အပိုင်း(၂၁)
"အား"
"ဝူး ဝါး ဝူး ဝါး ဝူး ဝါး ဝူး ဝါး ဝူး ဝါး ဝူး ဝါး ဝူး ဝါး"
ဆုပိုင်က ထိုလူသန်မာကြီး၏ လက်ထဲမှ ပြောင်းတိုသေနတ်ကို ဖမ်းလုလိုက်ပြီး သူ၏ဓားမြှောင်ကို သုံးလျက် တိုက်ခိုက်သူ၏ လည်ပင်းကို ခပ်တင်းတင်း ဖိထားလိုက်သည်။
သူက တစ်ဖက်သူ ပြောနေသည့် ဘာသာစကားကို နားမလည်သည့်တိုင်အောင် ဓားမြှောင်ထံမှ အေးစက်မှုအရ ထိုရုရှားအမျိုးသားက တုန်ယင်သွားလေသည်။
"မျောက်တိုဘုရင် ဆင်းလာတော့"
ထိုလူသန်မာကြီး၏ ဆံပင်ကို ဆက်တိုက်ဆုပ်ဖြဲနေသည့် မျောက်တိုဘုရင်က တွန့်ဆုတ်စွာဖြင့် အောက်သို့ ဆင်းလာသည်။
"ထွီ"
ဆုပိုင်၏ မျက်လုံးက မှေးကျင်းသွားသည်။ ထိုလူသန်မာကြီး၏ ပေါင်းကို ထက်ရှသော ဓားဖြင့် တစ်ချက်ထိုးစိုက်လိုက်သောအခါ သွေးများက ပန်းထွက်လာသည်။
"အား"
အော်သံက ထွက်လာသည်။
ဓာတ်မီးကို ကောက်ယူလိုက်ပြီးနောက် ရှေ့မှထိုလူ၏ မျက်နှာကို ဂရုတစိုက်ကြည့်လိုက်သည်။ ထို့နောက် ဆုပိုင်က ငုံ့ကိုင်းလိုက်ပြီး လူ၏အဝတ်တိုင်းကို ဆွဲချွတ်သည်။
"ဟွန့်"
"သွားရအောင်"
မြေပြင်တွဲ လှဲကာ အော်ဟစ်နေသည့် ထိုကျူးကျော်သူကို ကြည့်နေသည့်အချိန်တွင် ဆုပိုင်ထံတွင် မည်သည့် သနားညှာတာသည့် ခံစားချက်ကိုမှ မခံစားရချေ။ သူက ကြင်နာလွန်းသည်ဟုပင် ခံစားရသေးသည်။ ထိုလူက မျောက်တိုပေါင်းများစွာကို ပစ်သတ်ခဲ့သည်။ သူကမူ ပေါင်ကို ဓားဖြင့်သာ ထိုးထားခဲ့၏။ ဒါက ဈေးပေါလွန်းနေသေးသည်။
သို့ရာတွင် အပြင်ဘက်တွင်လည်း နောက်ထပ် ကျူးကျော်သူနှစ်ယောက် ရှိနေသေးသည်။ သူတို့တွင်လည်း ပြောငးတိုသေနတ်များ ပါသည်။ ဒီနေ့ သူက ထိုကျုးကျော်သူများကို သင်ခန်းစာ ပေးမည်ဖြစ်သည်။ သူတို့က မည်သည့်နည်းနှင့်မျှ ပြန်လာပြီး မကျူးကျော်နိုင်တော့အောင် လုပ်ရပေမည်။
"ကျွီ ကျွီ ကျွီ"
မျောက်တိုဘုရင်က ဆုပိုင်၏ အရှေ့တွင် ရပ်နေသည်။ သူက ခပ်ပြင်းပြင်း နှာမှုတ်လိုက်ပြီးနောက် လက်ချောင်းတို့ကို ဆန့်တန်းကာ တစ်နေရာသို့ ညွှန်ပြသည်။
ဒိုင်း
ရုတ်တရက် အဝေးမှ သေနတ်သံတစ်သံ ထွက်ပေါ်လာသည်။ ဆုပိုင်က ခပ်မြန်မြန် လိုက်သွားသည်။
အဝေးမှကြည့်သော် နောက်ထပ် ကျူးကျော်သူတစ်ယောက်က ပြောင်းတိုသေနတ်ကို ကိုင်ထားပြီး သစ်ပင်အနှံ့ထွက်ပြေးနေသည့် မျောက်တိုများကို ပစ်ခတ်နေကြောင်း မြင်ရသည်။
ဒိုင်း
သေနတ်သံက ထပ်ထွက်လာသည်။ ကျူးကျော်သူက မြေပြင်သို့ လဲကျသွားပြီး သူက သူ့ပေါင်ကို အုပ်ကိုင်ထားရင်း ငြီးငြူနေသည်။ ဆုပိုင်က အနားသို့ ပြေးလျှေက်သွားသည်။ ဘေးဘက်ရှိ မျောက်တိုဘုရင်က ချက်ချင်း ခုန်ဝင်လာသည်။ သူက နာခံစွာဖြင့် ဘေးဘက်သို့ ကျသွားသည့် ပြောင်းတိုသေနတ်ကို ကောက်ကိုင်ကာ အဝေးသို့ ပစ်လိုက်သည်။
