(32)
ခန္ဓာကိုယ်က အပူငွေ့ ရှိိိန်းရှိန်းနဲ့ အာခေါင်တွေခြောက်ကာ နိုးလာရသည်။ကိုက်ခဲနေနဲ့ဒဏ်နဲ့ ခြေထောက်ကို ကြည့်တော့ ပတ်တီးနဲ့ မမလုပ်ပေးထားတာဘဲဖြစ်လိမ့်မည်။ ရေသောက်ချင်လာ၍ ခြေထောက်ကို အာပြုကာ ထော့နဲ့ထော့နဲ့ ထောက်ရင်း အိမ်နောက်ဖေး ကို ရောက်လာတော့...
" အယ် နိုးပြီလား ထက်၊ မမ ကိုလှမ်းခေါ်လိုက်တာမဟုတ်ဘူး။"
နားကြားမှားတာလား ... မမက သူ့ကိုယ်သူ မမလို့ သုံးကာ ပြောနေလေသည်။
" ကျောင်းမသွားဘူးလား။ "
" ဟင့်အင်း ဒီနေ့နားတယ်။"
မမစကားကို ခေါင်းငြိမ့် ကာ သောက်ရေအိုးထဲက ရေ ကိုတ၀ကြီးသောက်လိုက်သည်။
နောက်လှည့်တော့ မမက သူ့နှဖူးကို အသာအယာလာစမ်းရင်း...
" အဖျားရှိသေးတာဘဲ၊ ဒီနေ့တော့ ထမင်းမစားသေးနဲ့အုံးနော်၊ မမဆန်ပြုတ်လုပ်ပေးမယ်။"
" ဟုတ် ...ဟို ဟန်လေးတို့ရော။"
"ဟန်လေး လယ်ထဲ သွားတယ်၊ မမနွေးက အိမ်ပြန်တယ်လေ၊ သူ့ရဲ့ မောင်လေး ဆိုလား ရောက်လာလို့"
"အော်...ကိုယ် မျက်နှာ သစ်လိုက်အုံးမယ်။"
"ရလား အောက်ဆင်းနိုင်လား ၊ မမကူပေးမယ်လေ။"
"ရတယ် ...ကိုယ်နိုင်တယ်။"
ထူးထူးဆန်းဆန်း ချိုသာ နေတဲ့ မမကို ကြည့်ရင်း ထက် ကြက်သီးထမိသည်။
"ထက်ရေ... မပြီးသေးဘူးလား၊ အအေးပတ်နေမယ်။"
"ဟုတ်...ဟုတ် ပြီးပြီ။"
အိမ်ပေါ်တတ်လာတော့ သူမမတွေ့ချင်တဲ့ မျက်နှာ ကိုတွေ့လိုက်ရတာကြောင့် စိတ်ညစ်သွာသည်။
" ကိုထက်ပိုင် ဘာကိစ္စရှိလို့လဲ။"
ကိုပိုင်လို့ခေါ်နေကျ မမက ဒီနေ့မှ အခေါ်အဝေါ်တွေပြောင်းနေလေသည်။
" ဒေါက်တာ့ဆီကိုဘဲ သီးသန့်လာခဲ့တာပါဗျာ..."
ပြုံးကာပြောရင်း ထက်ကိုငဲ့ စောင်းကြည့်လိုက်ကာ
" တွေ့ချင်မိလို့။"
"..."
ထက်ရဲ့ ရှေ့မှာ ကြားနေရတဲ့ စကားတွေကြောင့် တယောငယ် ထက်ကို လှမ်းကြည့်တော့ ထက်ရဲ့ မျက်နှာက ဘာမှမဖြစ်သလိုပင်...
