မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...

By XiaoManTou96

168K 29.2K 929

Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More

Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ

118:အနိုင်ရသွားတဲ့ဖာရက်လေး

781 172 2
By XiaoManTou96

Unicode
ရေသေ: "အားကျင့်ကချုံခိုတိုက်ခိုက်ချင်နေတာလား?

စောင့်ဆိုင်းဧရိယာရှိ ကစားသမားများသည်လည်း ဂိမ်းကိုမြင်နိုင်လေသည်။ပြီးတော့ လူအများကြီးက ဟိုလိုဂရပ်ဖစ်ကွင်းအတွင်းကအခြေအနေကိုဆွေးနွေးနေလျက်

မီးက သူ့လက်နှစ်ဖက်ကိုပိုက်ထားကာဖြင့်

"အင်း အဲ့အကြံမဆိုးဘူး"

အမှန်တော့ အားကျင့်ရဲ့ လက်ရှိအင်အားအရ ခွေးနတ်ဆိုးကိုနိုင်နိုင်ချေကသိပ်မမြင့်ချေ။ဒါပေမယ့်လည်းချုံခိုတိုက်ခိုက်တာက ခွေးနတ်ဆိုးရဲ့ စည်းချက်ကျနေတာကိုနှောင့်ယှက်နိုင်တယ်အဲ့ဒါကြောင့် သူနိုင်ဖို့အခွင့်အရေးဖန်တီနိုင်မှာပဲလေ။

ပထမအကြိမ် ချောင်းမြောင်းတိုက်ခိုက်တုန်းကလိုပဲအားကျင့် သည် အလားတူလှည့်ကွက်ကို နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ ဒုတိယအကြိမ်တွင်တော့သူရဲ့သွေးက 54% သို့ကျဆင်းသွားခဲ့ပြီးခွေးနတ်ဆိုးရဲ့သွေးကတော့ 60% သို့ကျဆင်းသွားခဲ့သည်။ တတိယအကြိမ်တွင်တော့ အားကျင့်ရဲ့သွေးက 28% ကျဆင်းသွားပြီး ခွေးနတ်ဆိုးက 31% အထိ ကျဆင်းသွားကာအခွင့်အရေးအနည်းငယ်လစ်လပ် နေလေသည်။အားကျင့်ကအမြဲတမ်း တမိနစ်လောက်တိုက်ခိုက်ပြီးတာနဲ့ပျောက်ကွယ်သွားသည့် နည်းကိုသုံးခဲ့တယ်ပြီးတော့သူကပြန်ပြီးမတိုက်ခိုက်ခင် ချက်ချင်းရွေ့လျားတဲ့ စကေးပြန်ရတာကိုစောင့်နေခဲ့တယ်။

ပွဲစပြီး နာရီဝက်ကျော်ကြာပြီးနောက် မှာတော့ခွေးနတ်ဆိုးက သည်းခံနိုင်စွမ်းလုံးဝပျောက်ဆုံးသွားခဲ့တော့လေ၏။

〖ကွင်း〗 "ခွေးနတ်ဆိုး": "သေစမ်း!!! မင်းနောက်တစ်ခါထွက်ပြေးသွားပြန်ပြီ!!!"
〖ကွင်း〗 "ခွေးနတ်ဆိုး: "မင်းကိုပြောပါရစေမင်းဘယ်လောက်ပဲဝေးဝေးပြေးပါစေ မင်းအနိုင်ရမှာမဟုတ်ဘူး!"

〖ကွင်း〗 "ခွေးနတ်ဆိုး:" "မင်းက electronic pet လား? တစ်မိနစ်ပြီးရင် အားပြန်သွင်းဖို့လိုနေတာလား?"

အဲဒါက ပရိသတ်ရဲ့ ခံယူချက်နဲ့ အတူတူပါပဲ။ ပြင်းပြင်းထန်ထန် တိုက်နေချိန်တိုင်းပရိသတ်တွေ အရမ်းစိတ်လှုပ်ရှားလာပြီဆို အားကျင့်ထွက်ပြေးသွားပြီတဲ့ အဲ့ဒါက မင်းရဲ့ဘောင်းဘီကိုချွတ်ပြီး တခြားသူတွေကို မင်းရဲ့ရွှေပန်းကိုလိုက်ပြနေသလိုပဲလေ

[T/N တန်းလန်းကြီးလို့ပြောချင်တာပါ]

ဒီနာကျင်စရာအဖြစ်အပျက်အတွင်းမှာတော့ ဟာဂင်ဒတ်စ် အသင်းရဲ့ မဲက လျင်မြန်စွာပဲတိုးလာခဲ့တော့သည်။ကြည့်ရတာတော့ အားကျင့်ကိုအမြန် အဆုံးသတ်နိုင်စေရန်ခွေးနတ်ဆိုး အား မဲပေးခြင်းဖြင့် ပရိသတ်က ထောက်ခံချင်ပုံရလေရဲ့!

ပွဲက နည်းနည်းဆွဲသွားပေမယ့် အားကျင့်ကိုမကောင်းပြောတဲ့သူအနည်းငယ်တော့ရှိသေးသည်။အားကျင့်ကတိုက်ရိုက် 3 ကြိမ်တိုက်ခိုက်ပြီးနောက်တွင် တော့ လူတွေက အားကျင့်ကတိုက်ခိုက်တာတွေ ရှောင်ရှားတာတွေ တခြားစကေးတွေမှာကောင်းကြောင်းသတိထားမိလိုက်ကြသည်။သူကဒီတိုင်းချစ်ဖို့ကောင်းပြီး အသုံးမဝင်တဲ့ pet တစ်ကောင်တော့မဟုတ်ခဲ့ဘူးပဲ

ပြီးတော့ သေချာဂရုစိုက်ကြည့်တဲ့ သူတွေက အားကျင့်နဲ့ ခွေးနတ်ဆိုးကြားသွေးကွာခြားချက်က အစပိုင်းက 5% ရှိသော်လည်း ယခုအခါ 3 % သာကွာတော့ကြောင်းသတိထားမိလိုက်ကြသည်။host တွေရဲ့ ရှင်းလင်းချက်တွေနဲ့အတူ ပရိတ်သတ်များသည် ပထမက အားကျင့်နိုင်နိုင်ချေမရှိလို့ထင်ခဲ့ကြသည် အခုချိန်မှာတော့သူတို့ အားကျင့်ရဲ့ ပါဝါကိုအထင်ကြီးသွားပြီပင်။ဘာလို့ဆို သူက fairy pet ရဲ့ ဉီးဆောင်သူစာရင်းက အဆင့် 1 ကို မောပန်းအောင်လုပ်နိုင်ခဲ့လိုပါပဲ

ကြည့်ရှုဧရိယာကနေပြီးတော့လူတချို့ကလဲမေးနေလေရဲ့

"အားကျင့်ကခွေးနတ်ဆိုးကို သွေးတွေခမ်းခြောက် သွားတဲ့အထိစုပ်ယူဖို့ကြံနေတာလားဟ?"

ရုတ်တရက် သူမှန်ကြောင်း သက်သေပြချင်နေသလိုပဲ- အခြေအနေကို ချက်ချင်းပြောင်းသွားစေသည့် မြင်ကွင်းတစ်ခု ရှိနေသည်။

တစ်ဖန် အားကျင့် သည် ဂျုံခင်းထဲမှ ပေါ်လာပြီး ခွေးနတ်ဆိုး ၏ နောက်ကျောကို ကုတ်ခြစ်ကာဖြင့်  ရှေ့သို့ ပြေးသွားခဲ့သည်။ လူအချို့က ရေတွက်ရန် အတွက် stopwatch ကိုတောင်သုံးခဲ့ကြသေးတယ်။ တစ်မိနစ်ကွက်တိမှာတော့ အားကျင့်ကပျောက်သွားပြန်ပါရော!

ဒါပေမယ့် ဒါပြီးတဲ့နောက်မှာတော့ အားကျင့်ရဲ့သွေးက 5% သို့ ကျဆင်းသွားပြီးခွေးနတ်ဆိုးသည် တော့ 4%ကိုကျသွားခဲ့လေသည်။အဲ့ဒါကအားကျင့်ထက်တောင်နည်းသွားပြီဟ!

ပရိတ်သတ်တွေ ကြောင်အသွားရလေသည်။

"မဖြစ်နိုင်လိုက်တာ အခုတော့အတူတူနီးပါးဖြစ် သွားပြီဟ"

host နှစ်ဦးလည်း ဆွေးနွေးခဲ့ကြသည်-

ဟွမ်ဟွမ်: "အားကျင့်ရဲ့သွေးက ခွေးနတ်ဆိုးထက် များနေပြီပဲကို ဒီအခွင့်အရေးကိုဆုပ်ကိုင်ပြီးဘာလို့တခါထဲမသတ်လိုက်တာလဲနော်?"

