မင်းအွန်လိုင်းဖြစ်မယ့်အချိန်က...
By XiaoManTou96
168K 29.2K 929
Associated Names WFYO 就等你上线了 Author(s) Xi He Qing Ling 羲和清零 Year 2016 Status in COO 155 Chapters + 6 Side... More
Description
001:ရှောင်ရှန်း(နတ်သမီးလေး)
002:နှလုံးသားမဲ့မီး
003:ဟိုနားဒီနားလိုက်ပြမယ်
004:ပထမအဆင့်ဆရာကြီး
005:ပန်းယီယီ
006:စကားပြောကြရအောင်
007: သူမ မင်းကိုမမြင်နိုင်ဘူး
008:စုံတွဲ တာဝန်များ
009: ထွက်ပြေးရန်
010: အိပ်မပျော်သောည
011: အတင်းအဖျင်း ပို့စ်
012: ပိတ်ရက်အပြင်လျှောက်လည်မယ်
013: အသံတွေက ဆင်တူနေတယ်
014:ဘယ်သူက ဘယ်သူ့ကို တိုက်ခိုက်တာလဲ
015:ငါ့မိန်းမရောက်လာပြီ
016:မင်းကို အဆင့်မြှင့်ဖို့ခေါ်သွားမယ်
017: အပြန်အလှန် အကျိုးရှိတာပဲလေ
018: ငါ့ကို ယောကျ်ားလို့ခေါ်
019:စပါးပိုး အလုပ်အကိုင်
020:Online-Offline
021:ဖျားနေပြီ
022: အပြင်ထွက်စားမယ်
023:လုံးဝကိုမူးနေပြီ
024:မင်းမအေးဘူးလား?
025:Demonic Dungeonထဲဝင်မယ် 1
026:Demonic Dungeon ထဲဝင်မယ် 2
027:Demonic Dungeonထဲဝင်မယ် 3
028:ယောကျာ်း ကောင်းသောညပါ
029: လက်ရေးက လူကို ရောင်ပြန်ဟပ်စေတယ်
030: ကြည့်ကောင်းတဲ့ခန္ဓာကိုယ်အနေအထား
031:တင်းနစ်ကစားနည်းသင်ပေးမယ်
032: အင်တာဗျူးအစီအစဉ်
033:ဟိုလိုဂရပ်ဖစ် ဦးထုပ်
034: ကနဉီးချိန်ညှိခြင်း
035:မင်းမိန်းမက ယောကျ်ားလေး
036: ဉီးထုပ် ကို ထိန်းချုပ်လို့မရတော့ဘူး
037: ဖာရက် တစ်ကောင်ဖြစ်သွားပြီ
038: နဂါးကို ဆင့်ခေါ်မယ်
039:သဘာဝသားရိုင်း
040:ဟိုလိုဂရပ်ဖစ်ရဲ့ ပထမဆုံးသတ်ဖြတ်ခြင်း
041:ရှီးရှစ်ရဲ့လက်ကိုင်ပုဝါ
042: အလုအယက်ဝယ်ကုန်ကြပြီ
043:အိမ်ဆောက်မယ်
044: ညလယ်မှာ ပြေးကြမယ်
045:ရှုံးတာကို ဝန်မခံနဲ့
046: လျှို့ဝှက်ဆန်းကြယ်အရည်အချင်းများ
047:ထန်ဟူလူ
048: ပုန်းကွယ်နေတဲ့ လိင်တူတိမ်းညွှတ်သူ
049:နှင်းဆီပန်းတွေပို့မယ်
050: ဆက်ဆံပုံက လုံးဝ တူမနေဘူး
051:နှင်းဆီပန်းများ ပြန်ပေါ်လာခြင်း
052: လင်နှင့်မယားတာဝန်များ
053: ပြောင်းပြန်အမှန်တရားနဲ့ လိမ်ညာမှု
054: ငွေရေးကြေးရေးအရ အမှီခိုကင်းချင်တယ်
055:ဝါးတောထဲကအခွင့်ရေးသမား
056:ပြေးရအောင်
057:ငါကမင်းထက်အသက်ကြီးတယ်
058: ထိပ်ပြောင်မယ်သတိထားနော်
059:ပိုကြီးတဲ့နံပါတ်ကိုပြောမယ်
060:သူ့ကိုလျှော့စျေးပေးပေးနော်
061: ဒိတ်လုပ်နေသလိုမျိုးပဲ
062:ဆယ်ပုံတစ်ပုံ
063:ဆံပင်အဖြူရောင်နဲ့အမျိုးသမီး
064:လက်ထပ်ပွဲသတင်း
065:Treasure Hunt Dungeon
066: ကလဲ့စားချေခြင်းနှင့် အာဃာတဖယ်ရှားခြင်း
067:ငါကယောကျ်ားလေး
