My Youth Was Yours ( Complet...

Від popophoenix207

47.9K 3.3K 329

ဉာဏ်လင်းထင် × ပိုင်ဇေယံ သူငယ်ချင်းမဖြစ်ချင်ဘူးဆိုရာကနေ သူငယ်ချင်းဖြစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ဇာတ်လမ်းလေ... Більше

Intro & Note
1. When we were young
2. Why can't we be friends?
3. What am I to you?
4. I only care about you
5.Let's keep growing old together
6.Life is like a ferris wheel
7. Jealousy is slowly killing me
8. Eighteen isn't last forever
10. In other words , I love you
11. The days without you
12. Best friends can kiss too
13. He loves me or not ?
14. Same but different
15. Whatever will be, will be
16. How could I tell you that I need you?
17. My father's secrets
18. The girl in the white shirt
19. Have you ever loved me ?
20. If home is a person
21. Meet me in the pouring rain ( Final part )
Extra - Happily ever after

9. How was your first date?

1.6K 137 18
Від popophoenix207

( Uni )

သည်ကနေ့ ယံယံက မီမီဟန်နှင့်ဒိတ်ဖို့ ချိန်းထားသည်တဲ့။

ဉာဏ် မနက်အစောကြီး အိပ်ရာနိုးနေပြီး ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်လူကို တိတ်တဆိတ်ကြည့်နေမိသည်။ ယံယံအခုလို အိပ်ပျော်နေချိန် ဘေးကနေ တစိမ့်စိမ့်ကြည့်နေရတာ ဉာဏ် တအားသဘောကျ၏။ အများအားဖြင့် ယံယံက ခေါင်းနှင့်ခေါင်းအုံး တခြားစီဖြစ်နေတတ်သည်။ မနက်လင်းပြီဆို တစ်ခါတရံ ဉာဏ့်ခေါင်းအုံးတစ်ခုတည်းပေါ်မှာ လာတိုးအုံးထားတတ်ပြီး တစ်ခါတရံ ဉာဏ့်ပုခုံးစွန်းကို ခေါင်းခုထားတတ်သည်။ တချို့မနက်တွေကျ ခြေထောက်ရောလက်ပါ ဉာဏ့်အပေါ်ကို ဖက်လုံးတစ်ခုလို ခွထားသည့်ပုံစံမျိုးနှင့် မြင်ရတတ်ပြီး တချို့မနက်တွေကျတော့ ကုတင်ရဲ့ တစ်ဘက်စွန်း‌ကို ရောက်နေတတ်ပြန်သည်။ ပုံစံအမျိုးမျိုးနှင့် အိပ်တတ်ပေမဲ့ အိပ်ရာကထဖို့ နှိုးပြီဆိုရင်တော့ ဆူအောင့်အောင့်ဖြင့်နိုးလာတတ်တာကတော့ တစ်ပုံစံတည်းပါ။

ဘယ်တော့မဆို ဉာဏ်ကအရင် အိပ်ရာကနိုးတတ်‌သူဖြစ်ပြီး ဉာဏ်နိုးလာတိုင်းလည်း ယံယံက အိပ်ပျော်နေဆဲ။ ခါတိုင်းဆို ဉာဏ့်ဘေးမှာအိပ်နေတဲ့ပုံစံကိုကြည့်ပြီး ဉာဏ်ပြုံးနေတတ်ပေမဲ့ သည်နေ့မနက်ကတော့ မတူ။ နောက်ထပ်နာရီအနည်းငယ်နေလျှင် ယံယံက တခြားတစ်ယောက်နှင့်  အတူရှိနေတော့မှာပါလားဟုတွေးမိသောအခါ သက်ပြင်းတွေပဲ အခါခါချနေမိသည်။

အမှန်ဆို ဉာဏ့်စိတ်ထဲမှာ ယံယံ့ကို မသွားစေချင်ပေမဲ့ သူ့မှာ တားပိုင်ခွင့်မျိုးလည်း မရှိ။ ပြီးတော့ ဒါမျိုးက တစ်ချိန်မှာ ကြုံကိုကြုံလာရမှာဆိုတာ ဉာဏ်တွေးထားပြီးသားအရာပါ။

" ပိုင်ဇေယံ....ပိုင်ဇေယံ ...ထတော့... ခုနစ်နာရီခွဲပြီးပြီ "

အိပ်ရာကနှိုးသဖြင့် ထုံးစံအတိုင်း ယံယံက မျက်လုံးတွေမဖွင့်ဘဲ ဉာဏ့်ကို ဆူအောင့်တော့သည်။

" ဟာ...လုပ်ပြီ မင်းနဲ့အိပ်ရရင် အဲ့လိုချည်းပဲ... ဘယ်တော့မှ အိပ်ရေးမဝဘူး....ကျောင်းသွားစရာလဲ မရှိဘဲနဲ့ကို တစ်ခါလောက်များ ကိုးနာရီလောက်ထိ အိပ်ပါလား... ဘာမှန်းမသိဘူး "

" မင်း မီမီဟန်နဲ့ အပြင်သွားဖို့ချိန်းထားတာ မဟုတ်ဘူးလား "

ပိုင်ဇေယံက မေ့များနေတာလားမသိ။ အကျိုးနည်း.. ဉာဏ်ကတောင် ပြန်သတိပေးနေရသည်။

" ကိုးနာရီမှပါကွာ... ခဏလောက် ပြန်အိပ်စမ်းပါ့ "

အိပ်ရာကထထိုင်နေပြီဖြစ်သော ဉာဏ့်ကိုပါ ယံယံက ပြန်ဆွဲပြီး အိပ်ခိုင်းနေသေး၏ ။

" အခုတောင် ရှစ်နာရီထိုးတော့မှာလေ ... မင်း အိပ်ရာက ဒီတိုင်းထသွားမလို့လား "

" ဉာဏ်လင်းထင် ....နားငြီးတာ မင်းက တကယ်ပဲ "

" သွားဒိတ်မှာက မင်းနော်.... First dateမှာ ကောင်မလေးက မင်းကိုစောင့်နေရမယ်ဆို ဘယ်ကောင်းပါ့မလဲ.... မင်းက သူ့အရင်ရောက်နေရမှာပေါ့ "

ယံယံက မျက်လုံးတွေဖွင့်ပြီး ဉာဏ့်ကိုစိတ်ပျက်သည့်အကြည့်နှင့် ကြည့်ကာ

" မင်း တော်တော်ပျင်းစရာကောင်းတာပဲ ဉာဏ်လင်းထင်.... စာအုပ်ကြီးအတိုင်း လာလုပ်နေတယ် "

" ငါက မင်းကို မင်းကောင်မလေးအမြင်မှာ အမှတ်မလျော့စေချင်လို့ စေတနာနဲ့ပြောတာ "

" ငါ့ကောင်မလေးတဲ့ ဟမ့် "

" မင်းကောင်မလေးမဟုတ်လို့ ငါ့ကောင်မလေးလား "

" မင်း ငါ့ကို တော်တော်သွားစေချင်နေတာပဲ ... ငါရည်းစားထားပြီးမှ မင်းထားရမယ်လို့များ ပြောထားမိလို့လား .... ဘယ်ကတည်းကများ မင်း ငါ့ကို ရည်းစားရစေချင်နေလဲ မသိဘူးနော် "

ပြောရက်လိုက်တာလို့လည်း ဉာဏ် မစွပ်စွဲချင်တော့။ ဉာဏ့်ရင်ထဲမှာ ဖြစ်ပျက်နေတာတွေကို ဉာဏ်ကိုယ်တိုင်တောင် ကောင်းကောင်းနားမလည်နိုင်တာ ယံယံယံက ဘယ်နားလည်ပါ့မလဲ။ နောက်ပြီး ယံယံက ဉာဏ် မသွားနဲ့ပြောရင်ရော နားထောင်မဲ့သူမို့လို့လား ။

" တော်ပြီ မပြောတော့ဘူး... မင်းဟာမင်း သွားချင်သွား မသွားချင်နေ ....သဘောပဲ "

ပြောပြီးတာနှင့် ဉာဏ် မျက်နှာသစ်ဖို့ အိပ်ရာပေါ်ကနေ ထလာလိုက်သည်။

" ဉာဏ်... မင်း ငါ့ကို စိတ်ဆိုးသွားတာလား "

ရေချိုးခန်းထဲဝင်ဖို့လုပ်နေသော ခြေလှမ်းတွေ ခဏရပ်တန့်သွားပြီးမှ ခေါင်းခါပြရင်း

" မဆိုးပါဘူး ... ငါက ဘာလို့စိတ်ဆိုးရမှာလဲ.... မင်း ပြန်အိပ်ချင်လဲအိပ်လေ...ခဏနေမှ ငါပြန်နှိုးပေးမယ် "

ဒါပေမဲ့ ယံယံ ထပ်မအိပ်တော့ဘဲ ကိုယ့်အိမ်ကိုယ်သာ ထပြန်လာခဲ့တော့သည်။

****

သည်နေ့မနက် နေရောင်မမြင်ရ ။ မိုးမရွာပေမဲ့ ရာသီဥတုက ခပ်အုံ့အုံ့ ဖြစ်နေသည် ။ ဉာဏ် မျက်နှာသစ်ရေချိုးပြီး၍ မနက်စာ စားနေစဉ် ယံယံ့ဆီက ဖုန်းဝင်လာသည်။ ဉာဏ် သည်ဖုန်းကိုမကိုင်ချင်ပေမဲ့ မကိုင်ပြန်ရင်လည်း သကောင့်သားက အိမ်ရောက်ချင်ရောက်လာဦးမည်။ အခုတောင် missed callက သုံးခု။

" ပြော "

" ဘာလုပ်နေတာလဲ ...ငါ ဖုန်းခေါ်နေတာ အခါငါးဆယ်လောက်ရှိပြီ "

" ဒါနဲ့မှ လေးခါပဲရှိသေးတာ ... မပလီနဲ့ ....ခုနက ငါရေချိုးနေလို့ "

" ရေချိုးတာလဲ အဲ့လောက်တောင် ကြာရလား ...ငါမပြန်ခင်ကတည်းက ရေချိုးခန်းထဲဝင်သွားတာ...
အခု ငါတောင် အိမ်ပြန်ရောက်လို့ ရေချိုးပြီးပြီ "

ခုနက ပြန်သွားတဲ့လူက အခုပဲ ဉာဏ့်ကိုဖုန်းဆက်ပြီး ဆရာလုပ်နေပြန်သည်။ ကျန်တဲ့နေ့ဆို သည်းခံနိုင်ပေမဲ့ ဒီနေ့တော့ ဉာဏ့်စိတ်ကလည်း ပုံမှန်ဟုတ်မနေ။

" ငါမအားသေးဘူး ပိုင်ဇေယံ ....ပြောစရာရှိတာပြော "

" ဘာလုပ်မလို့လဲ မင်းက "

" အပြင်သွားစရာရှိလို့ "

" ဘာလုပ်သွားမှာလဲ ... ဘယ်သူနဲ့လဲ "

" မင်း ဖုန်းဆက်တဲ့အကြောင်းအရင်းသာ ပြောစမ်းပါကွာ "

ဉာဏ် စိတ်မရှည်တဲ့လေသံနှင့် အော်လိုက်သဖြင့် ဧည့်ခန်းထဲမှာ သတင်းစာဖတ်နေသော မားကပါ ဉာဏ့်ကို လှမ်းကြည့်လာ၏။

" မင်း ငါနဲ့အတူလိုက်ခဲ့ပါလား ဉာဏ် "

ဒါ ဘယ်လို အဓိပ္ပာယ်မရှိတဲ့စကားလဲ ။ ယံယံ ကောင်မလေးနှင့် သွားဒိတ်သည့်ကိစ္စကို ဉာဏ်က ဘာလိုက်လုပ်ရမှာလဲ။ သူတို့ကြည်နူးနေတာကို ဘေးက ထိုင်ကြည့်နေရမှာလား။ သည်လောက်ထိတော့ ဉာဏ် သဘောမကောင်းနိုင်ပါ။

" ပေါက်ကရတွေပြောဖို့ ဆက်တာဆိုရင် ဖုန်းချလိုက်တော့မယ် "

" နေဦး နေဦး.... ငါဘာဝတ်သွားရမှန်းမသိလို့ ...
အိမ်လာပြီး ငါ့ကို အင်္ကျီရွေးပေးပါလားလို့ ပြောမလို့ပါ "

ပိုင်ဇေယံ က သည်နေ့မှဘာဖြစ်နေလဲမသိ။ ဉာဏ့်လို တီရှပ်တစ်ထည်နှင့် ဂျင်းဘောင်းဘီကလွဲပြီး ဘာမှသိပ်မဝတ်တတ်တဲ့‌လူကို လာပြီးအဝတ်အစားရွေးခိုင်းနေသည်။ တကယ်ဆို သူတို့နှစ်ယောက်မှာ ယံယံကတောင် fashionအမြင်ပိုရှိတာ  ဉာဏ်မသိဘဲနေပါ့မလား။

" ငါမအားဘူးလို့ ....မလာနိုင်ဘူး "

ဉာဏ်ငြင်းလိုက်သည်နှင့် တပြိုင်တည်း Video call ဝင်လာသည်။ မကိုင်ချင်ဘဲ ကိုင်လိုက်ရတော့ ဟိုဘက်က အပေါ်ပိုင်းဗလာနှင့် အောက်ပိုင်းက သဘက်တစ်ထည်သာ ပတ်ထားသူက ဉာဏ့်ကိုအမြင်ကတ်စရာကောင်းအောင် ပြုံးပြနေ၏ ။

" ခဏတော့ အချိန်ရသေးတယ်မလား ...
ဒီတိုင်းရွေးပေး "

