"မောင်"
ကိုခပ်ဖွဖွ ဖြေလျော့ပြီးလွှတ်လိုက်ကာ အရှေ့သို့ ခြေလှမ်းငါး
"မောင်...ဟိုလေ"
ရင်ကောင်းမလား...ဒွန်တွဲလျက်...အဖြစ်က ရိုးသိပ်ကြောက်
က တစ်ခုခုကို စိတ်ထဲဖြစ်နေတာ...နောက်ဆက်တွဲ ဘာဖြစ်
"ဘာပြောမလို့လဲ"
"ရိုး စိတ်မဆိုးပါဘူး"
"ဘာကိုလဲ"
ဖြစ်သင့်ပါတယ်"
က်ျားတစ်ယောက်ဖြစ်တဲ့ သူက ဒီလောက်တော့ပေးဆပ်ရပေ
သေးး။
နေကောင်းနေလိမ့်မယ်...သားမြေးယောက်ျားတစ်ယောက်က
ပေါ့...
အများကို လဲလှယ်လိုက်ရခြင်း၊ မောင်ကအသက်ငယ်သေး
ရဲ့ရိုး"
ရိုး ဘာမျှ ဆက်မပြောနိင်ပဲ မောင့်ကို စာနာနားလည်နေမိ၏။
မောင်သာ ဇွတ်ကို ထွက်သွားကြည့် သခင်မကြီးက ဘယ်လို
မောင်ချော့ပါမယ်"
"ဆိုး..ဆိုးတော့ဆိုးတယ်"
"ဟာကွာ..ပြောင်စပ်စပ်နဲ့ ရိုးက ကလေးကျလို့"
"ချစ်တာကိုး...ခင်ဗျားက ကျုပ်ကို လွှတ်ချဖို့လုပ်ခဲ့တာ၊ကျုပ်
လေးရဖို့ပဲ"
ချင်စရာ။
"မရလာခဲ့ရင်ကော"
ရင်း ရင်ခွင်ထဲပွေ့ဖက်ထားပြန်တော့ ရိုးအလိုက်သင့် ခိုလှုံမိ
...........
သေး"
နေရတာ"
တို့ကတော့ ကံကောင်းလိုက်တာ ယောက်ျားလေးမျိုးဆက်ပါ
လေးတို့ ဆွေမျိုးတော်တွေအတွက်လည်း မျိုးဆက်ပဲမဟုတ်
လား...အတူတူပါပဲ"
မယ်"
မပြန်ရဲ။ သူမ စိတ်ထဲ မည်သို့မြို့သိပ့်ခံစားရမည်ကို ကိုယ်
.............
"ဒေါက်! ဒေါက်!"
"ဘယ်သူလဲ"
"မမလေးတိမ်လွှာ...သီတာပါ"
"ဝင်ခဲ့"
"မမလေးတိမ်လွှာ...ဒါတွေက"
ရတော့မှာလေ...ပန်းရဂုံရဲ့ယောက်ျားလေးမျိုးဆက်ကိုမွေးရ
"သြော်...ဟုတ်မမလေး"
လေ"
"Sorry...နောက်ကျသွားတယ်"
ပါ...ရိုး...လာလေ"
ရဲ။
"ဘွားကို...ရိုး ဦးဦးဖျားဖျားဟင်းထည့်ပေးပါရစေ..ပြီးတော့
မေမေကိုကော"
ပေးမယ်ဟန်စဉ်...။
"နေပါစေ...ကိုယ့်ဘာသာစား"
အားငယ်သွားမိသလိုပင်။
"တိမ်လွှာ ထည့်ပေးမယ်နော်..ဘွားက ငါးသလောက်ပေါင်း
ကျုပ်ယောက်ျားကို ဖယ်ကျဉ်မထားပါဘူးဆိုတဲ့စကားတွေကို
ထုတ်လိုက်တော့"
လက်ဆွဲကာထွကိသွားတဲ့ အမိန့်တို့ကိုကြည့်ကာ သက်ပြင်းချ
မိသွားသလို တွေတွေကြီး ထမင်းကိုသာဟန်မပျက်ပဲ ဆက်
"တတ်"
"အဟင်း...ရွဲ့တာ"
"မရွဲ့ပါဘူး....အတည်...အတည်"
လို့"
"အဲ့...အဲ့ဒါက..အမလေး"
ဆိုင်ကယ်နောက်ခုံပေါ်ချီတင်လိုက်ပြီးနောက် မောင်ကသူ့
ထက်ဆွဲယူကာ ယှက်၍ဖက်ထားစေ၏။
မောင်းရင်း ကျန်လက်တစ်ဖက်ကို ခါးပေါ်၌ဖက်တွယ်ထားတဲ့
✨✨✨✨✨
upပေးလိုက်ပြီနော်..
