သခင် (Completed)

De Say_YaRr7

216K 12K 377

သခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်... Mais

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)[final]

အပိုင်း(၃၂)

5.7K 376 16
De Say_YaRr7

သခင့်ပေါင်ပေါ်ကိုခေါင်းထားပြီးအိပ်ပျော်နေသည့်က‌ေလးငယ်၏မျက်နှာပေါ်ကျနေတဲ့ ဆံပင်လေးတွေကို သခင့်လက်တွေနဲ့ ဖယ်ရှားပေးလိုက်သည်။မျက်နှာနုနုပေါ် လက်ကလေးနှင့်တို့ထိမိတော့ ရင်ခုန်မှုဟာ လှိုက်ခနဲဖြစ်ရပြန်၏။ဘုရားစူးပါ၏။မောင်နဲ့တုန်းက မရခဲ့တဲ့ရင်ခုန်မှုတွေကဒီကလေးနဲ့မှစတင်ခဲ့ရတာပါ။

သူနှိုးသွားမှာစိုးလို့ ခြေတစ်ဖက်ကျဥ်နေတာကို‌တောင်မလှုပ်ရဲဖြစ်ရသည်။

သူ့မျက်နှာလေးငေးမိရင်းတစ်ချိန်တုန်းကမှတ်ဉာဏ်တွေဆီကို သခင်ခဏပြန်သွားမိလိုက်သည်။

"မေမေ..သမီး ဟိုကလေး‌ေလးဆီသွားဦးမယ်"

"အေးအေး သမီး..သိပ်တော့မကြာစေနဲ့နော်"

"အင်းပါ မေမေရဲ့ မကြာပါဘူး"

၂နှစ်သာသာပဲရှိသေးသည့်ကလေး‌ေလးဟာ ချစ်စရာကောင်းလှသည်။လက်ရွေးတတ်တဲ့ထိုကလေးဟာ အဲ့ဒီအချိန်ကတည်းကသခင့်ကိုတော့ စိမ်းမနေဘဲ ဘယ်အချိန်ခေါ်ခေါ် သခင့်ဆီကိုလိုက်သည်။

"သခင်"

ကလေးသံလေးနှင့်ခေါ်သည့်သူ့အသံ‌ေလးမှာချစ်စရာကောင်းလှသည်။သခင်ထိုအချိန်ကတည်းကမှတ်မိပါသည်။

"ထမင်းစားပြီးပြီလား"

"ပြီးပြီ"

"သခင် မီးမီးကိုချစ်လား"

သခင်နဲ့တွေ့တိုင်းထို့သို့မေးတတ်‌ေသးသည်။

"ချစ်တာပေါ့"

ငယ်ငယ်က သူ့ကိုယ်သူမီးမီးလို့သုံးတတ်သည်။အရွယ်ကလေးနည်းနည်းကြီးလာမှသာ 'လင်း'ဆိုပြီး သုံးလာခဲ့တာ။အခုတော့ သူ့ကိုယ်သူ ကျွန်မတဲ့လေ။

"ဦးဦးနဲ့ ဒေါ်ဒေါ်ပြောတာ..သခင်က မီးမီးကိုမချစ်ဘူးတဲ့"

"မေမေတို့က အလင်းကို စနေတာပါ ..မမက အလင်းကိုချစ်တာပေါ့"

"ဦးဦးတို့က မီးမီးကိုမချစ်လို့ပေါ့နော်"

"မဟုတ်ပါဘူး အလင်းလေးရယ် ဦးဦးတို့ကအလင်းလေးကိုချစ်တာပေါ့"

"မီးမီးကတော့ချစ်ဘူး..သခင့်ကိုပဲချစ်တာ"

သခင့်ပါးကိုလက်သေးသေးလေးတွေနဲ့ကိုင်ကာ နမ်းသေး၏။ သခင်လည်းသူ့ပါးလေးများကိုပြန်လည်နမ်းရှုံ့မိ၏။

ထိုအချိန်တွေအထိ ထိုကလေးငယ်ကို သိပ်ချစ်ခဲ့ပါသေးသည်။အချစ်ဆံုးလို့ကို‌ေပြာလို့ရသည်အထိ သူလေးကိုချစ်မိခဲ့ပါသည်။သို့သော် မမြင်နိုင်တဲ့ကံကြမ္မာက သူနဲ့ကိုယ်ကြားဝင်လာခဲ့သည်။

"သမီးလေး မပြေးရဘူးလေ"

"သမီး..."

ဦးလေးရဲ့ အော်သံကြီးအဆုံး ကားတစ်စီးထိုးရပ်သွားသည်။

ကားရဲ့အရှေ့မှာ သွေးသံရဲရဲနဲ့ သခင့်မေမေ။
အဲ့ဒီနေရာမှာတင် အသက်ပျောက်ဆုံးပါးသွားခဲ့ရသည်။

ထိုအချိန်ကတည်းကထိုကလေးဟာ သခင့်ရဲ့အမုန်ဆုံးလူဖြစ်လာခဲ့သည်။သခင့်အတွက် ရန်သူသဖွယ်ဖြစ်လာခဲ့သည်။သခင့်အတွက်တော့ သူဟာမကောင်းဆိုးဝါးလေးဖြစ်လာခဲ့သည်။

အရင်လိုသူ့အိမ်ဘက်မသွားတော့သလို သူ့ကိုလည်းမခေါ်ဖြစ်တော့။သခင့်ဆီကိုလာရင်တောင်မောင်းထုတ်ပစ်သည်။
သူကတော့ ဘာမှမသိသူမို့ သခင်ဆူငေါက်လိုက်တိုင်းငိုမဲ့မဲ့နဲ့သာ သခင့်ကိုကြည့်နေတတ်သည်။နောက်ပိုင်းဖေဖေက သခင့်ကိုဆူလို့သာ မောင်းမထုတ်တော့တာ။

အဲ့ဒီအချိန်က ဘာမှန်းမသိနားမလည်သေးတဲ့ကလေးအပေါ်မှာ အငြိုးအတေးကြီးစွာထားရှိခဲ့သည်။

အခုတော့ မမမင်းကို အငြိုးတွေပြယ်ပါပြီကလေးရယ်။

"ဟင်"

"နိုးလာပြီလား"

"ကျွန်မအိပ်ပျော်သွားတာပဲ..ဝါး"

အိပ်ချင်မူးတူးနဲ့ သမ်းနေသေးသည်။

"ဟို ဂစ်တာက ကျွန်မဟာလား"

"အင်းလေ...တီးကြည့်ပါလား".

