( Uni )
" နည်းနည်းမှ သဘောမကျဘူး "
ထိုစကားတစ်ခွန်းကို အခုသူ့ဘေးမှာ အိပ်ပျော်နေသူက ညက ဘယ်နှစ်ကြိမ်တောင် ပြောခဲ့လဲ ဉာဏ် မရေတွက်လိုက်မိပါ။ နောက်ဆုံး မျက်လွှာတွေ ပိတ်ကျသွားမှ သူတို့ နှုတ်ခမ်းတွေချင်း ခွဲခွာသွားတာတော့ မှတ်မိပါသည်။
ယံယံကရော မှတ်မိပါ့မလား။ ဥာဏ့်လက်မောင်းတွေပေါ်မှာ ခေါင်းအုံးပြီး အိပ်ပျော်နေသူကိုကြည့်ရတာ ခံစားချက်က အရင်နေ့တွေနှင့်မတူ။ ရင်ထဲမှာ တသိမ့်သိမ့်နှင့် ပိုပြီးစိတ်လှုပ်ရှားနေမိ၏။ ပြီးတော့ ညက ရင်ခွင်ထဲ တိုးဝှေ့ကာ ကပ်ချွဲနေသောပုံရိပ်လေးကို ပြန်မြင်ယောင်လာပြီး နောက်တစ်ခါလောက် လက်မောင်းတွေကြားမှာ ဆွဲထည့်ထားချင်သည်။ သူ့ရင်ဘတ်နှင့် ယံယံ့နှလုံးသား ထပ်တူကျနေတဲ့အသံတွေကို နှစ်ယောက်အတူ နားထောင်ချင်သည်။ သူ့အနမ်းတွေကို လိုလိုချင်ချင် ထပ်တူတုံ့ပြန်ခဲ့သော နှုတ်ခမ်းလေးကို တစ်သက်လုံး သူ့အပိုင်ဖြစ်စေချင်ပါသည်။
နာရီကိုကြည့်လိုက်တော့ ရှစ်နာရီထိုးပြီးပြီ။ ဉာဏ် အိပ်ရာပေါ်ကနေ အမြန်ထထိုင်လိုက်သည် ။ သည်နေ့ မနက်ပိုင်း ဦးဆုံးအချိန် ကျူတိုရီရယ်ရှိ၍ အတန်းပျက်လို့မဖြစ် ။
" ယံယံ... ယံယံ ထတော့ ...ထတော့ ရှစ်နာရီထိုးပြီးပြီ "
" အာ...ငါ မထနိုင်ဘူး "
" မထလို့မရဘူး ... ငါ ပထမဆုံးအချိန် ကျူတိုရီရယ်ရှိတယ် "
" မင်းဟာမင်း သွားလိုက်တော့ ... ငါခေါင်းတွေကိုက်နေလို့ မလိုက်တော့ဘူး "
မနေ့ညက သူတို့သောက်တာ တော်တော်များသွားပါသည်။ တစ်ခါမှ အခုလောက် မသောက်ခဲ့ဖူးကြ။ ညကတော့ ကစားပွဲကြောင့်ရော၊ ဒီတိုင်းသောက်တာရောနှင့် အခုလို မနက်ခင်း မထနိုင်တဲ့အထိ ဖြစ်သွားသည်။
ယံယံ ခေါင်းကိုက်နေတာ တကယ်ဖြစ်နိုင်တာမို့ ဉာဏ်ဆက်မပြောတော့ဘဲ ရေအမြန်ချိုးပြီး အောက်ဆင်း မနက်စာပြေးဝယ်ကာ ယံယံ့အတွက် ဆေးပါဝယ်လာခဲ့လိုက်သည်။
" ယံယံ... မနက်စာစားပြီး ဒီမှာဆေးသောက်လိုက် ... ပြီးတော့မှ ပြန်အိပ် .... ငါ ကျူတိုရီရယ်ဖြေပြီးရင် ပြန်လာခေါ်လှည့်မယ် "
" မခေါ်နဲ့ ... ငါ ဒီတစ်နေ့လုံး မတက်တော့ဘူး "
ယံယံက ဉာဏ့်ကို စကားပြန်ပြောနေပေမဲ့ အိပ်ရာထဲက ထမလာသည့်အပြင် စောင်ကိုပါ ခေါင်းမြီးခြုံသွားသည်။ ဧကန္တ ဉာဏ့်ကို မျက်နှာချင်းဆိုင်ဖို့ ရှက်နေတာများလား။
" မတက်ချင်လဲ အစားစားပြီး ဆေးသောက်လိုက်ဦး ...ဒါမှ ခေါင်းကိုက်သက်သာမှာပေါ့ "
" ထားခဲ့လိုက် ... မင်းကျောင်းသွားရင် ငါထစားလိုက်မယ် "
" ယံယံ ...မင်း ရှက်နေတာလား "
ဉာဏ် မနေနိုင်တော့ဘဲ ယံယံအိပ်နေတဲ့ဘေးအထိ သွားကာ စောင်ကိုဆွဲခွာပြီး မေးလိုက်၏။
" ဘာရှက်ရမှာလဲ ... ငါ့ဟာငါ ခေါင်းကိုက်လို့ပါဆို "
စူပုတ်ပုတ်ဖြင့်ပြောလာသော မျက်နှာကိုကြည့်ပြီး ဉာဏ် တစ်ချက်တွေဝေသွားရသည်။ ညကအနမ်းကို ယံယံက မမှတ်မိဘူးလား။
" ညကလေ "
" ညက ဘာဖြစ်လို့လဲ "
" ဟမ်...မင်း ဘာမှ မမှတ်မိဘူးလား "
" ဘာမှတ်မိရမှာလဲ "
ယံယံကြောင့် ဉာဏ် အခက်တွေ့ရပြီ ။ သည်အကြောင်းကို ဉာဏ် ဘယ်လိုပြောရမှာလဲ။
" ညက ငါတို့နမ်းခဲ့ကြတာ " လို့လား။ ဒါမှမဟုတ် " ငါက စနမ်းခဲ့တာပေမဲ့ မင်းက ဆက်နမ်းချင်ခဲ့တာ " လို့လား ။
" ယံယံ...ငါ့မျက်နှာကို သေချာကြည့်ပါဦး "
ယံယံ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ထိန်းညှပ်ပြီး သူ့ကိုတည့်တည့်ကြည့်ခိုင်းတော့
" မျက်ခုံးမွှေးကြီးက ပိုပြားနေသလိုပဲ "
" လခွမ်း ... မင်း တကယ် ဘာမှ မမှတ်မိဘူးလား "
" ငါဘာလုပ်မိလို့လဲ ....မင်းမျက်နှာပေါ် အန်မိလို့လား "
ဉာဏ် ဘာဆက်ပြောရမှန်းမသိတော့။ ယံယံကမှတ်မိလျက်သားနဲ့ လိမ်နေတာများလား ။ ညက မူးနေတာမှန်ပေမဲ့ ရင်ချင်းအပ်ထားသည့် နှလုံးခုန်သံတွေကိုတော့ အတိုင်းသား ကြားခဲ့ရတာပါ။ ပြီးတော့ သူတို့အနမ်းချင်းဖလှယ်ခဲ့ကြတာလည်း အကြာကြီးပါ ။
" မင်း သိရဲ့သားနဲ့ ဟန်ဆောင်နေတာမလား ယံယံ "
" ဘာလဲကွာ ... ငါခေါင်းကိုက်နေပါတယ်ဆို ... မင်းကျူတိုရီရယ်ရှိတယ်ဆို .... သွားတော့လေ "
" အေး... ငါ ပြန်လာမှဆက်ပြောမယ် "
ဉာဏ် မနက်စာ အမြန်စားပြီး ကျောင်းကိုအချိန်မီ ဒုန်းစိုင်းသွားခဲ့တော့သည်။ စိတ်ထဲမှာတော့ ကျောင်းပြန်ကျ ယံယံ မမှတ်မိလည်း သူ့ဘက်က မှတ်မိအောင်လုပ်ပေးရမှာပေါ့ဟု တေးထားလျက်။
*****
" ဉာဏ်...တစ်ယောက်တည်းလား .... ပိုင်ဇေရော ...ရန်ဖြစ်ထားကြပြန်ပြီလား "
ကန်တင်းမှာ ထမင်းစားချိန်ဆုံကြတော့ တစ်ယောက်တည်းဝင်လာသည့်သူ့ကို သူငယ်ချင်းတွေ က တွေ့တွေ့ချင်း မေးခွန်းထုတ်ကြသည်။
