေနလည္း စကားေျပာလို႔ ရတယ္!"

"ျပႆနာကို ပါးစပ္နဲ႕ အေျဖရွာတာ မဟုတ္ဘူး... ဦးႏွောက္နဲ႕ အေျဖရွာေနတာ"

"တြန႔္တိုတဲ့လူႀကီး!"

"ဒီကမၻာငယ္က ထူးထူးျခားျခား ျဖစ္ေနေတာ့ ေယဘူယ် စည္းမ်ဥ္းေတြက ဒီမွာ အသုံးမဝင္ဘူး....  ငါတို႔က လူတိုင္းနဲ႕ ကြဲကြာေနပုံရသလိုနဲ႕ ဒါေပမဲ့ တကယ္ေတာ့ ငါတို႔က ဒီသစ္ေတာရဲ႕ အလယ္ဗဟိုကို အဆက္မျပတ္ စုေဝးလာေနၾကတာ.... အဲဒါေၾကာင့္ ငါတို႔နဲ႕ တျခားသူေတြကို ေတြ႕ေနတာ"

ထိုစကားကို ၾကားေတာ့ ဟုန္ေခ်ာင္ ရွက္႐ြံ႕စြာျဖင့္ ပါးစပ္ကို ပိတ္လိုက္ကာ ဒါက အဓိပၸာယ္ရွိေၾကာင္း သူမလည္း နားလည္လိုက္သည္။

"အခု မင္းရဲ႕စိတ္ေတြကို စုစည္းထား...ေသခ်ာ စဥ္းစားၿပီး သတိနဲ႕ေနတာ အေကာင္းဆုံးပဲ...  ငါတို႔ေတြ မၾကာခဏဆိုသလို အခ်င္းခ်င္း တိုက္ခိုက္ ရန္ျဖစ္ေနၾကၿပီ ဆိုေတာ့ ငါတို႔ ဗဟိုခ်က္ကို ေရာက္လုနီးေနၿပီလို႔ ဆိုလိုတာပဲ ဒီေလာက္ဆို ငါမင္းကို သတိေပးစရာ မလိုဘူးမဟုတ္လား?"

ဟုန္ေခ်ာင္လည္း

"ဒါက ဘယ္လို အႏၱရာယ္ထဲ ေရာက္ေနၿပီလဲ ဆိုတာ မသိဘူး...."

ေျပာလိုက္ၿပီးေနာက္ သူမ ပါးစပ္ကို ပိတ္၍ ေနာက္ေက်ာမွ လက္နက္ကို ဆြဲထုတ္၍ ပတ္ဝန္းက်င္ကို အာ႐ုံစိုက္လိုက္သည္။

လု႐ႊမ္ ကူကယ္ရာမဲ့ ျဖစ္သြား၏။ ယခင္က သူ႕လက္နက္မ်ားကို ေက်ာက္စိမ္းျပားအတြင္း သိမ္းဆည္းထားကာ အသုံးျပဳေသာအခါတြင္ ၎ကို ေတြးလိုက္႐ုံျဖင့္ သူ႕လက္ထဲတြင္ ေပၚလာခဲ့သည္။ မး

မည္မွ်ပင္ ေျပာင္ေျမာက္ၿပီး ေၾကာ့ရွင္းေနပါေစ ယခုေတာ့ သူ႕မွာ ဘာလက္နက္မွ မရွိေတာ့ေပ။

"နင့္ရဲ႕လက္နက္က ဘယ္မွာလဲ?"

လု႐ႊမ္ သူ႕လက္သီးမ်ားကိုသာ ေဝွ႕ယမ္းျပလိုက္သည္။ ဟုန္ေခ်ာင္ အရွက္ကြဲသြားသလို ခံစားလိုက္ရကာ လု႐ႊမ္ကို မ်က္ႏွာလႊဲပစ္ေလ၏။

ေသြးနံ႕လား?

