What's wrong? ( Completed )

NangKhaingNiTun által

16.6K 1K 65

မှားတာက မင်းရဲ့ ဖြစ်တည်မှု က စ မှားတာ ... မွားတာက မင္းရဲ႕ ျဖစ္တည္မႈ က စ မွားတာ ... Story no.18 Crd cv photo Több

Ep - 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 31 ( Final )

Ep - 30

354 24 3
NangKhaingNiTun által

ကား လမ်းတွေ ဆိုတာကလည်း မြို့တွင်းမှာသာ ကား တွေ ပိတ်ကြပ်နေတတ်တာ။ ဟိုင်းဝေး လမ်း ရောက်လာပြီဆိုရင် ကြာကြာ မောင်းသွားတော့မှ ကား တွေ တစ်စီး နှစ်စီး တွေ့ရတတ်သည်။

တစ်ချို့ လမ်းတွေဆို အကွေ့ အကောက်တွေက ၂ ထပ် ၃ ထပ်လောက် ရှိနေပါသေးတယ်။ ဟိုင်းဝေး လမ်း တစ်ချို့နေရာမှာတော့ ကား တွေ ဘာတွေ ရပ်ပြီး ရှူခင်း ကို ကြည့်ဖို့ သပ်သပ် လုပ်ထားပေးတာမျိုးတောင် ရှိတယ်။

မြို့ မဟုတ်ဘူး ဆိုတဲ့ အတိုင်း တိုက်တာတွေနဲ့ ပြည့်ညှက်ပြီး ကား တွေရဲ့ အိတ်ဇော ကနေ ထွက်တဲ့ မီးခိုးနံ့တွေနဲ့ မွန်းကြပ်မနေပဲ လမ်းဘေး ရဲ့ တစ်ဖက် တစ်ချက်မှာ စိမ်းညို့နေတဲ့ သစ်ပင် အမြင့်ကြီးတွေက အေးချမ်းပြီး မျက်လုံး အေးနေစေတယ်။

' ဦးလေး ကား ခဏ ရပ်ပေးအုံး ...။'

' ဟုတ်ကဲ့ မမလေး ...။'

ယွီ့ကျင်း ကား ရပ်သွားတာနဲ့ ဘေးနားမှာ မျက်လုံး မှိတ်ရင်း လျော့တိ လျော့ရဲ နဲ့ ထိုင်နေတဲ့ ရှဲန့်မု ကို ပုတ်လိုက်သည်။

' ရှဲန့်မု ...။'

' ဟင်?.'

' ခဏ ဆင်းပြီး အညောင်း သွားဖြေလိုက်။'

ယွီ့ကျင်း ပြောလည်း ပြော ကား တံခါး ကိုလည်း တစ်ခါတည်း ဖွင့်ပေးလိုက်သည်။

!!!! ကျွီ !!!!

ရှဲန့်မု တကယ်လည်း ညောင်းညာနေတာကြောင့် ကား ပေါ်က ဆင်းပြီး လက်တွေ ဆန့်ထုတ်ရင်း အပေါ် မြှောက်လိုက်၊ အောက်ချလိုက်၊ ဘေးကားလိုက်နဲ့၊ ဇက်တွေချိုး ခါးတွေ လှည့် လုပ်နေသည်။

' ဒူ ... ဒူ ... ဒူ ...။'

ယွီ့ကျင်း ကား ပေါ်က ဆင်းမလို့ လုပ်တုန်း ဖုန်းမြည်လာတာကြောင့် မဆင်းဖြစ်သေးပဲ ဖုန်း ကို အရင် ကိုင်လိုက်သည်။

' ဟလို ...။'

' သမီး မုမု ... ဘယ်ရောက်နေကြပြီလဲ ...။'

' ပေကျင်း ကနေတော့ ထွက်လာပြီ မား ...။ မနက် အစောကြီးမှ ရောက်မှာ။'

' အင်းပါ။ ဖြေးဖြေးပဲ လာကြ။ မား က ဒီတိုင်းပဲ မေးကြည့်တာ။'

' ဟုတ် မား ...။'

' ဟုတ်ပြီ။ ဟုတ်ပြီ။ ဒါဆို ဒါပဲနော်။ မနက်ဖြန်ကျ မား သမီး အကြိုက်တွေ ချက်ထားမယ်။ ပြီးတော့ သမီး နဲ့ အတူလာတဲ့ တစ်ယောက်ကရော ဘာစားရတာ ကြိုက်လဲ ...။'

ယွီ့ကျင်း ကား ပေါ်က အရင်ဆင်းပြီးမှ ရှူခင်းတွေ ကြည့်နေတဲ့ ရှဲန့်မု ဘက်ကို ကြည့်လိုက်ရင်း...

' အကုန် စားတယ်။ ငါးဟင်း က လွှဲရင် ...။'

' ဪ ... ဟုတ်ပြီ။ မား သေချာ ချက်ပြုတ်ခိုင်းထားလိုက်မယ်။'

' ဟုတ် မား ...။'

ယွီ့ကျင်း မား ဖုန်း ချ သွားတာနဲ့ လက်ထဲမှာ ရှိနေတဲ့ ဖုန်းကို ကြည့်ရင်း ရှဲန့်မု ဆီ အကြည့်ထပ်ရောက်တော့ ရှဲန့်မုရဲ့ ပုံရိပ်ကို မှတ်တမ်း တင်ထားဖို့ သတိရသွားသည်။

ရှဲန့်မု နောက်ကို ပြန်လှည့်လာတော့ သူ့ဆီ လာနေတဲ့ ယွီ့ကျင်းကို တွေ့လိုက်ရတာကြောင့် ခေါင်းတစ်ချက် ဆတ်လိုက်သည်။

' ဗိုက်မဆာဘူးလား ...။'

' အင်း ...။ နည်းနည်း ဆာလာသလိုပဲ။'

' ကား ထဲမှာ မုန့် ရှိတယ်။ စားမယ်ဆို သွားယူလိုက်မယ်။'

' ရတယ်။ ကား ထဲ ရောက်မှပဲ စားတော့မယ်။'

' သဘော ...။'

ရှဲန့်မု ... ယွီ့ကျင်း လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းကို မြင်လိုက်တာကြောင့် ဖုန်း ဆီကို အကြည့်မခွါပဲ ...

' အိမ်က ဖုန်းဆက်လာတာလား? ဘာပြောလဲ?'

ယွီ့ကျင်း လက်ထဲက ဖုန်းကို ဟိုလှည့် ဒီလှည့်နဲ့ တစ်ချက်ကြည့်ပြီး အိတ်ကပ်ထဲ ထည့်လိုက်ရင်း ...

' မား ဆက်လာတာ ...။ ငါတို့ ရောက်ရင် ဘာစားချင်လဲ လှမ်းမေးလာတာ။ သူ ပြင်ဆင်ထားရအောင်လို့တဲ့။'

' ဪ ...။'

ရှဲန့်မု ပြောပြီး အပေါ်စီးကနေ ကြည့်ရင် အောက်ဘက်က လျို လို ဖြစ်နေပြီး၊ စိမ်းညို့ နေတဲ့ သစ်ပင်တွေ ၊ တစ်ချို့နေရာကျ ပန်းပွင့်ဖတ် အဖြူတွေ အဆုပ်လိုက် ပွင့်နေတဲ့ အပင်တွေ ရှိရာ ပြန်လှမ်းကြည့်ရင်း ...

' နင့်အိမ်ကို မပြောရသေးဘူးမလား... ငါ က "ဘာ" ဆိုတာ ...။'

' မလိုဘူးလေ။'

ယွီ့ကျင်း ဘေးကို စောင်းငဲ့ပြီး ကြည့်လိုက်တဲ့ ရှဲန့်မု ရဲ့အကြည့်ကြောင့် စကား ကို ဆက်ပြောလိုက်သည်။

' ဘာလို့ဆို နင့်ရဲ့ ဖြစ်တည်မှုက ငါ နင့် အပေါ် ထားတဲ့ သဘောထားကို ပြောင်းလဲ ပစ်နိုင်မှာ မဟုတ်လို့ပဲ။ ပြီးတော့ ငါ ဘွဲ့ယူပြီးရင် ပေကျင်းမှာပဲ ငါ ဝါသနာပါတဲ့ စီးပွါးရေး တစ်ခုခု လုပ်ပြီး အခြေချမှာ။ ရှန်ဟိုင်း မှာ မနေဘူး။ အဲ့ဒါကြောင့် နင် နဲ့ ငါ ပဲ ရှိမယ့် ကမ္ဘာမှာ ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူး။'

ယွီ့ကျင်း ပြောလည်း ပြော ရှဲန့်မု ကို နောက်ကနေ ဖက်လိုက်ပြီး ...

' ရှေ့ဆက် ဘာပဲ ဖြစ်ဖြစ် ငါ့ကို ပဲ ကြည့်ပြီး နေပေးပါ။ ငါကလည်း နင့် ကိုပဲ ကမ္ဘာ တည် မနေပေမယ့် နင့် ကို ပထမ ဦးစားပေးထားပြီး နင့် ကို ကာကွယ်ပေးမယ်။
ငါ နင့်ကို ချစ်တယ်။'

ရှဲန့်မု ကြားလိုက်ရတဲ့ စကားလုံးတိုင်းက နှလုံးသားထဲထိ စိမ့်ဝင်သွားသလို နွေးထွေးလာတာကြောင့် သူ့ကို ဖက်ထားတဲ့ ယွိ့ကျင်းရဲ့ လက်ပေါ်ကို သူ့လက်နဲ့ အုပ်ကိုင်လိုက်ပြီး နှလုံးသားရဲ့ အနက်ရှိုင်းဆုံးကနေ လာတဲ့ စကားကို ပြောလိုက်သည်။

' ငါ လည်း နင့်ကို ချစ်တယ်။'

~~~~~~~~

ပေကျင်း မြို့မှာ သခင်တွေ မရှိပဲ ကျန်ခဲ့ရတဲ့ မု အိမ်တော် ပိုင် တောင်ကုန်းမြင့်လေးပေါ်က သစ်လုံး အိမ်ထဲတွင်တော့ ...

' ဖလူး ...။'

' ဖလူး ...။'

မုလုံ မျက်နှာ တင်ကျန်နေတဲ့ ရေစက်တွေကို သပ်ချ လိုက်ရင်း ဟိုဟို ဒီဒီ ကြည့်လိုက်ပြီး ...

' ငါတို့ ဘယ်နေရာမှာ ပေါ်လာရတာလဲ ...။'

မာလု လည်း သခင် အပြောကြောင့် ဟိုဟို ဒီဒီ ကြည့်လိုက်ပြီး ...

' အိမ် တစ်အိမ် ဖြစ်ဖို့ များတယ်။'

မုလုံ သူ့တပည့်ရဲ့ အပြောကြောင့် မျက်ဝန်းသေနဲ့ စိုက်ကြည့်လိုက်ပြီး ...

' ရူးနေလား? အိမ် ဖြစ်နေမယ်မှန်းတော့ ငါ လည်း သိတာပေါ့။ အခု သိချင်တာ ဘယ်နိုင်ငံ ဘယ်ဒေသ မှာလည်း ဆိုတာ သိချင်တာ။
မေးလိုက်ရင် တိကျ ရေရာတဲ့ အဖြေကို ဘယ်တော့မှ မရဘူး။'

မုလုံ ရေကန်ထဲက ထွက်ရင် ခန္ဓာကိုယ် ကို ဖုံးဖို့ တစ်ခုခု ရှာကြည့်တော့ တိုင် တစ်တိုင်မှာ ချိတ်ထားတဲ့ င်္အကျီ အဖြူကို တွေ့တာကြောင့် ဆွဲယူပြီး ကန် ထဲကနေ ထ လိုက်သည်။

မာလု သူလည်း လိုက်ထွက်သွားချင်ပေမယ့် ခုန သခင် ဆွဲယူတဲ့ နေရာကို ကြည့်တော့ ဘာမှ မတွေ့တော့တာကြောင့် ရေကန်ထဲမှာပဲ ဆက်စိမ် နေ နေလိုက်ရသည်။

မုလုံ ခုန ရေကန် ရှိတဲ့ နေရာကနေ အပြင်ကို ထွက်လာပြီး အခန်းထဲကို စပ်စုကြည့်တော့မှ ကုတင် ဘေးမှာ ထောင်ထားတဲ့ ဓာတ်ပုံ တစ်ပုံ ကြောင့် သူ အခု ဘယ်ရောက်နေရတယ်ဆိုတာ သိသွားရသည်။

' လက်စသတ်တော့ မင်းသမီး နဲ့ ကြိုက်နေတဲ့ တစ်ယောက်ရဲ့ အိမ် ရောက်နေတာကိုး ...။'

မုလုံ ဓာတ်ပုံ ကို သူ့ နေရာ သူ ပြန်ထောင်ထားလိုက်ပြီး သူ ဝတ်လို့ ရမယ့် အဝတ်အစားတွေ ရှိလို ရှိငြား ရှာကြည့်လိုက်သည်။

ရေချိုးခန်းထဲက မာလု ကလည်း တစ်နေကုန် ဒီတိုင်း နေမယ်ဆိုလည်း နေလို့ ရပေမယ့် အပြင်မှာလည်း သခင် တစ်ယောက်တည်း မထားချင်တာကြောင့် အပြင်ကို ထွက်ဖို့ ပြင်လိုက်ရတော့သည်။

ခန္နာကိုယ် ကို ကွယ်စရာ မရှိတာကြောင့် ရေကန် ထဲက ထွက်တာနဲ့ တံခါး ဆီကို အမြန်ပြေးဖွင့်ပြီး အပြင်ကို ခေါင်း အရင် ပြူကြည့်လိုက်သည်။

အပြင်မှာ သခင်ကို မတွေ့ရတော့ပါ။ သခင် ဘယ်ရောက်သွားတာလဲ?

မာလု ဟိုဟို ဒီဒီ ကြည့်တော့ ပွင့်နေတဲ့ တံခါး ကို တွေ့လိုက်ရတာကြောင့် သခင် အပြင် ကို ထွက်သွားပြီဆိုတာ သိလိုက်သည်။

သူများအိမ်ထဲ ဝင်မွှေနေသည့် မုလုံ သည်လည်း အောက်ထပ် က ထမင်းစားခန်းမှာ စားဖို့ သောက်ဖို့ မွှေနေပြန်သည်။ ခန္ဓာကိုယ်မှာ အခန်း တစ်ခန်းအတွင်းမှာ မွှေနှောက်ရှာလို့ တွေ့ထားသည့် ယောကျာ်းဝတ် အဝတ်အစားနဲ့ပေါ့။

မုလုံ ရေခဲ သေတ္တာကို ဖွင့်ကြည့်တော့ ဘာမှ များများစားစား မတွေ့ရတာကြောင့် နှာခေါင်း တစ်ချက် ရှုံ့လိုက်သည်။

' ဟွန့် !!! ဘာမှလည်း မရှိဘူး။ ဝမ်ရိပေါ် ရဲ့ အိမ်ထက် ဆိုးနေတယ်။'

မုလုံ တွေ့သည့် ကြက်ဥ ကို ယူပြီးပဲ ရေခဲသေတ္တာကို ပြန်ပိတ်လိုက်သည်။

လက်ထဲ ရောက်လာသည့် ကြက်ဥ ကို ဖင်ပြန် ခေါင်းပြန် ကြည့်လိုက်ရင်း ...

' ဒါကြီးကို ငါက ဘယ်လို လုပ်စားရမှာလဲ?'

' ဂလွီ !!!
ဂလွီ !!!'

မုလုံ အသံမြည်လာတဲ့ သူ့ဗိုက်ကို ပွတ်သပ်လိုက်ရင်း ...

' ဗိုက်ဆာ လိုက်တာ !!!!'

မုလုံ ဗိုက်ဆာတာကြောင့် မျက်လုံး ထဲ ပင်လယ် အောက်က ရေညှိပင်တွေ မြင်ယောင်လာသည်။

.
.
.
.

ပလုံ !!!!

ပလုံ !!!!

ရေအမြှုပ်တွေ ပလုံ စီ ထ သွားတဲ့ နေရာကနေ အောက်ကို ဆက်ကြည့်လိုက်ရရင် လူ တစ်ပိုင်း ငါး တစ်ပိုင်းနဲ့ ရေသူထီး နှစ်ကောင် ပင်လယ် အောက်ထဲသို့ ကူးလူးသွားနေသည်ကို မြင်တွေ့ရလိမ့်မည်။

တကယ်တော့ ကိုယ့်နေရာ ကိုယ့်ဒေသ ကသာ နေလို့ အဆင်ပြေဆုံးနဲ့ အကောင်းဆုံးပါ။

လူသား လို ပြောင်းလဲလို့ ရပေမယ့် ချက်ချင်းကြီး လူသား လို နေထိုင်ဖို့က ကူညီပေးမယ့် သူ မရှိရင် စိတ်ကူးနဲ့ လက်တွေ့ ထပ်တူ မကျနိုင်တာကြောင့် အခက်ခဲတော့ ရှိမှာပင်။ အထူးသဖြင့် အစားအသောက်နဲ့ ပတ်သက်ရင်ပေါ့။

အဲ့ဒါကြောင့် အခုလည်း ဗိုက်ဆာလို့ ရှိတဲ့ ပစ္စည်းတွေနဲ့ မချက်ပြုတ်တတ်တဲ့ ရေသူထီးလေး နှစ်ကောင် အိမ်ပြန်ပြေးသွားရပြီလေ။