" ဒေါက်တာ ဒီနေ့ ကျောင်းမသွားတာလား။"
" ဟုတ်တယ်ရှင့် မောင်က အဲ ထက်က နေမကောင်းလို့လေ၊ တစ်ယောက်ထဲထားခဲ့ရမှာ စိတ်ပူလို့။"
မောင်ဆိုတဲ့ကြားတော့ ထက်ပိုင် မျက်ခုံးတွေတွန့်ချိုးမိသည်။
မောင်ဆိုတဲ့ နာမ် စားကို ဒီတစ်ခါတော့ နှစ်ယောက်စလုံး သေသေချာချာကြားလိုက် ကြသည်။
ထက်တစ်ယောက် မမကို စိုက်ကြည့်နေရင်း ငိုချင်သလိုလို ၊ ၀မ်းသာသလိုလို ခံစားချက်တွေဖြစ်လာတာကြောင့် အမြန် မျက်နှာလွှဲရသည်။
" ဒေါက်တာ ဖြစ်နိုင်ရင် ကျွန်တော့ကို တစ်ချက်လောက်ကြည့်ပေးပါလား၊ မနေ့ထဲက ဖျားချင်နေတာ အခုထိ အီလည်လည် ဖြစ်နေလို့။ မနေ့က ဒေါက်တာ ကျွန်တော့ နှဖူးကိုစမ်းနေတာလေ ကျွန်တော့်ခင်ဗျာ အေးချမ်းသွားသလိုဘဲ။"
ထက်တစ်ယောက် စိတ်ကိုထိန်းနေရသည်။ အခုအိမ်ပေါ်ထိ သူ့ရည်းစားကို လာကြောင်တောင်နှိုက်နေသည့် အချိုးမျိုး...။
မမ ကို လှည့်ကြည့်တော့ မမလဲ အနေရခတ်နေတဲ့ပုံစံဖြစ်နေတာကြောင့် မမကို အခတ်မတွေ့စေချင်တဲ့ အတွက် အခန်းထဲ ပို့ပေးဖို့သာ တောင်းဆိုရသည်။
" ဒေါက်တာ တယောငယ် ၊ ကျွန်ုပ်ကို အခန်းထဲ ပို့ပေးပါ။"
" အခန်းထဲမှာ ပူတယ် ၊ အပြင်မှာဘဲ ထိုင်ပါ ၊ ကိုထက်ပိုင် ကို မမ အဖျားစမ်းပေးပြီးရင် ဆန်ပြုတ်ထည့်ပေးမယ်နော်။"
မမစကားကြောင့် ထက်တစ်ယောက် ဒေါသတွေပြေကာ အူမြူးမိသည်။ ကြာကူလီကောင် ရှေ့မှာ မမကိုယ်တိုင်က သူမကို အရေးတယူထားနေသည်တဲ့...
" ကဲ ကိုထက်ပိုင် ၊ ကျွန်မ အဖျားစမ်းပြီး သွေးပေါင်ချိန်တိုင်းပေးလိုက်မယ်။"
ဘယ်လိုဘဲ မမ က သူမဘက်မှာ ရှိပါစေအုံး၊ ထက်ပိုင် ရဲ့ မထီမဲ့ မြင်အပြုံးတွေ ထက်ပိုင် ရင်ဘက်ပေါ် ရောက်နေတဲ့ မမရဲ့လက်တွေကို မကြည့်ချင်ပါ။
" ကျွန်တော် နောက်တစ်ပတ်လောက် နေရင် မြို့ ပြန်မလို့ဗျ ၊ ဖေဖေနဲ့ မေမေရဲ့ စားသောက်ဆိုင်တွေ ကို ပြန်ကြည့်ပေးရအုံးမှာ။"
" ကိုထက်ပိုင် တို့ အိမ်က စားသောက်ဆိုင်ဖွင့်ထားတာလား။"
"ဒါပေါ့ဗျာ၊ ရန်ကုန်မှာ နေရာ အနှံ့ပေါ့၊ ပြီးတော့ ဆောက်လုပ်ရေးကုမ္မဏီကြီးတစ်ခုမှာလဲ ရှယ်ယာ၀င်ထားသေးတာ။"
"အော် ဦးရွှေတို့ က မျိုးရိုးနဲ့ချမ်းသာတာဘဲ။"
" ဒေါက်တာ ဘာလိုအပ်လဲ ပြောနော် ၊ ကျွန်တော်ရန်ကုန်က ပြန်လာရင် ၀ယ်ခဲ့ပေးမယ်။"
" ရပါတယ် ရှင် ၊ မလိုအပ်ပါဘူး။"
"ဒါနဲ့ ကိုထက်ပိုင် တို့ မိဘ တွေက ဆောက်လုပ်ရေးကုမ္မဏီ မှာ ရှယ်ယာရှင်တွေလို့ပြောတယ်နော်။"
ထက်က သူ့အကွက်ထဲ ၀င်လာပြီဆိုသည့် အပြုံးဖြင့်
" သေချာတာပေါ့၊ ဘာလဲ ဒီက ညီမက အလုပ်လိုချင်လို့လား။"
" ကုမ္မဏီနာမည်လေး ရောသိလား။"
" Shong တဲ့၊ မြန်မာနိုင်ငံမှာ အကြီးဆုံးဘဲလေ။ ညီမ ၀င်ချင်ရင် အကို ချိတ်ပေးနိုင်တယ်။"
ထက်ပိုင် စကားတွေက အထင်သေးသလို ပြောနေတာကြောင့် ထက်လဲ ပြုံးရုံသာ ပြုံးနေလိုက်သည်။
ထက်ကို အလုပ်မရှိအကိုင်မရှိလို့ သတ်မှတ်ထားလေသလား၊ သူဟာ အမွေစားအမွေခံ အဖြစ် ဗန်းပြပြီးဒေါက်တာ့ကိုဘဲ မြူစွယ်နေသည်လား မပြောတတ်...