ႏွစ္ေယာက္သား တညီတၫြတ္တည္း ေအာ္ဟစ္ကာ ေသြးနံ႕ျပင္းသည့္ ေနရာဆီသို႔ ေျပးသြားၾကသည္။

ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ေသာ္ သစ္ပင္တစ္ပင္ေပၚတြင္ ေသြးမ်ား ႐ႊဲနစ္ေနတဲ့ ေသးငယ္ေသာ သားရဲတစ္ေကာင္သည္ သစ္ပင္သစ္ကိုင္းေပၚတြင္ ေသဆုံးေနၿပီး ျမႇားရွည္ျဖင့္ ထိုးေဖာက္ခံထားရ၏။ ၎သည္ အသုံးမဝင္ေသာ္လည္း အရသာရွိေသာ သားရဲတစ္ေကာင္ ျဖစ္သည္။

မနီးမေဝး ေျမျပင္ေပၚတြင္ ေသြးအိုင္မွလြဲ၍ အထုပ္တစ္ထုပ္သာ ရွိသည္။

အျဖစ္အပ်က္က ရွင္းရွင္းလင္းလင္း သိသာထင္ရွားပါ၏။ တစ္ေယာက္ေယာက္က သူေတာ္စင္သားရဲ တစ္ေကာင္ကို ေတြ႕သြားခဲ့ပုံပင္။ သူက သားရဲေလးကို ဖမ္းၿပီး ျဖားေယာင္း ေသြးေဆာင္ခဲ့သည္။

သားရဲေလးရဲ႕ မိဘေတြ ထြက္လာၿပီး ထိုလူကို စားပစ္ခဲ့တာေၾကာင့္ ေသြးအိုင္သာ က်န္ေတာ့ျခင္းပင္။

"ဒီသားရဲေလးက အရမ္းသနားဖို႔ ေကာင္းတာပဲ.... ငါတို႔ ျမႇုပ္လိုက္မလား?"

ဟုန္ေခ်ာင္ ႐ုတ္တရက္ ထေျပာလိုက္သည္။

လု႐ႊမ္ မ်က္လုံးကို မွိတ္ခ်လိဳက္ၿပီး မူလက စားရေအာင္လို႔ ေျပာလိုက္ခ်င္သည္။ ဘာပဲျဖစ္ျဖစ္ ဆယ္ရက္ဆက္တိုက္ ဘာမွ မစားရေသးဘူး ဆိုေတာ့ အစားအေသာက္ကို စားရဦးမယ္ေလ။

ဟုန္ေခ်ာင္ကေတာ့ လု႐ႊမ္ကို လုံးဝ လ်စ္လ်ဴရႈခဲ့သည္။ ယခုအခ်ိန္တြင္ သူမ၏စိတ္သည္ သားရဲေလးေပၚတြင္သာ တြယ္ကပ္ေန၏။ ျမႇားကိုျဖဳတ္ကာ တြင္းတစ္ခုတူး၍ ၎ကိုျမႇုပ္ႏွံကာ သခၤ်ိဳင္းဂူတစ္ခုပင္ ျပဳလုပ္ခဲ့သည္။

"ဘာလဲ? သူ နင့္အသက္ကို ကယ္ခဲ့ဖူးလို႔လား?"

လု႐ႊမ္ရဲ႕ စိတ္ဓာတ္က်ေနတဲ့ ပုံစံကို ျမင္ေတာ့ ဟုန္ေခ်ာင္က ယုံၾကည္မႈအျပည့္နဲ႕ ေအာ္လိုက္ေလသည္။

လု႐ႊမ္ သူေထာင္ေခ်ာက္ထဲသို႔ က်သြားမွန္း ႐ုတ္တရက္ သေဘာေပါက္သြားၿပီး ကေလးမေလးက စကား လွည့္ကြက္မ်ားစြာ ရွိေနတာပဲ။ သူ႕အသက္ကို ကယ္တင္တာက တစ္ႀကိမ္ပဲ ဆိုေပမယ့္ တစ္သက္လုံး ျပန္ဆပ္လို႔ မဆုံးနိုင္ေတာ့မွာကို စိုးရိမ္မိသည္။

"သတိထား... တစ္ေယာက္ေယာက္ လာေနၿပီ!"