~~~~~~~~

ပြင်သစ် နိုင်ငံ တွင်လည်း ရေသူမ နဲ့ လူသား သွေးနှော ထားတဲ့ ကောင်လေး တစ်ယောက် ကုတင်ပေါ်မှာ ကွေးကွေးလေး အိပ်နေတယ်။ ခေါင်းအုံးကတော့ ပြင်သစ် ကောင်လေးရဲ့ လက်မောင်း ပေါ့။

ကင်း နဖူးပေါ် ကျနေတဲ့ ဟော်ရှင်း ရဲ့ ဆံစတွေကို ဖွဖွလေး သပ်တင်ပေးလိုက်သည်။

' ကျေးဇူးတင်ပါတယ် ဟော်ရှင်း ...။'

တိုးတိုးလေး ပြောလိုက်ပြီး နဖူးကို ဆက်နမ်းချင်ပေမယ့် ဟော်ရှင်း နှိုးသွားမှာ စိုးသည့်အတွက် နမ်းချင်တာကို အောင့်ထားလိုက်သည်။

ထိုစဉ် ...

' ထင်း !!!!.'

ကင်း ဖုန်း မက်ဆေ့ မြည်သံကြောင့် အားနေတဲ့ လက် တစ်ဖက်နဲ့ ဖုန်းကို ယူကြည့်လိုက်တော့ ကိုကြီး ဆီက ...

📩 အောက် ခဏ ဆင်းလာခဲ့အုံး။

ကင်း ဖုန်းကို ပြန်ချထားလိုက်ပြီး သူ့လက်မောင်းပေါ်မှာ အိပ်နေတဲ့ ဟော်ရှင်း ကို ခေါင်းအုံးပေါ် ဖြေးဖြေးလေး ပြောင်းလိုက်ပြီး ထ လိုက်သည်။

~~~~~~~~

အောက်ရောက်တော့ ည အိပ်ဝတ်စုံကြီးတောင် မလဲသေးပဲ ပြတင်းပေါက်ဘက်ကို မျက်နှာမူထားတဲ့ ကိုကြီး ကိုတွေ့လိုက်ရသည်။

' ဘာထပ်ပြောစရာ ရှိသေးတာလဲ ...။'

ဒီမွန် ကြားလိုက်ရတဲ့ အသံကြောင့် နောက်ကို လှည့်လိုက်ပြီး ဆိုဖာ ကို ခေါင်းဆတ်ပြလိုက်သည်။

' ထိုင်အုံး ...။'

' ကျနော့် မှာ အဲ့လောက် အချိန် မရှိတာ ကိုကြီး သိပါတယ်။ ပြီးရင် ဟော်ရှင်း ကို အိမ်ပြန်လိုက်ပို့ရအုံးမယ်။'

' ငါလည်း သူ့အကြောင်းပဲ ပြောမလို့ ...။'

ဒီမွန် သူ့ညီ သွားမထိုင်တော့ သူကပဲ ဆိုဖာ မှာ သွားထိုင်လိုက်သည်။

' သူ့ရဲ့ ရိုးတွင်းခြင်ဆီ နဲ့ မာမီ နဲ့ က အလုပ်ဖြစ်တယ်။'

' ဘာလဲ ... ထပ်ပြီး လုပ်ပေးရအုံးမှာလား။ ပြောတော့ ၆ လ မှ နောက်ထပ် တစ်ကြိမ်ဆို ...။'

ဒီမွန် ဟိုကောင်လေးကို နည်းနည်းလေးမှ အထိ မခံတဲ့ သူ့ညီ ကြောင့် ဟီးရိုး ရဲ့ အဖေ အတွက် ရိုးတွင်းခြင်ဆီ ထုတ်ပေးဖို့ ဘယ်လို ပြောရမလဲ စဉ်းစားရကြပ်သွားသည်။

ကင်း ငြိမ်သွားတဲ့ ကိုကြီးကြောင့် ထွက်သွားဖို့ ပြင်သည်။

' ငါ ... ငါ ပြောမှာက မာမီ အတွက် မဟုတ်ဘူး။ ငါ နဲ့ ပတ်သက်တဲ့ တစ်ယောက်ရဲ့ အဖေ အတွက် နောက်ထပ် တစ်ခါပဲ ထုတ်ပေးစေချင်တယ်။'

' ဘယ်လို !!!! ကိုကြီး နဲ့ ပတ်သက်တဲ့ လူ!!! ဟုတ်လား?'

ကင်း ဘာမှ ဆက်မပြောလာတဲ့ ကိုကြီး ကြောင့် နာကျင်စွာ ဆက်ပြောလိုက်သည်။

' ကိုကြီး ကျနော့် ကို နည်းနည်းမှ အားနာစိတ် မဖြစ်ဘူးလား။ မသနားဘူးလား။ ဟော်ရှင်း ကို ချစ်တယ် လို့ ပြောခဲ့ဖူးတာက ဟာသ မဟုတ်ဘူး။ အခုလို သူ ကျနော့် အတွက် ပေးဆပ်ထားပြီး သူ ကိုယ်တိုင် နာကျင်နေရတာကို မြင်ရတာ ကျနော့် နှလုံးသားကို ဆူး နဲ့ ထိုးနေသလို ခံစားရတယ် ဆိုတာ ကိုကြီး သိလား? ကျနော် သူ ပြောတာကို လက်ခံပေးလိုက်တာကိုတောင် နောင်တ ရနေတာ။
အခု ကိုကြီး က သူ့ကို တစ်ခြား သူစိမ်း အတွက် ထပ်ပြီး နာကျင် ခိုင်းအုံးမယ်။
ဒီတစ်ခါ သူ လက်ခံမယ်ဆိုရင်တောင် ကျနော် လက်ခံမှာ မဟုတ်ဘူး။ ကိုကြီး ဇွတ်လုပ်မယ်ဆို ကျနော် သူ့ကို ဘယ်သူမှ မမြင်တဲ့ နေရာမှာ ခေါ်သွားပြီး သွားဖွက်ထားလိုက်တော့မှာ။'

ကင်း သူ့ကို မင်း က ဒီ အသက်ရွယ်နဲ့ ဘယ်ကို သွားပြီး နေချင်တာလဲ ဆိုပြီး အထင်မကြီးတဲ့ အကြည့်နဲ့ ကြည့်လာတဲ့ ကိုကြီး ရဲ့ နှုတ်ဖျားက စကားတွေ ထွက်မလာသေးခင် ထပ်ပြောလိုက်သည်။

' ကျနော့်ကို မင်း က ဘာလုပ်နိုင်လို့လဲ ဆိုတဲ့ အကြည့်နဲ့ လာမကြည့်နဲ့။ ဟော်ရှင်း ကို သာ ထပ်ထိရင် ကျနော် မဖြစ်နိုင်တာ မရှိအောင် အကုန် လုပ်မှာ။
ကိုကြီး ကျနော့် လူ ကို ထပ်ပြီး မျက်စောင်း တောင် လာမထိုးနဲ့တော့ ...။'

ဒီမွန် သူ့ကို ပြောဆိုပြီး ထွက်သွားတဲ့ သူ့ညီ ရဲ့ နောက်ကျော ကို ကြည့်ရင်း ဆွံ့အ လျက် ကျန်ခဲ့ရသည်။ သူ့မျက်လုံး အောက်မှာတင် ကြီးပြင်းလာတဲ့ ကလေးပေါက်စ လေးက အခုတော့ သူစိမ်း တစ်ယောက် အတွက်နဲ့ သူ့ကို ပြန်ခံပြောနေခဲ့ပြီ။

ဒီမွန် စားပွဲခုံ ပေါ်က သူ့ဖုန်းကို ယူပြီး ဖွင့်လိုက်တော့ call log မှာ တစ်ဖက်က မကိုင်လို့ နီ နေတဲ့ အထွက် ကောလ် တွေ ၄ ၅ ၆ ကောလ် ပြနေတယ်။

မကိုင်တဲ့ ဖုန်း ကို ဆက်ပြီး မဆက်တော့ပဲ မက်ဆေ့ ပို့လိုက်သည်။

~~~~~~~~

!!! ထင်း !!!

ဟီးရိုး လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်း ထဲက မြည်လာတဲ့ အသံကြောင့် ကြည့်လိုက်တော့ သူ မကိုင်တာတောင် ခဏ ခဏ ဆက်လာတဲ့ ဒီမွန် ဆိုတဲ့ နာမည်နဲ့ လူ ဆီက။

📩 ကိုယ် တောင်းပန်ပါတယ်။

ဟီးရိုး မက်ဆေ့ ကို ဖတ်ပြီး ဖုန်းကို မမြင်သာတဲ့ နေရာမှာ ပစ်ထားလိုက်သည်။

' ဟက် !!!! လုပ်ချင်တာ လုပ်ထားပြီး ဆောရီး တစ်ခွန်းတည်းနဲ့ ပြီးသွားချင်တာလား။'

ဟီးရိုး နှုတ်က ဘယ်လိုပဲ တင်းမာတဲ့ စကား ပြောထွက်ပြီး လိမ်နေပေမယ့် ပါးပြင်ပေါ် ကျလာတဲ့ မျက်ရည် ကတော့ ဖော်ကောင် လုပ်နေတယ်။

ထိုစဉ် ...

' ကိုကို !!!!.'

ဟီးရိုး သူ့ညီလေးရဲ့ ခေါ်သံကြောင့် မျက်ရည်တွေကို ကမန်း ကတမ်း သုတ်ပစ်လိုက်သည်။

' ကိုကို ...။'

ဟီးရိုး သူ့ညီလေး ကို လှည့်ကြည့်တော့ မျက်ဝန်း နှစ်ဖက်မှာ ပြည့်အိုင်နေတဲ့ မျက်ရည် တွေနဲ့။

' Knight ... ဘာဖြစ်တာလဲ?.'

' အီး ဟီး ဟီး ...။'

ချော့ခံရတဲ့ ကလေး ပိုငိုတယ် ဆိုသလို Knight လည်း သူ့ ကိုကို အသံ ကြားတာနဲ့ အော် ငို လာသည်။

' ဘာဖြစ်တာလဲ ... မင်း ကို ဘယ်သူ ဘာလုပ်လို့လဲ ...။'

' အီး ... ဟီး ... ဟီး ... ကျနော် အသဲ ကွဲ သွားပြီ။ ဟော်ရှင်း ကျနော့် အသဲ ကို ခွဲသွားပြီ။'

ဟီးရိုး သူ့ညီလေး ပြောတဲ့ ဟော်ရှင်း ဆိုတဲ့ တစ်ယောက်ကို မျက်လုံးထဲ တန်းမြင်မိအောင် ဦးနှောက် ကို အမြန် အလုပ်ပေးလိုက်သည်။
မျက်လုံးထဲတွင် ကျောင်းမှာ သူ့ညီနဲ့ တစ်ခါ နှစ်ခါ တွဲပြီး တွေ့ဖူးတဲ့ ကောင်လေး တစ်ယောက်ရဲ့ ပုံရိပ် ပေါ်လာသည်။

' တရုတ် ကောင်လေး ကို ပြောတာလား? သူက ဘာလုပ်လို့လဲ?.'