068: အချိန်မရှိသေးဘူး
069:အိမ်စနစ်
070:တင်းနစ်ပြိုင်ပွဲ
071:လက်မောင်းဒဏ်ရာရသွားပြီ
072:ငါသဘောကျနေတဲ့လူ
073: စွမ်းရည်ဆိုင်ရာစာအုပ်
074:မင်းတစ်ယောက်ထည်းပါပဲ
075:မဝင်လာနဲ့
076:ဖက်ထုပ်အကြီးကြီးလိုပဲ
077:Devil Baby
078:အဖွဲ့နာမည်
079:ညီကိုမောင်နှမ
080:ငါအိမ်ပြန်ပြီ
081:ဟဲကျင့်ရဲ့အမေ
082: Fairy Pet ပြိုင်ပွဲ စာရင်း
083:နှစ်သစ်ကိုအဖွားအိမ်မှာကုန်ဆုံးမယ်
084:ချစ်စကားများ
085:မိသွားပြီ
086:ဦးထုပ်ကိုပစ်ပေါက်လိုက်တယ်
087:အိမ်ကထွက်လာပြီ
088:ငါ့အပေါ်အရမ်းကောင်းမပေးပါနဲ့
089:သူကမင်းနဲ့အတူရှိချင်နေတာ
090: ငါကတော်တယ်နော် ဟုတ်တယ်မလား?
091:ချွတ်စွပ်နီးပါးတူနေတဲ့အသံ
092:Fan ကောင်းမူအကြောင်းပြု၍
093:ကောင်းကင်တိုက်ပွဲ
094:ငါသူ့ကိုသဘောကျတယ်
095:ငါမင်းကိုပြောခဲ့တယ်မဟုတ်ဘူးလား
096:Offline Message
097:ကောင်းကောင်းအနားယူလိုက်ဉီး
098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!
099:မင်းရွေးလိုက်ငါမင်းအတွက်ဆိုပေးမယ်
100:လွတ်မြောက်ရန်မရှိ
101:ငါကမီးပါ
102:ငါ့ကိုခွင့်လွှတ်မှာလား
103:Hazelnut Latte
104:မင်း ဒေါသထွက်နေရင်ဒီလိုလေးပဲလေ
105:အရမ်းတွေသိလွန်းနေတယ်
106: ဒါကငယ်သေးတာပဲလေ
107:အသင်းကိုမိတ်ဆက်ခြင်း
108:နဂါးအသင်း
109:သူခုန်ချသွားပြီဟ
110:ကောင်းလိုက်တဲ့ပွဲပဲ
111:ဝက်နံရိုးချိုချဉ်
112:ငါ့ရဲ့ဧကရာဇ်အသင်း
114:Final တက်သွားပြီ
115:ငါနဲ့ဝေးဝေးနေပေး
116:Final ပွဲစတင်လေပြီ
117:ခွေးနတ်ဆိုးနဲ့ battle
118:အနိုင်ရသွားတဲ့ဖာရက်လေး
119:သေခါနီးတောင်သိချင်နေတုန်းပဲ
120:အပြင်းအထန်
121:သိပ္ပံနည်းကိုမကျနေဘူး
122:အနိုင်ရရှိသွားတဲ့အသင်း
123:အားကျင့်ကယောင်္ကျားလေးပါ
124:တွဲကြရအောင်
125: ဒီည ဒီမှာအိပ်ကြရအောင်
126:တစ်ယောက်ကို ယွမ် 400,000 ရတယ်
127:Snowtownကိုခေါ်သွားမယ်
128:နှင်းထဲမှာစာရေးကြရအောင်
129: ငါမင်းကိုတကယ်ကြီးသဘောကျတယ်
130: ငါ့နှလုံးသားကို သူပိုင်တယ်
131:အပြင်မှာပြောင်းနေမယ်
132:အိမ်ပြောင်းခြင်းအတွက်ဂုဏ်ပြုပါတယ်။
133:မိန်းမကိုအရမ်းကြွားချင်နေတဲ့အရူးကောင်ပဲ
134:တရုတ်ချစ်သူများနေ့
135:မင်းအဖေရောက်နေတယ်
136:မင်းအမေ နေမကောင်းဘူး
137: အနာဂတ်ကမှောင်မိုက်သွားပြီ
138:ဘေဘီဖတ်ထုပ်လေး
139:ချင်ယွီ တောင်းပန်ပါတယ်
140:သူကကျွန်တော့်အပေါ်အရမ်းကောင်းတယ်
141:ငါအဲ့လူကိုမမေ့နိုင်သေးဘူး
142:နေရာတိုင်းမှာအမာရွတ်တွေချည်းပဲ
143:ငါပြန်လာတဲ့အထိစောင့်နေလိုက်
144:ပျော်ရွှင်ဖို့မထိုက်တန်ပါဘူး
145:လျှို့ဝှက်ချက်
146:ချင်ယွီလား?
