ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ...

By Swae_Nyoe

205K 21.6K 204

ဘာသာပြန်သူ - စွဲညို့အသင်း More

Description
Part 1
Part 2
တယ်လီဂရုကြေညာချက်..
Part 3
Part 4
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
🥰🥰နန်းတွင်းအသစ်လေး
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံး ပြီးဆုံးပါကြောင်း...
Part 90
Part 92
Part 93
Part 94
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 95
Part 96
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 97
🌧️ချစ်မေတ္တာများဖြင့် မိုးရာသီ ပရိုမိုးရှင်း 2nd Day🌧️

Part 72

1.5K 184 2
By Swae_Nyoe

72 01

TYCDTN

Chapter 72

ခန်းမကြီးက တစ်ဖန် ပြန်လည်တိတ်ဆိတ်သွားကာ တံခါးအပြင်က ယွီစီးယွီ့က ယွီဖင်ယန်လို အစ်ကိုကြီးရှိတဲ့အတွက် ဝမ်းမြောက်ကြည်နူးနေသည်။ တခြားအိမ်တော်ဆိုပါက ဒီလောက်ဒုက္ခခံကာ အမှန်တရားကို ရှာမည် မဟုတ်သလို သပုတ်လေလွင့်စကားတွေကို မယုံဘဲ ခုခံပေးမည် မဟုတ်ပေ။ ငွေဒင်္ဂါးရာဂဏန်းလေးလောက်ပေးကာ အထမ်းစင်ဖြင့် အပြင်ထုတ် ခံနေရလောက်ပြီ ဖြစ်သည်။ မိသားစုရဲ့ ဂုဏ်သိက္ခာကို ဆယ်ဖို့အတွက် သူ(မ)ကို စွန့်ပစ်လောက်ပြီ ဖြစ်သည်။

အစ်ကိုကြီးရဲ့ ကာကွယ်ပေးမှု အောက်မှာ ကြီးပြင်းလာတာ ကောင်းချီး မင်္ဂလာတစ်ပါး ဖြစ်သည်။ ထိုသို့တွေးမိတော့ ယွီစီးယွီ့က မျက်နှာကို လက်ဖြင့်အုပ်ကာ ငိုခဲ့ပြီး အရင်တုန်းက အဖွားနှင့် အစ်ကိုကြီးကို သံသယဝင်ကာ မနာလို ဖြစ်ခဲ့သမျှကို နောင်တရနေမိသည်။

ရိုရိုသေသေဖြင့် ဖန်းမောမောက သူ(မ)ကို လက်ကိုင်ပဝါကမ်းပေးခဲ့သည်။

နောက်ဆုံး ပုတီးစေ့လှိမ့်နေတာ ရပ်သွားတော့ ခန်းမထဲက အသံတွေ ချက်ချင်း တိတ်သွားခဲ့သည်။ ထိုအခါမှ ကြောက်လန့်နေသော ယွီမောက်ချီကို ယွီဖင်ယန်က ကြည့်ပြီး လက်ညှိုးဖြင့် အချက်ပြကာ ခေါ်လေသည်။

"ဒီမှူးမတ်ကြီးဆီလာခဲ့"

သူ့ရဲ့အေးတိအေးစက်အမူအရာနှင့် နူးညံ့သည့်လေသံက အလွန်ရင်းနှီးနေတာကြောင့် ယွီစီးယွီ့ ပြန်တွေးလိုက်တော့ ယွီရှန်း ဒေါသထောင်းခနဲ မထခင် ဖြစ်သည့်ဟန်ဖြစ်ကာ ထိုဟန်ပန်က အစ်ကိုကြီးနှင့် သွားတူနေသည်။ ယွီးစီးယွီ့က မျက်စိမှေးကျဉ်းကာ လှောင်ပြောင်လေသည်။ ယွီမောက်ချီရဲ့ ကံကောင်းမှုတွေ ပျောက်တော့မယ် ဟုလည်း တိတ်တဆိတ်ပြောနေခဲ့သည်။

ယွီမောက်ချီက အမိန့်မနာခံဘဲ မနေရဲပေ။ ယွီမောက်ချီက ဆင်ခြေပေးဖို့ စဉ်းစားနေတုန်း အခေါ်ခံလိုက်ရတာကြောင့် ဖြည်းဖြည်းချင်း ခန်းမရှေ့ကို တိုးသွားခဲ့သည်။

