Chapter 55 – ကျန်းကျွင်းမော့ရဲ့အဆိုပြုချက်
စားသောက်ပြီးသွားတဲ့နောက်မှာ ကျန်းကျွင်းမော့သည်ချက်ချင်းထွက်မသွားခဲ့ပဲ အဲ့ဒီအစား သူကလုရှကိုကူပြီးခြေရာလက်ရာတွေရှင်းလင်းပေးလိုက်ကာ ဒန်အိုးနဲ့ပန်းကန်ခွက်ယောက်တွေကို မြစ်ထဲမှာဆေးကြောလိုက်ပြီးမှ လုရှရဲ့ကျောပိုးခြင်းတောင်းထဲ ပြန်ထည့်ပေးလိုက်သည်။ ထို့နောက်မှပဲ နှစ်ယောက်သားအတူလမ်းလျှောက်ပြန်လာခဲ့ကြသည်။
နှစ်ယောက်စလုံးအတူပြန်သွားရင်မကောင်းသည့်အတွက် တောအုပ်လေးထဲကထွက်လာတာနဲ့ ကျန်းကျွင်းမော့သည်လုရှကို အရှေ့မှအရင်သွားခိုင်းလိုက်သည်။
ဒါပေမဲ့ သူမမထွက်သွားခင်တွင် သူကမတတ်နိုင်ပဲပြောလိုက်သည်။
" နောက်တစ်ခါမင်းဒီစွပ်ပြုတ်ထပ်လုပ်ရင် ကျွန်တော့်ကိုနောက်တစ်ပန်းကန်ပေးနိုင်မလား ကျွန်တော်ငွေပေးချေမှာပါ"
လုရှသူ့ကိုပြောစရာစကားကင်းမဲ့တဲ့အကြည့်တစ်ချက်ပေးလိုက်သည်။ သူဘာကိုဆိုလိုတာလဲ? တစ်ကြိမ်ကမလုံလောက်သေးဘူးလား? ဒီလူကသူမအပေါ်ဆက်ပြီးမှီခိုချင်နေတာလား? ငါးအသားလေးနည်းနည်းရဖို့ ဘယ်လောက်အားစိုက်ထုတ်ရသလဲ သူသိလား?
ကျန်းကျွင်းမော့လည်း သူ့တောင်းဆိုချက်ကမသင့်တော်မှန်းသိပေမဲ့ သူ့မှာရွေးချယ်စရာမရှိပေ။ လုရှချက်ထားတဲ့စွပ်ပြုတ်ကတကယ်ပဲအရသာရှိလှသည်။ ဒါတင်မကပဲ သူ့ကိုယ်အတွင်းကိုပါနွေးထွေးစေသည်။ ဒါကသူ့ကိုအလွန်သက်သောင့်သက်သာဖြစ်စေတာကြောင့် သတ္တိတွေစုစည်းကာမေးလိုက်ရခြင်းဖြစ်သည်။
အခုလုရှရဲ့မျက်နှာထားကိုမြင်လိုက်ရတော့ သူမသိပ်မလိုလားဘူးဆိုတာ သူသိလိုက်ပါသည်။ ထို့ကြောင့် သူကဆက်ပြီး " ကျွန်တော်အသားစိုက်နိုင်ပါတယ် ကျွန်တော့်မှာအသားကူပွန်တွေရှိတယ် အသားသွားဝယ်ပြီး ကျွန်တော်တို့အတူချက်စားလို့ရတယ်"
ဒီစကားကြားလိုက်ရတော့ လုရှသည်နောက်ဆုံးတော့ အနည်းငယ်စိတ်ဝင်စားလာသည်။ သူ့မှာအသားကူပွန်တွေရှိတယ်ဆိုရင် ဒါကပြဿနာတော့မဟုတ်ဘူး။ နောက်ဆုံးမှာတော့ သူမကတစ်ချိန်လုံး ငါးတွေပဲစားမနေချင်ပေ။ ငါးဖမ်းရတာက တအားကသီလင်တဖြစ်တယ်။
ခဏလောက်တွေးကြည့်ပြီးတဲ့နောက်မှာ သူမခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ ဒါဆိုနောက်ပိုင်းကျရင် ရှင်ကအသားစိုက် ကျွန်မကချက်မယ် ဒါပေမဲ့ရှင်းရှင်းလင်းလင်းပြောထားပါရစေ အစားအသောက်တွေကအရသာမကောင်းရင် မကျေမနပ်မပြောရဘူးနော်"