"တီးတတ်ပါဦးမလား..ကျွန်မဘာမှမမှတ်မိတာကို"

"အရင်တီးကြည့်ပါဦး..တီးတတ်ချင်တီးတတ်မှာပေါ့"

ဂစ်တာလေးကိုယူကာ ဟိုကြည့်ဒီကြည့်လုပ်ရင်း ဦးနှောက်ထဲပေါ်လာတဲ့သံစဉ်တစ်ခုတီးလိုက်၏။

"ကျွန်မတီးနေတာ မှန်ရဲ့လား"

"မမကဘယ်လိုသိမှာလဲ မမမှ မတီးတတ်တာကို"

"ကျွန်မ သီချင်းတွေနားထောင်ထားပါတယ်...အဲ့ဒီသီချင်းတွေထဲကတစ်ပုဒ် ဆိုပြမယ်လေ..အင်း ဒါပေမဲ့ အစ်မနားထောင်ချင်တဲ့တစ်ပုဒ်ကိုပြော"

"မမက ခင်မောင်တိုးသီချင်းတွေအကုန်ကြိုက်တယ်"

"ဟုတ်လား...ဒါဆိုကျွန်မသီချင်းကျက်ရဦးမယ်"

"အစ်မနဲ့လိုက်ဖက်မဲ့ သီချင်းလည်းရွေးရဦးမှာ"

"အို ရှုပ်ပါတယ်... ညမှသာ နားထောင်တော့ ညကျမှာ ဆိုပြမယ်လေ..ရလား"

သူ့ဘာသာတစ်ယောက်တည်းပြောကာ သူ့ဘာသာဖြေနေသည်။သခင့်မှာတော့ သူရဲ့ မအူမလည်ပုံစံလေးကို သဘောကျပြီးရင်းကျနေမိ၏။

**

"အစ်မ ကျွန်မနောက်လိုက်ခဲ့"

"ဟင်..ဘယ်လဲ"

"ခြံထဲပါ အစ်မရဲ့..အစ်မကိုသီချင်းဆိုပြမလို့လေ...ကျွန်မဒီသီချင်းရဲ့ စာသားတွေရော chordတွေပါရအောင်လုပ်ထားရတာနော်...အစ်မကနားထောင်ပေးရမယ်"

သူဆွဲခေါ်ရာနောက်ကိုပါလာခဲ့သည်။သူ့မျက်နှာလေးပြုံးရွှင်နေတော့ သခင်ပါ အလိုလို ပြုံးလာမိသည်။

"အစ်မ ကျွန်မကိုရည်းစား စကားပြောထားတာနော်...ကျွန်မနဲ့ရည်းစားတွေဖြစ်သွားရင် ညတိုင်းသီချင်းတစ်ပုဒ်ဆိုပြမယ်..အခုတော့ ဒါလေးပဲနားထောင်လိုက်နော်...ကောင်းမှာတော့မဟုတ်ဘူး..ကျွန်မကအသံမကောင်းဘူးဆိုတော့"

"အင်းပါ မမကိုဆိုပြတော့လည်းနားထောင်ရတာပေါ့..မမကို အဖြေပြန်ပေးဖို့လည်းစဉ်းစားဦးနော်"

"အင်းပါ..ဪ ခဏလေး..."

အိမ်ထဲကိုပြေးဝင်သွားပြန်သည်။ဘာသွားလုပ်တယ်မသိပါ။

ဟော ခဏကြာတော့ လက်ထဲမှာ ထိုင်ခုံလေးပါလာသည်။

"ရပြီ..အစ်မကဒီမှာထိုင်...ဒီသီချင်းက အစ်မမျက်နှာကိုကြည့်ဆိုမှရမှာမို့..ကျွန်မနဲ့မျက်နှာချင်းဆိုင်မှာထိုင်နော်"

"ဟုတ်ပါပြီရှင်"

"အစ်မကလည်း စကားနည်းလိုက်တာ..ကျွန်မကစကားအများကြီးပြောလည်းအစ်မကနည်းနည်းပဲ ပြန်ပြောတယ်"

"မဟုတ်ပါဘူး မမက ပြောစရာမရှိလို့ပါ"

"အစ်မစကားနည်းတာလေးကချစ်ဖို့ကောင်းပါတယ်...အစ်မပုံစံကစကားနည်းတာလေးနဲ့ပိုလိုက်တယ်"

သီချင်းဆိုပြမယ်ပြောကာ အခုထိမဆိုသေးပဲ စကားများ‌ေနသည်။ဒီကလေးလေးဟာ သိပ်ကိုစကားများတာပါပဲလား။
ဒါလေးကိုပဲ သခင်သိပ်ချစ်နေရတာ။

"အစ်မ ကျွန်မစဆိုတော့မယ်နော်"

"အင်း"

သူက လက်တစ်ဖက်နဲ့‌ေမးထောက်ကာကိုယ့်ကိုကြည့်နေသဖြင့် ဆိုရမှာရှက်ကိုးရှက်ကန်းဖြစ်လာ၏။ သူ့မျက်လုံးတွေက ရဲတင်းနေလိုက်တာ။