' ဟင့် ... ကျနော့်မှာ သူ ပြန်ပြေးဆွဲ ခံရတယ် ထင်ပြီး ရဲစခန်းထိတောင် သွားပြီး လူပျောက် တိုင်တာ။ သူ့ကို ခေါ်သွားတဲ့ ကား နံပတ် ကို ခြေရာခံပြီး လိုက်သွားတော့ သူက ကင်း နဲ့ အတူ ရှိနေတာ။
ကင်း ရဲ့ အကို က သူ့ကို ခေါ်သွားတာတဲ့။'

ဟီးရိုး ကြားလိုက်ရတဲ့ စကားတွေကြောင့် နားတွေ ရှုပ်သွားခဲ့သည်။

' နေ ... နေပါအုံး။ ကင်း ဆိုတာက ???.'

' ကင်း ဆိုတာ ကျောင်းမှာ ကျနော် နဲ့ မတည့်ဆုံး ကောင်လေ။ သူ့အစ်ကို က ဒီမွန် ...။ ဒီမွန် ဆိုတဲ့ နာမည် အတိုင်း ကောင်းလား မကောင်းလား အကုန် လုပ်တယ်။ ပြီးတော့ ကျောင်းမှာလည်း သူ့ အစ်ကို ရှယ်ယာ ပါသေးတယ်။ အဲ့ဒါကြောင့် အဲ့ကောင် မြှောက်ကြွ မြှောက်ကြွ ဖြစ်နေတာ။'

ဟီးရိုး .. ဒီမွန် ဆိုတဲ့ နာမည်ရယ် ပြန်ပေးဆွဲ ခံရတယ် ဆိုတဲ့ စကားကို ပြန်ကြားယောင်ပြီး တစ်ခုခု ကို အတွေးပေါက်လိုက်သည်။

' ခုန မင်း ပြောတာ တရုတ် ကောင်လေး ကို ပြန်ပေးဆွဲသွားတယ်လို့ ပြောတာလား ...။'

' အင်း ...။ ပြီးမှ ကျနော် လိုက်သွားတော့ သူတို့က ပြေပြေ လည်လည် ပဲ ရှိနေတာ။ ပြီးတော့ ဒီမွန် ဆိုတဲ့ လူ နဲ့ ရဲ ကလည်း သိနေကြသေးတာ။ အဲ့ဒါကြောင့် ကျနော် ဟော်ရှင်း ကို ကျနော် နဲ့ အတူ ပြန်ပါလာအောင် ခေါ်လို့ မရခဲ့တာပေါ့။
ပြီးတော့ ဟော်ရှင်း ကလည်း ကျနော့်ကို သေချာတဲ့ အဖြေပေးခဲ့လိုက်သေးတယ်။ သူ ကင်း ကိုပဲ ရွေးချယ်မယ်တဲ့။

အီး ...။'

' နေအုံး !!!!.'

' အင် !!!!.'

Knight ငိုရင်း တန်းလန်း ဖြစ်သွားရသည်။ အသဲက ကွဲနေပါတယ်ဆို ...၊ ငိုတာတောင် ပြည့်ပြည့် ဝဝ မငိုရဘူး။

* ဒါဆို သူ့ကို ညာပြီး အပေးအယူ မလုပ်ဖြစ်တဲ့ တစ်ယောက်က အဲ့တရုတ်ကောင်လေး ပေါ့။*

' အခု အဲ့ကောင်လေး ဘယ်မှာလဲ?'

Knight ကိုကို ရဲ့ စကားကြောင့် မျက်စောင်းထိုးမိသွားသည်။ လူ က နဂိုတည်းက ဟော်ရှင်း .. ကင်း ရဲ့ အိမ်မှာ ရှိနေတယ် ဆိုတဲ့ အသိကို မေ့ထားချင်တာပါဆိုမှ ...။

' ဘယ်မှာ ရမှာလဲ? ဟိုကောင် ကင်း ရဲ့ အိမ်မှာပေါ့။'

' သူ အိမ်တော့ ပြန်မှာပဲ မလား။'

Knight သူ့ကို မေးလာတဲ့ ကိုကို့ လေသံ က စိတ်ထဲ တစ်ခုခု ခံစားရစေတာကြောင့် မသင်္ကာ သလို ကြည့်လိုက်ပြီး ...

' ကိုကို သူ့ကို ဘာလုပ်မလို့လဲ? ကင်း ရဲ့ အစ်ကို လို သူ့ကို ပြန်ပေးဆွဲပြီး ကျနော့် ဆီ ခေါ်လာပေးမလို့လား ...။'

' အဲ့လိုဆို မင်း ယူမှာလား?.'

Knight သူ့ကို စ သလား? နောက် ပြော ပြောနေတာလား မစဉ်းစား အားတော့ပဲ ခေါင်းကို ပြုတ်ထွက်မတတ် ခါရမ်းလိုက်ပြီး ...

' ဟင့်အင်း ...။ မယူဘူး။ သူ့ကို အဲ့လို လုပ်ပြီး ခေါ်လာတော့ရော သူ့စိတ်ကို ကျနော် က ရမှာတဲ့လား? သူ ကျနော့်ကို ရွံမုန်းသွားတာပဲ ခံရမှာ။ သူနဲ့ ချစ်သူ မဖြစ်ရရင် နေပါစေ ...။ သူ တစ်သက်လုံး မကြည့်ချင်၊ မဆုံချင်တဲ့ လူ တော့ မဖြစ်ချင်ဘူး။'

ဟီးရိုး သူက ရွဲ့ပြောရုံ ပြောလိုက်တာ နည်းနည်း သူ့ကို ဒရမ်မာ တွေ လာချိုးပြီး ဘယ်ဝတ္ထု ထဲက စာသားတွေ လာရွတ်ပြနေမှန်း မသိတဲ့ Knight ကြောင့် နားကို ကလော် ပြီး မျက်နှာ ရှုံ့မဲ့လိုက်ရင်း ...

' တော် ... တော်လိုက်တော့။ ငါ က အဖြစ်ပဲ ပြောကြည့်တာ။ လူ တစ်ယောက်ကို ပြန်ပေးဆွဲရတဲ့ထိ ငါလည်း မလုပ်ရဲဘူး။
ဒါပေမယ့် သူ နဲ့ စကားပြောချင်တာကတော့ တကယ် ...။'

' ကိုကို က သူနဲ့လည်း မသိပဲ ဘာလို့ သူနဲ့ စကားပြောချင်တာလဲ ...။'

' ဪ ... ငါက ရှိတယ်ဆို ရှိတယ်ပေါ့။ စိတ်ချ မင်း အတွက်နဲ့ သူ့ကို ပြန်ပေးမဆွဲလာဘူး။ ပြီးတော့ မင်း သူ့ကို သေလောက်အောင် ချစ်နေတယ်ဆိုတာလည်း သွားပြောပြပေးမှာ မဟုတ်ဘူး။
အဲ့ဒါကြောင့် သူ့အိမ်မှာ သူ့ကို သွားစောင့်နေရအောင် ...။'

' ဟာ ... မသွားချင်ဘူး။ ကျောင်းမှာပဲ သူ့ကို သွားစောင့်တာက ဟုတ်သေးတယ်။ ပြီးတော့ သူ့ ဦးလေး ကလည်း တလောကလုံး သူ့လုပ်စာ ထိုင်စားနေရတဲ့ ရုပ်ကြီးနဲ့။'

ဟီးရိုး Knight ပြောမှ အတွေးထဲ နောက်ထပ် အလင်းတစ်ခု ပေါက်လာသည်။
သူ ဘာလို့ မစဉ်းစားမိတာပါလိမ့် ...။ အဲ့ကောင်လေးမှာ ဆွေမျိုးတော့ ရှိမှာပဲဆိုတာ။
ဒါဆို သူ့ ဦးလေးကို အကျိုးအကြောင်း ပြောပြပြီး အကူညီ သွားတောင်းလို့ ရတာပဲ။

ဟီးရိုး သူ့ဘာသာ တွေးရင်း မျက်နှာက ပြုံးယောင်သမ်း လာသည်။ အတွေးဆိုတဲ့ အတိုင်း အရာရာ လျှောလျှော ရှူရှူ နဲ့ပါပဲ။

~~~~~~~~

အိမ် တစ်အိမ်တွင်လည်း ထမင်းစားခန်းထဲမှာ မိသားစု တစ်စု အတူတူ ထမင်းစားနေကြသည်။

ထမင်းစားနေကြသည့် အထဲမှာ ဝမ်ရိပေါ်ကတော့ ထမင်း ဖြောင့်ဖြောင့် မစားပဲ လက်မှာ ပတ်ထားတဲ့ နာရီ ကို တကြည့် ကြည့် ဖြစ်နေသည်။

' ရိပေါ် !!! မင်း ထမင်း စားတာကို သေချာစားစမ်း ...။'

' ဖိုးဖိုး ကလည်း ဘယ်လို စားလို့ ဝင်မှာလဲ? အခု ဖိုးဖိုး ရဲ့ မြစ် က အိမ် မပြန်လာတာနော်။ ဖိုးဖိုး သူ့ကို စိတ်မပူဘူးလား။'

' သူ ပြန်လာတော့မယ်လို့ ပြောတယ်မလား။ ပြီးတော့ ယောကျာ်းလေး တစ်ယောက်ကို အဲ့လောက်ထိ စိတ်ပူပြနေစရာ မလိုလောက်ပါဘူး။'

ရိပေါ် နားထဲမှာ ရှောင်း ပြောဖူးတဲ့ ဟိုကလေးက ဟော်ရှင်း ကို ကြိုက်နေတာ ဆိုတဲ့ စကား ပြန်ကြားယောင်လာသည်။
အခု သူငယ်ချင်း ဆိုတာကလည်း အဲ့ ကလေး အိမ်ကိုပဲ သွားတာ နေမှာ။
ရိပေါ် မျက်နှာ မအီမလည် ဖြစ်သွားရသည်။

' ဖိုးဖိုး မသိလို့ ...။'

ရိပေါ် ခုံအောက်က သူ့ခြေထောက်ကို လာတို့လိုက်တဲ့ ရှောင်း ကြောင့် စကားက တစ်ဝက်မှာတင် ရပ်တန့်သွားရသည်။

ဝမ်သခင်မကြီး ထမင်း မစားသေးပဲ သူ့အရှေ့မှာ ထမင်း ငုံ့စားနေတဲ့ ကောင်လေးကို စုန်ချည် ဆန်ချည် ကြည့်လိုက်ပြီး ...

' မင်း ရဲ့ နာမည်က ရှောင်းကျန့် ဟုတ်လား။ မင်းကို ငါ ဘာလို့ မြင်ဖူးတယ်လို့ ခံစားမိနေတာလဲ ...။'

ရှောင်းကျန့် သူ့ကို တိုက်ရိုက် မေးလာတာကြောင့် ခေါင်းကို မော့လိုက်ပြီး မျက်နှာကို အုပ်ကိုင်လိုက်ရင်း ...

' ဟို ... ဟို ... လူ ... လူ မှားတာ ဖြစ်ပါလိမ့်မယ်။ ကျနော် ... ကျနော် သခင်မကြီး ကို မမြင်ဖူးပါဘူး။'

ရှောင်းကျန့် သူ့ စကားတွေက အလိမ်တွေ ဖြစ်တာကြောင့် အသံက အဖျားခတ်မှာ တိမ်ဝင်သွားရသည်။

သခင်ကြီး ကတော့ သိပြီးသားပေမယ့် သူ့မိန်းမ ကို အစကနေ ပြန်မရှင်းပြချင်တာမို့ ဘာမှ ဝင်မပြောပဲ နေလိုက်သည်။

သခင်မကြီးလည်း လူမှားတာ ဖြစ်ပါလိမ့်မယ်လို့ တွေးလိုက်သည်။

' ဒါဆို မင်းရဲ့ အကြောင်းကို ပြော။ ဘယ်လိုဖြစ်ဖြစ် မင်း က ဝမ် မိသားစုဝင် ဖြစ်လာပြီဆိုတော့ မင်း ဘယ်က လာတယ်၊ ဘယ်မိသားစု ကလဲ ဆိုတာပါ သိဖို့ လိုအပ်လာပြီလေ။'

ရှောင်းကျန့် ခုန ဝမ် သခင်မကြီး မေးကတည်းက ထမင်းလည်း ဆက်မစားဖြစ်တော့ပဲ လက် နှစ်ဖက်ကို ပေါင်ပေါ် တင်ထားတာပင်။

အခုလို ဆက်မေးလာတော့ ဘာပြန်ပြောလို့ ပြောရမှန်း မသိပဲ ပေါင် ကို ကုတ်လိုက်၊ ဘောင်းဘီ အစ ကို ဆုပ်လိုက် ဖြစ်နေသည်။

ဝမ်သခင်ကြီး ကောင်လေး အခက်တွေ့နေတာကို  ကြည့်ရင်း သူ့ မိန်းမ ရဲ့ ပန်းကန်ထဲကို ဟင်း ခပ်ထည့်ပေးလိုက်သည်။

' ကဲပါ ... ထမင်းကို အရင် ပြီးအောင် စားပါ။ ကျန်တာတွေ နောက်မှ မေး ...။ ခုန ရိပေါ် ကို ပြောနေရကတည်းက ထမင်း ကို ကောင်းကောင်း မစားဖြစ်သေးဘူး။ အဲ့ဒါကြောင့် စကားတွေ ထပ်မများတော့ပဲ ထမင်း စားကြ။'

~~~~~~~~

ထမင်း စားပြီးတော့လည်း ဝမ်ရိပေါ်  တစ်ယောက် ရှောင်းကျန့် ခေါ်ဆောင်မှုနဲ့ အိပ်ခန်းထဲ ရောက်နေရပါတယ်။
ဒါပေမယ့် အခုမှ သူ့တူလေးကို ထူးထူးဆန်းဆန်း စိတ် အပူလွန်ကဲနေတဲ့ ဝမ်ရိပေါ် တစ်ယောက် အိပ်ခန်းထဲမှာ ဟိုသွား ဒီသွားနဲ့ လျှောက်သွား လျှောက်လာ လုပ်နေပါတယ်။

' ကိုကို ရယ် ... ထိုင်နေစမ်းပါ ...။ မျက်စိကို နောက်နေပြီ။'

ရိပေါ် သူတို့ အခန်းက ပြတင်းပေါက် နားကို သွားရပ်ကြည့်လိုက်၊ နာရီ ကြည့်လိုက် လုပ်ပြီး ...