လု႐ႊမ္ရဲ႕ စိတ္ဝိညာဥ္ စြမ္းအားေတြကို ျဖန့္က်က္ထားတာေၾကာင့္ တစ္စုံတစ္ေယာက္ လာေနတာကို ခံစားမိလိုက္သည္။ ေရာက္လာသူက လူမ်ားၿပီး သူတို႔၏ ခြန္အားသည္ အလြန္အားေကာင္းေနပါသည္။

လု႐ႊမ္ ဟုန္ေခ်ာင္ကို သတိေပးကာ ႏွစ္ေယာက္သား အျမန္ ပုန္းေနလိုက္သည္။

အခင္းအက်င္း တံဆိပ္ျပား မရွိေသာ္လည္း လု႐ႊမ္ သူ႕ရဲ႕ က်င့္ႀကံမႈအေျခခံျဖင့္ စိတ္ဝိညာဥ္ စြမ္းအားကို အသုံးျပဳ၍ ၎တို႔ႏွစ္ဦးအား ဖုံးအုပ္ထားရန္ လုံေလာက္ပါ၏။ တစ္ခုတည္းေသာ အားနည္းခ်က္မွာ လူမ်ားကို ေရွာင္နိုင္ေသာ္လည္း အာ႐ုံေျခာက္ပါးရွိေသာသူေတာ္စင္တခ်ိဳ႕ကိုေရွာင္လႊဲ၍မရပါ။ သားရဲ.သညာ။

ေျခသံမ်ားၾကားတြင္ လူရွစ္ဦး ဆက္တိုက္ဆိုသလို ထြက္လာရာ တစ္စုံတစ္ေယာက္သည္ ရိုးရိုးရွင္းရွင္း အဖြဲ႕တစ္ဖြဲ႕ကို ဦးေဆာင္ ဖြဲ႕စည္းခဲ့ပုံပင္။

"အစ္ကိုပိုင္ ဘာျဖစ္ေနတာလဲ ေျပာပါဦး.... ငါတို႔ လမ္းေလွ်ာက္လာတာ ဆယ္ရက္ရွိၿပီ သူေတာ္စင္ သားရဲ မေျပာနဲ႕.... ငွက္တစ္ေကာင္ေတာင္ မေတြ႕ရေသးဘူး"

စကားေျပာလာတဲ့ လူက အဘိုးႀကီး တစ္ေယာက္ျဖစ္ေပမယ့္ အစ္ကိုပိုင္လို႔ ေခၚတဲ့လူက လူလတ္ပိုင္း တစ္ေယာက္ပင္။ သူေတာ္စင္တစ္ပိုင္း အဆင့္၅ သိုင္းပညာရွင္ျဖစ္လို႔ ၎၏ က်င့္ႀကံမႈအဆင့္ အေပၚမူတည္၍ ၎၏ သာလြန္ေကာင္းမြန္မႈကို အကဲျဖတ္လွ်င္ "အစ္ကိုပိုင္" ဟူေသာ ဘြဲ႕ကို သဘာဝအတိုင္း ရထိုက္ပါသည္။

"ကြၽန္ေတာ္ ဒီတစ္ေခါက္ အျပင္မထြက္လာခင္ ဦးေလးကို လာဘ္ထိုးၿပီး နိမိတ္ဖတ္ေပးဖို႔ ေတာင္းဆိုခဲ့တယ္.... ဒီတစ္ခါ နိမိတ္ဖတ္ေတာ့ ျမဴမွိုင္းေတြပဲ ဆိုေတာ့ ရွင္းရွင္းလင္းလင္း မျမင္ရေပမယ့္ ထူးထူးျခားျခား အက်ိဳးေက်းဇူးေတြလည္း ရနိုင္တယ္...  ေသဖို႔လည္း အရမ္းအႏၱရာယ္မ်ားတယ္"

က်င့္ႀကံသူပိုင္က တိတ္တိတ္ဆိတ္ဆိတ္နဲ႕ ဆက္ေျပာေလ၏။

"တကယ္ေတာ့ ဦးေလးက ကြၽန္ေတာ့္ကို လာဖို႔ အႀကံေပးတာ မဟုတ္ဘူး.... ဒါေပမဲ့ က်င့္ႀကံသူဆိုတာ ေကာင္းကင္ကို တြန္းလွန္ ဆန့္က်င္ဖို႔ပဲေလ.... မက်င့္ႀကံရင္ အႏၱရာယ္နဲ႕ ႀကဳံလာတဲ့အခါ ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ တားဆီးနိုင္မလဲ? ေနာက္ၿပီး အခုကြၽန္ေတာ္တို႔ လြမ့္ထ်န္းေတာထဲကို ေရာက္ေနၿပီ... ေနာင္တရေနလို႔ အသုံးမဝင္ဘူး.... ဒါေၾကာင့္ ေရွ႕ကို ဆက္ေလွ်ာက္တာ ပိုေကာင္းတယ္"

"အစ္ကိုပိုင္ ေျပာတာ မွန္ပါတယ္!"

