သခင် (Completed)

By Say_YaRr7

216K 12K 377

သခင်... ရက်စက်တဲ့သခင်... ဒဏ်ရာတွေပေးတဲ့သခင်... အမုန်းတွေသာပေးခဲ့တဲ့သခင်.... နှလုံးသားရဲ့သခင်... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)[final]

အပိုင်း(၂၂)

5.2K 313 6
By Say_YaRr7

"ဖူးမြတ်...ငါ အိမ်တန်းမပြန်ချင်လို့ နင်တို့အိမ်လိုက်ခဲ့ဦးမယ်ဟာ"

"နင့်မမနဲ့တစ်ခုခုဖြစ်ထားလို့လား"

"အဲ့လိုတော့မဟုတ်ပါဘူး ဒီအတိုင်းအိမ်မပြန်ချင်သေးလို့ပါ"

"အေးပါ ဒါဆိုလည်း အိမ်လိုက်ခဲ့လေ"

"နင့်အိမ်မသွားခင် ငါနဲ့အဝတ်အစားဝယ်လိုက်ခဲ့ပါဦး"

"ဒါဆိုလည်း သွားမယ်လေ..အခုဝယ်မှာမလား"

"အင်း"

သခင်နဲ့စကားမပြောတာ ၂ပတ်ရှိခဲ့ပြီ။အဲ့ဒီ၂ပတ်အတွင်း သခင်ဘက်ကလည်းစကားလာပြောခဲ့သလို ကိုယ့်ဘက်ကလည်းသွားမပြောခဲ့ပါ။တကယ်တော့ ကိုယ်တိုင်ကိုက
သခင့်ကိုတမင်ရှောင်နေခဲ့ခြင်းဖြစ်၏။

"ဒီစကပ်လေးကလှတယ်မလား"

ပေါင်လယ်‌ေလာက်သာရှိတဲ့အနက်ရောင်စကပ်တိုတိုလေးကို စိတ်ထဲသဘောတကျရှိမိ၏။

"နင်ကဒီလောက်တိုတာ ဘယ်တုန်းကဝတ်ဖူးလို့လဲ"

"မဝတ်တာက မဝတ်ဖြစ်တာပါ..အခုဝတ်မလို့လေ...ငါနဲ့လိုက်ပါ့မလား"

ဂျင်းပွဘောင်းဘီတွေကိုသာ crop topနဲ့တွဲဝတ်လိုက်၊ ဒူး‌လောက်ဂါဝန်တို့ ဂါဝန်ရှည်တို့ကိုသာဝတ်နေကျဖြစ်တဲ့အတွက် ဒီလောက်ထိတိုတဲ့စကပ်က အထူးအဆန်းတော့ဖြစ်နေလိမ့်မည် ။

"နင်ကအသားဖြူတော့ ဘာဝတ်ဝတ်လိုက်တာပဲဟာ"

"အသားဖြူတိုင်းလိုက်မလားဟ..သူလိုက်ချင်မှလိုက်မှာပေါ့"

"လိုက်တယ် ငါသေချာပြောရဲတယ်..ဝယ်မှာမလား ဝယ်လိုက်"

"ငါလည်းဝယ်မလို့ပါ..ဒါလေးမေးတာကို စိတ်မရှည်သလိုနဲ့"

အဲ့ဒီသူငယ်ချင်းကလည်းတစ်ခါတလေကျဂျစ်ကန်ကန်လည်းနိုင်တတ်သေးသည်။စိတ်ကဖြင့်နည်းနည်းလေးမှမရှည်တတ်ပါ။ငယ်ငယ်ကဆို ခဏခဏရန်ဖြစ်ရသည်။

***

"ဟိုမှာ ငါတို့စီးရမဲ့ကားလာနေပြီ"

"အေးအေး"

လင်းပြောလိုက်မှ ဖူးမြတ်က ကိုင်လက်စဖုန်းကို အိတ်ထဲခပ်ပျာပျာထည့်လိုက်သည်။

"ညီမ"

ကားပေါ်တက်မလို့ ပြင်နေတုန်းခေါ်သံကြား၍ လှည့်ကြည့်လိုက်တော့ ဟိုလူဖြစ်နေသည်။ဟိုလူဆိုတာ သခင့်ရည်းစားပင်ဖြစ်၏။

"တက်ကြဦးမှာလား သမီးတို့"

ကားမောင်းတဲ့ဦးလေးကြီး၏အ‌ေမးအား ပြန်ဖြေမလို့လုပ်နေတုန်း ထိုလူကဝင်ပြောလိုက်သည်။

"မတက်တော့ပါဘူးဗျ"

ထိုအခါကားသမားကမောင်းထွက်သွားသည်။ နဂိုကမှသူ့ကိုကြည့်မရတဲ့ကြားထဲ အခုပိုတောင်ကြည့်မရတော့ပါ။

"ဘာလို့မတက်ဘူးပြောလိုက်တာလဲ...ကျွန်မတို့ကတက်မလို့လေ"

"နင်နဲ့သိတာလားရောင်စဉ်"

ဖူးမြတ်ကနားနားလေးကပ်ပြော၏။

"မသိပါဘူး"

သူကတိုးတိုးမေးပေမဲ့ ခပ်ကျယ်ကျယ်ပဲပြန်ဖြေလိုက်သည်။

"အစ်ကို ညီမနဲ့စကားပြောချင်လို့ပါ"

ဖူးမြတ်ကတော့ ဒီလူ ကိုယ့်ကိုကြောင်ချင်လို့လာရောနေတာလို့ထင်ချင်ထင်နေလိမ့်မည်။ဒီလိုမဟုတ်တာတော့ ကိုယ်ကသိနေပြီးသားပါ။

"ပြောလေ"

စကားအပြောအဆိုဟာရိုင်းသလိုဖြစ်နေမှန်းသိပါသည်။ထိုလူမို့ကို ကောင်းကောင်းမပြောချင်တာပါ။

"တစ်နေရာရာသွားပြော‌ရအောင်လေ ညီမရဲ့"

"ကျွန်မ မအားဘူး"

ထိုလူကတော့ ကိုယ့်အပြောအဆိုတွေအားဗွေယူပုံမရပါ။မျက်နှာပင်ပျက်မသွားပါ။

"အင်းပါ ဒါဆိုလည်းဒီမှာပဲပြောကြတာပေါ့..ဪ ဒါနဲ့အခုပြောလို့အဆင်ပြေပါ့မလား"

ဖူးမြတ်ရောရှိနေသေးတာကို သူကပြောချင်တာဖြစ်သည်။

"ရတယ် ပြောပါ"

"ဒါဆို ဟိုနားလေးတော့သွားပြောရအောင်ညီမ ..ဒီမှာက ပြောလို့မကောင်းဘူး"

သူထိုးပြ‌တဲ့နေရာက အရိပ်လည်းရသလို လူလည်းရှင်းတာမို့ လိုက်သွားလိုက်သည် ။

"လွန်းကို ဘယ်တော့ကွာရှင်းပေမှာလဲ ညီမ"

ပြိုင်ဘက်ချင်းစကားပြောတဲ့ပုံစံမျိုးဖြစ်နေသည်။တကယ်လည်းပြိုင်ဘက်ပါပဲ။သို့သော် ကိုယ့်ဘက်ကဘယ်တော့မှ မနိုင်မဲ့ပြိုင်ဘက်ပါ။သခင်တစ်ယောက်လုံးက သူ့ဘက်မှာရှိနေပြီးသားပဲလေ။ ဘယ်လိုနိုင်နိုင်ပါ့မလဲ။