" ဒေါက်တာ့ လို အရည်အချင်းရှိတဲ့ အမျိုးသမီးတွေက ကျွန်တော်တို့လို ငွေကြေးချမ်းသာတဲ့ ယောက်ျားလေးတွေ နဲ့မှ လိုက်ဖက်တာ သိလား။"
ကြာကူလီ ဗီဇ က ပေါ်လာပြီ၊ ထက် ကတော့ ပြုံးရုံသာ ပြုံးနေပေမဲ့ တယောငယ်ကတော့ ထိုစကားကို သိပ်မကြိုက်လှ။
" ကဲ ၊ ကိုထက်ပိုင် အဖျားကတော့ 100° ဘဲ ရှိတာပါ၊ကျန်တာ အကုန်ကောင်းတယ်၊ ဆေးသောက်ချင်ရင်တော့ ဆေးပေးခန်းမှာ သွားယူလိုက်ပါနော်။"
" ရပါတယ်ဗျာ၊ ဒေါက်တာ စမ်းသပ်ပေးတာနဲ့တင်ပျောက်ပါပြီ။"
"ဟုတ်ကဲ့ ၊ ဒါဆို ပြန်လိုက်ပါအုံးနော်။"
တယောငယ် ဘက်ကဘဲ စတင်ပြီး ပြန်ဖို့စကားဆိုလိုက်သည်။ ထက် ဘာကြောင့် မနေ့က စိတ်တို သွားလဲဆိုတာကိုလဲ အခုမှ အကြောင်းသိသွားသည်။
" ဒါဆို ပြန်လိုက်ပါအုံးမယ်။"
" ပြန်ပါရှင်..."
ထက်ကတော့ ပြုံးရုံသာပြုံးနေလေသည်။ ကိုထက်ပိုင် ကိုလဲ သနားမိတာကြောင့်ပေါ့၊ သူ့ခမျာ ရုပ်ခံလေးကလဲရှိ ပိုက်ဆံကလဲ ချမ်းသာတော့ ဒေါက်တာ့လို လူမျိုး ကိုရမည်ထင်ပြီး ထိုစကားတွေပြောခဲ့ပေမဲ့၊ ဒေါက်တာက တော့ ထိုစကားတွေကြောင့်စိတ်ပျက်သွားမည်ဆိုတာ မသိခဲ့...