ယွီဖင်ယန်က ငယ်ငယ်ကတည်းက တိုက်ရေးခိုက်ရေး လေ့ကျင့်ခဲ့တာကြောင့် သူ့လက်အားကို သာမာန်လူတွေ မမှန်းဆနိုင်ပေ။ မျက်စိတစ်မှိတ်အတွင်း ယွီမောက်ချီရဲ့ ပါးယောင်ကိုင်းသွားကာ သွားကြားက သွေးထွက်လာသလို နှုတ်ခမ်းထောင့်မှာလည်း သွေးစွန်းနေခဲ့သည်။

သူ(မ)က ကြောက်လန့်တကြား မျက်နှာကို အုပ်ကိုင်ထားကာ ယွီဖင်ယန်က သူ(မ)လို အားနွဲ့သည့်အမျိုးသမီးကို ထိုးလိမ့်မည်ဟု မထင်မိခဲ့ပေ။

လင်ရှီက အော်ဟစ်ကာ သမီးဖြစ်သူဆီ သွားတုန်း မဒမ်အိုကြီးရဲ့ လမ်းလျှောက် ကြိမ်တုတ်ဖြင့်အတားခံရကာ ခက်ထန်စွာ ဆုံးမခံရလေသည်။

"ထိုင်နေစမ်း၊ ယန်အာက သူ့ညီမကို ဆုံးမလိမ့်မယ် ဘယ်သူမှ ဝင်မနှောင့်ယှက်နဲ့"

လင်ရှီက စိုးရိမ်နေကာ ကြိမ်တုတ်ကို တွန်းဖယ်ချင်ပေမယ့် ဒူးခေါင်းကို ပြင်းထန်စွာ ရိုက်မိသွားတာကြောင့် နာကျင်စွာ လဲကျနေလေသည်။

တံခါးအပြင်က ယွီစီးယွီ့ရဲ့ အမူအရာက မုန်းတီးမှုကော စိတ်သက်သာမှုပါ ဖြစ်နေပြီး အသက်ရှူသံတွေ ပိုလေးလံနေသည်။ စိတ်ထဲမှာတော့ ကြိတ်ကာ သူ(မ) အဖွားနှင့် အစ်ကိုကြီးရဲ့ လုပ်ရပ်ကို လက်ခုပ်တီးကာ အားပေးနေသည်။

ယွီမောက်ချီက နားတွေအူနေကာ ဦးနှောက်က ရှုပ်ထွေးနေပြီး ဘာမှမတွေးနိုင်တော့ပေ။ ယွီဖင်ယန် သူ(မ)ကို ခေါ်တုန်းက သေမတတ်ကြောက်နေခဲ့ကာ ခြေထောက်တွေ ပျော့ခွေနေပေမယ့် အားတင်းကာ ဆက်သွားခဲ့သည်။

ယွီဖင်ယန်က သူ(မ)ရဲ့ အောက်မေးရိုးကို အားနှင့်ဆွဲကိုင်ကာ တစ်လုံးချင်း ပြောလေသည်။

"ယွီမောက်ချီ မင်း ဘယ်လိုလူစားမျိုးလဲဆိုတာ မှူးမတ်ကြီး သိပြီးတာကြာပြီ၊ ရှန်မိသားစု ယုတ်လျော့ ကျဆင်းသွားတာက မင်း အိမ်ရှေ့စံနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့လို့ ဖြစ်တာ၊ မင်းရဲ့လိမ်လည်တဲ့ အပြုအမူကြောင့် မင်းရဲ့မွေးစားအဖေ သေခဲ့ပြီး မင်းကို မိသားစုဆီပြန်ပို့ဖို့ ရည်ရွယ်ထားတဲ့ မွေးစားအမေက မင်း သူ့ဆေးဖိုးတွေ ယူထွက်ပြေးသွားလို့ ဒေါသထွက်ပြီး သေသွားခဲ့တာ၊ အတိတ်က ကိစ္စတွေကို အသာထားဦး၊ ရှန်ယွမ်ချီ မြို့တော်မှာ ရှိနေတာကို မင်းသိတော့ သူ့ရဲ့အသက်မွေးဝမ်းကြောင်း ပျက်စီးသွားအောင် သူက ရွှယ်အိမ်တော်က ကျွန် ပါဆိုပြီး ရည်ရွည်ချက်ရှိရှိ သတင်းဖြန့် ခိုင်းခဲ့တယ်၊ မွေးပေးတာထက် ကျွေးမွေးစောင့်ရှောက်တာက ပိုကျေးဇူးကြီးတယ်ဆိုတဲ့ စကားရှိတဲ့အတိုင်း မင်းကတော့ မင်းကို ပြုစုပျိုးထောင်ခဲ့တဲ့ ရှန်လင်မယားကို စွန့်ပစ်ပြီး အတူတူ ကြီးပြင်းလာတဲ့ အစ်ကိုကြီးကိုပါ စွန့်ပစ်ခဲ့တယ်၊ မင်းက ကောက်ကျစ်ယုတ်မာပြီး အသိတရားပါ မရှိတော့တာ၊ မင်းက ရှန်းအာအပေါ် အပြစ်တွေပုံချလို့ရပေမယ့် ငါက သူ့ကိုတစ်စက်မှ သံသယ မဝင်တာကိုတော့ မင်းမသိဘူးပဲ၊ အခုမင်းရဲ့ ကြောင်သူတော်ကြွက်သူခိုး မျက်နှာဖုံးကို ခွာရမယ့်အချိန်ပဲ"