"သူ့ကို မေးကြည့်လေ"

"လွန်းနဲ့သိပ်မတွေ့ဖြစ်ဘူး..အခုဆို သူက အစ်ကို့ကိုရှောင်နေလို့ပါ"

"အဲ့ဒါတော့ကျွန်မလည်းမသိဘူးလေ"

"အစ်ကို အခုလို ပြောပြရတာကလည်း ညီမနဲ့လွန်းနဲ့က မိဘတွေကြောင့်သာ အခုလိုဖြစ်ခဲ့တာမလား...ညီမတို့ဆန္ဒမပါခဲ့ကြဘူးလေ ဒါကြောင့်မို့ အခြေအနေတစ်ခုကျရင်တော့ အရင်လိုပဲ ပြန်ဖြစ်သွားကြမလား ညီမ"

သူ့မျက်လုံးမှာစိုးရိမ်မှုတွေပါနေသည်။ဘာကိုစိုးရိမ်နေတာဆိုတာတော့ သေချာမသိပေမဲ့
သခင့်ကိုစိုးရိမ်နေတာဖြစ်လိမ့်မည်။

"သခင်က ခင်များကိုဘာမှမပြောဘူးလား...ကျွန်မနဲ့အခြေအနေကို"

"လွန်းက ညီမနဲ့လက်ထပ်ပြီးကတည်းက အစ်ကို့ကို ရှောင်နေတာပါ"

ရယ်ချင်လိုက်တာ။‌လိမ်‌ေပြာနေတာပါလား။ဟိုတစ်ခါတောင် ခြံရှေ့ထိသခင့်ကို လိုက်ပို့ပေးခဲ့တာလေ။ပြီးတော့ သခင့်ကိုတောင်ဖက်ခဲ့တာပဲ။

"ခင်များ ဘာကိုသိချင်တာလဲ သိချင်တာကိုတိုက်ရိုက်မေးပါ"

"လွန်းက ညီမကို ချစ်နေပြီမလား"

ဘယ်လိုအတွေးနဲ့များပြောထွက်သလဲမသိပါ။သခင်ချစ်နေတာ သူလေ။ဒါနဲ့များ တမင်လာရန်စနေသလား။

"သခင်က ခင်များကိုချစ်တာလေ..ဘယ်လိုဖြစ်ပြီး ကျွန်မကိုချစ်မှာလဲ"

"သူ့ အစ်ကို့ကို မချစ်တော့ဘူး...အဲ့ဒါညီမကြောင့်ပဲ"

လူကိုတမင်လာရန်စနေတာပါ။ ရွယ်တူချင်းသာဆို စိတ်ရှိလက်ရှိသာ ထုပစ်လိုက်ချင်တော့သည်။

"ခင်များ ဘာတွေပြောနေတာလဲ..သခင်က ကျွန်မကိုမုန်းနေတာပါ"

"မဟုတ်ဘူး ညီမ"

"ကျွန်မပြီးအောင်ပြောပါရစေ..သခင်က ကျွန်မနဲ့ လက်မထပ်ခင်ကတည်းက ပြောပြီးသားပါ ခင်များကိုပဲ နောင်တစ်ချိန်ကျရင်ပြန်ပြီးလက်ထပ်မယ်ဆိုတာ...ဒါတွေလည်း သခင်ကခင်များကိုပြောပြမှာပါ..ခင်များလည်းသိပြီးသားဖြစ်မှာပါ..ဒါနဲ့များ ဘာကြောင့် ကျွန်မကို တမင်ကိုစိတ်ဒုက္ခလာပေးနေရတာလဲ"

"လွန်းက အဲ့လိုပြောခဲ့တာလား...အစ်ကို့ကိုတစ်ခါမှအခုလိုမပြောခဲ့ဖူးဘူး"

ဟန်ဆောင်ကောင်းလိုက်တာအခုထိပါပဲလား။သခင်ကိုယ်တိုင် သူ့ရည်းစားနဲ့ဖုန်းပြောဖို့ ပြောခဲ့တာတွေ သခင်ကိုယ်တိုင်သူ့ကိုချစ်ပါတယ်လို့ ကြေညာတာတွေနားထဲမှာပဲ့တင်ထပ်နေအောင်ကိုကြားခဲ့ရတာပါ။

"ဒါဆို ခင်များကဘာဖြစ်စေချင်တာလဲ ကျွန်မကို"

"အစ်ကို သိချင်တာတစ်ခုရှိလို့ပါ"

"ဘာကိုလဲ""

"ညီမ လွန်းကိုချစ်နေသလား"

"မချစ်ပါဘူး...ဖေဖေပေးစားလို့သာ ယူခဲ့တာပါ"

"မဟုတ်ဘူး ညီမ ...အခုမှ လွန်းကိုချစ်လာပြီလားမေးတာ"

"မချစ်ပါဘူး...သခင့်ကို ဘယ်တုန်းကမှမချစ်ဘူး"

မရှုံးချင်ဘူး ဒီလူကိုတော့။လက်တွေ့မှာရှုံးနေရင်တောင် စကားနဲ့တော့မရှုံးချင်ဘူး။သခင့်ကို မချစ်ဘူးလို့ လိမ်ပါရစေ။

"ဒါဆို အစ်ကို့ကို ကူညီပါညီမရယ်...လွန်းကို အစ်ကို့ဆီစိတ်ပြန်လည်လာအောင်လုပ်ပေးပါ"

"ခင်များနဲ့ သခင်ဘာပြဿနာဖြစ်ထားလဲ ကျွန်မ မသိဘူး..ဒါကြောင့်မို့ ကိုယ့်ဘာသာပဲ ဖြေရှင်းကြပါ..ကျွန်မနဲ့သခင်ကသူစိမ်းလိုနေတာမို့ ခင်များကိုမကူညီနိုင်ပါဘူး...သွားခွင့်ပြုပါဦး"

သူနဲ့လည်းစကားဆက်ပြောချင်စိတ်မရှိပါ။ဒါကြောင့်မို့ စကားဖြတ်ကာ သူ့ရှေ့ကနေထွက်လာခဲ့လိုက်သည်။

"ရောင်စဉ် ဟိုလူပြောတာကဘာလဲ..နင်မမနဲ့နင်ကလက်ထပ်ထားတာလား"

"အင်း"

"ငါကိုတောင်မပြောပြဘူး"

သူစိတ်ဆိုးသွား၏။

"သခင်က ဘယ်သူ့မှမပြောခဲ့ခိုင်းလို့ပါ...သခင်ကငါ့နဲ့သူလက်ထပ်ထားတာကို ဘယ်သူ့ကိုမှမသိစေချင်ဘူးတဲ့လေ အဲ့ဒါကြောင့်ပါ"

"ဘယ်တုန်းကတည်းကလဲ"

"ပထမနှစ်ပြီးကတည်းက"

"နင်တော်တော်ပိရိတာပဲ"

"သခင်ကအဲ့ဒီကိစ္စအတွက်နဲ့ပါငါ့ကိုမုန်းနေတာဟ...ငါနဲ့လက်မထပ်ခင်ကတည်းကသခင့်မှာချစ်သူရှိတယ်လေ..အဲ့ဒါကြောင့်လည်းသခင်က ငါ့ကိုဆိုခါးခါးသီးသီးဖြစ်နေတာ"