"ကျစ်"
နှုတ်ဆက်လိုက်သလိုကြီး သစ်ပင်ပေါ်ရှိ မျောက်တိုတိုင်းက အောက်ဘက်သို့ ခုန်ဆင်းလာပြီး ထိုကျူးကျော်သူ၏ အဝတ်များ၊ အသာအရေများကို ရူးသွပ်စွာဖြင့် ဆုတ်ဖြဲကြသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ကျူးကျော်သူ၏ တစ်ကိုယ်လုံးက အဝတ်ဗလာ ဖြစ်သွားသည်။
"ဝူး ဝါး ဝူး ဝါး ဝူး ဝါး"
သူက စကားဆက်ပြောသည်။ သို့သော် ဆုပိုင်က နားမလည်ချေ။ သူ၏နှုတ်ခမ်းများက ကော့တက်သွားသည်။ ထို့နောက် ပြောင်းတိုသေနတ်ကို ကိုင်ပြီး တစ်ဖက်သူ၏ အနားသို့ လျှောက်သွားလိုက်သည်။
ဘန်း
ကျုးကျော်သူ၏ ခေါင်းတည့်တည့် သေနတ်ဖင်ဖြင့် ဆောင့်ရိုက်လိုက်ပြီး ထိုလူကို မေ့သွားစေလိုက်သည်။
ထို့အပြင် နောက်ဆုံးကျူးကျော်သူ တစ်ယောက် ကျန်သေးသည်။ ထိုကျူးကျော်သူကို သုတ်သင်ပြီးသည်နှင့် ဒီနေ့၏တာဝန်က ပြီးမြောက်သွားလေပြီ။
မျောက်တိုအချို့ သေသွားသည့်တိုင်အောင် ဆုပိုင်က မပေါ်လာခဲ့လျှင် အားလုံးက မျိုးတုန်းပျောက်ကွယ်သွားသည်အထိ အန္တရာယ်များလေသည်။
ထို့အပြင် သူတို့ကို စောင့်ကြိုနေမည်မှာ တစ်သက်တာ ကျွန်ပြုခံရခြင်း သို့မဟုတ် စားပွဲပေါ်ရှိ စားစရာများအဖြစ် ပြောင်းလဲခံရခြင်း ဖြစ်သည်။ မည်သည့်နည်းက ဖြစ်လာစေကာမူ ယခုအခြေအနေထက် အလွန့်အလွန် ဆိုးရွားပေလိမ့်မည်။
"ဝူး ဝါး ဝူး ဝါး ဝူး ဝါး"
နောက်မှ အော်သံတစ်သံက ထွက်လာသည်။ ဆုပိုင်က ခေါင်းကို ခပ်မြန်မြန် လှည့်လိုက်သည်။ မမျှော်ထားစွာပင် နောက်ဆုံးကြီးကြပ်သူက သူ့ထံ သေနတ်ကို ချိန်ထားသည် ဖြစ်သည်။
{သောက်ကျိုးနည်း ဒါက ဘယ်လို တင်ဆက်မှုမျိုးလဲ။ တင်ဆက်သူရေ မြန်မြန်လေး ဂရုစိုက်ပေးလို့ ရမလား}
{လုံးဝကို ရင်နာစေလောက်တဲ့ မြင်ကွင်းမျိုးပဲ။ ငါ့ကို မေးမြန်းမယ်ဆိုရင် ဒီကျူးကျော်သူ သုံးယောက်ကို သတ်ပစ်သင့်တယ်လို့ ထင်တယ်။ သူတို့က မုန်းတီးစရာ ကောင်းလွန်းတယ်}
{အခု ငါ နားလည်ပြီ။ နောက်ဆုံးတော့ ဒီတိုက်ရိုက်ထုတ်လွှင့်မှုက ကြိုတင် ရီဟာဇယ် မလုပ်ထားဘူးဆိုတာကို လုံးဝ နားလည်သွားပြီ။ လုံးဝ အစစ်အမှန် ဆန်လွန်းတယ်။ အခု မြင်နေရတဲ့ သေနတ်ကို ကြည့်စမ်းပါဦး။ ဘယ်လိုနည်းနဲ့မှ သေနတ်က အတုမဟုတ်ဘူး။ နောက်ပြီး တင်ဆက်သူက ဘာလုပ်ချင်တာလဲ။ သူရဲ့နောက်ခံက ဘာလဲ။ }
{နောက်ခံကို စိုးရိမ်မနေနဲ့။ ဒီကျူးကျော်သူတွေကတော့ သေရမယ်။ တစ်မိသားစုလုံး အသတ်ခံရတဲ့ သေဆုံးမှုနဲ့ သေသင့်တာ}
