episode-2

19 0 0
                                    

"ဂင်ထယ်ယောင်း!!..ငါ့ကိုအရက်ဖိုးပေးစမ်း. ."

"မရှိတော့ဘူးဦးလေးကြီး. . .အမေကအကုန်ယူသွားပြီ"

"လိမ်မနေနဲ့မင်းမှာဖွက်ထားတာတွေရှိမှာပဲ
ပေးစမ်း"

"မရှိတော့ပါဘူးဆိုဗျာ"

ထယ်ယောင်းလည်းပြောကာအခန်းထဲဝင်မယ်အလုပ် ပထွေးဖြစ်သူကအတင်းပိုက်ဆံအိတ်ကိုဆွဲရှာပြီးမတွေ့တော့ထယ်ယောင်းကိုရန်ရှာရိုက်နှက်တော့သည်။

"ကဲကွာကဲကွာ. . .မပေးချင်အုံး"

"ခွက်. .ခွက်. ."

"ဘုန်း~~ဘုန်း~~အုံး. . ."

"အ့. .အားး. . ."

ကြမ်းပြင်ပေါ်လဲနေတဲ့ထယ်ယောင်းမှာနှုတ်ခမ်းကလည်းပေါက်သွားပြီးမျက်လုံးတစ်ဖက်ဆိုဖွင့်တောင်မရတော့ပဲဗိုက်ကလဲကန်ခံလို့သေလောက်အောင်နာနေပြီဖြစ်သည်။နာကျင်ပေမယ့်သူနေသားကျနေပါပြီ။သူအသက်ဆယ်နှစ်ကတည်းကသူ့အမေနောက်အိမ်ထောင်ပြုပြီးသူ့ပထွေးကမူးတိုင်းရိုက်နှပ်ကန်ကြောက်တာကိုခံလာရသည်။ဒါပေမယ့်သူပင်ပန်းလေပြီဖြစ်သည်။
ထယ်ယောင်းပထွေးကသူ့ကိုထပ်ရိုက်မယ်အလုပ် ဂျီမင်းရောက်လာပြီးတားသည်။

"မင်းကအဲ့လောက်ရိုက်တာတောင်မပေးသေးဘူးပေါ့. .ကဲကွာ"

"အုံး~~~"

"ထယ်ယောင်းနား!!. . .ဦးလေးကြီးဘာလုပ်တာလဲဗျဖယ်ပါ. . ."

"ဘုန်း~~"

ဂျီမင်းကထယ်ယောင်းပထွေးကိုတွန်းဖယ်လိုက်ပြီးထယ်ယောင်းကိုထူဖို့လုပ်သည်။
ပထွေးဖြစ်သူကလည်းမူးနေတဲ့အတွက်ဂျီမင်းကအားနဲ့တွန်းလိုက်တော့ဘေးကိုလဲကျသွားသည်။

"ထယ်ယောင်နား ထငါ့အိမ်ကိုသွားမယ်"

"ဂျီမင်းနားငါအဆင်ပြေတာမလို့ရတယ်"

"ဘာကိုအဆင်ပြေတာလဲ တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့ကို"

ဂျီမင်းကထယ်ယောင်းလက်ကိုပခုံးပေါ်တင်ပြီးတွဲထူကာအိမ်ကထွက်လာခဲ့သည်။ပထွေးဖြစ်သူကတော့မူးပြီမှောက်၍သာကျန်ခဲ့သည်။

. . .*. . .*. . .*. . .

"အဟီး. . .ဟီး. . .ဘယ်လိုလုပ်မလဲမျက်နှာလှလှလေးပျက်စီးကုန်ပြီ. . .နာဟင့်. .နာနေလားငါဖြေးဖြေးလေးလုပ်မယ်နော်. .ဟင့်"

perfectWhere stories live. Discover now