ထက်ပိုင် ထွက်သွားပြီးတော့ မမက ခါးထောက်ကာ သူ့ကို ငေါက်ပါတော့သည်။
" တော်တော် ပျော်နေတယ်ဟုတ်လား အဲ့လောက် ရီသဲ့သဲ့ လာလုပ်နေတာကို။"
" အခုသိပြီ မလား ၊ ကျွန်ုပ် ဘာလို့ စိတ်တို ရလဲဆိုတာ။"
" ... "
ဘာမှဆက်မပြောတော့ဘဲ နောက်သို့ ၀င်သွားသည့်မမကို လိုက်ကြည့်ကာ ပြုံးနေရပြန်သည်။
သိပ်ကို ဟန်ဆောင် တဲ့ ငါ့အချစ်ရယ်...။
# # #
" ထက် ... ဆန်ပြုတ်သောက်မယ်၊ ပြီးရင် ဆေးသောက်ရမယ်။"
" ဆန်ပြုတ် အရမ်းမုန်းတာကို။"
" ဒီမှာ ကြည့်အုံး၊ ထက်သောက်နေကျအတိုင်းဘဲလေ။"
ဆန်ပြုတ်ခွက်လေး ရှေ့ချတော့ သူမအရင်ကသောက်နေကျအတိုင်း ဆန်ပြုတ် မွှေးမွှေးလေး ကိုပြုတ်ပေးထားလေသည်။
ဗမာကြက်လေးကို ပြုတ်ပြီး ကြက်ပြုတ်ရည် နဲ့ ဆန်ပြုတ်ပြန်ပြုတ်၊ ကြက်သွန်းဖြူ ဂျင်း တစ်ပြားရိုက် ကာထည့်ထားပြီး ပြုတ်ထားတဲ့ အငွေ့တထောင်းထောင်းနဲ့ဆန်ပြုတ်လေးတစ်ခွက်၊
"ကြက်သွန်မြိတ်လဲ မပါဘူး။"
" ဟောတော်၊ ရှင် ရောက်နေတာ ဧရာ၀တီက အရမ်းခေါင်ခိုက်နေတဲ့ရွာနော်၊ မြို့ပေါ် တတ်၀ယ်ပေးရမလား ၊ ဂျီးကိုများတယ်။"
" စတာပါ ...အခုထိ ကိုယ့်အကြိုက်သိသေးတယ်နော်။"
ထက်က ပြုံးရီကာ ပြောလိုက်တော့ တယောငယ် က ရှက်ကာ..
" မသိဘူး ...သောက်စရာရှိတာသောက်။"
" အား...!"
"ဘာဖြစ်တာလဲ၊ ဘယ်နားနာလို့လဲ ၊ အနာကနာတာလား"
နာကျင်ဟန်ဆောင်ကာ အော်ပြတော့ စိုးရိမ်ကာ ခြေထောက်ကိုလာကိုင်လိုက် နှဖူးကို စမ်းလိုက်နှင့် သူ့မမကို ကြည့်ကာ ထက် ရီမိပြန်သည်။
" ခွံ့ပါလား။"
"ဟင် ... ဆန်ပြုတ်ကို ခြေထောက်နဲ့ သောက်တာမှမဟုတ်တာ ဘာလို့ ခွံ့ရမှာလဲ၊ လက်က အကောင်းကြီးကို။"
" လက် နာနေလို့။"
အင်္ကျီ အိပ်ကပ်ထဲကို လက်ထည့်ကာ သူ့မကို ခွံ့ခိုင်းနေသည့် ကလေးကြီးကြောင့် တယောငယ် လက်မြောက်ရပါပြီ။
" အဲ့အင်္ကျီ ထဲက လက်ကိုထုတ်လေ။"
" မထုတ်ချင်ပါဘူး...ခွံ့ ။"
ခွံ့ ဆိုပြီး ချွဲနေတဲ့ သူနဲ့ နဂိုထဲက ဂရုတွေစိုက် ချင်နေတဲ့သူနဲ့တော့ ပတ်၀န်းကျင်က အေးမြနေတော့မည်။
မမ ခွံ့ကြွေးတဲ့ ဆန်ပြုတ်ကို ကလေးလို ပလုပ်ပလောင်းစားနေသည့် ထက်ရဲ့ ပုံစံလေးကြောင့် ဘယ်သူက ဟန်ဆောင် မာကြောနိုင်မည်တဲ့လဲ။
" အမလေးဟဲ့၊ ခြေထောက်ထိ တာ ဆန်ပြုတ်တောင် ခပ်မသောက်နိုင်တော့ဘူးတဲ့။"
" အယ်...ဟန်လေး ဘယ်ချိန်ထဲက။"
" ဘယ်သိမလဲ၊ ကြည်နူးနေကြတာ ။"
ထက်က ပြုံးမြဲ ပြုံးနေတာကြောင့် တယောငယ် လဲ ရှက်လာသည်။
" မမ...ခွံ့အုံးလေ။"
" တော်ပြီ ၃ ဇွန်းလောက်ဘဲ ကျန်တော့တာ...ကိုယ့်ကိုသောက်တော့..."