"နင့်အဖေကပေးစားခဲ့တာလား"

"အင်း"

"နင့်အဖေက အခုလိုလုပ်ပေးလိမ့်မည်လို့မထင်ထားဘူးဟ..တကယ်ဆို ဒီလိုကိစ္စက မိဘတိုင်းလိုလို လက်ခံမပေးနိုင်တဲ့ကိစ္စနော်"

"ဖေဖေကငါ့ရဲ့သခင့်အ‌ေပါ်ထားတဲ့စိတ်ကိုငါ့ကိုယ်ငါထက်အရင်သိခဲ့တာလေ..သခင်သာသခင့်ချစ်သူ‌ေနာက်ပါသွားရင် ငါခံစားရမှာသိလို့  သခင့်ကိုငါနဲ့လက်ထပ်ပေးခဲ့တာ..ဒါပေမဲ့ဟာ သခင်ကိုလက်ထပ်လိုက်မှ ငါတကယ်ကိုငရဲကျသလိုခံစားရတာပါ"

သခင်ပေးတဲ့နာကျင်မှုတွေကငရဲတစ်ခုနဲ့တူလွန်းသည်။ဘယ်တတ်နိုင်ပါ့မလဲသခင်ရယ် ဝဋ်ကြွေးရှိသမျှကျခံရုံပေါ့။မဟုတ်ဘူး ကိုယ်တိုင်ကကိုဒီဝဋ်ကြွေးတေွကိုလိုချင်ခဲ့တာပါ။

သခင့်ကိုချစ်ရတာဝဋ်ကြွေးဆိုရင်လည်း အဲ့ဒီဝဋ်ကမလွှတ်ဖို့ကိုဆုတောင်းမယ်။
ဘယ်အခြေအနေပဲရောက်ပါစေ သခင့်ကိုချစ်ချင်တယ်။သခင့်ကိုချစ်ရတဲ့ဝဋ်ကြွေးတွေကို နှစ်သက်မိတယ်သခင်ရယ်။သခင့်ကို မချစ်ဘဲနေရမှာထက် နာနာကျင်ကျင်နဲ့ သခင့်ကိုချစ်နေရတာကိုသဘောကျတယ်။သခင့်ကိုမချစ်ဘဲနေလိုက်ရမဲ့ အချိန်တွေကိုနမြောမိတယ်။ဒါကြောင့်မို့ဝဋ်ဆိုရင်လည်း သခင့်ကိုချစ်ရတဲ့ဝဋ်မို့‌ေကျနပ်ပါတယ်သခင်။

"မဟုတ်တာဘဲ ဘာဖြစ်ဖြစ်နင်ချစ်တဲ့သူကိုနင်ပိုင်လိုက်ရတာပဲဟာ"

"သခင့်ကိုဘယ်တုန်းကမှငါမပိုင်ပါဘူးဟာ"

***

"ပြန်တော့မယ်"

ဖူးမြတ်တို့အိမ်မှာ၄နာရီလောက်အချိန်ဖြုန်းပြီးပြီ။ဘာရယ်‌ေတာ့မဟုတ်ပါ။အိမ်မှာဆို သခင့်ကိုရှောင်နေရတာ စိတ်ရောကိုယ်ရောပင်ပန်းလှသည်။ဒါကြောင့်မို့ရှောင်ရာလည်းမရောက်အောင် ရှောင်လည်းရှောင်ဖြစ်အောင် နေနေမိသည်။

"မမယုကလိုက်ပို့မယ်ပြောတယ်"

"မပို့နဲ့လို့ပြောလိုက်ပါ..ငါ့ဘာသာပြန်မယ်..ငါလာတိုင်းလိုက်ပို့နေရတာ အားနာလို့"

တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ကျ အားနာရသည်မလား။ဘယ်လောက်ပဲသဘောကောင်းတဲ့သူရင်းနှီးတဲ့သူဖြစ်ပါစေ အားနာသင့်တာတော့အားနာရမည်။

"သူလည်းအလုပ်ရှိတာမှတ်လို့..ငါကားမမောင်းတတ်လို့မောင်းတတ်ရင် ငါလိုက်ပို့တယ်"

လင်းလည်းဖေဖေသင်ပေးထားလို့မို့နည်းနည်းပါးပါးတော့မောင်းတတ်သည်။ကျွမ်းကျွမ်းကျင်ကျင်တော့မမမောင်းတတ်သေးပါ။ဖူးမြတ်ကတော့ တစ်ခါမှမသင်ဖူးသေးတာပါ။

"ရတယ် ငါ့ဘာသာပဲပြန်မယ်...ဘယ်သူမှလိုက်မပို့နဲ့"

"ဒါတော့ မမယုကိုပြောတော့"

"လင်းရော ပြန်တော့မှာဆို"

ပြောနေရင်းပင် မမယုကဝင်လာ၏။

"ဟုတ်တယ်မမယု"

"မမလိုက်ပို့ပေးမယ်"

"ရတယ်မမယု..လင်းဘာသာပြန်လိုက်မယ်"

"ဘာလို့လဲ အရင်လည်းလိုက်ပို့နေကျပဲကို"

"အားနာလို့ပါ ...ညနေပဲရှိသေးပါတယ် ပြန်ရဲပါတယ်မမယုရဲ့"

မမယုက ကိုယ့်တစ်ကိုယ်လုံးကိုခြုံကြည့်သည်။မမယုကထိုသို့တစ်ခါမှမကြည့်ဖူးသဖြင့်ရှက်ကိုးရှက်ကန်းဖြစ်မိ၏။ဝတ်ထားတာလည်း နေ့လယ်ကမှဝယ်ထားတဲ့ စကပ်တိုလေးဖြစ်နေ၏။မမယုတို့အိမ်မှာပဲ တစ်ခါတည်းရေချိုးပြီးဝယ်လာတဲ့အဝတ်အစားတွေကိုတစ်ခါတည်းလဲလိုက်မိသည်။

"ဘာလို့လဲဟင် မမယု"

မမေးရဲမေးရဲနှင့်မေးလိုက်၏။

"မဖြစ်ပါဘူး မမလိုက်ပို့ပါ့မယ်"

"ရပါတယ်မမယုရဲ့"

"ကဲပါ စကားများမနေနဲ့ မမလိုက်ပို့မယ်ဆိုလိုက်ပို့မယ်..မင်းဒီလိုပုံစံလေးနဲ့သာတစ်ယောက်တည်းပြန်လို့ကတော့"

မမယုစကပ်တိုတိုလေးဝတ်ထားလို့စိုးရိမ်နေတာဖြစ်မည်။

"ဟုတ်ကဲ့ မမယုကိုအားနာလို့ပြန်မပို့ခိုင်းတာပါ"

"မမမှာအလုပ်မှမရှိတာကို လင်းကိုလိုက်ပို့လည်းဘာမှထူးမသွားဘူး"

"ဟုတ်မမယု..ကျေးဇူးပါနော်"

အိမ်အထွက်ရောက်တော့မှဖူးမြတ်ကိုနှုတ်ဆက်လိုက်သည်။

"ဖူးမြတ် ငါပြန်ပြီ"

"အေးအေး"

***

"မမယု"

"ဟင်"

"ဟို တစ်ခါကသခင့်အစားတောင်းပန်ပါတယ်နော်"

မမယုကခဏတာစဉ်းစားနေဟန်ရှိသည်။

"ဘာမှမဖြစ်ပါဘူး..စိတ်ထဲတောင်မထားခဲ့ဘူး"