147:တကယ်ကြီးကောင်မလေးမရှိဘူးလား
148:အဲ့ဒါကိုထပ်ပြောလိုက်!
149:တသက်လုံးစောင့်နေမယ်
150:ငါ ရှိတယ်
151:စက်ရုပ်ကလေး
152:တယောက်တော့ ပါလာပြီကွ!
153:နှလုံးသားလေးတစ်ခုလုံးနူးညံ့သွားရပြီ
154:ပိုင်ဆိုင်လိုစိတ်ကြီးပြီးခေါင်းမာတဲ့သူ
155:မင်းနဲ့အတူတစ်သက်လုံးထာဝရ
156: အချပ်ပို ၁
157: အချပ်ပို ၂
158:အချပ်ပို ၃
159: အချပ်ပို ၄
160: အချပ်ပို ၅
161: အချပ်ပို ၆
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ
113: ဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ
781 160 3
By XiaoManTou96
Unicode
သခင်တွေထွက်လာတဲ့အချိန်မှာတော့ ပရိသတ်က တစ်ခုခုကိုရိပ်မိသွားပြန်တယ်။ လူအချို့ကနှစ်တစ် ထောင်ဧကရီရဲ့ အထောက်အထားအစစ်အမှန်ကို တစ်ပြိုင်နက် စစ်ဆေးခဲ့ကြတော့သည်။
"Demon God" ရဲ့ ဟိုလိုဂရမ် ဗားရှင်းထွက်လာတဲ့အချိန်မှာတရားဝင်အဖွဲ့အစည်းသည် ကစားသမားများအား သူတို့၏အမည်များကိုပြောင်းလဲခွင့် အခမဲ့ပေးခဲ့ပြီး အများစုမှာ ၎င်းတို့၏အသွင်အပြင်နှင့် နာမည်များကို ပြောင်းလဲခဲ့ကြသည်။ ဤ "နှစ်တစ်ထောင်ဧကရီ" သည် မူလက နတ်ဘုရားအဆင့် ကစားသမားများထဲတွင် 15 ယောက်မြောက် ကစားသမားဖြစ်ပြီး သူမသည် တစ်ချိန်က ရေသေရဲ့ တပည့် မြက်ခင်းပြင် ဟူ၍ဖြစ်ခဲ့လေသည်။
ဂိမ်းထဲတွင် ကစားသမားများစွာသည် အီစီကလီ ဆက်ဆံရေးရှိနေတတ်သည်။ "ရေသေ" နှင့် "မြက်ခင်းပြင်" ဟူသော သင်္ကေတများက သူတို့သည် စုံတွဲတစ်တွဲလိုဖြစ်နေခဲ့ပြီး သူတို့ ၏ဆက်ဆံရေးသည် အတင်းအဖျင်းများစွာကို ဆွဲဆောင်ခဲ့သည်။ သူတို့ စကားစမြည်ပြောခဲ့ကြတုန်းကလိုပဲ မျက်ခင်းပြင် က ဂိမ်းထဲကခဏထွက်ခွာသွားပြီး ဟိုလိုဂရမ် ဗားရှင်းထွက်တဲ့အချိန်တွင်ပြန်လာခဲ့ခြင်းပင်။
သူမနှင့်ရေသေ အကြား ဖြစ်ပျက်ခဲ့သမျှကို မည်သူမှ သေချာမသိခဲ့သလို မည်သူမျှလည်းဂရုမစိုက်ပေ။ ပြီး​တော့... အခု​တော့ တိုက်ပွဲ​က​စ​လာ​ပြီ!
