ကျွန်တော်တို့တစ်ဖြေးဖြေးရင်းနီးလာခဲ့တယ်. . .သူအိမ်ကိုလာလိုက်ပြန်လိုက်နဲ့ဆိုးလေးကိုကူထိန်းပြီးနေလာတာ နှစ်လလောက်ရှိပြီ. . .
"ဂျောင်ကု"
"ဟင်. . .hyung ပြောလေ"
"ဆိုးလေးကိုပေးပြီး မင်းနားရင်နားလိုက်ပါ့လား"
အခု ထယ်ယောင်းက ဧည့်ခန်းထဲက ဆိုဖာပေါ်မှာစားရင်းတွက်နေပြီးတော့ ဂျောင်ကုက
ဆိုဖာဘေးက ကြမ်းပြင်ပေါ်ထိုင်ပြီးဆိုးလေးနဲ့ဆော့နေသည်။"ရပါတယ် hyungရဲ့ တစ်ကယ်တော့ကျွန်တော် တစ်ပတ်လောက် ကြော်ညာတစ်ခုအတွက် LA ဘက်ခဏသွားရမှာ. .အဲ့တာကြောင့် မသွားခင်ဆိုးလေးနဲ့အလွမ်းသယ်နေတာ. .နှောရာ ဆိုးလေးရာ အားဘူး. . အားဘူး. .aigooပါးပါးရဲ့ ကင်ဆိုးလေးကချစ်ဖို့ကောင်းလိုက်တာ"
"ဟင်. .ဂျောင်ကု ဆိုးလေးကိုဘယ်လိုပြောလိုက်တယ်"
"အာ. .ဟုတ်သားပဲ ကျွန်တော်လည်းဆိုးလေးဆီမှာကိုယ့်ကိုကိုယ်ဘယ်လိုပြောရမှန်းမသိတော့ hyung က ပါးထယ်ရဲ့ဆိုးလေးဆိုပြီးပြောတော့ ကျွန်တော်လည်း ကိုယ့်ကိုကိုယ်ပါးပါးလို့သုံးကြည့်တာ ကိုယ့်ကလေးမှန်းသိနေတော့ ကိုကိုတို့ ဦးဦးတို့ပါးစပ်ကမထွက်ဘူးဖြစ်နေတယ်"
"ဒါ့ပေမယ့် ဂျောင်ကုရယ်"
"ကျွန်တော့မကောင်းဘူမလား မွေးပြီးကလေးကိုနာမည်တောင်မပေးနိုင်ဘဲနဲ့ အဖေအခေါ်ခံချင်နေမိတယ်"
"ငါနားလည်ပါတယ် မင်းလည်းအခုလိုချစ်ပေးပြီးတာဝန်အပြည့်ယူပေးနေတာပါပဲဆိုးလေးလည်းနောင်တစ်ချိန်ကြီးလာရင်သူမင်းကိုနားလည်ပေးမှာပါ"
ဒါတွေဟာသူ့အပြစ်ကြီးပဲတော့မဟုတ်ဘူးလေ. . .ကျွန်တော်နားလည်ပါတယ်ယောင်္ကျားတစ်ယောက်က ကိုယ့်အမှားကိုတာဝန်ယူပေးရမယ်ဆိုပေမယ့် တစ်ဘက်က မိန်းကလေးကလည်း သူဘဝကိုကလေးအတွက်နဲ့မပြောင်းလည်းနိုင်ဘူးဆိုပြီကျေကျေနပ်နပ် လက်ခံခဲ့တဲ့ကိစ္စမလား. . .
"ကောင်းပြီဂျောင်ကုငါမင်းကိုခွင့်ပြုပေးမယ်"
"ဘာကိုလည်း hyung "
"ဆိုးလေးကမင်းကို ပါးပါးခေါ်ခွင့်ပေးမယ်လို့"
"တစ်ကယ်လား. . .တစ်ကယ်နော် ရေးပျော်လိုက်တာ hyung ကျေးဇူးပဲ"
YOU ARE READING
perfect
FanfictionTaehyung×jungkook This cover photo is not my own,so I crd to the original owner 2,2,2024 #unicode