ရှောင်လန်:"အရင်က အားကျင့်ရဲ့ ချုံခိုတိုက်ခိုက် ပြီးထွက်ပြေးလွတ်မြောက်တဲ့နည်းကို ကျွန်တော်တို့ ဆန်းစစ်လို့ရတယ်။အားကျင့်ပထမဆုံးသုံးခဲ့တဲ့အကွက်က သူကပဲအရင်စလှုပ်ရှားပြီးသူကပဲအရင်ပြန်ပျောက်သွားတာမျိုး။တကယ်တမ်းက အားကျင့်က ခွေးနတ်ဆိုးထက်အကွက်တွေပိုသုံးခဲ့တာပဲ။ပထမတုန်းကတော့ခွေးနတ်ဆိုးက စိတ်ငြိမ်နေသေးတယ် ကြာလာတော့ သူစိတ်ရှည်မူကုန်ဆုံးသွားခဲ့တယ်လေ ပြီးတော့ အခုချိန်မှာအားကျင့်က ပိုထိန်းချုပ်နိုင်စွမ်းရှိနေပြီ အဲ့ဒါက သူတို့ကြားကကွာခြားမူကိုနည်းသွားစေတာပါပဲ...ဒါပေမယ့် အခုတော့ သွေးက 1% ကွာတော့တယ် ကျွန်တော်ထင် တာကတော့ အားကျင့်က save play ဖို့အတွက် ခွေးနတ်ဆိုးကိုနောက်တကြိမ် တိုက်ပြီးထွက်ပြေးဉီးမှာပဲ!"

ဟွမ်ဟွမ်:"ကျွန်တော်သိပြီ....ကျွန်တော်အမြင်တော့အားကျင့်က စိတ်ရှည်တဲ့ကစားသမားတစ်ယောက် ပဲနော်!"

ရှောင်လန်:"ဟုတ်တယ် သူမကအရမ်းတည်ငြိမ်တယ် ခွေးနတ်ဆိုးနဲ့ယှဉ်ရင် သူမကဝံပုလွေနဲ့တောင်ပိုတူသေးတယ်"

ဟွမ်ဟွမ်: "ဒါဆို အားကျင့်က သူမရဲ့ ချက်ချင်းရွှေ့ပြောင်းစကေးပြန်ရတာကိုစောင့်ပြီး အဆုံးသတ်ဖို့စောင့်နေတာပေါ့? သူမမှာသွေးနည်းနည်းပဲကျန်တော့တာပဲ။တကယ်လို့ သူမခြုံခိုတိုက်ခိုက် တာသာအောင်မြင်ခဲ့ရင်သူမထပ်ပြီးထွက်ပြေးစရာမလိုတော့ဘူးပဲပေါ့?"

ရှောင်လန်:"ကျွန်တော်လည်း အဲ့လိုထင်တာပဲ ကဲ အခုတော့အားကျင့်ကိုစောင့်ကြည့်ကြည့်ရအောင်..."

ဟွမ်ဟွမ်: "သူမလာပြီ!"

ခွေးနတ်ဆိုးက ပေါ့ပေါ့တန်တန်သဘောမထားရဲတော့ပဲ အားကျင့်ကသူ့ကိုနောက်ကနေထပ်ပြီးတိုက် ခိုက်မှာစိုးလို့ သူသတိတကြီးနဲ့နောက်ကိုလှည့်ဖို့ လုပ်ခဲ့လိုက်ပေမယ့် မထင်မှတ်ထားပဲ အားကျင့်က ဖာရက်ပုံစံနဲ့ သူ့ရဲ့ရှေ့ကနေပေါ်လာခဲ့လေရဲ့။သူက 5 မီတာအကွာကကနေ သူ့ရဲ့မျက်လုံးနက်နက်တွေနဲ့ ခွေးနတ်ဆိုးကိုကြည့်နေခဲ့သည်။ဝံပုလွေဖြူကတော့ သူ့သွားတွေကိုဖြဲကာဖြင့် ဒေါသတကြီးနဲ့ ဖာရက်ဆီကို တရှိန်ထိုးပြေးသွားခဲ့တော့၏။အဲ့အချိန်မှာပဲ အားကျင့်ကတော့လှည့်ပြီးထွက်ပြေးတော့တာပဲ!

ပရိသတ်ကအားကျင့် အတွက် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားရတော့တယ်။သေချာတာပေါ့ ဒီအခိုက်အတန့်မှာ သူတို့ သိသာထင်ရှားတဲ့ ရလဒ်လိုချင်တယ်လေနော်။သူတို့အဲ့ ဖာရက်ကို ခွေးနတ်ဆိုးဆီကနေသေလောက်အောင် တော့အကိုက်မခံစေချင်တော့ပါဘူး ဒီလောက်
တောင်အားထုတ်ထားတာကို အဲ့လိုသာဖြစ်သွားရင် သနားဖို့ကောင်းသွားမှာလေနော်....

ဟွမ်ဟွမ်:"အဲ့ဒါက... အမှားတစ်ခုလား?"

ရှောင်လန်: "ကျွန်တော်တော့အဲ့လိုမထင်ဘူး အားကျင့်က ထွက်ပြေးနေပေမယ့် သူက ဝံပုလွေဖြူရဲ့ အကွာဝေးတစ်ခုမှာရှိနေတာကိုကြည့်ရတာ ခွေးနတ် ဆိုး လိုက်ဖမ်းတာကို ရည်ရည်ရွယ်ချက်ရှိရှိလိုချင်နေတဲ့ပုံပဲ..."

ဟွမ်ဟွမ်: "အားကျင့်ထွက်ပြေးတာ မြန်သွားပြီ!"

ရှောင်လန်: "မဟုတ်ဘူး ခွေးနတ်ဆိုးပြေးနေတာက နှေးသွားတာ"

ရှောင်လန်တင်မကဘဲ ပရိသတ်တွေကလည်း ဒါကို တွေ့ရှိခဲ့လေသည်။ ဘာဖြစ်တာလဲ? ဒီအရေးကြီးတဲ့အခိုက်အတန့်မှာ ခွေးနတ်ဆိုးကအရှုံးပေးတော့မှာလား?

လွမ်းမောဖွယ်ချစ်ခြင်းအသင်းရဲ့ စောင့်ဆိုင်းဧရိယာမှာတော့—

ရေသေ: "ငါခန့်မှန်းတာ မှန်ရင် ခွေးနတ်ဆိုးက သူ့limit ကိုရောက်နေပြီ"

ကစားသမားတိုင်းမှာ သူတို့ရဲ့ limit တစ်ခုစီရှိလေသည်။အဲ့ဒါက စိတ်ပိုင်းဆိုင်ရာ limit မဟုတ်ဘဲ ဂိမ်းထဲရှိ ညွှန်ကိန်းဆိုင်ရာ limit ပင်။

spirit pet တွေရဲ့ limit ကို သူတို့ရဲ့ အလားအလာကြယ်ပွင့်အရေအတွက်နဲ့ သူတို့ရဲ့ မူလပုံစံတွေနဲ့ သတ်မှတ်ထားတာပင်။အဲ့ဒါကပုံမှန်ဆို 400 နဲ့ 300 ကြားမှာပဲ။သူတို့က ပုံမှန်ဆို 10 မိနစ်လောက်လျင် မြန်စွာပြေးနိုင်ပြီး အဲ့နောက်မှာတော့ နားပြီးတော့ အင်အားကိုပြန်ဖြည့်ဖို့လိုလေသည်။

ခွေးနတ်ဆိုးက အလာလားကြယ်ပွင့် 6 ခုရှိပြီး limit ကတော့ point 870 ရှိပြီးတော့ အဲ့ဒါက fairy pet တွေကြားမှာ အရမ်းမြင့်တဲ့ point ပါပဲ။သူက လစ်လပ်နေတဲ့နေရာမှာဆို min 20 လောက်ပြေးနိုင်တယ် ပြီးတော့ သူကပုံမှန်ဆို ပြေးစရာမလိုဘူး ဘာလို့ဆို ပျံပဲပျံတာလေ။သူတိုက်ခိုက်မှသာပြေးတာရတာ။အဲ့ဒါကြောင့်မလို့ သူ့ limit ကိုတခါထဲအကုန်သုံးမိမယ်လို့မထင်ထားတာပဲ!

သူနှေးကွေးသွားရင်း အားကျင့်ကို ဒီတိုင်းလိုက်ဖမ်းနေတာအကျိုးမရှိဘူးဆိုတာသိလိုက်တော့သည်။သူရပ်လိုက်ကာဖြင့် ခဏနားလိုက်ကာ ဖာရက်က သူ့ရဲ့ထောင်ချောက်ထဲကျမယ့်အချိန်ကိုသာစောင့် နေလိုက်သည်။ဘယ်လိုပဲဖြစ်ဖြစ်သူအဲ့ ဖာရက်ကိုမဖမ်းမှမဖမ်းနိုင်ပဲ သူ့အားတွေကိုအကုန်မခံတော့ဘူး။ဖာရက်ပြန်ပေါ်လာတဲ့အချိန်ကျမှ သူ့ရဲ့သွေး 5 % နဲ့ ပိုပြီးအားကြီးတဲ့ အကွက်ကိုထုတ်သုံးလိုက် တော့မယ်!