ရှောင်လန်: "ဒါကမထင်မဲ့ဘဲ ဆရာနဲ့ တပည့်ကြားကတိုက်ပွဲဖြစ်သွားခဲ့တာပဲ!ဒါဆို ဒါကကြည့်ရတာတော်တော်တန်သွားပြီး ပြီးတော့ တပည့်ရဲ့ spirit pet က ဆရာ့ရဲ့ spirit pet ကိုတောင် သတ်မိတော့မလိုနော် ဆရာက အခုဘာဆက်လုပ်မှာလဲ?"
ဟွမ်ဟွမ်:"စကားမစပ် ရေသေရဲ့ အဆင့်က နှစ်တစ်ထောင်ဧကရီထက်မြင့်နေပေမယ့်လည်း သူ့ role က နှစ်တစ်ထောင် ဧကရီလောက် အကျိုးကျေးဇူးများတဲ့ဟာမဟုတ်ဘူးနော် ဘာလို့ဆို နှစ်တစ်ထောင် ဧကရီက ကုသသူ role လေ!
ရှောင်လန်: "ဟုတ်ပါတယ် နှစ်တစ်ထောင် ဧကရီက သွေးပြန်ဖြည့် စကေးကို သုံးလိုက်တာ ပါးသွေးနီရဲ့ သွေးက 50% ကိုပြန် ခုန်တက်သွားပါပြီ"
ဟွမ်ဟွမ်: "တစ်ချိန်ထည်းမှာပဲ ရေသေကလည်း သွေး 17 % ပဲ ရှိတော့တဲ့ ရှူကျီးကျာ့လန်ကို ပြန်ခေါ် စကေးသုံးပြီးတော့ သူ့အနားကိုပြန်ခေါ်လိုက်ပါပြီ."
ပြန်ခေါ် စကေး သည် pet တွေကို မွေးမြူထားသည့် သခင်တိုင်းမှာရှိသည့် တမူထူးသည့် စွမ်းရည် တစ်မျိုးဖြစ်သည်။ သခင်သည် ပြန်ခေါ် စကေးကို စတင်လိုက်သည်နှင့် ထိုအချိန်တွင် pet သည် သူဘာလုပ်နေသည်ဖြစ်စေ သူ၏သခင်ထံ ချက်ချင်းပြန်လာမည်ဖြစ်သည်။ ဤစကေးသည် စုံတွဲများ၏ "အရိပ်" စကေး နှင့် ဆင်တူသည်။ပထမစကေးကတော့ တစ်ယောက်ထဲကသာ အသုံးပြုလို့ရတာဖြစ်သော်လည်း ဒုတိယတစ်ခုကတော့ ကစားသမားနှစ်ယောက်လုံးအသုံးပြုလို့ရလေသည်။ဒီစကေးတွေကတော့ 5 မိနစ်တစ်ခါ သုံးလို့ရတာတော့တူလေ၏။
ချင်ယွီသည်လည်း ပြန်ခေါ်စကေးကိုသိလေသည် ဒါပေမယ့် သူကတော့ ဟဲကျင့်နဲ့ ရှိနေချိန်တဆို ရင်းနှီးမူ စကေးကိုသုံးရတာ ပိုနှစ်သက်လေရဲ့။တစ်ခုတည်းသော ခြားနားချက်မှာ spirit pet ကမိမိမြင်ကွင်းတွင် ရှိနေပြီးတော့ တိုက်ခိုက်နေတဲ့အနေအထားမှာမရှိနေမှသာ သုံးလို့ရခြင်းပင်။
ပါးသွေးနီနဲ့ သူ့ရဲ့တိုက်ပွဲကို ရပ်တန့်ခံလိုက်ရတဲ့ ရှူကျီးကျာ့လန်ကတော့ ကစားလို့မဝသေးတဲ့ ကလေးလေးလိုမျိုး ဝမ်းနည်းစွာဖြင့် သူ့ ခြေဖဝါးကိုဆောင့်နေလေသည်။
ရေသေသည် ပန်ဒါရဲ့ခေါင်းကိုပုတ်ကာဖြင့် တီးတိုးဆိုလာလေသည်။
"ခဏနေကျရင် ရေထဲခုန်ချလိုက်"
ဟွမ်ဟွမ်:" အခုအနေအထားအရတော့ ရေသေနဲ့ ရှူကျီးကျာ့လန်အတွက်အကျိုးမများနေပါဘူး ကျွန်တော်တော့ ကူသသူအတွက်လို့ထင်ပါတယ် Mage တွေက လွယ်ကူတဲ့ ပစ်မှတ်တော့မဟုတ်နေခဲ့ပါဘူး"
ရှောင်လန်: "ကျွန်တော်သိသလောက်တော့ ရေသေက spellအပြင် တိုက်ပွဲနည်းဗျူဟာမှာလည်းကျွမ်းကျင်သလားလို့နော်"
ဟွမ်ဟွမ်: "ရှူကျီးကျာ့လန်ကရုတ်တရက် ကျွန်းအစွန်းဘက်ကို ပြေးသွားပြီး ရေထဲကို ခုန်ချလိုက် ပါပြီ!"