Uni....
"မောင်"
အခန်းထဲ တည့်မတ်စွာ ဝင်လာပြီးတဲ့နောက်ပိုင်းမှ ရိုးရဲ့လက်
ကိုခပ္ဖြဖြ ဖြေလျော့ပြီးလွှတ်လိုက်ကာ အရှေ့သိူ့ ခြေလှမ်းငါး
လှမ်းစာမျှ ဆက်လျှောက်သွားသည့် မောင်က အပေါ်အကျီကို
မြန်ဆန်စွာပင်ချွတ်၍ ကုတင်ပေါ်သို့ပစ်တင်လိုက်လေသည်။
"မောင်...ဟိုလေ"
ပထမ ခေါ်ခြင်းက အသံများတိုးလို့လား မောင်များမကြား
လိုက်လေသလားဟု အနည်းငယ်အသံကိုမြှင့်လိုက်သလို
ဟိုလေ ဟုပါ စကားလုံးလေးဆက်ကာ သူ စကားပြောချင်
နေတယ်ဆိုတာပါ သိအောင်လုပ်လိုက်လေ၏။
ပြန်မဖြေ မေးဆတ်ပြတဲ့ မောင်ကြောင့် ပြောရမလား၊မပြော
ရင်ကောင်းမလား...ဒွန်တွဲလျက်...အျဖစ္က ရိုးသိပ်ကြောက်
နေမိတာ...ပထမဆူံး ပန်းရဂုံမှာနေထိုင်ခဲ့ရတာနဲ့မတူ ယခု
က တစ္ခုခုကို စိတ်ထဲဖြစ်နေတာ...နောက်ဆက်တွဲ ဘာဖြစ်
လာမလဲမသိပေမဲ့ ရိုးမှာ မောင်တစ်ယောက်တည်းပဲရှိတော့သ
လိုကို မီးစာလေးအဖြစ် ရိုးမြင်နေရပြီ။
"ဘာပြောမလို့လဲ"
မောင်က စကားလမ်းကြောင်း အရင်စပေးပါ၏။
"ရိုး စိတ်မဆိုးပါဘူး"
"ဘာကိုလဲ"
"ဟို...မမလေးတိမ်လွှာလေ..သူနဲ့ကိစ္စ"
"မောင့်ရဲ့ရိုးက စိတ်ခုနေလို့လား...စိတ်ထဲရှိတာပြော...ဘာ
လဲ၊ မောင့်ဆုံးဖြတ်ချက်တွေ သိပ်မှားတယ်လို့ အငိုသန်မလို့
လား...မောင့်ကိုကြည့်ပြီးသေချာဖြေ"
"အို...ဟင့်အင်း၊ ရိုး မငိုပါဘူး ၊ ဒါက ဖြစ်သင့်ပါတယ်မောင်
ဖြစ်သင့်ပါတယ်"
ရိုးက ငြင်ငြင်သာသာလေးနဲ့ကို အပျော့ဆွဲငြင်းကာ မွေ့ယာအိ
စက်စက်ပေါ်သို့ သမီးလေးကိုတင်လိုက်ပြီး တဖန် မောင့်ကို
မျှော်ကြည့်လိုက်သည်။ စိတ်ထဲ၌တော့ ပန်းရဂုံအတွက်ယော
ကျ်ားတစ်ယောက်ဖြစ်တဲ့ သူက ဒီလောက်တော့ပေးဆပ်ရပေ
လိမ့်မယ်ဟု သိထားပေမဲ့ နှလုံးသားနက်ရိုင်းသော ဝန်းကျင်