အဝတ်အစားဗီရိုကိုပြပြီး ရွေးပေးခိုင်းနေသော ယံယံ့ကြောင့် ဉာဏ် တော်တော်စိတ်ညစ်လာ၏။ ရွဲ့ပြီး မလိုက်မဖက်တွေ အကြံပေးရအောင်ကလည်း ပိုင်ဇေယံက ဘာဝတ်ဝတ် ကြည့်ကောင်းနေတဲ့သူ။

" အဖြူရောင် ရှပ်အင်္ကျီလက်ရှည်နဲ့ အောက်က စတိုင်ပင်အနက်တစ်ထည် တွဲဝတ်သွားလိုက် "

" Necktie ပါ တပ်ခိုင်းဦးမှာလား... ငါက အလုပ်ခေါ်တဲ့ အင်တာဗျူး သွားဖြေမှာမဟုတ်ဘူးနော် ဉာဏ်လင်းထင် "

" ကြည့်ပါလား... မင်းက ငါပြောရင်လဲ လက်ခံတာမဟုတ်ဘဲနဲ့ ....ဘာလို့ လာမေးနေသေးလဲ "

" မင်း နည်းနည်းလောက် စိတ်ဝင်တစားနဲ့ ရွေးပေးပါလား ...အခု မင်းက ပြီးစလွယ်ပြောနေတာလေ "

ယံယံ သူများနှင့် သွားဒိတ်တဲ့ကိစ္စကို ဉာဏ်က ဘာလို့ စိတ်ဝင်စားရမှာလဲ ။ ဆက်ပြီးလည်း အချေအတင်မပြောချင်။ ဒီနေ့ ယံယံ့ကိုမြင်နေရတာကို ရင်ထဲ တစ်မျိုးဖြစ်နေသည်။

" မင်း အဆင်ပြေတယ်ထင်တာဝတ်သွား ယံယံ  "

" ဒါပဲ ဝတ်သွားတော့မယ် ... ဂျင်းဘောင်းဘီနဲ့တွဲပြီး... အပေါ်က လက်ရှည်တစ်ထည်နဲ့ "

ယံယံက ဉာဏ်ဝယ်ပေးထားဖူးသည့် ရင်ဘတ်ပေါ်က အနက်ရောင်ကြောင်ရုပ်လေးပါသည့် အဖြူရောင်တီရှပ်လေးကိုထုတ်ပြသည်။

" အိုခေ "

" ကျေးဇူး... ဘာအကြံဉာဏ်မှ မပေးတဲ့အတွက် ...
ဒါပဲ "

" နေဦး "

ဉာဏ့်ကိုရွဲ့ပြောပြီး ဖုန်းချတော့မည့်သူကို အမိအရတားလိုက်ပြီး

" မိုးကာအင်္ကျီယူသွားဖို့ မမေ့နဲ့ .... ဒီနေ့ မိုးရွာနိုင်တယ်လို့ သတင်းထဲမှာ ကြေငြာထားတယ် "

မနက်စာစားရင်း တွေ့လိုက်ရသော မိုးလေဝသသတင်းကို မနေနိုင်မထိုင်နိုင် သတိပေးမိသေး၏။

*****

အရွယ်ရောက်ကတည်းက ဘယ်သွားသွား ဉာဏ်နှင့်အတူသွားနေကြမို့ ဒီတစ်ခါ ယံယံတစ်ယောက်တည်း အပြင်ထွက်လာရတာ ကြောင်တောင်တောင် ခံစားနေရသည်။ လမ်းမှာတစ်ခုခုမြင်တိုင်း ယံယံ့ဘေးမှာ ဉာဏ်မပါတာကိုမေ့ပြီး လှည့်ပြဖို့ လုပ်မိသေး၏။ ပြီးမှ ယံယံ တစ်ယောက်ဝာည်းဆိုတာ သတိရသွားကာ စိတ်ထဲဝမ်းနည်းလာချင်သလိုလို။

"ဉာဏ်လင်းထင် ငါ taxi ပေါ်မှာ "

ဉာဏ့်ဆီစာပို့လိုက်မှ အနည်းငယ် စိတ်သက်သာသွားသလို ခံစားရသည်။

" ဒီနေ့ မင်း ဘယ်သွားမလို့လဲ  "

ယံယံကသာ စာပို့နေတာ ဉာဏ်ကတော့ ကြည့်တောင်မကြည့်ပါ။ ယံယံ့ကို လစ်လျူရှုထားသည် ။

ယံယံ မီမီဟန်နှင့် ချိန်းထားသည့်နေရာဆီ ရောက်တော့ မီမီဟန်က ရောက်တောင်နေပါပြီ။
တကယ်တမ်း မီမီဟန့်ကို မြင်လိုက်ရသည့်အချိန် ယံယံ့စိတ်ထဲမှာ ကျောင်းတုန်းကလို ပေါ့ပေါ့ပါးပါးမနေဘဲ လေးလံသွား၏။ ယံယံလာတာမြင်တော့ ပြုံးပြသည့် မီမီဟန့်ကိုကြည့်ပြီး ဉာဏ့်ကို သတိက ရသွားပြန်သည်။

' ဉာဏ် ပြုံးလိုက်ရင် ငယ်ငယ်ကတည်းက ဘယ်သူနဲ့မှကိုမတူဘူး .... တအားချစ်ဖို့ကောင်းတာ '

စိတ်ထဲကနေ တိတ်တိတ်လေး မှတ်ချက်ချလိုက်၏။

" ရောက်နေတာကြာပြီလား မီမီဟန် "

" အခုမှရောက်တာပါ "

မီမီဟန်လိမ်ပြောမှန်း ယံယံသိသည်။ ယံယံလာတာ ဆယ့်ငါးမိနစ်တောင် နောက်ကျနေပြီ။

' ဒီနေရာမှာ ဉာဏ်သာဆို အခုလိုမလိမ်ဘဲ ငါ့ကို နောက်ကျလို့ဆိုပြီး အော်ချင်အော်မှာ '

" ဆိုင်ထဲဝင်ရအောင် "

မီမီဟန်ပြောသည့် ကော်ဖီဆိုင်က ယံယံ လုံးဝမကြိုက်သည့်ဆိုင်။ ဒီဆိုင်ကို ဉာဏ်နှင့် ယံယံ တစ်ခါလာဖူးသည်။ အပြင်အဆင်လှပြီး ဓာတ်ပုံရိုက်၍ ကောင်းပေမဲ့ ကော်ဖီရောမုန့်တွေရော ယံယံ့ပါးစပ်နှင့် လုံးဝ‌မတွေ့။ ယံယံ မကြိုက်ဘူးဟု ပြောသဖြင့် ဉာဏ်က သူ့ကို ဒီဆိုင်ထပ်ခေါ်မလာတော့ ။

' ဉာဏ်နဲ့သာဆို တခြားဆိုင်ပဲသွားမှာ '

" အွန်း လာလေ "

ယံယံ ကော်ဖီဆိုင်ထဲကို ရှေ့ကနေ ဝင်သွားလိုက်သည်။ ယံယံ့လက်ကို လှမ်းတွဲဖို့လုပ်နေသော မီမီဟန့်ကို အားနာပါးနာဖြင့် မသိကျိုးကျွံပြုလိုက်ရင်း... ။

" ပိုင်ဇေ ဘာမှာမလဲ "

" ဘာဖြစ်ဖြစ်ရပါတယ် .... မီမီဟန် ကြိုက်တာမှာပါ "

မီမီဟန်မှာတဲ့မုန့်တွေကို ယံယံ တစ်ခုမှမကြိုက်။ ဒါပေမဲ့ ဘာမှ‌ ပြောမနေပါ။ ယံယံလည်း စားဖြစ်မှာမဟုတ်သောကြောင့် ။

' ဉာဏ်ဆိုရင်ရော သူ့first dateမှာ ကောင်မလေးနဲ့ ဘာစားနေမှာပါလိမ့် '

မီမီဟန်နှင့်  အတူရှိနေရပေမဲ့ ယံယံ့ခေါင်းထဲမှာ ဉာဏ်က ရောက်လာပြန်သည်။

" ပြီးရင် ငါတို့ဘယ်သွားကြမလဲ ပိုင်ဇေ "

အိမ်ပဲပြန်ရအောင်လေလို့ ယံယံ့ပြောလိုက်ချင်ပေမဲ့ တစ်ချိန်လုံး ဉာဏ့်ဆီက မိန်းကလေးတွေအပေါ်မှာ လေးစားဖို့ ၊ ညှာတာဖို့ ၊ အနိုင်မယူဖို့တွေ ကြားထားရသော ယံယံ့အနေနှင့် မီမီဟန့်အပေါ်မှာ သူဒီလိုမလုပ်နိုင်ပါ။ မီမီဟန်က ယံယံ့ကို သဘောကျတယ်ပြောတုန်းကလည်း ငြင်းရမှာအားနာသဖြင့် လက်ခံလိုက်မိသည်။ မီမီဟန့်ကို တကယ်တော့ ချစ်သူအနေနှင့် မဟုတ်ဘဲ သူငယ်ချင်းတစ်‌ယောက်လိုပဲ သဘောကျသည်ဆိုတာ အခုလို နှစ်‌ယောက်ဒိတ်သည့်အချိန်ကျမှ ပိုပြီးရှင်းရှင်းလင်းလင်းနားလည်သွားသည်။

' ငါ မင်းပြောတဲ့စကားကို ငါ နားထောင်ခဲ့သင့်တာ ဉာဏ် '

" ဘယ်သွားချင်လဲ ... မီမီဟန် ကြိုက်တဲ့ဆီသွားလေ "

" ဒါဆို ရုပ်ရှင် သွားကြည့်ကြမလား... အခုရုံတင်နေတဲ့ Something In The Rain ဆိုတဲ့ဇာတ်ကား ကောင်းတယ်တဲ့ "

ဇာတ်ကားနာမည်ကြောင့် ဉာဏ်ပြောလိုက်သည့် မိုးရွာနိုင်တယ်ဆိုတဲ့အကြောင်းကို သတိရလာသည်။ ရာသီဥတုကလည်း မှိုင်းညို့ညို့ ။ ဉာဏ်ကလည်း အပြင်သွားမှာဆိုတော့ မိုးကာယူသွားပါ့မလား။ ယံယံကတော့ ပါမလာခဲ့။

' ဉာဏ် ဘယ်သွားတာလဲ သိချင်လိုက်တာ }

မီမီဟန်ပြောတဲ့ဇာတ်ကားက အချစ်ကားထင်သည်။ ယံယံက သည်လို အချစ်ရိုမန့်စ်ကားတွေ သိပ်ကြည့်လေ့မရှိ။ ပြီးတော့ ဉာဏ်ကလွဲပြီး ဘယ်သူနှင့်မှ ရုပ်ရှင်ရုံထဲ အတူမသွားဖူး။ တကယ်လို့များ ရုပ်ရှင်ရုံထဲမှာ မီမီဟန်က ယံယံ့ပုခုံးပေါ် ခေါင်းမှီလာပြီး ယံယံ့လက်ကိုကိုင်လာလျှင် ဘယ်လိုလုပ်ရပါ့။ အတွေးနှင့်တောင် စိတ်ကျဉ်းကျပ်လာသည်။ ဉာဏ်သာဆို မှီရုံတင်မဟုတ် အိပ်ပါအိပ်လိုက်ဦး။ ယံယံ ဘယ်လိုမှနေမည်မဟုတ်ပါ ။ ဉာဏ်နှင့်သာဆို အမြဲသက်သောင့်သက်သာရှိသည် ။

' မင်းက ငါ့အတွက် တကယ်ကိုcomfort zoneပဲ ဉာဏ် '

" အဲ့ဒီဇာတ်ကား ကြည့်မလား ပိုင်ဇေ "

မီမီဟန် ထပ်မေးလာမှ ယံယံ အတွေးလွန်နေတာ ရပ်သွားရသည်။ သို့ပေမဲ့ ယံယံ ဒါကို ဆက်မလုပ်နိုင်တော့။  တကယ်မချစ်ဘဲနှင့်လည်း အားနာပြီး ဆက်ဟန်ဆောင်နေလျှင် မီမီဟန့်အပေါ်မှာ မျှော်လင့်ချက် ပေးသလိုဖြစ်ပြီး ရက်စက်ရာ ကျနေလိမ့်မည်။ အချိန်မလွန်ခင် အမှန်အတိုင်းပဲ ဖွင့်ပြောပြီး တောင်းပန်လိုက်တော့မည်ဟု ဆုံးဖြတ်ပြီးနောက်....