ခင်မောင်းတိုးရဲ့ 'ရတနာသူ'သီချင်းကိုဆိုပြလိုက်၏။သီချင်းကြီးတွေမို့ ဆိုရတာခက်ပေမဲ့ သူနဲ့ဒီသီချင်းဟာ သိပ်ကိုလိုက်ဖက်လွန်းသည်။

အဖိုးတန်လွန်းတဲ့ ရတနာလို အလှအပတွေ သူ့တစ်ကိုယ်လုံးမှာရှိနေသည်။

သူဟာ သိပ်ကိုလှလွန်းသည်။

မင်းရဲ့မျက်လုံးလေးများက
ပုလဲနဲ့မဟူရာ ပေါင်းစပ်ထားသလိုနယ်
ကော့ညွတ်သွယ်နှုတ်ခမ်းလေးများက
သိပ်လှအောင်
ပတ္တမြားသွေးလိမ်းကာခြယ်

ငြိတွယ်မိတဲ့မျက်ဝန်းညိုတွေဟာသိပ်ကိုလှပလွန်းတယ် ရှင်ရယ်။
ဆေးကူထားတဲ့နီရဲရဲနှုတ်ခမ်းတစ်စုံဟာပတ္တမြားရဲ့အသွေးအရောင်အလား လှပနေလိုက်တာရှင်။ကျွန်မဖြင့်စွဲလမ်းမိပါရဲ့။

ကိုယ်နေဟန်အချိုးကျသူရယ်
ရွှေရောင်လိုအသားဝင်းဝါတယ်
သွားလေးတွေဖွေးဖွေးနုတယ်
ပုလဲလေးတွေသီကုံးထားသည်နှယ်တကယ်

ဂစ်တာရှိတ်သဏ္ဌာန်လှပလွန်းတဲ့ခန္ဓာကိုယ်အချိုးအစား။ဘယ်လိုကြည့်ကြည့်လှပလွန်း‌ပါရဲ့။ကျွန်မအပါအဝင်လူတိုင်းအကြိမ်ကြိမ်ငေးကြည့်ချင်ကျလိမ့်မယ်..…ရှင်ရယ်...အဲ့လောက်ထိမလှပြစမ်းပါနဲ့။

ပြုံးခဲသူမို့ပြုံးလိုက်ရင်ပေါ်လာတတ်တဲ့ညီညီညာညာသွားဖြူဖြူလေးတွေ။ပုလဲသဖွယ်တင့်တယ်နေပြန်၏။ လှလွန်းပါဘိ ရှင်ရယ်....

မင်းရဲ့တစ်ကိုယ်လုံးပဲလှတယ်
အဖိုးထိုက်ရတနာ
ပေါင်းစုထားသလိုနှယ်

တစ်မူထူးခြားတဲ့အလှတွေရှင့်မှာရှိတယ်။အများနဲ့မတူတဲ့ဟန်ပန်တွေရှင့်မှာရှိသည်။
ဆွဲငင်အားကောင်းတဲ့ အဖိုးတန်အလှပအတွေ
ကျွန်မဖြင့် နှစ်သက်လိုက်တာ ရှင်ရယ်...

ရတနာလို လှဂုဏ်ကြွယ်သူရယ်
မင်းရဲ့အရင်အသည်းနှလုံးကတော့
စိမ်းကားကာမာကျောလွန်းလှလေတယ်

အဖိုးထိုက်အောင်နောက်ထပ်လို့ရယ်
အသည်းနှလုံးကို
ကျောက်စိမ်းနဲ့မွမ်းမံခြယ်

ကျွန်မသိတဲ့ရှင်ဟာ သိပ်ကိုအသည်းမာလွန်းတဲ့မိန်းမပါ ရှင်ရယ် ။ရှင့်လိုအထိရက်မကိုင်ရက်စရာအလှအပပိုင်ရှင်မှာ ကျောက်စိမ်းရောင်နှလုံးသားတစ်စုံရှိသင့်တယ်မဟုတ်လား။ဒါမှ ရှင့်အလှအပကို ဘယ်သူမှမထိပါးနိုင်မှာလေ။

"အစ်မ ကျွန်မကို အခုလိုကြည့်တော့..ကျွန်မသီချင်းစာသားတွေမှားတော့မလို့"

"မမက ရိုးရိုးလေးပဲကြည့်တာပါ"

"ကျွန်မအတွက်တော့ရင်ခုန်စေတယ်လေ အစ်မရဲ့"

မင်းအသိစိတ်နဲ့ပြောတာမျိုးဖြစ်ရင်သိပ်ကောင်းမှာပဲအလင်းရယ်။မမလေ မင်းစကားတွေကိုရင်ခုန်ပေမဲ့ အပြည့်အဝမပျော်ရဘူး..ကလေးရဲ့။

"သီချင်းကနားထောင်လို့သိပ်ကောင်းတာပဲ..မမမင်းအသံလေးကို သဘောကျလိုက်တာ"

သူကချီးကျူးတော့ကိုယ့်မှာမနေတတ်ဖြစ်လာသည်။
ကိုယ်ဆိုတာမကောင်းမှန်းသိပေမဲ့လို့ နည်းနည်းတော့ ကျေနပ်မိသည်။

"အစ်မ"

"ရှင့်"

"အဲ့လိုမကြည့်ပါနဲ့ဆို"

"ဘယ်လိုကြည့်မိလို့လဲ"

