ထယ်ယောင်းကအခုဆိုရင်ဂျီမင်းတို့ရပ်ကွက်ထဲကနှစ်ထပ်ခွဲအိမ်အပေါ်ဆုံးအခန်းလေးမှာအိမ်ငှားနေသည်။အိမ်ပိုင်ရှင်ကထယ်ယောင်းအဘွားအရွယ်လောက်ဖြစ်ပြီးတော့ထယ်ယောင်းကိုလဲသူ့မြေးလေးတစ်ယောက်လိုဂရုစိုက်သည်။အဒေါ်ကြိးဆယ်ဟွန်းတို့ကအစကတော့လက်မခံပေမယ့် နောက်တော့ထယ်ယောင်းကဇွတ်ပြောမှလက်ခံလိုက်
သည်။အခုဆိုထယ်ယောင်းအသက်နှစ်ဆယ့်လေး
နှစ်ရောက်ပြီးအရင်လိုအချိန်ပိုင်းတွေမလုပ်တော့ဘဲ ဆေးရုံတစ်ခုက မွေကင်းစကလေးစောင့်ရှောက်တဲ့ဌာနမှာကလေးထိန်းအလုပ်လုပ်သည်။လစာကကောင်းပေမယ့်တစ်လတစ်လသူ့အမေတောင်းတိုင်းပေးရသေးတော့သူအတွက်စားလောက်ရုံသာကျန်သည်။"ထယ်ယောင်းအလုပ်သွားတော့မလို့လား"
"ဟုတ်အဘွား"
"ညနေကြရင်အိမ်အောက်ကိုဆင်းခဲ့ဦးနော်
အဘွားသားမိသားစုလာမှာမိတ်ဆက်ပေးရအောင်လို့""အာ. .ဟုတ်ကဲ့အဘွားပျော်နေတော့မှာပဲ. . ဒါဆိုကျွန်တော်သွားလိုက်ပါအုံးမယ်"
"အင်း. .ကောင်းကောင်းသွားနော်"
-
-
-
-
"ဂျွန်ဂျောင်ကုမင်းကွာဘယ်လိုဖြစ်တာလဲ
ငါကိုတော့ပြောပြသင့်ခဲ့သင့်တယ်""ကျွန်တော်လည်းမနေ့ကမှဟန်နာနဲ့ဖုန်းရတာ"
"အဲ့တော့ဘယ်လိုလုပ်မလဲ. .solo artistဖြစ်တဲ့ဂျွန်ဂျောင်ကုနဲ့ နိုင်ငံကျော်မော်ဒယ်ဖြစ်တဲ့လီဟန်နာတို့က အစကတော့သူငယ်ချင်းတွေပါပြောထားပြီးအခုတော့ ကိုယ်ဝန်ရှိနေပါပြီလို့ကြေညာရမှာလား"
"ဟာ. .အဲ့လိုတော့ဘယ်ဖြစ်မလဲ ommaသာသိရင်ဟန်နာနဲ့ပေးစားမှာ. . ကျွန်တော်သူ့ကိုမချစ်ဘူး"
"ရားးး. .ဒါကနောက်စရာမဟုတ်ဘူး. ."
"ကျွန်တော်လည်းမနောက်ဘူး hobi hyung
ဟန်နာလည်းအဲ့လိုဘဲသူဘဝတတ်လည်းရှိသေးလို့လက်မထက်ဘူးတဲ့""အဲ့တော့ကောကိုယ်ဝန်ကရှိနေပြီလေ"
"မသိဘူးကျွန်တော်ကတော့ကျွန်တော်ချစ်တဲ့သူနဲ့ပဲလက်ထက်မှာ. . .ကျွန်တော်တို့ကအဲ့ညကမှားခဲ့ကြတာပါဆို. . .omma မသိအောင်hyungကပဲကြည့်ကျပ်ဖြေရှင်းလိုက်"
YOU ARE READING
perfect
FanfictionTaehyung×jungkook This cover photo is not my own,so I crd to the original owner 2,2,2024 #unicode