" မီမီဟန် ... ငါ တောင်းပန်ပါတယ် "

မီမီဟန်က သိပ်မအံ့ဩသလို ပုံစံမျိုးဖြင့် ယံယံ့ကို ပြုံးပြုံးလေး ကြည့်နေ၏။

" တကယ်တော့ ငါ....ငါ နင့်ကို သူငယ်ချင်းတစ်ယောက်လိုပဲ သဘောကျတယ် ....ငါက နင်လိုချင်တဲ့ပုံစံ ဖြစ်လာမှာမဟုတ်ဘူးထင်တယ်... ငါ နင့်အတွက် ချစ်သူကောင်းတစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး "

" ငါ ရိပ်မိပြီးသားပါ ပိုင်ဇေ... အခုလို ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပြတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ် ... ပြီးတော့ ငါ မကြာခင် New York သွားတော့မှာ ... အဲဒီမှာပဲ ကျောင်းဆက်တက်တော့မယ် "

အခုလိုဆိုတော့လည်း သူငယ်ချင်းတစ်ယောက်အနေနှင့် ယံယံ စိတ်မကောင်းပါ။ ယံယံက ခွဲခွာရတာကို မုန်းတဲ့သူမို့ ။

" ဟုတ်လား "

" အွန်း... အလည်တော့ မကြာမကြာပြန်လာမှာပါ "

" အင်းပါ .... ပြန်လာရင် ပြောဦးနော်... အဆက်အသွယ်လဲ မပြတ်စေနဲ့.... အစစအရာရာ ဂရုစိုက်နော် "

ထို့နောက်မှာတော့ မီမီဟန်က ကောာ်ဖီသောက်ပြီး ယံယံ့ကိုနှုတ်ဆက်ကာ ပြန်သွားသည်။ ယံယံကတော့ ကော်ဖီဆိုင်ထဲမှာပဲ ဆက်ထိုင်နေမိ၏ ။

ဉာဏ်များ စာပြန်ပို့ထားမလား ကြည့်လိုက်တော့ အခုထိကို ယံယံပို့ထားတာကို seenမပြ။ သည်တိုင်းထိုင်မနေနိုင်တော့ဘဲ ဉာဏ့်ဆီ ဖုန်းတွေဆက်တိုက် ခေါ်လိုက်ရာ သုံးခါမြောက်မှာတော့ ကိုယ်တော်ချောအသံကို ကြားရပါပြီ။

" ဘာလဲ ပိုင်ဇေယံ "

" ဘောမို့ ငါပို့ထားတဲ့စာ မကြည့်တာလား "

" ဘာလို့ဆဲနေတာလဲ ...ဘေးမှာ ‌မိန်းကလေးရှိနေတာကို "

" ဘယ်သူ့ဘေးလဲ ...မင်းဘေးလား "

ယံယံ့က အခန်းထဲမှာတင် ဂီတာထိုင်တီးနေသည့်လူကို တစ်ပြန်ပြန်မေးနေသေး၏ ။

" ရူးနေလား မင်း ....ဘာလို့ ဖုန်းဆက်တာလဲ အခု "

" ငါတစ်ယောက်တည်း ပျင်းလို့ "

" ဘာ... မီမီဟန်က ဘယ်ရောက်သွားတာလဲ "

" ပြန်သွားပြီ "

ယံယံ သွားတဲ့အချိန်နဲ့ဆို ဘယ်လောက်မှတောင် မကြာသေးပါ ။ ဘယ်လိုဖြစ်တာလဲမသိပေမဲ့ သိပ်တော့ အံ့ဩစရာမဟုတ်ဟု ထင်သည်။ နဂိုကတည်းက မီမီဟန့်အပေါ်  ယံယံရိုးရိုးသားသားပဲဆိုတာ ဉာဏ် ထင်ပြီးသား။ ဒါကို မနေ့ညက ဉာဏ်ပြောတော့ လက်မခံဘဲ ဉာဏ့်ကိုတောင် ချစ်ဖူးလို့လားဘာညာနှင့် ပြန်ပက်သွားသေး၏။

" ဉာဏ်...မင်း နားထောင်နေသေးလား "

" အင်း ပြော "

" မင်းပြောသလို အဲ့ဒါအချစ်မဟုတ်မှန်း သိပြီ ... အဲဒါမို့ ငါသူ့ကို တောင်းပန်ပြီး အမှန်အတိုင်းပြောလိုက်တာ ... ငါ သူ့ကို မချစ်ဘူး "

သည်တစ်ကြိမ် ဖုန်းထဲက ယံယံ့အသံကို ကြားရတာ ဉာဏ် နှလုံးခုန်သံတွေပါ မြန်လာသလို ။ တစ်မနက်လုံး အလိုမကျဖြစ်နေသည့်စိတ်ကလည်း အခုတော့ ချက်ချင်း လန်းဆန်းပြီး ပျော်ရွှင်လာ၏။

" မင်း အခု ဘယ်မှာလဲ "

" မင်းနဲ့ငါနဲ့ နောက်ဘယ်တော့မှ မထိုင်ဖူးလို့ပြောထားတဲ့ ကော်ဖီဆိုင်ထဲမှာ "

ယံယံ ပြောပြီးတာနဲ့ ဉာဏ်က ချက်ချင်းဖုန်းချသွားသည်။ သည်လောက်ဆို ယံယံ့ဆီကို ဉာဏ် မကြာခင်ရောက်လာတော့မယ်ဆိုတာ ဘယ်သူကမှ ပြောစရာမလိုဘဲ ယံယံသိပြီးသားပါ။

ဆယ့်ငါးမိနစ်ခန့်အကြာ ....

ခုနက လေးလံနေသော ယံယံ့ စိတ်တွေအားလုံးက ကော်ဖီဆိုင်မှာကာထားသည့် မှန်ထဲကတစ်ဆင့် လှမ်းမြင်နေရသော အနက်ရောင် Yamahaပေါ်က ခေါင်းတစ်ခုလုံး လုံအောင်ဖုံးထားသည့် ဆိုင်ကယ်ဦးထုတ် ဆောင်းထားသော လူတစ်ယောက်ကို မြင်လိုက်ရသောအခါ ရုတ်ချည်းပေါ့ပါးပြီး ကြည်နူးသွားရသည်။

ယံယံ ကော်ဖီဆိုင်ထဲကထွက်လာပြီး ဉာဏ့်ဆီ တန်းမသွားသေးဘဲ ဉာဏ့်ကို လှမ်းကြည့်နေသည့် လေးနှစ်အရွယ်ကလေးလေးဘေးကိုသွားပြီး

" ဘာတွေကြည့်နေတာလဲ.... အဲဒါ လူမဟုတ်ဘူးနော် "

ကလေးက အလန့်တကြားပုံစံလေးဖြင့် ယံယံ့ကို မော့ကြည့်လာ၏။

" ဂြိုဟ်သားလား "

" ဟုတ်တယ် ....ကမ္ဘာပေါ်ကို ဂြိုဟ်သားတွေ ရောက်လာနေပြီ ....မင်း ဒီတိုင်း ရပ်ကြည့်နေမှာလား "

" မာမီရေ... ဂြိုဟ်သားတွေ ရောက်လာပြီ ...
ကမ္ဘာကြီးကိုဖျက်စီးတော့မယ် "

" ဟားဟားဟား "

ပါးစပ်ကလည်းအော်ရင်း ပြေးလည်းပြေးထွက်သွားသော ကလေးကိုကြည့်ပြီး ယံယံ အူတက်နေအောင် ရယ်မိတော့သည်။

" ပိုင်ဇေယံ .... ကလေးကို ဘာပေါက်ကရတွေ သွားပြောနေတာလဲ "

ဆိုင်ကယ်ပေါ်ကနေ ဉာဏ်က သူ့ကိုလှမ်းအော်မှ ရယ်တာကို မနည်းရပ်လိုက်ရသည်။ တကယ်တော့ ဉာဏ့်ကို မြင်လိုက်ရကတည်းက ယံယံ့စိတ်ထဲမှာ ပျော်နေတာ ။

" ဉာဏ်လင်းထင် .... မင်း အပြင်သွားစရာရှိတယ်ဆို ... ပြန်လာပြီလား "

" မသွားရသေးဘူး "

" ဘယ်သွားမှာလဲ "

" Avengers ရုံတင်နေပြီ ... သွားကြည့်မလို့ "

" ဘာလို့ ငါ့ကိုကြိုမပြောတာလဲ ... အခုမှ လက်မှတ်က ရပါ့မလား "

" ငါ့မှာရှိပြီးသား "

"ဒါဆို  ငါ့ကျရော "

ဉာဏ်က ဘာမှပြန်မပြောဘဲ သူ့ကို မျက်လုံးတစ်ချက်စွေကြည့်သည် ။ သည်အကြည့်ကို ယံယံ သဘောပေါက်သည် ။ မေးနေစရာလိုသေးလားဆိုသည့်အကြည့်။ ဉာဏ့်ဆီမှာ ယံယံ့အတွက်ပါ လက်မှတ်ဖြတ်ထားပြီးသားလေ ။

ထို့နောက် နှစ်ယောက်သား မင်္ဂလာရုပ်ရှင်ရုံသို့ ဉာဏ့်ဆိုင်ကယ်နှင့်ပဲ ထွက်လာခဲ့ကြသည်။  ရုပ်ရှင်ရုံထဲမဝင်ခင် ယံယံ ဘာမှမစားရသေးတာကို ရိပ်မိသော ဉာဏ်က လမ်းမှာ ဝင်ဝယ်လာသော Croissantကို ထုတ်ပေး၏ ။

" ငါ ဗိုက်ဆာနေမှန်း ဘယ်လိုလုပ်သိတာလဲ"

" ခုနကဆိုင်ကမုန့်တွေ မင်းမကြိုက်မှန်း ငါသိပြီးသားလေ "

ဉာဏ်က ယံယံ့အတွက် သည်လိုလူပါ။ ပါးစပ်က ထုတ်ပြောစရာမလိုဘဲ စိတ်ထဲမှာ ဘာဖြစ်နေတာလဲဆိုတာ အလိုလိုသိသည့်လူ။ ယံယံ့အတွက်ဆို အစစအရာရာ စောင့်ကြည့်ပြီး ဖြည့်ဆည်းပေးတတ်သူ။ ဒါကြီးကို ယံယံ တစ်သက်လုံး အကျင့်ပါသွားလျှင် ဘယ်လိုလုပ်ရမလဲ။ ဉာဏ်သာ ယံယံ့ဘေးမှာမရှိတော့လျှင်ဆိုတာမျိုးကို တွေးတောင်မတွေးဝံ့ပါ။ ဘယ်လောက်ပဲအသက်တွေကြီးလာလာ ဉာဏ်တစ်ယောက်ကိုတော့ အနားမှာအမြဲရှိစေချင်ပါသည် ။

" စားပြီးပြီလား ယံယံ....သွားမယ် ...အအေးက ကိုလာပဲ ဝယ်ခဲ့တယ်နော် "

လက်ထဲမှာ Popcorn ဘူးကြီးတစ်ဘူးနှင့် ကိုကာကိုလာနှစ်ဘူးကိုင်ပြီး ဉာဏ်က သူ့အနားပြန်ရောက်လာ၏ ။ နောက်ပြီး သူတို့ ရုပ်ရှင်ရုံထဲ ဝင်ခဲ့ကြသည်။

အရိုးသားဆုံးဝန်ခံရလျှင် ယံယံ သည်ကနေ့ ရှေ့ကရုပ်ရှင်ကားကို သိပ်အာရုံမရပါ။ ဘေးကလူကိုပဲ ခဏခဏ ကြည့်နေချင်သည်။ သည်နေရာမှာ မီမီဟန်သာဆို ယံယံ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်။ အခုတော့ ထုံးစံအတိုင်းပဲ ယံ့ယံနှင့်အနီးဆုံးမှာ ယံယံရင်းနှီးနေပြီးသားမျက်နှာ။ အဲဒီမျက်နှာကို ကြည့်ပြီးတော့လည်း ယံယံ အလိုလိုပြုံးနေမိသည်။

" ရုပ်ရှင်က ရှေ့မှာ ပိုင်ဇေယံ
ငါ့မျက်နှာပေါ်  ပြနေတာမဟုတ်ဘူး "

ယံယံ့ဘက်ကို လှည့်မကြည့်ဘဲ ပြောလိုက်သူ၏ပါးကို လက်သီးဖြင့် ခပ်ဖွဖွ ထိုးလိုက်တော့လည်း ရုပ်ရှင်ကြည့်မပြတ်ဘဲ ပြုံးသွားသေးသည် ။

' မင်းမရှိရင် ငါတော့ ဘယ်လိုနေရမလဲ တကယ်မသိတော့ဘူး ဉာဏ် '

ရုပ်ရှင်ပြီးတော့ ရာသီဥတုက တော်တော်ကြီး မှိုင်းညို့နေပေမဲ့ မိုးကတော့မရွာသေးပါ ။

" မင်းမှာ မိုးကာအင်္ကျီပါလား ဉာဏ် "

" မပါဘူး... မင်းရော "

" ငါလဲ မယူခဲ့ဘူး "

" မင်းကို ငါယူသွားလို့ မှာလိုက်ရဲ့သားနဲ့ "

" မင်းလဲမပါဘဲနဲ့ အတူတူချင်းကို လာပြောမနေနဲ့  "

" ဒါဆိုလဲ မိုးမရွာခင် အိမ်ပြန်ကြတာပေါ့ "

ယံယံ အိမ်မပြန်ချင်သေးပါ။ ဉာဏ်နှင့်အတူ ဆိုင်ကယ် ပတ်စီးချင်သေးသည်။ ဒီဆိုင်ကယ်ကို ဉာဏ်က တက္ကသိုလ်တက်လျှင်စီးဖို့ဆိုပြီး ဝယ်ထားတာ မကြာသေး။

" အိမ်မပြန်ဘဲ ငါသိတဲ့ Milkshakeဆိုင် သွားရအောင် ဉာဏ်.... အဲဒီဆိုင်က အိမ်တွေလူတွေနဲ့လဲ ဝေးတယ်.. နေရာလဲကျယ်တယ်... လူလဲ သိပ်မရှုပ်ဘူး "

" မင်း သွားချင်ရင်သွားမယ် "

ယံယံပြောသည့် Milkshake ဆိုင်ကိုရောက်ဖို့ ရုပ်ရှင်ရုံကနေ မိနစ်နှစ်ဆယ်လောက် ဆိုင်ကယ်စီးလိုက်ရသည်။ ဆိုင်အပြင်အဆင်လေးက တော်တာ်ချစ်စရာကောင်း၏။ ဆိုင်ကိုလာကြသည့်လူတွေကို ကြည့်လိုက်တော့လည်း သူတို့လိုအရွယ်လေးတွေများသည်။ ဖွင့်ထားသည့် သီချင်းမြူးမြူးလေးတွေက ဆိုင်အပြင်ဘက်က လမ်းပေါ်အထိ အတိုင်းသားကြားနေရသည်။