သူဟာ လှလှလေးပြုံးပြန်ပါသည်။
သူ့အပြုံးကိုကြည့်ရတာ တိမ်စိုင်တွေပေါ်လွင့်သွားသလို၊ကိုယ့်အ‌ရှေ့မှာပန်းပွင့်ကလေးတွေကြွေကျလာသလို၊‌နွေ
ရာသီမှာ‌လေနုအေးလေးတိုက်ခတ်လိုက်သလို၊ရင်ထဲမှာစမ်း‌‌ေချာင်းက‌ေလးစီးဆင်း‌ေနသလို၊အဖိုးတန်ပတ္တမြားလေးကိုရလိုက်သလို ကြည်နူးပျော်ရွှင်ရစေသည်။

***
ကလေးငယ်ကဖုန်းမီးလေးထွန်းကာ လက်ထဲကဘာကိုကိုင်ထားမှန်းမသိပါ။

"ဘာတွေလုပ်နေတာလဲ အလင်း"

"ဒီမှာလေ ...မီးသီးကျွမ်းသွားလို့..ညနေကအပြင်ထွက်ဝယ်ထားတာ ပြီးကျရင်တပ်ကြည့်လိုက်ဦးမယ်"

အပြင်မထွက်နဲ့ခိုင်းလည်းမရပါ။သူ့ကိုအတိတ်မေ့နေလို့အပြင်မထွက်ပါနဲ့ပြောရင်လည်း စိတ်ဆိုးသေးသည်။သူအတိတ်ပဲမေ့နေတာ ရူးနေတာမဟုတ်ဘူးလို့ပြောသေးသည်။

"မမတပ်ပေးမယ်...မင်းအရပ်နဲ့မမီလောက်ဘူး"

"ရပါတယ် ကျွန်မခုံနဲ့ယူပြီးတပ်မှာပေါ့"

"ခုံနဲ့ဆိုလည်း မမီလောက်ပါဘူး ကလေးရယ် မမပဲတပ်ပေးမယ်နော်"

သိပ်လက်မခံချင်တဲ့ပုံစံနဲ့ခေါင်းညိတ်ရှာသည်။တကယ်တော့ သူ့အရပ်နဲ့မမီမှန်းသိသွားလို့သာ လက်ခံလိုက်တာပါ။ဘာလို့ဆို သူမျက်လုံးက အရှေ့ကထိုင်ခံကိုကြည့်လိုက် မီးသီးကိုကြည့်လိုက်လုပ်နေသည်။

"အခုပဲတပ်ကြည့်လိုက်မယ်..သွား..မိန်းခလုတ်ကိုသွားပိတ်လိုက်ပါဦး"

သခင်ပြောတော့ ချက်ချင်းထပိတ်သည်။

ခုံကမမီတမီဖြစ်နေသဖြင့် ခြေဖျားထောက်နေရသည်။သခင့်အရပ်တောင်မမီတာကိုသူကတပ်မယ်လုပ်‌နေသေးသည်။သူသာဆို လက်တစ်ဆန့်လောက်ပင်လိုနေလိမ့်မည်။

ဖုန်းမီးအလင်းရောင်လေးပဲမို့ တပ်ဆင်ရတာသိပ်တော့အဆင်မပြောချင်ပါ။

"အစ်မ ပြုတ်ကျမယ်နော်"

"မကျပါဘူး...ဒီမှာရတော့မယ်လေ"

"အား.."
ခြေချော်ကာပြုတ်ကျမလိုဖြစ်သွား၏။

"သခင်..ပြုတ်ကျမယ်"

သခင့်လက်ထဲကမီးသီးလေးပြုတ်ကျကာကွဲသွား၏။သခင့်ရဲ့‌ေပါ့ဆမှု‌ေကြာင့်လို့‌ေတာ့မဆိုသာပါ။အကြောင်းမှာ သူရဲ့ 'သခင်'လို့စိုးရိမ်တကြီးခေါ်လိုက်တဲ့အသံကြောင့်ဖြစ်သည်။

သူသိနေခဲ့တာလား။ သူအတိတ်မမေ့ခဲ့ဘူးလား။ဒါမှမဟုတ် မှတ်ဉာဏ်တွေပြန်ရသွားတာလား။သခင့်ကို ဘာလို့ဖုံးကွယ်ထားတာလဲ။

"အလင်း မမကို သိနေတာလား"

သခင်ချက်ချင်းဆင်းလိုက်ကာ သူ့ဆီကိုသွားလိုက်၏။

သူ့မျက်လုံးမှာမျက်ရည်စများနှင့်။သခင်သူ့ဆီလှမ်းလာတိုင်း ‌သူကနောက်ကိုတစ်လှမ်းဆီဆုတ်သွား၏။

"အလင်း..မမမေးနေတယ်လေ"

"ဟင့်အင်..မသိဘူး"

သူဟာ ငိုနေရင်းနဲ့ အိမ်အပြင်ကိုပြေးထွက်သွားတော့၏။

6.3.2024
#သခင်



သခင့္ေပါင္ေပၚကိုေခါင္းထားၿပီးအိပ္ေပ်ာ္ေနသည့္က‌ေလးငယ္၏မ်က္ႏွာေပၚက်ေနတဲ့ ဆံပင္ေလးေတြကို သခင့္လက္ေတြနဲ႔ ဖယ္႐ွားေပးလိုက္သည္။မ်က္ႏွာႏုႏုေပၚ လက္ကေလးႏွင့္တို႔ထိမိေတာ့ ရင္ခုန္မႈဟာ လိႈက္ခနဲျဖစ္ရျပန္၏။ဘုရားစူးပါ၏။ေမာင္နဲ႔တုန္းက မရခဲ့တဲ့ရင္ခုန္မႈေတြကဒီကေလးနဲ႔မွစတင္ခဲ့ရတာပါ။