ကျန်းကျွင်းမော့ ခပ်သွက်သွက်ခေါင်းညိတ်လိုက်သည်။
" မပြောပါဘူး ဒီနေ့လိုဟာမျိုးဆိုရင်ကောင်းမှာပါ"
လုရှပြောစရာစကားကင်းမဲ့သွားသည်။ ဒီနေ့မှာ သူမကအရာအားလုံးအတွက် စိတ်ဝိညာဉ်စမ်းရေကိုအသုံးပြုခဲ့တာ။ အရသာမကောင်းပဲဘယ်နေပါ့မလဲ? ဒီလူကတကယ်ပဲ တောင်းဆိုချက်တချို့ရှိတာပဲ။
ဒါပေမယ့် ရေးကြီးခွင်ကျယ်မဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ သူမမှာစိတ်ဝိဉာဥ်စမ်းရေအများအပြားရှိပြီးတော့ တစ်ခါတစ်လေပဲသုံးမယ်ဆိုရင် အကျိုးသက်ရောက်မှုတွေကသိပ်သိသာမှာမဟုတ်ပေ။ ထို့အပြင် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုထောက်ဆကြည့်လျှင် သူကလည်းထိုစိတ်ဝိညာဉ်စမ်းရေဆီမှ အကျိုးကျေးဇူးတစ်ချို့ရနိုင်သည်။
သူမကရက်ရောပါတယ်နော်!
သူတို့ရဲ့သဘောတူညီချက်ကိုနိဂုံးချုပ်ပြီးနောက် လုရှအရင်ဆုံးထွက်လာခဲ့သည်။
ဒါပေမဲ့ ပညာတတ်လူငယ်များနေရာဆီသို့ပြန်မလာခင် ကျောပိုးခြင်းတောင်းထဲမှဒန်အိုးနဲ့ပန်းကန်ခွက်ယောက်တွေကို နေရာလွတ်ထဲပြန်ထည့်လိုက်ပြီး ကျောပိုးခြင်းတောင်းအလွတ်ဖြင့်ပြန်လာခဲ့သည်။
တခြားပညာတတ်လူငယ်များက သူမကိုတွေ့လိုက်တဲ့အခါ မေးလိုက်ကြသည်။
" နင်အသီးအနှံတွေခူးဖို့တောင်ပေါ်တက်သွားတာမဟုတ်ဘူးလား ဘယ်လိုလဲ? ရခဲ့လား?"
လုရှ စိတ်ပျက်လက်ပျက်ဖြစ်ဟန်ဆောင်ကာ သက်ပြင်းချလိုက်သည်။
" မရခဲ့ပါဘူး ကျွန်မအတွင်းဘက်အဝေးကြီးမသွားရဲဘူးလေ ဘာမှမမြင်ခဲ့မိပါဘူး ပြန်လာတော့ မြစ်ထဲမှာငါးဖမ်းဖို့ကြိုးစားကြည့်ခဲ့ပေမယ့် တစ်ကောင်မှမဖမ်းမိခဲ့ဘူး အားလုံးအချည်းနှီးပါပဲ"
သူမခြင်းတောင်းစိုနေတာမဆန်းတော့ပေ။ သူမကိုဒီလိုမြင်လိုက်ရတော့ တခြားသူတွေကရယ်မောလိုက်ကြပြီး သူမကိုနှစ်သိမ့်ပေးလိုက်ကြသည်။
" ငါတို့ကရွာသားတွေမဟုတ်ဘူးလေ ဒီအလေ့ကျအသီးအနှံတွေဘယ်မှာရှိလဲဆိုတာလည်း မသိကြဘူး လွန်ခဲ့တဲ့နှစ်အနည်းငယ်က ငါတို့လည်းသွားကြည့်ခဲ့ပေမယ့် သိပ်ကံမကောင်းခဲ့ပါဘူး ငါးဖမ်းတာကတော့ ဖမ်းမိဖို့အတွက်ဒီလောက်လွယ်နေမယ်ဆိုရင် ငါတို့တခြားဘာမှလုပ်စရာ လိုတော့မှာမဟုတ်ဘူး ငါးပဲသွားဖမ်းနေလို့ရတာပေါ့"
လူတိုင်းရဲ့မှတ်ချက်တွေကိုကြားလိုက်ရတော့ လုရှလည်းရယ်မောလိုက်သည်။
" ရှင်ပြောတာမှန်တယ် ကျွန်မကအရမ်းအကောင်းမြင်တတ်လွန်းသွားတာရယ် အသားလေးနည်းနည်းပါးပါးရမလားလို့ပါ"