ရောက်ရောက်ချင်း Marshmallow လေးတွေနှင့် creamတွေထပ်ထည့်ထားသော Chocolate Milkshake နှစ်ခွက်မှာပြီး သူတို့နှစ်ယောက် စားပွဲတစ်ခုမှာ နေရာယူပြီးချိန်မှာတော့ မိုးပွားလေးတွေ စကျနေပြီ။ Milkshake သောက်ရင်း ကြည့်လာသည့် Avengers ရုပ်ရှင်အကြောင်း ပြန်ပြောဖြစ်ကြသည်။ တဖြည်းဖြည်းနှင့် မိုးကလည်း နည်းနည်းပိုသည်းလာပါသည်။

ရုတ်တရက် ယံယံက ဉာဏ့်ကို ဘာမှမပြောဘဲ ကောင်တာဆီထသွားပြီး BANNERSရဲ့ Someone To You သီချင်းကို ဖွင့်ပေးဖို့ တောင်းဆိုလိုက်သည်။ နောက်ပြီး သူတို့စားပွဲဆီပြန်မလာဘဲ ဆိုင်အပြင်ဘက်ထွက်သွားပြီး မိုးရေထဲမှာ ကနေလိုက်၏ ။

" ယံယံ....မင်း ဘာလုပ်နေတာလဲ .... မိုးရွာနေတာကို "

ဆိုင်အပေါက်ဝကနေ ဉာဏ် လှမ်းအော်တော့ လမ်းပေါ်ရောက်နေသည့် ယံယံက ဉာဏ့်ကို ထွက်ခဲ့ဖို့ အချက်ပြ၏။ ဉာဏ် မသွားသေးဘဲရပ်နေပေမဲ့ မိုးရွာထဲမှာ တစ်ယောက်တည်းကနေသော ယံယံ့ကိုလည်း ဒီတိုင်း လွှတ်မထားချင်ပါ။ ဆိုင်ထဲက တခြားသူတွေကလည်း ယံယံ့ကို လှမ်းကြည့်နေကြသည်။

ထို့နောက် ဉာဏ် မိုးရွာထဲပြေးထွက်လာပြီး

" ဘာလုပ်တာလဲ ယံယံ...မိုးတွေသည်းလာပြီလေ "

ယံယံက ဉာဏ်ပြောတာကိုနားမထောင်ဘဲ ဉာဏ့်လက်နှစ်ဖက်ကိုပါ ဆွဲပြီးကခုန်ကာ ပါးစပ်ကလည်း သီချင်းကို အကျယ်ကြီး အော်ဆိုသေး၏ ။

♪ I just wanna be somebody to someone, oh
I wanna be somebody to someone, oh
I never had nobody and no road home
I wanna be somebody to someone ♪

မိုးရွာထဲမှာ ကခုန်နေသော သူတို့ကိုကြည့်ပြီး ဆိုင်ထဲက နောက်ထပ် စုံတွဲလေးနှစ်တွဲလည်း ထွက်လာပြီး လိုက်ကကြသည်။ ။ ယံယံက ဉာဏ့်လက်တစ်ဖက်ကိုမြှောက်ပြီး ခန္ဓာကိုယ်ကိုပါ တစ်ပတ်လှည့်လိုက်သေး၏။

" ယံယံ ... လူတွေဝိုင်းကြည့်နေကြတာ မရှက်ဘူးလား "

" အဲဒါဆို လူတွေမရှိ‌တဲ့နေရာ သွားရအောင် "

" ဘယ်လဲ "

မေးတာကိုမဖြေဘဲ ဉာဏ့်လက်ကိုဆွဲပြီး  မိုးရွာနေသည့် လမ်းမတစ်လျှောက် ပြေးတော့သည်။ သီချင်းသံရော လူတွေရော Milkshake ဆိုင်လေးရော သူတို့နှင့် ဝေးဝေးမှာ ကျန်ခဲ့တော့သည်။ မိုးကလည်း သည်းကြီးမည်းကြီး ရွာနေပါပြီ။

" မင်း ဘာအရူးထနေတာလဲ ပိုင်ဇေယံ ....
ဖျားကုန်တော့မှာပဲ "

" ငါ ဒီလို မိုးရွာထဲ က ချင်နေတာ ကြာလှပြီ ဉာဏ် ....
ပျော်စရာကြီးနော် ... ငါ တအားပျော်တာပဲ "

မိုးသံတွေကြားမှာ အော်ပြောနေရပေမဲ့ ယံယံ တကယ်ပျော်နေသည်ဆိုတာ ရုပ်ရောအသံရောကနေ ဉာဏ် ခံစားလို့ရပါသည်။ ယံယံက လမ်းမပေါ်ပါ လှဲအိပ်လိုက်သေး၏ ။

" လျှပ်စီးတွေလက်နေပြီ ယံယံ ... မိုးခြိမ်းတော့မှာ "

" ငါ ခုနစ်တန်းကျောင်းသားလေးမဟုတ်တော့ဘူး ဉာဏ်လင်းထင် "

သည်စကားကိုကြားပြီး မိုးရွာကြီးထဲမှာ ဉာဏ် မပြုံးဘဲ မနေနိုင်တော့ပါ ။

" အဲဒါဆို ဆက်သွားမယ် လာ "

သည်တစ်ခါတော့  ဉာဏ်က ယံယံ့ကို ဦးဆောင်ပြီး ဆွဲခေါ်ခဲ့သည်။ ပြီးတော့ ဉာဏ်လည်း အရမ်းပျော်နေတာ ဝန်ခံရမည်။

တစ်နေရာ အရောက်မှာတော့ ပြေးရတာ မောလာသဖြင့် သစ်ပင်တစ်ပင်အောက် ဝင်ပြီးနားဖြစ်ကြသည်။ မိုးကလည်း နည်းနည်းစဲလာပြီ။

မိုးရေတွေဖြင့်စိုရွှဲနေပြီး  နဖူးပေါ် ကျနေသည့် ဆံပင်တွေကို ယံယံ လက်ဖြင့်သပ်တင်လိုက်ပြီး ဉာဏ့် မျက်နှာပေါ်  ဖုံးကျနေသည့် ဆံပင်တွေကိုလည်း အပေါ်လှန်တင်ပေးလိုက်သည် ။

ပြီးတော့ သူ့လက်နှစ်ဖက်ဖြင့် ဉာဏ့်မျက်နှာကို သေချာညှပ်ကိုင်ထားပြီး  အနားကပ်ကာ စိုက်ကြည့်နေပြီးမှ

" ရုပ်ဆိုးလိုက်တာ "

" ဘာ "

မျက်နှာကို အနီးကပ်ပြီး သေချာကြည့်လာသည့် မျက်ဝန်းတစ်စုံကြောင့် ဉာဏ့်ရင်ခုန်သံတွေ မြန်လာသည့်အချိန်မှာ ပါးစပ်က ပြောလာသည့်စကားကတော့ အမြင်ကတ်စရာကောင်းနေပြန်သည်။

" မင်း ငယ်ငယ်က ချစ်စရာလေးသိလား ဉာဏ် ... လေးတန်းလောက်ကဆို မင်းပါးဖောင်းဖောင်းလေးတွေ မြင်တိုင်း ငါ ဒီလိုဖဲ့ချင်တာ "

" အား... နာတယ်ဟ "

" ဟားဟား "

ယံယံက ဟန်လုပ်ပြရင်း တကယ်ဖဲ့လိုက်သဖြင့် ဉာဏ်အော်တော့ သဘောကျစွာရယ်သည်။ မိုးသံလေသံကြားမှာ ရင်ခုန်သံတွေရော ရယ်သံတွေပါ ရောပြွန်းနေ၏ ။

မိုးကလည်း  နောက်တစ်ကြိမ် ပြန်သည်းနေပြန်ပြီ။ တော်တော်နှင့် တိတ်ဦးမည့်ပုံမပေါ် ။

နှစ်ယောက်သား ချမ်းလာကြပြီး ယံယံကဆို မေးတွေတောင် တဂတ်ဂတ်နှင့် ရိုက်နေသည်။

" မိုးက ဘယ်တော့မှ တိတ်မှာပါလိမ့် "

" မင်း နှုတ်ခမ်းတွေတောင် ပြာနေပြီ ယံယံ "

" ချမ်းတာကိုး "

" ငါဖက်ထားပေးမယ် လာ "

ယံယံ့တစ်ကိုယ်လုံးကို ဉာဏ် လက်နှစ်ဖက်နှင့်အပြည့် သိုင်းဖက်ထားပေးလိုက်တော့ ဉာဏ်ကလည်း သူ့ကျောကိုပြန်ပြီး တင်းကျပ်စွာဖက်တွယ်လာသည်။

မိုးသည်းကြီးထဲ လမ်းလေးက သစ်ပင်တစ်ပင်အောက်မှာ တစ်ယောက်ပုခုံးပေါ် တစ်‌ယောက်မျက်နှာအပ်ပြီး တင်းကျပ်စွာဖက်ထားကြသော လူငယ်လေးနှစ်ယောက်။ သစ်ကိုင်းကြိုသစ်ကိုင်းကြားက စီးကျလာသောမိုးရေစက်တွေကတော့ သူတို့ကိုယ်ပေါ်မှာ ။

အပြင်က မိုးစက်တွေနှင့် လေထုက အေးနေပေမဲ့ သူတို့ကြားက ကိုယ်ငွေ့ကတော့ နွေးနေခဲ့ပါသည် ။

*****

မိုးတိတ်မှ  Milkshake ဆိုင်ဘက် ပြန်လာခဲ့ကြပြီး
Milkshakeဖိုး ပိုက်ဆံရှင်းကာ အိမ်ပြန်ခဲ့ကြသည် ။ ဆိုင်ကယ်တစ်စီးဖြင့် အိမ်ပြန်လာသည့်လမ်းမှာလည်းယံယံက ချမ်းနေတုန်းပဲဟုဆို၏။ ပြီးတော့ ဉာဏ့်နောက်ကနေ ခါးကိုတင်းကျပ်စွာဖက်ပြီး လိုက်လာခဲ့တာ အိမ်ပြန်ရောက်တဲ့အထိ ။

ဉာဏ် အိမ်ရောက်ရောက်ချင်း ရေထပ်ချိုး၊ အဝတ်အစားကို နွေးနွေးထွေးထွေးဝတ်ကာ မား လုပ်ပေးသည့် စွပ်ပြုတ်ပူပူလေးသောက်ပြီးနောက် အိပ်ရာပေါ်မှာ စောင်နှင့်ကွေးဖို့ အသင့်ဖြစ်ပါပြီ။

နောက်ပြီး ဉာဏ်သိချင်သည့်မေးခွန်းကို ယံယံ့ဆီ message ပို့လိုက်သည် ။

" မင်းရဲ့ ပထမဆုံးဒိတ်က ဘယ်လိုရှိလဲ ယံယံ "

တစ်မိနစ် ...

နှစ်မိနစ် ...

သုံးမိနစ်နေတော့ ယံယံ့ဆီက message ပြန်လာပါသည်။

" Perfect " တဲ့ ။

#PoPoPhoenix

*
*
*
*
*

( Zgi )

သည္ကေန႔ ယံယံက မီမီဟန္ႏွင့္ဒိတ္ဖို႔ ခ်ိန္းထားသည္တဲ့။

ဉာဏ္ မနက္အေစာႀကီး အိပ္ရာႏိုးေနၿပီး ေဘးမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနသည့္လူကို တိတ္တဆိတ္ၾကည့္ေနမိသည္။ ယံယံအခုလို အိပ္ေပ်ာ္ေနခ်ိန္ ေဘးကေန တစိမ့္စိမ့္ၾကည့္ေနရတာ ဉာဏ္ တအားသေဘာက်၏။ အမ်ားအားျဖင့္ ယံယံက ေခါင္းႏွင့္ေခါင္းအုံး တျခားစီျဖစ္ေနတတ္သည္။ မနက္လင္းၿပီဆို တစ္ခါတရံ ဉာဏ့္ေခါင္းအုံးတစ္ခုတည္းေပၚမွာ လာတိုးအုံးထားတတ္ၿပီး တစ္ခါတရံ ဉာဏ့္ပုခုံးစြန္းကို ေခါင္းခုထားတတ္သည္။ တခ်ိဳ႕မနက္ေတြက် ေျခေထာက္ေရာလက္ပါ ဉာဏ့္အေပၚကို ဖက္လုံးတစ္ခုလို ခြထားသည့္ပုံစံမ်ိဳးႏွင့္ ျမင္ရတတ္ၿပီး တခ်ိဳ႕မနက္ေတြက်ေတာ့ ကုတင္ရဲ႕ တစ္ဘက္စြန္း‌ကို ေရာက္ေနတတ္ျပန္သည္။ ပုံစံအမ်ိဳးမ်ိဳးႏွင့္ အိပ္တတ္ေပမဲ့ အိပ္ရာကထဖို႔ ႏႈိးၿပီဆိုရင္ေတာ့ ဆူေအာင့္ေအာင့္ျဖင့္ႏိုးလာတတ္တာကေတာ့ တစ္ပုံစံတည္းပါ။

ဘယ္ေတာ့မဆို ဉာဏ္ကအရင္ အိပ္ရာကႏိုးတတ္‌သူျဖစ္ၿပီး ဉာဏ္ႏိုးလာတိုင္းလည္း ယံယံက အိပ္ေပ်ာ္ေနဆဲ။ ခါတိုင္းဆို ဉာဏ့္ေဘးမွာအိပ္ေနတဲ့ပုံစံကိုၾကည့္ၿပီး ဉာဏ္ၿပဳံးေနတတ္ေပမဲ့ သည္ေန႔မနက္ကေတာ့ မတူ။ ေနာက္ထပ္နာရီအနည္းငယ္ေနလွ်င္ ယံယံက တျခားတစ္ေယာက္ႏွင့္  အတူရွိေနေတာ့မွာပါလားဟုေတြးမိေသာအခါ သက္ျပင္းေတြပဲ အခါခါခ်ေနမိသည္။