"သခင်ကအဲ့လိုလူမျိုးမဟုတ်ပါဘူးမမယုရယ်..သခင်က လူမှုရေးနားလည်တဲ့ထဲပါပါတယ်..အဲ့ဒီနေ့ကသာဘာဖြစ်မှန်းမသိတာ"

သခင့်ကိုမကောင်းမြင်မှာမျိုးမလိုချင်ပါ။
သခင့်ကိုရသလောက်လေးကာကွယ်ပေးချင်သည်။

"အဲ့ဒီနေ့ကသူမှန်တယ်လေ လင်းရဲ့..သူနဲ့အတူတူနေတဲ့လူတစ်ယောက်က ညဘက်အိမ်ပြန်မအိပ်တော့ သူစိတ်တိုသွားမှာပေါ့..ပြီးတော့ပြန်မအိပ်မဲ့အ‌ေကြာင်းကိုအကျိုးအကြောင်းလည်းမပြောခဲ့ဘူးမလား..သူ လင်းကိုစိတ်ပူသွားလို့လေ"

သခင်စိတ်မပူမှန်းသိပါသည်။သို့သော်မမယုကိုတော့ဘာမှပြန်မပြောလိုက်ပါ။

"ကျေးဇူးပါ မမယု"

"ရပါတယ် မမပြန်ပြီနော်"

"အိမ်ထဲဝင်ပါဦးလား မမယုရဲ့ တစ်ခါမှလည်းမဝင်ဘူး"

"နောက်မှ ဝင်ပါတော့မယ်..အခုတော့မဝင်တော့ပါဘူး..‌တော်တော်ကြာ တစ်စုံတစ်ယောက်ကသဝန်တိုနေပါ့မယ်"

"ဟင်"

သဝန်တိုမှာကဘယ်သူလဲလို့ မေးမလို့ရှိသေး မမယုက မောင်းထွက်သွားခဲ့ပြီ။

***
"နေဦး ပြောစရာရှိတယ်"

သခင့်ရဲ့အမိန့်ဆန်ဆန်စကားတွေ။အပေါ်ထပ်ကိုလှမ်းနေတဲ့ခြေထောက်တွေရှေ့ဆက်မရတော့။

"ဘာပြောမလို့လဲ သခင်"

သခင်ကကိုယ့်ဆီကိုတစ်လှမ်းချင်းလျှောက်လာသည်။

"မင်း ဒီနေ့ကျောင်းမသွားဘူးလား"

"သွားပါတယ်"

"ဒါဆို အဝတ်အစားကဘာလို့ဒီလိုပုံစံဖြစ်လာတာလဲ"

"ကျွန်မ ဖူးမြတ်တို့အိမ်မှာလဲထားတာ"

သခင်မျက်နှာဟာ ပိုပြီးတည်တံ့သွား၏။

"မင်းပြောလိုက်ရင် ဖူးမြတ်အိမ်ဆိုတာပဲနော်...မင်းပြန်လာရင်လည်းသူပါမလာပါဘူး...အဲ့ဒီမိန်းကလေးချည်းပဲ"

"မမယုကဖူးမြတ်အဒေါ်ပါ..ဖူးမြတ်နဲ့တစ်အိမ်ထဲမှာနေကြတာ..ဒါကြောင့်မို့ မမယုကကျွန်မကိုပြန်ပို့တာ"

"သူကမင်းကို သဘောကျနေတာလား..ဒါမှမဟုတ်မင်းကသူ့ကိုသဘောကျနေတာလား"

ဒီတစ်ခါအမေးကတကယ်ပင်အံ့ဩရသည်။ဘယ်လိုဖြစ်ပြီးများဒီလိုတွေးမိပါလိမ့်။ကိုယ်ဟာ သူ့ကိုချစ်တယ်လို့ဝန်ခံဖူးလို့များ အခြားမိန်းကလေးတွေအပေါ်လည်းဒီလိုပဲလို့ထင်မိသွားတာများလား။အထင်အမြင်သေးတဲ့စကားလား။

ဘာပဲဖြစ်ဖြစ် သခင့်ဘက်ကဒီလိုတော့မထင်သင့်ဘူးထင်ပါရဲ့။

"အဲ့ဒါကျွန်မကိစ္စပါ..ကျွန်မကဘယ်သူ့ကိုချစ်ချစ်..ဘယ်သူကပဲကျွန်မကိုချစ်ချစ်လေ သခင်နဲ့မဆိုင်ပါဘူး"

သခင့်မျက်နှာက ဖုံးကွယ်ရခက်တဲ့ထဲပါသည်။ခံစားချက်အတိုင်းမျက်နှာပါပေါ်သည်။အခုလည်း သခင့်စိတ်ထဲမခံသိမခံသာဖြစ်နေတာပါ။ပြီးတော့ သခင်အံ့ဩသွားတာ။

ကိုယ့်ကိုချစ်ပါတယ်လို့ဝန်ခံဖူးတဲ့လူတစ်ယောက်ဟာ အခြားတစ်ယောက်ကိုသဘောကျသွားတယ်လို့ခံစားမိတဲ့အချိန်မှာ ရင်ထဲမှာ တစ်ခုခုတော့ အစိုင်အခဲလေးရှိသွားခဲ့သည်။

"သခင် ဘာပြောစရာမှမရှိတော့ဘူးမလား...ကျွန်မအပေါ်တက်တော့မယ်"

သခင့်ကိုကျောခိုင်းပြီးတက်လာခဲ့ပေမဲ့ စိတ်တွေကတော့သခင့်အနားမှာသာကျန်ခဲ့သည်။သခင့်ဆီက‌ေန ရုပ်သ‌ေဘာအရသာလွှတ်မြောက်ချင်လွှတ်မြောက်လိမ့်မည်။မမြင်နိုင်တဲ့စိတ္တဇနာမ်မှာတော့လွှတ်မြောက်လိမ့်မည်မဟုတ်ပါ။

ဖြစ်နိုင်ရင် သခင့်အနားမှာ အခိုးအငွေ့လေးအဖြစ်တောင်ရှိချင်မိပါသည်။ဒါဆိုသခင်က မမြင်နိုင်တာမို့ တွန်းထုတ်မှာမဟုတ်တော့ဘူးလေ။

22.2.2024
#သခင်


ဖူးျမတ္...ငါ အိမ္တန္းမျပန္ခ်င္လို႔ နင္တို႔အိမ္လိုက္ခဲ့ဦးမယ္ဟာ"

"နင့္မမနဲ႔တစ္ခုခုျဖစ္ထားလို႔လား"

"အဲ့လိုေတာ့မဟုတ္ပါဘူး ဒီအတိုင္းအိမ္မျပန္ခ်င္ေသးလို႔ပါ"

"ေအးပါ ဒါဆိုလည္း အိမ္လိုက္ခဲ့ေလ"

"နင့္အိမ္မသြားခင္ ငါနဲ႔အဝတ္အစားဝယ္လိုက္ခဲ့ပါဦး"

"ဒါဆိုလည္း သြားမယ္ေလ..အခုဝယ္မွာမလား"

"အင္း"

သခင္နဲ႔စကားမေျပာတာ ၂ပတ္႐ွိခဲ့ၿပီ။အဲ့ဒီ၂ပတ္အတြင္း သခင္ဘက္ကလည္းစကားလာေျပာခဲ့သလို ကိုယ့္ဘက္ကလည္းသြားမေျပာခဲ့ပါ။တကယ္ေတာ့ ကိုယ္တိုင္ကိုက
သခင့္ကိုတမင္ေ႐ွာင္ေနခဲ့ျခင္းျဖစ္၏။

