perfect

By korakimtae

164 1 0

Taehyung×jungkook This cover photo is not my own,so I crd to the original owner 2,2,2024... More

episode-1
episode-2
episode-3
episode-4
episode-6
episode-7
episode-8

episode-5

13 0 0
By korakimtae

"ဒီမှာဗျ. .ကလေးအဖေလားလို့မေးနေတယ်လေ. . ."

ဂျောင်ကုလည်းအို့တို့အန်းတန်းဖြင့်ပြန်ဖြေလိုက်ရသည်။

"ဟုတ်. .ဟုတ်ကဲ့"

"အားအဲ့လိုကိုထင်တော့ထင်ပါတယ်ကလေးလေးနဲ့ကနှာတံချင်းတစ်ထေရာတည်းပဲဆိုတော့. . .တာဝန်အရမလို့မေးတာပါ"

"ဟုတ်ရပါတယ်"
*ဘာလဲငါ့မျက်နှာမမြင်လိုက်တာလား*

"နာမည်ဘလိုခေါ်လဲ"

*နာမည်ဘယ်လိုပြောရမလဲအမှန်တိုင်းပြောရင်အဆင်ပြေပါ့မလား*

"ကလေးနာမည်ဘယ်လိုခေါ်လဲလို့"

"ဟင်. ."
*ကလေးနာမည်မေးတာလား*
"ဟိုလေနာမည်ကကလေးအမေပေးထားမှာဆိုတော့. .မသိသေးဘူး"

*ဘာလဲဟကလေးအဖေဆိုပြီးကလေးနာမည်မသိဘူးဟုတ်လား*

*နေပါအုန်းငါ. .ငါကဘာလို့ဒါတွေရှင်းပြနေမိတာလဲ*
"နေပါအုံးကိုယ့်ကလေးကိုလာတွေ့တာအဲ့လောက်ထိပြေပြရမှာလား"

ဂျောင်ကုကအရှက်ပြေတစ်ဖက်လူအားအော်လိုက်မိသည်။ထယ်ယောင်းလည်းအဲ့တော့မှသူစကားများမိတာကိုသတိထားမိသည်။

"တောင်းပန်ပါတယ်ဗျ​ကျွန်တော်စကားနည်းနည်းလွန်သွားတယ်"

ပြောပြီးထယ်ယောင်းလည်းအခြားကလေးတွေရှိတဲ့ကုတင်ဘက်ကိုထွက်လာခဲ့လိုက်သည်။ခဏကြာတော့ဟိုဆော့ကဂျောင်ကုတို့ဆီရောက်လာသည်။ဂျောင်ကုသမီးလေးကအခုဆိုငါးလသားလေးမို့မျက်နှာပေါက်လေးကအတော်ပုံပေါ်နေပြီးသူနဲ့တူတော့ဂျောင်ကုနှလုံးသားမှာချစ်စိတ်လေးပေါ်လာမိသည်။

"hobi hyung ကလေးအခြေအနေကဘာတဲ့လဲ. .သက်သာရဲ့လား. .အထွေအထူးမရှိဘူးမလား. ."

"ဂျောင်ကုရယ်တစ်ခုချင်းမေးပါ. .ကလေးကအဆင်ပြေတယ်ခရီးဝေးကဆိုတော့ပင်ပန်းပြီးဖျားတာအခုအဖျားကျသွားပြီစိတ်မပူနဲတော့"

"အင်းပါ"

"ဒါနဲ့ငါမင်းတို့တိုင်ပင်ထားတဲ့အတိုင်းစီစဥ်ထားတယ်အခုချက်ချင်းစရတော့မလား"

"အော. .အဲ့လိုဘဲလုပ်လိုက်ပါ. ."

"ဟန်မီနာရှီလည်းရောက်ပြီဆိုတော့ဂျောင်ကုမင်းငါနဲ့တစ်ခါတည်းလိုက်ခဲ့ငါကားမယူလာဘူးမင်းကိုတစ်ခါတည်းခေါ်ရအောင်လို့. . ."

"အင်းပါ"

ဂျောင်ကုကမလှုပ်မရှတ်သာပြန်ဖြေသည်ကိုဟိုဆော့သတိထားမိသည်။

*ဟင်း. .သွေးကစကားပြောတယ်ထင်ပါရဲ့ဂျောင်ကုကလေးကိုသံယောစဥ်တွယ်သွားပုံရတယ်. . .*

-

-

-

-

<ဟယ်လို. .အမေ>

<ထယ်ယောင်နား အမေ့ကိုကယ်ပါအုံးသားရယ်>

ဒီလိုပါပဲထယ်ယောင်းလည်းနေသားကျနေပါပြီသူ့အမေကသူ့ကိုငွေလိုအပ်မှာဖုန်းခေါ်ပြီးစိတ်ထဲမပါပဲညင်ညင်သာသာဆက်ဆံလေ့ရှိသည်။

<ငွေလိုပြန်ပြီလားအမေကျွန်တော်လကုန်တိုင်းလဲလွဲပေးနေတာပဲကို>

<အခုကအရေးပေါ်လို့ပါအကြွေရှင်တွေကအမေ့အိမ့လာပြီးသောင်းကြမ်းသွားတယ်၁၀ရက်အတွင်းအတိုးရောအရင်ရောဆပ်တဲ့မဟုတ်ရင်အိမ်ကိုသိမ်းမယ်တဲ့>

<အမေ.!ကျွန်တော်အရင်တစ်ခေါက်ကအကုန်ဆပ်ပြီးပေးပြီလေမကျန်တော့ဘူးဆို. .ပုံမှန်လွှဲပေးနေရဲ့နဲ့အနည်းဆုံးတော့သီးခံပြီးလောက်အောင်သုံးသင့်ပါတယ်>