ပန်းကန်ကိုအောက်ချကာ နောက်ကို ပြေး၀င်သွားတဲ့ မမကိုကြည့်ရင်း ထက်က ဟန်လေးကို မျက်စောင်း ပစ်လိုက်သေးသည်။
" ဒေါက်တာက မခွံ့တော့ ၊ ကျွန်တော်ခွံမယ်လေ ၊ လာလာ ထက် ဟ ...အာ..."
ပန်းကန်ကို လာယူပြီး ရွဲ့ကာ လာခွံ့နေတာကြောင့် ထက်လဲ မနောပျက်ကာ ဟန်လေးကိုဆောင့်ကန်လိုက်သည်။ ကန်လိုက်တဲ့ခြေထောက်က ဒဏ်ရာရတဲ့ခြေထောက်ဖြစ်နေတော့ သူဟာသူ ပြန်ထိကာ တကျွတ်ကျွတ်နဲ့...
" မှတ်ပြီလား..."
"မအေဘေး မင်း ငါနဲ့တွေ့မယ်။"
"ဟီး ...ဟီး"
" အခုအကူအညီ မလိုတော့ဘူးဆိုတော့ ကျွန်တော်မျိုး သွားလိုက်ပါအုံးမယ်။"
"ဘယ်ကိုလဲ။"
"အိမ်နောက်ဖေးကိုလေ။"
"မင့် အိမ် မပြန်ဘူးလား။"
" အခုဘဲ အိမ်က ပြန်လာတာ။"
မျက်နှာ ပြောင်ကာ နောက်သို့ ၀င်သွားသည့်ဟန်လေးကို အံကြိတ်ကာ မျက်စောင်းထိုးလိုက်ပြီး မမလာပေးတဲ့ဆေး ကို သောက်လိုက်သည်။ ထိုစဥ်
" ဆရာမလေး ရေ... ဗျို့ ဆရာမလေး။"
" ဟေ ဘယ်သူလဲဗျ။"
ဟန်လေး က အသံပေးကာ ဆင်းသွားတော့ တယောငယ် ကလဲ ထွက်လာခဲ့သည်။
" ဟန်လေး ဘာဖြစ်လို့လဲ။"
"ဒေါက်တာ မြန်မြန်။"
" ဘာလို့လဲ။"
" လယ်ထဲမှာ ဒေါ်လှမြိုင်ကြီး မူးလဲပြီး လေးဖြန်းမလို ဖြစ်လို့တဲ့။"
# # #
" သွေးတွေက တော်တော် တိုးနေတာနော်။ အရီး ဘာတွေစားလိုက်သေးလဲ။"
" နေ့လယ်ခင်းက အသားဟင်းတောင် မပါပါဘူးကန်စွန်းရွက်ကြော် ကြက်ဥ ကြော်နဲ့ ။"
" ဟုတ်တယ် ဆရာမလေး၊ သူမူးဝေ နေတယ် လို့ပြောနေလို့ သံပုရာသီးနဲ့ လျှက်ဆားနဲ့ တောင်ထိုင်စားနေသေးတာ။"
"ဟင်...ဘယ်လိုဘယ်လို ၊ လျှက်ဆားနဲ့ဟုတ်လား။"
တယောငယ် လန့်ဖြန့်ကာ ထဟောက်မိလိုက်သည်။ အခုမှ သွေးတွေတိုးနေရတဲ့ တရားခံကိုရှာတွေ့လိုက်ပါပြီ။
" သွေးတိုးတာ လျှက်ဆားမစားရဘူးလေ အရီးရယ်၊ လျှက်ဆားက အငံလေ၊ စိတ်ညစ်ပါတယ်ရှင်။"
စိတ်ညစ်ကာ ခေါင်းတွေပါ ကုတ်နေတဲ့ ဆရာမလေးကို ကြည့်ကာ ဘေးက ကလေးမလေးတွေလဲ ဘာပြန်ပြောရမလဲမသိတော့၊ လျှက်ဆားစားရင် သက်သာမယ်ဆိုတဲ့ ကလေးအသိလေးတွေ ဆိုတော့ ဘာမှလဲ ထွေထွေထူးထူးမလုပ်တတ် ။
" ကဲ အရီး ၊ ကျွန်မ ဆေးသွင်းထားတယ် ၊ ကိုပေတူး လာအုံး"
" ဟုတ်ကဲ့ ဆရာမလေး။"
" ဒီမှာစောင့် လို့ရတယ်မလား၊ ကျွန်မ ရွာထိပ် ခဏ သွားစရာရှိလို့။"