{ဟုတ်တယ်။ မျောက်တိုတွေက သက်ရှိမဟုတ်လို့လား။ လူတွေက တိရစ္ဆာန်တွေရဲ့ သေရေးရှင်ရေးကို ဆန္ဒရှိသလောက် ဆုံးဖြတ်နိုင်တယ်လို့ တွေးရတာလဲ}
{တင်ဆက်သူ ဘယ်လိုလုပ်မလဲ။ သူ သေတော့မသေလောက်ပါဘူးနော်}
{ကျေးဇူးပြုပြီး မသေပါနဲ့}
...
ထိုသို့ နှစ်ဖက်က ထိပ်တိုက်တွေ့ဆုံနေသည့် အချိန်တွင် ကြည့်ရှုသူများ၏ နှလုံးသားကလည်း လည်ပင်းတွင် တစ်နေကြသည်။ မြင်ကွင်းက ထိတ်လန့်သဲဖို ဆန်လွန်းသည်။
သို့ရာတွင် ဆုပိုင်က ကျူးကျော်သူ နှစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့ကြောင်း မြင်ရချိန်တွင်မူ သူတို့၏ နှလုံးသားက တည်ငြိမ်သွားကြသည်။
သေနတ်ရှေ့မှာတောင် အညံ့ခံလို့ မရဘူး။
လူတိုင်းက စိတ်ထဲတွင် အော်ဟစ်နေကြသည်။
ရုတ်တရက် မြင်နေရသော ဖန်သားပြင်က မျောက်ဘုရင်က ဘေးဘက်သို့ မြန်ဆန်သော ခြေလှမ်းဖြင့် တိတ်တဆိတ် ရွှေ့သွားကြောင်း တွေ့လိုက်ရသည်။ ထို့နောက် ဖြတ်ကနဲ ဖြတ်သွားသော ပုံရိပ်တစ်ခုနှင့်အတူ ...
သေနတ်သံက ထွက်လာသည်။
လူတိုင်းက လက်နှစ်ဖက်လုံးကို ဖိကိုင်လျက် မျက်လုံး အပြူးသားနှင့် တအံ့တဩ ကြည့်လိုက်မိကြသည်။
အကြောင်းမူကား ဆုပိုင်အနောက်ဘက် သစ်ပင်ထဲမှ မီးခိုးဖြူများက မြှောက်တက်လာကြောင်း မြင်လိုက်ရ၍ ဖြစ်သည်။ အားလုံးကလည်း စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။
ကျေးဇူးတင်စရာ ကောင်းတာက လွတ်သွားတယ်။
"ကျွီ ကျွီ ကျွီ"
မျောက်တို တစ်အုပ်က သွားဖြဲကာ မာန်ဖီနေကြပြီး ရှေ့သို့ ရှုးသွပ်စွာ ခုန်ပြေးသွားကြသည်။ သူတို့က ချက်ချင်းဆိုသလိုပင် ကျူးကျော်သူကို မြေသို့ ဆွဲလှဲချပစ်လိုက်ကြသည်။
"အား"
အော်ဟစ်သံက ကျယ်လောင်စွာ ထွက်လာသည်။ မျောက်တိုများက ရှုးသွပ်သွားပုံပေါ်သည်။ သူတို့၏ ထက်ရှသော လက်သည်းများက ထိုကျူးကျော်သူ၏ အဝတ်များကို ဆက်တိုက်ဆွဲဖြဲနေကြသည်။ ထိုသို့ဖြင့် အရေပြားပေါ်တွင် အစင်းရာများက ထွက်ပေါ်လာကြသည်။
"တော်လောက်ပြီ"
ဆုပိုင်က အော်ဟစ်လိုက်ပြီးနောက် နောက်ဆုံးသော ကျူးကျော်သူထံသို့ တစ်လှမ်းချင်းစီ လျှောက်သွားလိုက်သည်။
ဒိုင်း
ပေါင်သို့ သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ပြီးနောက် ဆုပိုင်၏မျက်လုံးက အနည်းငယ် မှေးကျင်းသွားသည်။ သူက ပစ္စည်းများ အားလုံးကို သယ်ယူသည်။ ထိုကျူးကျော်သူ သုံးယောက်ကို ဒီအတိုင်း ထား၍မရချေ။ သူတို့ကို သင့်တော်သော အပြစ်ပေးမှုမျိုး ပြုရပေမည်။
အချိန်အတန်ကြာပြီးနောက်...