အမွန္ဆို ဉာဏ့္စိတ္ထဲမွာ ယံယံ့ကို မသြားေစခ်င္ေပမဲ့ သူ႔မွာ တားပိုင္ခြင့္မ်ိဳးလည္း ဉာဏ့္မွာမရွိ။ ၿပီးေတာ့ ဒါမ်ိဳးက တစ္ခ်ိန္မွာ ႀကဳံကိုႀကဳံလာရမွာဆိုတာ ဉာဏ္ေတြးထားၿပီးသားအရာပါ။

" ပိုင္ေဇယံ....ပိုင္ေဇယံ ...ထေတာ့... ခုနစ္နာရီခြဲၿပီးၿပီ "

အိပ္ရာကႏႈိးသျဖင့္ ထုံးစံအတိုင္း ယံယံက မ်က္လုံးေတြမဖြင့္ဘဲ ဉာဏ့္ကို ဆူေအာင့္ေတာ့သည္။

" ဟာ...လုပ္ၿပီ မင္းနဲ႔အိပ္ရရင္ အဲ့လိုခ်ည္းပဲ... ဘယ္ေတာ့မွ အိပ္ေရးမဝဘူး....ေက်ာင္းသြားစရာလဲ မရွိဘဲနဲ႔ကို တစ္ခါေလာက္မ်ား ကိုးနာရီေလာက္ထိ အိပ္ပါလား... ဘာမွန္းမသိဘူး "

" မင္း မီမီဟန္နဲ႔ အျပင္သြားဖို႔ခ်ိန္းထားတာ မဟုတ္ဘူးလား "

ပိုင္ေဇယံက ေမ့မ်ားေနတာလားမသိ။ အက်ိဳးနည္း.. ဉာဏ္ကေတာင္ ျပန္သတိေပးေနရသည္။

" ကိုးနာရီမွပါကြာ... ခဏေလာက္ ျပန္အိပ္စမ္းပါ့ "

အိပ္ရာကထထိုင္ေနၿပီျဖစ္ေသာ ဉာဏ့္ကိုပါ ယံယံက ျပန္ဆြဲၿပီး အိပ္ခိုင္းေနေသး၏ ။

" အခုေတာင္ ရွစ္နာရီထိုးေတာ့မွာေလ ... မင္း အိပ္ရာက ဒီတိုင္းထသြားမလို႔လား "

" ဉာဏ္လင္းထင္ ....နားၿငီးတာ မင္းက တကယ္ပဲ "

" သြားဒိတ္မွာက မင္းေနာ္.... First dateမွာ ေကာင္မေလးက မင္းကိုေစာင့္ေနရမယ္ဆို ဘယ္ေကာင္းပါ့မလဲ.... မင္းက သူ႔အရင္ေရာက္ေနရမွာေပါ့ "

ယံယံက မ်က္လုံးေတြဖြင့္ၿပီး ဉာဏ့္ကိုစိတ္ပ်က္သည့္အၾကည့္ႏွင့္ ၾကည့္ကာ

" မင္း ေတာ္ေတာ္ပ်င္းစရာေကာင္းတာပဲ ဉာဏ္လင္းထင္.... စာအုပ္ႀကီးအတိုင္း လာလုပ္ေနတယ္ "

" ငါက မင္းကို မင္းေကာင္မေလးအျမင္မွာ အမွတ္မေလ်ာ့ေစခ်င္လို႔ ေစတနာနဲ႔ေျပာတာ "

" ငါ့ေကာင္မေလးတဲ့ ဟမ့္ "

" မင္းေကာင္မေလးမဟုတ္လို႔ ငါ့ေကာင္မေလးလား "

" မင္း ငါ့ကို ေတာ္ေတာ္သြားေစခ်င္ေနတာပဲ ... ငါရည္းစားထားၿပီးမွ မင္းထားရမယ္လို႔မ်ား ေျပာထားမိလို႔လား .... ဘယ္ကတည္းကမ်ား မင္း ငါ့ကို ရည္းစားရေစခ်င္ေနလဲ မသိဘူးေနာ္ "

ေျပာရက္လိုက္တာလို႔လည္း ဉာဏ္ မစြပ္စြဲခ်င္ေတာ့။ ဉာဏ့္ရင္ထဲမွာ ျဖစ္ပ်က္ေနတာေတြကို ဉာဏ္ကိုယ္တိုင္ေတာင္ ေကာင္းေကာင္းနားမလည္ႏိုင္တာ ယံယံယံက ဘယ္နားလည္ပါ့မလဲ။ ေနာက္ၿပီး ယံယံက ဉာဏ္ မသြားနဲ႔ေျပာရင္ေရာ နားေထာင္မဲ့သူမို႔လို႔လား ။

" ေတာ္ၿပီ မေျပာေတာ့ဘူး... မင္းဟာမင္း သြားခ်င္သြား မသြားခ်င္ေန ....သေဘာပဲ "

ေျပာၿပီးတာႏွင့္ ဉာဏ္ မ်က္ႏွာသစ္ဖို႔ အိပ္ရာေပၚကေန ထလာလိုက္သည္။

" ဉာဏ္... မင္း ငါ့ကို စိတ္ဆိုးသြားတာလား "

ေရခ်ိဳးခန္းထဲဝင္ဖို႔လုပ္ေနေသာ ေျခလွမ္းေတြ ခဏရပ္တန႔္သြားၿပီးမွ ေခါင္းခါျပရင္း

" မဆိုးပါဘူး ... ငါက ဘာလို႔စိတ္ဆိုးရမွာလဲ.... မင္း ျပန္အိပ္ခ်င္လဲအိပ္ေလ...ခဏေနမွ ငါျပန္ႏႈိးေပးမယ္ "

ဒါေပမဲ့ ယံယံ ထပ္မအိပ္ေတာ့ဘဲ ကိုယ့္အိမ္ကိုယ္သာ ထျပန္လာခဲ့ေတာ့သည္။

****

သည္ေန႔မနက္ ေနေရာင္မျမင္ရ ။ မိုးမ႐ြာေပမဲ့ ရာသီဥတုက ခပ္အုံ႔အုံ႔ ျဖစ္ေနသည္ ။ ဉာဏ္ မ်က္ႏွာသစ္ေရခ်ိဳးၿပီး၍ မနက္စာ စားေနစဥ္ ယံယံ့ဆီက ဖုန္းဝင္လာသည္။ ဉာဏ္ သည္ဖုန္းကိုမကိုင္ခ်င္ေပမဲ့ မကိုင္ျပန္ရင္လည္း သေကာင့္သားက အိမ္ေရာက္ခ်င္ေရာက္လာဦးမည္။ အခုေတာင္ missed callက သုံးခု။

" ေျပာ "

" ဘာလုပ္ေနတာလဲ ...ငါ ဖုန္းေခၚေနတာ အခါငါးဆယ္ေလာက္ရွိၿပီ "

" ဒါနဲ႔မွ ေလးခါပဲရွိေသးတာ ... မပလီနဲ႔ ....ခုနက ငါေရခ်ိဳးေနလို႔ "

" ေရခ်ိဳးတာလဲ အဲ့ေလာက္ေတာင္ ၾကာရလား ...ငါမျပန္ခင္ကတည္းက ေရခ်ိဳးခန္းထဲဝင္သြားတာ...
အခု ငါေတာင္ အိမ္ျပန္ေရာက္လို႔ ေရခ်ိဳးၿပီးၿပီ "

ခုနက ျပန္သြားတဲ့လူက အခုပဲ ဉာဏ့္ကိုဖုန္းဆက္ၿပီး ဆရာလုပ္ေနျပန္သည္။ က်န္တဲ့ေန႔ဆို သည္းခံႏိုင္ေပမဲ့ ဒီေန႔ေတာ့ ဉာဏ့္စိတ္ကလည္း ပုံမွန္ဟုတ္မေန။

" ငါမအားေသးဘူး ပိုင္ေဇယံ ....ေျပာစရာရွိတာေျပာ "

" ဘာလုပ္မလို႔လဲ မင္းက "

" အျပင္သြားစရာရွိလို႔ "

" ဘာလုပ္သြားမွာလဲ ... ဘယ္သူနဲ႔လဲ "

" မင္း ဖုန္းဆက္တဲ့အေၾကာင္းအရင္းသာ ေျပာစမ္းပါကြာ "

ဉာဏ္ စိတ္မရွည္တဲ့ေလသံႏွင့္ ေအာ္လိုက္သျဖင့္ ဧည့္ခန္းထဲမွာ သတင္းစာဖတ္ေနေသာ မားကပါ ဉာဏ့္ကို လွမ္းၾကည့္လာ၏။

" မင္း ငါနဲ႔အတူလိုက္ခဲ့ပါလား ဉာဏ္ "

ဒါ ဘယ္လို အဓိပၸာယ္မရွိတဲ့စကားလဲ ။ ယံယံ ေကာင္မေလးႏွင့္ သြားဒိတ္သည့္ကိစၥကို ဉာဏ္က ဘာလိုက္လုပ္ရမွာလဲ။ သူတို႔ၾကည္ႏူးေနတာကို ေဘးက ထိုင္ၾကည့္ေနရမွာလား။ သည္ေလာက္ထိေတာ့ ဉာဏ္ သေဘာမေကာင္းႏိုင္ပါ။

" ေပါက္ကရေတြေျပာဖို႔ ဆက္တာဆိုရင္ ဖုန္းခ်လိုက္ေတာ့မယ္ "

" ေနဦး ေနဦး.... ငါဘာဝတ္သြားရမွန္းမသိလို႔ ...
အိမ္လာၿပီး ငါ့ကို အက်ႌေ႐ြးေပးပါလားလို႔ ေျပာမလို႔ပါ "

ပိုင္ေဇယံ က သည္ေန႔မွဘာျဖစ္ေနလဲမသိ။ ဉာဏ့္လို တီရွပ္တစ္ထည္ႏွင့္ ဂ်င္းေဘာင္းဘီကလြဲၿပီး ဘာမွသိပ္မဝတ္တတ္တဲ့‌လူကို လာၿပီးအဝတ္အစားေ႐ြးခိုင္းေနသည္။ တကယ္ဆို သူတို႔ႏွစ္ေယာက္မွာ ယံယံကေတာင္ fashionအျမင္ပိုရွိတာ  ဉာဏ္မသိဘဲေနပါ့မလား။

" ငါမအားဘူးလို႔ ....မလာႏိုင္ဘူး "

ဉာဏ္ျငင္းလိုက္သည္ႏွင့္ တၿပိဳင္တည္း Video call ဝင္လာသည္။ မကိုင္ခ်င္ဘဲ ကိုင္လိုက္ရေတာ့ ဟိုဘက္က အေပၚပိုင္းဗလာႏွင့္ ေအာက္ပိုင္းက သဘက္တစ္ထည္သာ ပတ္ထားသူက ဉာဏ့္ကိုအျမင္ကတ္စရာေကာင္းေအာင္ ၿပဳံးျပေန၏ ။

" ခဏေတာ့ အခ်ိန္ရေသးတယ္မလား ...
ဒီတိုင္းေ႐ြးေပး "

အဝတ္အစားဗီ႐ိုကိုျပၿပီး ေ႐ြးေပးခိုင္းေနေသာ ယံယံ့ေၾကာင့္ ဉာဏ္ ေတာ္ေတာ္စိတ္ညစ္လာ၏။ ႐ြဲ႕ၿပီး မလိုက္မဖက္ေတြ အႀကံေပးရေအာင္ကလည္း ပိုင္ေဇယံက ဘာဝတ္ဝတ္ ၾကည့္ေကာင္းေနတဲ့သူ။

" အျဖဴေရာင္ ရွပ္အက်ႌလက္ရွည္နဲ႔ ေအာက္က စတိုင္ပင္အနက္တစ္ထည္ တြဲဝတ္သြားလိုက္ "

" Necktie ပါ တပ္ခိုင္းဦးမွာလား... ငါက အလုပ္ေခၚတဲ့ အင္တာဗ်ဴး သြားေျဖမွာမဟုတ္ဘူးေနာ္ ဉာဏ္လင္းထင္ "

" ၾကည့္ပါလား... မင္းက ငါေျပာရင္လဲ လက္ခံတာမဟုတ္ဘဲနဲ႔ ....ဘာလို႔ လာေမးေနေသးလဲ "

" မင္း နည္းနည္းေလာက္ စိတ္ဝင္တစားနဲ႔ ေ႐ြးေပးပါလား ...အခု မင္းက ၿပီးစလြယ္ေျပာေနတာေလ "

ယံယံ သူမ်ားႏွင့္ သြားဒိတ္တဲ့ကိစၥကို ဉာဏ္က ဘာလို႔ စိတ္ဝင္စားရမွာလဲ ။ ဆက္ၿပီးလည္း အေခ်အတင္မေျပာခ်င္။ ဒီေန႔ ယံယံ့ကိုျမင္ေနရတာကို ရင္ထဲ တစ္မ်ိဳးျဖစ္ေနသည္။

" မင္း အဆင္ေျပတယ္ထင္တာဝတ္သြား ယံယံ  "

" ဒါပဲ ဝတ္သြားေတာ့မယ္ ... ဂ်င္းေဘာင္းဘီနဲ႔တြဲၿပီး... အေပၚက လက္ရွည္တစ္ထည္နဲ႔ "

