မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...
XiaoManTou96
168K 29.2K 929
Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... Еще
Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ
121:သိပ္ပံနည်းကိုမကျနေဘူး
674 158 4
XiaoManTou96
Unicode
ပရိသတ်များသည် အားကျင့်ကို မီးက ခေါ်ဆောင် ကာ ခုန်ဆင်းရန် စိတ်အားထက်သန်စွာ စောင့် မျှော်နေကြသည်။ အနည်းဆုံးတော့ အဖွဲ့ဝင်အားလုံး အဲ့နေရာမှာ ဆုံသွားကြရင် အနိုင်ရဖို့ အခွင့်အလမ်းပိုများတယ်လေ။သူတို့မျှော်လင့်နေတုန်းမှာပဲတစုံတယောက်က public channel မှာစကားပြောလာခဲ့သည်။
〖ကွင်း〗မီး: "ငါအားကျင့်နဲ့ ဂူထဲမှာနေပြီး ပင်ဟွားခွေးတွေနဲ့တိုက်လိုက်ဦးမယ် မင်းတို့သုံးယောက်
အင်ဆုံနှင့် မကြာဘူးလိုက်လာခဲ့မယ်။
မီး သည် အားကျင့်ကို ချောက်ကမ်းပါးမှ ခုန်ချရန် မခေါ်ဆောင်ခဲ့ပေမယ့်လည်း public channel မှာပြန်ပြောရန်အချိန်ရှိတယ်ပေါ့! သူကပြန်ဖြေရုံသာမကဘူးရှည်လျားတဲ့စာကြောင်းလည်းဖြစ်ခဲ့သေးတယ်တဲ့!
ခဏလေးနဲ့လိုက်ခဲ့မယ်?မီးက ဟို3 ယောက်ကို PK ပြီးမှသူ့အသင်းဖော်တွေနဲ့တွေ့မယ်ပေါ့?
ပရိသတ်တွေ အံဩသွားရပြန်သည်။ အခုလို အရေးကြီးတဲ့ အခိုက်အတန့်မှာ မီး က ဘယ်လို အေးအေးဆေးဆေး လုပ်နိုင်ရတာလဲ? သူ့ကတ
ကယ် လုပ်နိုင်လို့လား?ဒါမှမဟုတ် သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲနေတာလား?
host လည်း အံ့အားသင့်သွားပြီး ရှက်ရွံ့မှုကြောင့်တိတ်ဆိတ်သွားတော့လေရဲ့..။
comment box—
"မီးရည်ညွှန်းတဲ့ ဒီ ပင်ဟွားခွေးတွေက ဘယ်သူတွေလဲဆိုတာ ငါသိချင်တယ်။ သူဘယ်သူကို ဆဲတာလဲ?"
"အဲ့ဒါက ဟာဂင်ဒတ်စ်,ပန်းယီယီ,ခွေးနတ်ဆိုးတို့ သုံးယောက်ကိုပြောတာနေမှာပေါ့..."
"ငါ လုပင်ဟွားကို ရုတ်တရက် တွေးမိသွားတယ်... "
"ဟားဟားဟားဟားဟားဟားဟား!"
ထိုစာကြောင်းကိုပေးပို့ပြီးနောက်မှာတော့ မီးကအားကျင့်ကိုညွှန်ကြားလာတော့သည်။
"အားကျင့် မင်းနဲ့ ဖက်ထုပ်လေးက ခွေးကိုကိုင်တွယ်လိုက် ငါက ပင်ဟွားကိုကိုင်တွယ်လိုက်မယ်"
မီးသည် အသံမက်ဆေ့ဂျ် လုပ်ဆောင်ချက်ကို အသုံးပြု၍ ၎င်းကို ပြောကြားခဲ့ခြင်းဖြစ်ပြီး မြေပုံအတွင်း၌ အချို့သော ကစားသမားများလည်း ဤလုပ်ဆောင်ချက်ကို အသုံးပြုခဲ့ကြသည်။ ပရိသတ်ကတော့ ရှင်းရှင်းလင်းလင်း မကြားရပေမယ့် မီးရဲ့ အနားကလူတွေကတော့ကြားရလေသည်။
ခွေးနတ်ဆိုးကဒေါသထွက်လွန်းလို့အော်ဟစ်လာတော့သည်။
"ငါ-ိုး! ငါက ဝံပုလွေ ခွေးမဟုတ်ဘူးကွ!"