72 02

ထိုစကားတွေကြောင့် ယွီမောက်ချီက ကြောက်လန့်သွားခဲ့သည်။ လင်နန်က ဝေးလံလွန်းသည့်အပြင် ရှန်မိသားစုဝင်တွေလည်း သေကုန်ပြီမလို့ ဘယ်သူမှ သူ(မ) အတိတ်အကြောင်းကို မသိနိုင်ဘူးလို့ ထင်ခဲ့ပေမယ့် ယွီဖင်ယန်က အချက်အလက် အကုန်လုံးကို စုံစမ်းနိုင်ခဲ့သည်။ ဒါကြောင့် အစ်ကိုကြီးနှင့် အဖွားဖြစ်သူက သူ(မ)ကို အေးစက်စွာ ဆက်ဆံခြင်း ဖြစ်သည်။

လူထုရှေ့မှာ ကိုယ်လုံးတီး ချွတ်ပြခံလိုက်ရသလို ယွီမောက်ချီ အလွန်ရှက်သွားကာ မကျေမနပ် ဖြစ်နေပြီး လက်၂ဖက်ကို ပုခုံးကို ဖက်ထားလေသည်။

ယွီမောက်ချီရဲ့ အကြင်နာမဲ့သည့် လုပ်ရပ်တွေကို ကြားပြီးနောက် တံခါးနောက်က ယွီစီးယွီ့က ကြောက်ရွံ့နေသည်။ သူက သားရဲကောင် မဟုတ်ဘဲ အဲထက်ဆိုးတယ်။

စစချင်းမှာ လင်ရှီက မယုံနိုင်ဖြစ်နေကာ ထိတ်ထိတ်ပျာပျာ အော်လေသည်။

"ရှန်လင်မယားကသာ ချီအာကို ဒုက္ခပေးတဲ့တရားခံတွေ၊ ချီအာက သူတို့ကိုစွန့်ပစ်ခဲ့တာ ဘာမှားလဲ၊ သူတို့သေသွားတာ ကံကောင်းတယ် မဟုတ်လို့ကတော့ ပြန်ပေးဆပ်ရအောင် ကျွန် လုပ်ပစ်မှာ..."

"နင့်ပါးစပ်ကိုပိတ်ထား"

မဒမ်အိုကြီးက လင်ရှီရဲ့ ပါးစပ်ကို လမ်းလျှောက်ကြိမ်တုတ်ဖြင့် အသံမြည်အောင် ရိုက်ပစ်ကာ သွားကြိတ်ကာ အေးစက်စွာ ပြောလေသည်။

"ဒီလိုအမေမျိုးက မွေးရင် သူ့လိုပုံစံသမီးပဲ ရမယ်ဆိုတာ မှန်တာပဲ၊ နင့်လို စိတ်ထားမကောင်းတဲ့ အမေမျိုးက မွေးထားမှတော့ ရှန်မောက်ချီလည်း မကောင်းတာ မဆန်းတော့ပါဘူး၊ မကောင်းဆိုးဝါးမတွေ ကောင်းကျိုး မပေးတဲ့ သက်ရှိ၂ကောင်"

"မဟုတ်ဘူး မဟုတ်ဘူး ကျွန်မ မလုပ်ခဲ့ပါဘူး အစ်ကိုကြီး ကျွန်မ အဲလိုမလုပ်ခဲ့ပါဘူး"