ယံယံက ဉာဏ္ဝယ္ေပးထားဖူးသည့္ ရင္ဘတ္ေပၚက အနက္ေရာင္ေၾကာင္႐ုပ္ေလးပါသည့္ အျဖဴေရာင္တီရွပ္ေလးကိုထုတ္ျပသည္။

" အိုေခ "

" ေက်းဇူး... ဘာအႀကံဉာဏ္မွ မေပးတဲ့အတြက္ ...
ဒါပဲ "

" ေနဦး "

ဉာဏ့္ကို႐ြဲ႕ေျပာၿပီး ဖုန္းခ်ေတာ့မည့္သူကို အမိအရတားလိုက္ၿပီး

" မိုးကာအက်ႌယူသြားဖို႔ မေမ့နဲ႔ .... ဒီေန႔ မိုး႐ြာႏိုင္တယ္လို႔ သတင္းထဲမွာ ေၾကျငာထားတယ္ "

မနက္စာစားရင္း ေတြ႕လိုက္ရေသာ မိုးေလဝသသတင္းကို မေနႏိုင္မထိုင္ႏိုင္ သတိေပးမိေသး၏။

*****

အ႐ြယ္ေရာက္ကတည္းက ဘယ္သြားသြား ဉာဏ္ႏွင့္အတူသြားေနၾကမို႔ ဒီတစ္ခါ ယံယံတစ္ေယာက္တည္း အျပင္ထြက္လာရတာ ေၾကာင္ေတာင္ေတာင္ ခံစားေနရသည္။ လမ္းမွာတစ္ခုခုျမင္တိုင္း ယံယံ့ေဘးမွာ ဉာဏ္မပါတာကိုေမ့ၿပီး လွည့္ျပဖို႔ လုပ္မိေသး၏။ ၿပီးမွ ယံယံ တစ္ေယာက္ဝာည္းဆိုတာ သတိရသြားကာ စိတ္ထဲဝမ္းနည္းလာခ်င္သလိုလို။

"ဉာဏ္လင္းထင္ ငါ taxi ေပၚမွာ "

ဉာဏ့္ဆီစာပို႔လိုက္မွ အနည္းငယ္ စိတ္သက္သာသြားသလို ခံစားရသည္။

" ဒီေန႔ မင္း ဘယ္သြားမလို႔လဲ  "

ယံယံကသာ စာပို႔ေနတာ ဉာဏ္ကေတာ့ ၾကည့္ေတာင္မၾကည့္ပါ။ ယံယံ့ကို လစ္လ်ဴရႈထားသည္ ။

ယံယံ မီမီဟန္ႏွင့္ ခ်ိန္းထားသည့္ေနရာဆီ ေရာက္ေတာ့ မီမီဟန္က ေရာက္ေတာင္ေနပါၿပီ။
တကယ္တမ္း မီမီဟန႔္ကို ျမင္လိုက္ရသည့္အခ်ိန္ ယံယံ့စိတ္ထဲမွာ ေက်ာင္းတုန္းကလို ေပါ့ေပါ့ပါးပါးမေနဘဲ ေလးလံသြား၏။ ယံယံလာတာျမင္ေတာ့ ၿပဳံးျပသည့္ မီမီဟန္႔ကိုၾကည့္ၿပီး ဉာဏ့္ကို သတိက ရသြားျပန္သည္။

' ဉာဏ္ ၿပဳံးလိုက္ရင္ ငယ္ငယ္ကတည္းက ဘယ္သူနဲ႔မွကိုမတူဘူး .... တအားခ်စ္ဖို႔ေကာင္းတာ '

စိတ္ထဲကေန တိတ္တိတ္ေလး မွတ္ခ်က္ခ်လိုက္၏။

" ေရာက္ေနတာၾကာၿပီလား မီမီဟန္ "

" အခုမွေရာက္တာပါ "

မီမီဟန္လိမ္ေျပာမွန္း ယံယံသိသည္။ ယံယံလာတာ ဆယ့္ငါးမိနစ္ေတာင္ ေနာက္က်ေနၿပီ။

' ဒီေနရာမွာ ဉာဏ္သာဆို အခုလိုမလိမ္ဘဲ ငါ့ကို ေနာက္က်လို႔ဆိုၿပီး ေအာ္ခ်င္ေအာ္မွာ '

" ဆိုင္ထဲဝင္ရေအာင္ "

မီမီဟန္ေျပာသည့္ ေကာ္ဖီဆိုင္က ယံယံ လုံးဝမႀကိဳက္သည့္ဆိုင္။ ဒီဆိုင္ကို ဉာဏ္ႏွင့္ ယံယံ တစ္ခါလာဖူးသည္။ အျပင္အဆင္လွၿပီး ဓာတ္ပုံ႐ိုက္၍ ေကာင္းေပမဲ့ ေကာ္ဖီေရာမုန႔္ေတြေရာ ယံယံ့ပါးစပ္ႏွင့္ လုံးဝ‌မေတြ႕။ ယံယံ မႀကိဳက္ဘူးဟု ေျပာသျဖင့္ ဉာဏ္က သူ႔ကို ဒီဆိုင္ထပ္ေခၚမလာေတာ့ ။

' ဉာဏ္နဲ႔သာဆို တျခားဆိုင္ပဲသြားမွာ '

" အြန္း လာေလ "

ယံယံ ေကာ္ဖီဆိုင္ထဲကို ေရွ႕ကေန ဝင္သြားလိုက္သည္။ ယံယံ့လက္ကို လွမ္းတြဲဖို႔လုပ္ေနေသာ မီမီဟန႔္ကို အားနာပါးနာျဖင့္ မသိက်ိဳးကြၽံျပဳလိုက္ရင္း... ။

" ပိုင္ေဇ ဘာမွာမလဲ "

" ဘာျဖစ္ျဖစ္ရပါတယ္ .... မီမီဟန္ ႀကိဳက္တာမွာပါ "

မီမီဟန္မွာတဲ့မုန႔္ေတြကို ယံယံ တစ္ခုမွမႀကိဳက္။ ဒါေပမဲ့ ဘာမွ‌ ေျပာမေနပါ။ ယံယံလည္း စားျဖစ္မွာမဟုတ္ေသာေၾကာင့္ ။

' ဉာဏ္ဆိုရင္ေရာ သူ႔first dateမွာ ေကာင္မေလးနဲ႔ ဘာစားေနမွာပါလိမ့္ '

မီမီဟန္ႏွင့္  အတူရွိေနရေပမဲ့ ယံယံ့ေခါင္းထဲမွာ ဉာဏ္က ေရာက္လာျပန္သည္။

" ၿပီးရင္ ငါတို႔ဘယ္သြားၾကမလဲ ပိုင္ေဇ "

အိမ္ပဲျပန္ရေအာင္ေလလို႔ ယံယံ့ေျပာလိုက္ခ်င္ေပမဲ့ တစ္ခ်ိန္လုံး ဉာဏ့္ဆီက မိန္းကေလးေတြအေပၚမွာ ေလးစားဖို႔ ၊ ညႇာတာဖို႔ ၊ အႏိုင္မယူဖို႔ေတြ ၾကားထားရေသာ ယံယံ့အေနႏွင့္ မီမီဟန႔္အေပၚမွာ သူဒီလိုမလုပ္ႏိုင္ပါ။ မီမီဟန္က ယံယံ့ကို သေဘာက်တယ္ေျပာတုန္းကလည္း ျငင္းရမွာအားနာသျဖင့္ လက္ခံလိုက္မိသည္။ မီမီဟန႔္ကို တကယ္ေတာ့ ခ်စ္သူအေနႏွင့္ မဟုတ္ဘဲ သူငယ္ခ်င္းတစ္‌ေယာက္လိုပဲ သေဘာက်သည္ဆိုတာ အခုလို ႏွစ္‌ေယာက္ဒိတ္သည့္အခ်ိန္က်မွ ပိုၿပီးရွင္းရွင္းလင္းလင္းနားလည္သြားသည္။

' ငါ မင္းေျပာတဲ့စကားကို ငါ နားေထာင္ခဲ့သင့္တာ ဉာဏ္ '

" ဘယ္သြားခ်င္လဲ ... မီမီဟန္ ႀကိဳက္တဲ့ဆီသြားေလ "

" ဒါဆို ႐ုပ္ရွင္ သြားၾကည့္ၾကမလား... အခု႐ုံတင္ေနတဲ့ Something In The Rain ဆိုတဲ့ဇာတ္ကား ေကာင္းတယ္တဲ့ "

ဇာတ္ကားနာမည္ေၾကာင့္ ဉာဏ္ေျပာလိုက္သည့္ မိုး႐ြာႏိုင္တယ္ဆိုတဲ့အေၾကာင္းကို သတိရလာသည္။ ရာသီဥတုကလည္း မႈိင္းညိဳ႕ညိဳ႕ ။ ဉာဏ္ကလည္း အျပင္သြားမွာဆိုေတာ့ မိုးကာယူသြားပါ့မလား။ ယံယံကေတာ့ ပါမလာခဲ့။

' ဉာဏ္ ဘယ္သြားတာလဲ သိခ်င္လိုက္တာ }

မီမီဟန္ေျပာတဲ့ဇာတ္ကားက အခ်စ္ကားထင္သည္။ ယံယံက သည္လို အခ်စ္႐ိုမန႔္စ္ကားေတြ သိပ္ၾကည့္ေလ့မရွိ။ ၿပီးေတာ့ ဉာဏ္ကလြဲၿပီး ဘယ္သူႏွင့္မွ ႐ုပ္ရွင္႐ုံထဲ အတူမသြားဖူး။ တကယ္လို႔မ်ား ႐ုပ္ရွင္႐ုံထဲမွာ မီမီဟန္က ယံယံ့ပုခုံးေပၚ ေခါင္းမွီလာၿပီး ယံယံ့လက္ကိုကိုင္လာလွ်င္ ဘယ္လိုလုပ္ရပါ့။ အေတြးႏွင့္ေတာင္ စိတ္က်ဥ္းက်ပ္လာသည္။ ဉာဏ္သာဆို မွီ႐ုံတင္မဟုတ္ အိပ္ပါအိပ္လိုက္ဦး။ ယံယံ ဘယ္လိုမွေနမည္မဟုတ္ပါ ။ ဉာဏ္ႏွင့္သာဆို အၿမဲသက္ေသာင့္သက္သာရွိသည္ ။

' မင္းက ငါ့အတြက္ တကယ္ကိုcomfort zoneပဲ ဉာဏ္ '

" အဲ့ဒီဇာတ္ကား ၾကည့္မလား ပိုင္ေဇ "

မီမီဟန္ ထပ္ေမးလာမွ ယံယံ အေတြးလြန္ေနတာ ရပ္သြားရသည္။ သို႔ေပမဲ့ ယံယံ ဒါကို ဆက္မလုပ္ႏိုင္ေတာ့။  တကယ္မခ်စ္ဘဲႏွင့္လည္း အားနာၿပီး ဆက္ဟန္ေဆာင္ေနလွ်င္ မီမီဟန႔္အေပၚမွာ ေမွ်ာ္လင့္ခ်က္ ေပးသလိုျဖစ္ၿပီး ရက္စက္ရာ က်ေနလိမ့္မည္။ အခ်ိန္မလြန္ခင္ အမွန္အတိုင္းပဲ ဖြင့္ေျပာၿပီး ေတာင္းပန္လိုက္ေတာ့မည္ဟု ဆုံးျဖတ္ၿပီးေနာက္....

" မီမီဟန္ ... ငါ ေတာင္းပန္ပါတယ္ "

မီမီဟန္က သိပ္မအံ့ဩသလို ပုံစံမ်ိဳးျဖင့္ ယံယံ့ကို ၿပဳံးၿပဳံးေလး ၾကည့္ေန၏။

" တကယ္ေတာ့ ငါ....ငါ နင့္ကို သူငယ္ခ်င္းတစ္ေယာက္လိုပဲ သေဘာက်တယ္ ....ငါက နင္လိုခ်င္တဲ့ပုံစံ ျဖစ္လာမွာမဟုတ္ဘူးထင္တယ္... ငါ နင့္အတြက္ ခ်စ္သူေကာင္းတစ္ေယာက္ ျဖစ္လာမွာမဟုတ္ဘူး "

" ငါ ရိပ္မိၿပီးသားပါ ပိုင္ေဇ... အခုလို ငါ့ကို ပြင့္ပြင့္လင္းလင္း ေျပာျပတဲ့အတြက္လဲ ေက်းဇူးတင္ပါတယ္ ... ၿပီးေတာ့ ငါ မၾကာခင္ New York သြားေတာ့မွာ ... အဲဒီမွာပဲ ေက်ာင္းဆက္တက္ေတာ့မယ္ "

အခုလိုဆိုေတာ့လည္း သူငယ္ခ်င္းတစ္ေယာက္အေနႏွင့္ ယံယံ စိတ္မေကာင္းပါ။ ယံယံက ခြဲခြာရတာကို မုန္းတဲ့သူမို႔ ။

" ဟုတ္လား "

" အြန္း... အလည္ေတာ့ မၾကာမၾကာျပန္လာမွာပါ "

" အင္းပါ .... ျပန္လာရင္ ေျပာဦးေနာ္... အဆက္အသြယ္လဲ မျပတ္ေစနဲ႔.... အစစအရာရာ ဂ႐ုစိုက္ေနာ္ "

ထို႔ေနာက္မွာေတာ့ မီမီဟန္က ေကာာ္ဖီေသာက္ၿပီး ယံယံ့ကိုႏႈတ္ဆက္ကာ ျပန္သြားသည္။ ယံယံကေတာ့ ေကာ္ဖီဆိုင္ထဲမွာပဲ ဆက္ထိုင္ေနမိ၏ ။