" ခေါင်းကိုက်လို့ မထနိုင်ဘူးတဲ့ "
" ဪ...ညကများသွားပုံရတယ် "
နောက်ထပ် သူငယ်ချင်းတွေစကားဝိုင်းထဲကို ဉာဏ် ဝင်မပြောနိုင်ဘဲ ကိုယ့်အတွေးနှင့်ကိုယ် မျောနေသည်။ ယံယံ့ကို သူဘယ်လိုပြောပြရမလဲဆိုပြီးပေါ့။
" ဉာဏ်လင်းထင် ... ဟဲ့ ! "
" ဟမ်... ဟမ် ! "
Daraအော်လိုက်မှ လန့်ဖျတ်ပြီး မော့ကြည့်မိ၏ ။
" ဒီတစ်ပတ် ပိတ်ရက်အားလားလို့ မေးနေတာ ... စိတ်က ဘယ်ရောက်နေတာလဲ ...အဆောင်မှာကျန်ခဲ့တဲ့ ချစ်သူလေးဆီလား "
" ဟုတ်ပါ့ဟယ် .... တစ်ရက်လေး အတူမပါတာကို စိတ်တခြား လူတခြား ....သူ့မှာ ဖြစ်ပျက်နေတာ "
မိန်းကလေးနှစ်ယောက်က ဝိုင်းစကြတော့ ဉာဏ် ရှက်ရယ်ရယ်ရင်း
" နေပါဦး ... ဘာလို့ ငါတို့ကို အမြဲ အဲ့လိုစနေတာလဲ "
ဉာဏ် ဒါကိုမေးချင်နေတာကြာပါပြီ။ အခုတော့ ယံယံလည်းမပါသလို အားမာန်နှင့်သူရိန်လည်းမရှိ။ ဉာဏ်နှင့် သူငယ်တန်းကတည်းက ပေါင်းလာသည့် အရင်းနှီးဆုံးဟုပြောရမည့် လေးယောက်သာရှိသည့်အချိန်မို့ ထုတ်မေးလိုက်မိသည် ။
" စနေတာမဟုတ်ပါဘူး ...အတည်ပြောနေတာ ..ဟားဟား "
" ငါတို့က စရင်းစရင်းနဲ့ ...အတည်လို့ပဲ သတ်မှတ်ထားတော့တာ .... ဟီဟိ "
သံစဉ်နှင့်လဝန်းက ရယ်လိုက် စလိုက်လုပ်နေကြပြီး ခေါင်ထွဋ်နှင့် သော်ဇင်ကတော့ ဘေးကနေ ပြုံးပြီး ကြည့်နေကြသည်။
" နင် ပိုင်ဇေ့ကို မချစ်လို့လား ...လိမ်ပြောမယ်မကြံနဲ့နော် .... နင့်ပုံစံက အသိသာကြီး ... ငါတို့ပြောတာ ချစ်သူလိုပြောတာနော် "
" ဟုတ်ပါ့ .... မားစ်ဂြိုဟ်ပေါ်က လှမ်းကြည့်တောင် နင် ပိုင်ဇေ့ကို ချစ်မှန်း သိသာတယ် "
" ငါက မချစ်ဘူးပြောလို့လား "
" ချစ်တယ်လို့လဲ မပြောဘူးမလား "
ဉာဏ် သူတို့စကားကို မငြင်းဆန်ပါ။ ဒါပေမဲ့ ယံယံ့အပေါ် ဖြစ်တည်နေသည့် သူ့ခံစားချက်က ချစ်တယ်ဆိုတဲ့ ခံစားချက်ထက် ပိုပြီးကြီးမားတယ်ဆိုတာ သူတို့မှမသိကြဘဲလေ ။
" ပွင့်ပွင့်လင်းလင်းပြောပြီး တွဲလိုက်ကြစမ်းပါဟယ် ... နင်တို့ကို တစ်နေ့တစ်နေ့ ငါအူယားလွန်းလို့ "
အားပြီဆိုတာနှင့် ထိုင်း BL seriesတွေပဲ ကြည့်နေသော သံစဉ်က ရည်းစားမရှိတာလည်း မဆန်း။ အခုလည်း ထိုဇာတ်လမ်းတွေထဲကလို သူတို့ကို လာလုပ်ခိုင်းနေသည်။
" ပြောသလောက်မှ မလွယ်တာ .. သူငယ်ချင်းအချင်းချင်းကို "
" ငါ့အမြင်တော့ သူလဲ နင့်ကိုချစ်ပါတယ် "
ယံယံက သူ့ကိုချစ်တယ်ဟု ပြောခဲ့ဖူးတာ ဉာဏ်ကောင်းကောင်းမှတ်မိပါသည်။ သို့သော် ထိုအရာက ရှစ်တန်းမတက်ခင် ကလေးသာသာအရွယ်က သူငယ်ချင်းတစ်ယောက်လို ပြောခဲ့ဖူးသည့်စကား။
အခုရော သူ့ကို သူငယ်ချင်းလိုပဲ ချစ်တုန်းလား။ သူ့ဘက်ကတော့ မဖြူစင်တော့တာ၊ ဆက်ပြီးတော့ မထိန်းချုပ်နိုင်တော့တာ မနေ့ညကတည်းက ရှင်းရှင်းလင်းလင်းပေါ်ခဲ့ပြီ ။
" ဟိုကောင်က သူ့ထက်တောင် ပိုဦးမယ် "
" ဘာလို့ မင်းက အဲ့လိုပြောတာလဲ "
ယုံကြည်မှုအပြည့်ဖြင့်ပြောနေသော ခန့်သော်ဇင်ကို ဉာဏ်ပါ အံ့ဩသွားရ၏ ။
" ဆယ်တန်းတုန်းက မဖြူစင်သန့်ကို မင်းရည်းစားလို့ ငါလျှောက်ပြောလိုက်တာလေ ... ချက်ချင်းကို ဟန်မဆောင်နိုင်ဘဲ အိမ်ပြန်ပြေးတာ ...အဲ့ကတည်းက ငါခန့်မှန်းကြည့်တာ "
" ချစ်ရင် ဖွင့်ပြောလိုက် ငါ့ကောင် ...ဘာမှတွေးမနေနဲ့... မင်းက သူနဲ့အနီးကပ် နေနေတဲ့သူပဲ ... သူ မင်းကို ချစ်မချစ် မင်းအသိဆုံးပဲဖြစ်မှာပေါ့ "
လဝန်းကို ရေဘူးဖွင့်ပေးရင်း ခေါင်ထွဋ်ကပါ တိုက်တွန်းလာပါသည်။ ငယ်သူငယ်ချင်းတွေကတော့ အတော်အားကိုးရ၏။ မြှောက်ပေးနေတဲ့သူတွေချည်း။
ဒါပေမဲ့ ဉာဏ်ကတော့ စဉ်းစားရဦးမည်။
ယံယံက သူ့ကို သူငယ်ချင်းလိုမဟုတ်ဘဲ ချစ်သူတစ်ယောက်လို ချစ်လား၊မချစ်ဘူးလားဆိုတာ.... ။
*****
ပထမဆုံး ချားရဟတ်စီးကြတော့ ယံယံ့စိတ်ကူးက ဉာဏ့်ကြောင့် ပျက်သွားပြီဟုပြောပြီး ယံယံက စိတ်ညစ်သွားသည့်ပုံပါ။ ရဟတ်ပေါ်ကနေတောင် ခုန်ချချင်သည်တဲ့။ ချားရဟတ်ကို ဉာဏ်နှင့် ပထမဆုံးအတူစီးရတာ မပျော်ဘူးထင်ပါရဲ့။ သည်လိုလူက ဉာဏ့်ကိုသူငယ်ချင်းအနေနှင့် မဟုတ်ဘဲ ချစ်သူအဖြစ် သဘောထားနေပါ့မလား။
' သူ ငါ့ကိုမချစ်ဘူး '
***
ဆယ်တန်းတုန်းက ယံယံ သူ့ကို မဖြူစင်သန့်နှင့် အထင်လွဲပြီး သဝန်တိုခဲ့တာ ဉာဏ်မမေ့။ ရှင်းပြပြီးလို့ မဟုတ်ကြောင်း သိသွားတဲ့အချိန်မှာ ပျော်သွားသည့်မျက်နှာလေးကိုလည်း မမေ့ ။ ပြီးတော့ ဉာဏ့်လက်ကို ဆုပ်ကိုင်ထားပြီး ရင်ဘတ်ပေါ်တင်ထားချိန် ခံစားမိသည့် နှလုံးခုန်သံကိုလည်း မမေ့ပါ။ ထိုအချိန်တုန်းက ယံယံ့ရင်ခုန်သံဟာ ဉာဏ့်ကြောင့်ဖြစ်ခဲ့တာဆိုရင် ...