' ဘယ်လို ထိုင်နေလို့ ရမှာလဲ? မနက်အစော ကတည်းက ဖုန်းဆက်တာကို ခနနေ လာမယ်ဆိုပြီး ပြောတာ၊ ခုထိ မရောက်လာသေးဘူးလေ။ သူ ကျောင်းကို မသွားတော့ဘူးလား။'

' သူ ကျောင်းကို တန်းပြီး သွားလိုက်တာလည်း ဖြစ်နိုင်တာပဲ။'

' ဒါဆို သူက အဝတ်အစားတောင် မလဲတော့ဘူးလား။'

ရိပေါ် ရှောင်း ပြောတာကို ပက်ခနဲ ပြန်ပြောပြီးမှ သတိရသွားသည်။

' ကျောင်း ? ဟုတ်တယ်။ သူ ကိုယ် ဆူမှာ စိုးလို့ ကျောင်းကို တန်းသွားလိုက်တာ ဖြစ်မယ်။'

' မပြောနဲ့နော် ကိုကို ကျောင်းမှာ သူ့ကို သွားစောင့်နေမယ်လို့ ...။'

' ဘာလို့ ပြောနေအုံးမှာလဲ? သွားမယ် ...။'

ရိပေါ် သွားရမယ့် နေရာ သိတာနဲ့ ရှောင်း ရဲ့ လက်ကို ဆွဲပြီး ခေါ်လာလိုက်သည်။

ရှောင်းကျန့် ကတော့ ကိုကို ဆွဲရာနောက် လိုက်ပါလာရင်း ပြောချင်ရာ ပြောလိုက်တဲ့ သူ့ ပါးစပ်ကို ပြန်ရိုက်ချင်နေပါတော့သည်။

~~~~~~~~

အောက်ထပ် ကို ရောက်လာတော့ ဝမ်သခင်ကြီး နဲ့ ထပ်တွေ့ပါလေရော ...။

' မြေး ရိပေါ် ဆင်းလာတာနဲ့ အတော်ပဲ။ ဖိုးဖိုး တို့ကို ပြင်သစ် က လည်စရာ တွေရှိတဲ့ နေရာကို ခေါ်သွားပေးစမ်းပါ။ တရုတ် မပြန်ခင် ရောက်ဖူးသွားသည် ရှိအောင် ...။'

ရိပေါ် အပြင်ကို ထွက်ဖို့ တာစူနေတဲ့ သူ့ ခန္ဓာကိုယ်ကို ဖိုးဖိုး ဘက် ပြန်လှည့်လိုက်ပြီး ...

' ဖိုးဖိုး တို့ သွားလည်ချင်ရင် ဟုန်လုံ ကို လိုက်ပို့ခိုင်းပါလား။ သူက ကျနော် ထက် နေရာစုံတွေ ပိုသိတယ်။ ကျနော် တောင် ရှောင်း ကို ခေါ်သွားပြီး စုံ အောင် မလည်ရသေးဘူး။'

ဝမ်သခင်ကြီး ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်ပြီး ...

' အဲ့ဒါဆို အခု တစ်ခါတည်း အတူသွားကြမယ်လေ။ အကုန်လုံး အတူသွားကြတော့ ပိုတောင် ပျော်ဖို့ ကောင်းသေးတယ်။'

ရှောင်းကျန့် သူ့ဘက်ကို ဝမ်သခင်ကြီးက ပြောလည်း ပြော ကြည့်လည်း ကြည့်လာတာကြောင့် ခေါင်းညိတ်ပြရမလို၊ ခေါင်းခါ ရမလို ဖြစ်နေသည်။

' အာ ... ဖိုးဖိုး တို့ပဲ သွားပါ။ အဲ့ဒါမှ လွတ်လွတ် လပ်လပ် နဲ့ လည် လို့ ကောင်းမယ့် နေရာကို ဟုန်လုံ လိုက်ပို့ပေးလိမ့်မယ်။'

ဝမ်သခင်ကြီး သူ့ကို လွတ်လွတ် လပ်လပ် နဲ့ လည်ခိုင်းချင်တာ နည်းနည်း သူတို့ပဲ လွတ်လွတ် လပ်လပ် နဲ့ လည်ချင်တာ များများ နဲ့ သူ့မြေးကို ကြည့်ရင်း တစ်ခုခု ထပ်ပြောဖို့ ပါးစပ် ဟ တော့ ...

' ကျနော် အပြင် သွားစရာ ရှိလို့ သွားလိုက်အုံးမယ်။ ဟုန်လုံ မင်း ဖိုးဖိုး တို့ကို လိုက်ပို့ပေးလိုက်။ နေရာ စုံအောင် ပို့ခဲ့လိုက်နော် ...။'

ရိပေါ် ဖိုးဖိုး ထပ်ရစ်နေမှာ စိုးတာကြောင့် အိမ်ထဲက အမြန် ထွက်လာခဲ့လိုက်သည်။

ဝမ်သခင်ကြီး ထွက်သွားတဲ့ သူ့မြေးရဲ့ နောက်ကျော ကို ကြည့်နေတုန်း ယဉ်ပါးသည့် ကိုယ်သင်းနံ့ ကို ရလိုက်တာနဲ့ တစ်ပြိုင်နက် စကားသံပါ ကြားလိုက်ရသည်။

' ဘာကြည့်နေတာလဲ ...။'

ဝမ်သခင်မကြီး မေးလည်း မေး သူ့ယောကျာ်း ကြည့်တဲ့ ဘက်ကို လိုက်ကြည့်တော့ သူ့ဘာသာ ပြန်ပိတ်လာတဲ့ တံခါးကိုပဲ တွေ့လိုက်ရသည်။

' ရိပေါ် လေ ... အပြင် ထွက်သွားပြီ။ ငါတို့ လည်ဖို့ကို ဟုန်လုံ က လိုက်ပို့ပေးလိမ့်မယ်။'

' ကျမ မပြောဘူးလား? သူ့ကို သွားအားကိုးလို့ မရပါဘူးဆို။ သူက သူ့ကောင်လေး နားပဲ ကပ်ချင်နေတာ။ အခုဆို အဖိုး ကိုတောင် မေ့လို့ ရရင် မေ့ထားချင်နေသေးမယ့်ပုံနဲ့။'

ဝမ်သခင်ကြီး သူ့မြေး မကောင်းရင်တောင် သူ တစ်ယောက်တည်းပဲ ဆူချင်သည်။ သူများက လာပြောရင် မကြိုက်ပါ။ အဲ့ဒါကြောင့် ...

' ကဲပါ ... မင်း ပြီးပြီ မလား။ ပြီးရင် သွားရအောင်။'

' ပြီးပြီ။ ပြီးပြီ။'

ဝမ်သခင်မကြီး သူသည်လည်း အမှတ်မရှိပါ။ သူ့ယောကျာ်း မကြိုက်မှန်း သိသိကြီးနဲ့ သူကလည်း ဝမ်ရိပေါ် ကို မြင်ရင် ပြောချင် ဆိုချင်နေတာ ဘာဖြစ်မှန်း မသိ။

ဟုန်လုံ လည်း သခင်ကြီး နဲ့ သခင်မကြီး ရှေ့က ထွက်သွားတော့မှ နောက်က လိုက်သွား လိုက်သည်။ ခုတလော ဟာလာ ဟင်းလင်းနဲ့ တစ်စုံ တစ်ခု ကျပျောက်သွားသလို ဖြစ်နေတဲ့ သူ့ နှလုံးသား ခံစားချက်ကို သယ်ပိုးရင်းနဲ့ပေါ့။

~~~~~~~~~

' ကိုကို ...။'

' ဟင်?.'

ရှောင်းကျန့် ကား ရဲ့ နောက်ကြည့်မှန်ကနေ ကြည့်လိုက်ရင်းနဲ့ ...

' အနောက်က ကား က ကျနော်တို့ ကား နောက်ကို လိုက်လာနေသလိုပဲ ...။'

ရိပေါ် လည်း ရှောင်း ပြောမှ ကား ရဲ့ ဘက်ခ်မှန်ကနေ ကြည့်လိုက်တော့ အနောက်မှာ ကား အမဲ တစ်စီး။ တစ်ခြား ကား တွေလည်း ရှိနေပါသေးတယ်။

' ရှောင်း စိတ်ထင်တာ နေမှာပါ။ သူလည်း သူ့လမ်း သူ သွားတာ ဖြစ်ပါလိမ့်မယ်။'

ရှောင်းကျန့် ... ကိုကို ပြောတာကလည်း ဟုတ်သလိုလို ဖြစ်နေတာကြောင့် နောက်က ကား ကို ထပ်မကြည့်တော့ပါ။

အနောက်က ကား တစ်စီးပေါ်တွင်လည်း ...

' ကိုကို က ခုန သူတို့ အိမ်က ထွက်လာကတည်းက ပြောစရာ ရှိတာ မပြောလိုက်ပဲနဲ့ ...။ အခု သူတို့ ဘယ်သွားမှန်း မသိ လိုက်နေရပြီ။'

' တိတ်တိတ် နေစမ်းပါ။ သူတို့က ခုန အိမ်ထဲကနေ ကား နဲ့ တစ်ခါတည်း တန်းထွက်လာတာလေ။ အဲ့ဒါကို ငါက ဘယ်ကနေ သွားပြောရမလဲ?.'

Knight ဘာမှ ထပ်မပြောတော့ပဲ လက်ပိုက်ရင်း စူပုပ်ပုပ်နဲ့ အပြင်ဘက်ကိုပဲ မျက်နှာ မူထားလိုက်သည်။

မကြာဘူး ကား နှစ်စီး ကျောင်း တစ်ကျောင်းရှေ့ကို ရှေ့ဆင့် နောက်ဆင့်နဲ့ မနီးမဝေးလေးမှာ ထိုးရပ်သွားသည်။

ရိပေါ် ကျောင်းရှေ့ ရောက်တာနဲ့ ကား ပေါ်က ဆင်းပြီး ဖုန်း ကို ထုတ်ရင်း ဟော်ရှင်း နာမည်ကို ခေါ်လိုက်သည်။

' ဒူ ... ဒူ ... ဒူ ...။'

ဖုန်း က ဝင်သည်။ ဒါပေမယ့် ကိုင်မယ့် သူ မရှိပါ။

' ဘယ်လိုလဲ? ဆက်လို့ ရလား ...။'

' ဖုန်း က ဝင်တယ်။ သူ မကိုင်တာ။'

ထိုစဉ် ...

' ဟို ... ဒီက အစ်ကိုကြီး တို့ ...။'

ရိပေါ် နဲ့ ရှောင်းကျန့် သူတို့နောက်ကနေ ထွက်လာတဲ့ ပြင်သစ် လေသံကြောင့် လှည့်ကြည့်တော့ မျက်နှာစိမ်း ကောင်လေး နှစ်ယောက် ...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2024.03.13 ( Wed ) နောက်တစ်ပိုင်း သိမ်းပါပြီ။

Zawgyi

ကား လမ္းေတြ ဆိုတာကလည္း ၿမိဳ႕တြင္းမွာသာ ကား ေတြ ပိတ္ၾကပ္ေနတတ္တာ။ ဟိုင္းေဝး လမ္း ေရာက္လာၿပီဆိုရင္ ၾကာၾကာ ေမာင္းသြားေတာ့မွ ကား ေတြ တစ္စီး ႏွစ္စီး ေတြ႕ရတတ္သည္။

တစ္ခ်ိဳ႕ လမ္းေတြဆို အေကြ႕ အေကာက္ေတြက ၂ ထပ္ ၃ ထပ္ေလာက္ ရွိေနပါေသးတယ္။ ဟိုင္းေဝး လမ္း တစ္ခ်ိဳ႕ေနရာမွာေတာ့ ကား ေတြ ဘာေတြ ရပ္ၿပီး ရွဴခင္း ကို ၾကည့္ဖို႔ သပ္သပ္ လုပ္ထားေပးတာမ်ိဳးေတာင္ ရွိတယ္။

ၿမိဳ႕ မဟုတ္ဘူး ဆိုတဲ့ အတိုင္း တိုက္တာေတြနဲ႔ ျပည့္ညႇက္ၿပီး ကား ေတြရဲ႕ အိတ္ေဇာ ကေန ထြက္တဲ့ မီးခိုးနံ႔ေတြနဲ႔ မြန္းၾကပ္မေနပဲ လမ္းေဘး ရဲ႕ တစ္ဖက္ တစ္ခ်က္မွာ စိမ္းညိဳ႕ေနတဲ့ သစ္ပင္ အျမင့္ႀကီးေတြက ေအးခ်မ္းၿပီး မ်က္လုံး ေအးေနေစတယ္။

' ဦးေလး ကား ခဏ ရပ္ေပးအုံး ...။'

' ဟုတ္ကဲ့ မမေလး ...။'

ယြီ႕က်င္း ကား ရပ္သြားတာနဲ႔ ေဘးနားမွာ မ်က္လုံး မွိတ္ရင္း ေလ်ာ့တိ ေလ်ာ့ရဲ နဲ႔ ထိုင္ေနတဲ့ ရွဲန္႔မု ကို ပုတ္လိုက္သည္။

' ရွဲန္႔မု ...။'

' ဟင္?.'

' ခဏ ဆင္းၿပီး အေညာင္း သြားေျဖလိုက္။'

ယြီ႕က်င္း ေျပာလည္း ေျပာ ကား တံခါး ကိုလည္း တစ္ခါတည္း ဖြင့္ေပးလိုက္သည္။

!!!! ကြၽီ !!!!