ယွီမောက်ချီက နောက်ဆုံးအချိန်ထိ ငြင်းဆန်နေခဲ့သည်။

ကျင်းမောမောက ဖြူဖတ်ကာ ဒူးထောက်ချကာ အရိုအသေပေးကာ ပြောလေသည်။

"မှူးမတ်ကြီး ဒီကိစ္စက သခင်မလေးနဲ့သခင်မကြီးနဲ့ ဘာမှမသက်ဆိုင်ပါဘူး၊ အကုန်လုံးက ဒီအစေခံရဲ့ အကြံတွေပါ၊ မှူးမတ်ကြီးတို့ သခင်မလေးရှန်းအာကို အလိုလိုက်ပြီး သခင်မလေးကိုကျတော့ လျစ်လျူရှုထားတာကို မကြည့်ချင်လို့ မမကြီးက သခင်မလေးဆီကနေ နေ့တိုင်း ငွေညှစ်နေတာကို သည်းမခံနိုင်တော့လို့ သခင်မကြီးနဲ့ သခင်မလေးရဲ့ စိုးရိမ်မှုတွေ ပြေလျော့သွားအောင် ဒီအစေခံက အကွက်ချ စီစဉ်ပေးခဲ့တာပါ၊ အကုန်လုံးကို ဒီအစေခံက လုပ်ခဲ့တာပါ၊ မိသားစုက ငွေကြေး မခွဲဝေပေးမှာစိုးလို့ သူတို့ကို သခင်မလေးနဲ့ သခင်မကြီးခိုင်းတာဆိုပြီး ချော့ပြောခဲ့တာပါ၊ သခင်မလေးနဲ့သခင်မကြီးကို သူတို့က သစ္စာရှိတော့ မငြင်းခဲ့ပါဘူး၊ ဒီအစေခံကပဲ ကျူးလွန်သူမလို့ အပြစ်ပေးဖို့ တောင်းဆိုပါတယ်"

ယွီမောက်ချီကို ဆုပ်ကိုင်ထားတာကို ယွီဖင်ယန်က လွှတ်လိုက်ကာ ကျင်းမောမောကို ကြည့်လိုက်သည်။ စိတ်သက်သာရာရစွာ သက်ပြင်းချပြီး ယွီမောက်ချီက လင်ရှီရဲ့ လက်ထဲ ပြေးဝင်သွားခဲ့သည်။ ကျင်းမောမောက အပြစ်တွေ အကုန် ခံယူလိုက်တာကြောင့် လင်ရှီက ဆွံ့အနေခဲ့သည်။

သူ(မ)ရဲ့ တစ်မိသားစုလုံးက မှူးမတ်ကြီးရဲ့ လက်ထဲ ကျရောက်နေပြီ ဖြစ်တာကြောင့် ပြန်လွတ်မြောက်စရာ အကြောင်းမရှိပေ။ မိသားစုဝင်တွေနှင့် အတူတူ လိုက်သေလိုက်ခြင်းက သခင်နဲ့အစေခံကြားက ကြိုးကိုလည်း ပြီးမြောက် ခိုင်မာစေလိမ့်မည်။ စိတ်ငြိမ်ပြီးထားနောက် ကျင်းမောမောက ထပ်အရိုအသေပေးကာ တောင်းဆိုလေသည်။

"အကုန်လုံးကို ဒီအစေခံက လုပ်ခဲ့တာပါ၊ သခင်မလေးနဲ့ သခင်မကြီးနဲ့ မဆိုင်ပါဘူး၊ ဒီအစေခံကို ပြစ်ဒဏ်ချမှတ်ပေးဖို့ မှူးမတ်ကြီးကို တောင်းဆိုပါတယ်"

"ကောင်းတယ် သိပ်ကောင်းတယ်"

ယွီဖင်ယန်က ပြုံးကာ လက်ဝေ့ယမ်းပြပြီး

"မင်းက သေလမ်းရှာနေမှတော့ ဒီမှူးမတ်ကြီးက ဖြည့်ဆည်းပေးရမှာပေါ့၊ ဒီကိစ္စရဲ့ လက်သည်ကို ဒီမှူးမတ်ကြီးက ရမ်းသန်းပြီး ကောက်ချက်ချခဲ့မိတာပဲ၊ ငါက ရက်စက်ကြမ်းတမ်းပေမယ့် ငါ့အမေနဲ့ညီမကိုတော့ ငါမသတ်ပါဘူး"