လူအုပ္ႀကီးက ထပ္ခါထပ္ခါ ခ်ီးမြမ္းေလသည္။

အခင္းအက်င္း ဖြဲ႕စည္းမႈအတြင္း ဟုန္ေခ်ာင္သည္ အံ့ၾသတႀကီးျဖင့္ ဖြဲ႕စည္းတည္ေဆာက္ပုံကို ၾကည့္ၿပီး ခဏအၾကာတြင္ ၿငိမ္သက္သြားသည္။ လု႐ႊမ္၏ မ်က္လုံးႀကီးမ်ားကို ပထမဆုံးအႀကိမ္ ေတြ႕ဆုံရသကဲ့သို႔ မွိတ္တုတ္မွိတ္တုတ္ျဖင့္ ၾကည့္ေနမိသည္။

ယခုအခ်ိန္တြင္ လု႐ႊမ္၏ မ်က္လုံးမ်ားထဲက တစ္ဖက္လူအေပၚ သံသယကို ျမင္လိုက္ရေတာ့ သူမသည္ ဂုဏ္ယူစြာ ေအာ္လိုက္ၿပီး

"အဲ့ဒီလူက ဘယ္သူမ်ားလဲလို႔.... အဲဒါက ေသးေသးေလးထဲက လူတစ္ေယာက္ပါပဲ.... အဲဒီလူကို ပိုင္က်စ္ရွန္လို႔ ေခၚတယ္.... ထုံးယန္ဧကရာဇ္အင္ပါယာ ပိုင္မိသားစုက... ထုံးယန္ဧကရာဇ္အင္ပါယာက အလယ္အလတ္အဆင့္ အင္ပါယာျဖစ္ေပမယ့္ ပိုင္မိသားစုရဲ႕ တည္ရွိမႈေၾကာင့္ တခ်ိဳ႕အဆင့္ျမင့္ ဧကရာဇ္အင္ပါယာေတြကေတာင္ သူတို႔ကို မ်က္ႏွာသာ ေပးရတယ္"

"ပိုင္မိသားစုက နိမိတ္ဖတ္တဲ့ ေနရာမွာ အေတာ္ဆုံးပဲ..."

ဤလူ၏ မ်ိဳးရိုးအမည္မွာ ပိုင္ျဖစ္သည္ကို ၾကားသိၿပီးေနာက္ လု႐ႊမ္ ပိုင္မိသားစု အေၾကာင္းကို ယခင္က ၾကားဖူးခဲ့ေၾကာင္း သတိရသြားသည္။ သို႔ေသာ္ သူအရင္ဘဝကတည္းက ေကာင္းကင္အလိုကို မယုံၾကည္ခဲ့ဘဲ သူ႕ဘဝကို သူပိုင္တယ္ဟုသာ ယုံၾကည္ခဲ့သူ ျဖစ္၏။

ထို႔ေၾကာင့္ သူသည္ နိမိတ္ေဟာျခင္းအေၾကာင္း အနည္းငယ္ သိေသာ္လည္း ေလးနက္စြာ နားမလည္ခဲ့ေပ။ ထိုပိုင္မိသားစုကိုေတာ့ သူသိပါ၏။

ဒီဘ၀မွာ သူ႕စိတ္ဓာတ္ေတြ ေျပာင္းလဲသြားခဲ့ၿပီ။ အရင္ဘဝက ေမာက္မာမႈေတြနဲ႕ ယွဥ္ရင္ အခုစိတ္က ပိုတည္ၿငိမ္လာၿပီ။ ဒီအခ်ိန္မွာ ပိုင္က်စ္ရွန္းရဲ႕ စကားကို နားေထာင္ရင္းနဲ႕ အဓိပၸာယ္ရွိတယ္လို႔ ခံစားမိကာ တိတ္တိတ္ေလး ေခါင္းညိတ္လိုက္သည္။

"ေဟး ဒါက..."

တစ္စုံတစ္ေယာက္က ဟုန္ေခ်ာင္ တည္ထားတဲ့ သခၤ်ိဳင္းဂူကို ေနာက္ဆုံးေတာ့ ေတြ႕သြားသည္။ လု႐ႊမ္ ဟုန္ေခ်ာင္ကို ၾကည့္လိုက္ေတာ့ သူမက ရွက္ကိုးရွက္ကန္းျဖင့္ မ်က္ႏွာပ်က္သြားသည္။

"ယြမ္မုသားရဲ.... ဟဲဟဲ ဒီေန႕ေတာ့ စားဖို႔ အခ်ိန္ေရာက္ၿပီ!"

