Chapter...38

11.5K 645 47
                                    

"သမီးကြီး...မြေးမိန့်တို့ အဆင်ပြေတယ်တဲ့လား"

မနက်စောစော ကော်ဖီပူပူတစ်ခွက်ကို အေးဆေးတည်ငြိမ်စွာ
တစ်လုပ်သောက်လိုက်ရင်းမှ မေးလာသည့် သခင်မကြီး။

ကုလားထိုင်ပေါ်မှာ ခပ်လျော့လျော့အနေအထားနှင့်ထိုင်ကာ
အောက်ပိုင်းဘက်ခြေထောက်အထိ ပိုးပဝါအညိုရောင်စ
လေးနှင့်ဖုံးအုပ်ထားပါ၏။

မိုးမလင်းတလင်းတည်းက မိုးဖွဲဖွဲ့လေးတွေရွာနေတာမို့
အသက်ကြီးနေပြီဖြစ်တဲ့ သခင်မကြီးကို အစစအရာရာဂရု
စိုက်ပြုစုကြသည်။

"ညီမလေးတော်ဝင် ပြောတာတော့ အဆင်ပြေတယ်ပြော
တယ်မေမေ...ဒါနဲ့ မေမေသမီးကိုဘာများပြောစရာရှိလို့လဲ"

"တိမ်လွှာတို့ကို သေချာဂရုစိုက်သမီး...ဒီတစ်ခါဘာကိစ္စနဲ့မှ
အလွဲလွဲအချော်ချော်မဖြစ်ချင်ဘူး"

"စိတ်ချပါမေမေ...အကြားအမြင်ရဆရာမကြီးကလည်း ဒီတစ်ကြိမ်က ကျိန်စာဆိုးကြီးပါပျက်ပြယ်သွားမယ်လို့ပြော
ထားတယ်မလား၊အရေးကြီးတာက မေမေကျန်းမာရေးပဲ..
မေမေကျန်းမာရေးကောင်းပြီးနေကောင်းကျန်းမာမှ မေမေမြင်
ချင်တွေ့ချင်တဲ့ မြစ်ယောက်ျားလေးကိုတွေ့ရမယ်မဟုတ်လား
ဒီတစ်ခါ ပန်းရုံတို့ကံကောင်းမှာပါမေမေရယ်"

"မေမေတို့ရဲ့ ကြိုးစားမူရလဒ်အသီးအပွင့်က တိမ်လွှာဆီမှာ
ပဲ...ပန်းရဂုံက အသက်သွေးကြောက တိမ်လွှာရဲ့လက်ထဲမှာ
ကျိန်းသေလောက်တယ်မလားသမီးကြီး"

မေမေက ခံရပါများတဲ့သူပီပီ စိုးရိမ်ကြောင့်ကြနေတဲ့ညိုးငယ်
နွမ်းနယ်တဲ့မျက်ဝန်းတွေနှင့် သက်ပြင်းခပ်ရဲ့ရဲ့ကို ကြားဖြစ်
အောင်ကြားလိုက်ပါသေး၏။

မေမေက ထိုပုံစံအတိုင်းဆို အမိန့်စည်းရဲ့နောက်ထပ် မျိုးဆက်မရမချင်း အသေပင်ဖြောင့်ပါမလားမပြောတတ်၊ကျန်းမာရေးဂရုစိုက်သလို စိတ်ကိုခဲ အံ့ကိုတင်း၍ ခေါင်းမာ
ကာမာနနဲ့ခံစားသက်ဝင်မူအားကောင်းနေတဲ့ မိန်းမတစ်
ယောက်မို့ မေမေဟာ လေပြင်းပြင်းနဲ့တိုက်ခတ်ရင်တောင်
ပြိုလဲကျမသွားမဲ့ သစ်ငုတ်တိုကြီးအလား။

"ကျိန်းသေပါတယ်မေမေရယ်...မမှားနိင်ပါဘူး၊ တိမ်လွှာကို
ဟိုးငယ်ငယ်တည်းက စောင့်ရှောက်လာခဲ့တာ၊ မွေးနေ့ဆို
လည်းနှစ်တိုင်း သမီးပဲဦးစီးပြီးလုပ်ပေးခဲ့တာမလား"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now