ဒါပေမယ့်လည်း သူရပ်လိုက်တဲ့အချိန်ကျ အားကျင့်ကပါရပ်လိုက်လေရဲ့။

ဖာရက်လေးကလှည့်လာပြီး သူ့ခြေသည်းလေးကိုမြှောက်၍မေးလာသည်။

"မင်းဘာလို့ မလိုက်တော့တာလဲ?"

ခွေးနတ်ဆိုး"...." သေစမ်း ဒီဖာရက်ကသေဖို့ပဲထိုက်
တန်တယ်!

ပရိတ်သတ်ကလည်းအဲ့လိုပဲတွေးခဲ့တာပဲ...

"သေစမ်း....အဲ့ဒါက မင်းသေလောက်အောင်ဒေါသထွက်နေလည်းအခုထိငါ့ကိုမသတ်နိုင်သေးဘူး ကြည့်စမ်း ဆိုတဲ့ အထာဟေး"

"ဒီဂိမ်းက သတ်မှတ်ထားတဲ့အချိန်ရှိလား? ငါ့ကျူ
ရှင်ကိုလစ်ပြီး ဒီပွဲကိုကြည့်နေရတာ ဒီလိုငတုံးပြေးတိုင်းလိုက်တိုင်းပွဲကိုကြည့်ဖို့မဟုတ်နေဘူးကွ!"

"ငါလေ နှလုံးသားမဲ့ ရဲ့မိန်းမကိုအခုမှ ပထမဆုံးသိသလိုခံစားရတယ်..."

"ဟ! သူမ ကချစ်ဖို့ကောင်း စကေးကိုသုံးဖို့ လုပ်နေပြီ!" (#°Д°)

တကယ်ကြီးကိုပဲ ဟဲကျင့်က ခွေးနတ်ဆိုးကမလိုက် တော့တာကိုတွေ့တော့ သူကရုတ်တရက်လှဲချလိုက်ပြီး သူ့ရဲ့ ဝမ်းဗိုက်လေးကိုဖော်ပြလာတော့ပါ၏....

အဲ့ဒါကတကယ်ကြီး ချစ်ဖို့ကောင်းတာကိုပြချင်နေတတော့မဟုတ်ဘူး ရန်သူကိုစော်ကားချင်နေသလိုပဲ။အကုန်လုံးကြက်သေသေသွားတော့တာပဲ!

host ကတော့ စိတ်လှုပ်ရှားစွာနဲ့တင်ပြလာခဲ့သည်။

"ခွေးနတ်ဆိုးက အားကျင့်ဆီက ချစ်ဖို့ကောင်းစကေးထိသွားပြီးတော့ သူ 3 စက္ကန့် မတိုက်ခိုက်နိုင် တော့ပါဘူးပြီးတော့ 3 စက္ကန့်ပြည့်ရင်တောင် သူ့ရဲ့ တိုက်ခိုက်စွမ်းအားက 5 စက္ကန့်လောက် ထက်ဝက် ထိလျော့ကျနေပါဉီးမှာ!အားကျင့်ကအခုတော့ တရှိန်ထိုးပြေးလာပါပြီ ခွေးနတ်ဆိုးကထွက်ပြေးပါတော့မယ်!ပြီးတော့ ခွေးနတ်ဆိုးက တိုက်ခိုက်လို့မရနေပါဘူး!....ခွေးနတ်ဆိုးသေသွားပါပြီ!"

အဖြစ်ပျက်တစ်ခုလုံးက 5 စက္ကန့်ပဲ ကြာခဲ့ပါ၏။နောက်ဆုံးမှာတော့ အားကျင့်က ဒီပွဲကို သွေး 4% လေးနဲ့ အနိုင်ရခဲ့တာပါပဲ။

လွမ်းမောဖွယ်ချစ်ခြင်းအသင်းကအနိုင်ရကြောင်း screen ပေါ်တွင်ပြသလာချိန်မှာတော့ ပရိတ်သတ် ကဘာပြောရမှန်းတောင်မသိတော့ချေ။ဘယ်လိုလုပ်မြွေပါနဲ့တူတဲ့ ဖာရက်အသေးလေးက Fairy pet အဆင့် 1 ခွေးနတ်ဆိုးကိုအနိုင်ရသွားရတာလဲလေ?သူမရဲ့ စွမ်းအားကြောင့်လား?ဒါက ကံနဲ့ဆိုင်တဲ့ ပြိုင်ပွဲလဲဟုတ်မနေခဲ့ဘူး!

ထို့နောက်မှာတော့ host တွေက ဆက်ဆွေးနွေးခဲ့ကြလေတော့သည်။

ရှောင်လန်: "အားကျင့်အနိုင်ရသွားတာက သူမကအစထဲက ခွေးနတ်ဆိုးရဲ့ limit ကိုများ စမ်းသပ်ခဲ့တာလားလို့တောင် သံသယဖြစ်စေတယ်ရော။ကျွန် တော်မှတ်မိသလောက်ဆို အားကျင့်က ရုတ်တရက် မပျောက်သွားခင်မှာ ခွေးနတ်ဆိုးရှေ့အကြိမ်အနည်းငယ်လောက်ပေါ်လာသေးသလားလို့လေ"

ဟွမ်ဟွမ်: "ခင်များပြောချင်တာက အားကျင့်က သူမပုန်းဖို့အချိန်တွေကိုလုံးဝကိုတွက်ချက်ထားတာလို့လား?"

ရှောင်လန်:"ဟုတ်တယ် ဒီလိုမှမဟုတ်ရင် သူမဘာလို့ ခွေးနတ်ဆိုးရှေ့မှာ နောက်ဆုံးတစ်ကြိမ်ပေါ်လာမှာလဲ?ပြီးတော့ သူမနောက်ကို အချိန်တစ်ခုထိလဲ လိုက်ခဲ့စေသေးတယ် အဲ့နောက် ချစ်ဖို့ကောင်း စကေးသုံးခဲ့တယ်လေ။ပြီးတော့ကျွန်တော်တို့ spirit pet တွေ အဲ့စကေးကိုခဏခဏသုံးတာကိုမြင်ခဲ့ဖူးပေမယ့် အားကျင့်ကတော့ တစ်ကြိမ်ပဲသုံးခဲ့တယ်။ပြီးတော့သူမက အဲ့စကေးကို ခွေးနတ်ဆိုးပြေးလိုက်လို့မောနေတဲ့အချိန်မှသုံးခဲ့တယ်။ပြီးတော့ သူမရဲ့သွေးက 5% ပဲရှိတာတောင် တည်ငြိမ်နေခဲ့တယ် အဲ့နောက်မှာ သူမ100% နိုင်နိုင်ချေရှိတယ်ဆိုတော့မှ ခွေးနတ်ဆိုးကို ပိတ်ဖမ်းတော့တာပဲ!"

ဟွမ်ဟွမ်: "ဒါဆို ခင်များအခုပြောသွားတဲ့ပုံအရဆို သူမကတွက်ချက်ရာမှာတော်ပုံရတယ်နော်"

ရှောင်လန်:"ဒီမှာငြင်းလို့မရတဲ့အချက်တစ်ချက်ရှိသေးတယ် အဲ့ဒါက ဒီဂျုံခင်းက အားကျင့်အတွက် ပိုအကျိုးရှိတယ်ဆိုတာပေါ့။"

အားကျင့် ကွင်းထဲကထွက်သွားသည့်တိုင်ပရိတ်သတ်များမှာတော့ မယုံကြည်နိုင်ကြသေးချေ။ပြီးတော့လူတွေက comment box မှာဆွေးနွေးနေကြတုန်းပဲ။လွမ်းမောဖွယ်ချစ်ခြင်းအသင်းရဲ့မဲအရေအတွက်ကလဲ အရူးအမူးကိုခုန်တက်သွားတော့၏။မိနစ်အနည်းငယ်အတွင်းမှာပဲ ဟာဂင်ဒတ်စ်အသင်းကိုကျော်တက်သွားလေရဲ့။

ချီးကျူးဩဘာအသံတွေကြားမှာပဲ ဟဲကျင့်ကစောင့်ဆိုင်းဧရိယာသို့ပြန်သွားခဲ့တော့သည်။ရှူကျီးကျာ့လန်က လက်မထောင်လာကာ

"ကျွန်တော် ခင်များ ခွေးနတ်ဆိုးကိုနိုင်မယ်လို့ မထင်ထားမိဘူး အရမ်းကောင်းတာပဲ!"

ရေသေကတော့ ယပ်တောင်ကိုခပ်ကာပြောလာလေသည်။

"ကံကောင်းထောက်မစွာပဲ အဲ့မှာရှိနေတာအားကျင့်မလို့ပေါ့ တကယ်လို့ ရှူကျီးကျာ့လန်သာဆို ရလဒ်တစ်မျိုးပြောင်းသွားလောက်တယ်"

သူကရှူကျီးကျာ့လန်ကြည့်ကာဖြင့်ပြောလိုက်တယ်

"ပန်ဒါ ငါတို့အလှည့်ပဲ"

ဟဲကျင့်: "ကံကောင်းပါစေ!"