ကပ်ဘေးကြီး ပြီးဆုံးသွားမှ လင်ရှီတို့သားအမိက စိတ်သက်သာရာ ရသွားခဲ့သည်။

သူတို့၂ယောက်ကို မျက်စိစွေကြည့်ကာ ယွီဖင်ယန်က ဆက်ပြောလေသည်။

"ဒါပေမဲ့ နောက်တစ်ကြိမ်ရှိလာရင်တော့ ဒီမှူးမတ်ကြီးက သက်ညှာပေးမှာမဟုတ်ဘူး၊ လက်တွေကို ဖြတ်ပစ်မယ်"

လင်ရှီနှင့်ယွီမောက်ချီက တုန်ယင်နေသည့်လက်တွေကို သူတို့ရဲ့ အင်္ကျီလက်အောက်ထဲ ဝှက်ထားလေသည်။

ဖန်းမောမောက ကျင်းမောမောကို ကြိုးတုတ်ဖို့ လူလွှတ်လိုက်ပြီး ယွီဖင်ယန်က မဒမ်အိုကြီးကို အခန်းပြန်နားဖို့တိုက်တွန်းပြီးနောက် လင်ရှီတို့သားအမိကို သူ့နောက်ကနေ မြေအောက်ခန်းကို လိုက်ခိုင်းခဲ့သည်။ ယွီမောက်ချီက လင်ရှီရဲ့ လက်မောင်းထဲပုန်းနေကာ သားအမိ၂ယောက် ယိုင်တိုင်တိုင်ဖြင့် တံခါးနားသွားလိုက်ပြီး မဒမ်အိုကြီးရဲ့ စကားသံကို ကြားလိုက်ရလေသည်။

72 03

"နေဦး၊ မသွားခင် ခါးနားကအိတ်ကို ဖြည်လိုက်၊ ငါ့ကို ငတုံးလို့ မှတ်ပြီး ဘာလို့ သာမာန်စက္ကူ ထည့်ထားတဲ့အိတ်ကို ဟန်ဆောင်လွယ်ပြနေတာလဲ"

အသိစိတ် ပြန်မကပ်ခင်အထိ ယွီမောက်ချီက နေရာမှာတင် တောင့်တင်းစွာ အကြာကြီး ရပ်နေခဲ့သည်။ မျက်လုံးထဲမှာ သရော်မှုတွေ အပြည့်ပါနေသည့် မာမောမောထံကို သူ(မ)က အိတ်ကို လက်လွဲပေးလိုက်သည်။ မာမောမောက အိတ်ထဲက ရိုးရိုးစာရွက်တစ်ခုကို ထုတ်ကာ ဆုတ်မဖြဲခင် မဒမ်ကြီး မြင်ရအောင် ဖြန့်လိုက်သေးသည်။

သူ(မ)ကိုယ်သူ(မ) အကြာကြီး ညှင်းပန်းမိခဲ့ခြင်း ဖြစ်သည်။ ထိုအခါမှ ယွီမောက်ချီ သိလိုက်ရတာက ယွီမိသားစုက ရှန်မိသားစုနှင့် လုံးဝမတူဘဲ သူ(မ) စိတ်တိုင်းကျ လုပ်ဖို့အခွင့်အရေး မရှိကြောင်း သိလိုက်ရသည်။ သူ(မ)က လူတိုင်းကို အရူးလို ဆက်ဆံလှည့်စားခဲ့ပေမယ့် လူတိုင်းက သူ(မ)ကို လူရွှင်တော်လို စောင့်ကြည့်နေမှန်း မသိခဲ့ပေ။

သူ(မ)က အရှက်ကွဲခဲ့တာ ကြာလှပြီဖြစ်သည်။

ထိုသို့တွေးလိုက်တော့ ယွီမောက်ချီက သွေးတွေ ဆူပွက်လာကာ ပေါက်ကွဲမတတ် ခံစားလိုက်ရသည်။ လင်ရှီရဲ့ ပွေ့ဖက်မှုထဲမှာ ပုန်းကာ ကြောက်ကြောက်လန့်လန့် လမ်းလျှောက် ထွက်လာကာ အဆောင်ပြင်ရောက်တော့ သူ(မ)ကို စိုက်ကြည့်နေသည့် ယွီစီးယွီ့နှင့် ဆုံခဲ့လေသည်။ သူ(မ)က ရှောင်လိုက်ပေမယ့် ယွီစီးယွီ့က လမ်းပိတ်ခဲ့သည်။

