episode-6

10 0 0
                                    

"hobi hyung လူဘယ်လောက်ကျန်သေးလဲ. . .တစ်ယောက်မှစိတ်တိုင်းမကျဘူး. . .ဒီလိုလူတွေလက်ထဲကလေးကိုဘယ်လိုထည့်ပေးမလဲ. . ."

"ရား. . .ရား. .ဒီအလုပ်ကတရားဝင်များမှတ်နေလား. . .ကလေးကိုမွေးစားခံစေချင်ရင်လည်းတစ်ခါတည်းမိဘမဲ့ဂေဟာကိုပိုက်ဆံပေးပြီးစောင့်ကြည့်ရင်ရတာပဲကို"

"အဲ့လိုဆိုကလေးကတွေ့ကရာလူနဲ့ပါသွားမှာပေါ့. . .အနည်းဆုံးတော့မစောင့်ရှောက်နိုင်တောင်သူ့ဘဝကောင်းစားအောင်တတ်နိုင်သမျှလုပ်ပေးချင်သေးတယ်"

"ဒါများဂျောင်ကုရာ. .ဆရာကတော်ကိုပြောလိုက်ပြီးမင်းပဲမွေးလိုက်ပေါ့. . ."

"ကလေးအပေါ်ရက်စက်သလိုဖြစ်ပေမယ့်အဲ့လိုဆိုommaက ဟန်နာရှီနဲ့လက်ထက်ခိုင်းမှာ"

ဂျောင်ကုတို့စကားပြောနေရင်းသူတို့ရှိတဲ့အခန်းတစ်ခုထဲကို လီဟန်နာနဲ့အတူသူ့နောက်ကမန်နေဂျာကကလေးကိုပိုက်ပြီးဝင်လာသည်။

"နောက်ကျသွားလို့ဆောရီးနော်ဟန်နာရှုတင်မပြီးသေးလို့"

"အဆင်ပြေပါတယ်ရှေ့လူတွေတော့ဂျောင်ကုကမကြိုက်လို့တဲ့အခုနောက်တစ်ယောက်ထပ်ခေါ်လိုက်မယ်"

ဟိုဆော့လည်းပြောပြီးလူစောင့်ခိုင်းတဲ့အခန်းကိုသွားရန်ထွက်သွားသည်။အခန်းတွင်းမှာတော့တိတ်ဆိတ်လျှက်။တစ်ကယ်တော့ဂျောင်ကုကဟန်နာကိုမိတ်ဆွေတစ်ယောက်လိုသဘောထားပေမယ့်ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်သိပ်မကြည်ပါ။

ခဏနေတော့ဟိုဆော့နဲ့အတူနောက်ကကောင်လေးတစ်ယောက်ပါအခန်းထဲဝင်လာသည်။ကောင်လေးကိုကြည့်လိုက်တော့ဂျောင်ကုအံ့သြသွားသည်။

*ဟင်ဆေးရုံကကောင်လေး*

ထယ်ယောင်းအတွက်အကြွေးပေးဖို့ဒီနေ့ကုန်ရင်သုံးရက်သာလိုတော့တာနဲ့ပိုက်ဆံများများရမဲ့ကလေးထိန်းအလုပ်ကိုလာလျှေက်ကြည့်တာဖြစ်သည်။အလုပ်ရနိုင်မရနိုင်မသိပေမယ့်ရရင်သူဌေးအားပြောပြီးမျက်နှာပူပူဖြင်သုံးလေးလစာလောက်ကြိုထုတ်ခွင့်တောင်းမည်ဟုတွေးထားလိုက်သည်။ချမ်းသာတယ်ဆိုတော့လက်ခံလောက်မှာပါဆိုတဲ့အတွေးလေးနဲ့ဖြစ်သည်။

perfectWhere stories live. Discover now