ရေသေနဲ့ ရှူကျီးကျာ့လန်က စောင့်ဆိုင်းဧရိယာကနေပျောက်ကွယ်သွာပြီးနောက်မှာတော့ချင်ယွီကဟဲကျင့်အနားကိုတိုးကာပြောလိုက်လေသည်။

"မင်းကအရမ်းတွေစိတ်ရှည်တာပဲနော်"

ဟဲကျင့်ပြုံးလိုက်မိသည်။ပြီးတော့ သူကအနည်းငယ်ပင်ပန်းနေပုံလည်းရသည်။သူစိတ်ရှည်သည်းခံနိုင်ခဲ့သော်လည်း သူကိုမိနစ်40 လောက်စိတ်လှုပ်ရှားစေခဲ့တာက သူ့ရဲ့ limit ကိုရောက်သွားလုနီးနီးပါပဲ။

ချင်ယွီကခဏလောက်တိတ်ဆိတ်သွားပြီးနောက်မှာတော့ပြောလာလေသည်။

"ဟေး လက်တွေ့မှာလဲ မင်းငါ့ကိုအဲ့လိုလှည့်ကွက်နဲ့နှိပ်စက်မှာလား?"

ဟဲကျင့်:"...."

ချင်ယွီ:"ငါမင်းနဲ့ ခွေးနတ်ဆိုးကြားက ပွဲကိုငါကြည့် နေတုန်းကဆိုအဲ့ဒါက မင်းငါ့ကိုလက်တွေ့မှာ ရိုက်နှက်နေသလိုတောင်မြင်နေမိတာ.."

ချင်ယွီ: "မင်းအမြဲ အဲ့လိုတည်ငြိမ်တတ်တာလား?"

ဟဲကျင့်က သူ့ခေါင်းကိုလှည့်ကာဖြင့်ချေပလိုက် တော့သည်။

"ဂိမ်းကဂိမ်းပဲ မင်းအဲ့လိုကြုံရာကျပန်းလျှောက်မခန့်မှန်းနေပါနဲ့လား?"

"ဟားဟား"

ချင်ယွီက ပေါ့ပေါ့ပါးပါးရယ်ကာဖြင့်ကွင်းကိုကြည့်လိုက်တော့လေ၏

ရေသေရဲ့ ပြိုင်ဘက်ကတော့ ငါကနတ်ဘုရားအားလင်နဲ့ Fairy pet ဉီးဆောင်စာရင်းမှာ အဆင့် 3 မှာရှိနေတဲ့ သူ့ရဲ့ spirit pet ကျိန်စာလို့ခေါ်တဲ့ ဇာမဏီငှက်တစ်ကောင်ပင်။

သခင်နှင့်သူ၏spirit pet နှစ်ဦးစလုံးသည်လေ ပေါ်တိုက်ခိုက်ရေးကစားသမားများဖြစ်ကြသည်။ ဤသည်မှာ "Demon God" တွင်တွေ့နေကျတော့မဟုတ်နေခဲ့ပါ။ ပန်ဒါဝက်ဝံသည် မြေပြင်ပေါ်တွင် တစ်ယောက်တည်းနေ၍ သူ၏သခင်အား လူတစ် ဦးနှင့် ငှက်တစ်ကောင်ရဲ့ ဝိုင်းရံခြင်းကို ခံနေရသည် ကို ကြည့်ကာ အလွန်စိတ်ပျက်လက်ပျက်ပင်ဖြစ်နေတော့သည်။ရေသေရဲ့အင်အားသည် ငါကနတ်ဘုရားအားလင်နှင့် တစ်ယောက်ချင်းယှဉ်ပါက သာသော်လည်း ဤနည်းပရိယာယ်မျိုးနှင့် ရင်ဆိုင်ရသောအခါတွင်တော့ အဖြစ်မှန်ကို သူလက်ခံရတော့သည်။

ဒီပွဲမှာ တော့ လွမ်းမောဖွယ်ချစ်ခြင်းအသင်းကရှုံးနိမ့်ခဲ့လေသည်။

ရေသေက စောင့်ဆိုင်းဧရိယာသို့ပြန်သွားသောအခါ သက်ပျင်းချကာပြောလာခဲ့သည်။

"ငါအကောင်းဆုံးတော့ကြိုးစားခဲ့ပါတယ်"

ရှူကျီးကျာ့လန်က ရှုံးနိမ့်သွားခဲ့သဖြင့်ခေါင်းငုံ့ထားခဲ့သည်။

မီး: "ငါတို့ ဒါကို ကြိုသိနေတာပဲလေ ဟုတ်တယ်ဟုတ်?"

ရှူကျီးကျာ့လန်ကသူတို့ကိုအလျင်အမြန်နှစ်သိမ့် တော့သည်။

"ဟုတ်တယ် ပထမနှစ်ပွဲက ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်နိုင်ချေမရှိနေခဲ့ဘူးလေ ပြီးတော့ အားကျင့်က သူတို့ထဲကတစ်ယောက်ကိုနိုင်ခဲ့တာပဲ အဲ့ဒါကတစ်ခုခုတော့တစ်ခုခုပဲ။ကောင်းပြီ မီးကတော့ ဘယ်လိုမှရှုံးမှာမဟုတ်ဘူး!ပြီးတော့ အသင်းလိုက် တိုက်ပွဲမှာ ကျွန်တော်တို့နိုင်မှာ သေချာပေါက်ပဲ!"

လွင်မြောတိမ်တိုက်: "အင်း ဟုတ်တယ်"

မီးကမတ်တပ်ထရပ်လိုက်ကာဖြင့် ရေသေနားကဖြတ်လျှောက်ရင်း လက်ဝါးချင်းရိုက်ကာပြောလာလေသည်။

"ငါ နောက်တစ်ပွဲနိုင်ခဲ့ရင် ငါတို့ အသင်းက ဉီးဆောင်နေဉီးမှာပဲ"

ချင်ယွီသည် အပြောင်းအရွှေ့နေရာသို့သွားနေတာတွေ့တော့ ဟဲကျင့်ကမြန်မြန်ဆန်ဆန်ပဲ

"ချင်...မီး ကံကောင်းပါစေ"

ချင်ယွီက ခေတ္တရပ်ပြီး လှည့်ကြည့်လိုက်ကာဖြင့်

"ဒီတစ်ကြောင်းပဲလား?"

သူ့လက်နှစ်ဖက်ကိုဖွင့်ထားကာဖြင့် ဟဲကျင့်ကို ပွေ့ဖက်ခိုင်းလေသည်။

ဟဲကျင့်မှာ ရှက်သွေးဖြာသွားရပါ၏။

Zawgyi

118:အႏိုင္ရသြားတဲ့ဖာရက္ေလး

ေရေသ: "အားက်င့္ကခ်ဳံခိုတိုက္ခိုက္ခ်င္ေနတာလား?

ေစာင့္ဆိုင္းဧရိယာရွိ ကစားသမားမ်ားသည္လည္း ဂိမ္းကိုျမင္ႏိုင္ေလသည္။ၿပီးေတာ့ လူအမ်ားႀကီးက ဟိုလိုဂရပ္ဖစ္ကြင္းအတြင္းကအေျခအေနကိုေဆြးေႏြးေနလ်က္

မီးက သူ႔လက္ႏွစ္ဖက္ကိုပိုက္ထားကာျဖင့္

"အင္း အဲ့အႀကံမဆိုးဘူး"

အမွန္ေတာ့ အားက်င့္ရဲ႕ လက္ရွိအင္အားအရ ေခြးနတ္ဆိုးကိုႏိုင္ႏိုင္ေခ်ကသိပ္မျမင့္ေခ်။ဒါေပမယ့္လည္းခ်ဳံခိုတိုက္ခိုက္တာက ေခြးနတ္ဆိုးရဲ႕ စည္းခ်က္က်ေနတာကိုေႏွာင့္ယွက္ႏိုင္တယ္အဲ့ဒါေၾကာင့္ သူႏိုင္ဖို႔အခြင့္အေရးဖန္တီႏိုင္မွာပဲေလ။