သူႏိႈးသြားမွာစိုးလို႔ ေျခတစ္ဖက္က်ဥ္ေနတာကို‌ေတာင္မလႈပ္ရဲျဖစ္ရသည္။

သူ႕မ်က္ႏွာေလးေငးမိရင္းတစ္ခ်ိန္တုန္းကမွတ္ဉာဏ္ေတြဆီကို သခင္ခဏျပန္သြားမိလိုက္သည္။

"ေမေမ..သမီး ဟိုကေလး‌ေလးဆီသြားဦးမယ္"

"ေအးေအး သမီး..သိပ္ေတာ့မၾကာေစနဲ႔ေနာ္"

"အင္းပါ ေမေမရဲ႕ မၾကာပါဘူး"

၂ႏွစ္သာသာပဲ႐ွိေသးသည့္ကေလး‌ေလးဟာ ခ်စ္စရာေကာင္းလွသည္။လက္ေ႐ြးတတ္တဲ့ထိုကေလးဟာ အဲ့ဒီအခ်ိန္ကတည္းကသခင့္ကိုေတာ့ စိမ္းမေနဘဲ ဘယ္အခ်ိန္ေခၚေခၚ သခင့္ဆီကိုလိုက္သည္။

"သခင္"

ကေလးသံေလးႏွင့္ေခၚသည့္သူ႕အသံ‌ေလးမွာခ်စ္စရာေကာင္းလွသည္။သခင္ထိုအခ်ိန္ကတည္းကမွတ္မိပါသည္။

"ထမင္းစားၿပီးၿပီလား"

"ၿပီးၿပီ"

"သခင္ မီးမီးကိုခ်စ္လား"

သခင္နဲ႔ေတြ႕တိုင္းထို႔သို႔ေမးတတ္‌ေသးသည္။

"ခ်စ္တာေပါ့"

ငယ္ငယ္က သူ႕ကိုယ္သူမီးမီးလို႔သုံးတတ္သည္။အ႐ြယ္ကေလးနည္းနည္းႀကီးလာမွသာ 'လင္း'ဆိုၿပီး သုံးလာခဲ့တာ။အခုေတာ့ သူ႕ကိုယ္သူ ကြၽန္မတဲ့ေလ။

"ဦးဦးနဲ႔ ေဒၚေဒၚေျပာတာ..သခင္က မီးမီးကိုမခ်စ္ဘူးတဲ့"

"ေမေမတို႔က အလင္းကို စေနတာပါ ..မမက အလင္းကိုခ်စ္တာေပါ့"

"ဦးဦးတို႔က မီးမီးကိုမခ်စ္လို႔ေပါ့ေနာ္"

"မဟုတ္ပါဘူး အလင္းေလးရယ္ ဦးဦးတို႔ကအလင္းေလးကိုခ်စ္တာေပါ့"

"မီးမီးကေတာ့ခ်စ္ဘူး..သခင့္ကိုပဲခ်စ္တာ"

သခင့္ပါးကိုလက္ေသးေသးေလးေတြနဲ႔ကိုင္ကာ နမ္းေသး၏။ သခင္လည္းသူ႕ပါးေလးမ်ားကိုျပန္လည္နမ္း႐ႈံ႕မိ၏။

ထိုအခ်ိန္ေတြအထိ ထိုကေလးငယ္ကို သိပ္ခ်စ္ခဲ့ပါေသးသည္။အခ်စ္ဆံဳးလို႔ကို‌ေျပာလို႔ရသည္အထိ သူေလးကိုခ်စ္မိခဲ့ပါသည္။သို႔ေသာ္ မျမင္ႏိုင္တဲ့ကံၾကမၼာက သူနဲ႔ကိုယ္ၾကားဝင္လာခဲ့သည္။

"သမီးေလး မေျပးရဘူးေလ"

"သမီး..."

ဦးေလးရဲ႕ ေအာ္သံႀကီးအဆုံး ကားတစ္စီးထိုးရပ္သြားသည္။

ကားရဲ႕အေ႐ွ႕မွာ ေသြးသံရဲရဲနဲ႔ သခင့္ေမေမ။
အဲ့ဒီေနရာမွာတင္ အသက္ေပ်ာက္ဆုံးပါးသြားခဲ့ရသည္။

ထိုအခ်ိန္ကတည္းကထိုကေလးဟာ သခင့္ရဲ႕အမုန္ဆုံးလူျဖစ္လာခဲ့သည္။သခင့္အတြက္ ရန္သူသဖြယ္ျဖစ္လာခဲ့သည္။သခင့္အတြက္ေတာ့ သူဟာမေကာင္းဆိုးဝါးေလးျဖစ္လာခဲ့သည္။

အရင္လိုသူ႕အိမ္ဘက္မသြားေတာ့သလို သူ႕ကိုလည္းမေခၚျဖစ္ေတာ့။သခင့္ဆီကိုလာရင္ေတာင္ေမာင္းထုတ္ပစ္သည္။
သူကေတာ့ ဘာမွမသိသူမို႔ သခင္ဆူေငါက္လိုက္တိုင္းငိုမဲ့မဲ့နဲ႔သာ သခင့္ကိုၾကည့္ေနတတ္သည္။ေနာက္ပိုင္းေဖေဖက သခင့္ကိုဆူလို႔သာ ေမာင္းမထုတ္ေတာ့တာ။

အဲ့ဒီအခ်ိန္က ဘာမွန္းမသိနားမလည္ေသးတဲ့ကေလးအေပၚမွာ အၿငိဳးအေတးႀကီးစြာထား႐ွိခဲ့သည္။

အခုေတာ့ မမမင္းကို အၿငိဳးေတြျပယ္ပါၿပီကေလးရယ္။

"ဟင္"

"ႏိုးလာၿပီလား"

"ကြၽန္မအိပ္ေပ်ာ္သြားတာပဲ..ဝါး"

အိပ္ခ်င္မူးတူးနဲ႔ သမ္းေနေသးသည္။

"ဟို ဂစ္တာက ကြၽန္မဟာလား"

"အင္းေလ...တီးၾကည့္ပါလား".