"ယွီစီးယွီ့ နင်က ကောင်းကင်ဘုံကို ဖီဆန်တာပဲ"

လင်ရှီက ဒေါသထွက်စွာ ပြစ်တင်ကြိမ်းမောင်းလေသည်။

"ကောင်းကင်ဘုံကို ဖီဆန်တယ်ဆိုတော့ကော ဘာလုပ်ချင်လဲ၊ လုပ်နိုင်ရင် ကျွန်မကို သတ်ပစ်လိုက်လေ"

ယွီစီးယွီ့က စိတ်ပျက်စွာ ရယ်ကာ ယွီမောက်ချီရဲ့ မျက်နှာကို တံတွေးဖြင့်ထွေးကာ ပြောလေသည်။

"ထွီး ခွေးမ တိရိစ္ဆာန်ထက်တောင် ပိုယုတ်ညံ့တဲ့ကောင်မ၊ ငါ ယွီစီးယွီ့က အခုကစပြီး နင့်ကိုမကျေဘူး"

ယွီဖင်ယန်က ဘေးမှာ အေးတိအေးစက် ကြည့်နေတာကြောင့် ယွီမောက်ချီလည်း ဘာမှပြန်မချေပရဲဘဲ မျက်နှာမှာကပ်နေသည့် တံတွေးကိုသာ အင်္ကျီလက်ဖြင့် တိတ်တဆိတ်သုတ်လိုက်လေသည်။

ယွီစီးယွီ့က မထီမဲ့မြင် ပြုံးပြီးနောက် ယွီဖင်ယန်ကို တောင်းပန်ကာ သိပ်မဝေးသည့်နေရာက ယွီရှန်းဆီ သွားလိုက်ကာ လက်ဟန်ခြေဟန်ဖြင့် စကားတချို့ ပြောလေသည်။ ယွီဖင်ယန်က ညီမဖြစ်သူကို လက်ဝေ့ယမ်းပြလိုက်ပြီး လင်ရှီတို့သားအမိနှင့် ကျင်းမောမောကို မြေအောက်ခန်းဆီ ခေါ်ဆောင်သွားခဲ့သည်။

"ကျင်းမောမောက သခင်ဖြစ်သူရဲ့ နောက်ကွယ်မှာ လူသတ်မှု ကျူးလွန်ခဲ့တာကြောင့် ပြစ်မှုအရမ်းကြီးတယ် ဒါကြောင့် ပျဉ်ဒဏ် အချက် ၁၀၀ ရိုက်ခံစေ"

လက်တင်ပါသော သစ်သားခုံတွင် ဝင်ထိုင်ကာ အေးစက်စွာပြောခဲ့သည်။

ထောင်ခန်းမရဲ့ ဘေးဖက်၂ဖက်လုံးရဲ့အခန်းငယ်ထဲမှာ ကျင်းမောမောရဲ့ ကလေးတွေမြေးတွေ ရှိနေပြီး လူဒါဇင်ကျော် ရှိနေသည်။ သူတို့တွေက ထိုစကားကြားတော့ ထောင်ခန်းမတံခါးနား လာကြကာ သက်ညှာပေးဖို့ တောင်းပန်ခဲ့ကြပြီး အကူအညီပေးဖို့ လင်ရှီနှင့် ယွီမောက်ချီကိုလည်း အော်ခေါ်နေခဲ့ကြသည်။

လင်ရှီနှင့်ယွီမောက်ချီက အတူတူ ဖက်ထားကာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြသည်။

"ခင်ဗျားတို့တွေ ဘာမကောင်းမှုတွေ ဖန်တီးခဲ့လည်းဆိုတာ ထိုင်ကြည့်လိုက်ပါဦး"

ယွီဖင်ယန်က သူ့ဘေးက ထိုင်ခုံ၂လုံးကို ပုတ်ပြခဲ့သည်။

လင်ရှီနှင့် ယွီမောက်ချီက ကြောက်ကြောက်လန့်လန့်ဖြင့် ထိုင်ကာ သူ့ကို တောင်းပန်သည့် မျက်ဝန်းတွေဖြင့် မကြာခဏ ကြည့်နေခဲ့သည်။

ယွီဖင်ယန်က သူတို့ကို လျစ်လျူရှုကာ အချက်ပြကာ ပြောလေသည်။

"ဆောင်ရွက်လိုက်တော့"