ပထမအႀကိမ္ ေခ်ာင္းေျမာင္းတိုက္ခိုက္တုန္းကလိုပဲအားက်င့္ သည္ အလားတူလွည့္ကြက္ကို ႏွစ္ႀကိမ္ျပဳလုပ္ခဲ့သည္။ ဒုတိယအႀကိမ္တြင္ေတာ့သူရဲ႕ေသြးက 54% သို႔က်ဆင္းသြားခဲ့ၿပီးေခြးနတ္ဆိုးရဲ႕ေသြးကေတာ့ 60% သို႔က်ဆင္းသြားခဲ့သည္။ တတိယအႀကိမ္တြင္ေတာ့ အားက်င့္ရဲ႕ေသြးက 28% က်ဆင္းသြားၿပီး ေခြးနတ္ဆိုးက 31% အထိ က်ဆင္းသြားကာအခြင့္အေရးအနည္းငယ္လစ္လပ္ ေနေလသည္။အားက်င့္ကအၿမဲတမ္း တမိနစ္ေလာက္တိုက္ခိုက္ၿပီးတာနဲ႔ေပ်ာက္ကြယ္သြားသည့္ နည္းကိုသုံးခဲ့တယ္ၿပီးေတာ့သူကျပန္ၿပီးမတိုက္ခိုက္ခင္ ခ်က္ခ်င္းေ႐ြ႕လ်ားတဲ့ စေကးျပန္ရတာကိုေစာင့္ေနခဲ့တယ္။

ပြဲစၿပီး နာရီဝက္ေက်ာ္ၾကာၿပီးေနာက္ မွာေတာ့ေခြးနတ္ဆိုးက သည္းခံႏိုင္စြမ္းလုံးဝေပ်ာက္ဆုံးသြားခဲ့ေတာ့ေလ၏။

〖ကြင္း〗 "ေခြးနတ္ဆိုး": "ေသစမ္း!!! မင္းေနာက္တစ္ခါထြက္ေျပးသြားျပန္ၿပီ!!!"
〖ကြင္း〗 "ေခြးနတ္ဆိုး: "မင္းကိုေျပာပါရေစမင္းဘယ္ေလာက္ပဲေဝးေဝးေျပးပါေစ မင္းအႏိုင္ရမွာမဟုတ္ဘူး!"

〖ကြင္း〗 "ေခြးနတ္ဆိုး:" "မင္းက electronic pet လား? တစ္မိနစ္ၿပီးရင္ အားျပန္သြင္းဖို႔လိုေနတာလား?"

အဲဒါက ပရိသတ္ရဲ႕ ခံယူခ်က္နဲ႔ အတူတူပါပဲ။ ျပင္းျပင္းထန္ထန္ တိုက္ေနခ်ိန္တိုင္းပရိသတ္ေတြ အရမ္းစိတ္လႈပ္ရွားလာၿပီဆို အားက်င့္ထြက္ေျပးသြားၿပီတဲ့ အဲ့ဒါက မင္းရဲ႕ေဘာင္းဘီကိုခြၽတ္ၿပီး တျခားသူေတြကို မင္းရဲ႕ေ႐ႊပန္းကိုလိုက္ျပေနသလိုပဲေလ

[T/N တန္းလန္းႀကီးလို႔ေျပာခ်င္တာပါ]

ဒီနာက်င္စရာအျဖစ္အပ်က္အတြင္းမွာေတာ့ ဟာဂင္ဒတ္စ္ အသင္းရဲ႕ မဲက လ်င္ျမန္စြာပဲတိုးလာခဲ့ေတာ့သည္။ၾကည့္ရတာေတာ့ အားက်င့္ကိုအျမန္ အဆုံးသတ္ႏိုင္ေစရန္ေခြးနတ္ဆိုး အား မဲေပးျခင္းျဖင့္ ပရိသတ္က ေထာက္ခံခ်င္ပုံရေလရဲ႕!

ပြဲက နည္းနည္းဆြဲသြားေပမယ့္ အားက်င့္ကိုမေကာင္းေျပာတဲ့သူအနည္းငယ္ေတာ့ရွိေသးသည္။အားက်င့္ကတိုက္႐ိုက္ 3 ႀကိမ္တိုက္ခိုက္ၿပီးေနာက္တြင္ ေတာ့ လူေတြက အားက်င့္ကတိုက္ခိုက္တာေတြ ေရွာင္ရွားတာေတြ တျခားစေကးေတြမွာေကာင္းေၾကာင္းသတိထားမိလိုက္ၾကသည္။သူကဒီတိုင္းခ်စ္ဖို႔ေကာင္းၿပီး အသုံးမဝင္တဲ့ pet တစ္ေကာင္ေတာ့မဟုတ္ခဲ့ဘူးပဲ

ၿပီးေတာ့ ေသခ်ာဂ႐ုစိုက္ၾကည့္တဲ့ သူေတြက အားက်င့္နဲ႔ ေခြးနတ္ဆိုးၾကားေသြးကြာျခားခ်က္က အစပိုင္းက 5% ရွိေသာ္လည္း ယခုအခါ 3 % သာကြာေတာ့ေၾကာင္းသတိထားမိလိုက္ၾကသည္။host ေတြရဲ႕ ရွင္းလင္းခ်က္ေတြနဲ႔အတူ ပရိတ္သတ္မ်ားသည္ ပထမက အားက်င့္ႏိုင္ႏိုင္ေခ်မရွိလို႔ထင္ခဲ့ၾကသည္ အခုခ်ိန္မွာေတာ့သူတို႔ အားက်င့္ရဲ႕ ပါဝါကိုအထင္ႀကီးသြားၿပီပင္။ဘာလို႔ဆို သူက fairy pet ရဲ႕ ဉီးေဆာင္သူစာရင္းက အဆင့္ 1 ကို ေမာပန္းေအာင္လုပ္ႏိုင္ခဲ့လိုပါပဲ

ၾကည့္ရႈဧရိယာကေနၿပီးေတာ့လူတခ်ိဳ႕ကလဲေမးေနေလရဲ႕

"အားက်င့္ကေခြးနတ္ဆိုးကို ေသြးေတြခမ္းေျခာက္ သြားတဲ့အထိစုပ္ယူဖို႔ႀကံေနတာလားဟ?"

႐ုတ္တရက္ သူမွန္ေၾကာင္း သက္ေသျပခ်င္ေနသလိုပဲ- အေျခအေနကို ခ်က္ခ်င္းေျပာင္းသြားေစသည့္ ျမင္ကြင္းတစ္ခု ရွိေနသည္။

တစ္ဖန္ အားက်င့္ သည္ ဂ်ဳံခင္းထဲမွ ေပၚလာၿပီး ေခြးနတ္ဆိုး ၏ ေနာက္ေက်ာကို ကုတ္ျခစ္ကာျဖင့္ ေရွ႕သို႔ ေျပးသြားခဲ့သည္။ လူအခ်ိဳ႕က ေရတြက္ရန္ အတြက္ stopwatch ကိုေတာင္သုံးခဲ့ၾကေသးတယ္။ တစ္မိနစ္ကြက္တိမွာေတာ့ အားက်င့္ကေပ်ာက္သြားျပန္ပါေရာ!

ဒါေပမယ့္ ဒါၿပီးတဲ့ေနာက္မွာေတာ့ အားက်င့္ရဲ႕ေသြးက 5% သို႔ က်ဆင္းသြားၿပီးေခြးနတ္ဆိုးသည္ ေတာ့ 4%ကိုက်သြားခဲ့ေလသည္။အဲ့ဒါကအားက်င့္ထက္ေတာင္နည္းသြားၿပီဟ!

ပရိတ္သတ္ေတြ ေၾကာင္အသြားရေလသည္။

"မျဖစ္ႏိုင္လိုက္တာ အခုေတာ့အတူတူနီးပါးျဖစ္ သြားၿပီဟ"

host ႏွစ္ဦးလည္း ေဆြးေႏြးခဲ့ၾကသည္-

ဟြမ္ဟြမ္: "အားက်င့္ရဲ႕ေသြးက ေခြးနတ္ဆိုးထက္ မ်ားေနၿပီပဲကို ဒီအခြင့္အေရးကိုဆုပ္ကိုင္ၿပီးဘာလို႔တခါထဲမသတ္လိုက္တာလဲေနာ္?"

ေရွာင္လန္:"အရင္က အားက်င့္ရဲ႕ ခ်ဳံခိုတိုက္ခိုက္ ၿပီးထြက္ေျပးလြတ္ေျမာက္တဲ့နည္းကို ကြၽန္ေတာ္တို႔ ဆန္းစစ္လို႔ရတယ္။အားက်င့္ပထမဆုံးသုံးခဲ့တဲ့အကြက္က သူကပဲအရင္စလႈပ္ရွားၿပီးသူကပဲအရင္ျပန္ေပ်ာက္သြားတာမ်ိဳး။တကယ္တမ္းက အားက်င့္က ေခြးနတ္ဆိုးထက္အကြက္ေတြပိုသုံးခဲ့တာပဲ။ပထမတုန္းကေတာ့ေခြးနတ္ဆိုးက စိတ္ၿငိမ္ေနေသးတယ္ ၾကာလာေတာ့ သူစိတ္ရွည္မူကုန္ဆုံးသြားခဲ့တယ္ေလ ၿပီးေတာ့ အခုခ်ိန္မွာအားက်င့္က ပိုထိန္းခ်ဳပ္ႏိုင္စြမ္းရွိေနၿပီ အဲ့ဒါက သူတို႔ၾကားကကြာျခားမူကိုနည္းသြားေစတာပါပဲ...ဒါေပမယ့္ အခုေတာ့ ေသြးက 1% ကြာေတာ့တယ္ ကြၽန္ေတာ္ထင္ တာကေတာ့ အားက်င့္က save play ဖို႔အတြက္ ေခြးနတ္ဆိုးကိုေနာက္တႀကိမ္ တိုက္ၿပီးထြက္ေျပးဉီးမွာပဲ!"