ဉာဏ္မ်ား စာျပန္ပို႔ထားမလား ၾကည့္လိုက္ေတာ့ အခုထိကို ယံယံပို႔ထားတာကို seenမျပ။ သည္တိုင္းထိုင္မေနႏိုင္ေတာ့ဘဲ ဉာဏ့္ဆီ ဖုန္းေတြဆက္တိုက္ ေခၚလိုက္ရာ သုံးခါေျမာက္မွာေတာ့ ကိုယ္ေတာ္ေခ်ာအသံကို ၾကားရပါၿပီ။

" ဘာလဲ ပိုင္ေဇယံ "

" ေဘာမို႔ ငါပို႔ထားတဲ့စာ မၾကည့္တာလား "

" ဘာလို႔ဆဲေနတာလဲ ...ေဘးမွာ ‌မိန္းကေလးရွိေနတာကို "

" ဘယ္သူ႔ေဘးလဲ ...မင္းေဘးလား "

ယံယံ့က အခန္းထဲမွာတင္ ဂီတာထိုင္တီးေနသည့္လူကို တစ္ျပန္ျပန္ေမးေနေသး၏ ။

" ႐ူးေနလား မင္း ....ဘာလို႔ ဖုန္းဆက္တာလဲ အခု "

" ငါတစ္ေယာက္တည္း ပ်င္းလို႔ "

" ဘာ... မီမီဟန္က ဘယ္ေရာက္သြားတာလဲ "

" ျပန္သြားၿပီ "

ယံယံ သြားတဲ့အခ်ိန္နဲ႔ဆို ဘယ္ေလာက္မွေတာင္ မၾကာေသးပါ ။ ဘယ္လိုျဖစ္တာလဲမသိေပမဲ့ သိပ္ေတာ့ အံ့ဩစရာမဟုတ္ဟု ထင္သည္။ နဂိုကတည္းက မီမီဟန႔္အေပၚ  ယံယံ႐ိုး႐ိုးသားသားပဲဆိုတာ ဉာဏ္ ထင္ၿပီးသား။ ဒါကို မေန႔ညက ဉာဏ္ေျပာေတာ့ လက္မခံဘဲ ဉာဏ့္ကိုေတာင္ ခ်စ္ဖူးလို႔လားဘာညာႏွင့္ ျပန္ပက္သြားေသး၏။

" ဉာဏ္...မင္း နားေထာင္ေနေသးလား "

" အင္း ေျပာ "

" မင္းေျပာသလို အဲ့ဒါအခ်စ္မဟုတ္ဘူးမွန္း သိၿပီ ... အဲဒါမို႔ ငါသူ႔ကို ေတာင္းပန္ၿပီး အမွန္အတိုင္းေျပာလိုက္တာ ... ငါ သူ႔ကို မခ်စ္ဘူး "

သည္တစ္ႀကိမ္ ဖုန္းထဲက ယံယံ့အသံကို ၾကားရတာ ဉာဏ္ ႏွလုံးခုန္သံေတြပါ ျမန္လာသလို ။ တစ္မနက္လုံး အလိုမက်ျဖစ္ေနသည့္စိတ္ကလည္း အခုေတာ့ ခ်က္ခ်င္း လန္းဆန္းၿပီး ေပ်ာ္႐ႊင္လာ၏။

" မင္း အခု ဘယ္မွာလဲ "

" မင္းနဲ႔ငါနဲ႔ ေနာက္ဘယ္ေတာ့မွ မထိုင္ဖူးလို႔ေျပာထားတဲ့ ေကာ္ဖီဆိုင္ထဲမွာ "

ယံယံ ေျပာၿပီးတာနဲ႔ ဉာဏ္က ခ်က္ခ်င္းဖုန္းခ်သြားသည္။ သည္ေလာက္ဆို ယံယံ့ဆီကို ဉာဏ္ မၾကာခင္ေရာက္လာေတာ့မယ္ဆိုတာ ဘယ္သူကမွ ေျပာစရာမလိုဘဲ ယံယံသိၿပီးသားပါ။

ဆယ့္ငါးမိနစ္ခန္႔အၾကာ ....

ခုနက ေလးလံေနေသာ ယံယံ့ စိတ္ေတြအားလုံးက ေကာ္ဖီဆိုင္မွာကာထားသည့္ မွန္ထဲကတစ္ဆင့္ လွမ္းျမင္ေနရေသာ အနက္ေရာင္ Yamahaေပၚက ေခါင္းတစ္ခုလုံး လုံေအာင္ဖုံးထားသည့္ ဆိုင္ကယ္ဦးထုတ္ ေဆာင္းထားေသာ လူတစ္ေယာက္ကို ျမင္လိုက္ရေသာအခါ ႐ုတ္ခ်ည္းေပါ့ပါးၿပီး ၾကည္ႏူးသြားရသည္။

ယံယံ ေကာ္ဖီဆိုင္ထဲကထြက္လာၿပီး ဉာဏ့္ဆီ တန္းမသြားေသးဘဲ ဉာဏ့္ကို လွမ္းၾကည့္ေနသည့္ ေလးႏွစ္အ႐ြယ္ကေလးေလးေဘးကိုသြားၿပီး

" ဘာေတြၾကည့္ေနတာလဲ.... အဲဒါ လူမဟုတ္ဘူးေနာ္ "

ကေလးက အလန႔္တၾကားပုံစံေလးျဖင့္ ယံယံ့ကို ေမာ့ၾကည့္လာ၏။

" ၿဂိဳဟ္သားလား "

" ဟုတ္တယ္ ....ကမာၻေပၚကို ၿဂိဳဟ္သားေတြ ေရာက္လာေနၿပီ ....မင္း ဒီတိုင္း ရပ္ၾကည့္ေနမွာလား "

" မာမီေရ... ၿဂိဳဟ္သားေတြ ေရာက္လာၿပီ ...
ကမာၻႀကီးကိုဖ်က္စီးေတာ့မယ္ "

" ဟားဟားဟား "

ပါးစပ္ကလည္းေအာ္ရင္း ေျပးလည္းေျပးထြက္သြားေသာ ကေလးကိုၾကည့္ၿပီး ယံယံ အူတက္ေနေအာင္ ရယ္မိေတာ့သည္။

" ပိုင္ေဇယံ .... ကေလးကို ဘာေပါက္ကရေတြ သြားေျပာေနတာလဲ "

ဆိုင္ကယ္ေပၚကေန ဉာဏ္က သူ႔ကိုလွမ္းေအာ္မွ ရယ္တာကို မနည္းရပ္လိုက္ရသည္။ တကယ္ေတာ့ ဉာဏ့္ကို ျမင္လိုက္ရကတည္းက ယံယံ့စိတ္ထဲမွာ ေပ်ာ္ေနတာ ။

" ဉာဏ္လင္းထင္ .... မင္း အျပင္သြားစရာရွိတယ္ဆို ... ျပန္လာၿပီလား "

" မသြားရေသးဘူး "

" ဘယ္သြားမွာလဲ "

" Avengers ႐ုံတင္ေနၿပီ ... သြားၾကည့္မလို႔ "

" ဘာလို႔ ငါ့ကိုႀကိဳမေျပာတာလဲ ... အခုမွ လက္မွတ္က ရပါ့မလား "

" ငါ့မွာရွိၿပီးသား "

"ဒါဆို  ငါ့က်ေရာ "

ဉာဏ္က ဘာမွျပန္မေျပာဘဲ သူ႔ကို မ်က္လုံးတစ္ခ်က္ေစြၾကည့္သည္ ။ သည္အၾကည့္ကို ယံယံ သေဘာေပါက္သည္ ။ ေမးေနစရာလိုေသးလားဆိုသည့္အၾကည့္။ ဉာဏ့္ဆီမွာ ယံယံ့အတြက္ပါ လက္မွတ္ျဖတ္ထားၿပီးသားေလ ။

ထို႔ေနာက္ ႏွစ္ေယာက္သား မဂၤလာ႐ုပ္ရွင္႐ုံသို႔ ဉာဏ့္ဆိုင္ကယ္ႏွင့္ပဲ ထြက္လာခဲ့ၾကသည္။  ႐ုပ္ရွင္႐ုံထဲမဝင္ခင္ ယံယံ ဘာမွမစားရေသးတာကို ရိပ္မိေသာ ဉာဏ္က လမ္းမွာ ဝင္ဝယ္လာေသာ Croissantကို ထုတ္ေပး၏ ။

" ငါ ဗိုက္ဆာေနမွန္း ဘယ္လိုလုပ္သိတာလဲ"

" ခုနကဆိုင္ကမုန႔္ေတြ မင္းမႀကိဳက္မွန္း ငါသိၿပီးသားေလ "

ဉာဏ္က ယံယံ့အတြက္ သည္လိုလူပါ။ ပါးစပ္က ထုတ္ေျပာစရာမလိုဘဲ စိတ္ထဲမွာ ဘာျဖစ္ေနတာလဲဆိုတာ အလိုလိုသိသည့္လူ။ ယံယံ့အတြက္ဆို အစစအရာရာ ေစာင့္ၾကည့္ၿပီး ျဖည့္ဆည္းေပးတတ္သူ။ ဒါႀကီးကို ယံယံ တစ္သက္လုံး အက်င့္ပါသြားလွ်င္ ဘယ္လိုလုပ္ရမလဲ။ ဉာဏ္သာ ယံယံ့ေဘးမွာမရွိေတာ့လွ်င္ဆိုတာမ်ိဳးကို ေတြးေတာင္မေတြးဝံ့ပါ။ ဘယ္ေလာက္ပဲအသက္ေတြႀကီးလာလာ ဉာဏ္တစ္ေယာက္ကိုေတာ့ အနားမွာအၿမဲရွိေစခ်င္ပါသည္ ။

" စားၿပီးၿပီလား ယံယံ....သြားမယ္ ...အေအးက ကိုလာပဲ ဝယ္ခဲ့တယ္ေနာ္ "

လက္ထဲမွာ Popcorn ဘူးႀကီးတစ္ဘူးႏွင့္ ကိုကာကိုလာႏွစ္ဘူးကိုင္ၿပီး ဉာဏ္က သူ႔အနားျပန္ေရာက္လာ၏ ။ ေနာက္ၿပီး သူတို႔ ႐ုပ္ရွင္႐ုံထဲ ဝင္ခဲ့ၾကသည္။

အ႐ိုးသားဆုံးဝန္ခံရလွ်င္ ယံယံ သည္ကေန႔ ေရွ႕က႐ုပ္ရွင္ကားကို သိပ္အာ႐ုံမရပါ။ ေဘးကလူကိုပဲ ခဏခဏ ၾကည့္ေနခ်င္သည္။ သည္ေနရာမွာ မီမီဟန္သာဆို ယံယံ ဘယ္လိုမွ အဆင္ေျပမွာမဟုတ္။ အခုေတာ့ ထုံးစံအတိုင္းပဲ ယံ့ယံႏွင့္အနီးဆုံးမွာ ယံယံရင္းႏွီးေနၿပီးသားမ်က္ႏွာ။ အဲဒီမ်က္ႏွာကို ၾကည့္ၿပီးေတာ့လည္း ယံယံ အလိုလိုၿပဳံးေနမိသည္။

" ႐ုပ္ရွင္က ေရွ႕မွာ ပိုင္ေဇယံ
ငါ့မ်က္ႏွာေပၚ  ျပေနတာမဟုတ္ဘူး "

ယံယံ့ဘက္ကို လွည့္မၾကည့္ဘဲ ေျပာလိုက္သူ၏ပါးကို လက္သီးျဖင့္ ခပ္ဖြဖြ ထိုးလိုက္ေတာ့လည္း ႐ုပ္ရွင္ၾကည့္မျပတ္ဘဲ ၿပဳံးသြားေသးသည္ ။

' မင္းမရွိရင္ ငါေတာ့ ဘယ္လိုေနရမလဲ တကယ္မသိေတာ့ဘူး ဉာဏ္ '

႐ုပ္ရွင္ၿပီးေတာ့ ရာသီဥတုက ေတာ္ေတာ္ႀကီး မႈိင္းညိဳ႕ေနေပမဲ့ မိုးကေတာ့မ႐ြာေသးပါ ။

" မင္းမွာ မိုးကာအက်ႌပါလား ဉာဏ္ "

" မပါဘူး... မင္းေရာ "

" ငါလဲ မယူခဲ့ဘူး "

" မင္းကို ငါယူသြားလို႔ မွာလိုက္ရဲ႕သားနဲ႔ "

" မင္းလဲမပါဘဲနဲ႔ အတူတူခ်င္းကို လာေျပာမေနနဲ႔  "

" ဒါဆိုလဲ မိုးမ႐ြာခင္ အိမ္ျပန္ၾကတာေပါ့ "

ယံယံ အိမ္မျပန္ခ်င္ေသးပါ။ ဉာဏ္ႏွင့္အတူ ဆိုင္ကယ္ ပတ္စီးခ်င္ေသးသည္။ ဒီဆိုင္ကယ္ကို ဉာဏ္က တကၠသိုလ္တက္လွ်င္စီးဖို႔ဆိုၿပီး ဝယ္ထားတာ မၾကာေသး။

" အိမ္မျပန္ဘဲ ငါသိတဲ့ Milkshakeဆိုင္ သြားရေအာင္ ဉာဏ္.... အဲဒီဆိုင္က အိမ္ေတြလူေတြနဲ႔လဲ ေဝးတယ္.. ေနရာလဲက်ယ္တယ္... လူလဲ သိပ္မရႈပ္ဘူး "

" မင္း သြားခ်င္ရင္သြားမယ္ "