' သူ ငါ့ကို ချစ်တယ် '
***
ယံယံက တစ်ယောက်တည်းကျန်ခဲ့မှာကြောက်၍ ဉာဏ့်ကို ယံယံ့နောက်မှ ရည်းစားထားရမည်ဟု ပြောခဲ့သည်။ ယံယံရည်းစားရသွားပြီး ဉာဏ်တစ်ယောက်တည်း ကျန်ခဲ့မှာကျ မတွေးဘူးထင်ပါရဲ့။ ဘာဖြစ်ဖြစ် ဂရုမစိုက်တော့ဘဲ ဉာဏ့်ကိုပစ်ထားခဲ့မည့်ပုံ။
' သူ ငါ့ကိုမချစ်ဘူး '
***
ယံယံ့ရဲ့ first dateက မီမီဟန့်အစား ဉာဏ်နှင့်အတူ ကုန်ဆုံးဖို့ ဖြစ်သွားခဲ့သည်။ ထိုနေ့က သူတို့တွေ မိုးရွာထဲမှာ တစ်ယောက်လက်တစ်ယောက်ဆွဲပြီး လမ်းမတစ်လျှောက် ပြေးလွှားခဲ့ကြသည်။ တစ်ကမ္ဘာလုံးမှာ သူတို့နှစ်ယောက်ကလွဲပြီး ဘယ်သူမှမရှိသလို ။ နောက်ပြီး အိမ်ပြန်လမ်းမှာလည်း ယံယံက ဉာဏ့်နောက်ကျောကိုဖက်တွယ်ပြီး ပျော်နေခဲ့သည်။ ထို first dateကိုလည်း Perfect ဟု မှတ်ချက်ပေးခဲ့၏။
' သူ ငါ့ကိုချစ်တယ် '
***
ယံယံ့ကို လာရှာသည့် ထားဝယ်က ကောင်မလေးအကြောင်း ဉာဏ်ဘာမှမသိ။ ယံယံက မသိစေချင်ဘူးထင်သည်။ အားမာန်တို့ပြောသလို တကယ်ပဲ ယံယံရဲ့ ငယ်ချစ်ဦးများလား ။ ထို့ကြောင့် ယံယံက ဉာဏ့်ကိုတောင် ပေးမသိဘဲ လျှို့ဝှက်ထားခဲ့တာလား။ သူက ယံယံ့အတွက် ဦးစားပေးစာရင်းရဲ့ထိပ်ဆုံးမှာ မရှိခဲ့ဘူးလား။
' သူ ငါ့ကို မချစ်ဘူး '
***
ဉာဏ် ပြန်မလာတဲ့ရက်တွေတုန်းက ယံယံက တစ်ညလုံးလိုက်ရှာခဲ့သည်။ နောက်ထပ်ထွက်သွားမယ်ဆိုတော့လည်း ငိုခဲ့သည်။ ထိုရက်တွေမှာ ဉာဏ့်ကို ကလေးတစ်ယောက်လိုမျိုး မျက်စိအောက်က အပျောက်မခံဘဲ တကောက်ကောက်လိုက်ကပ်နေခဲ့၏။
' သူ ငါ့ကိုချစ်တယ် '
***
မနေ့ညက မူးနေတယ်ဆိုသော်လည်း ဉာဏ်ကြားနေရသည့် ယံယံ့ ရင်ခုန်သံတွေကတော့ အရက်နှင့်မဆိုင်ဟု ထင်ပါသည်။ ဉာဏ့်နှုတ်ခမ်းတွေကို တခြားသူတွေ မနမ်းစေချင်ဘူးဟုဆိုသူက ကိုယ်တိုင်ကျ ထပ်တလဲလဲ နမ်း၏။ ဒါ ဉာဏ့်ကိုချစ်လို့ကလွဲပြီး ဘာရှိဦးမှာလဲ ။
' သူ ငါ့ကိုချစ်တယ် '
***
တစ်နေ့လယ်လုံး ဉာဏ် တစ်ယောက်တည်း အမျိုးမျိုးအဖြေထုတ်နေပြီး နောက်ဆုံးတော့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချကာ ညနေပိုင်းအတန်းချိန်ကိုပင် ပြီးအောင်မတက်တော့ဘဲ အမြန်ပြန်လာခဲ့တော့သည်။ပိုင်ဇေယံရှိရာ... တကယ်တော့ ဉာဏ့်ကိုယ်ပိုင်ကမ္ဘာလေးရှိရာ.... ။
' ဒီနေ့ကစပြီး ငါတို့က သူငယ်ချင်းရော ချစ်သူရောဖြစ်ကြရအောင် ယံယံ .... မင်းကို ငါမဟုတ်တဲ့ တခြားတစ်ယောက်လက်ထဲ ထည့်မပေးနိုင်ဘူး ...မင်းမျက်လုံးတွေက ငါ့ကိုပဲကြည့်ပေးပါနော် ...မင်းနှုတ်ခမ်းတွေကိုလဲ ငါ့ဆီမှာပဲ အပိုင်ပေးပါ ...ဘဝတစ်လျှောက်လုံးကို ငါတို့အတူဖြတ်သန်းသွားရအောင် ... ငါ မင်းကို ကတိပေးထားတဲ့အတိုင်း ဘယ်တော့မှ ထားမသွားဘူး ... နောက် ဆယ်နှစ်၊ အနှစ်နှစ်ဆယ် ၊ သုံးဆယ် ၊ လေးဆယ် ၊ ငါးဆယ် ၊ သက္ကရာဇ်တိုင်း ၊ နေ့ရက်တိုင်း ငါ မင်းနဲ့ပဲအတူရှိချင်တယ် '
ဉာဏ် ပြောချင်သည့် စကားတွေကို စာတွေစီရင်း ရင်တွေလည်း တအားခုန်လာသည်။ ဉာဏ့်ခံစားချက်တွေကို ယံယံက ဘယ်လိုပုံစံမျိုးနှင့် နားထောင်နေမလဲ။ ရှက်ပြီး မျက်နှာတွေ ရဲနေမလား။ ဝမ်းသာပြီး မျက်ရည်ပါ ကျနေမလား။
ဉာဏ် အခန်းတံခါးရှေ့မှာရပ်၍ လှုပ်ရှားနေသည့်စိတ်ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထားပြီးမှ တံခါးဖွင့်လိုက်သည့်အချိန် ....