"တီးတတ္ပါဦးမလား..ကြၽန္မဘာမွမမွတ္မိတာကို"

"အရင္တီးၾကည့္ပါဦး..တီးတတ္ခ်င္တီးတတ္မွာေပါ့"

ဂစ္တာေလးကိုယူကာ ဟိုၾကည့္ဒီၾကည့္လုပ္ရင္း ဦးေႏွာက္ထဲေပၚလာတဲ့သံစဥ္တစ္ခုတီးလိုက္၏။

"ကြၽန္မတီးေနတာ မွန္ရဲ႕လား"

"မမကဘယ္လိုသိမွာလဲ မမမွ မတီးတတ္တာကို"

"ကြၽန္မ သီခ်င္းေတြနားေထာင္ထားပါတယ္...အဲ့ဒီသီခ်င္းေတြထဲကတစ္ပုဒ္ ဆိုျပမယ္ေလ..အင္း ဒါေပမဲ့ အစ္မနားေထာင္ခ်င္တဲ့တစ္ပုဒ္ကိုေျပာ"

"မမက ခင္ေမာင္တိုးသီခ်င္းေတြအကုန္ႀကိဳက္တယ္"

"ဟုတ္လား...ဒါဆိုကြၽန္မသီခ်င္းက်က္ရဦးမယ္"

"အစ္မနဲ႔လိုက္ဖက္မဲ့ သီခ်င္းလည္းေ႐ြးရဦးမွာ"

"အို ႐ႈပ္ပါတယ္... ညမွသာ နားေထာင္ေတာ့ ညက်မွာ ဆိုျပမယ္ေလ..ရလား"

သူ႕ဘာသာတစ္ေယာက္တည္းေျပာကာ သူ႕ဘာသာေျဖေနသည္။သခင့္မွာေတာ့ သူရဲ႕ မအူမလည္ပုံစံေလးကို သေဘာက်ၿပီးရင္းက်ေနမိ၏။

**

"အစ္မ ကြၽန္မေနာက္လိုက္ခဲ့"

"ဟင္..ဘယ္လဲ"

"ျခံထဲပါ အစ္မရဲ႕..အစ္မကိုသီခ်င္းဆိုျပမလို႔ေလ...ကြၽန္မဒီသီခ်င္းရဲ႕ စာသားေတြေရာ chordေတြပါရေအာင္လုပ္ထားရတာေနာ္...အစ္မကနားေထာင္ေပးရမယ္"

သူဆြဲေခၚရာေနာက္ကိုပါလာခဲ့သည္။သူ႕မ်က္ႏွာေလးျပဳံး႐ႊင္ေနေတာ့ သခင္ပါ အလိုလို ျပဳံးလာမိသည္။

"အစ္မ ကြၽန္မကိုရည္းစား စကားေျပာထားတာေနာ္...ကြၽန္မနဲ႔ရည္းစားေတြျဖစ္သြားရင္ ညတိုင္းသီခ်င္းတစ္ပုဒ္ဆိုျပမယ္..အခုေတာ့ ဒါေလးပဲနားေထာင္လိုက္ေနာ္...ေကာင္းမွာေတာ့မဟုတ္ဘူး..ကြၽန္မကအသံမေကာင္းဘူးဆိုေတာ့"

"အင္းပါ မမကိုဆိုျပေတာ့လည္းနားေထာင္ရတာေပါ့..မမကို အေျဖျပန္ေပးဖို႔လည္းစဥ္းစားဦးေနာ္"

"အင္းပါ..ဪ ခဏေလး..."

အိမ္ထဲကိုေျပးဝင္သြားျပန္သည္။ဘာသြားလုပ္တယ္မသိပါ။

ေဟာ ခဏၾကာေတာ့ လက္ထဲမွာ ထိုင္ခုံေလးပါလာသည္။

"ရၿပီ..အစ္မကဒီမွာထိုင္...ဒီသီခ်င္းက အစ္မမ်က္ႏွာကိုၾကည့္ဆိုမွရမွာမို႔..ကြၽန္မနဲ႔မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနာ္"

"ဟုတ္ပါၿပီ႐ွင္"

"အစ္မကလည္း စကားနည္းလိုက္တာ..ကြၽန္မကစကားအမ်ားႀကီးေျပာလည္းအစ္မကနည္းနည္းပဲ ျပန္ေျပာတယ္"

"မဟုတ္ပါဘူး မမက ေျပာစရာမ႐ွိလို႔ပါ"

"အစ္မစကားနည္းတာေလးကခ်စ္ဖို႔ေကာင္းပါတယ္...အစ္မပုံစံကစကားနည္းတာေလးနဲ႔ပိုလိုက္တယ္"

သီခ်င္းဆိုျပမယ္ေျပာကာ အခုထိမဆိုေသးပဲ စကားမ်ား‌ေနသည္။ဒီကေလးေလးဟာ သိပ္ကိုစကားမ်ားတာပါပဲလား။
ဒါေလးကိုပဲ သခင္သိပ္ခ်စ္ေနရတာ။

"အစ္မ ကြၽန္မစဆိုေတာ့မယ္ေနာ္"

"အင္း"

သူက လက္တစ္ဖက္နဲ႔‌ေမးေထာက္ကာကိုယ့္ကိုၾကည့္ေနသျဖင့္ ဆိုရမွာ႐ွက္ကိုး႐ွက္ကန္းျဖစ္လာ၏။ သူ႕မ်က္လုံးေတြက ရဲတင္းေနလိုက္တာ။