တစ္စုံတစ္ေယာက္က ယြမ္မုသားရဲကို ေျမျပင္ထဲကေန တူးထုတ္ၿပီး ခ်က္ခ်င္းပဲ သန႔္စင္ကာ မီးနဲ႕ ကင္လိုက္သည္။

"စိတ္မပူပါနဲ႕... ငါတို႔ေစာင့္ၾကည့္ေနတာ ၾကာၿပီ ဒီမွာသူေတာ္စင္ သားရဲေတြ ပုန္းေနရင္ အေစာကတည္းက ထြက္ေလာက္ၿပီ...  ဒါေၾကာင့္ အရင္စားရေအာင္"

ပိုင္က်စ္ရွန္းက ခဏေလာက္ တုံ႕ဆိုင္းသြားေပမယ့္ ဘာမွ ထပ္မေတာင္းဆိုေတာ့ေပ။ လမ္းတစ္ေလွ်ာက္မွာ အစြန္းေရာက္ စြမ္းအားေတြ ထုတ္လႊတ္ခဲ့တာေတာင္ သူေတာ္စင္ သားရဲေတြ ထြက္လာတာကို မေတြ႕ခဲ့ရဘူးေလ။

ဟုန္ေခ်ာင္ ေဒါသတႀကီးျဖင့္ သူမ လက္သီးမ်ားကို တင္းတင္း ဆုပ္လိုက္မိသည္။

"ဒီလူယုတ္မာေတြေတာ့...."

ျပင္းထန္ေသာ ရနံ႕တစ္ခုသည္ အေဝးသို႔ ပ်ံ့လြင့္လာကာ လု႐ႊမ္သည္ သူ႕ႏွာေခါင္းမွ အနံ႕ကို ဆက္လက္ စုပ္ယူလိုက္ၿပီး ဟုန္ေခ်ာင္ကေတာ့ ေဒါသတႀကီး သြားမ်ားကို အံႀကိတ္ကာ တိတ္တိတ္ေလး က်ိန္ဆဲလိုက္ေတာ့သည္။

လု႐ႊမ္သည္ သူမအား အာ႐ုံစိုက္ရန္ စိတ္မ၀င္စားေခ်။ အႀကိမ္အနည္းငယ္ ဒဏ္ရာရၿပီးေနာက္ ဤမိန္းကေလးလည္း ရင့္က်က္လာခဲ့သည္။

"မင္းဘာကို ေၾကာက္ေနတာလဲ? သူေတာ္စင္ သားရဲေတြ ေရာက္လာရင္ေတာင္ သူတို႔အုပ္စုႀကီး တစ္ခုလုံး ရွိေနတုန္းပဲေလ.... ေသစမ္း ငါတို႔ရဲ႕ အခင္းအက်င္းက ေတာင့္မခံနိုင္ေတာ့ဘူး... ျမန္ျမန္ထြက္!"

လု႐ႊမ္ရဲ႕ စိတ့ဝိညာဥ္စြမ္းအားက အလြန္အမင္း ခံနိုင္ရည္ရွိၿပီး လႈပ္ရွားမႈ တစ္ခုကို ခ်က္ခ်င္းခံစားလိုက္ရသည္။ သူေတာ္စင္ သားရဲမ်ားမွာ ထိုအသားကင္ ရနံ႕ေၾကာင့္ ၎တို႔ တကယ္ကို ဆြဲေဆာင္ခံလိုက္ရေလၿပီ။

Okumaya devam et

Bunları da Beğeneceksin

79.1K 6.8K 45
What if Arnav gets a chance to rectify all his mistakes? What if he gets a chance to avoid such situations? What if he gets to know Khushi is his wou...
2.7M 128K 49
when a rich spoiled bad boy Jeon Jung-hoon gets into an encounter with a Muslim girl and they become enemies so he bully her humiliates her and insul...
57.2K 1.7K 17
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
46K 4.6K 97
A story following a young hunter named Jay. He has grown up in a world where dungeons, monsters, and humans with leveling systems are a cultural norm...