ဉာဏ့်မျက်လုံးတွေ ပြာဝေသွားသလို၊ ခြေထောက်တွေပါ ခွေကျသွားချင်သလို၊ ရှေ့ကမြင်ကွင်းက သူ့နှလုံးသားကို တစ်စုံတစ်ခုနှင့် ထိုးခြေမွလိုက်သလို ခံစားလိုက်ရသည် ။
ယံယံက ကုတင်ပေါ်မှာ မိန်းကလေးတစ်ယောက်ကို ပွေ့ဖက်ပြီးထိုင်နေ၏ ။
ဒါ ဘယ်လို လှည့်စားလိုက်တဲ့ ကံကြမ္မာကြီးလဲ။
မနေ့ညကမှ ဉာဏ့်ရင်ခွင်ထဲ ဝင်တိုးအိပ်ပြီး ဉာဏ့်နှုတ်ခမ်းတွေကိုနမ်းရှိုက်ခဲ့သူက အခု တခြားမိန်းကလေးတစ်ယောက်ကို ကြင်ကြင်နာနာ ပွေ့ဖက်ထားသည်။ ထိုမိန်းကလေးက ယံယံရဲ့ ပုခုံးပေါ်မှာ မျက်နှာအပ်ထားပြီး ယံယံကလည်း ထိုမိန်းကလေးရဲ့ကျောပြင်ကို တယုတယ ပြန်ဖက်တွယ်ထား၏ ။
" ဉာဏ်လင်းထင် "
ဉာဏ့်ကိုမြင်ပြီး ရုတ်တရက် ထရပ်လိုက်သူကို ဉာဏ်ကျောခိုင်းပြီး ဒီနေရာကနေ ချက်ချင်းထွက်သွားဖို့ ပြင်လိုက်ပေမဲ့ ဉာဏ့်လက်ကို ဖမ်းဆွဲထားခြင်း ခံလိုက်ရသဖြင့် ရှေ့ဆက်လို့မရ။
" ဉာဏ် ...ဘယ်သွားမလို့လဲ ...ငါပြောတာနားထောင်ဦး "
" မလိုဘူး ပိုင်ဇေယံ ... မင်း ငါ့ကိုဘာမှပြောပြဖို့ မလိုပါဘူး "
" ဉာဏ် ... ငါတို့ အေးအေးဆေးဆေး စကားပြောရအောင် "
" ငါ မင်းနဲ့ ဘာမှပြောစရာမရှိဘူး "
" ငါ့မှာရှိတယ် ... မနေ့ညကအကြောင်းလဲ အကုန်မှတ်မိတယ် ... မနက်က မမှတ်မိဘူးဆိုတာ ငါညာခဲ့တာ "
သည်လိုဆို ယံယံက မနေ့ညက သူတို့နှစ်ယောက်ကြားမှာ ဖြစ်ပျက်သွားတာတွေကို တမင်သက်သက် မသိချင်ယောင်ဆောင်ပြီး သည်တိုင်းကျော်သွားချင်ခဲ့တာပေါ့ ။
ဉာဏ် ဘာမှမသိတော့ ။ ရင်ဘတ်တစ်ခုလုံး နာကျင်မှုနဲ့ပြည့်နေတာကလွဲပြီး ဘာပြောရမှန်းလည်းမသိတော့သလို ဘာလုပ်ရမှန်းလည်းမသိတော့ပါ ။ လွန်ခဲ့တဲ့ မိနစ်ပိုင်းအထိ ရင်ခုန်စိတ်လှုပ်ရှားနေသမျှအားလုံး၊ တစ်ဘဝလုံးစာရည်ရွယ်ထားခဲ့သည့် စိတ်ကူးအိပ်မက်အားလုံး တစ်စုံတစ်ယောက်က ရိုက်ခွဲပစ်ချလိုက်သလို သူ့ရင်တွေ နာကျင်နေတာပဲ သိတော့သည်။
" ငါ မင်းကိုချစ်တယ် ဉာဏ် ...ငါ မင်းနဲ့အတူ ရှိချင်တယ် "
ပြီးခဲ့သည့်မိနစ်ပိုင်းကအထိ ဉာဏ်မျှော်လင့်ခဲ့သည့် စကားတွေကို ယံယံက သူ မမေးရဘဲ၊ သူ မတောင်းဆိုရဘဲ အခု ပြောလာပေမဲ့ ပျော်လည်းမပျော်နိုင်တော့သလို ယုံလည်းမယုံကြည်နိုင်တော့ပါ ။ သူ့မျက်စိရှေ့မှာပဲ တခြားမိန်းကလေးတစ်ယောက်ကို ဖက်ထားသည့်လူက အခု သူနှင့်အတူရှိချင်သည်ဆိုတာကို ဉာဏ် ဘယ်လိုလုပ်ယုံနိုင်ပါတော့မလဲ။
" မင်းအတွက် မိန်းမတစ်ယောက်နဲ့တင် မလုံလောက်ဘူးလား ပိုင်ဇေယံ "
" ဘာ "
" ငါပြောတာမကြားလိုက်ဘူးလား ...ထပ်ပြောပေးရဦးမလား "
" မင်း ငါ့ကို အဲ့လောက်တောင် အထင်သေးတာလား ဟုတ်လား "
ယံယံက ဉာဏ့်ကို ဆွဲထားသည့်လက်ကို ဖြုတ်ချလိုက်ကာ ....
" မင်း ဘာမှမသိဘဲ ... "
" ငါက ဘာသိရဦးမှာလဲ ....ငါ့မျက်စိနဲ့မြင်အောင် ဒီထဲထိ မင်းခေါ်ပြခဲ့ပြီးမှ ငါက ဘာထပ်သိရဦးမှာလဲ "
" အေးအေး ဟုတ်ပါတယ် ....မင်း မှန်တယ်.... မင်းမြင်တာ စောက်ရမ်းမှန်တယ် "
ယံယံက ဉာဏ့်ကို မီးထွက်မတက် မျက်ဝန်းအစုံနှင့် ကြည့်ပြီး နှုတ်ခမ်းထက်မှာလည်း ခပ်မဲ့မဲ့အပြုံးတစ်ခုကို ချိတ်ဆွဲလျက်။
" အဟင့် "
ထိုစဉ် သူတို့အခန်းထဲမှာရှိနေသော ကြွေရုပ်ကလေးတမျှ လှပြီး နုဖက်နေသည့် မိန်းကလေးက တစ်ချက်ရှိုက်ငိုကာ အခန်းအပြင်ကို ထွက်ပြေးသွားတော့သည်။
" အထွေး "
ထိုမိန်းကလေးနောက်ကို ချက်ချင်းလိုက်ဖို့ ပြင်သည့် ယံယံ့လက်ကို ဉာဏ်ဆွဲထားကာ
" မင်း အခု သူ့နောက်လိုက်သွားရင် ငါ့ကို ဒီတစ်သက် ထပ်တွေ့ရမယ် မထင်နဲ့နော် "
သည်စကားတစ်ခွန်းဖြင့် တားဆီးဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါ။
" မင်း ငါ့ကို စိန်ခေါ်နေတာလား ... ခြိမ်းခြောက်နေတာလား ဉာဏ်လင်းထင် "
" မင်းကြိုက်သလို ဆုံးဖြတ် ပိုင်ဇေယံ "
" ငါ့ကို အထင်သေးတဲ့ မင်းလိုကောင်မျိုးနဲ့ ဒီတစ်သက် ထပ်မတွေ့ရလို့ ငါဘာမှဖြစ်မသွားဘူး "
ယံယံက တစ်ချက်လေးမှ နောက်မတွန့်ဘဲ ၊ တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ပြတ်ပြတ်သားသား ဉာဏ့်ကိုထားခဲ့ပြီး ထွက်သွားခဲ့ပါပြီ။
ဆယ့်နှစ်နှစ်။
ဉာဏ့် ဘဝထဲမှာ ပိုင်ဇေယံဆိုသည့်ကောင်လေး ရောက်လာခဲ့တာ ဆယ့်နှစ်နှစ်ကြာခဲ့ပါပြီ။
ယံယံက ဉာဏ့်ရဲ့ ငယ်ဘဝ ၊ ပျော်ရွှင်မှု ၊ ရင်ခုန်သံ ၊ ဉာဏ့်ရဲ့အရာရာ ဖြစ်ခဲ့ပြီး အခု ယံယံကိုယ်တိုင် ဒါတွေကို ဖျက်စီးပြီး ထွက်သွားခဲ့ပြီ။
' သူ ငါ့ကို မချစ်ဘူး '
#PoPoPhoenix
*
*
*
*
*
( Zgi )
" နည္းနည္းမွ သေဘာမက်ဘူး "