မီးက အတည်ပေါက်ကြီးပြောလာသည်။
"အဲ့ဒါက အတူတူပဲမဟုတ်ဘူးလား?"
ခွေးနတ်ဆိုး: "..."
comment box—
"ခွေးနတ်ဆိုးအတွက် ငါခံစားသွားရပြီ ဟားဟား... ဘယ်လိုတောင်ဉာဏ်ကောင်းတဲ့ကောင်လဲ!"
"မီးက စိတ်တိုအောင်ဆွတဲ့နေရာမှာထိပ်တန်းပဲနော်..."
"ခွေးနတ်ဆိုးကို မီးကစိတ်တိုအောင်ဆွတာကိုများထည်ပြောနေသေးတာလား?သူက သူ့မိန်းမကိုတောင် အနိုင်ကျင့်ခဲ့တဲ့ကောင်ကွ!"
ဟာဂင်ဒတ်စ် က အေးစက်စွာပြောလာသည်
"မီး တစ်ကိုယ်တော် pk တုန်းကမင်းငါ့ကို သွေး 10%လေးနဲ့ပဲ အနိုင်ရခဲ့တာ အခုငါနဲ့ ပန်းယီယီ နှစ်ယောက်လုံးကိုရင်ဆိုင်ရမှာ မင်း နည်းနည်း မာနကြီးလွန်းနေပြီမထင်ဘူးလား?"
"လုံးဝပဲ မင်းမြင်လိမ့်မယ်!"
ထို့နောက် သူသည် သူ၏ဓားကိုထုတ်ကာဖြင့် ကောင်းကင်တိုက်ပွဲမှာ သုံးခဲ့တာနဲ့တူတဲ့အကွက်  ငရဲမီး ထုတ်လွှတ်လိုက်တော့သည်။ ဒီအကွက်နဲ့ အားကျင့်ကို အနောက်ကနေတိုက်ခိုက်ခဲ့တဲ့ ပန်းယီယီကိုပညာပေးခဲ့တာပဲလေ
တစ်ဖက်တွင်တော့အားကျင့်သည် သွေး62%ဖြင့် ဖာရက်ပုံပြောင်းလိုက်ကာ သွေး 9%ရှိသောဖက်ထုပ်လေးနဲ့အတူ 77%ရှိတဲ့ခွေးနတ်ဆိုးကိုရင်ဆိုင်ခဲ့လေသည်။
ခွေးနတ်ဆိုးကတွေးလိုက််မိ၏။သူတို့နှစ်ယောက် ပေါင်းတိုက်တော့၍ဘာဖြစ်လဲ? နှစ်ယောက်ပေါင်းရင်တောင် သွေးကငါ့ကိုတောင်မမှီပဲနဲ့လေ!
သူ သူတို့ကိုမလှောင်ပြောင်ပဲမနေနိုင်တော့ဘူး
"ဖာရက်လေး မင်း Fairy Pet ပြိုင်ပွဲတုန်းကထွက်ပြေးတာကိုပျော်နေတာဆိုတော့အခုလည်းအဲ့လိုပဲလုပ်ဉီးမှာလား?"
အားကျင့်: "..." (=____=)
မိဘများသည် သားသမီးများနှင့် သဘာဝအလျောက် ဆက်သွယ်မှုရှိလေသည်။ အားကျင့် အပေါ် ခွေးနတ်ဆိုး ၏ စော်ကားသော သဘောထားသည် ဖက်ထုပ်လေးအတွက်လည်းစော်ကားသလိုပင်။ ဉာဏ်ရည်ထက်မြက်တဲ့ devil baby က ချက်ချင်းဆိုသလိုပဲသူ့ရဲ့ မီး တိုက်ခိုက်ရေးစွမ်းအားကို လွှတ်ထုတ်လိုက်ရာ ခွေးနတ်ဆိုးရဲ့ သွေး 3%တန်းလျော့သွားတော့သည်။
ခွေးနတ်ဆိုး:"...."
သေစမ်း ဒီ စနစ် pet ရဲ့ တိုက်ခိုက်ရေးစွမ်းအားက တကယ်ကြီး ကြမ်းတယ်ဟ!