ဟြမ္ဟြမ္:"ကြၽန္ေတာ္သိၿပီ....ကြၽန္ေတာ္အျမင္ေတာ့အားက်င့္က စိတ္ရွည္တဲ့ကစားသမားတစ္ေယာက္ ပဲေနာ္!"

ေရွာင္လန္:"ဟုတ္တယ္ သူမကအရမ္းတည္ၿငိမ္တယ္ ေခြးနတ္ဆိုးနဲ႔ယွဥ္ရင္ သူမကဝံပုေလြနဲ႔ေတာင္ပိုတူေသးတယ္"

ဟြမ္ဟြမ္: "ဒါဆို အားက်င့္က သူမရဲ႕ ခ်က္ခ်င္းေ႐ႊ႕ေျပာင္းစေကးျပန္ရတာကိုေစာင့္ၿပီး အဆုံးသတ္ဖို႔ေစာင့္ေနတာေပါ့? သူမမွာေသြးနည္းနည္းပဲက်န္ေတာ့တာပဲ။တကယ္လို႔ သူမၿခဳံခိုတိုက္ခိုက္ တာသာေအာင္ျမင္ခဲ့ရင္သူမထပ္ၿပီးထြက္ေျပးစရာမလိုေတာ့ဘူးပဲေပါ့?"

ေရွာင္လန္:"ကြၽန္ေတာ္လည္း အဲ့လိုထင္တာပဲ ကဲ အခုေတာ့အားက်င့္ကိုေစာင့္ၾကည့္ၾကည့္ရေအာင္..."

ဟြမ္ဟြမ္: "သူမလာၿပီ!"

ေခြးနတ္ဆိုးက ေပါ့ေပါ့တန္တန္သေဘာမထားရဲေတာ့ပဲ အားက်င့္ကသူ႔ကိုေနာက္ကေနထပ္ၿပီးတိုက္ ခိုက္မွာစိုးလို႔ သူသတိတႀကီးနဲ႔ေနာက္ကိုလွည့္ဖို႔ လုပ္ခဲ့လိုက္ေပမယ့္ မထင္မွတ္ထားပဲ အားက်င့္က ဖာရက္ပုံစံနဲ႔ သူ႔ရဲ႕ေရွ႕ကေနေပၚလာခဲ့ေလရဲ႕။သူက 5 မီတာအကြာကကေန သူ႔ရဲ႕မ်က္လုံးနက္နက္ေတြနဲ႔ ေခြးနတ္ဆိုးကိုၾကည့္ေနခဲ့သည္။ဝံပုေလြျဖဴကေတာ့ သူ႔သြားေတြကိုၿဖဲကာျဖင့္ ေဒါသတႀကီးနဲ႔ ဖာရက္ဆီကို တရွိန္ထိုးေျပးသြားခဲ့ေတာ့၏။အဲ့အခ်ိန္မွာပဲ အားက်င့္ကေတာ့လွည့္ၿပီးထြက္ေျပးေတာ့တာပဲ!

ပရိသတ္ကအားက်င့္ အတြက္ မယုံႏိုင္ေလာက္ေအာင္ စိတ္လႈပ္ရွားသြားရေတာ့တယ္။ေသခ်ာတာေပါ့ ဒီအခိုက္အတန႔္မွာ သူတို႔ သိသာထင္ရွားတဲ့ ရလဒ္လိုခ်င္တယ္ေလေနာ္။သူတို႔အဲ့ ဖာရက္ကို ေခြးနတ္ဆိုးဆီကေနေသေလာက္ေအာင္ ေတာ့အကိုက္မခံေစခ်င္ေတာ့ပါဘူး ဒီေလာက္
ေတာင္အားထုတ္ထားတာကို အဲ့လိုသာျဖစ္သြားရင္ သနားဖို႔ေကာင္းသြားမွာေလေနာ္....

ဟြမ္ဟြမ္:"အဲ့ဒါက... အမွားတစ္ခုလား?"

ေရွာင္လန္: "ကြၽန္ေတာ္ေတာ့အဲ့လိုမထင္ဘူး အားက်င့္က ထြက္ေျပးေနေပမယ့္ သူက ဝံပုေလြျဖဴရဲ႕ အကြာေဝးတစ္ခုမွာရွိေနတာကိုၾကည့္ရတာ ေခြးနတ္ ဆိုး လိုက္ဖမ္းတာကို ရည္ရည္႐ြယ္ခ်က္ရွိရွိလိုခ်င္ေနတဲ့ပုံပဲ..."

ဟြမ္ဟြမ္: "အားက်င့္ထြက္ေျပးတာ ျမန္သြားၿပီ!"

ေရွာင္လန္: "မဟုတ္ဘူး ေခြးနတ္ဆိုးေျပးေနတာက ေႏွးသြားတာ"

ေရွာင္လန္တင္မကဘဲ ပရိသတ္ေတြကလည္း ဒါကို ေတြ႕ရွိခဲ့ေလသည္။ ဘာျဖစ္တာလဲ? ဒီအေရးႀကီးတဲ့အခိုက္အတန႔္မွာ ေခြးနတ္ဆိုးကအရႈံးေပးေတာ့မွာလား?

လြမ္းေမာဖြယ္ခ်စ္ျခင္းအသင္းရဲ႕ ေစာင့္ဆိုင္းဧရိယာမွာေတာ့—

ေရေသ: "ငါခန႔္မွန္းတာ မွန္ရင္ ေခြးနတ္ဆိုးက သူ႔limit ကိုေရာက္ေနၿပီ"

ကစားသမားတိုင္းမွာ သူတို႔ရဲ႕ limit တစ္ခုစီရွိေလသည္။အဲ့ဒါက စိတ္ပိုင္းဆိုင္ရာ limit မဟုတ္ဘဲ ဂိမ္းထဲရွိ ၫႊန္ကိန္းဆိုင္ရာ limit ပင္။

spirit pet ေတြရဲ႕ limit ကို သူတို႔ရဲ႕ အလားအလာၾကယ္ပြင့္အေရအတြက္နဲ႔ သူတို႔ရဲ႕ မူလပုံစံေတြနဲ႔ သတ္မွတ္ထားတာပင္။အဲ့ဒါကပုံမွန္ဆို 400 နဲ႔ 300 ၾကားမွာပဲ။သူတို႔က ပုံမွန္ဆို 10 မိနစ္ေလာက္လ်င္ ျမန္စြာေျပးႏိုင္ၿပီး အဲ့ေနာက္မွာေတာ့ နားၿပီးေတာ့ အင္အားကိုျပန္ျဖည့္ဖို႔လိုေလသည္။

ေခြးနတ္ဆိုးက အလာလားၾကယ္ပြင့္ 6 ခုရွိၿပီး limit ကေတာ့ point 870 ရွိၿပီးေတာ့ အဲ့ဒါက fairy pet ေတြၾကားမွာ အရမ္းျမင့္တဲ့ point ပါပဲ။သူက လစ္လပ္ေနတဲ့ေနရာမွာဆို min 20 ေလာက္ေျပးႏိုင္တယ္ ၿပီးေတာ့ သူကပုံမွန္ဆို ေျပးစရာမလိုဘူး ဘာလို႔ဆို ပ်ံပဲပ်ံတာေလ။သူတိုက္ခိုက္မွသာေျပးတာရတာ။အဲ့ဒါေၾကာင့္မလို႔ သူ႔ limit ကိုတခါထဲအကုန္သုံးမိမယ္လို႔မထင္ထားတာပဲ!

သူေႏွးေကြးသြားရင္း အားက်င့္ကို ဒီတိုင္းလိုက္ဖမ္းေနတာအက်ိဳးမရွိဘူးဆိုတာသိလိုက္ေတာ့သည္။သူရပ္လိုက္ကာျဖင့္ ခဏနားလိုက္ကာ ဖာရက္က သူ႔ရဲ႕ေထာင္ေခ်ာက္ထဲက်မယ့္အခ်ိန္ကိုသာေစာင့္ ေနလိုက္သည္။ဘယ္လိုပဲျဖစ္ျဖစ္သူအဲ့ ဖာရက္ကိုမဖမ္းမွမဖမ္းႏိုင္ပဲ သူ႔အားေတြကိုအကုန္မခံေတာ့ဘူး။ဖာရက္ျပန္ေပၚလာတဲ့အခ်ိန္က်မွ သူ႔ရဲ႕ေသြး 5 % နဲ႔ ပိုၿပီးအားႀကီးတဲ့ အကြက္ကိုထုတ္သုံးလိုက္ ေတာ့မယ္!