ထိုစကားတစ္ခြန္းကို အခုသူ႔ေဘးမွာ အိပ္ေပ်ာ္ေနသူက ညက ဘယ္ႏွစ္ႀကိမ္ေတာင္ ေျပာခဲ့လဲ ဉာဏ္ မေရတြက္လိုက္မိပါ။ ေနာက္ဆုံး မ်က္လႊာေတြ ပိတ္က်သြားမွ သူတို႔ ႏႈတ္ခမ္းေတြခ်င္း ခြဲခြာသြားတာေတာ့ မွတ္မိပါသည္။
ယံယံကေရာ မွတ္မိပါ့မလား။ ဥာဏ့္လက္ေမာင္းေတြေပၚမွာ ေခါင္းအုံးၿပီး အိပ္ေပ်ာ္ေနသူကိုၾကည့္ရတာ ခံစားခ်က္က အရင္ေန႔ေတြႏွင့္မတူ။ ရင္ထဲမွာ တသိမ့္သိမ့္ႏွင့္ ပိုၿပီးစိတ္လႈပ္ရွားေနမိ၏။ ၿပီးေတာ့ ညက ရင္ခြင္ထဲ တိုးေဝွ႔ကာ ကပ္ခြၽဲေနေသာပုံရိပ္ေလးကို ျပန္ျမင္ေယာင္လာၿပီး ေနာက္တစ္ခါေလာက္ လက္ေမာင္းေတြၾကားမွာ ဆြဲထည့္ထားခ်င္သည္။ သူ႔ရင္ဘတ္ႏွင့္ ယံယံ့ႏွလုံးသား ထပ္တူက်ေနတဲ့အသံေတြကို ႏွစ္ေယာက္အတူ နားေထာင္ခ်င္သည္။ သူ႔အနမ္းေတြကို လိုလိုခ်င္ခ်င္ ထပ္တူတုံ႔ျပန္ခဲ့ေသာ ႏႈတ္ခမ္းေလးကို တစ္သက္လုံး သူ႔အပိုင္ျဖစ္ေစခ်င္ပါသည္။
နာရီကိုၾကည့္လိုက္ေတာ့ ရွစ္နာရီထိုးၿပီးၿပီ။ ဉာဏ္ အိပ္ရာေပၚကေန အျမန္ထထိုင္လိုက္သည္ ။ သည္ေန႔ မနက္ပိုင္း ဦးဆုံးအခ်ိန္ က်ဴတိုရီရယ္ရွိ၍ အတန္းပ်က္လို႔မျဖစ္ ။
" ယံယံ... ယံယံ ထေတာ့ ...ထေတာ့ ရွစ္နာရီထိုးၿပီးၿပီ "
" အာ...ငါ မထႏိုင္ဘူး "
" မထလို႔မရဘူး ... ငါ ပထမဆုံးအခ်ိန္ က်ဴတိုရီရယ္ရွိတယ္ "
" မင္းဟာမင္း သြားလိုက္ေတာ့ ... ငါေခါင္းေတြကိုက္ေနလို႔ မလိုက္ေတာ့ဘူး "
မေန႔ညက သူတို႔ေသာက္တာ ေတာ္ေတာ္မ်ားသြားပါသည္။ တစ္ခါမွ အခုေလာက္ မေသာက္ခဲ့ဖူးၾက။ ညကေတာ့ ကစားပြဲေၾကာင့္ေရာ၊ ဒီတိုင္းေသာက္တာေရာႏွင့္ အခုလို မနက္ခင္း မထႏိုင္တဲ့အထိ ျဖစ္သြားသည္။
ယံယံ ေခါင္းကိုက္ေနတာ တကယ္ျဖစ္ႏိုင္တာမို႔ ဉာဏ္ဆက္မေျပာေတာ့ဘဲ ေရအျမန္ခ်ိဳးၿပီး ေအာက္ဆင္း မနက္စာေျပးဝယ္ကာ ယံယံ့အတြက္ ေဆးပါဝယ္လာခဲ့လိုက္သည္။
" ယံယံ... မနက္စာစားၿပီး ဒီမွာေဆးေသာက္လိုက္ ... ၿပီးေတာ့မွ ျပန္အိပ္ .... ငါ က်ဴတိုရီရယ္ေျဖၿပီးရင္ ျပန္လာေခၚလွည့္မယ္ "
" မေခၚနဲ႔ ... ငါ ဒီတစ္ေန႔လုံး မတက္ေတာ့ဘူး "
ယံယံက ဉာဏ့္ကို စကားျပန္ေျပာေနေပမဲ့ အိပ္ရာထဲက ထမလာသည့္အျပင္ ေစာင္ကိုပါ ေခါင္းၿမီးၿခဳံသြားသည္။ ဧကႏၲ ဉာဏ့္ကို မ်က္ႏွာခ်င္းဆိုင္ဖို႔ ရွက္ေနတာမ်ားလား။
" မတက္ခ်င္လဲ အစားစားၿပီး ေဆးေသာက္လိုက္ဦး ...ဒါမွ ေခါင္းကိုက္သက္သာမွာေပါ့ "
" ထားခဲ့လိုက္ ... မင္းေက်ာင္းသြားရင္ ငါထစားလိုက္မယ္ "
" ယံယံ ...မင္း ရွက္ေနတာလား "
ဉာဏ္ မေနႏိုင္ေတာ့ဘဲ ယံယံအိပ္ေနတဲ့ေဘးအထိ သြားကာ ေစာင္ကိုဆြဲခြာၿပီး ေမးလိုက္၏။
" ဘာရွက္ရမွာလဲ ... ငါ့ဟာငါ ေခါင္းကိုက္လို႔ပါဆို "
စူပုတ္ပုတ္ျဖင့္ေျပာလာေသာ မ်က္ႏွာကိုၾကည့္ၿပီး ဉာဏ္ တစ္ခ်က္ေတြေဝသြားရသည္။ ညကအနမ္းကို ယံယံက မမွတ္မိဘူးလား။
" ညကေလ "
" ညက ဘာျဖစ္လို႔လဲ "
" ဟမ္...မင္း ဘာမွ မမွတ္မိဘူးလား "
" ဘာမွတ္မိရမွာလဲ "
ယံယံေၾကာင့္ ဉာဏ္ အခက္ေတြ႕ရၿပီ ။ သည္အေၾကာင္းကို ဉာဏ္ ဘယ္လိုေျပာရမွာလဲ။
" ညက ငါတို႔နမ္းခဲ့ၾကတာ " လို႔လား။ ဒါမွမဟုတ္ " ငါက စနမ္းခဲ့တာေပမဲ့ မင္းက ဆက္နမ္းခ်င္ခဲ့တာ " လို႔လား ။
" ယံယံ...ငါ့မ်က္ႏွာကို ေသခ်ာၾကည့္ပါဦး "
ယံယံ့မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ ထိန္းညႇပ္ၿပီး သူ႔ကိုတည့္တည့္ၾကည့္ခိုင္းေတာ့
" မ်က္ခုံးေမႊးႀကီးက ပိုျပားေနသလိုပဲ "
" လခြမ္း ... မင္း တကယ္ ဘာမွ မမွတ္မိဘူးလား "
" ငါဘာလုပ္မိလို႔လဲ ....မင္းမ်က္ႏွာေပၚ အန္မိလို႔လား "
ဉာဏ္ ဘာဆက္ေျပာရမွန္းမသိေတာ့။ ယံယံကမွတ္မိလ်က္သားနဲ႔ လိမ္ေနတာမ်ားလား ။ ညက မူးေနတာမွန္ေပမဲ့ ရင္ခ်င္းအပ္ထားသည့္ ႏွလုံးခုန္သံေတြကိုေတာ့ အတိုင္းသား ၾကားခဲ့ရတာပါ။ ၿပီးေတာ့ သူတို႔အနမ္းခ်င္းဖလွယ္ခဲ့ၾကတာလည္း အၾကာႀကီးပါ ။
" မင္း သိရဲ႕သားနဲ႔ ဟန္ေဆာင္ေနတာမလား ယံယံ "
" ဘာလဲကြာ ... ငါေခါင္းကိုက္ေနပါတယ္ဆို ... မင္းက်ဴတိုရီရယ္ရွိတယ္ဆို .... သြားေတာ့ေလ "
" ေအး... ငါ ျပန္လာမွဆက္ေျပာမယ္ "
ဉာဏ္ မနက္စာ အျမန္စားၿပီး ေက်ာင္းကိုအခ်ိန္မီ ဒုန္းစိုင္းသြားခဲ့ေတာ့သည္။ စိတ္ထဲမွာေတာ့ ေက်ာင္းျပန္က် ယံယံ မမွတ္မိလည္း သူ႔ဘက္က မွတ္မိေအာင္လုပ္ေပးရမွာေပါ့ဟု ေတးထားလ်က္။
*****
" ဉာဏ္...တစ္ေယာက္တည္းလား ....ပိုင္ေဇေရာ ...ရန္ျဖစ္ထားၾကျပန္ၿပီလား "
ကန္တင္းမွာ ထမင္းစားခ်ိန္ဆုံၾကေတာ့ တစ္ေယာက္တည္းဝင္လာသည့္သူ႔ကို သူငယ္ခ်င္းေတြ က ေတြ႕ေတြ႕ခ်င္း ေမးခြန္းထုတ္ၾကသည္။