အနားမှာရှိတဲ့ကျွမ်းဟုန်မိန်သည် သရော်လိုက်သည့်။
" အသားလိုချင်ရင် တောင်တွေထဲသွားပါလား နင်လည်းစူးမန့်လိုကံကောင်းပြီး သစ်ပင်နဲ့ဝင်တိုက်တဲ့ယုန်ရိုင်းတကောင်ပဲဖြစ်ဖြစ် မြက်နဲ့ခြေထောက်ညှိနေတဲ့ရစ်ငှက်ရိုင်းတစ်ကောင်ပဲဖြစ်ဖြစ် တွေ့ချင်တွေ့မှာပေါ့"
အရင်ကဖြစ်ထားတာကို မေ့သွားသည့်အလား ကျွမ်းဟုန်မိန်ရဲ့ခနဲ့တဲ့တဲ့လေသံကိုကြားလိုက်ရတော့ လုရှသည်သူမကိုအေးစက်စက်အကြည့်တစ်ချက်ပေးပြီး စေ့စေ့စူးစိုက်ကြည့်လိုက်သည်။ ကျွမ်းဟုန်မိန်သည် တစ်ခုခုကိုရုတ်တရက်သတိရသွားသကဲ့သို့ မသိစိတ်ဖြင့်လုရှနဲ့အကြည့်မဆုံမိအောင်လွှဲလိုက်ပြီး အနေရခက်စွာဖြင့်နှုတ်ဆိတ်သွားသည်။
လုရှသည်သူမကိုဖြေရှင်းဖို့ စိတ်အပင်ပန်းမခံနိုင်ဘဲ ကျန်တဲ့လူတွေကိုမေးလိုက်သည်။
" စူးမန့်နဲ့တခြားသူတွေရော?"
" ရဲဘော်စူးကမြို့ထဲသွားတယ် ရဲဘော်ကုကလည်းတခုခုလုပ်စရာရှိလို့ သူတို့အတူသွားကြတယ် နောက်တော့ရဲဘော်ချန်လည်းသူတို့နဲ့အတူလိုက်သွားတယ်"
လုရှ: .....အိုး ဇာတ်လိုက်ရယ် ဇာတ်လိုက်မရယ် ဇာတ်ပို့မရယ်အတူသွားကြတာပဲ။
အင်းလေ ဘာပဲဖြစ်ဖြစ် သူတို့ကိစ္စကသူမနဲ့ဘာမှမဆိုင်ပါဘူး။
*
Zawgyi
Chapter 55 က်န္းကြၽင္းေမာ့ရဲ႕အဆိုျပဳခ်က္
စားေသာက္ၿပီးသြားတဲ့ေနာက္မွာ က်န္းကြၽင္းေမာ့သည္ခ်က္ခ်င္းထြက္မသြားခဲ့ပဲ အဲ့ဒီအစား သူကလုရွကိုကူၿပီးေျခရာလက္ရာေတြရွင္းလင္းေပးလိုက္ကာ ဒန္အိုးနဲ႕ပန္းကန္ခြက္ေယာက္ေတြကို ျမစ္ထဲမွာေဆးေၾကာလိုက္ၿပီးမွ လုရွရဲ႕ေက်ာပိုးျခင္းေတာင္းထဲ ျပန္ထည့္ေပးလိုက္သည္။ ထို႔ေနာက္မွပဲ ႏွစ္ေယာက္သားအတူလမ္းေလွ်ာက္ျပန္လာခဲ့ၾကသည္။
ႏွစ္ေယာက္စလုံးအတူျပန္သြားရင္မေကာင္းသည့္အတြက္ ေတာအုပ္ေလးထဲကထြက္လာတာနဲ႕ က်န္းကြၽင္းေမာ့သည္လုရွကို အေရွ႕မွအရင္သြားခိုင္းလိုက္သည္။
ဒါေပမဲ့ သူမမထြက္သြားခင္တြင္ သူကမတတ္နိုင္ပဲေျပာလိုက္သည္။
" ေနာက္တစ္ခါမင္းဒီစြပ္ျပဳတ္ထပ္လုပ္ရင္ ကြၽန္ေတာ့္ကိုေနာက္တစ္ပန္းကန္ေပးနိုင္မလား ကြၽန္ေတာ္ေငြေပးေခ်မွာပါ"
လုရွသူ႕ကိုေျပာစရာစကားကင္းမဲ့တဲ့အၾကည့္တစ္ခ်က္ေပးလိုက္သည္။ သူဘာကိုဆိုလိုတာလဲ? တစ္ႀကိမ္ကမလုံေလာက္ေသးဘူးလား? ဒီလူကသူမအေပၚဆက္ၿပီးမွီခိုခ်င္ေနတာလား? ငါးအသားေလးနည္းနည္းရဖို႔ ဘယ္ေလာက္အားစိုက္ထုတ္ရသလဲ သူသိလား?