"ဒီစကပ္ေလးကလွတယ္မလား"

ေပါင္လယ္‌ေလာက္သာ႐ွိတဲ့အနက္ေရာင္စကပ္တိုတိုေလးကို စိတ္ထဲသေဘာတက်႐ွိမိ၏။

"နင္ကဒီေလာက္တိုတာ ဘယ္တုန္းကဝတ္ဖူးလို႔လဲ"

"မဝတ္တာက မဝတ္ျဖစ္တာပါ..အခုဝတ္မလို႔ေလ...ငါနဲ႔လိုက္ပါ့မလား"

ဂ်င္းပြေဘာင္းဘီေတြကိုသာ crop topနဲ႔တြဲဝတ္လိုက္၊ ဒူး‌ေလာက္ဂါဝန္တို႔ ဂါဝန္႐ွည္တို႔ကိုသာဝတ္ေနက်ျဖစ္တဲ့အတြက္ ဒီေလာက္ထိတိုတဲ့စကပ္က အထူးအဆန္းေတာ့ျဖစ္ေနလိမ့္မည္ ။

"နင္ကအသားျဖဴေတာ့ ဘာဝတ္ဝတ္လိုက္တာပဲဟာ"

"အသားျဖဴတိုင္းလိုက္မလားဟ..သူလိုက္ခ်င္မွလိုက္မွာေပါ့"

"လိုက္တယ္ ငါေသခ်ာေျပာရဲတယ္..ဝယ္မွာမလား ဝယ္လိုက္"

"ငါလည္းဝယ္မလို႔ပါ..ဒါေလးေမးတာကို စိတ္မ႐ွည္သလိုနဲ႔"

အဲ့ဒီသူငယ္ခ်င္းကလည္းတစ္ခါတေလက်ဂ်စ္ကန္ကန္လည္းႏိုင္တတ္ေသးသည္။စိတ္ကျဖင့္နည္းနည္းေလးမွမ႐ွည္တတ္ပါ။ငယ္ငယ္ကဆို ခဏခဏရန္ျဖစ္ရသည္။

***

"ဟိုမွာ ငါတို႔စီးရမဲ့ကားလာေနၿပီ"

"ေအးေအး"

လင္းေျပာလိုက္မွ ဖူးျမတ္က ကိုင္လက္စဖုန္းကို အိတ္ထဲခပ္ပ်ာပ်ာထည့္လိုက္သည္။

"ညီမ"

ကားေပၚတက္မလို႔ ျပင္ေနတုန္းေခၚသံၾကား၍ လွည့္ၾကည့္လိုက္ေတာ့ ဟိုလူျဖစ္ေနသည္။ဟိုလူဆိုတာ သခင့္ရည္းစားပင္ျဖစ္၏။

"တက္ၾကဦးမွာလား သမီးတို႔"

ကားေမာင္းတဲ့ဦးေလးႀကီး၏အ‌ေမးအား ျပန္ေျဖမလို႔လုပ္ေနတုန္း ထိုလူကဝင္ေျပာလိုက္သည္။

"မတက္ေတာ့ပါဘူးဗ်"

ထိုအခါကားသမားကေမာင္းထြက္သြားသည္။ နဂိုကမွသူ႕ကိုၾကည့္မရတဲ့ၾကားထဲ အခုပိုေတာင္ၾကည့္မရေတာ့ပါ။

"ဘာလို႔မတက္ဘူးေျပာလိုက္တာလဲ...ကြၽန္မတို႔ကတက္မလို႔ေလ"

"နင္နဲ႔သိတာလားေရာင္စဥ္"

ဖူးျမတ္ကနားနားေလးကပ္ေျပာ၏။

"မသိပါဘူး"

သူကတိုးတိုးေမးေပမဲ့ ခပ္က်ယ္က်ယ္ပဲျပန္ေျဖလိုက္သည္။

"အစ္ကို ညီမနဲ႔စကားေျပာခ်င္လို႔ပါ"

ဖူးျမတ္ကေတာ့ ဒီလူ ကိုယ့္ကိုေၾကာင္ခ်င္လို႔လာေရာေနတာလို႔ထင္ခ်င္ထင္ေနလိမ့္မည္။ဒီလိုမဟုတ္တာေတာ့ ကိုယ္ကသိေနၿပီးသားပါ။

"ေျပာေလ"

စကားအေျပာအဆိုဟာ႐ိုင္းသလိုျဖစ္ေနမွန္းသိပါသည္။ထိုလူမို႔ကို ေကာင္းေကာင္းမေျပာခ်င္တာပါ။

"တစ္ေနရာရာသြားေျပာ‌ရေအာင္ေလ ညီမရဲ႕"

"ကြၽန္မ မအားဘူး"

ထိုလူကေတာ့ ကိုယ့္အေျပာအဆိုေတြအားေဗြယူပုံမရပါ။မ်က္ႏွာပင္ပ်က္မသြားပါ။

"အင္းပါ ဒါဆိုလည္းဒီမွာပဲေျပာၾကတာေပါ့..ဪ ဒါနဲ႔အခုေျပာလို႔အဆင္ေျပပါ့မလား"

ဖူးျမတ္ေရာ႐ွိေနေသးတာကို သူကေျပာခ်င္တာျဖစ္သည္။

"ရတယ္ ေျပာပါ"

"ဒါဆို ဟိုနားေလးေတာ့သြားေျပာရေအာင္ညီမ ..ဒီမွာက ေျပာလို႔မေကာင္းဘူး"

သူထိုးျပ‌တဲ့ေနရာက အရိပ္လည္းရသလို လူလည္း႐ွင္းတာမို႔ လိုက္သြားလိုက္သည္ ။

"လြန္းကို ဘယ္ေတာ့ကြာ႐ွင္းေပမွာလဲ ညီမ"

ၿပိဳင္ဘက္ခ်င္းစကားေျပာတဲ့ပုံစံမ်ိဳးျဖစ္ေနသည္။တကယ္လည္းၿပိဳင္ဘက္ပါပဲ။သို႔ေသာ္ ကိုယ့္ဘက္ကဘယ္ေတာ့မွ မႏိုင္မဲ့ၿပိဳင္ဘက္ပါ။သခင္တစ္ေယာက္လုံးက သူ႕ဘက္မွာ႐ွိေနၿပီးသားပဲေလ။ ဘယ္လိုႏိုင္ႏိုင္ပါ့မလဲ။

"သူ႕ကို ေမးၾကည့္ေလ"

"လြန္းနဲ႔သိပ္မေတြ႕ျဖစ္ဘူး..အခုဆို သူက အစ္ကို႔ကိုေ႐ွာင္ေနလို႔ပါ"

"အဲ့ဒါေတာ့ကြၽန္မလည္းမသိဘူးေလ"

"အစ္ကို အခုလို ေျပာျပရတာကလည္း ညီမနဲ႔လြန္းနဲ႔က မိဘေတြေၾကာင့္သာ အခုလိုျဖစ္ခဲ့တာမလား...ညီမတို႔ဆႏၵမပါခဲ့ၾကဘူးေလ ဒါေၾကာင့္မို႔ အေျခအေနတစ္ခုက်ရင္ေတာ့ အရင္လိုပဲ ျပန္ျဖစ္သြားၾကမလား ညီမ"