" ေခါင္းကိုက္လို႔ မထႏိုင္ဘူးတဲ့ "
" ဪ...ညကမ်ားသြားပုံရတယ္ "
ေနာက္ထပ္ သူငယ္ခ်င္းေတြစကားဝိုင္းထဲကို ဉာဏ္ ဝင္မေျပာႏိုင္ဘဲ ကိုယ့္အေတြးႏွင့္ကိုယ္ ေမ်ာေနသည္။ ယံယံ့ကို သူဘယ္လိုေျပာျပရမလဲဆိုၿပီးေပါ့။
" ဉာဏ္လင္းထင္ ... ဟဲ့ ! "
" ဟမ္... ဟမ္ ! "
Daraေအာ္လိုက္မွ လန႔္ဖ်တ္ၿပီး ေမာ့ၾကည့္မိ၏ ။
" ဒီတစ္ပတ္ ပိတ္ရက္အားလားလို႔ ေမးေနတာ ... စိတ္က ဘယ္ေရာက္ေနတာလဲ ...အေဆာင္မွာက်န္ခဲ့တဲ့ ခ်စ္သူေလးဆီလား "
" ဟုတ္ပါ့ဟယ္ .... တစ္ရက္ေလး အတူမပါတာကို စိတ္တျခား လူတျခား ....သူ႔မွာ ျဖစ္ပ်က္ေနတာ "
မိန္းကေလးႏွစ္ေယာက္က ဝိုင္းစၾကေတာ့ ဉာဏ္ ရွက္ရယ္ရယ္ရင္း
" ေနပါဦး ... ဘာလို႔ ငါတို႔ကို အၿမဲ အဲ့လိုစေနတာလဲ "
ဉာဏ္ ဒါကိုေမးခ်င္ေနတာၾကာပါၿပီ။ အခုေတာ့ ယံယံလည္းမပါသလို အားမာန္ႏွင့္သူရိန္လည္းမရွိ။ ဉာဏ္ႏွင့္ သူငယ္တန္းကတည္းက ေပါင္းလာသည့္ အရင္းႏွီးဆုံးဟုေျပာရမည့္ ေလးေယာက္သာရွိသည့္အခ်ိန္မို႔ ထုတ္ေမးလိုက္မိသည္ ။
" စေနတာမဟုတ္ပါဘူး ...အတည္ေျပာေနတာ ..ဟားဟား "
" ငါတို႔က စရင္းစရင္းနဲ႔ ...အတည္လို႔ပဲ သတ္မွတ္ထားေတာ့တာ .... ဟီဟိ "
သံစဥ္ႏွင့္လဝန္းက ရယ္လိုက္ စလိုက္လုပ္ေနၾကၿပီး ေခါင္ထြဋ္ႏွင့္ ေသာ္ဇင္ကေတာ့ ေဘးကေန ၿပဳံးၿပီး ၾကည့္ေနၾကသည္။
" နင္ ပိုင္ေဇ့ကို မခ်စ္လို႔လား ...လိမ္ေျပာမယ္မႀကံနဲ႔ေနာ္ .... နင့္ပုံစံက အသိသာႀကီး ... ငါတို႔ေျပာတာ ခ်စ္သူလိုေျပာတာေနာ္ "
" ဟုတ္ပါ့ .... မားစ္ၿဂိဳဟ္ေပၚက လွမ္းၾကည့္ေတာင္ နင္ ပိုင္ေဇ့ကို ခ်စ္မွန္း သိသာတယ္ "
" ငါက မခ်စ္ဘူးေျပာလို႔လား "
" ခ်စ္တယ္လို႔လဲ မေျပာဘူးမလား "
ဉာဏ္ သူတို႔စကားကို မျငင္းဆန္ပါ။ ဒါေပမဲ့ ယံယံ့အေပၚ ျဖစ္တည္ေနသည့္ သူ႔ခံစားခ်က္က ခ်စ္တယ္ဆိုတဲ့ ခံစားခ်က္ထက္ ပိုၿပီးႀကီးမားတယ္ဆိုတာ သူတို႔မွမသိၾကဘဲေလ ။
" ပြင့္ပြင့္လင္းလင္းေျပာၿပီး တြဲလိုက္ၾကစမ္းပါဟယ္ ... နင္တို႔ကို တစ္ေန႔တစ္ေန႔ ငါအူယားလြန္းလို႔ "
အားၿပီဆိုတာႏွင့္ ထိုင္း BL seriesေတြပဲ ၾကည့္ေနေသာ သံစဥ္က ရည္းစားမရွိတာလည္း မဆန္း။ အခုလည္း ထိုဇာတ္လမ္းေတြထဲကလို သူတို႔ကို လာလုပ္ခိုင္းေနသည္။
" ေျပာသေလာက္မွ မလြယ္တာ .. သူငယ္ခ်င္းအခ်င္းခ်င္းကို "
" ငါ့အျမင္ေတာ့ သူလဲ နင့္ကိုခ်စ္ပါတယ္ "
ယံယံက သူ႔ကိုခ်စ္တယ္ဟု ေျပာခဲ့ဖူးတာ ဉာဏ္ေကာင္းေကာင္းမွတ္မိပါသည္။ သို႔ေသာ္ ထိုအရာက ရွစ္တန္းမတက္ခင္ ကေလးသာသာအ႐ြယ္က သူငယ္ခ်င္းတစ္ေယာက္လို ေျပာခဲ့ဖူးသည့္စကား။
အခုေရာ သူ႔ကို သူငယ္ခ်င္းလိုပဲ ခ်စ္တုန္းလား။ သူ႔ဘက္ကေတာ့ မျဖဴစင္ေတာ့တာ၊ ဆက္ၿပီးေတာ့ မထိန္းခ်ဳပ္ႏိုင္ေတာ့တာ မေန႔ညကတည္းက ရွင္းရွင္းလင္းလင္းေပၚခဲ့ၿပီ ။
" ဟိုေကာင္က သူ႔ထက္ေတာင္ ပိုဦးမယ္ "
" ဘာလို႔ မင္းက အဲ့လိုေျပာတာလဲ "
ယုံၾကည္မႈအျပည့္ျဖင့္ေျပာေနေသာ ခန႔္ေသာ္ဇင္ကို ဉာဏ္ပါ အံ့ဩသြားရ၏ ။
" ဆယ္တန္းတုန္းက မျဖဴစင္သန႔္ကို မင္းရည္းစားလို႔ ငါေလွ်ာက္ေျပာလိုက္တာေလ ... ခ်က္ခ်င္းကို ဟန္မေဆာင္ႏိုင္ဘဲ အိမ္ျပန္ေျပးတာ ...အဲ့ကတည္းက ငါခန႔္မွန္းၾကည့္တာ "
" ခ်စ္ရင္ ဖြင့္ေျပာလိုက္ ငါ့ေကာင္ ...ဘာမွေတြးမေနနဲ႔... မင္းက သူနဲ႔အနီးကပ္ ေနေနတဲ့သူပဲ ... သူ မင္းကို ခ်စ္မခ်စ္ မင္းအသိဆုံးပဲျဖစ္မွာေပါ့ "
လဝန္းကို ေရဘူးဖြင့္ေပးရင္း ေခါင္ထြဋ္ကပါ တိုက္တြန္းလာပါသည္။ ငယ္သူငယ္ခ်င္းေတြကေတာ့ အေတာ္အားကိုးရ၏။ ေျမႇာက္ေပးေနတဲ့သူေတြခ်ည္း။
ဒါေပမဲ့ ဉာဏ္ကေတာ့ စဥ္းစားရဦးမည္။
ယံယံက သူ႔ကို သူငယ္ခ်င္းလိုမဟုတ္ဘဲ ခ်စ္သူတစ္ေယာက္လို ခ်စ္လား၊မခ်စ္ဘူးလားဆိုတာ.... ။
*****
ပထမဆုံး ခ်ားရဟတ္စီးၾကေတာ့ ယံယံ့စိတ္ကူးက ဉာဏ့္ေၾကာင့္ ပ်က္သြားၿပီဟုေျပာၿပီး ယံယံက စိတ္ညစ္သြားသည့္ပုံပါ။ ရဟတ္ေပၚကေနေတာင္ ခုန္ခ်ခ်င္သည္တဲ့။ ခ်ားရဟတ္ကို ဉာဏ္ႏွင့္ ပထမဆုံးအတူစီးရတာ မေပ်ာ္ဘူးထင္ပါရဲ႕။ သည္လိုလူက ဉာဏ့္ကိုသူငယ္ခ်င္းအေနႏွင့္ မဟုတ္ဘဲ ခ်စ္သူအျဖစ္ သေဘာထားေနပါ့မလား။
' သူ ငါ့ကိုမခ်စ္ဘူး '
***
ဆယ္တန္းတုန္းက ယံယံ သူ႔ကို မျဖဴစင္သန႔္ႏွင့္ အထင္လြဲၿပီး သဝန္တိုခဲ့တာ ဉာဏ္မေမ့။ ရွင္းျပၿပီးလို႔ မဟုတ္ေၾကာင္း သိသြားတဲ့အခ်ိန္မွာ ေပ်ာ္သြားသည့္မ်က္ႏွာေလးကိုလည္း မေမ့ ။ ၿပီးေတာ့ ဉာဏ့္လက္ကို ဆုပ္ကိုင္ထားၿပီး ရင္ဘတ္ေပၚတင္ထားခ်ိန္ ခံစားမိသည့္ ႏွလုံးခုန္သံကိုလည္း မေမ့ပါ။ ထိုအခ်ိန္တုန္းက ယံယံ့ရင္ခုန္သံဟာ ဉာဏ့္ေၾကာင့္ျဖစ္ခဲ့တာဆိုရင္ ...