" ရတယ် ဆရာမလေး ရတယ်။"
" ကျွန်မ ပြန်လာလို့ ဆေးကုန်ရင် ဖြုတ်လို့ရပြီနော် အရီး ၊ နောက်တစ်ခါ ဘာဖြစ်ဖြစ်လျှက်ဆားတွေ လျှောက်မစားနဲ့တော့နော်။"
ညနေ ၄ နာရီ ဆိုအမြဲတမ်း ရောက်လာနေကျမို့လို့ ရွာထိပ်သို့ ၄ နာရီ မထိုးခင်သွားစောင့်နေရသည်။
# # #
" ဟေ့ရောင် အောင်လေး ။"
" ဗျာ ဆရာ။"
" ဟိုဆရာ၀န်မလေး အကြောင်းဘာသိလဲ။"
" ဆရာမလေး ကိုပြောတာလား ဆရာ၊ ဆရာမလေး က အရမ်းစိတ်ထားကောင်းတာ ဗျ၊ ကျွန်ုပ်မိန်းမအတွက်လဲ ဆေးတွေ အမြဲပေးတယ်။"
" ဟ ငါပြောတာ အဲ့တာမဟုတ်ဘူးကွ၊ သူ့အိမ်ရောက်နေတဲ့ တစ်ယောက်နဲ့ ဘာတွေ လဲ ဆိုတာ သိချင်တာ။"
" ဟို အရပ်ရှည်ရှည်နဲ့ ဆရာမလေးဘေးကတစ်ယောက်ကိုပြောတာလား။"
" အေး။"
" သူက ဆရာမလေး ရဲ့ ညီမ ဒါမှမဟုတ် အသိတွေဖြစ်မှာပေါ့။"
" မင်းက အဲ့လိုထင်တာလား၊ ငါကတော့ မရိုးသားဘူးထင်တယ်၊ သူတို့က လက်စဘီယမ် တွေဖြစ်နေမလား။"
" ဟင် ...ဘာကြီး လက်စဘေလီယမ်..."
" ဟ လက်စဘီယမ် ကွ ၊ မင်းတို့လို စာမတတ် ပေမတတ် တွေပြောလဲ မသိပါဘူးကွာ။"
ထိုစကားကြားတော့ အောင်လေး မျက်နှာ ညိုးကျသွားကာ
" ဆရာရယ် ၊ ကျွန်တော် တို့ စာမတတ်ပေမတတ်လို့
တော့ မပြောပါနဲ့ဗျာ ဘ၀ ပေးကြောင့်ပါ။"
" ဟ ဟေ့ကောင် ၊ မင်းဟာမင်း ဘ၀ ပေးဖြစ်ဖြစ် ဘာဖြစ်ဖြစ် ၊ မင်းကိစ္စ ၊နဂိုထဲက ငါ့လိုကောင်းကောင်းမွန်မွန်ဘ၀မှာ မွေးလာအောင် ဆုတောင်းပေါ့၊ လူဆိုတာ သူ့ကုသိုလ်ကံ နဲ့ သူလာတာဘဲကွ။"
ထက်ပိုင် ရဲ့စကားတွေက အောင်လေး ရဲ့ရင်၀ တည့်တည့်ကို အချွန်နဲ့ထိုးကာ တတ်နင်းထားသလို။
အဲ့တာကြောင့် လူတွေပြောကြတာ
ဆင်းရဲတဲ့သူတွေဟာ အပစ်ရှိတယ် တဲ့...။
အိမ်ကို ခေါင်းငိုက်စိုက်ပြန်လာပြီး ၊ မိန်းမမမြင်အောင် ဖွက်ထားတဲ့ ဆေးထိုးပိုက်တွေနဲ့ ဆေးတွေကို သွေးကြောထဲ လိုချင်တတ်မက်စွာ ထိုးသွင်းနေလေသည်။
ဆင်းရဲရင် အပစ်ဖြစ်တယ်တဲ့၊ ငါ့အတွက် အပစ်မဖြစ်တာဆိုလို့ ဒီဆေး တွေဘဲ ရှိတယ်...။
# # #
ညနေ ၆နာရီလောက်မှ တယောငယ် အိမ်ပြန်ရောက်လာခဲ့သည်။
" အခုမှ ပြန်လာတာလား ဒေါက်တာ။ "
ဟန်လေးက ဆီးကြိုမေးတော့
" လက်ထဲက အထုတ်ကြီးက ဘာလဲမမ "
" အော် မေမေ ပို့ပေးလိုက်တာ ပိုက်ဆံထုတ်လေ။"
" အော်၊ အဲ့တာသွားယူနေတာလား။"
" အင်း..."