လေးကတော့ တစိမ့်စိမ့် နာကျင်ထိုးဆွမူတွေနဲ့ ကပိုကယို
လေးတွေဖြစ်နေလို့ မနည်းကိုစိတ်ပြန်ထိန်းနေရလေရဲ့။
မဖြစ်သင့်ဟု ငိုတော့မယောင်မျက်နှာပြင်ကို အဖြူထည်ပင်
ကိုယ်လေးအဖြစ် ပြန်လွှမ်းခြုံရင်း မောင့်ဆုံးဖြတ်ချက်မှနိကန်
ပါတယ်ဟု ပြောရတဲ့အခိုက်မှာတော့ ရိုးက ခန္တီပါရမီရင့်ကျပ်
နေတဲ့သူတော်ကောင်းကြီးပမာ။
သိပ်အဖိုးတန်တဲ့ သူများရဲ့အဖိုးတန်ရတနာကို ပိုင်ဆိုင်ရရင်
တော့ သူခိုးသူဝှက်တွေရဲ့အန္တရာယ်တောကို ပူပန်ကြောင့်ကြ
မူတော့ရှိရမှာပေါ့။ ဝှက်ထားချင်တယ်မောင်...ဝှက်ထားချင်
သေးး။
"မောင့်ကို အချစ်အတွက်နဲ့တောင် သတ္တိမရှိတဲ့သူလိုထင်မှတ်
နေကောင်းနေလိမ့်မယ်...သားမြေးယောကျ်ားတစ်ယောက်က
မိုက်ရူးရဲဆန်ပြီး ဘယ်သူမျက်နှာမှမကြည့်ပဲ ထင်ရာလုပ်တတ်
တဲ့မောင့်ရဲ့အကျင့်နဲ့ လွယ်လွယ်လက်ခံလိုက်လဲလို့မြင်မိမှာ
ပေါ့...
ပန်းရဂုံအတွက် မောင့်တစ်သက်တာ နောက်ဆုံးစွန့်လွှတ်
လိုက်ခြင်းရယ်...ပန်းရဂုံကို မောင်နောက်ဆုံးမျှော်လင့်ချက်
ပေးမူနဲ့ မောင့်ချစ်ရသူကို အများရှေ့မှာ ဒီအသိုင်းအဝိုင်းနဲ့
သက်ဆိုင်သူပါလို့ ရဲရဲ လူလုံးထွက်ပြနိင်အောင်မောင်လုပ်
ပေးနိင်တာတင်တန်တယ်။ ဒါက တစ်ခုပြန်ပေးပြီး ပျော်ရွှင်မူ
အမ်ားကို လဲလှယ်လိုက်ရခြင်း၊ မောင်ကအသက်ငယ်သေး
ပေမဲ့ စဉ်းစားတတ်ပါသေးတယ်။
ပန်းရဂုံရဲ့မျိုးဆက်က ရသင့်ရထိုက်တဲ့သူဆီမှာပဲ ရတာမောင့်
ရဲ့ရိုး"
ရိုး ဘာမ်ွ ဆက်မပြောနိင်ပဲ မောင့်ကို စာနာနားလည်နေမိ၏။
မောင်စိတ်တွေ ဘယ်လောက်တောင်ဗျာများနေလိုက်မလဲ၊ချစ်
ရသူကို အထင်သေးနှိမ်ကြမည့် အသိုင်းအဝိုင်းမှာ သခွပ်ရိုး
ဆိုတဲ့နာမည်ကို မောင့်ရဲ့လက်တွဲဖော်အဖြစ် နေခိုင်းဖို့အ