သူ႕မ်က္လုံးမွာစိုးရိမ္မႈေတြပါေနသည္။ဘာကိုစိုးရိမ္ေနတာဆိုတာေတာ့ ေသခ်ာမသိေပမဲ့
သခင့္ကိုစိုးရိမ္ေနတာျဖစ္လိမ့္မည္။

"သခင္က ခင္မ်ားကိုဘာမွမေျပာဘူးလား...ကြၽန္မနဲ႔အေျခအေနကို"

"လြန္းက ညီမနဲ႔လက္ထပ္ၿပီးကတည္းက အစ္ကို႔ကို ေ႐ွာင္ေနတာပါ"

ရယ္ခ်င္လိုက္တာ။‌လိမ္‌ေျပာေနတာပါလား။ဟိုတစ္ခါေတာင္ ျခံေ႐ွ႕ထိသခင့္ကို လိုက္ပို႔ေပးခဲ့တာေလ။ၿပီးေတာ့ သခင့္ကိုေတာင္ဖက္ခဲ့တာပဲ။

"ခင္မ်ား ဘာကိုသိခ်င္တာလဲ သိခ်င္တာကိုတိုက္႐ိုက္ေမးပါ"

"လြန္းက ညီမကို ခ်စ္ေနၿပီမလား"

ဘယ္လိုအေတြးနဲ႔မ်ားေျပာထြက္သလဲမသိပါ။သခင္ခ်စ္ေနတာ သူေလ။ဒါနဲ႔မ်ား တမင္လာရန္စေနသလား။

"သခင္က ခင္မ်ားကိုခ်စ္တာေလ..ဘယ္လိုျဖစ္ၿပီး ကြၽန္မကိုခ်စ္မွာလဲ"

"သူ႕ အစ္ကို႔ကို မခ်စ္ေတာ့ဘူး...အဲ့ဒါညီမေၾကာင့္ပဲ"

လူကိုတမင္လာရန္စေနတာပါ။ ႐ြယ္တူခ်င္းသာဆို စိတ္႐ွိလက္႐ွိသာ ထုပစ္လိုက္ခ်င္ေတာ့သည္။

"ခင္မ်ား ဘာေတြေျပာေနတာလဲ..သခင္က ကြၽန္မကိုမုန္းေနတာပါ"

"မဟုတ္ဘူး ညီမ"

"ကြၽန္မၿပီးေအာင္ေျပာပါရေစ..သခင္က ကြၽန္မနဲ႔ လက္မထပ္ခင္ကတည္းက ေျပာၿပီးသားပါ ခင္မ်ားကိုပဲ ေနာင္တစ္ခ်ိန္က်ရင္ျပန္ၿပီးလက္ထပ္မယ္ဆိုတာ...ဒါေတြလည္း သခင္ကခင္မ်ားကိုေျပာျပမွာပါ..ခင္မ်ားလည္းသိၿပီးသားျဖစ္မွာပါ..ဒါနဲ႔မ်ား ဘာေၾကာင့္ ကြၽန္မကို တမင္ကိုစိတ္ဒုကၡလာေပးေနရတာလဲ"

"လြန္းက အဲ့လိုေျပာခဲ့တာလား...အစ္ကို႔ကိုတစ္ခါမွအခုလိုမေျပာခဲ့ဖူးဘူး"

ဟန္ေဆာင္ေကာင္းလိုက္တာအခုထိပါပဲလား။သခင္ကိုယ္တိုင္ သူ႕ရည္းစားနဲ႔ဖုန္းေျပာဖို႔ ေျပာခဲ့တာေတြ သခင္ကိုယ္တိုင္သူ႕ကိုခ်စ္ပါတယ္လို႔ ေၾကညာတာေတြနားထဲမွာပဲ့တင္ထပ္ေနေအာင္ကိုၾကားခဲ့ရတာပါ။

"ဒါဆို ခင္မ်ားကဘာျဖစ္ေစခ်င္တာလဲ ကြၽန္မကို"

"အစ္ကို သိခ်င္တာတစ္ခု႐ွိလို႔ပါ"

"ဘာကိုလဲ""

"ညီမ လြန္းကိုခ်စ္ေနသလား"

"မခ်စ္ပါဘူး...ေဖေဖေပးစားလို႔သာ ယူခဲ့တာပါ"

"မဟုတ္ဘူး ညီမ ...အခုမွ လြန္းကိုခ်စ္လာၿပီလားေမးတာ"

"မခ်စ္ပါဘူး...သခင့္ကို ဘယ္တုန္းကမွမခ်စ္ဘူး"

မ႐ႈံးခ်င္ဘူး ဒီလူကိုေတာ့။လက္ေတြ႕မွာ႐ႈံးေနရင္ေတာင္ စကားနဲ႔ေတာ့မ႐ႈံးခ်င္ဘူး။သခင့္ကို မခ်စ္ဘူးလို႔ လိမ္ပါရေစ။

"ဒါဆို အစ္ကို႔ကို ကူညီပါညီမရယ္...လြန္းကို အစ္ကို႔ဆီစိတ္ျပန္လည္လာေအာင္လုပ္ေပးပါ"

"ခင္မ်ားနဲ႔ သခင္ဘာျပႆနာျဖစ္ထားလဲ ကြၽန္မ မသိဘူး..ဒါေၾကာင့္မို႔ ကိုယ့္ဘာသာပဲ ေျဖ႐ွင္းၾကပါ..ကြၽန္မနဲ႔သခင္ကသူစိမ္းလိုေနတာမို႔ ခင္မ်ားကိုမကူညီႏိုင္ပါဘူး...သြားခြင့္ျပဳပါဦး"

သူနဲ႔လည္းစကားဆက္ေျပာခ်င္စိတ္မ႐ွိပါ။ဒါေၾကာင့္မို႔ စကားျဖတ္ကာ သူ႕ေ႐ွ႕ကေနထြက္လာခဲ့လိုက္သည္။

"ေရာင္စဥ္ ဟိုလူေျပာတာကဘာလဲ..နင္မမနဲ႔နင္ကလက္ထပ္ထားတာလား"

"အင္း"

"ငါကိုေတာင္မေျပာျပဘူး"

သူစိတ္ဆိုးသြား၏။

"သခင္က ဘယ္သူ႕မွမေျပာခဲ့ခိုင္းလို႔ပါ...သခင္ကငါ့နဲ႔သူလက္ထပ္ထားတာကို ဘယ္သူ႕ကိုမွမသိေစခ်င္ဘူးတဲ့ေလ အဲ့ဒါေၾကာင့္ပါ"

"ဘယ္တုန္းကတည္းကလဲ"

"ပထမႏွစ္ၿပီးကတည္းက"

"နင္ေတာ္ေတာ္ပိရိတာပဲ"

"သခင္ကအဲ့ဒီကိစၥအတြက္နဲ႔ပါငါ့ကိုမုန္းေနတာဟ...ငါနဲ႔လက္မထပ္ခင္ကတည္းကသခင့္မွာခ်စ္သူ႐ွိတယ္ေလ..အဲ့ဒါေၾကာင့္လည္းသခင္က ငါ့ကိုဆိုခါးခါးသီးသီးျဖစ္ေနတာ"

"နင့္အေဖကေပးစားခဲ့တာလား"

"အင္း"

