တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့ သူခိုးကြီးည ကျ
ရောက်မည့်နေ့တနေ့ပင်ဖြစ်လေ၏။"မဟုတ်သေးပါဘူး...ကိုကြီးရိုးရယ်"
ခေါင်းတွင်တွင်ခါ၍ ယုံကြည်ဖို့ခက်ခဲစွာနှင့် ဖိုးကံကောင်းမှာ
ငြင်းဆန်နေလေပါ၏။ အဘယ်သို့မှမဖြစ်နိင်တာကြီး...ဟင့်အင်း သူ့အနေနဲ့ယုံနိင်ဖို့ဆိုတာ ဝေခွဲမရဖြစ်နေတဲ့အခြေ
အနေတစ်ခုမှာကျရောက်နေသလိုပင်...သို့ပေမဲ့ ထိုလူကြီး
ကို သဘောကျမိသလိုဖြစ်မိတာတော့သူမငြင်းချင်ပေ။"ဘာလို့မဖြစ်နိင်ဘူးလို့တွေးရတာလဲ...ငြင်းဆန်နေရတဲ့အ
ကြောင်းကကော...သေချာစဉ်းစားပါဦး""သူကိုမယုံတာထက် ကိုယ့်ကိုကိုမယုံနိင်သေးတာ..ကျွန်
တော်ကဘယ်လိုအခြေအနေမျိုးရှိတာသိရက် လက်ခံတယ်
ဆိုတော့""မောင့်သူငယ်ချင်းက ညီအပေါ် တကယ်ချစ်တယ်လို့ ကိုကြီး
ရိုးတော့ ခံစားမိတယ်...နိင်ငံခြားလူမျိုးဖြစ်နေလို့ လက်ခံဖို့
ခဲယဉ်းနေတာလား...ဒါဆိုရင်""မ..မဟုတ်ဘူး"
အိမ်တွင်အမေနဲ့အကိုတို့ရှိနေပေမဲ့ ကိုကြီးရိုးကို စိတ်ချယုံ
ကြည်တာကြောင့် အခန်းထဲ ဖိုးကံကောင်းနဲ့စကားပြောနေ
တာကိုပင် သာမာန်ရိုးရိုးသားသားပဲဟုထင်တာမို့ လွှတ်ထား
ခြင်းပင်။တကယ်တော့ ရိုးသားတာထက်ပိုလွန်စွာ လီယွန်က သူခိုးကြီး
ညကျ လာခိုးမည်ဟု သတင်းပါးလိုက်တာခြင်းပင်။ ခက်သည်
က ဖိုးကံကောင်းလေးက သူရဲ့အမှန်တရားဖြစ်တဲ့ ဒ္ဓီလိင်ဖြစ်
သူဆိုတာသိပေမဲ့ လက်ခံပြီးချစ်ရုံမျှမက ဒီညလာခိုးမည်ဟု
ဆိုင်းမဆင့်ဗုံမဆင့်ကြီးပြောနေလေတော့ နားလည်ဖို့ခဲယဉ်း
မည်ဆိုတာ နားလည်ပါ၏။သူ့မှာလည်း လီယွန်ကို သဘောကျရင်ခုန်မိပေမဲ့ သူရဲ့ဖြစ်
တည်မူကိုမုန်းသွားလေမလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမူနဲ့
အကိုနှစ်ယောက်ရဲ့ ရန်မီးကြောင့်သာ မချစ်မနှစ်သက်ပါဘူး
ဟု အမုန်းစကားတွေမပြောချင်ပါနဲ့ မျက်စီစုံမှတ်၍တင်းခဲ့ကာ
ပြောရခြင်းပင်။
YOU ARE READING
မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)
Romanceအမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခွင့်ပြုချက်မရပဲ ငါ့အနားကထွက်ခွာခွင့်မပြုနိင်ဘူး အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ မင်းကိုငါပိုင်တယ်။ BL