ဆုပိုင်က ရှေဆုံးသို့ လျှောက်သည်။ အနောက်ဘက်တွင် ကျုးကျော်သူ သုံးယောက်ကို ပိုက်ကွန်များအတွင်းသို့ ထည့်ကာ တရွတ်တိုက်ဆွဲလာသည့် မျောက်တိုတစ်အုပ်ကို မြင်ရမည် ဖြစ်သည်။ သူတို့က တောအတွင်းမှ လျှောက်ထွက်လာကြသည်။
"ဆက်မတွန်းနဲ့တော့"
"နောက်ထပ် ဘယ်တော့မှ ကျူးကျော်ဖို့ မကြိုးစားနဲ့"
ထိုတောအစွန်းနားတွင် သွေးနီရောင် ဘုတ်ပြားတစ်ခုရှိသည်။ ဆုပိုင်က ထိုသုံးယောက်၏ သေနတ်များကို ထိုနေရာသို့ ပစ်ထုတ်လိုက်သည်။ ပိုက်ကွန်ဖြင့် တရွတ်တိုက် အဆွဲခံရသည့် ကိုယ်လုံးတီးနှင့် ကျူးကျော်သူ သုံးယောက်ကလည်း ထိုဆိုင်းပုဒ်၏ အရှေ့သို့ အပစ်ခံရသည်။
သိပ်မကြာခင် မှောင်လာမည်ဖြစ်သည်။ ဒီနေရာတွင်ပင် မကျူးကျော်ရ ဆိုသော ဆိုင်းပုဒ်ရှိနေကတည်းက ညဘက်တွင် ကင်းလှည့်သူများ၊ မနက်ပိုင်းတွင် ကင်းလှည့်သူများ ရှိပေလိမ့်မည်။
"ဥပဒေအရ အပြစ်ပေးခံရမယ့် အချိန်ကိုပဲ စောင့်နေလိုက်တော့"
လေသံတိုးတိုးနှင့်အတူ ဆုပိုင်က မျောက်တိုတစ်အုပ်ကို ဦးဆောင်ပြီး တောထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။
ယခုအချိန်အထိ ဆိုလျှင် မျောက်တို အကောင်နှစ်ဆယ်ပင် မကျန်တော့ချေ။ ကျုးကျော်သူက သုံးယောက်သာ ဖြစ်သည်။ သို့သော် မျောက်တို ဆယ်ကောင်ထက်မနည်း သေသွားရသည်။
ဆုပိုင်က ထိုသုံးယောက်ကို မသတ်ခဲ့သော်လည်း သူတို့၏ ပေါင်များကို သူက သေနတ်ဖြင့် ပစ်ခဲ့သေးသည်။
ထို့ကြောင့် အနာဂတ်တွင် မတ်တပ်ရပ်ရန် ခက်ခဲသွားမည် ဖြစ်သည်။ ထို့ကြောင့် ဆက်လက် ကျူးကျော်ရန်ပင် ပို၍ ခက်ခဲသေးသည်။
"တင် hostက မျောက်တို အပိုင်းအစ တာဝန်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါပြီ။ ဒီအတွက် ဂုဏ်ယူပါတယ်"
"တင် hostက မျောက်တိုအဖွဲ့ကို အောင်မြင်စွာ ကယ်တင်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ စိတ်စွမ်းအား တစ်မှတ် ရရှိပါတယ်"
"ပြန်လည် ထွက်ခွာမှု စတင်ပါပြီ။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ပိတ်သိမ်းသွားပါလိမ့်မယ်"