ယံယံေျပာသည့္ Milkshake ဆိုင္ကိုေရာက္ဖို႔ ႐ုပ္ရွင္႐ုံကေန မိနစ္ႏွစ္ဆယ္ေလာက္ ဆိုင္ကယ္စီးလိုက္ရသည္။ ဆိုင္အျပင္အဆင္ေလးက ေတာ္တာ္ခ်စ္စရာေကာင္း၏။ ဆိုင္ကိုလာၾကသည့္လူေတြကို ၾကည့္လိုက္ေတာ့လည္း သူတို႔လိုအ႐ြယ္ေလးေတြမ်ားသည္။ ဖြင့္ထားသည့္ သီခ်င္းျမဴးျမဴးေလးေတြက ဆိုင္အျပင္ဘက္က လမ္းေပၚအထိ အတိုင္းသားၾကားေနရသည္။

ေရာက္ေရာက္ခ်င္း Marshmallow ေလးေတြႏွင့္ creamေတြထပ္ထည့္ထားေသာ Chocolate Milkshake ႏွစ္ခြက္မွာၿပီး သူတို႔ႏွစ္ေယာက္ စားပြဲတစ္ခုမွာ ေနရာယူၿပီးခ်ိန္မွာေတာ့ မိုးပြားေလးေတြ စက်ေနၿပီ။ Milkshake ေသာက္ရင္း ၾကည့္လာသည့္ Avengers ႐ုပ္ရွင္အေၾကာင္း ျပန္ေျပာျဖစ္ၾကသည္။ တျဖည္းျဖည္းႏွင့္ မိုးကလည္း နည္းနည္းပိုသည္းလာပါသည္။

႐ုတ္တရက္ ယံယံက ဉာဏ့္ကို ဘာမွမေျပာဘဲ ေကာင္တာဆီထသြားၿပီး BANNERSရဲ႕ Someone To You သီခ်င္းကို ဖြင့္ေပးဖို႔ ေတာင္းဆိုလိုက္သည္။ ေနာက္ၿပီး သူတို႔စားပြဲဆီျပန္မလာဘဲ ဆိုင္အျပင္ဘက္ထြက္သြားၿပီး မိုးေရထဲမွာ ကေနလိုက္၏ ။

" ယံယံ....မင္း ဘာလုပ္ေနတာလဲ .... မိုး႐ြာေနတာကို "

ဆိုင္အေပါက္ဝကေန ဉာဏ္ လွမ္းေအာ္ေတာ့ လမ္းေပၚေရာက္ေနသည့္ ယံယံက ဉာဏ့္ကို ထြက္ခဲ့ဖို႔ အခ်က္ျပ၏။ ဉာဏ္ မသြားေသးဘဲရပ္ေနေပမဲ့ မိုး႐ြာထဲမွာ တစ္ေယာက္တည္းကေနေသာ ယံယံ့ကိုလည္း ဒီတိုင္း လႊတ္မထားခ်င္ပါ။ ဆိုင္ထဲက တျခားသူေတြကလည္း ယံယံ့ကို လွမ္းၾကည့္ေနၾကသည္။

ထို႔ေနာက္ ဉာဏ္ မိုး႐ြာထဲေျပးထြက္လာၿပီး

" ဘာလုပ္တာလဲ ယံယံ...မိုးေတြသည္းလာၿပီေလ "

ယံယံက ဉာဏ္ေျပာတာကိုနားမေထာင္ဘဲ ဉာဏ့္လက္ႏွစ္ဖက္ကိုပါ ဆြဲၿပီးကခုန္ကာ ပါးစပ္ကလည္း သီခ်င္းကို အက်ယ္ႀကီး ေအာ္ဆိုေသး၏ ။

♪ I just wanna be somebody to someone, oh
I wanna be somebody to someone, oh
I never had nobody and no road home
I wanna be somebody to someone ♪

မိုး႐ြာထဲမွာ ကခုန္ေနေသာ သူတို႔ကိုၾကည့္ၿပီး ဆိုင္ထဲက ေနာက္ထပ္ စုံတြဲေလးႏွစ္တြဲလည္း ထြက္လာၿပီး လိုက္ကၾကသည္။ ။ ယံယံက ဉာဏ့္လက္တစ္ဖက္ကိုေျမႇာက္ၿပီး ခႏၶာကိုယ္ကိုပါ တစ္ပတ္လွည့္လိုက္ေသး၏။

" ယံယံ ... လူေတြဝိုင္းၾကည့္ေနၾကတာ မရွက္ဘူးလား "

" အဲဒါဆို လူေတြမရွိ‌တဲ့ေနရာ သြားရေအာင္ "

" ဘယ္လဲ "

ေမးတာကိုမေျဖဘဲ ဉာဏ့္လက္ကိုဆြဲၿပီး  မိုး႐ြာေနသည့္ လမ္းမတစ္ေလွ်ာက္ ေျပးေတာ့သည္။ သီခ်င္းသံေရာ လူေတြေရာ Milkshake ဆိုင္ေလးေရာ သူတို႔ႏွင့္ ေဝးေဝးမွာ က်န္ခဲ့ေတာ့သည္။ မိုးကလည္း သည္းႀကီးမည္းႀကီး ႐ြာေနပါၿပီ။

" မင္း ဘာအ႐ူးထေနတာလဲ ပိုင္ေဇယံ ....
ဖ်ားကုန္ေတာ့မွာပဲ "

" ငါ ဒီလို မိုး႐ြာထဲ က ခ်င္ေနတာ ၾကာလွၿပီ ဉာဏ္ ....
ေပ်ာ္စရာႀကီးေနာ္ ... ငါ တအားေပ်ာ္တာပဲ "

မိုးသံေတြၾကားမွာ ေအာ္ေျပာေနရေပမဲ့ ယံယံ တကယ္ေပ်ာ္ေနသည္ဆိုတာ ႐ုပ္ေရာအသံေရာကေန ဉာဏ္ ခံစားလို႔ရပါသည္။ ယံယံက လမ္းမေပၚပါ လွဲအိပ္လိုက္ေသး၏ ။

" လွ်ပ္စီးေတြလက္ေနၿပီ ယံယံ ... မိုးၿခိမ္းေတာ့မွာ "

" ငါ ခုနစ္တန္းေက်ာင္းသားေလးမဟုတ္ေတာ့ဘူး ဉာဏ္လင္းထင္ "

သည္စကားကိုၾကားၿပီး မိုး႐ြာႀကီးထဲမွာ ဉာဏ္ မၿပဳံးဘဲ မေနႏိုင္ေတာ့ပါ ။

" အဲဒါဆို ဆက္သြားမယ္ လာ "

သည္တစ္ခါေတာ့  ဉာဏ္က ယံယံ့ကို ဦးေဆာင္ၿပီး ဆြဲေခၚခဲ့သည္။ ၿပီးေတာ့ ဉာဏ္လည္း အရမ္းေပ်ာ္ေနတာ ဝန္ခံရမည္။

တစ္ေနရာ အေရာက္မွာေတာ့ ေျပးရတာ ေမာလာသျဖင့္ သစ္ပင္တစ္ပင္ေအာက္ ဝင္ၿပီးနားျဖစ္ၾကသည္။ မိုးကလည္း နည္းနည္းစဲလာၿပီ။

မိုးေရေတြျဖင့္စို႐ႊဲေနၿပီး  နဖူးေပၚ က်ေနသည့္ ဆံပင္ေတြကို ယံယံ လက္ျဖင့္သပ္တင္လိုက္ၿပီး ဉာဏ့္ မ်က္ႏွာေပၚ  ဖုံးက်ေနသည့္ ဆံပင္ေတြကိုလည္း အေပၚလွန္တင္ေပးလိုက္သည္ ။

ၿပီးေတာ့ သူ႔လက္ႏွစ္ဖက္ျဖင့္ ဉာဏ့္မ်က္ႏွာကို ေသခ်ာညႇပ္ကိုင္ထားၿပီး  အနားကပ္ကာ စိုက္ၾကည့္ေနၿပီးမွ

" ႐ုပ္ဆိုးလိုက္တာ "

" ဘာ "

မ်က္ႏွာကို အနီးကပ္ၿပီးညေသခ်ာၾကည့္လာသည့္ မ်က္ဝန္းတစ္စုံေၾကာင့္ ဉာဏ့္ရင္ခုန္သံေတြ ျမန္လာသည့္အခ်ိန္မွာ ပါးစပ္က ေျပာလာသည့္စကားကေတာ့ အျမင္ကတ္စရာေကာင္းေနျပန္သည္။

" မင္း ငယ္ငယ္က ခ်စ္စရာေလးသိလား ဉာဏ္ ... ေလးတန္းေလာက္ကဆို မင္းပါးေဖာင္းေဖာင္းေလးေတြ ျမင္တိုင္း ငါ ဒီလိုဖဲ့ခ်င္တာ "

" အား... နာတယ္ဟ "

" ဟားဟား "

ယံယံက ဟန္လုပ္ျပရင္း တကယ္ဖဲ့လိုက္သျဖင့္ ဉာဏ္ေအာ္ေတာ့ သေဘာက်စြာရယ္သည္။ မိုးသံေလသံၾကားမွာ ရင္ခုန္သံေတြေရာ ရယ္သံေတြပါ ေရာႁပြန္းေန၏ ။

မိုးကလည္း  ေနာက္တစ္ႀကိမ္ ျပန္သည္းေနျပန္ၿပီ။ ေတာ္ေတာ္ႏွင့္ တိတ္ဦးမည့္ပုံမေပၚ ။

ႏွစ္ေယာက္သား ခ်မ္းလာၾကၿပီး ယံယံကဆို ေမးေတြေတာင္ တဂတ္ဂတ္ႏွင့္ ႐ိုက္ေနသည္။

" မိုးက ဘယ္ေတာ့မွ တိတ္မွာပါလိမ့္ "

" မင္း ႏႈတ္ခမ္းေတြေတာင္ ျပာေနၿပီ ယံယံ "

" ခ်မ္းတာကိုး "

" ငါဖက္ထားေပးမယ္ လာ "

ယံယံ့တစ္ကိုယ္လုံးကို ဉာဏ္ လက္ႏွစ္ဖက္ႏွင့္အျပည့္ သိုင္းဖက္ထားေပးလိုက္ေတာ့ ဉာဏ္ကလည္း သူ႔ေက်ာကိုျပန္ၿပီး တင္းက်ပ္စြာဖက္တြယ္လာသည္။

မိုးသည္းႀကီးထဲ လမ္းေလးက သစ္ပင္တစ္ပင္ေအာက္မွာ တစ္ေယာက္ပုခုံးေပၚ တစ္‌ေယာက္မ်က္ႏွာအပ္ၿပီး တင္းက်ပ္စြာဖက္ထားၾကေသာ လူငယ္ေလးႏွစ္ေယာက္။ သစ္ကိုင္းႀကိဳသစ္ကိုင္းၾကားက စီးက်လာေသာမိုးေရစက္ေတြကေတာ့ သူတို႔ကိုယ္ေပၚမွာ ။

အျပင္က မိုးစက္ေတြႏွင့္ ေလထုက ေအးေနေပမဲ့ သူတို႔ၾကားက ကိုယ္ေငြ႕ကေတာ့ ေႏြးေနခဲ့ပါသည္ ။

*****

မိုးတိတ္မွ  Milkshake ဆိုင္ဘက္ ျပန္လာခဲ့ၾကၿပီး
Milkshakeဖိုး ပိုက္ဆံရွင္းကာ အိမ္ျပန္ခဲ့ၾကသည္ ။ ဆိုင္ကယ္တစ္စီးျဖင့္ အိမ္ျပန္လာသည့္လမ္းမွာလည္းယံယံက ခ်မ္းေနတုန္းပဲဟုဆို၏။ ၿပီးေတာ့ ဉာဏ့္ေနာက္ကေန ခါးကိုတင္းက်ပ္စြာဖက္ၿပီး လိုက္လာခဲ့တာ အိမ္ျပန္ေရာက္တဲ့အထိ ။

ဉာဏ္ အိမ္ေရာက္ေရာက္ခ်င္း ေရထပ္ခ်ိဳး၊ အဝတ္အစားကို ေႏြးေႏြးေထြးေထြးဝတ္ကာ မား လုပ္ေပးသည့္ စြပ္ျပဳတ္ပူပူေလးေသာက္ၿပီးေနာက္ အိပ္ရာေပၚမွာ ေစာင္ႏွင့္ေကြးဖို႔ အသင့္ျဖစ္ပါၿပီ။

ေနာက္ၿပီး ဉာဏ္သိခ်င္သည့္ေမးခြန္းကို ယံယံ့ဆီ message ပို႔လိုက္သည္ ။

" မင္းရဲ႕ ပထမဆုံးဒိတ္က ဘယ္လိုရွိလဲ ယံယံ "

တစ္မိနစ္ ...

ႏွစ္မိနစ္ ...

သုံးမိနစ္ေနေတာ့ ယံယံ့ဆီက message ျပန္လာပါသည္။

" Perfect " တဲ့ ။

#PoPoPhoenix

Продовжити читання

Вам також сподобається

116K 4.7K 57
❤ဆူးခင်းလမ်းတွေဖြစ်နေပါစေ အချစ်စစ်မှန်ရင်တည်မြဲပါတယ်❤
127K 7K 89
ချစ်သောမောင်💙 ညှို့မျက်ဝန်း💙 ခ်စ္ေသာေမာင္💙 ညႇိဳ႕မ်က္ဝန္း💙
180K 10.9K 36
ကိုလင်းကလေ ကျွန်တော်ဘယ်တုန်းအခါကမှ တီးခတ်နိုင်စွမ်းမရှိခဲ့တဲ့ သံစဥ်တပုဒ်လိုပဲ။ **** Start Date-Dec.2.2022 End Date-Mar.22.2023
117K 13.2K 100
transition novel