က်န္းကြၽင္းေမာ့လည္း သူ႕ေတာင္းဆိုခ်က္ကမသင့္ေတာ္မွန္းသိေပမဲ့ သူ႕မွာေ႐ြးခ်ယ္စရာမရွိေပ။ လုရွခ်က္ထားတဲ့စြပ္ျပဳတ္ကတကယ္ပဲအရသာရွိလွသည္။ ဒါတင္မကပဲ သူ႕ကိုယ္အတြင္းကိုပါႏြေးေထြးေစသည္။ ဒါကသူ႕ကိုအလြန္သက္ေသာင့္သက္သာျဖစ္ေစတာေၾကာင့္ သတၱိေတြစုစည္းကာေမးလိုက္ရျခင္းျဖစ္သည္။
အခုလုရွရဲ႕မ်က္ႏွာထားကိုျမင္လိုက္ရေတာ့ သူမသိပ္မလိုလားဘူးဆိုတာ သူသိလိုက္ပါသည္။ ထို႔ေၾကာင့္ သူကဆက္ၿပီး " ကြၽန္ေတာ္အသားစိုက္နိုင္ပါတယ္ ကြၽန္ေတာ့္မွာအသားကူပြန္ေတြရွိတယ္ အသားသြားဝယ္ၿပီး ကြၽန္ေတာ္တို႔အတူခ်က္စားလို႔ရတယ္"
ဒီစကားၾကားလိုက္ရေတာ့ လုရွသည္ေနာက္ဆုံးေတာ့ အနည္းငယ္စိတ္ဝင္စားလာသည္။ သူ႕မွာအသားကူပြန္ေတြရွိတယ္ဆိုရင္ ဒါကျပႆနာေတာ့မဟုတ္ဘူး။ ေနာက္ဆုံးမွာေတာ့ သူမကတစ္ခ်ိန္လုံး ငါးေတြပဲစားမေနခ်င္ေပ။ ငါးဖမ္းရတာက တအားကသီလင္တျဖစ္တယ္။
ခဏေလာက္ေတြးၾကည့္ၿပီးတဲ့ေနာက္မွာ သူမေခါင္းညိတ္လိုက္သည္။
" ေကာင္းၿပီေလ ဒါဆိုေနာက္ပိုင္းက်ရင္ ရွင္ကအသားစိုက္ ကြၽန္မကခ်က္မယ္ ဒါေပမဲ့ရွင္းရွင္းလင္းလင္းေျပာထားပါရေစ အစားအေသာက္ေတြကအရသာမေကာင္းရင္ မေက်မနပ္မေျပာရဘူးေနာ္"
က်န္းကြၽင္းေမာ့ ခပ္သြက္သြက္ေခါင္းညိတ္လိုက္သည္။
" မေျပာပါဘူး ဒီေန႕လိုဟာမ်ိဳးဆိုရင္ေကာင္းမွာပါ"
လုရွေျပာစရာစကားကင္းမဲ့သြားသည္။ ဒီေန႕မွာ သူမကအရာအားလုံးအတြက္ စိတ္ဝိညာဥ္စမ္းေရကိုအသုံးျပဳခဲ့တာ။ အရသာမေကာင္းပဲဘယ္ေနပါ့မလဲ? ဒီလူကတကယ္ပဲ ေတာင္းဆိုခ်က္တခ်ိဳ႕ရွိတာပဲ။
ဒါေပမယ့္ ေရးႀကီးခြင္က်ယ္မဟုတ္ပါဘူး။ ေနာက္ဆုံးမွာေတာ့ သူမမွာစိတ္ဝိဉာဥ္စမ္းေရအမ်ားအျပားရွိၿပီးေတာ့ တစ္ခါတစ္ေလပဲသုံးမယ္ဆိုရင္ အက်ိဳးသက္ေရာက္မႈေတြကသိပ္သိသာမွာမဟုတ္ေပ။ ထို႔အျပင္ သူ႕ရဲ႕႐ုပ္ပိုင္းဆိုင္ရာအေျခအေနကိုေထာက္ဆၾကည့္လွ်င္ သူကလည္းထိုစိတ္ဝိညာဥ္စမ္းေရဆီမွ အက်ိဳးေက်းဇူးတစ္ခ်ိဳ႕ရနိုင္သည္။
သူမကရက္ေရာပါတယ္ေနာ္!