"Demon God" တွင် spirit pet အများစုသည် မပျံသန်းနိုင်သော်လည်း ၎င်းတို့သည် အစထဲကရှိခဲ့သော ကျွမ်းကျင်မှုဖြစ်သည့် ရေကူးနည်းကို သိရှိကြသည်။ ကုန်းမြေပေါ်တွင် နေထိုင်သော လူသား သို့မဟုတ် spirit pet  ဖြစ်ပါက ရေထဲသို့ ခုန်ချပြီးနောက် သူတို့သည်ရေနစ်သေဆုံးမည်မဟုတ်ချေ။
comment box  - "သေစမ်း ငါသေလောက်အောင် ကြောက်သွားတာဟေး သူထပ်ပြီးသတ်သေတော့မယ်လို့ငါထင်သွားတာ!"
ဟွမ်ဟွမ်: "ရေသေက သူ့ရဲ့ယပ်တောင်ကိုကိုင်ပြီး လေထဲပျံတက်သွားပါပြီ!"
ရှောင်လန်:"သူက နှစ်တစ်ထောင်ဧကရီကိုလေထဲမှာတိုက်ဖို့ကြံနေတာလား?နှစ်တစ်ထောင်ဧကရီလည်းပျံတက်ခဲ့ပါပြီ"
ဟွမ်ဟွမ်:"ရေသေ က ကျွန်းပေါ်မှာ ဒီရေဗုံးတွေအားလုံးကို ဘယ်တုန်းက ပြင်ဆင်ထားခဲ့တာလဲ?... အိုး သူ အခု လျှပ်စီးကြောင်း spellကို စတင်နေပြီ!"
ရှောင်လန်: "ပါးသွေးနီကပုန်းလို့မရခဲ့ပါဘူး သူမကအခုဆို 7 စက္ကန့်လောက် အပစ်ခံလိုက်ရပြီး သွေးက 17% အထိကျဆင်းသွားခဲ့ပါတယ်!"
ဟွမ်ဟွမ်: "နှစ်တစ်ထောင်ဧကရီက ပါးသွေးနီကို ကုသပေးနေပါပြီ... ကုသရေးစကေး ပြတ်တောက် သွားပါပြီ နှစ်တစ်ထောင်ဧကရီက ချက်ချင်းကုသပေးတဲ့ စကေးကိုအသုံးပြုခဲ့ပြီး ပါးသွေးနီကို သွေး 19% အထိပြန်တက်လာစေခဲ့ပါတယ်။ဒီလိုဆိုမကြာခင်မှာပဲ ပါးသွေးနီက ရှူကျီးကျာ့လန်နဲ့သွေးအတူတူလောက်ဖြစ်တော့မှာပါ။"
ရှောင်လန်:"ရေသေရဲ့ spell က ရှူကျီးကျာ့လန်နဲ့ ပါးသွေးနီရဲ့ အနေအထားကို သက်ရောက်စေရုံသာမကပဲ နှစ်တစ်ထောင်ဧကရီကိုလည်းမောပန်းစေခဲ့ပါတယ်ဗျာ"
comment box — "အာ အာ ! ရေသေက အရမ်းကြည့်ကောင်းတာပဲ!"
"အခုလေးတင် ရေသေက ရှူကျီးကျာ့လန်ရဲ့ခေါင်းကိုပုတ်လိုက်တာလေသူအလိုလိုက်နေတာလို့ ငါတစ်ယောက်ထည်းခံစားလိုက်ရတော့ မဟုတ်ဘူးမလား?"