ရွဲန္႔မု တကယ္လည္း ေညာင္းညာေနတာေၾကာင့္ ကား ေပၚက ဆင္းၿပီး လက္ေတြ ဆန္႔ထုတ္ရင္း အေပၚ ေျမႇာက္လိုက္၊ ေအာက္ခ်လိုက္၊ ေဘးကားလိုက္နဲ႔၊ ဇက္ေတြခ်ိဳး ခါးေတြ လွည့္ လုပ္ေနသည္။

' ဒူ ... ဒူ ... ဒူ ...။'

ယြီ႕က်င္း ကား ေပၚက ဆင္းမလို႔ လုပ္တုန္း ဖုန္းျမည္လာတာေၾကာင့္ မဆင္းျဖစ္ေသးပဲ ဖုန္း ကို အရင္ ကိုင္လိုက္သည္။

' ဟလို ...။'

' သမီး မုမု ... ဘယ္ေရာက္ေနၾကၿပီလဲ ...။'

' ေပက်င္း ကေနေတာ့ ထြက္လာၿပီ မား ...။ မနက္ အေစာႀကီးမွ ေရာက္မွာ။'

' အင္းပါ။ ေျဖးေျဖးပဲ လာၾက။ မား က ဒီတိုင္းပဲ ေမးၾကည့္တာ။'

' ဟုတ္ မား ...။'

' ဟုတ္ၿပီ။ ဟုတ္ၿပီ။ ဒါဆို ဒါပဲေနာ္။ မနက္ျဖန္က် မား သမီး အႀကိဳက္ေတြ ခ်က္ထားမယ္။ ၿပီးေတာ့ သမီး နဲ႔ အတူလာတဲ့ တစ္ေယာက္ကေရာ ဘာစားရတာ ႀကိဳက္လဲ ...။'

ယြီ႕က်င္း ကား ေပၚက အရင္ဆင္းၿပီးမွ ရွဴခင္းေတြ ၾကည့္ေနတဲ့ ရွဲန္႔မု ဘက္ကို ၾကည့္လိုက္ရင္း...

' အကုန္ စားတယ္။ ငါးဟင္း က လႊဲရင္ ...။'

' ဪ ... ဟုတ္ၿပီ။ မား ေသခ်ာ ခ်က္ျပဳတ္ခိုင္းထားလိုက္မယ္။'

' ဟုတ္ မား ...။'

ယြီ႕က်င္း မား ဖုန္း ခ် သြားတာနဲ႔ လက္ထဲမွာ ရွိေနတဲ့ ဖုန္းကို ၾကည့္ရင္း ရွဲန္႔မု ဆီ အၾကည့္ထပ္ေရာက္ေတာ့ ရွဲန္႔မုရဲ႕ ပုံရိပ္ကို မွတ္တမ္း တင္ထားဖို႔ သတိရသြားသည္။

ရွဲန္႔မု ေနာက္ကို ျပန္လွည့္လာေတာ့ သူ႔ဆီ လာေနတဲ့ ယြီ႕က်င္းကို ေတြ႕လိုက္ရတာေၾကာင့္ ေခါင္းတစ္ခ်က္ ဆတ္လိုက္သည္။

' ဗိုက္မဆာဘူးလား  ...။'

' အင္း ...။ နည္းနည္း ဆာလာသလိုပဲ။'

' ကား ထဲမွာ မုန္႔ ရွိတယ္။ စားမယ္ဆို သြားယူလိုက္မယ္။'

' ရတယ္။ ကား ထဲ ေရာက္မွပဲ စားေတာ့မယ္။'

' သေဘာ ...။'

ရွဲန္႔မု ... ယြီ႕က်င္း လက္ထဲမွာ ကိုင္ထားတဲ့ ဖုန္းကို ျမင္လိုက္တာေၾကာင့္ ဖုန္း ဆီကို အၾကည့္မခြါပဲ ...

' အိမ္က ဖုန္းဆက္လာတာလား? ဘာေျပာလဲ?'

ယြီ႕က်င္း လက္ထဲက ဖုန္းကို ဟိုလွည့္ ဒီလွည့္နဲ႔ တစ္ခ်က္ၾကည့္ၿပီး အိတ္ကပ္ထဲ ထည့္လိုက္ရင္း ...

' မား ဆက္လာတာ ...။ ငါတို႔ ေရာက္ရင္ ဘာစားခ်င္လဲ လွမ္းေမးလာတာ။ သူ ျပင္ဆင္ထားရေအာင္လို႔တဲ့။'

' ဪ ...။'

ရွဲန္႔မု ေျပာၿပီး အေပၚစီးကေန ၾကည့္ရင္ ေအာက္ဘက္က လ်ိဳ လို ျဖစ္ေနၿပီး၊ စိမ္းညိဳ႕ ေနတဲ့ သစ္ပင္ေတြ ၊ တစ္ခ်ိဳ႕ေနရာက် ပန္းပြင့္ဖတ္ အျဖဴေတြ အဆုပ္လိုက္ ပြင့္ေနတဲ့ အပင္ေတြ ရွိရာ ျပန္လွမ္းၾကည့္ရင္း ...

' နင့္အိမ္ကို မေျပာရေသးဘူးမလား... ငါ က "ဘာ" ဆိုတာ ...။'

' မလိုဘူးေလ။'

ယြီ႕က်င္း ေဘးကို ေစာင္းငဲ့ၿပီး ၾကည့္လိုက္တဲ့ ရွဲန္႔မု ရဲ႕အၾကည့္ေၾကာင့္ စကား ကို ဆက္ေျပာလိုက္သည္။

' ဘာလို႔ဆို နင့္ရဲ႕ ျဖစ္တည္မႈက ငါ နင့္ အေပၚ ထားတဲ့ သေဘာထားကို ေျပာင္းလဲ ပစ္ႏိုင္မွာ မဟုတ္လို႔ပဲ။ ၿပီးေတာ့ ငါ ဘြဲ႕ယူၿပီးရင္ ေပက်င္းမွာပဲ ငါ ဝါသနာပါတဲ့ စီးပြါးေရး တစ္ခုခု လုပ္ၿပီး အေျခခ်မွာ။ ရွန္ဟိုင္း မွာ မေနဘူး။ အဲ့ဒါေၾကာင့္ နင္ နဲ႔ ငါ ပဲ ရွိမယ့္ ကမာၻမွာ ဘယ္သူ႔ကိုမွ ဂ႐ုစိုက္စရာ မလိုဘူး။'

ယြီ႕က်င္း ေျပာလည္း ေျပာ ရွဲန္႔မု ကို ေနာက္ကေန ဖက္လိုက္ၿပီး ...

' ေရွ႕ဆက္ ဘာပဲ ျဖစ္ျဖစ္ ငါ့ကို ပဲ ၾကည့္ၿပီး ေနေပးပါ။ ငါကလည္း နင့္ ကိုပဲ ကမာၻ တည္ မေနေပမယ့္ နင့္ ကို ပထမ ဦးစားေပးထားၿပီး နင့္ ကို ကာကြယ္ေပးမယ္။
ငါ နင့္ကို ခ်စ္တယ္။'

ရွဲန္႔မု ၾကားလိုက္ရတဲ့ စကားလုံးတိုင္းက ႏွလုံးသားထဲထိ စိမ့္ဝင္သြားသလို ေႏြးေထြးလာတာေၾကာင့္ သူ႔ကို ဖက္ထားတဲ့ ယြိ႕က်င္းရဲ႕ လက္ေပၚကို သူ႔လက္နဲ႔ အုပ္ကိုင္လိုက္ၿပီး ႏွလုံးသားရဲ႕ အနက္ရႈိင္းဆုံးကေန လာတဲ့ စကားကို ေျပာလိုက္သည္။

' ငါ လည္း နင့္ကို ခ်စ္တယ္။'

~~~~~~~~

ေပက်င္း ၿမိဳ႕မွာ သခင္ေတြ မရွိပဲ က်န္ခဲ့ရတဲ့ မု အိမ္ေတာ္ ပိုင္ ေတာင္ကုန္းျမင့္ေလးေပၚက သစ္လုံး အိမ္ထဲတြင္ေတာ့ ...

' ဖလူး ...။'

' ဖလူး ...။'

မုလုံ မ်က္ႏွာ တင္က်န္ေနတဲ့ ေရစက္ေတြကို သပ္ခ် လိုက္ရင္း ဟိုဟို ဒီဒီ ၾကည့္လိုက္ၿပီး ...

' ငါတို႔ ဘယ္ေနရာမွာ ေပၚလာရတာလဲ ...။'

မာလု လည္း သခင္ အေျပာေၾကာင့္ ဟိုဟို ဒီဒီ ၾကည့္လိုက္ၿပီး ...

' အိမ္ တစ္အိမ္ ျဖစ္ဖို႔ မ်ားတယ္။'

မုလုံ သူ႔တပည့္ရဲ႕ အေျပာေၾကာင့္ မ်က္ဝန္းေသနဲ႔ စိုက္ၾကည့္လိုက္ၿပီး ...

' ႐ူးေနလား? အိမ္ ျဖစ္ေနမယ္မွန္းေတာ့ ငါ လည္း သိတာေပါ့။ အခု သိခ်င္တာ ဘယ္ႏိုင္ငံ ဘယ္ေဒသ မွာလည္း ဆိုတာ သိခ်င္တာ။
ေမးလိုက္ရင္ တိက် ေရရာတဲ့ အေျဖကို ဘယ္ေတာ့မွ မရဘူး။'

မုလုံ ေရကန္ထဲက ထြက္ရင္ ခႏၶာကိုယ္ ကို ဖုံးဖို႔ တစ္ခုခု ရွာၾကည့္ေတာ့ တိုင္ တစ္တိုင္မွာ ခ်ိတ္ထားတဲ့ အၤက်ီ အျဖဴကို ေတြ႕တာေၾကာင့္ ဆြဲယူၿပီး ကန္ ထဲကေန ထ လိုက္သည္။

မာလု သူလည္း လိုက္ထြက္သြားခ်င္ေပမယ့္ ခုန သခင္ ဆြဲယူတဲ့ ေနရာကို ၾကည့္ေတာ့ ဘာမွ မေတြ႕ေတာ့တာေၾကာင့္ ေရကန္ထဲမွာပဲ ဆက္စိမ္ ေန ေနလိုက္ရသည္။

မုလုံ ခုန ေရကန္ ရွိတဲ့ ေနရာကေန အျပင္ကို ထြက္လာၿပီး အခန္းထဲကို စပ္စုၾကည့္ေတာ့မွ ကုတင္ ေဘးမွာ ေထာင္ထားတဲ့ ဓာတ္ပုံ တစ္ပုံ ေၾကာင့္ သူ အခု ဘယ္ေရာက္ေနရတယ္ဆိုတာ သိသြားရသည္။

' လက္စသတ္ေတာ့ မင္းသမီး နဲ႔ ႀကိဳက္ေနတဲ့ တစ္ေယာက္ရဲ႕ အိမ္ ေရာက္ေနတာကိုး ...။'

မုလုံ ဓာတ္ပုံ ကို သူ႔ ေနရာ သူ ျပန္ေထာင္ထားလိုက္ၿပီး သူ ဝတ္လို႔ ရမယ့္ အဝတ္အစားေတြ ရွိလို ရွိျငား ရွာၾကည့္လိုက္သည္။

ေရခ်ိဳးခန္းထဲက မာလု ကလည္း တစ္ေနကုန္ ဒီတိုင္း ေနမယ္ဆိုလည္း ေနလို႔ ရေပမယ့္ အျပင္မွာလည္း သခင္ တစ္ေယာက္တည္း မထားခ်င္တာေၾကာင့္ အျပင္ကို ထြက္ဖို႔ ျပင္လိုက္ရေတာ့သည္။

ခႏၷာကိုယ္ ကို ကြယ္စရာ မရွိတာေၾကာင့္ ေရကန္ ထဲက ထြက္တာနဲ႔ တံခါး ဆီကို အျမန္ေျပးဖြင့္ၿပီး အျပင္ကို ေခါင္း အရင္ ျပဴၾကည့္လိုက္သည္။

အျပင္မွာ သခင္ကို မေတြ႕ရေတာ့ပါ။ သခင္ ဘယ္ေရာက္သြားတာလဲ?

မာလု ဟိုဟို ဒီဒီ ၾကည့္ေတာ့ ပြင့္ေနတဲ့ တံခါး ကို ေတြ႕လိုက္ရတာေၾကာင့္ သခင္ အျပင္ ကို ထြက္သြားၿပီဆိုတာ သိလိုက္သည္။

သူမ်ားအိမ္ထဲ ဝင္ေမႊေနသည့္ မုလုံ သည္လည္း ေအာက္ထပ္ က ထမင္းစားခန္းမွာ စားဖို႔ ေသာက္ဖို႔ ေမႊေနျပန္သည္။ ခႏၶာကိုယ္မွာ အခန္း တစ္ခန္းအတြင္းမွာ ေမႊေႏွာက္ရွာလို႔ ေတြ႕ထားသည့္ ေယာက်ာ္းဝတ္ အဝတ္အစားနဲ႔ေပါ့။

မုလုံ ေရခဲ ေသတၱာကို ဖြင့္ၾကည့္ေတာ့ ဘာမွ မ်ားမ်ားစားစား မေတြ႕ရတာေၾကာင့္ ႏွာေခါင္း တစ္ခ်က္ ရႈံ႕လိုက္သည္။

' ဟြန္႔ !!! ဘာမွလည္း မရွိဘူး။ ဝမ္ရိေပၚ ရဲ႕ အိမ္ထက္ ဆိုးေနတယ္။'

မုလုံ ေတြ႕သည့္ ၾကက္ဥ ကို ယူၿပီးပဲ ေရခဲေသတၱာကို ျပန္ပိတ္လိုက္သည္။

လက္ထဲ ေရာက္လာသည့္ ၾကက္ဥ ကို ဖင္ျပန္ ေခါင္းျပန္ ၾကည့္လိုက္ရင္း ...

' ဒါႀကီးကို ငါက ဘယ္လို လုပ္စားရမွာလဲ?'

' ဂလြီ !!!
ဂလြီ !!!'

မုလုံ အသံျမည္လာတဲ့ သူ႔ဗိုက္ကို ပြတ္သပ္လိုက္ရင္း ...

' ဗိုက္ဆာ လိုက္တာ !!!!'

မုလုံ ဗိုက္ဆာတာေၾကာင့္ မ်က္လုံး ထဲ ပင္လယ္ ေအာက္က ေရညႇိပင္ေတြ ျမင္ေယာင္လာသည္။

.
.
.
.

ပလုံ !!!!

ပလုံ !!!!

ေရအျမႇဳပ္ေတြ ပလုံ စီ ထ သြားတဲ့ ေနရာကေန ေအာက္ကို ဆက္ၾကည့္လိုက္ရရင္ လူ တစ္ပိုင္း ငါး တစ္ပိုင္းနဲ႔ ေရသူထီး ႏွစ္ေကာင္ ပင္လယ္ ေအာက္ထဲသို႔ ကူးလူးသြားေနသည္ကို ျမင္ေတြ႕ရလိမ့္မည္။

တကယ္ေတာ့ ကိုယ့္ေနရာ ကိုယ့္ေဒသ ကသာ ေနလို႔ အဆင္ေျပဆုံးနဲ႔ အေကာင္းဆုံးပါ။

လူသား လို ေျပာင္းလဲလို႔ ရေပမယ့္ ခ်က္ခ်င္းႀကီး လူသား လို ေနထိုင္ဖို႔က ကူညီေပးမယ့္ သူ မရွိရင္ စိတ္ကူးနဲ႔ လက္ေတြ႕ ထပ္တူ မက်ႏိုင္တာေၾကာင့္ အခက္ခဲေတာ့ ရွိမွာပင္။ အထူးသျဖင့္ အစားအေသာက္နဲ႔ ပတ္သက္ရင္ေပါ့။

အဲ့ဒါေၾကာင့္ အခုလည္း ဗိုက္ဆာလို႔ ရွိတဲ့ ပစၥည္းေတြနဲ႔ မခ်က္ျပဳတ္တတ္တဲ့ ေရသူထီးေလး ႏွစ္ေကာင္ အိမ္ျပန္ေျပးသြားရၿပီေလ။