အရှေ့ဆီ ဖန်သားပြင်က ပြောင်းလဲသွားသည်။ ဆုပိုင်က အိပ်ယာပေါ်တွင် ထိုင်နေလျက် အမောတကော အသက်ရှူနေရသည်။ သူ၏မျက်နှာတွင်လည်း ကြီးမားသော ချွေးစေးလုံးကြီးများက စီးကျနေ၏။ ပြန်ပြောင်း တွေးကြည့်သော် ဒီညက အလွန့်အလွန် အန္တရာယ်များခဲ့သည်။
တိရိစ္ဆာန်များကို မျိုးတုန်းပျောက်ကွယ်သွားခြင်းက ဇီဝဗေဒဖြစ်စဉ် အရပင်ဖြစ်စေ၊ ရှင်သန်နေထိုင်မှု ဝန်းကျင်ကြောင့်ပင် ဖြစ်စေ ဖြစ်နိုင်သည့်တိုင်အောင် လူသားများနှင့်လည်း သက်ဆိုင်သေးသည်။
"ကြည့်ရတာ အနာဂတ်မှာ တိရိစ္ဆာန်တွေကို ပြန်လည်ကယ်တင်ရင်းနဲ့ ဒီလိုကျူးကျော်သူတွေကို ရင်ဆိုင်ရဖို့ ဖြစ်နိုင်ချေ ပိုများလောက်တယ်"
ဆုပိုင်က ငြီးငြူနေသည်။ သူကလည်း သူ၏အရှေ့တွင် ရပ်နေသော မျောက်တိုတစ်အုပ်ကို ကြည့်ပြီး ရယ်လိုက်မိသည်။
အန္တရာယ် အလွန်များခဲ့သည့်တိုင်အောင် တန်သည်ဟု ခံစားရသည်။ ဒါက မျောက်တိုတစ်အုပ် ဖြစ်သည်။ ဆင့်ကဲ့မျိုးပွားမှုများ ဖြစ်လာခဲ့ပြီးနောက် အရေအတွက်က ပိုများသွားပေလိမ့်မည်။
"သွားရအောင်"
သူက လက်တစ်ချက်ယမ်းလိုက်ပြီး မျောက်တိုတစ်အုပ်ကို အခန်းထဲမှ ခေါ်ထုတ်ကာ ပန်ဒါဥယာဉ်ထံ သွားသည်။
ယခုအခါ စနစ်၏ ရန်ပုံငွေက မျောက်ဥယာဉ် တည်ဆောက်ရန် မလုံလောက်တော့ချေ။ ထို့ကြောင့် သူတို့ကို ယာယီအားဖြင့် ပန်ဒါဥယာဉ်တွင် ထားရမည်ဖြစ်သည်။
သို့သော် _ _ _
သူက ထိုမျောက်တိုတစ်အုပ်ကို ကယ်တင်နိုင်ခဲ့ရုံသာမကသေးလေပဲ ကျူးကျော်သူ၏ တည်းအတွင်းမှ စီကာ သမင်အလောင်းကိုပင် ရခဲ့သေးသည်။ ထို့ကြောင့် ထိုရွှေမြွေကိုလည်း ကျွေးမွေးနိုင်ပြီ ဖြစ်သည်။
"အိုး"
တပိုင်က ဒန်းပေါ်တွင် လွှဲယမ်း၍ ထိုင်နေသည်။ ဆုပိုင်က မျောက်တိုတစ်အုပ်နှင့် ဝင်လာကြောင်း မြင်သောအခါ သူက အော်ဟစ်လိုက်ပြီး ဒန်းပေါ်မှ ခုန်ဆင်းလိုက်သည်။
ထို့နောက် ခပ်မြန်မြန် ပြန်ထသည်။ တပိုင်က မြေပြင်ပေါ် လှဲနေသာ ရွှေမြွေကို တစ်ချက် လှမ်းပုတ်လိုက်ကာ ပြောသည်။
"မြန်မြန် တစ်ယောက်ယောက်က ပိုင်နက်ကို ကျူးကျော်လာပြန်ပြီ"
"မုန်းဖို့ကောင်းလိုက်တာ"
Telegram မှာ အပိုင်း ၄၇အထိ ရောက်ပါပြီနော်။