"မဟုတ်ဘူး မင်းတစ်ယောက်ထည်းမဟုတ်ဘူးဟေး! ငါတော့ ရေသေက ရှူကျီးကျာ့လန်အတွက်လက်စားပြန်ချေပေးနေတယ်လို့ထင်တာပဲ!"
ဟွမ်ဟွမ်: "နှစ်တစ်ထောင် ဧကရီက ရေသေဆီကို မီးတောက်လုံး 3 သုံးပစ်သွင်းလိုက်ပါတယ် ဒါပေမယ့် ရေသေကတော့ အကုန်လုံးကိုရှောင်လိုက်ပါတယ်ခင်မျာ!"
ရှောင်လန်: "သူက နတ်ဘုရားအဆင့်ကစားသမားဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူးသူက ပုန်းတာလည်းတော်သလို လိုက်လျောညီထွေစွာလည်း ရွေ့လျားနိုင်တယ်နော် ဆန့်ကျင်ဘက်အနေနဲ့ နှစ်တစ်ထောင် ဧကရီရဲ့ လှုပ်ရှားမှုကတော့ ပိုတောင့်တင်းနေပုံရပါတယ်။
ဟွမ်ဟွမ်: "ရှူကျီးကျာ့လန်က ကျွန်းပေါ်ကိုပြန်ရောက်လာပါပြီ ပြီးတော့သူက ပါးသွေးနီကိုတိုက်ခိုက်လိုက်ပါတယ်.... အခုတော့ တိုက်ပွဲကရှင်းလင်းသွားပါပြီ spirit pet အချင်းချင်းတိုက်ခိုက်ပြီးတော့ သခင်တွေကသခင်အချင်းချင်းတိုက်ခိုက်နေကြတာပါ။နှစ်တစ်ထောင်ဧကရီက အခုတော့ ပါးသွေးနီကို ကြည့်ပေးဖို့ အချိန်မရှိတော့ပါဘူး"
ရှောင်လန်: "အမ်း... ရှူကျီးကျာ့လန်က ကွင်းထဲမှာပိုပြီးတော့ ကြမ်းနေတုန်းပါပဲ "
ဟွမ်ဟွမ်:"ရှူကျီးကျာ့လန်ကအဆုံးထိကိုတိုက်ခိုက်နေတာပါ ပြီးတော့ သူစတေးခဲ့တာအလကားတော့မဟုတ်ပါဘူး ဘာလို့ဆို ပါးသွေးနီရဲ့ သွေးက 3% ပဲကျန်ပါတော့တယ်..."
ရှောင်လန်: "ဒါပေမယ့် သခင်နှစ်ယောက်က လေထဲမှာ တိုက်နေကြတုန်းပါပဲ ပါးသွေးနီကတော့ သူ့သွေးက ဖင်ကပ်ပဲကျန်တော့တဲ့အတွက်ဘာမှလုပ်လို့မရနေပါဘူး ခဏလေး နှစ်တစ်ထောင်ဧကရီက တိုက်ပွဲမြေပြင်ကို ကျွန်းပေါ်ကိုရွှေ့ချင်နေတယ် နော် ဒါပေမယ့် သူမ မအောင်မြင်ခဲ့ပါဘူး"
ဟွမ်ဟွမ်: "အိုးရေသေက ပါးသွေးနီကို နှလုံးတည့်တည့်ကိုတိုက်ခိုက်လိုက်တယ်! ပါးသွေးနီသေသွားခဲ့ပါပြီ!"
ရှောင်လန်: "သခင်က သူ့ပြိုင်ဘက်ရဲ့spirit pet ကို တိုက်ခိုက်ခဲ့တာ ဒါကဒုတိယအကြိမ်နော် ဟုတ်တယ်မလား?"
ဟွမ်ဟွမ်:"ဟုတ်ပါတယ်"
ရှောင်လန်: "ရေသေက အရမ်းတွေ protective ဖြစ်တာပဲနော်...."
ဟွမ်ဟွမ်: "အခု သူတို့ ကျွန်းကို ပြန်ရောက်နေကြပြီ နှစ်တစ်ထောင်ဧကရီက ရေသေထောင်ထားတဲ့ ချုပ်နှောင်ထောင်ချောက်ထဲကျသွားခဲ့ပါတယ်..."