သူ အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောချင်တော့တဲ့အတွက် အားကျင့် ဆီကို အမြန်ပြေးသွားစဉ်တွင်ဖက်ထုပ်လေးသည်လည်း ထူးထူးဆန်းဆန်းအသံတွေထွက်လာတော့လေသည်။သူက ခွေးနတ်ဆိုးကိုအပေါ်ကနေအဆက်မပြတ်တိုက်ခိုက်နေတာ monster အသေးလေးလိုမျိုးပဲ!
ခွေးနတ်ဆိုးက တစ်ခုခု မူမမှန်ဘူးလို့ခံစားနေရလေရဲ့။ချိုနဲ့ monster လေးကပျံနိုင်နေတာကိုသိလိုက်ရတယ်။အဲ့ဒါကြောင့်မလို့ သူ့သွေးက 9% ပဲရှိနေရင်တောင် သွေးကထပ်ပြီးမလျော့ပဲ ဒီတိုင်းရှိနေတာပင်။ဒီတိုင်းသာ ဆက်နေနေရင် ခွေးနတ်ဆိုးအရိုက် ခံနိုင်ရချေများလွန်းနေတယ်!
ကြည့်ရတာတော့ သူ့ရှေ့က ဖာရက်ကိုမြန်မြန် ဖယ်ရှားလိုက်တာက တစ်ခုတည်းသောနည်းလမ်းပဲ-ဖက်ထုပ်လေးက ကွင်းထဲကို အားကျင့်ရဲ့ pet အနေနဲ့ ဝင်လာတဲ့အတွက်ကြောင့် အားကျင့်သေတာနဲ့ ဖက်ထုပ်လေးလဲပျောက်ကွယ်သွားမှာပဲ။
ခွေးနတ်ဆိုး က ခွဲခြမ်းစိတ်ဖြာလိုက်တဲ့အတိုင်း လေထဲက တိုက်ခိုက်ရခက်လေ၏။ဒါပေမယ့် နှစ်ယောက် တစ်ယောက် တိုက်ပွဲဖြစ်တဲ့အခါမှာတော့ ဝံပုလွေရဲ့ သွေးနဲ့ ဖာရက်သွေးကရဲ့တူညီလုနီးနီးဖြစ်လာခဲ့သည်။မူလက 12% ကွာခြားချက်ရှိခဲ့သော်လည်း အခုချိန်မှာတော့ 10%,9% ပြီးတော့ 7%....
ခွေးနတ်ဆိုးသည် တိုက်ခိုက်နေစဉ်တွင် တွက်ချက်နေပြီး သူ့ကိုယ်သူ အဆက်မပြတ် အားပေးနေလေသည်။ ကောင်းပြီ သူလုပ်နိုင်တယ် အသေအချာပဲ!
အားကျင့်ရဲ့ သွေးက 5% ပဲရှိတော့တဲ့အချိန်တွင် သူမော့ကြည့်လိုက်တော့ သူက 4% ပဲကျန်တော့တယ်...?
ဒီတန်ဖိုးက အရင်ပွဲတုန်းကဟာနဲ့တူနေပြီး ခွေးနတ် ဆိုးကို အလွန်တုန်လှုပ်သွားစေသည်။ သူ အထိတ် တလန့် ဖြစ်နေပြီဖြစ်ကာ သူ ဖာရက်ကိုနောက်တစ် ကြိမ်ထပ်ရှုံးတော့မှာလား?
ထိုအခိုက်အတန့်တွင်တောက်ပတဲ့ရေခဲလုံးက သူ့ဘေးကနေဖြတ်ပျံသွားကာ ပန်းယီယီပစ်လွှတ်လိုက်တဲ့ ရေခဲတိုက်ခိုက်ရေးဘောလုံးက ဖက်ထုပ် လေးကို အောင်မြင်စွာပဲအေးခဲသွားစေတယ်!ဒီလိုအချိန်ကိုက်ကူညီမူက ခွေးနတ်ဆိုးကို မျှော်လင့်ချက်ရောင်ခြည်ပြန်သန်းလာစေခဲ့သည်။
ဟားဟား! 1% ပဲကွာတော့ရောဘာဖြစ်လဲ? အခု monster လေးကမလှုပ်ရှားနိုင်တော့ဘူးလေ ပြီးတော့ နောက်နှစ်ချက်လောက်နဲ့တင် သူအားကျင့်နဲ့ သူ့ baby pet လေးကို ကောင်းကင်ကိုတန်းပို့နိုင် တော့မှာလေ!