~~~~~~~~

ျပင္သစ္ ႏိုင္ငံ တြင္လည္း ေရသူမ နဲ႔ လူသား ေသြးေႏွာ ထားတဲ့ ေကာင္ေလး တစ္ေယာက္ ကုတင္ေပၚမွာ ေကြးေကြးေလး အိပ္ေနတယ္။ ေခါင္းအုံးကေတာ့ ျပင္သစ္ ေကာင္ေလးရဲ႕ လက္ေမာင္း ေပါ့။

ကင္း နဖူးေပၚ က်ေနတဲ့ ေဟာ္ရွင္း ရဲ႕ ဆံစေတြကို ဖြဖြေလး သပ္တင္ေပးလိုက္သည္။

' ေက်းဇူးတင္ပါတယ္ ေဟာ္ရွင္း ...။'

တိုးတိုးေလး ေျပာလိုက္ၿပီး နဖူးကို ဆက္နမ္းခ်င္ေပမယ့္ ေဟာ္ရွင္း ႏႈိးသြားမွာ စိုးသည့္အတြက္ နမ္းခ်င္တာကို ေအာင့္ထားလိုက္သည္။

ထိုစဥ္ ...

' ထင္း !!!!.'

ကင္း ဖုန္း မက္ေဆ့ ျမည္သံေၾကာင့္ အားေနတဲ့ လက္ တစ္ဖက္နဲ႔ ဖုန္းကို ယူၾကည့္လိုက္ေတာ့ ကိုႀကီး ဆီက ...

📩 ေအာက္ ခဏ ဆင္းလာခဲ့အုံး။

ကင္း ဖုန္းကို ျပန္ခ်ထားလိုက္ၿပီး သူ႔လက္ေမာင္းေပၚမွာ အိပ္ေနတဲ့ ေဟာ္ရွင္း ကို ေခါင္းအုံးေပၚ ေျဖးေျဖးေလး ေျပာင္းလိုက္ၿပီး ထ လိုက္သည္။

~~~~~~~~

ေအာက္ေရာက္ေတာ့ ည အိပ္ဝတ္စုံႀကီးေတာင္ မလဲေသးပဲ ျပတင္းေပါက္ဘက္ကို မ်က္ႏွာမူထားတဲ့ ကိုႀကီး ကိုေတြ႕လိုက္ရသည္။

' ဘာထပ္ေျပာစရာ ရွိေသးတာလဲ ...။'

ဒီမြန္ ၾကားလိုက္ရတဲ့ အသံေၾကာင့္ ေနာက္ကို လွည့္လိုက္ၿပီး ဆိုဖာ ကို ေခါင္းဆတ္ျပလိုက္သည္။

' ထိုင္အုံး ...။'

' က်ေနာ့္ မွာ အဲ့ေလာက္ အခ်ိန္ မရွိတာ ကိုႀကီး သိပါတယ္။ ၿပီးရင္ ေဟာ္ရွင္း ကို အိမ္ျပန္လိုက္ပို႔ရအုံးမယ္။'

' ငါလည္း သူ႔အေၾကာင္းပဲ ေျပာမလို႔ ...။'

ဒီမြန္ သူ႔ညီ သြားမထိုင္ေတာ့ သူကပဲ ဆိုဖာ မွာ သြားထိုင္လိုက္သည္။

' သူ႔ရဲ႕ ႐ိုးတြင္းျခင္ဆီ နဲ႔ မာမီ နဲ႔ က အလုပ္ျဖစ္တယ္။'

' ဘာလဲ ... ထပ္ၿပီး လုပ္ေပးရအုံးမွာလား။ ေျပာေတာ့ ၆ လ မွ ေနာက္ထပ္ တစ္ႀကိမ္ဆို ...။'

ဒီမြန္ ဟိုေကာင္ေလးကို နည္းနည္းေလးမွ အထိ မခံတဲ့ သူ႔ညီ ေၾကာင့္ ဟီး႐ိုး ရဲ႕ အေဖ အတြက္ ႐ိုးတြင္းျခင္ဆီ ထုတ္ေပးဖို႔ ဘယ္လို ေျပာရမလဲ စဥ္းစားရၾကပ္သြားသည္။

ကင္း ၿငိမ္သြားတဲ့ ကိုႀကီးေၾကာင့္ ထြက္သြားဖို႔ ျပင္သည္။

' ငါ  ... ငါ ေျပာမွာက မာမီ အတြက္ မဟုတ္ဘူး။ ငါ နဲ႔ ပတ္သက္တဲ့ တစ္ေယာက္ရဲ႕ အေဖ အတြက္ ေနာက္ထပ္ တစ္ခါပဲ ထုတ္ေပးေစခ်င္တယ္။'

' ဘယ္လို !!!! ကိုႀကီး နဲ႔ ပတ္သက္တဲ့ လူ!!! ဟုတ္လား?'

ကင္း ဘာမွ ဆက္မေျပာလာတဲ့ ကိုႀကီး ေၾကာင့္ နာက်င္စြာ ဆက္ေျပာလိုက္သည္။

' ကိုႀကီး က်ေနာ့္ ကို နည္းနည္းမွ အားနာစိတ္ မျဖစ္ဘူးလား။ မသနားဘူးလား။ ေဟာ္ရွင္း ကို ခ်စ္တယ္ လို႔ ေျပာခဲ့ဖူးတာက ဟာသ မဟုတ္ဘူး။ အခုလို သူ က်ေနာ့္ အတြက္ ေပးဆပ္ထားၿပီး သူ ကိုယ္တိုင္ နာက်င္ေနရတာကို ျမင္ရတာ က်ေနာ့္ ႏွလုံးသားကို ဆူး နဲ႔ ထိုးေနသလို ခံစားရတယ္ ဆိုတာ ကိုႀကီး သိလား? က်ေနာ္ သူ ေျပာတာကို လက္ခံေပးလိုက္တာကိုေတာင္ ေနာင္တ ရေနတာ။
အခု ကိုႀကီး က သူ႔ကို တစ္ျခား သူစိမ္း အတြက္ ထပ္ၿပီး နာက်င္ ခိုင္းအုံးမယ္။
ဒီတစ္ခါ သူ လက္ခံမယ္ဆိုရင္ေတာင္ က်ေနာ္ လက္ခံမွာ မဟုတ္ဘူး။ ကိုႀကီး ဇြတ္လုပ္မယ္ဆို က်ေနာ္ သူ႔ကို ဘယ္သူမွ မျမင္တဲ့ ေနရာမွာ ေခၚသြားၿပီး သြားဖြက္ထားလိုက္ေတာ့မွာ။'

ကင္း သူ႔ကို မင္း က ဒီ အသက္႐ြယ္နဲ႔ ဘယ္ကို သြားၿပီး ေနခ်င္တာလဲ ဆိုၿပီး အထင္မႀကီးတဲ့ အၾကည့္နဲ႔ ၾကည့္လာတဲ့ ကိုႀကီး ရဲ႕ ႏႈတ္ဖ်ားက စကားေတြ ထြက္မလာေသးခင္ ထပ္ေျပာလိုက္သည္။

' က်ေနာ့္ကို မင္း က ဘာလုပ္ႏိုင္လို႔လဲ ဆိုတဲ့ အၾကည့္နဲ႔ လာမၾကည့္နဲ႔။ ေဟာ္ရွင္း ကို သာ ထပ္ထိရင္ က်ေနာ္ မျဖစ္ႏိုင္တာ မရွိေအာင္ အကုန္ လုပ္မွာ။
ကိုႀကီး က်ေနာ့္ လူ ကို ထပ္ၿပီး မ်က္ေစာင္း ေတာင္ လာမထိုးနဲ႔ေတာ့ ...။'

ဒီမြန္ သူ႔ကို ေျပာဆိုၿပီး ထြက္သြားတဲ့ သူ႔ညီ ရဲ႕ ေနာက္ေက်ာ ကို ၾကည့္ရင္း ဆြံ႕အ လ်က္ က်န္ခဲ့ရသည္။ သူ႔မ်က္လုံး ေအာက္မွာတင္ ႀကီးျပင္းလာတဲ့ ကေလးေပါက္စ ေလးက အခုေတာ့ သူစိမ္း တစ္ေယာက္ အတြက္နဲ႔ သူ႔ကို ျပန္ခံေျပာေနခဲ့ၿပီ။

ဒီမြန္ စားပြဲခုံ ေပၚက သူ႔ဖုန္းကို ယူၿပီး ဖြင့္လိုက္ေတာ့ call log မွာ တစ္ဖက္က မကိုင္လို႔ နီ ေနတဲ့ အထြက္ ေကာလ္ ေတြ ၄ ၅ ၆ ေကာလ္ ျပေနတယ္။

မကိုင္တဲ့ ဖုန္း ကို ဆက္ၿပီး မဆက္ေတာ့ပဲ မက္ေဆ့ ပို႔လိုက္သည္။

~~~~~~~~

!!! ထင္း !!!

ဟီး႐ိုး လက္ထဲမွာ ကိုင္ထားတဲ့ ဖုန္း ထဲက ျမည္လာတဲ့ အသံေၾကာင့္ ၾကည့္လိုက္ေတာ့ သူ မကိုင္တာေတာင္ ခဏ ခဏ ဆက္လာတဲ့ ဒီမြန္ ဆိုတဲ့ နာမည္နဲ႔ လူ ဆီက။

📩 ကိုယ္ ေတာင္းပန္ပါတယ္။

ဟီး႐ိုး မက္ေဆ့ ကို ဖတ္ၿပီး ဖုန္းကို မျမင္သာတဲ့ ေနရာမွာ ပစ္ထားလိုက္သည္။

' ဟက္ !!!! လုပ္ခ်င္တာ လုပ္ထားၿပီး ေဆာရီး တစ္ခြန္းတည္းနဲ႔ ၿပီးသြားခ်င္တာလား။'

ဟီး႐ိုး ႏႈတ္က ဘယ္လိုပဲ တင္းမာတဲ့ စကား ေျပာထြက္ၿပီး လိမ္ေနေပမယ့္ ပါးျပင္ေပၚ က်လာတဲ့ မ်က္ရည္ ကေတာ့ ေဖာ္ေကာင္ လုပ္ေနတယ္။

ထိုစဥ္ ...

' ကိုကို !!!!.'

ဟီး႐ိုး သူ႔ညီေလးရဲ႕ ေခၚသံေၾကာင့္ မ်က္ရည္ေတြကို ကမန္း ကတမ္း သုတ္ပစ္လိုက္သည္။

' ကိုကို ...။'

ဟီး႐ိုး သူ႔ညီေလး ကို လွည့္ၾကည့္ေတာ့ မ်က္ဝန္း ႏွစ္ဖက္မွာ ျပည့္အိုင္ေနတဲ့ မ်က္ရည္ ေတြနဲ႔။

' Knight ... ဘာျဖစ္တာလဲ?.'

' အီး ဟီး ဟီး ...။'

ေခ်ာ့ခံရတဲ့ ကေလး ပိုငိုတယ္ ဆိုသလို Knight လည္း သူ႔ ကိုကို အသံ ၾကားတာနဲ႔ ေအာ္ ငို လာသည္။

' ဘာျဖစ္တာလဲ ... မင္း ကို ဘယ္သူ ဘာလုပ္လို႔လဲ ...။'

' အီး ... ဟီး ... ဟီး ... က်ေနာ္ အသဲ ကြဲ သြားၿပီ။ ေဟာ္ရွင္း က်ေနာ့္ အသဲ ကို ခြဲသြားၿပီ။'

ဟီး႐ိုး သူ႔ညီေလး ေျပာတဲ့ ေဟာ္ရွင္း ဆိုတဲ့ တစ္ေယာက္ကို မ်က္လုံးထဲ တန္းျမင္မိေအာင္ ဦးေႏွာက္ ကို အျမန္ အလုပ္ေပးလိုက္သည္။
မ်က္လုံးထဲတြင္ ေက်ာင္းမွာ သူ႔ညီနဲ႔ တစ္ခါ ႏွစ္ခါ တြဲၿပီး ေတြ႕ဖူးတဲ့ ေကာင္ေလး တစ္ေယာက္ရဲ႕ ပုံရိပ္ ေပၚလာသည္။

' တ႐ုတ္ ေကာင္ေလး ကို ေျပာတာလား? သူက ဘာလုပ္လို႔လဲ?.'