" ထက် ညစာ စားပြီးပြီလား။"
" ဟင့်အင်း ၊ ခွံ့ မဲ့သူ ကိုစောင့်နေတာ။"
ထက်က စလိုက်တော့ ရှက်ကာ မျက်နှာလေး နီရဲသွားသည်။
" ကလေး ကျလို့၊ မှန်းစမ်း အဖျား။"
အနားကပ်ကာ နှဖူးကို လက်ကလေးနဲ့လာထိတော့ ထက်ရင်ခုန်သံတွေ မြန်လာရသည်။
မျက်လုံးချင်းစုံမိပြန်တော့လဲ ပြုံးကာကြည့်နေတဲ့ထက် ရဲ့ အကြည့်စူးစူးတွေကို တယောငယ် ဖယ်ရှောင်သွားဖို့မကြိုးစားမိပြန်
ထက်ထိုင်နေတဲ့ ခုံပေါ်ဒူးတစ်ဖက်ထောက်ကာ အဖျားလှမ်းစမ်းနေတဲ့ တယောငယ် ရဲ့ခါးလေးကိုပြုတ်မကျအောင် ထိန်းပေးထားရင်း
"ချစ်လား မောင့်ဒေါက်တာ။"
"ဟင် ..."
" ချစ်လားလို့၊ မောင့်ကို..."
" အဟမ်း ...အဟမ်း၊ ကျွန်တော်ရှိသေးတယ်နော်။"
ဟန်လေးချောင်းဟန့်လိုက်မှ တယောငယ် လဲ ထက်ရဲ့ညို့မျက်၀န်းတွေဆီက အသိတရား၀င်ကာ
" အို ...မသိဘူး၊ ကြိုးစားရင်ရလာမဲ့ရလာဒ်ဘဲပေါ့"
ရှက်ကာ အခန်းထဲပြေး၀င်သွားတဲ့ တယောငယ်ကို ပြုံးကာကြည့်နေမိပြန်သည်။
ချစ်တယ်ဆို ချစ်တယ်ပေါ့ အချစ်ရယ်၊ မောင့်ကို အရမ်း စိုးမိုးနေတော့တာဘဲ။
" မျက်လုံးကြီးကျွတ်ကျအုံးမယ်"
"သေနာကျ။"
ဟန်လေးရဲ့ စနောက်မှုကို ပြုံးကာတုံ့ပြန်လိုက်ရတော့သည်။
မောင့် အတွေးတွေးကအစ၊ ပြုံးရီခြင်း ၊ ငိုခြင်းက မမနဲ့ တိုက်ရိုက်သက်ဆိုင်နေကြောင်း...။
# # #
Khoon ပြန်လာပါပြီးခင်ဗျာ။
နောက်နေ့တွေ တင်ပေးသွားမှာမို့လို့ စောင့်ဖတ်ပေးကြပါအုံးနော်။
အားလုံးဘဲ အသွားအလာဘေးကင်းပြီး ဂရုစိုက်ကြပါခင်ဗျ။💞