ခင္ေမာင္းတိုးရဲ႕ 'ရတနာသူ'သီခ်င္းကိုဆိုျပလိုက္၏။သီခ်င္းႀကီးေတြမို႔ ဆိုရတာခက္ေပမဲ့ သူနဲ႔ဒီသီခ်င္းဟာ သိပ္ကိုလိုက္ဖက္လြန္းသည္။

အဖိုးတန္လြန္းတဲ့ ရတနာလို အလွအပေတြ သူ႕တစ္ကိုယ္လုံးမွာ႐ွိေနသည္။

သူဟာ သိပ္ကိုလွလြန္းသည္။

မင္းရဲ႕မ်က္လုံးေလးမ်ားက
ပုလဲနဲ႔မဟူရာ ေပါင္းစပ္ထားသလိုနယ္
ေကာ့ၫြတ္သြယ္ႏႈတ္ခမ္းေလးမ်ားက
သိပ္လွေအာင္
ပတၱျမားေသြးလိမ္းကာျခယ္

ၿငိတြယ္မိတဲ့မ်က္ဝန္းညိဳေတြဟာသိပ္ကိုလွပလြန္းတယ္ ႐ွင္ရယ္။
ေဆးကူထားတဲ့နီရဲရဲႏႈတ္ခမ္းတစ္စုံဟာပတၱျမားရဲ႕အေသြးအေရာင္အလား လွပေနလိုက္တာ႐ွင္။ကြၽန္မျဖင့္စြဲလမ္းမိပါရဲ႕။

ကိုယ္ေနဟန္အခ်ိဳးက်သူရယ္
ေ႐ႊေရာင္လိုအသားဝင္းဝါတယ္
သြားေလးေတြေဖြးေဖြးႏုတယ္
ပုလဲေလးေတြသီကုံးထားသည္ႏွယ္တကယ္

ဂစ္တာ႐ွိတ္သဏၭာန္လွပလြန္းတဲ့ခႏၶာကိုယ္အခ်ိဳးအစား။ဘယ္လိုၾကည့္ၾကည့္လွပလြန္း‌ပါရဲ႕။ကြၽန္မအပါအဝင္လူတိုင္းအႀကိမ္ႀကိမ္ေငးၾကည့္ခ်င္က်လိမ့္မယ္..…႐ွင္ရယ္...အဲ့ေလာက္ထိမလွျပစမ္းပါနဲ႔။

ျပဳံးခဲသူမို႔ျပဳံးလိုက္ရင္ေပၚလာတတ္တဲ့ညီညီညာညာသြားျဖဴျဖဴေလးေတြ။ပုလဲသဖြယ္တင့္တယ္ေနျပန္၏။ လွလြန္းပါဘိ ႐ွင္ရယ္....

မင္းရဲ႕တစ္ကိုယ္လုံးပဲလွတယ္
အဖိုးထိုက္ရတနာ
ေပါင္းစုထားသလိုႏွယ္

တစ္မူထူးျခားတဲ့အလွေတြ႐ွင့္မွာ႐ွိတယ္။အမ်ားနဲ႔မတူတဲ့ဟန္ပန္ေတြ႐ွင့္မွာ႐ွိသည္။
ဆြဲငင္အားေကာင္းတဲ့ အဖိုးတန္အလွပအေတြ
ကြၽန္မျဖင့္ ႏွစ္သက္လိုက္တာ ႐ွင္ရယ္...

ရတနာလို လွဂုဏ္ႂကြယ္သူရယ္
မင္းရဲ႕အရင္အသည္းႏွလုံးကေတာ့
စိမ္းကားကာမာေက်ာလြန္းလွေလတယ္

အဖိုးထိုက္ေအာင္ေနာက္ထပ္လို႔ရယ္
အသည္းႏွလုံးကို
ေက်ာက္စိမ္းနဲ႔မြမ္းမံျခယ္

ကြၽန္မသိတဲ့႐ွင္ဟာ သိပ္ကိုအသည္းမာလြန္းတဲ့မိန္းမပါ ႐ွင္ရယ္ ။႐ွင့္လိုအထိရက္မကိုင္ရက္စရာအလွအပပိုင္႐ွင္မွာ ေက်ာက္စိမ္းေရာင္ႏွလုံးသားတစ္စုံ႐ွိသင့္တယ္မဟုတ္လား။ဒါမွ ႐ွင့္အလွအပကို ဘယ္သူမွမထိပါးႏိုင္မွာေလ။

"အစ္မ ကြၽန္မကို အခုလိုၾကည့္ေတာ့..ကြၽန္မသီခ်င္းစာသားေတြမွားေတာ့မလို႔"

"မမက ႐ိုး႐ိုးေလးပဲၾကည့္တာပါ"

"ကြၽန္မအတြက္ေတာ့ရင္ခုန္ေစတယ္ေလ အစ္မရဲ႕"

မင္းအသိစိတ္နဲ႔ေျပာတာမ်ိဳးျဖစ္ရင္သိပ္ေကာင္းမွာပဲအလင္းရယ္။မမေလ မင္းစကားေတြကိုရင္ခုန္ေပမဲ့ အျပည့္အဝမေပ်ာ္ရဘူး..ကေလးရဲ႕။

"သီခ်င္းကနားေထာင္လို႔သိပ္ေကာင္းတာပဲ..မမမင္းအသံေလးကို သေဘာက်လိုက္တာ"

သူကခ်ီးက်ဴးေတာ့ကိုယ့္မွာမေနတတ္ျဖစ္လာသည္။
ကိုယ္ဆိုတာမေကာင္းမွန္းသိေပမဲ့လို႔ နည္းနည္းေတာ့ ေက်နပ္မိသည္။

"အစ္မ"

"႐ွင့္"

"အဲ့လိုမၾကည့္ပါနဲ႔ဆို"

"ဘယ္လိုၾကည့္မိလို႔လဲ"