' သူ ငါ့ကို ခ်စ္တယ္ '
***
ယံယံက တစ္ေယာက္တည္းက်န္ခဲ့မွာေၾကာက္၍ ဉာဏ့္ကို ယံယံ့ေနာက္မွ ရည္းစားထားရမည္ဟု ေျပာခဲ့သည္။ ယံယံရည္းစားရသြားၿပီး ဉာဏ္တစ္ေယာက္တည္း က်န္ခဲ့မွာက် မေတြးဘူးထင္ပါရဲ႕။ ဘာျဖစ္ျဖစ္ ဂ႐ုမစိုက္ေတာ့ဘဲ ဉာဏ့္ကိုပစ္ထားခဲ့မည့္ပုံ။
' သူ ငါ့ကိုမခ်စ္ဘူး '
***
ယံယံ့ရဲ႕ first dateက မီမီဟန႔္အစား ဉာဏ္ႏွင့္အတူ ကုန္ဆုံးဖို႔ ျဖစ္သြားခဲ့သည္။ ထိုေန႔က သူတို႔ေတြ မိုး႐ြာထဲမွာ တစ္ေယာက္လက္တစ္ေယာက္ဆြဲၿပီး လမ္းမတစ္ေလွ်ာက္ ေျပးလႊားခဲ့ၾကသည္။ တစ္ကမာၻလုံးမွာ သူတို႔ႏွစ္ေယာက္ကလြဲၿပီး ဘယ္သူမွမရွိသလို ။ ေနာက္ၿပီး အိမ္ျပန္လမ္းမွာလည္း ယံယံက ဉာဏ့္ေနာက္ေက်ာကိုဖက္တြယ္ၿပီး ေပ်ာ္ေနခဲ့သည္။ ထို first dateကိုလည္း Perfect ဟု မွတ္ခ်က္ေပးခဲ့၏။
' သူ ငါ့ကိုခ်စ္တယ္ '
***
ယံယံ့ကို လာရွာသည့္ ထားဝယ္က ေကာင္မေလးအေၾကာင္း ဉာဏ္ဘာမွမသိ။ ယံယံက မသိေစခ်င္ဘူးထင္သည္။ အားမာန္တို႔ေျပာသလို တကယ္ပဲ ယံယံရဲ႕ ငယ္ခ်စ္ဦးမ်ားလား ။ ထို႔ေၾကာင့္ ယံယံက ဉာဏ့္ကိုေတာင္ ေပးမသိဘဲ လွ်ိဳ႕ဝွက္ထားခဲ့တာလား။ သူက ယံယံ့အတြက္ ဦးစားေပးစာရင္းရဲ႕ထိပ္ဆုံးမွာ မရွိခဲ့ဘူးလား။
' သူ ငါ့ကို မခ်စ္ဘူး '
***
ဉာဏ္ ျပန္မလာတဲ့ရက္ေတြတုန္းက ယံယံက တစ္ညလုံးလိုက္ရွာခဲ့သည္။ ေနာက္ထပ္ထြက္သြားမယ္ဆိုေတာ့လည္း ငိုခဲ့သည္။ ထိုရက္ေတြမွာ ဉာဏ့္ကို ကေလးတစ္ေယာက္လိုမ်ိဳး မ်က္စိေအာက္က အေပ်ာက္မခံဘဲ တေကာက္ေကာက္လိုက္ကပ္ေနခဲ့၏။
' သူ ငါ့ကိုခ်စ္တယ္ '
***
မေန႔ညက မူးေနတယ္ဆိုေသာ္လည္း ဉာဏ္ၾကားေနရသည့္ ယံယံ့ ရင္ခုန္သံေတြကေတာ့ အရက္ႏွင့္မဆိုင္ဟု ထင္ပါသည္။ ဉာဏ့္ႏႈတ္ခမ္းေတြကို တျခားသူေတြ မနမ္းေစခ်င္ဘူးဟုဆိုသူက ကိုယ္တိုင္က် ထပ္တလဲလဲ နမ္း၏။ ဒါ ဉာဏ့္ကိုခ်စ္လို႔ကလြဲၿပီး ဘာရွိဦးမွာလဲ ။
' သူ ငါ့ကိုခ်စ္တယ္ '
***
တစ္ေန႔လယ္လုံး ဉာဏ္ တစ္ေယာက္တည္း အမ်ိဳးမ်ိဳးအေျဖထုတ္ေနၿပီး ေနာက္ဆုံးေတာ့ ျပတ္ျပတ္သားသား ဆုံးျဖတ္ခ်က္ခ်ကာ ညေနပိုင္းအတန္းခ်ိန္ကိုပင္ ၿပီးေအာင္မတက္ေတာ့ဘဲ အျမန္ျပန္လာခဲ့ေတာ့သည္။ပိုင္ေဇယံရွိရာ... တကယ္ေတာ့ ဉာဏ့္ကိုယ္ပိုင္ကမာၻေလးရွိရာ.... ။
' ဒီေန႔ကစၿပီး ငါတို႔က သူငယ္ခ်င္းေရာ ခ်စ္သူေရာျဖစ္ၾကရေအာင္ ယံယံ .... မင္းကို ငါမဟုတ္တဲ့ တျခားတစ္ေယာက္လက္ထဲ ထည့္မေပးႏိုင္ဘူး ...မင္းမ်က္လုံးေတြက ငါ့ကိုပဲၾကည့္ေပးပါေနာ္ ...မင္းႏႈတ္ခမ္းေတြကိုလဲ ငါ့ဆီမွာပဲ အပိုင္ေပးပါ ...ဘဝတစ္ေလွ်ာက္လုံးကို ငါတို႔အတူျဖတ္သန္းသြားရေအာင္ ... ငါ မင္းကို ကတိေပးထားတဲ့အတိုင္း ဘယ္ေတာ့မွ ထားမသြားဘူး ... ေနာက္ ဆယ္ႏွစ္၊ အႏွစ္ႏွစ္ဆယ္ ၊ သုံးဆယ္ ၊ ေလးဆယ္ ၊ ငါးဆယ္ ၊ သကၠရာဇ္တိုင္း ၊ ေန႔ရက္တိုင္း ငါ မင္းနဲ႔ပဲအတူရွိခ်င္တယ္ '
ဉာဏ္ ေျပာခ်င္သည့္ စကားေတြကို စာေတြစီရင္း ရင္ေတြလည္း တအားခုန္လာသည္။ ဉာဏ့္ခံစားခ်က္ေတြကို ယံယံက ဘယ္လိုပုံစံမ်ိဳးႏွင့္ နားေထာင္ေနမလဲ။ ရွက္ၿပီး မ်က္ႏွာေတြ ရဲေနမလား။ ဝမ္းသာၿပီး မ်က္ရည္ပါ က်ေနမလား။
ဉာဏ္ အခန္းတံခါးေရွ႕မွာရပ္၍ လႈပ္ရွားေနသည့္စိတ္ကို အတတ္ႏိုင္ဆုံး ၿငိမ္ေအာင္ထားၿပီးမွ တံခါးဖြင့္လိုက္သည့္အခ်ိန္ ....