ဒါေပမယ့္လည္း သူရပ္လိုက္တဲ့အခ်ိန္က် အားက်င့္ကပါရပ္လိုက္ေလရဲ႕။

ဖာရက္ေလးကလွည့္လာၿပီး သူ႔ေျခသည္းေလးကိုေျမႇာက္၍ေမးလာသည္။

"မင္းဘာလို႔ မလိုက္ေတာ့တာလဲ?"

ေခြးနတ္ဆိုး"...." ေသစမ္း ဒီဖာရက္ကေသဖို႔ပဲထိုက္
တန္တယ္!

ပရိတ္သတ္ကလည္းအဲ့လိုပဲေတြးခဲ့တာပဲ...

"ေသစမ္း....အဲ့ဒါက မင္းေသေလာက္ေအာင္ေဒါသထြက္ေနလည္းအခုထိငါ့ကိုမသတ္ႏိုင္ေသးဘူး ၾကည့္စမ္း ဆိုတဲ့ အထာေဟး"

"ဒီဂိမ္းက သတ္မွတ္ထားတဲ့အခ်ိန္ရွိလား? ငါ့က်ဴ
ရွင္ကိုလစ္ၿပီး ဒီပြဲကိုၾကည့္ေနရတာ ဒီလိုငတုံးေျပးတိုင္းလိုက္တိုင္းပြဲကိုၾကည့္ဖို႔မဟုတ္ေနဘူးကြ!"

"ငါေလ ႏွလုံးသားမဲ့ ရဲ႕မိန္းမကိုအခုမွ ပထမဆုံးသိသလိုခံစားရတယ္..."

"ဟ! သူမ ကခ်စ္ဖို႔ေကာင္း စေကးကိုသုံးဖို႔ လုပ္ေနၿပီ!" (#°Д°)

တကယ္ႀကီးကိုပဲ ဟဲက်င့္က ေခြးနတ္ဆိုးကမလိုက္ ေတာ့တာကိုေတြ႕ေတာ့ သူက႐ုတ္တရက္လွဲခ်လိုက္ၿပီး သူ႔ရဲ႕ ဝမ္းဗိုက္ေလးကိုေဖာ္ျပလာေတာ့ပါ၏....

အဲ့ဒါကတကယ္ႀကီး ခ်စ္ဖို႔ေကာင္းတာကိုျပခ်င္ေနတေတာ့မဟုတ္ဘူး ရန္သူကိုေစာ္ကားခ်င္ေနသလိုပဲ။အကုန္လုံးၾကက္ေသေသသြားေတာ့တာပဲ!

host ကေတာ့ စိတ္လႈပ္ရွားစြာနဲ႔တင္ျပလာခဲ့သည္။

"ေခြးနတ္ဆိုးက အားက်င့္ဆီက ခ်စ္ဖို႔ေကာင္းစေကးထိသြားၿပီးေတာ့ သူ 3 စကၠန႔္ မတိုက္ခိုက္ႏိုင္ ေတာ့ပါဘူးၿပီးေတာ့ 3 စကၠန႔္ျပည့္ရင္ေတာင္ သူ႔ရဲ႕ တိုက္ခိုက္စြမ္းအားက 5 စကၠန႔္ေလာက္ ထက္ဝက္ ထိေလ်ာ့က်ေနပါဉီးမွာ!အားက်င့္ကအခုေတာ့ တရွိန္ထိုးေျပးလာပါၿပီ ေခြးနတ္ဆိုးကထြက္ေျပးပါေတာ့မယ္!ၿပီးေတာ့ ေခြးနတ္ဆိုးက တိုက္ခိုက္လို႔မရေနပါဘူး!....ေခြးနတ္ဆိုးေသသြားပါၿပီ!"

အျဖစ္ပ်က္တစ္ခုလုံးက 5 စကၠန႔္ပဲ ၾကာခဲ့ပါ၏။ေနာက္ဆုံးမွာေတာ့ အားက်င့္က ဒီပြဲကို ေသြး 4% ေလးနဲ႔ အႏိုင္ရခဲ့တာပါပဲ။

လြမ္းေမာဖြယ္ခ်စ္ျခင္းအသင္းကအႏိုင္ရေၾကာင္း screen ေပၚတြင္ျပသလာခ်ိန္မွာေတာ့ ပရိတ္သတ္ ကဘာေျပာရမွန္းေတာင္မသိေတာ့ေခ်။ဘယ္လိုလုပ္ေႁမြပါနဲ႔တူတဲ့ ဖာရက္အေသးေလးက Fairy pet အဆင့္ 1 ေခြးနတ္ဆိုးကိုအႏိုင္ရသြားရတာလဲေလ?သူမရဲ႕ စြမ္းအားေၾကာင့္လား?ဒါက ကံနဲ႔ဆိုင္တဲ့ ၿပိဳင္ပြဲလဲဟုတ္မေနခဲ့ဘူး!

ထို႔ေနာက္မွာေတာ့ host ေတြက ဆက္ေဆြးေႏြးခဲ့ၾကေလေတာ့သည္။

ေရွာင္လန္: "အားက်င့္အႏိုင္ရသြားတာက သူမကအစထဲက ေခြးနတ္ဆိုးရဲ႕ limit ကိုမ်ား စမ္းသပ္ခဲ့တာလားလို႔ေတာင္ သံသယျဖစ္ေစတယ္ေရာ။ကြၽန္ ေတာ္မွတ္မိသေလာက္ဆို အားက်င့္က ႐ုတ္တရက္ မေပ်ာက္သြားခင္မွာ ေခြးနတ္ဆိုးေရွ႕အႀကိမ္အနည္းငယ္ေလာက္ေပၚလာေသးသလားလို႔ေလ"

ဟြမ္ဟြမ္: "ခင္မ်ားေျပာခ်င္တာက အားက်င့္က သူမပုန္းဖို႔အခ်ိန္ေတြကိုလုံးဝကိုတြက္ခ်က္ထားတာလို႔လား?"

ေရွာင္လန္:"ဟုတ္တယ္ ဒီလိုမွမဟုတ္ရင္ သူမဘာလို႔ ေခြးနတ္ဆိုးေရွ႕မွာ ေနာက္ဆုံးတစ္ႀကိမ္ေပၚလာမွာလဲ?ၿပီးေတာ့ သူမေနာက္ကို အခ်ိန္တစ္ခုထိလဲ လိုက္ခဲ့ေစေသးတယ္ အဲ့ေနာက္ ခ်စ္ဖို႔ေကာင္း စေကးသုံးခဲ့တယ္ေလ။ၿပီးေတာ့ကြၽန္ေတာ္တို႔ spirit pet ေတြ အဲ့စေကးကိုခဏခဏသုံးတာကိုျမင္ခဲ့ဖူးေပမယ့္ အားက်င့္ကေတာ့ တစ္ႀကိမ္ပဲသုံးခဲ့တယ္။ၿပီးေတာ့သူမက အဲ့စေကးကို ေခြးနတ္ဆိုးေျပးလိုက္လို႔ေမာေနတဲ့အခ်ိန္မွသုံးခဲ့တယ္။ၿပီးေတာ့ သူမရဲ႕ေသြးက 5% ပဲရွိတာေတာင္ တည္ၿငိမ္ေနခဲ့တယ္ အဲ့ေနာက္မွာ သူမ100% ႏိုင္ႏိုင္ေခ်ရွိတယ္ဆိုေတာ့မွ ေခြးနတ္ဆိုးကို ပိတ္ဖမ္းေတာ့တာပဲ!"

ဟြမ္ဟြမ္: "ဒါဆို ခင္မ်ားအခုေျပာသြားတဲ့ပုံအရဆို သူမကတြက္ခ်က္ရာမွာေတာ္ပုံရတယ္ေနာ္"

ေရွာင္လန္:"ဒီမွာျငင္းလို႔မရတဲ့အခ်က္တစ္ခ်က္ရွိေသးတယ္ အဲ့ဒါက ဒီဂ်ဳံခင္းက အားက်င့္အတြက္ ပိုအက်ိဳးရွိတယ္ဆိုတာေပါ့။"

အားက်င့္ ကြင္းထဲကထြက္သြားသည့္တိုင္ပရိတ္သတ္မ်ားမွာေတာ့ မယုံၾကည္ႏိုင္ၾကေသးေခ်။ၿပီးေတာ့လူေတြက comment box မွာေဆြးေႏြးေနၾကတုန္းပဲ။လြမ္းေမာဖြယ္ခ်စ္ျခင္းအသင္းရဲ႕မဲအေရအတြက္ကလဲ အ႐ူးအမူးကိုခုန္တက္သြားေတာ့၏။မိနစ္အနည္းငယ္အတြင္းမွာပဲ ဟာဂင္ဒတ္စ္အသင္းကိုေက်ာ္တက္သြားေလရဲ႕။

ခ်ီးက်ဴးဩဘာအသံေတြၾကားမွာပဲ ဟဲက်င့္ကေစာင့္ဆိုင္းဧရိယာသို႔ျပန္သြားခဲ့ေတာ့သည္။ရႉက်ီးက်ာ့လန္က လက္မေထာင္လာကာ

"ကြၽန္ေတာ္ ခင္မ်ား ေခြးနတ္ဆိုးကိုႏိုင္မယ္လို႔ မထင္ထားမိဘူး အရမ္းေကာင္းတာပဲ!"