တွက် မောင်စိတ်ရှုပ်နေမှာအမှန်ပင်။
မောင်သာ ဇြတ္ကို ထွက်သွားကြည့် သခင်မကြီးက ဘယ္လို
မှရိုးနဲ့ မောင့်ကိုအလွတ်ပေးမည့်မဟုတ်၊တစ်နည်းနည်းနဲ့ရ
အောင်ကိုခွဲလိမ့်မည်သာ။
"မောင့်ကို စိတ်ဆိုးလို့ရတယ် ကိုကို...မင်း ကျေနပ်တဲ့အထိ
မောင်ချော့ပါမယ်"
"ဆိုး..ဆိုးတော့ဆိုးတယ်"
"ဒါဆို မောင်ချော့ရတော့မှာပေါ့...အို အေ..အို အေအေအို"
"ဟာကြာ..ပြောင်စပ်စပ်နဲ့ ရိုးက ကလေးကျလို့"
"ခ်စ္တာကိုး...ခင်ဗျားက ကျုပ်ကို လွှတ်ချဖို့လုပ်ခဲ့တာ၊ကျုပ်
ကသာ အပိုင်ယူခဲ့မိတာ.. ပန်းရဂုံအတွက်အပြစ်တစ်ခုလိုမ
ခံစားနဲ့...အရေးကြီးတာ သမီးလေးအပြင် မောင်တို့ရင်သွေး
လေးရဖို့ပဲ"
စကားအရှည်ကြီးတွေမပြောတတ်တဲ့မောင်က စိတ်ရှည်စွာ
ရှင်းပြရင်း ရိုးပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ကြင်နာနွေးထွေး
တဲ့အကြည့်တွေဖြင့် ပြောလာလေသော်အခါ အကြည့်မလွှဲရဲ။
ရိုးမှာလည်း ရီကျဲကျဲနှင့် မောင်ချော့တာမခံရဖူးတော့ မူချင်
ချွဲချင်တဲ့ စိတ်ကြီးကို မျက်နှာပိုးအတင်းသတ်ရတယ်။ဆကိပြီး
တော့သာ အချော့ခံချင်မိတော့တယ်။သူရီ ကိုယ်ရီပေမဲ့ မောင့်
ရဲ့သွားစွယ်လေးတွေပေါ်တဲ့အထိ ရီတာလေးကိုက မြတ်နိုး
ချင်စရာ။
"ရိုး တကယ်ကလေးရနိင်ပါ့မလား"
"မောင့်အထင် အမြွှာလေးတောင်ဖြစ်ချင်ဖြစ်မှာ"
"မရလာခဲ့ရင်ကော"
"မောင်ပိုကြိုးစားမှာပေါ့"
ရိုး ပြုံးလိုက်တဲ့အပြုံးနောက်မှာ မောင်ကထပ်တူ လိုက်ပြုံး
ရင်း ရင်ခွင်ထဲပွေ့ဖက်ထားပြန်တော့ ရိုးအလိုက်သင့် ခိုလံှုမိ
ပြန်တယ်။ မောင့်ရင်ခွင်ကနွေးတယ်...မောင့်စကားတွေက
လည်းအမှန်တွေဖြစ်မယ်...ဟုတ်မည်...ရိုး ယုံတယ်မောင်။
...........