အစောင့်တွေက ကျင်းမောမောကို ထိုင်ခုံမှာ ချည်ကာ ဘန်းကနဲ ရိုက်လိုက်သည်။ စစတုန်းကတော့ သူ(မ)က အံကြိတ်ကာ သည်းခံခဲ့ပေမယ့် အချက်၃၀ ရိုက်ခံရပြီးနောက်မှာတော့ ကျင်းမောမောက သက်ညှာပေးဖို့ တောင်းပန်ခဲ့ပြီး အချက်၅၀ အရိုက်ခံရပြီးနောက်မှာတော့ လျှာကိုကိုက်ခဲ့ပေမယ့် အသက်ရှူနေသေးတာကြောင့် သူ(မ)က သွေးနီရောင်သမ်းနေသော မျက်လုံးတွေဖြင့် လင်ရှီတို့သားအမိကို စိုက်ကြည့်နေခဲ့သည်။

ခဏနေတော့ ကျောရိုးကျိုးသံ ကြားလိုက်ပြီး ကိုယ်ခန္ဓာက၂ခြမ်းဖြစ်သွားကာ တုတ်ဝေ့ရမ်းသည့်နေရာတိုင်း အသားစတွေပျံ့ကျဲနေလေသည်။

ထောင်အခန်းငယ်၂ခုလုံးက ကျင်းမောမောရဲ့ မိသားစုဝင်တွေက ထိုကဲ့သို့ ကြောက်ဖို့ကောင်းသည့် မြင်ကွင်းကို မတွေ့ဖူးကြပေ။ သူတို့က အချင်းချင်း ပွေ့ဖက်ကာ အော်ဟစ်နေပြီး ကလေးတွေဆိုရင် ကြောက်လို့ မေ့လဲကုန်သည်။

လင်ရှီနှင့်ယွီမောက်ချီက ထိုမြင်ကွင်းကို မကြည့်ရဲတာကြောင့် ခေါင်းကိုလွှဲထားကာ မျက်လုံးပိတ်ထားကြသည်။

72 04

ယွီဖင်ယန်က လင်ရှီကို ဂရုမစိုက်ပေ။ သူက မတ်တပ်ထရပ်ကာ ယွီမောက်ချီရဲ့ဘေးကို သွားလိုက်ပြီး သူ(မ)ရဲ့ အောက်မေးရိုးကို ညှပ်ကာ ဆွဲလှည့်ပြီး အေးတိအေးစက် ပြောလေသည်။

"မျက်လုံးဖွင့်လိုက် မဟုတ်ရင် ဒီမှူးမတ်ကြီးကိုယ်တိုင် မင်းမျက်လုံးတွေကို ထိုးဖောက်ပစ်မယ်"

ရာထူးအရ ယွီဖင်ယန်က လူတစ်ယောက်ရဲ့စိတ်ကို ဘယ်လိုဖျက်စီးရမယ် အသားနာအောင် မလုပ်ဘဲ သေတာထက် ပိုနာကျင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ လူတိုင်းထက် ယွီဖင်ယန်က ပိုသိသည်။

ကြောက်လန့်စွာဖြင့် ယွီမောက်ချီက သူ(မ)ရဲ့ နီရဲနေသော မျက်လုံးကို ဖွင့်လာကာ ကြမ်းတမ်းစွာ ရိုက်နေသည့် လူတွေကို ကြည့်လိုက်သည်။ အချက်၁၀၀ ပြည့်သွားသည့်နောက်မှာတော့ သူ(မ)က လည်ပင်းဆန့်ကာ အသက်ကို လုရှုနေတုန်း ယွီဖင်ယန်က အင်္ကျီလက်ကို ဇိမ်ပြေနပြေဖြည်နေတာကို တွေ့လိုက်လေသည်။ သူ့လေသံက နူးညံ့နေကာ..

"မင်းရဲ့ပြစ်မှုဟောင်းတွေကို ဒီမှူးမတ်ကြီး မပြောတော့ပါဘူး၊ ဒီလူတွေကို သတ်မလား လွှတ်ပေးမလား ဆိုတာတော့ မင်းရဲ့စကားတွေအပေါ်ပဲမူတည်တယ်"

သတ်မလား လွှတ်ပေးမလား။ ယွီမောက်ချီက ပိုနာကျင်သွားခဲ့သည်။ ဒီလူတွေကို လွှတ်လိုက်ပါက သူတို့က မကျေမနပ်နှင့် သူ(မ)ရဲ့ အတိတ်အကြောင်းကို ဖော်ထုတ်နိုင်ပြီး သတ်လိုက်ပါကလည်း မယုံကြည်ထိုက်သော အကြင်နာတရားမဲ့သောလူ ဖြစ်သွားနိုင်သည်။