"နင့္အေဖက အခုလိုလုပ္ေပးလိမ့္မည္လို႔မထင္ထားဘူးဟ..တကယ္ဆို ဒီလိုကိစၥက မိဘတိုင္းလိုလို လက္ခံမေပးႏိုင္တဲ့ကိစၥေနာ္"

"ေဖေဖကငါ့ရဲ႕သခင့္အ‌ေပၚထားတဲ့စိတ္ကိုငါ့ကိုယ္ငါထက္အရင္သိခဲ့တာေလ..သခင္သာသခင့္ခ်စ္သူ‌ေနာက္ပါသြားရင္ ငါခံစားရမွာသိလို႔  သခင့္ကိုငါနဲ႔လက္ထပ္ေပးခဲ့တာ..ဒါေပမဲ့ဟာ သခင္ကိုလက္ထပ္လိုက္မွ ငါတကယ္ကိုငရဲက်သလိုခံစားရတာပါ"

သခင္ေပးတဲ့နာက်င္မႈေတြကငရဲတစ္ခုနဲ႔တူလြန္းသည္။ဘယ္တတ္ႏိုင္ပါ့မလဲသခင္ရယ္ ဝဋ္ေႂကြး႐ွိသမွ်က်ခံ႐ုံေပါ့။မဟုတ္ဘူး ကိုယ္တိုင္ကကိုဒီဝဋ္ေႂကြးေတြကိုလိုခ်င္ခဲ့တာပါ။

သခင့္ကိုခ်စ္ရတာဝဋ္ေႂကြးဆိုရင္လည္း အဲ့ဒီဝဋ္ကမလႊတ္ဖို႔ကိုဆုေတာင္းမယ္။
ဘယ္အေျခအေနပဲေရာက္ပါေစ သခင့္ကိုခ်စ္ခ်င္တယ္။သခင့္ကိုခ်စ္ရတဲ့ဝဋ္ေႂကြးေတြကို ႏွစ္သက္မိတယ္သခင္ရယ္။သခင့္ကို မခ်စ္ဘဲေနရမွာထက္ နာနာက်င္က်င္နဲ႔ သခင့္ကိုခ်စ္ေနရတာကိုသေဘာက်တယ္။သခင့္ကိုမခ်စ္ဘဲေနလိုက္ရမဲ့ အခ်ိန္ေတြကိုနေျမာမိတယ္။ဒါေၾကာင့္မို႔ဝဋ္ဆိုရင္လည္း သခင့္ကိုခ်စ္ရတဲ့ဝဋ္မို႔‌ေက်နပ္ပါတယ္သခင္။

"မဟုတ္တာဘဲ ဘာျဖစ္ျဖစ္နင္ခ်စ္တဲ့သူကိုနင္ပိုင္လိုက္ရတာပဲဟာ"

"သခင့္ကိုဘယ္တုန္းကမွငါမပိုင္ပါဘူးဟာ"

***

"ျပန္ေတာ့မယ္"

ဖူးျမတ္တို႔အိမ္မွာ၄နာရီေလာက္အခ်ိန္ျဖဳန္းၿပီးၿပီ။ဘာရယ္‌ေတာ့မဟုတ္ပါ။အိမ္မွာဆို သခင့္ကိုေ႐ွာင္ေနရတာ စိတ္ေရာကိုယ္ေရာပင္ပန္းလွသည္။ဒါေၾကာင့္မို႔ေ႐ွာင္ရာလည္းမေရာက္ေအာင္ ေ႐ွာင္လည္းေ႐ွာင္ျဖစ္ေအာင္ ေနေနမိသည္။

"မမယုကလိုက္ပို႔မယ္ေျပာတယ္"

"မပို႔နဲ႔လို႔ေျပာလိုက္ပါ..ငါ့ဘာသာျပန္မယ္..ငါလာတိုင္းလိုက္ပို႔ေနရတာ အားနာလို႔"

တစ္ခါလည္းမဟုတ္ႏွစ္ခါလည္းမဟုတ္က် အားနာရသည္မလား။ဘယ္ေလာက္ပဲသေဘာေကာင္းတဲ့သူရင္းႏွီးတဲ့သူျဖစ္ပါေစ အားနာသင့္တာေတာ့အားနာရမည္။

"သူလည္းအလုပ္႐ွိတာမွတ္လို႔..ငါကားမေမာင္းတတ္လို႔ေမာင္းတတ္ရင္ ငါလိုက္ပို႔တယ္"

လင္းလည္းေဖေဖသင္ေပးထားလို႔မို႔နည္းနည္းပါးပါးေတာ့ေမာင္းတတ္သည္။ကြၽမ္းကြၽမ္းက်င္က်င္ေတာ့မမေမာင္းတတ္ေသးပါ။ဖူးျမတ္ကေတာ့ တစ္ခါမွမသင္ဖူးေသးတာပါ။

"ရတယ္ ငါ့ဘာသာပဲျပန္မယ္...ဘယ္သူမွလိုက္မပို႔နဲ႔"

"ဒါေတာ့ မမယုကိုေျပာေတာ့"

"လင္းေရာ ျပန္ေတာ့မွာဆို"

ေျပာေနရင္းပင္ မမယုကဝင္လာ၏။

"ဟုတ္တယ္မမယု"

"မမလိုက္ပို႔ေပးမယ္"

"ရတယ္မမယု..လင္းဘာသာျပန္လိုက္မယ္"

"ဘာလို႔လဲ အရင္လည္းလိုက္ပို႔ေနက်ပဲကို"

"အားနာလို႔ပါ ...ညေနပဲ႐ွိေသးပါတယ္ ျပန္ရဲပါတယ္မမယုရဲ႕"

မမယုက ကိုယ့္တစ္ကိုယ္လုံးကိုျခဳံၾကည့္သည္။မမယုကထိုသို႔တစ္ခါမွမၾကည့္ဖူးသျဖင့္႐ွက္ကိုး႐ွက္ကန္းျဖစ္မိ၏။ဝတ္ထားတာလည္း ေန႔လယ္ကမွဝယ္ထားတဲ့ စကပ္တိုေလးျဖစ္ေန၏။မမယုတို႔အိမ္မွာပဲ တစ္ခါတည္းေရခ်ိဳးၿပီးဝယ္လာတဲ့အဝတ္အစားေတြကိုတစ္ခါတည္းလဲလိုက္မိသည္။

"ဘာလို႔လဲဟင္ မမယု"

မေမးရဲေမးရဲႏွင့္ေမးလိုက္၏။

"မျဖစ္ပါဘူး မမလိုက္ပို႔ပါ့မယ္"

"ရပါတယ္မမယုရဲ႕"

"ကဲပါ စကားမ်ားမေနနဲ႔ မမလိုက္ပို႔မယ္ဆိုလိုက္ပို႔မယ္..မင္းဒီလိုပုံစံေလးနဲ႔သာတစ္ေယာက္တည္းျပန္လို႔ကေတာ့"

မမယုစကပ္တိုတိုေလးဝတ္ထားလို႔စိုးရိမ္ေနတာျဖစ္မည္။

"ဟုတ္ကဲ့ မမယုကိုအားနာလို႔ျပန္မပို႔ခိုင္းတာပါ"

"မမမွာအလုပ္မွမ႐ွိတာကို လင္းကိုလိုက္ပို႔လည္းဘာမွထူးမသြားဘူး"

"ဟုတ္မမယု..ေက်းဇူးပါေနာ္"