ရှောင်လန်:" နှစ်တစ်ထောင်ဧကရီရဲ့ သွေးက 26% ရေသေက 21% ထောင်ချောက်က 10 စက္ကန့်ကြာပါတယ်။ ဒီ 10 စက္ကန့်အတွင်းမှာ နှစ်တစ်ထောင်ဧကရီက သူမကိုယ်သူမ ခုခံလို့မရပါဘူး ရေသေက သူလုပ်ချင်သလိုလုပ်လို့ရနိုင်တဲ့ အခွင့်အရေးပါပဲ"
ဟွမ်ဟွမ်: "နှစ်တစ်ထောင်ဧကရီရဲ့သွေးက 5% ပဲရှိပါတော့တယ်သူမအရှုံးပေးရပါပြီ ရလဒ်ကလဲအခုဆိုအသိအသာကြီးဖြစ်နေပါပြီ"
ရှောင်လန်:"အမ်း ရေသေက ရပ်တန့်လိုက်ပါတယ်!"
ချုပ်နှောင်ထောင်ချောက်အတွက် 3 စက္ကန့်သာ ကျန်တော့တဲ့ အချိန်မှာပဲ ရေသေက တိုက်ခိုက်တာကို ရပ်လိုက်လေရဲ့!
host တွေက စိုးရွံ့နေပြီး ပရိသတ်တွေက စိတ်ပျက် သွားသလိုခံစားလိုက်ရတယ်... သူဘာဆက်လုပ်မှာလဲ?
ကွင်းထဲတွင်တော့ လမင်းကြီးသည် မြင့်မားကာတောက်ပနေလေသည်။
အနှစ်တစ်ထောင်ဧကရီ : "မင်းဘာလို့ ရပ်လိုက်တာလဲ?"
ရေသေသည် နှစ်တစ်ထောင်ဧကရီနှင့် မနီးမဝေးတွင် ယပ်တောင်ကိုခပ်လျက်ရပ်နေခဲ့သည်။
နှစ်တစ်ထောင် ဧကရီ:"မင်းမလှုပ်ရင် ငါ့ကိုယ်ငါ သွေးထပ်ဖြည့်လိုက်မယ် ဒါဆိုရလဒ်က ပြောင်းပြန်ဖြစ်သွားနိုင်တယ်နော်"
ရေသေ: "မင်းက ဒါကိုဘယ်လိုသိလဲ?"
စကားပြောနေစဉ်တွင် 3 စက္ကန့်‌ပြည့်သွားကာ ချုပ်နှောင်ထောင်ချောက်သည်လည်းပျယ်သွားတော့လေသည်။နှစ်တစ်ထောင်ဧကရီသည်လည်း ရေသေရှေ့တွင် မလှုပ်ရှားခဲ့ချေ။
comment box-
"ဘာလဲဟ? ဒီနှစ်ယောက် ထပ်ပြီးပြောနေပြန်ပြီလား?"
"ငါတို့အားလုံး အစကိုပြန်ရောက်သွားသလို ခံစားရတယ်နော်..."
"မဟုတ်ဘူးဟ အခုက ပန်ဒါနဲ့ ယုန်က အလောင်းနှစ်လောင်း ဖြစ်သွားပြီလေ"
"အားလုံးပဲ ငါအခုလေးတင် အားကျင့်သုံးသွားတာဘာလဲဆိုတာရှာတွေ့ခဲ့တယ် အဲ့ဒါက Bamboo Monster Boss ကိုသတ်လိုက်လို့ရလာတဲ့ Bamboo တေးသွားပဲဟ။ပြီးတော့ သူမက ပုလွေမှုတ်နည်းကိုသင်ခဲ့ရသေးတယ် အဲ့ သီချင်းကို တီးမှုတ်လိုက်ရင် အပင် အမျိုးစား Spirit Pet ကိုသိမ်းယူနိုင်တယ်တဲ့ ... ဘုရားရေ ဒါက ဘယ်လောက်တောင် ရှုပ် ထွေးလိုက်သလဲ?ဒီလိုနည်းလမ်းမျိုးကို နှလုံးသားမဲ့ပဲတွေးနိုင်တာနော် ဟုတ်တယ်မလား?"
"ရေသေက သူမကိုလွတ်လမ်းပေးချင်နေတာတော့မဟုတ်ဘူးမလား?ဒီလိုဇာတ်လမ်းမျိုးကို မလိုချင် ဘူးနော်!"