ေရေသကေတာ့ ယပ္ေတာင္ကိုခပ္ကာေျပာလာေလသည္။

"ကံေကာင္းေထာက္မစြာပဲ အဲ့မွာရွိေနတာအားက်င့္မလို႔ေပါ့ တကယ္လို႔ ရႉက်ီးက်ာ့လန္သာဆို ရလဒ္တစ္မ်ိဳးေျပာင္းသြားေလာက္တယ္"

သူကရႉက်ီးက်ာ့လန္ၾကည့္ကာျဖင့္ေျပာလိုက္တယ္

"ပန္ဒါ ငါတို႔အလွည့္ပဲ"

ဟဲက်င့္: "ကံေကာင္းပါေစ!"

ေရေသနဲ႔ ရႉက်ီးက်ာ့လန္က ေစာင့္ဆိုင္းဧရိယာကေနေပ်ာက္ကြယ္သြာၿပီးေနာက္မွာေတာ့ခ်င္ယြီကဟဲက်င့္အနားကိုတိုးကာေျပာလိုက္ေလသည္။

"မင္းကအရမ္းေတြစိတ္ရွည္တာပဲေနာ္"

ဟဲက်င့္ၿပဳံးလိုက္မိသည္။ၿပီးေတာ့ သူကအနည္းငယ္ပင္ပန္းေနပုံလည္းရသည္။သူစိတ္ရွည္သည္းခံႏိုင္ခဲ့ေသာ္လည္း သူကိုမိနစ္40 ေလာက္စိတ္လႈပ္ရွားေစခဲ့တာက သူ႔ရဲ႕ limit ကိုေရာက္သြားလုနီးနီးပါပဲ။

ခ်င္ယြီကခဏေလာက္တိတ္ဆိတ္သြားၿပီးေနာက္မွာေတာ့ေျပာလာေလသည္။

"ေဟး လက္ေတြ႕မွာလဲ မင္းငါ့ကိုအဲ့လိုလွည့္ကြက္နဲ႔ႏွိပ္စက္မွာလား?"

ဟဲက်င့္:"...."

ခ်င္ယြီ:"ငါမင္းနဲ႔ ေခြးနတ္ဆိုးၾကားက ပြဲကိုငါၾကည့္ ေနတုန္းကဆိုအဲ့ဒါက မင္းငါ့ကိုလက္ေတြ႕မွာ ႐ိုက္ႏွက္ေနသလိုေတာင္ျမင္ေနမိတာ.."

ခ်င္ယြီ: "မင္းအၿမဲ အဲ့လိုတည္ၿငိမ္တတ္တာလား?"

ဟဲက်င့္က သူ႔ေခါင္းကိုလွည့္ကာျဖင့္ေခ်ပလိုက္ ေတာ့သည္။

"ဂိမ္းကဂိမ္းပဲ မင္းအဲ့လိုႀကဳံရာက်ပန္းေလွ်ာက္မခန႔္မွန္းေနပါနဲ႔လား?"

"ဟားဟား"

ခ်င္ယြီက ေပါ့ေပါ့ပါးပါးရယ္ကာျဖင့္ကြင္းကိုၾကည့္လိုက္ေတာ့ေလ၏

ေရေသရဲ႕ ၿပိဳင္ဘက္ကေတာ့ ငါကနတ္ဘုရားအားလင္နဲ႔ Fairy pet ဉီးေဆာင္စာရင္းမွာ အဆင့္ 3 မွာရွိေနတဲ့ သူ႔ရဲ႕ spirit pet က်ိန္စာလို႔ေခၚတဲ့ ဇာမဏီငွက္တစ္ေကာင္ပင္။

သခင္ႏွင့္သူ၏spirit pet ႏွစ္ဦးစလုံးသည္ေလ ေပၚတိုက္ခိုက္ေရးကစားသမားမ်ားျဖစ္ၾကသည္။ ဤသည္မွာ "Demon God" တြင္ေတြ႕ေနက်ေတာ့မဟုတ္ေနခဲ့ပါ။ ပန္ဒါဝက္ဝံသည္ ေျမျပင္ေပၚတြင္ တစ္ေယာက္တည္းေန၍ သူ၏သခင္အား လူတစ္ ဦးႏွင့္ ငွက္တစ္ေကာင္ရဲ႕ ဝိုင္းရံျခင္းကို ခံေနရသည္ ကို ၾကည့္ကာ အလြန္စိတ္ပ်က္လက္ပ်က္ပင္ျဖစ္ေနေတာ့သည္။ေရေသရဲ႕အင္အားသည္ ငါကနတ္ဘုရားအားလင္ႏွင့္ တစ္ေယာက္ခ်င္းယွဥ္ပါက သာေသာ္လည္း ဤနည္းပရိယာယ္မ်ိဳးႏွင့္ ရင္ဆိုင္ရေသာအခါတြင္ေတာ့ အျဖစ္မွန္ကို သူလက္ခံရေတာ့သည္။

ဒီပြဲမွာ ေတာ့ လြမ္းေမာဖြယ္ခ်စ္ျခင္းအသင္းကရႈံးနိမ့္ခဲ့ေလသည္။

ေရေသက ေစာင့္ဆိုင္းဧရိယာသို႔ျပန္သြားေသာအခါ သက္ပ်င္းခ်ကာေျပာလာခဲ့သည္။

"ငါအေကာင္းဆုံးေတာ့ႀကိဳးစားခဲ့ပါတယ္"

ရႉက်ီးက်ာ့လန္က ရႈံးနိမ့္သြားခဲ့သျဖင့္ေခါင္းငုံ႔ထားခဲ့သည္။

မီး: "ငါတို႔ ဒါကို ႀကိဳသိေနတာပဲေလ ဟုတ္တယ္ဟုတ္?"

ရႉက်ီးက်ာ့လန္ကသူတို႔ကိုအလ်င္အျမန္ႏွစ္သိမ့္ ေတာ့သည္။

"ဟုတ္တယ္ ပထမႏွစ္ပြဲက ဘယ္လိုပဲျဖစ္ျဖစ္ကြၽန္ေတာ္တို႔ႏိုင္ႏိုင္ေခ်မရွိေနခဲ့ဘူးေလ ၿပီးေတာ့ အားက်င့္က သူတို႔ထဲကတစ္ေယာက္ကိုႏိုင္ခဲ့တာပဲ အဲ့ဒါကတစ္ခုခုေတာ့တစ္ခုခုပဲ။ေကာင္းၿပီ မီးကေတာ့ ဘယ္လိုမွရႈံးမွာမဟုတ္ဘူး!ၿပီးေတာ့ အသင္းလိုက္ တိုက္ပြဲမွာ ကြၽန္ေတာ္တို႔ႏိုင္မွာ ေသခ်ာေပါက္ပဲ!"

လြင္ေျမာတိမ္တိုက္: "အင္း ဟုတ္တယ္"

မီးကမတ္တပ္ထရပ္လိုက္ကာျဖင့္ ေရေသနားကျဖတ္ေလွ်ာက္ရင္း လက္ဝါးခ်င္း႐ိုက္ကာေျပာလာေလသည္။

"ငါ ေနာက္တစ္ပြဲႏိုင္ခဲ့ရင္ ငါတို႔ အသင္းက ဉီးေဆာင္ေနဉီးမွာပဲ"

ခ်င္ယြီသည္ အေျပာင္းအေ႐ႊ႕ေနရာသို႔သြားေနတာေတြ႕ေတာ့ ဟဲက်င့္ကျမန္ျမန္ဆန္ဆန္ပဲ

"ခ်င္...မီး ကံေကာင္းပါေစ"

ခ်င္ယြီက ေခတၱရပ္ၿပီး လွည့္ၾကည့္လိုက္ကာျဖင့္

"ဒီတစ္ေၾကာင္းပဲလား?"

သူ႔လက္ႏွစ္ဖက္ကိုဖြင့္ထားကာျဖင့္ ဟဲက်င့္ကို ေပြ႕ဖက္ခိုင္းေလသည္။

ဟဲက်င့္မွာ ရွက္ေသြးျဖာသြားရပါ၏။

Continue Reading

You'll Also Like

25.1K 1.7K 38
❝Loving you isn't a big mistake, it is actually the best thing happened in my life, even though we didn't end up together.❞ In which a girl loves a b...
5.7K 798 8
Book 1ကဘယ်လိုမှ ဝင်မရတော့လို့ Book 2ခွဲလိုက်ရပါတယ် ...နောက်အပိုင်းတွေကို ဒီကပဲဆက်ဖတ်ပေးကြပါနော်
24.6K 3.3K 11
Title - The embarrassing days of accidentally wearing the same clothes as the campus prince (和校草撞衫的日子) Author - 迟小爷 (Master Chi) Status in COO - 10...