အိမ္အထြက္ေရာက္ေတာ့မွဖူးျမတ္ကိုႏႈတ္ဆက္လိုက္သည္။

"ဖူးျမတ္ ငါျပန္ၿပီ"

"ေအးေအး"

***

"မမယု"

"ဟင္"

"ဟို တစ္ခါကသခင့္အစားေတာင္းပန္ပါတယ္ေနာ္"

မမယုကခဏတာစဥ္းစားေနဟန္႐ွိသည္။

"ဘာမွမျဖစ္ပါဘူး..စိတ္ထဲေတာင္မထားခဲ့ဘူး"

"သခင္ကအဲ့လိုလူမ်ိဳးမဟုတ္ပါဘူးမမယုရယ္..သခင္က လူမႈေရးနားလည္တဲ့ထဲပါပါတယ္..အဲ့ဒီေန႔ကသာဘာျဖစ္မွန္းမသိတာ"

သခင့္ကိုမေကာင္းျမင္မွာမ်ိဳးမလိုခ်င္ပါ။
သခင့္ကိုရသေလာက္ေလးကာကြယ္ေပးခ်င္သည္။

"အဲ့ဒီေန႔ကသူမွန္တယ္ေလ လင္းရဲ႕..သူနဲ႔အတူတူေနတဲ့လူတစ္ေယာက္က ညဘက္အိမ္ျပန္မအိပ္ေတာ့ သူစိတ္တိုသြားမွာေပါ့..ၿပီးေတာ့ျပန္မအိပ္မဲ့အ‌ေၾကာင္းကိုအက်ိဳးအေၾကာင္းလည္းမေျပာခဲ့ဘူးမလား..သူ လင္းကိုစိတ္ပူသြားလို႔ေလ"

သခင္စိတ္မပူမွန္းသိပါသည္။သို႔ေသာ္မမယုကိုေတာ့ဘာမွျပန္မေျပာလိုက္ပါ။

"ေက်းဇူးပါ မမယု"

"ရပါတယ္ မမျပန္ၿပီေနာ္"

"အိမ္ထဲဝင္ပါဦးလား မမယုရဲ႕ တစ္ခါမွလည္းမဝင္ဘူး"

"ေနာက္မွ ဝင္ပါေတာ့မယ္..အခုေတာ့မဝင္ေတာ့ပါဘူး..‌ေတာ္ေတာ္ၾကာ တစ္စုံတစ္ေယာက္ကသဝန္တိုေနပါ့မယ္"

"ဟင္"

သဝန္တိုမွာကဘယ္သူလဲလို႔ ေမးမလို႔႐ွိေသး မမယုက ေမာင္းထြက္သြားခဲ့ၿပီ။

***
"ေနဦး ေျပာစရာ႐ွိတယ္"

သခင့္ရဲ႕အမိန္႔ဆန္ဆန္စကားေတြ။အေပၚထပ္ကိုလွမ္းေနတဲ့ေျခေထာက္ေတြေ႐ွ႕ဆက္မရေတာ့။

"ဘာေျပာမလို႔လဲ သခင္"

သခင္ကကိုယ့္ဆီကိုတစ္လွမ္းခ်င္းေလွ်ာက္လာသည္။

"မင္း ဒီေန႔ေက်ာင္းမသြားဘူးလား"

"သြားပါတယ္"

"ဒါဆို အဝတ္အစားကဘာလို႔ဒီလိုပုံစံျဖစ္လာတာလဲ"

"ကြၽန္မ ဖူးျမတ္တို႔အိမ္မွာလဲထားတာ"

သခင္မ်က္ႏွာဟာ ပိုၿပီးတည္တံ့သြား၏။

"မင္းေျပာလိုက္ရင္ ဖူးျမတ္အိမ္ဆိုတာပဲေနာ္...မင္းျပန္လာရင္လည္းသူပါမလာပါဘူး...အဲ့ဒီမိန္းကေလးခ်ည္းပဲ"

"မမယုကဖူးျမတ္အေဒၚပါ..ဖူးျမတ္နဲ႔တစ္အိမ္ထဲမွာေနၾကတာ..ဒါေၾကာင့္မို႔ မမယုကကြၽန္မကိုျပန္ပို႔တာ"

"သူကမင္းကို သေဘာက်ေနတာလား..ဒါမွမဟုတ္မင္းကသူ႕ကိုသေဘာက်ေနတာလား"

ဒီတစ္ခါအေမးကတကယ္ပင္အံ့ဩရသည္။ဘယ္လိုျဖစ္ၿပီးမ်ားဒီလိုေတြးမိပါလိမ့္။ကိုယ္ဟာ သူ႕ကိုခ်စ္တယ္လို႔ဝန္ခံဖူးလို႔မ်ား အျခားမိန္းကေလးေတြအေပၚလည္းဒီလိုပဲလို႔ထင္မိသြားတာမ်ားလား။အထင္အျမင္ေသးတဲ့စကားလား။

ဘာပဲျဖစ္ျဖစ္ သခင့္ဘက္ကဒီလိုေတာ့မထင္သင့္ဘူးထင္ပါရဲ႕။

"အဲ့ဒါကြၽန္မကိစၥပါ..ကြၽန္မကဘယ္သူ႕ကိုခ်စ္ခ်စ္..ဘယ္သူကပဲကြၽန္မကိုခ်စ္ခ်စ္ေလ သခင္နဲ႔မဆိုင္ပါဘူး"

သခင့္မ်က္ႏွာက ဖုံးကြယ္ရခက္တဲ့ထဲပါသည္။ခံစားခ်က္အတိုင္းမ်က္ႏွာပါေပၚသည္။အခုလည္း သခင့္စိတ္ထဲမခံသိမခံသာျဖစ္ေနတာပါ။ၿပီးေတာ့ သခင္အံ့ဩသြားတာ။

ကိုယ့္ကိုခ်စ္ပါတယ္လို႔ဝန္ခံဖူးတဲ့လူတစ္ေယာက္ဟာ အျခားတစ္ေယာက္ကိုသေဘာက်သြားတယ္လို႔ခံစားမိတဲ့အခ်ိန္မွာ ရင္ထဲမွာ တစ္ခုခုေတာ့ အစိုင္အခဲေလး႐ွိသြားခဲ့သည္။

"သခင္ ဘာေျပာစရာမွမ႐ွိေတာ့ဘူးမလား...ကြၽန္မအေပၚတက္ေတာ့မယ္"

သခင့္ကိုေက်ာခိုင္းၿပီးတက္လာခဲ့ေပမဲ့ စိတ္ေတြကေတာ့သခင့္အနားမွာသာက်န္ခဲ့သည္။သခင့္ဆီက‌ေန ႐ုပ္သ‌ေဘာအရသာလႊတ္ေျမာက္ခ်င္လႊတ္ေျမာက္လိမ့္မည္။မျမင္ႏိုင္တဲ့စိတၱဇနာမ္မွာေတာ့လႊတ္ေျမာက္လိမ့္မည္မဟုတ္ပါ။

ျဖစ္ႏိုင္ရင္ သခင့္အနားမွာ အခိုးအေငြ႕ေလးအျဖစ္ေတာင္႐ွိခ်င္မိပါသည္။ဒါဆိုသခင္က မျမင္ႏိုင္တာမို႔ တြန္းထုတ္မွာမဟုတ္ေတာ့ဘူးေလ။

22.2.2024
#သခင္

Continue Reading

You'll Also Like

3M 96K 28
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
1.4M 34.9K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
448K 26.1K 43
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
924K 55.1K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...