' ဟင့္ ... က်ေနာ့္မွာ သူ ျပန္ေျပးဆြဲ ခံရတယ္ ထင္ၿပီး ရဲစခန္းထိေတာင္ သြားၿပီး လူေပ်ာက္ တိုင္တာ။ သူ႔ကို ေခၚသြားတဲ့ ကား နံပတ္ ကို ေျခရာခံၿပီး လိုက္သြားေတာ့ သူက ကင္း နဲ႔ အတူ ရွိေနတာ။
ကင္း ရဲ႕ အကို က သူ႔ကို ေခၚသြားတာတဲ့။'

ဟီး႐ိုး ၾကားလိုက္ရတဲ့ စကားေတြေၾကာင့္ နားေတြ ရႈပ္သြားခဲ့သည္။

' ေန ... ေနပါအုံး။ ကင္း ဆိုတာက ???.'

' ကင္း ဆိုတာ ေက်ာင္းမွာ က်ေနာ္ နဲ႔ မတည့္ဆုံး ေကာင္ေလ။ သူ႔အစ္ကို က ဒီမြန္ ...။ ဒီမြန္ ဆိုတဲ့ နာမည္ အတိုင္း ေကာင္းလား မေကာင္းလား အကုန္ လုပ္တယ္။ ၿပီးေတာ့ ေက်ာင္းမွာလည္း သူ႔ အစ္ကို ရွယ္ယာ ပါေသးတယ္။ အဲ့ဒါေၾကာင့္ အဲ့ေကာင္ ေျမႇာက္ႂကြ ေျမႇာက္ႂကြ ျဖစ္ေနတာ။'

ဟီး႐ိုး .. ဒီမြန္ ဆိုတဲ့ နာမည္ရယ္ ျပန္ေပးဆြဲ ခံရတယ္ ဆိုတဲ့ စကားကို ျပန္ၾကားေယာင္ၿပီး တစ္ခုခု ကို အေတြးေပါက္လိုက္သည္။

' ခုန မင္း ေျပာတာ တ႐ုတ္ ေကာင္ေလး ကို ျပန္ေပးဆြဲသြားတယ္လို႔ ေျပာတာလား ...။'

' အင္း ...။ ၿပီးမွ က်ေနာ္ လိုက္သြားေတာ့ သူတို႔က ေျပေျပ လည္လည္ ပဲ ရွိေနတာ။ ၿပီးေတာ့ ဒီမြန္ ဆိုတဲ့ လူ နဲ႔ ရဲ ကလည္း သိေနၾကေသးတာ။ အဲ့ဒါေၾကာင့္ က်ေနာ္ ေဟာ္ရွင္း ကို က်ေနာ္ နဲ႔ အတူ ျပန္ပါလာေအာင္ ေခၚလို႔ မရခဲ့တာေပါ့။
ၿပီးေတာ့ ေဟာ္ရွင္း ကလည္း က်ေနာ့္ကို ေသခ်ာတဲ့ အေျဖေပးခဲ့လိုက္ေသးတယ္။ သူ ကင္း ကိုပဲ ေ႐ြးခ်ယ္မယ္တဲ့။

အီး ...။'

' ေနအုံး !!!!.'

' အင္ !!!!.'

Knight ငိုရင္း တန္းလန္း ျဖစ္သြားရသည္။ အသဲက ကြဲေနပါတယ္ဆို ...၊ ငိုတာေတာင္ ျပည့္ျပည့္ ဝဝ မငိုရဘူး။

* ဒါဆို သူ႔ကို ညာၿပီး အေပးအယူ မလုပ္ျဖစ္တဲ့ တစ္ေယာက္က အဲ့တ႐ုတ္ေကာင္ေလး ေပါ့။*

' အခု အဲ့ေကာင္ေလး ဘယ္မွာလဲ?'

Knight ကိုကို ရဲ႕ စကားေၾကာင့္ မ်က္ေစာင္းထိုးမိသြားသည္။ လူ က နဂိုတည္းက ေဟာ္ရွင္း .. ကင္း ရဲ႕ အိမ္မွာ ရွိေနတယ္ ဆိုတဲ့ အသိကို ေမ့ထားခ်င္တာပါဆိုမွ ...။

' ဘယ္မွာ ရမွာလဲ? ဟိုေကာင္ ကင္း ရဲ႕ အိမ္မွာေပါ့။'

' သူ အိမ္ေတာ့ ျပန္မွာပဲ မလား။'

Knight သူ႔ကို ေမးလာတဲ့ ကိုကို႔ ေလသံ က စိတ္ထဲ တစ္ခုခု ခံစားရေစတာေၾကာင့္ မသကၤာ သလို ၾကည့္လိုက္ၿပီး ...

' ကိုကို သူ႔ကို ဘာလုပ္မလို႔လဲ? ကင္း ရဲ႕ အစ္ကို လို သူ႔ကို ျပန္ေပးဆြဲၿပီး က်ေနာ့္ ဆီ ေခၚလာေပးမလို႔လား ...။'

' အဲ့လိုဆို မင္း ယူမွာလား?.'

Knight သူ႔ကို စ သလား? ေနာက္ ေျပာ ေျပာေနတာလား မစဥ္းစား အားေတာ့ပဲ ေခါင္းကို ျပဳတ္ထြက္မတတ္ ခါရမ္းလိုက္ၿပီး ...

' ဟင့္အင္း ...။ မယူဘူး။ သူ႔ကို အဲ့လို လုပ္ၿပီး ေခၚလာေတာ့ေရာ သူ႔စိတ္ကို က်ေနာ္ က ရမွာတဲ့လား? သူ က်ေနာ့္ကို ႐ြံမုန္းသြားတာပဲ ခံရမွာ။ သူနဲ႔ ခ်စ္သူ မျဖစ္ရရင္ ေနပါေစ ...။ သူ တစ္သက္လုံး မၾကည့္ခ်င္၊ မဆုံခ်င္တဲ့ လူ ေတာ့ မျဖစ္ခ်င္ဘူး။'

ဟီး႐ိုး သူက ႐ြဲ႕ေျပာ႐ုံ ေျပာလိုက္တာ နည္းနည္း သူ႔ကို ဒရမ္မာ ေတြ လာခ်ိဳးၿပီး ဘယ္ဝတၳဳ ထဲက စာသားေတြ လာ႐ြတ္ျပေနမွန္း မသိတဲ့ Knight ေၾကာင့္ နားကို ကေလာ္ ၿပီး မ်က္ႏွာ ရႈံ႕မဲ့လိုက္ရင္း ...

' ေတာ္ ... ေတာ္လိုက္ေတာ့။ ငါ က အျဖစ္ပဲ ေျပာၾကည့္တာ။ လူ တစ္ေယာက္ကို ျပန္ေပးဆြဲရတဲ့ထိ ငါလည္း မလုပ္ရဲဘူး။
ဒါေပမယ့္ သူ နဲ႔ စကားေျပာခ်င္တာကေတာ့ တကယ္ ...။'

' ကိုကို က သူနဲ႔လည္း မသိပဲ ဘာလို႔ သူနဲ႔ စကားေျပာခ်င္တာလဲ ...။'

' ဪ ... ငါက ရွိတယ္ဆို ရွိတယ္ေပါ့။ စိတ္ခ် မင္း အတြက္နဲ႔ သူ႔ကို ျပန္ေပးမဆြဲလာဘူး။ ၿပီးေတာ့ မင္း သူ႔ကို ေသေလာက္ေအာင္ ခ်စ္ေနတယ္ဆိုတာလည္း သြားေျပာျပေပးမွာ မဟုတ္ဘူး။
အဲ့ဒါေၾကာင့္ သူ႔အိမ္မွာ သူ႔ကို သြားေစာင့္ေနရေအာင္ ...။'

' ဟာ ... မသြားခ်င္ဘူး။ ေက်ာင္းမွာပဲ သူ႔ကို သြားေစာင့္တာက ဟုတ္ေသးတယ္။ ၿပီးေတာ့ သူ႔ ဦးေလး ကလည္း တေလာကလုံး သူ႔လုပ္စာ ထိုင္စားေနရတဲ့ ႐ုပ္ႀကီးနဲ႔။'

ဟီး႐ိုး Knight ေျပာမွ အေတြးထဲ ေနာက္ထပ္ အလင္းတစ္ခု ေပါက္လာသည္။
သူ ဘာလို႔ မစဥ္းစားမိတာပါလိမ့္ ...။ အဲ့ေကာင္ေလးမွာ ေဆြမ်ိဳးေတာ့ ရွိမွာပဲဆိုတာ။
ဒါဆို သူ႔ ဦးေလးကို အက်ိဳးအေၾကာင္း ေျပာျပၿပီး အကူညီ သြားေတာင္းလို႔ ရတာပဲ။

ဟီး႐ိုး သူ႔ဘာသာ ေတြးရင္း မ်က္ႏွာက ၿပဳံးေယာင္သမ္း လာသည္။ အေတြးဆိုတဲ့ အတိုင္း အရာရာ ေလွ်ာေလွ်ာ ရွဴရွဴ နဲ႔ပါပဲ။

~~~~~~~~

အိမ္ တစ္အိမ္တြင္လည္း ထမင္းစားခန္းထဲမွာ မိသားစု တစ္စု အတူတူ ထမင္းစားေနၾကသည္။

ထမင္းစားေနၾကသည့္ အထဲမွာ ဝမ္ရိေပၚကေတာ့ ထမင္း ေျဖာင့္ေျဖာင့္ မစားပဲ လက္မွာ ပတ္ထားတဲ့ နာရီ ကို တၾကည့္ ၾကည့္ ျဖစ္ေနသည္။

' ရိေပၚ !!! မင္း ထမင္း စားတာကို ေသခ်ာစားစမ္း ...။'

' ဖိုးဖိုး ကလည္း ဘယ္လို စားလို႔ ဝင္မွာလဲ? အခု ဖိုးဖိုး ရဲ႕ ျမစ္ က အိမ္ မျပန္လာတာေနာ္။ ဖိုးဖိုး သူ႔ကို စိတ္မပူဘူးလား။'

' သူ ျပန္လာေတာ့မယ္လို႔ ေျပာတယ္မလား။ ၿပီးေတာ့ ေယာက်ာ္းေလး တစ္ေယာက္ကို အဲ့ေလာက္ထိ စိတ္ပူျပေနစရာ မလိုေလာက္ပါဘူး။'

ရိေပၚ နားထဲမွာ ေရွာင္း ေျပာဖူးတဲ့ ဟိုကေလးက ေဟာ္ရွင္း ကို ႀကိဳက္ေနတာ ဆိုတဲ့ စကား ျပန္ၾကားေယာင္လာသည္။
အခု သူငယ္ခ်င္း ဆိုတာကလည္း အဲ့ ကေလး အိမ္ကိုပဲ သြားတာ ေနမွာ။
ရိေပၚ မ်က္ႏွာ မအီမလည္ ျဖစ္သြားရသည္။

' ဖိုးဖိုး မသိလို႔ ...။'

ရိေပၚ ခုံေအာက္က သူ႔ေျခေထာက္ကို လာတို႔လိုက္တဲ့ ေရွာင္း ေၾကာင့္ စကားက တစ္ဝက္မွာတင္ ရပ္တန္႔သြားရသည္။

ဝမ္သခင္မႀကီး ထမင္း မစားေသးပဲ သူ႔အေရွ႕မွာ ထမင္း ငုံ႔စားေနတဲ့ ေကာင္ေလးကို စုန္ခ်ည္ ဆန္ခ်ည္ ၾကည့္လိုက္ၿပီး ...

' မင္း ရဲ႕ နာမည္က ေရွာင္းက်န္႔ ဟုတ္လား။ မင္းကို ငါ ဘာလို႔ ျမင္ဖူးတယ္လို႔ ခံစားမိေနတာလဲ ...။'

ေရွာင္းက်န္႔ သူ႔ကို တိုက္႐ိုက္ ေမးလာတာေၾကာင့္ ေခါင္းကို ေမာ့လိုက္ၿပီး မ်က္ႏွာကို အုပ္ကိုင္လိုက္ရင္း ...

' ဟို ... ဟို ... လူ ... လူ မွားတာ ျဖစ္ပါလိမ့္မယ္။ က်ေနာ္ ... က်ေနာ္ သခင္မႀကီး ကို မျမင္ဖူးပါဘူး။'

ေရွာင္းက်န္႔ သူ႔ စကားေတြက အလိမ္ေတြ ျဖစ္တာေၾကာင့္ အသံက အဖ်ားခတ္မွာ တိမ္ဝင္သြားရသည္။

သခင္ႀကီး ကေတာ့ သိၿပီးသားေပမယ့္ သူ႔မိန္းမ ကို အစကေန ျပန္မရွင္းျပခ်င္တာမို႔ ဘာမွ ဝင္မေျပာပဲ ေနလိုက္သည္။

သခင္မႀကီးလည္း လူမွားတာ ျဖစ္ပါလိမ့္မယ္လို႔ ေတြးလိုက္သည္။

' ဒါဆို မင္းရဲ႕ အေၾကာင္းကို ေျပာ။ ဘယ္လိုျဖစ္ျဖစ္ မင္း က ဝမ္ မိသားစုဝင္ ျဖစ္လာၿပီဆိုေတာ့ မင္း ဘယ္က လာတယ္၊ ဘယ္မိသားစု ကလဲ ဆိုတာပါ သိဖို႔ လိုအပ္လာၿပီေလ။'

ေရွာင္းက်န္႔ ခုန ဝမ္ သခင္မႀကီး ေမးကတည္းက ထမင္းလည္း ဆက္မစားျဖစ္ေတာ့ပဲ လက္ ႏွစ္ဖက္ကို ေပါင္ေပၚ တင္ထားတာပင္။

အခုလို ဆက္ေမးလာေတာ့ ဘာျပန္ေျပာလို႔ ေျပာရမွန္း မသိပဲ ေပါင္ ကို ကုတ္လိုက္၊ ေဘာင္းဘီ အစ ကို ဆုပ္လိုက္ ျဖစ္ေနသည္။

ဝမ္သခင္ႀကီး ေကာင္ေလး အခက္ေတြ႕ေနတာကို  ၾကည့္ရင္း သူ႔ မိန္းမ ရဲ႕ ပန္းကန္ထဲကို ဟင္း ခပ္ထည့္ေပးလိုက္သည္။

' ကဲပါ ... ထမင္းကို အရင္ ၿပီးေအာင္ စားပါ။ က်န္တာေတြ ေနာက္မွ ေမး ...။ ခုန ရိေပၚ ကို ေျပာေနရကတည္းက ထမင္း ကို ေကာင္းေကာင္း မစားျဖစ္ေသးဘူး။ အဲ့ဒါေၾကာင့္ စကားေတြ ထပ္မမ်ားေတာ့ပဲ ထမင္း စားၾက။'

~~~~~~~~

ထမင္း စားၿပီးေတာ့လည္း ဝမ္ရိေပၚ  တစ္ေယာက္ ေရွာင္းက်န္႔ ေခၚေဆာင္မႈနဲ႔ အိပ္ခန္းထဲ ေရာက္ေနရပါတယ္။
ဒါေပမယ့္ အခုမွ သူ႔တူေလးကို ထူးထူးဆန္းဆန္း စိတ္ အပူလြန္ကဲေနတဲ့ ဝမ္ရိေပၚ တစ္ေယာက္ အိပ္ခန္းထဲမွာ ဟိုသြား ဒီသြားနဲ႔ ေလွ်ာက္သြား ေလွ်ာက္လာ လုပ္ေနပါတယ္။

' ကိုကို ရယ္ ... ထိုင္ေနစမ္းပါ ...။ မ်က္စိကို ေနာက္ေနၿပီ။'

ရိေပၚ သူတို႔ အခန္းက ျပတင္းေပါက္ နားကို သြားရပ္ၾကည့္လိုက္၊ နာရီ ၾကည့္လိုက္ လုပ္ၿပီး ...