"ပြန်တော့မို့လား...မမရယ်၊ ပြောစရာစကားတွေဖြင့် မကုန်
သေး"
"ပြန်တော့မယ် မြတ်...ပြန်မှလည်းရတော့မှမို့ မဟုတ်ရင်
ဟိုမှာလည်း တို့မ
ရှိလို့မဖြစ်ကွဲ့၊ နေရာတကာလမ်းပြသွန်သင်
နေရတာ"
"ရောက်တုန်းရောက်ခိုက် တစ်လကိုးသီတင်းနေသွားပေါ့၊
ဖင်တောင်မပူသေး...ပြန်မယ်ဆိုတော့ဖြင့်"
"မရလို့ပါမြတ်ရယ်...ရဖြင့် ဒီလိုကိုငြင်းမနေတော့ဘူး၊မြတ်
တို့ကတော့ ကံကောင်းလိုက်တာ ယောကျ်ားလေးမျိုးဆက်ပါ
လို့ မမတို့မှာတော့ဖြင့်"
အနှောင့်အသွားမလွတ် သမီးဖြစ်သူ ကိုပါ မျက်လုံးဖြင့်အ
ကြည့်ပို့လိုက်သောကြောင့် ဒေါ်အိနြေစည်မှာ အပြုံးတွေပင်
ပျောက်ကွယ်ကာ ငြိမ်ကျသွားပြီး ခေါင်းကိုမဖော်ရဲလေတော့။
"မမရယ်...အမိန့်က ပန်းရဂုံရဲ့မျိုးဆက်ဖြစ်သလို မမတို့ညီမ
လေးတို့ ဆွေမျိူးတော်တွေအတွက်လည်း မျိုးဆက်ပဲမဟုတ်
လား...အတူတူပါပဲ"
"ဟုတ်တာပေါ့...အခုလိုကြားရတော့ ရင်ထဲတောင်နေသာ
သွားတယ်...ကျန်းမာရေးဂရုစိုက်နော်မြတ်...ကဲ ပြန်တော့
မယ်"
နှုတ်ဆက်ကာ စကားလက်စသတ်ပြီး ပြန်သွားတဲ့ ကြီးမေတို့
သားအမိကိုကြည့်ရင်းမှ သူ့ကိုပြုံးပြီး သိမ့်သိမ့်မွေ့မွေ့လေးနဲ့
နှုတ်ဆက်သွားတဲ့ ညီမနှစ်ဝမ်းကွဲ ဖြစ်သူကို ဒေါ်မြတ်ပန်း
တော်ဝင်မှာ စိတ်မကောင်းခြင်းများစွာနဲ့ငေးကြည့်မိဆဲ။
အိမ်ထောင်ကျပြီး ကလေးရတော့လည်းသမီးလေးသာမွေး
ကာအဖတ်မတင်ခဲ့တာမို့ မျက်နှာငယ်ဖြစ်ကာ ဘာမျှခွန့်တုန့်
မပြန်ရဲ။ သူမ စိတ်ထဲ မည်သိူ့မြို့သိပ့်ခံစားရမည်ကို ကိုယ်
ချင်းစာပေးလို့ရလေသည်။
ပန်းရဂုံရဲ့ ကျိန်စာရယ် အမြန်လွတ်မြောက်ပါတော့။
.............
"ဒေါက်! ဒေါက်!"
"ဘယ္သူလဲ"
"မမလေးတိမ်လွှာ...သီတာပါ"
"ဝင်ခဲ့"
အခန်းထဲဝင်လိုက်သည်နှင့် အဝတ်ဗီရိုထဲကအဝတ်တွေကို
အထပ်လိုက်တွေ ဟိုပုံထား...ဒီပုံထားနှင့် ကုတင်ပေါ်လည်း
အဝတ်တွေဖွထားသလို ကြမ်းပြင်မှာလည်းဖရိုဖရဲနှင့် အဲ့ကြား
ထဲ မှန်တင်ခုံပေါ်က အလှပြင်ပစ္စည်းများမှာလည်း လဲပြိုလို့။
"မမလေးတိမ်လွှာ...ဒါတွေက"