သူဟာ လွလွေလးျပဳံးျပန္ပါသည္။
သူ႕အျပဳံးကိုၾကည့္ရတာ တိမ္စိုင္ေတြေပၚလြင့္သြားသလို၊ကိုယ့္အ‌ေ႐ွ႕မွာပန္းပြင့္ကေလးေတြေႂကြက်လာသလို၊‌ေႏြ
ရာသီမွာ‌ေလႏုေအးေလးတိုက္ခတ္လိုက္သလို၊ရင္ထဲမွာစမ္း‌‌ေခ်ာင္းက‌ေလးစီးဆင္း‌ေနသလို၊အဖိုးတန္ပတၱျမားေလးကိုရလိုက္သလို ၾကည္ႏူးေပ်ာ္႐ႊင္ရေစသည္။

***
ကေလးငယ္ကဖုန္းမီးေလးထြန္းကာ လက္ထဲကဘာကိုကိုင္ထားမွန္းမသိပါ။

"ဘာေတြလုပ္ေနတာလဲ အလင္း"

"ဒီမွာေလ ...မီးသီးကြၽမ္းသြားလို႔..ညေနကအျပင္ထြက္ဝယ္ထားတာ ၿပီးက်ရင္တပ္ၾကည့္လိုက္ဦးမယ္"

အျပင္မထြက္နဲ႔ခိုင္းလည္းမရပါ။သူ႕ကိုအတိတ္ေမ့ေနလို႔အျပင္မထြက္ပါနဲ႔ေျပာရင္လည္း စိတ္ဆိုးေသးသည္။သူအတိတ္ပဲေမ့ေနတာ ႐ူးေနတာမဟုတ္ဘူးလို႔ေျပာေသးသည္။

"မမတပ္ေပးမယ္...မင္းအရပ္နဲ႔မမီေလာက္ဘူး"

"ရပါတယ္ ကြၽန္မခုံနဲ႔ယူၿပီးတပ္မွာေပါ့"

"ခုံနဲ႔ဆိုလည္း မမီေလာက္ပါဘူး ကေလးရယ္ မမပဲတပ္ေပးမယ္ေနာ္"

သိပ္လက္မခံခ်င္တဲ့ပုံစံနဲ႔ေခါင္းညိတ္႐ွာသည္။တကယ္ေတာ့ သူ႕အရပ္နဲ႔မမီမွန္းသိသြားလို႔သာ လက္ခံလိုက္တာပါ။ဘာလို႔ဆို သူမ်က္လုံးက အေ႐ွ႕ကထိုင္ခံကိုၾကည့္လိုက္ မီးသီးကိုၾကည့္လိုက္လုပ္ေနသည္။

"အခုပဲတပ္ၾကည့္လိုက္မယ္..သြား..မိန္းခလုတ္ကိုသြားပိတ္လိုက္ပါဦး"

သခင္ေျပာေတာ့ ခ်က္ခ်င္းထပိတ္သည္။

ခုံကမမီတမီျဖစ္ေနသျဖင့္ ေျခဖ်ားေထာက္ေနရသည္။သခင့္အရပ္ေတာင္မမီတာကိုသူကတပ္မယ္လုပ္‌ေနေသးသည္။သူသာဆို လက္တစ္ဆန္႔ေလာက္ပင္လိုေနလိမ့္မည္။

ဖုန္းမီးအလင္းေရာင္ေလးပဲမို႔ တပ္ဆင္ရတာသိပ္ေတာ့အဆင္မေျပာခ်င္ပါ။

"အစ္မ ျပဳတ္က်မယ္ေနာ္"

"မက်ပါဘူး...ဒီမွာရေတာ့မယ္ေလ"

"အား.."
ေျခေခ်ာ္ကာျပဳတ္က်မလိုျဖစ္သြား၏။

"သခင္..ျပဳတ္က်မယ္"

သခင့္လက္ထဲကမီးသီးေလးျပဳတ္က်ကာကြဲသြား၏။သခင့္ရဲ႕‌ေပါ့ဆမႈ‌ေၾကာင့္လို႔‌ေတာ့မဆိုသာပါ။အေၾကာင္းမွာ သူရဲ႕ 'သခင္'လို႔စိုးရိမ္တႀကီးေခၚလိုက္တဲ့အသံေၾကာင့္ျဖစ္သည္။

သူသိေနခဲ့တာလား။ သူအတိတ္မေမ့ခဲ့ဘူးလား။ဒါမွမဟုတ္ မွတ္ဉာဏ္ေတြျပန္ရသြားတာလား။သခင့္ကို ဘာလို႔ဖုံးကြယ္ထားတာလဲ။

"အလင္း မမကို သိေနတာလား"

သခင္ခ်က္ခ်င္းဆင္းလိုက္ကာ သူ႕ဆီကိုသြားလိုက္၏။

သူ႕မ်က္လုံးမွာမ်က္ရည္စမ်ားႏွင့္။သခင္သူ႕ဆီလွမ္းလာတိုင္း ‌သူကေနာက္ကိုတစ္လွမ္းဆီဆုတ္သြား၏။

"အလင္း..မမေမးေနတယ္ေလ"

"ဟင့္အင္..မသိဘူး"

သူဟာ ငိုေနရင္းနဲ႔ အိမ္အျပင္ကိုေျပးထြက္သြားေတာ့၏။

6.3.2024
#သခင္



Continue lendo

Você também vai gostar

4.6M 292K 106
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
264K 25.7K 62
Ryan and Aaruhi The story of two innocent hearts and their pious love. The story of one sided love. The story of heartbreak. The story of longing a...
453K 26.7K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
187K 14.6K 36
Her marriage was fixed which was an arranged marriage but she moved to London to pursue her career and dreams and after that, she would marry. But in...