' ဘယ္လို ထိုင္ေနလို႔ ရမွာလဲ? မနက္အေစာ ကတည္းက ဖုန္းဆက္တာကို ခနေန လာမယ္ဆိုၿပီး ေျပာတာ၊ ခုထိ မေရာက္လာေသးဘူးေလ။ သူ ေက်ာင္းကို မသြားေတာ့ဘူးလား။'

' သူ ေက်ာင္းကို တန္းၿပီး သြားလိုက္တာလည္း ျဖစ္ႏိုင္တာပဲ။'

' ဒါဆို သူက အဝတ္အစားေတာင္ မလဲေတာ့ဘူးလား။'

ရိေပၚ ေရွာင္း ေျပာတာကို ပက္ခနဲ ျပန္ေျပာၿပီးမွ သတိရသြားသည္။

' ေက်ာင္း ? ဟုတ္တယ္။ သူ ကိုယ္ ဆူမွာ စိုးလို႔ ေက်ာင္းကို တန္းသြားလိုက္တာ ျဖစ္မယ္။'

' မေျပာနဲ႔ေနာ္ ကိုကို ေက်ာင္းမွာ သူ႔ကို သြားေစာင့္ေနမယ္လို႔ ...။'

' ဘာလို႔ ေျပာေနအုံးမွာလဲ? သြားမယ္ ...။'

ရိေပၚ သြားရမယ့္ ေနရာ သိတာနဲ႔ ေရွာင္း ရဲ႕ လက္ကို ဆြဲၿပီး ေခၚလာလိုက္သည္။

ေရွာင္းက်န္႔ ကေတာ့ ကိုကို ဆြဲရာေနာက္ လိုက္ပါလာရင္း ေျပာခ်င္ရာ ေျပာလိုက္တဲ့ သူ႔ ပါးစပ္ကို ျပန္႐ိုက္ခ်င္ေနပါေတာ့သည္။

~~~~~~~~

ေအာက္ထပ္ ကို ေရာက္လာေတာ့ ဝမ္သခင္ႀကီး နဲ႔ ထပ္ေတြ႕ပါေလေရာ ...။

' ေျမး ရိေပၚ ဆင္းလာတာနဲ႔ အေတာ္ပဲ။ ဖိုးဖိုး တို႔ကို ျပင္သစ္ က လည္စရာ ေတြရွိတဲ့ ေနရာကို ေခၚသြားေပးစမ္းပါ။ တ႐ုတ္ မျပန္ခင္ ေရာက္ဖူးသြားသည္ ရွိေအာင္ ...။'

ရိေပၚ အျပင္ကို ထြက္ဖို႔ တာစူေနတဲ့ သူ႔ ခႏၶာကိုယ္ကို ဖိုးဖိုး ဘက္ ျပန္လွည့္လိုက္ၿပီး ...

' ဖိုးဖိုး တို႔ သြားလည္ခ်င္ရင္ ဟုန္လုံ ကို လိုက္ပို႔ခိုင္းပါလား။ သူက က်ေနာ္ ထက္ ေနရာစုံေတြ ပိုသိတယ္။ က်ေနာ္ ေတာင္ ေရွာင္း ကို ေခၚသြားၿပီး စုံ ေအာင္ မလည္ရေသးဘူး။'

ဝမ္သခင္ႀကီး ေခါင္းကို ဆတ္ခနဲ ညိတ္လိုက္ၿပီး ...

' အဲ့ဒါဆို အခု တစ္ခါတည္း အတူသြားၾကမယ္ေလ။ အကုန္လုံး အတူသြားၾကေတာ့ ပိုေတာင္ ေပ်ာ္ဖို႔ ေကာင္းေသးတယ္။'

ေရွာင္းက်န္႔ သူ႔ဘက္ကို ဝမ္သခင္ႀကီးက ေျပာလည္း ေျပာ ၾကည့္လည္း ၾကည့္လာတာေၾကာင့္ ေခါင္းညိတ္ျပရမလို၊ ေခါင္းခါ ရမလို ျဖစ္ေနသည္။

' အာ ... ဖိုးဖိုး တို႔ပဲ သြားပါ။ အဲ့ဒါမွ လြတ္လြတ္ လပ္လပ္ နဲ႔ လည္ လို႔ ေကာင္းမယ့္ ေနရာကို ဟုန္လုံ လိုက္ပို႔ေပးလိမ့္မယ္။'

ဝမ္သခင္ႀကီး သူ႔ကို လြတ္လြတ္ လပ္လပ္ နဲ႔ လည္ခိုင္းခ်င္တာ နည္းနည္း သူတို႔ပဲ လြတ္လြတ္ လပ္လပ္ နဲ႔ လည္ခ်င္တာ မ်ားမ်ား နဲ႔ သူ႔ေျမးကို ၾကည့္ရင္း တစ္ခုခု ထပ္ေျပာဖို႔ ပါးစပ္ ဟ ေတာ့ ...

' က်ေနာ္ အျပင္ သြားစရာ ရွိလို႔ သြားလိုက္အုံးမယ္။ ဟုန္လုံ မင္း ဖိုးဖိုး တို႔ကို လိုက္ပို႔ေပးလိုက္။ ေနရာ စုံေအာင္ ပို႔ခဲ့လိုက္ေနာ္ ...။'

ရိေပၚ ဖိုးဖိုး ထပ္ရစ္ေနမွာ စိုးတာေၾကာင့္ အိမ္ထဲက အျမန္ ထြက္လာခဲ့လိုက္သည္။

ဝမ္သခင္ႀကီး ထြက္သြားတဲ့ သူ႔ေျမးရဲ႕ ေနာက္ေက်ာ ကို ၾကည့္ေနတုန္း ယဥ္ပါးသည့္ ကိုယ္သင္းနံ႔ ကို ရလိုက္တာနဲ႔ တစ္ၿပိဳင္နက္ စကားသံပါ ၾကားလိုက္ရသည္။

' ဘာၾကည့္ေနတာလဲ ...။'

ဝမ္သခင္မႀကီး ေမးလည္း ေမး သူ႔ေယာက်ာ္း ၾကည့္တဲ့ ဘက္ကို လိုက္ၾကည့္ေတာ့ သူ႔ဘာသာ ျပန္ပိတ္လာတဲ့ တံခါးကိုပဲ ေတြ႕လိုက္ရသည္။

' ရိေပၚ ေလ ... အျပင္ ထြက္သြားၿပီ။ ငါတို႔ လည္ဖို႔ကို ဟုန္လုံ က လိုက္ပို႔ေပးလိမ့္မယ္။'

' က်မ မေျပာဘူးလား? သူ႔ကို သြားအားကိုးလို႔ မရပါဘူးဆို။ သူက သူ႔ေကာင္ေလး နားပဲ ကပ္ခ်င္ေနတာ။ အခုဆို အဖိုး ကိုေတာင္ ေမ့လို႔ ရရင္ ေမ့ထားခ်င္ေနေသးမယ့္ပုံနဲ႔။'

ဝမ္သခင္ႀကီး သူ႔ေျမး မေကာင္းရင္ေတာင္ သူ တစ္ေယာက္တည္းပဲ ဆူခ်င္သည္။ သူမ်ားက လာေျပာရင္ မႀကိဳက္ပါ။ အဲ့ဒါေၾကာင့္ ...

' ကဲပါ ... မင္း ၿပီးၿပီ မလား။ ၿပီးရင္ သြားရေအာင္။'

' ၿပီးၿပီ။ ၿပီးၿပီ။'

ဝမ္သခင္မႀကီး သူသည္လည္း အမွတ္မရွိပါ။ သူ႔ေယာက်ာ္း မႀကိဳက္မွန္း သိသိႀကီးနဲ႔ သူကလည္း ဝမ္ရိေပၚ ကို ျမင္ရင္ ေျပာခ်င္ ဆိုခ်င္ေနတာ ဘာျဖစ္မွန္း မသိ။

ဟုန္လုံ လည္း သခင္ႀကီး နဲ႔ သခင္မႀကီး ေရွ႕က ထြက္သြားေတာ့မွ ေနာက္က လိုက္သြား လိုက္သည္။ ခုတေလာ ဟာလာ ဟင္းလင္းနဲ႔ တစ္စုံ တစ္ခု က်ေပ်ာက္သြားသလို ျဖစ္ေနတဲ့ သူ႔ ႏွလုံးသား ခံစားခ်က္ကို သယ္ပိုးရင္းနဲ႔ေပါ့။

~~~~~~~~~

' ကိုကို ...။'

' ဟင္?.'

ေရွာင္းက်န္႔ ကား ရဲ႕ ေနာက္ၾကည့္မွန္ကေန ၾကည့္လိုက္ရင္းနဲ႔ ...

' အေနာက္က ကား က က်ေနာ္တို႔ ကား ေနာက္ကို လိုက္လာေနသလိုပဲ ...။'

ရိေပၚ လည္း ေရွာင္း ေျပာမွ ကား ရဲ႕ ဘက္ခ္မွန္ကေန ၾကည့္လိုက္ေတာ့ အေနာက္မွာ ကား အမဲ တစ္စီး။ တစ္ျခား ကား ေတြလည္း ရွိေနပါေသးတယ္။

' ေရွာင္း စိတ္ထင္တာ ေနမွာပါ။ သူလည္း သူ႔လမ္း သူ သြားတာ ျဖစ္ပါလိမ့္မယ္။'

ေရွာင္းက်န္႔ ... ကိုကို ေျပာတာကလည္း ဟုတ္သလိုလို ျဖစ္ေနတာေၾကာင့္ ေနာက္က ကား ကို ထပ္မၾကည့္ေတာ့ပါ။

အေနာက္က ကား တစ္စီးေပၚတြင္လည္း ...

' ကိုကို က ခုန သူတို႔ အိမ္က ထြက္လာကတည္းက ေျပာစရာ ရွိတာ မေျပာလိုက္ပဲနဲ႔ ...။ အခု သူတို႔ ဘယ္သြားမွန္း မသိ လိုက္ေနရၿပီ။'

' တိတ္တိတ္ ေနစမ္းပါ။ သူတို႔က ခုန အိမ္ထဲကေန ကား နဲ႔ တစ္ခါတည္း တန္းထြက္လာတာေလ။ အဲ့ဒါကို ငါက ဘယ္ကေန သြားေျပာရမလဲ?.'

Knight ဘာမွ ထပ္မေျပာေတာ့ပဲ လက္ပိုက္ရင္း စူပုပ္ပုပ္နဲ႔ အျပင္ဘက္ကိုပဲ မ်က္ႏွာ မူထားလိုက္သည္။

မၾကာဘူး ကား ႏွစ္စီး ေက်ာင္း တစ္ေက်ာင္းေရွ႕ကို ေရွ႕ဆင့္ ေနာက္ဆင့္နဲ႔ မနီးမေဝးေလးမွာ ထိုးရပ္သြားသည္။

ရိေပၚ ေက်ာင္းေရွ႕ ေရာက္တာနဲ႔ ကား ေပၚက ဆင္းၿပီး ဖုန္း ကို ထုတ္ရင္း ေဟာ္ရွင္း နာမည္ကို ေခၚလိုက္သည္။

' ဒူ ... ဒူ ... ဒူ ...။'

ဖုန္း က ဝင္သည္။ ဒါေပမယ့္ ကိုင္မယ့္ သူ မရွိပါ။

' ဘယ္လိုလဲ? ဆက္လို႔ ရလား ...။'

' ဖုန္း က ဝင္တယ္။ သူ မကိုင္တာ။'

ထိုစဥ္ ...

' ဟို ... ဒီက အစ္ကိုႀကီး တို႔ ...။'

ရိေပၚ နဲ႔ ေရွာင္းက်န္႔ သူတို႔ေနာက္ကေန ထြက္လာတဲ့ ျပင္သစ္ ေလသံေၾကာင့္ လွည့္ၾကည့္ေတာ့ မ်က္ႏွာစိမ္း ေကာင္ေလး ႏွစ္ေယာက္ ...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2024.03.13 ( Wed ) ေနာက္တစ္ပိုင္း သိမ္းပါၿပီ။

Olvasás folytatása

You'll Also Like

56.3K 969 18
Kristoff x reader. Y/n is okay with people near her but if they get near her hands, well that's a different story. In the book's present time: Elsa...
4.5K 633 14
ဒါလေးက သူငယ်ချင်းရေးတာလေးပါ...သူ့accကပျက်သွားလို့ ကိုယ်ကအစားထိုးတင်ပေးတာပါ
179K 13K 27
အမေက နောက်အိမ်ထောင်ပြုလိုက်လို့ အိမ်ပေါ်ကနေဆင်းလာပြီး အကြွေးနစ်နေတဲ့ Xiao Zhan Single Father အဖြစ် လူမသိအောင် နေနေတဲ့ နာမည်ကြီးအနုပညာရှင်ဖြစ်တဲ့ Wang...
2.6K 183 8
မင်းကဘာကောင်လေးလဲကွာ...?