"နင်မမြင်ဘူးလား...ငါကမကြာခင် အမိန့်ရဲ့ကိုယ်ဝန်လွယ်
ရတော့မှာလေ...ပန်းရဂုံရဲ့ယောကျ်ားလေးမျိုးဆက်ကိုမွေးရ
တော့မယ်ဆိုတော့ အခုတည်းက ငါအဝတ်အချို့ကိုဖယ်
ထုတ်နေတာ...ငါ့သားလေးရဲ့အကျီတွေထားဖို့ပေါ့"
"သြော်...ဟုတ်မမလေး"
"နေနေ..အဲ့ဒါတွေမထိနဲ့ ကလေးအတွက်ဘေးထွက်ဆိုးကျိုး
တွေပါမှာစိုးလို့ အလှပြင်ပစ္စည်းတွေရွေးထားတာ...အမိန့်ရဲ့
ကလေးကိုလွယ်ရမှာဆိုတော့ ဒါလေးတွေကလုပ်ထားရမယိ
လေ"
"ဟုတ်ကဲ့...ညနေစာစားလို့ရပြီဆိုတာ လာပြောတာပါ"
"ဟင်း...မမြင်ချင်တဲ့မျက်နှာကိုမြင်ရဦးမယ်..စိတ်ဆင်းရဲပါ
တယ်..ဘယ်ဘဝကဝဋ်ကြွေးမှန်းမသိဘူး"
ဆူပုတ်ပြီး အလိုမကျတဲ့ပုံစံဖြင့် အိမ်အောက်ထပ်ကိုဆင်းလာ
တဲ့ တိမ်လွှာက ထမင်းစားခန်းထဲအရောက်မှာတော့ ပြုံးလို့
ပျော်လို့ ဖြူစင်သူလေး။
"Sorry...နောက်ကျသွားတယ်"
"ရပါတယ်သားရယ်...မေမေတို့လည်း အခုမှစားဖို့ပြင်နေတာ
ပါ...ရိုး...လာလေ"
အရင်အချိန်လိုမဟုတ်တာမို့ ရိုးအနေအထိုင်ရသိပ်ခက်နေ
သည်။ဒီထမင်းစားဝိုင်းမှာလည်း ဟင်းတွေက ငါး၊ကြက်၊ဝက်၊
အမဲ ဟင်းတွေကသိပ်စုံသလို အရွက်ကြော်သတ်သတ်လွတ်
နှင့် ဟင်းချိုကလည်းအရန်သင့်ပါလေ၏။ ထမင်းအဖြူထည်
ပန်းကန်ကိုကြည့်ကာ ချထားတဲ့ဇွန်းနဲ့ခက်ရင်းကို မတို့မထိ
ရဲ။
"ဘြားကို...ရိုး ဦးဦးဖျားဖျားဟင်းထည့်ပေးပါရစေ..ပြီးတော့
မေမေကိုကော"
ရိုး ကြက်သားပန်းကန်ကိုယူကာ အတုံးကြီးကြီးခပ်ပြီး ထည့်
ပေးမယ်ဟန်စဉ်...။
"နေပါစေ...ကိုယ့်ဘာသာစား"
ခပ်တည်တည်မျက်နှာထားနဲ့ပြောလိုက်တဲ့ သခင်မကြီးကြောင့်
ရိုးရှက်ကိုးရှက်ကန်းဖြစ်မိသွားကာ ဖယ်ကျဉ်ခံလိုက်ရတာမို့
အားငယ်သွားမိသလိုပင်။
"တိမ်လွှာ ထည့်ပေးမယ်နော်..ဘြားက ငါးသလောက်ပေါင်း
ကြိုက်တယ်မလား...အရိုးလေးကိုနူးအိလို့ ကြက်သွန်အကြီး
ကြီးတွေနဲ့မွှေးနေတာပဲ...ဘွားစားနော်"
"ကျေးဇူးပါပဲ တိမ်လွှာလေးရယ်"
"ခင်ဗျားလည်း ကိုယ့်လင်ကျမထည့်ပေးပဲ အပိုတွေအရမ်း
လုပ်တယ်...ခင်ဗျားကအကြောတတ်စာတွေမှမထည့်ပေးတာ
ဘယ်ကြိုက်မလဲ...လာ..သွားမယ်"