ခွေးနတ်ဆိုး က အောင်ပွဲခံတဲ့အနေနဲ့ ဝံပုလွေရဲ့ ခြေသည်းကို ဆန့်ထုတ်လိုက်စဉ်တွင် ပန်းရောင်အလင်းတန်းတစ်ခု ကောင်းကင်ကနေ ရုတ်တရက် ပေါ်လာပြီး ဖာရက်ရဲ့ကိုယ်ပေါ်ထိသွားတော့တယ်။တခုခုတော့မဟုတ်နေတော့ဘူး!
ဒါကို သူသိလိုက်ချိန်မှာတော့ အရမ်းနောက်ကျသွားလေပြီပင်။ ခွေးနတ်ဆိုးသည် ဖာရက် ၏သွေးပမာဏ 28%အထိ လျင်မြန်စွာတိုးလာသည်ကိုတွေ့မြင်နေရသည်။
သိပ်မကြာခင်မှာပဲ သူ့ကမ္ဘာကြီးဟာ မှောင်မိုက်သွားခဲ့တော့၏... Fairy PK မှာ တုန်းကတော့သူ ဂျုံခင်းထဲမှာ လွတ်လွတ်လပ်လပ် ပြေးနိုင်သေးတယ်ဒါပေမယ့် ဒီတစ်ခေါက်မှာတော့သူ ဂူထဲကနေ ဘယ်တော့မှ မလွတ်မြောက်ခဲ့ဘူး!
သေခါနီးအချိန်တွင် ခွေးနတ်ဆိုးသည် မယုံနိုင်လောက်အောင် တွေးနေမိသည်။ မီး က သူ့မိန်းမကို သွေးဖြည့်ပေးရုံသာမက တခြားနှစ်ယောက်နဲ့လဲတိုက်ခိုက်နေသေးတယ်လား? ဒီmonsterရဲ့အဖေကို ဘာက ဒီလောက်အထိ အစွမ်းထက်စေတာတဲ့လဲ?
ပရိသတ်ကလည်း အဲဒါ သိပ္ပံနည်းကျ မဟုတ်ဘူးလို့ ထင်ကြတယ်။သူတို့က အခုချိန်မှာ ရေသေရဲ့ တိုက် ပွဲကို ကြည့်ဖို့ စိတ်မ၀င်စားနေလေဘူး။ မီးက ဟာဂင်ဒတ်စ်နဲ့ ပန်းယီယီကို ထိတ်လန့်ခြင်းမရှိဘဲ ကိုင်တွယ်ပုံအား အပြည့်အဝ အာရုံစိုက်နေခဲ့ကြလေသည်။ သူကအပြည့်အဝ ထိန်းချုပ်ထားဆဲပဲ!