<သားရယ်ဒီတစ်ခါအမေအလောင်းအစားမလုပ်တော့ပါဘူးအခုက. .အခုကရလိမ့်မယ်ထင်ပြီးလုပ်လိုက်တာပါသွားတယ်>

<အမေဗျာ. .ထာပါတော့အကြွေးကဘယ်လောက်လည်း>

<ဝမ်. .ဝမ်သိန်းငါးဆယ်>

ထယ်ယောင်းဆက်နားမထောင်နိုင်လို့ဖုန်းချပစ်လိုက်သည်။သူ့အပေါ်ဘယ်လိုတောင်လုပ်ရက်လိုက်တာလဲ။သူအဲ့ငွေတွေလွယ်လွယ်နဲ့ဘယ်လိုရှာမလဲ။သူ့ခေါင်းထဲမှာအတွေးပေါင်းများစွာနဲ့ဗျာများနေရရှာသည်။
ထယ်ယောင်းအလုပ်ကတစ်လနေမှဝမ်လေးသိန်းခွဲပဲရသည်။အမေတို့ကိုလိုသလောက်ပေးပြီးသူ့အတွက်စားလောက်ရုံသာကျန်သည်ကိုသူဆယ်ရက်အတွင်းဝမ်သိန်းငါးဆယ်ဘယ်လိုရှာမလဲ။

"ထယ်ယောင်းနားငါလာတယ်"

ဂျီမင်းအသံကြားမှထယ်ယောင်းအတွေးတွေလက်စသက်လိုက်သည်။

"အော. .ဂျီမင်းနားလာလေငါအခုပဲညစာစားမလို့ခေါက်ဆဲွဲပြုတ်လိုက်မယ်လေ"

"အမြဲတမ်းခေါက်ဆွဲစားနေတာကျမ်းမာရေးထိခိုက်လိမ့်မယ်ငါမင်းအတွက်အမေကပေးခိုင်းတဲ့ဂင်ချီနဲ့အရံဟင်းတွေထည့်လာတယ်"

"ဒေါ်လေးဆယ်ဟွန်းကိုကျေးဇူးတင်ပါတယ်လို့ပြောပေးအုံးနော်"

"အင်းပါညစာပြင်ပြီးစားရအောင်လေ"

အဲ့လိုနဲ့ထယ်ယောင်းဂျီမင်းနဲ့အတူညစာစာပြီးအိပ်ရာဝင်လိုက်သည်။နောက်နေ့သူလုပ်နေကြအလုပ်အပြင်အချိန်ပိုင်းအလုပ်တွေပါပိုလုပ်ရမယ်ဆိုတဲ့အတွေးနဲ့ပေါ့။

. . .*. . .*. . .*. . .

ထယ်ယောင်းဆေးရုံကလေးစောင့်အလုပ်အပြင်အချိန်ပိုင်းအလုပ်တွေပါနေ့မအားညမအားလုပ်နေရှာသည်။လူလည်းနွမ်းဖတ်ကာမျက်ကွင်းများလည်းညိုအစားကောင်းကောင်းမစားဖြစ်တဲ့အတွက်လူလည်းပိန်လာသည်။အမေကလည်းဖုန်းတွေဆက်တိုက်ခေါ်တော့အတတ်နိုင်ဆုံးရှာပေးမဲ့အကြောင်းပြောထားလိုက်သည်။

ထယ်ယောင်းအလုပ်ကနေအိမ်ပြန်နေတဲ့လမ်းတွင်ဖြစ်သည်။ဘယ်လိုမှတောင့်မခံနိုင်တဲ့အဆုံးညအချိန်ဘားကစာပွဲထိုးအလုပ်ကိုမသွားတော့ဘဲအိမ်ပြန်လာခြင်းဖြစ်သည်။ဘက်စ်ကားစီးလာကာရပ်ကွက်နှင့်နီးရာကားဂိတ်မှာဆင်းပြီးအိမ်သို့လမ်းလျှောက်ပြန်ခဲ့သည်။သူစဥ်းစားနေမိသည်။ဆေးရုံကအသိဝန်ထမ်းပြောတာတော့လူချမ်းသာမိသားစုကကလေးထန်းခေါ်နေတယ်တဲ့လူတွေ့အင်တာဗျူးပြီးသူတို့လိုချင်တဲ့အချက်နှင့်ကိုက်ကာခေါ်နေတာလစာအရမ်းများသလိုလူကိုမကြိုက်လျှင်မခေါ်ဘူးဆိုပြီးလျှောက်လွှာတစ်ခုပေးလိုက်၍ဖြစ်သည်။

"လစာကဘယ်လောက်မလို့လဲ. .ပညာအရည်အချင်းကောလိုတာလား. .ငါအလုပ်ရပါ့မလား. . .မသိဘူးဟာသွားကြည့်ရမှာပဲလောလောဆယ်တော့ငါပိုက်ဆံရသလောက်မဖြစ်ဖြစ်တဲ့နည်းနဲ့ရှာရမယ်"

––––––––––––––––––––––––––––––––––––

♥TAEKOOK FOREVER♥

kora အချိုတွေလာမယ်ဆိုပြီးစိတ်လောသွားတယ်တောင်းပန်ပါတယ်နော််. . .
လိုအပ်တာရှိရင်ပြောပေးပါ

ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်😘😘😘

. . . . . .အမှားပါလျှင်ခွင့်လွှတ်ပါ. . . . . .

Continue Reading

You'll Also Like

1.3M 59.1K 106
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
470K 31.7K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
330K 9.9K 105
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
964K 22K 49
In wich a one night stand turns out to be a lot more than that.