အချိန်အတော်ကြာပြီးနောက်တွင်တော့ နှစ်တစ် ထောင် ဧကရီက နောက်ဆုံးတွင်ပြောလာခဲ့တော့သည်။
"မေ့လိုက်တော့ မင်းငါ့ကို လွတ်လမ်းပေးတာတော့များသွားပြီ ငါအနိုင်ရရင်တောင် ဘာမှအဓိပ္ပါယ်မရှိနေဘူး"
[ကွင်း]နှစ်တစ်ထောင် ဧကရီ: "gg"
[ကွင်း] နှစ်တစ်ထောင်ဧကရီသည် ကွင်းမှထွက်ခွာသွားပါပြီ။ ရေသေနှင့် ရှူကျီးကျာ့လန်တို့ အနိုင်ရရှိခဲ့ပါတယ်။
[ကွင်း] ဒီပွဲပြီးပါပြီ။လွမ်းမောဖွယ်ချစ်ခြင်းအသင်း က ရမှတ် 1 မှတ် ရရှိသွားပါတယ်။
comment box-
"နောက်ဆုံးတော့ နိုင်ခဲ့ပြီ ငါသွေးတောင် အန်မိတော့မလို့!"
"ဒါဆိုရေသေက သူမကို အစကတည်းက အနိုင်ပေးချင်နေတာပေါ့လေ ဘယ်လိုတောင်ချိုမြိန်ရတာလဲ!"
"ဂိမ်းကိုကြည့်နေရင်း ငါလည်း ချစ်ချင်သွားပါပြီနော်.. ရေသေလို ယောကျ်ားမျိုးကိုရှာချင်တယ်!"
ဒီလိုနဲ့ပဲ ခုဏက ရှာဖွေတွေ့ရှိထားတဲ့ အကြောင်းအရာ မက်ဆေ့ချ်က comment box မှာ ပလူပျံနေတဲ့ စာတွေနဲ့ ဖုံးလွှမ်းသွားတော့လေရဲ့...
ရေသေ နှင့် ရှူကျီးကျာ့လန် တို့သည် စောင့်ဆိုင်းဧရိယာသို့ ပြန်ရောက်လာကြပြီး အသင်းဖော်များက သူတို့ကို ဝေဖန်ဖို့ မစောင့်နိုင်တော့ပေ — သူတို့လည်း ပရိတ်သတ်တွေလိုသွေးအန်လုနီးနီးပဲလေ!
ကိုးခန်းမအရှင်မင်းမြတ်: "မင်းတို့ဟာက ဂိမ်းဆော့နေတာလား?TV Show ရိုက်နေတာလားဟမ်?အရမ်းတွေကို နှေးကွေးနေရော!"
"လှပတဲ့ မြင်ကွင်းတစ်ခုကိုရဖို့ဆိုတာ ကြုံတောင့် ကြုံခဲ အခွင့်အရေးတစ်ခုပဲလေ။ငါကဒီတိုင်း‌လှပတဲ့မြင်ကွင်းကိုဖြည်းဖြည်းချင်းခံစားချင်ရုံပါပဲ"
ရေသေသည် ရှူကျီးကျာ့လန် ကိုကြည့်ကာဖြင့်
"ဒီတော့ဘယ်လိုလဲ? မင်းပျော်ရဲ့လား?"
ရှူကျီးကျာ့လန် က လေးလေးနက်နက် ခေါင်းညိတ်လာခဲ့သည်။
"ဟုတ်ကဲ့!"
လူတိုင်း:"..."
ကျောက်မင်ကျွယ်: "ငါတစ်ယောက်ထဲ ရေသေနဲ့ ဧကရီရဲ့ ဆက်ဆံရေးကြားမှာ တစ်ခုခုရှိနေတယ်လို့ သံသယဝင်နေတာလား?
ဟဲကျင့်နဲ့ ရှူကျီးကျာ့လန်သာ သိလိုသဖြင့်  စူးစူးစိုက်စိုက်နားထောင်ခဲ့ကြသော်လည်း အခြားသူအားလုံးကတော့ ကျောက်မင်ကျွယ်ကို အထူးတဆန်းကြည့်ကာပြောလာတော့သည်။
"မြက်ခင်းပြင် ဆိုတာက ယောကျ်ားလေးဟ!"
ကျောက်မင်ကျွယ်:"ဟမ်..."
Zawgyi