တကယ်တော့ပန်းယီယီက အစထဲကသိပ်အသုံးမဝင်ခဲ့ချေ။ပထမက သူမကနှလုံးသားမဲ့ရဲ့ 6 စက္ကန့်အကြာ ချုပ်နှောင် စကေးမှာမိနေခဲ့လေသည်။6 စက္ကန့်ကျော်သွားချိန်မှာတော့ ရေခဲမုန့်ကိုသွေးဖြည့်ပေးပြီးတုန်းရှိသေးတယ် ဟာဂင်ဒတ်စ်နဲ့တိုက်ခိုက်နေတဲ့မီးကရုတ်တရက်ပဲ သူမကိုမီးလုံးနဲ့တိုက်ခိုက်ခဲ့လေ၏။သူမအလျင်အမြန်ပဲ ဟာဂင်ဒတ်စ်ကို သွေးဖြည့်ပေးနေရပြီး မီးကတော့ သူမတိုက်ခိုက်သမျှကိုရှောင်နိုင်လေသည်။အဲ့ဒါက ထိုလူက သူရဲ့အကွက်တွေအကုန်လုံးကိုသိနေသလိုမျိုး ပြီးတော့ သူမဘာလုပ်မလဲဆိုတာကိုအရမ်းသေချာနေလေရဲ့။ဖက်ထုပ်လေးကိုပစ်လွှတ်လိုက်တဲ့ ရေခဲလုံးတစ်ခုသာ သူမရဲ့ အောင်မြင်တဲ့ လှည့်ကွက်တစ်ခုပင်။ဒါပေမယ့်အဲ့နောက်မှာတော့မီးရဲ့ အားကြီးတဲ့လက်စားချေတာကို သူမသည်းခံရတော့သည်။
အရင်ကတော့သူမ ဒီလူအတွက် သွေးထည့်ဖို့ ဒါမှမဟုတ် ကူညီဖို့ဆိုတာ ခက်တယ်လို့ တစ်ခါမှ မခံစားဖူးခဲ့ချေ။
မီးနဲ့ဟာဂင်ဒတ်စ် တိုက်ခိုက်တာကပထမကတော့သူမရဲ့ မျှော်လင့်ချက်ဖြစ်ခဲ့လေသည်။သူမကသူမသာမရှိရင် သူဘာမှမလုပ်နိုင်ပဲ သူမကိုလိုအပ်တယ်ဆိုတာမီးကိုသိစေချင်ခဲ့တာပင်။
သူမနှင့် ဟာဂင်ဒတ်စ် တို့က မီး ကို အရူးအမူး ရိုက်နှက်မည်ဟု စိတ်ကူးထားတာဖြစ်ပြီး မီးကသူမကိုပြန်လာဖို့တောင်းပန်တာကိုမျှော်လင့်ခဲ့တာပါပဲ....
ဒါပေမယ့် တကယ့်လက်တွေ့က သူမရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ။နှစ်ယောက်တစ်ယောက်တိုက်နေတာတောင် မီးကအင်အားကြီးနေတုန်းပဲ!သူမနဲ့ ဟာဂင်ဒတ်စ်ကတော့ ပရိတ်သတ်ရှေ့မှာဟာသဖြစ်ခဲ့ရလေသည်။
ဟာဂင်ဒတ်စ်က ဒေါသတကြီးအော်တော့သည်။
"ယီယီ သွေးဖြည့်ပေးလေ မင်းဘာတွေတွေးနေတာလဲ?"
ပန်းယီယီသည်ဟာဂင်ဒတ်စ်ကို စိတ်ပျက်လက်ပျက်နဲ့ဖြည့်ပေးလိုက်သည်။သူမမီးကို ကူညီတုန်းကဆို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မီးက သူမကိုဒီလိုမအော်ခဲ့ချေ။သူမကိုအမြဲတည်ငြိမ်စွာပဲဆက် ဆံလေသည်။
ရိုးရိုးသားသားပြောရရင်တော့ သူရှုံးတာကို တစ်ခါမှမမြင်ဖူးဘူး...
ဟာဂင်ဒတ်စ် သွေးကနှလုံးသားမဲ့ ထက်အသိအသာကြီးပိုများနေခဲ့ပြီး သူတို့နိုင်ဖို့အခြေအနေပိုများနေသော်လည်း ပန်းယီယီကအဆိုးမြင်နေပြီဖြစ်သည်။
ခွေးနတ်ဆိုးသေဆုံးသွားကာ ရေခဲလုံးထဲကနေပြန်လွတ်လာခဲ့တဲ့ ဖက်ထုပ်လေးသည် မီးအားကူညီရန်တမ်းတမ်းမတ်မတ်ပျံလာခဲ့သည်။အားကျင့်သည်လည်းရဲရင့်စွာဖြင့်ရှေ့တန်းကိုပြေးသွားတော့သည်။
ဟာဂင်ဒတ်စ်က ရုတ်တရက်ပြန်တက်ကြွလာခဲ့သည်။ဖာရက်ကဘာလုပ်နေတာလဲ?သူ့ကိုသူနတ်ပြည်တက်ဖို့လုပ်နေတာလား?ကောင်းပြီ ငါအခု နှလုံးသားမဲ့ကိုမသတ်နိုင်သေးရင်လည်း သူ့မိန်းမကိုသတ်ပစ်မယ်!