ဉာဏ့္မ်က္လုံးေတြ ျပာေဝသြားသလို၊ ေျခေထာက္ေတြပါ ေခြက်သြားခ်င္သလို၊ ေရွ႕ကျမင္ကြင္းက သူ႔ႏွလုံးသားကို တစ္စုံတစ္ခုႏွင့္ ထိုးေျခမြလိုက္သလို ခံစားလိုက္ရသည္ ။
ယံယံက ကုတင္ေပၚမွာ မိန္းကေလးတစ္ေယာက္ကို ေပြ႕ဖက္ၿပီးထိုင္ေန၏ ။
ဒါ ဘယ္လို လွည့္စားလိုက္တဲ့ ကံၾကမၼာႀကီးလဲ။
မေန႔ညကမွ ဉာဏ့္ရင္ခြင္ထဲ ဝင္တိုးအိပ္ၿပီး ဉာဏ့္ႏႈတ္ခမ္းေတြကိုနမ္းရႈိက္ခဲ့သူက အခု တျခားမိန္းကေလးတစ္ေယာက္ကို ၾကင္ၾကင္နာနာ ေပြ႕ဖက္ထားသည္။ ထိုမိန္းကေလးက ယံယံရဲ႕ ပုခုံးေပၚမွာ မ်က္ႏွာအပ္ထားၿပီး ယံယံကလည္း ထိုမိန္းကေလးရဲ႕ေက်ာျပင္ကို တယုတယ ျပန္ဖက္တြယ္ထား၏ ။
" ဉာဏ္လင္းထင္ "
ဉာဏ့္ကိုျမင္ၿပီး ႐ုတ္တရက္ ထရပ္လိုက္သူကို ဉာဏ္ေက်ာခိုင္းၿပီး ဒီေနရာကေန ခ်က္ခ်င္းထြက္သြားဖို႔ ျပင္လိုက္ေပမဲ့ ဉာဏ့္လက္ကို ဖမ္းဆြဲထားျခင္း ခံလိုက္ရသျဖင့္ ေရွ႕ဆက္လို႔မရ။
" ဉာဏ္ ...ဘယ္သြားမလို႔လဲ ...ငါေျပာတာနားေထာင္ဦး "
" မလိုဘူး ပိုင္ေဇယံ ... မင္း ငါ့ကိုဘာမွေျပာျပဖို႔ မလိုပါဘူး "
" ဉာဏ္ ... ငါတို႔ ေအးေအးေဆးေဆး စကားေျပာရေအာင္ "
" ငါ မင္းနဲ႔ ဘာမွေျပာစရာမရွိဘူး "
" ငါ့မွာရွိတယ္ ... မေန႔ညကအေၾကာင္းလဲ အကုန္မွတ္မိတယ္ ... မနက္က မမွတ္မိဘူးဆိုတာ ငါညာခဲ့တာ "
သည္လိုဆို ယံယံက မေန႔ညက သူတို႔ႏွစ္ေယာက္ၾကားမွာ ျဖစ္ပ်က္သြားတာေတြကို တမင္သက္သက္ မသိခ်င္ေယာင္ေဆာင္ၿပီး သည္တိုင္းေက်ာ္သြားခ်င္ခဲ့တာေပါ့ ။
ဉာဏ္ ဘာမွမသိေတာ့ ။ ရင္ဘတ္တစ္ခုလုံး နာက်င္မႈနဲ႔ျပည့္ေနတာကလြဲၿပီး ဘာေျပာရမွန္းလည္းမသိေတာ့သလို ဘာလုပ္ရမွန္းလည္းမသိေတာ့ပါ ။ လြန္ခဲ့တဲ့ မိနစ္ပိုင္းအထိ ရင္ခုန္စိတ္လႈပ္ရွားေနသမွ်အားလုံး၊ တစ္ဘဝလုံးစာရည္႐ြယ္ထားခဲ့သည့္ စိတ္ကူးအိပ္မက္အားလုံး တစ္စုံတစ္ေယာက္က ႐ိုက္ခြဲပစ္ခ်လိုက္သလို သူ႔ရင္ေတြ နာက်င္ေနတာပဲ သိေတာ့သည္။
" ငါ မင္းကိုခ်စ္တယ္ ဉာဏ္ ...ငါ မင္းနဲ႔အတူ ရွိခ်င္တယ္ "
ၿပီးခဲ့သည့္မိနစ္ပိုင္းကအထိ ဉာဏ္ေမွ်ာ္လင့္ခဲ့သည့္ စကားေတြကို ယံယံက သူ မေမးရဘဲ၊ သူ မေတာင္းဆိုရဘဲ အခု ေျပာလာေပမဲ့ ေပ်ာ္လည္းမေပ်ာ္ႏိုင္ေတာ့သလို ယုံလည္းမယုံၾကည္ႏိုင္ေတာ့ပါ ။ သူ႔မ်က္စိေရွ႕မွာပဲ တျခားမိန္းကေလးတစ္ေယာက္ကို ဖက္ထားသည့္လူက အခု သူႏွင့္အတူရွိခ်င္သည္ဆိုတာကို ဉာဏ္ ဘယ္လိုလုပ္ယုံႏိုင္ပါေတာ့မလဲ။
" မင္းအတြက္ မိန္းမတစ္ေယာက္နဲ႔တင္ မလုံေလာက္ဘူးလား ပိုင္ေဇယံ "
" ဘာ "
" ငါေျပာတာမၾကားလိုက္ဘူးလား ...ထပ္ေျပာေပးရဦးမလား "
" မင္း ငါ့ကို အဲ့ေလာက္ေတာင္ အထင္ေသးတာလား ဟုတ္လား "
ယံယံက ဉာဏ့္ကို ဆြဲထားသည့္လက္ကို ျဖဳတ္ခ်လိုက္ကာ ....
" မင္း ဘာမွမသိဘဲ ... "
" ငါက ဘာသိရဦးမွာလဲ ....ငါ့မ်က္စိနဲ႔ျမင္ေအာင္ ဒီထဲထိ မင္းေခၚျပခဲ့ၿပီးမွ ငါက ဘာထပ္သိရဦးမွာလဲ "
" ေအးေအး ဟုတ္ပါတယ္ ....မင္း မွန္တယ္.... မင္းျမင္တာ ေစာက္ရမ္းမွန္တယ္ "
ယံယံက ဉာဏ့္ကို မီးထြက္မတက္ မ်က္ဝန္းအစုံႏွင့္ ၾကည့္ၿပီး ႏႈတ္ခမ္းထက္မွာလည္း ခပ္မဲ့မဲ့အၿပဳံးတစ္ခုကို ခ်ိတ္ဆြဲလ်က္။
" အဟင့္ "
ထိုစဥ္ သူတို႔အခန္းထဲမွာရွိေနေသာ ေႂကြ႐ုပ္ကေလးတမွ် လွၿပီး ႏုဖက္ေနသည့္ မိန္းကေလးက တစ္ခ်က္ရႈိက္ငိုကာ အခန္းအျပင္ကို ထြက္ေျပးသြားေတာ့သည္။
" အေထြး "
ထိုမိန္းကေလးေနာက္ကို ခ်က္ခ်င္းလိုက္ဖို႔ ျပင္သည့္ ယံယံ့လက္ကို ဉာဏ္ဆြဲထားကာ
" မင္း အခု သူ႔ေနာက္လိုက္သြားရင္ ငါ့ကို ဒီတစ္သက္ ထပ္ေတြ႕ရမယ္ မထင္နဲ႔ေနာ္ "
သည္စကားတစ္ခြန္းျဖင့္ တားဆီးဖို႔ႀကိဳးစားခဲ့ေပမဲ့ မေအာင္ျမင္ခဲ့ပါ။
" မင္း ငါ့ကို စိန္ေခၚေနတာလား ... ၿခိမ္းေျခာက္ေနတာလား ဉာဏ္လင္းထင္ "
" မင္းႀကိဳက္သလို ဆုံးျဖတ္ ပိုင္ေဇယံ "
" ငါ့ကို အထင္ေသးတဲ့ မင္းလိုေကာင္မ်ိဳးနဲ႔ ဒီတစ္သက္ ထပ္မေတြ႕ရလို႔ ငါဘာမွျဖစ္မသြားဘူး "
ယံယံက တစ္ခ်က္ေလးမွ ေနာက္မတြန႔္ဘဲ ၊ ေတြေဝတုံ႔ဆိုင္းျခင္း မရွိဘဲ ျပတ္ျပတ္သားသား ဉာဏ့္ကိုထားခဲ့ၿပီး ထြက္သြားခဲ့ပါၿပီ။
ဆယ့္ႏွစ္ႏွစ္။
ဉာဏ့္ ဘဝထဲမွာ ပိုင္ေဇယံဆိုသည့္ေကာင္ေလး ေရာက္လာခဲ့တာ ဆယ့္ႏွစ္ႏွစ္ၾကာခဲ့ပါၿပီ။
ယံယံက ဉာဏ့္ရဲ႕ ငယ္ဘဝ ၊ ေပ်ာ္႐ႊင္မႈ ၊ ရင္ခုႏွ္သံ ၊ ဉာဏ့္ရဲ႕အရာရာ ျဖစ္ခဲ့ၿပီး အခု ယံယံကိုယ္တိုင္ ဒါေတြကို ဖ်က္စီးၿပီး ထြက္သြားခဲ့ၿပီ။
' သူ ငါ့ကို မခ်စ္ဘူး '
#PoPoPhoenix