ဒါပေမဲ့ ယွီဖင်ယန်နဲ့ မဒမ်ကြီးရဲ့ ရင်ထဲမှာ သူ(မ)က မယုံကြည်ထိုက်သော အကြင်နာမဲ့သည့်လူ ဖြစ်နေပြီးသားမလို့ ဘာကို ထပ်ဖုံးကွယ်ရဦးမှာလဲ။ ဘာပဲဖြစ်ဖြစ် ဘေးကင်းလုံခြုံဖို့က အဓိကပဲ။

စိတ်ဆုံးဖြတ်ပြီးနောက် ယွီမောက်ချီက အံကြိတ်ကာ ပြောလေသည်။

"သတ်လိုက်"

လင်ရှီက ခေါင်းလှည့်လာကာ သူ(မ)ကို ကြက်သေသေသည့် အကြည့်ဖြင့် ကြည့်ခဲ့သည်။ လင်ရှီ ကလေးဘဝကတည်းက ကျင်းမောမောက နို့ချိုတိုက်ကျွေး ထိန်းကျောင်းလာတာ ဖြစ်ပြီး သူ(မ)ရဲ့ သမီး၂ယောက်က လင်ရှီအတွက် ညီအစ်မနှင့် တူသည်။ လင်ရှီရဲ့ သဘောအရဆိုရင် သူတို့ကို လွှတ်ပေးကာ လျော်ကြေးပေးပြီး မြို့တော်ကနေ ထွက်သွားခိုင်းမည် ဖြစ်သည်။ ဒီလိုဆိုရင် သူတို့မှာ အနည်းဆုံးတော့ လွတ်လမ်း ရှိသေးပေမယ့် သမီးဖြစ်သူက သတ်ပစ်ဖို့ ရွေးလိမ့်မည်ဟု မထင်မိခဲ့ပေ။

လင်ရှီက သမီးဖြစ်သူကို ဘယ်လောက်ပဲ ဘက်လိုက်ပါစေ ထိုကိစ္စကြောင့် နှလုံးသားထဲ အေးစိမ့်သွားခဲ့ရသည်။

ယွီဖင်ယန်က အလွန်ရယ်မောကာ လက်ခုပ်တီးလျက်ပြောလေသည်။

"တကယ့်ကို ဒီမှူးမတ်ကြီးရဲ့ ညီမအရင်းပဲ၊ တော်တော်အကြင်နာမဲ့တာ၊ ဒါဆိုလည်း လူတိုင်း သေတဲ့အထိ အရိုက်ခံရမယ် မင်းကတော့ အပြစ်ပေးတာကို ကြည့်နေရမယ်၊ ဒီမှူးမတ်ကြီးကတော့ အရင်သွားနှင့်ပြီ"

သူက တံခါးနား လျှောက်သွားကာ အစောင့်တွေကို အမိန့်ပေးလေသည်

"အပြစ်ပေးတာ မပြီးမချင်း သူတို့ကို သွားခွင့်မပေးနဲ့၊ ယွီမောက်ချီက မျက်လုံးဖွင့်ဖို့ ငြင်းဆန်ရင် ဝါးချောင်းနဲ့ မျက်ခွံကို ထောက်ဖွင့်လိုက်၊ ဘာမှ ယဉ်ကျေးနေစရာ မလိုဘူး"

အစောင့်တွေက အမိန့်နာခံခဲ့ကာ ယွီမောက်ချီက ထိုင်ခုံထက် လဲကျသွားခဲ့သည်။

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Continue Reading

You'll Also Like

49.8K 8.3K 48
Name(s) : Quick Transmigration Cannon Fodder's Record of Counterattacks Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
36.6K 5.1K 19
[Unicode + Zawgyi code] Name: ဗီလိန်ဖေဖေ၅ယောက်က ငါ့ကိုအလိုလိုက်ဖို့ ရန်ဖြစ်နေကြတယ် Summary >> Ye sang ရဲ့ အဖေငါးယောက်ဟာ ဒီကမ္ဘာမှာ မကောင်းမှုတွေကို လ...
1.9M 336K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
731K 64.1K 59
မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်းကမ္ဘာဦးခိုက် time travel (My Universe i...