မမျှော်လင့်ဘဲ ဟာဂင်ဒတ်စ်က အားကျင့်ကိုကြည့်လိုက်သောအခါတွင် ဖာရက်လေးက မြေပေါ်လှဲချကာ သူ့ရဲ့ဗိုက်သားလေးကိုထုတ်ဖော်ပြလာသည်။ချစ်စရာကောင်းစကေး!
ဟာဂင်ဒတ်စ်:  "......"
ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ ပန်းယီယီ: "..."
comment box—
"သေစမ်း ဒါက ဘယ်လိုဖြစ်ရတာလဲ?"
"ငါ အခုမျက်လုံးကမ်းသွားပါပြီနော် ဟားဟားဟား....."
"ငါပထမတော့ အားကျင့်ရှေ့ကိုပြေးတက်သွားတာကိုထူးဆန်းပါတယ်လို့ထင်နေတာ လက်စသတ်တော့ ချစ်စရာကောင်းစကေးသုံးဖို့ဖြစ်နေခဲ့တာပဲ!"
"နှလုံးသားမဲ့ မင်းမိန်းမကိုသုံးတဲ့နည်းလမ်းတွေအကြောင်း ပြောကြည့်ရအောင်။"
သေချာတာပေါ့ ချစ်စရာကောင်းစကေးက fairy pet တွေအပေါ်ပဲအလုပ်လုပ်တာမဟုတ်ပဲ တခြားကစားသမားတွေအပေါ်လည်း သက်ရောက်မူရှိလေသည်။အားကျင့်ရဲ့ ဒီစကေးကိုပထမဆုံး အောင်မြင်ခဲ့တဲ့ ပစ်မှတ်ကတော့ မီးပဲ!
ချင်ယွီက သူ့အားအပြုံလေးနဲ့ချီးကျူးလာခဲ့သည်။
"လုပ်တာကောင်းတယ်!"
ဟာဂင်ဒတ်စ်နဲ့ပန်းယီယီက 8 စက္ကန့်အတွင်း မလှုပ် ရှားနိုင်ချိန်မှာတော့ အားကျင့်ကဘေးလွတ်ရာနေရာသို့ပြေးသွားခဲ့ကာဖြင့် သူကလျင်မြန်စွာပဲ လင်မယားစကေးကိုအသုံးပြုပြီး မီးအားသွေးဖြည့်ပေးခဲ့လေသည်။
မကြာခင်မှာပဲ မီးက သွေးအပြည့်ဖြစ်သွားတော့လေရဲ့။
ဟာဂင်ဒတ်စ် အခုတော့သေချင်နေပါပြီနော် သူ့ရဲ့  နတ်ဆိုးအဆင့်ကုသသူကသူ့ဘေးမှာရှိနေတာတောင် သွေးအပြည့်ဆိုတာ ဘာမှန်းတောင်မသိနေဘူး!
တစ်ချို့လူတွေက အနှိုင်းမဲ့ကို အစွမ်းထက်နေတာပဲ!
Zawgyi
comment box—
ခွေးနတ်ဆိုး: "..."
comment box—
တစ်ဖက်တွင်တော့အားကျင့်သည် သွေ6း2%ဖြင့် ဖာရက်ပုံပြောင်းလိုက်ကာ သွေး 9%ရှိသောဖက်ထုပ်လေးနဲ့အတူ 77%ရှိတဲ့ခွေးနတ်ဆိုးကိုရင်ဆိုင်ခဲ့လေသည်။
အားကျင့်: "..." (=____=)
ခွေးနတ်ဆိုး:"...."
ဟာဂင်ဒတ်စ်:  "......"
comment box—
"လုပ်တာကောင်းတယ်!"
Продолжить чтение
Вам также понравится
5.7K 798 8
Book 1ကဘယ်လိုမှ ဝင်မရတော့လို့ Book 2ခွဲလိုက်ရပါတယ် ...နောက်အပိုင်းတွေကို ဒီကပဲဆက်ဖတ်ပေးကြပါနော်
44.5K 1.3K 24
Gensokyo, a land that's home to anything that has been lost to time and forgotten. In this strange world called Gensokyo lives vampire who has lived...
YUVIKA: The Needed Love Riona
Любовные романы
1.5M 112K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.5M 131K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...