"ထမင်းစားနေတာမလား...အမိန့်"
"အပြင်မှာပဲစားတော့မယ်...ဘွားရဲ့ပေးထားတဲ့ကတိတွေထဲ
ကျုပ်ယောကျ်ားကို ဖယ်ကျဉ်မထားပါဘူးဆိုတဲ့စကားတွေကို
မေ့နေတဲ့ပုံပဲ...ပြန်သတိရလိုက်ပါဦး...နောက်ခါထပ်မြင်မယ်
ဆိုရင် ပန်းရဂုံရဲ့မျိုးဆက်စာရင်းထဲ မင်းအမိန့်စည်းကို ဖယ်
ထုတ်လိုက်တော့"
လက္ဆြဲကာထြကိသြားတဲ့ အမိန့်တို့ကိုကြည့်ကာ သက်ပြင်းချ
မိသြားသလို တွေတွေကြီး ထမင်းကိုသာဟန်မပျက်ပဲ ဆက်
စားနေတဲ့ မေမေ့ကို ဒေါ်မြတ်ပန်းတော်ဝင်မှာ အံ့သြမိသည်။
ဒီမြေးနဲ့ဒီအဘွား လိုက်ကိုလိုက်လွန်းတယ်။
"တတ်"
"ဟင်...ဆိုင်ကယ်ကြီးနဲ့လား"
"လား ရဲ့စကားလုံးကြီးကိုပြန်ပြင်ပါဦး...ဒီဆိုင်ကယ်ကကျုပ်
ရဲ့အချစ်တော်...ကျုပ်ရဲ့ဆိုင်ကယ်ထိုင်ခုံနောက်မှာလည်း
ခင်ဗျားအရင်ဆုံးစီးရတာ "
"ဟုတ်ပါပြီ...ဂုဏ်ယူမိပါတယ်"
"အဟင်း...ရွဲ့တာ"
"မရွဲ့ပါဘူး....အတည်...အတည်"
ဆိုင်ကယ်ဦးထုတ်ကို မောင်ကကိုယ်တိုင်သေချာဝတ်ပေးကာ
စနစ်တကျနဲ့ကို လုပ်ပေးနေလေရဲ့။
"ကျုပ်ခါးကိုသေချာဖက်ထား...ခင်ဗျား လေနဲ့လွင့်သွားမှာစိုး
လို့"
"မောင်က ကြမ်းလို့လားဟင်"
"ကျုပ်ကြမ်းတာ ခင်ဗျားသိပါတယ်"
"အဲ့...အဲ့ဒါက..အမေလး"
ဆ်ိုင်ကယ်နောက်ခုံပေါ်ချီတင်လိုက်ပြီးနောက် မောင်ကသူ့
ကျောပြင်နဲ့ရိုးရဲ့မျက်နှာအပ်နေအောင် လက်နှစ်ဖက်ကိုခါး
ထက္ဆြဲယူကာ ယှက်၍ဖက်ထားစေ၏။
လွှတ်လို့မရအောင်ကို လက်တစ်ဖက်နှင့်ဆိုင်ကယ်ကိုထိန်း
မောင်းရင်း က်န္လက္တစ္ဖက္ကို ခါးပေါ်၌ဖက်တွယ်ထားတဲ့
ရိုးရဲ့လက်အစုံပေါ် ဖိကပ်ကာဆုပ်ကိုင်ထားလေသည်။
အရှိန်နဲ့မောင်းနှင်သွားတဲ့ ဆိုင်ကယ်က လေအဟုန်ကိုခပ်
ပြင်းပြင်းထိုးခွဲလေတော့ ရိုးရဲ့ဆံနွယ်စတွေ ချည်နှောင်ထား
ပါရဲ့ တစ်လူးလူးတစ်လွင့်လွင့်။
သို့ပေမဲ့ မောင့်ကျောပြင်ကြီးက တံတိုင်းပမာနွေးထွေးမူသိပိ
ပေးလေသည်။ မောင်ဆိုင်ကယ်စီးတဲ့ စတိုင်လေးကမိမိုက်
လွန်းလို့ ရိုးထပ်မံ၍ကြွေဆင်းခဲ့ရသည်မှာ ပုံပြင်မဟုတ်ခဲ့။
ရိုး မောင့်ကိုပိုချစ်မိပြီကွယ်။
✨✨✨✨✨✨
upပေးလိုက်ပြီနော်..