သူတို႔ရဲ႕သေဘာတူညီခ်က္ကိုနိဂုံးခ်ဳပ္ၿပီးေနာက္ လုရွအရင္ဆုံးထြက္လာခဲ့သည္။
ဒါေပမဲ့ ပညာတတ္လူငယ္မ်ားေနရာဆီသို႔ျပန္မလာခင္ ေက်ာပိုးျခင္းေတာင္းထဲမွဒန္အိုးနဲ႕ပန္းကန္ခြက္ေယာက္ေတြကို ေနရာလြတ္ထဲျပန္ထည့္လိုက္ၿပီး ေက်ာပိုးျခင္းေတာင္းအလြတ္ျဖင့္ျပန္လာခဲ့သည္။
တျခားပညာတတ္လူငယ္မ်ားက သူမကိုေတြ႕လိုက္တဲ့အခါ ေမးလိုက္ၾကသည္။
" နင္အသီးအႏွံေတြခူးဖို႔ေတာင္ေပၚတက္သြားတာမဟုတ္ဘူးလား ဘယ္လိုလဲ? ရခဲ့လား?"
လုရွ စိတ္ပ်က္လက္ပ်က္ျဖစ္ဟန္ေဆာင္ကာ သက္ျပင္းခ်လိဳက္သည္။
" မရခဲ့ပါဘူး ကြၽန္မအတြင္းဘက္အေဝးႀကီးမသြားရဲဘူးေလ ဘာမွမျမင္ခဲ့မိပါဘူး ျပန္လာေတာ့ ျမစ္ထဲမွာငါးဖမ္းဖို႔ႀကိဳးစားၾကည့္ခဲ့ေပမယ့္ တစ္ေကာင္မွမဖမ္းမိခဲ့ဘူး အားလုံးအခ်ည္းႏွီးပါပဲ"
သူမျခင္းေတာင္းစိုေနတာမဆန္းေတာ့ေပ။ သူမကိုဒီလိုျမင္လိုက္ရေတာ့ တျခားသူေတြကရယ္ေမာလိုက္ၾကၿပီး သူမကိုႏွစ္သိမ့္ေပးလိုက္ၾကသည္။
" ငါတို႔က႐ြာသားေတြမဟုတ္ဘူးေလ ဒီအေလ့က်အသီးအႏွံေတြဘယ္မွာရွိလဲဆိုတာလည္း မသိၾကဘူး လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ငါတို႔လည္းသြားၾကည့္ခဲ့ေပမယ့္ သိပ္ကံမေကာင္းခဲ့ပါဘူး ငါးဖမ္းတာကေတာ့ ဖမ္းမိဖို႔အတြက္ဒီေလာက္လြယ္ေနမယ္ဆိုရင္ ငါတို႔တျခားဘာမွလုပ္စရာ လိုေတာ့မွာမဟုတ္ဘူး ငါးပဲသြားဖမ္းေနလို႔ရတာေပါ့"
လူတိုင္းရဲ႕မွတ္ခ်က္ေတြကိုၾကားလိုက္ရေတာ့ လုရွလည္းရယ္ေမာလိုက္သည္။
" ရွင္ေျပာတာမွန္တယ္ ကြၽန္မကအရမ္းအေကာင္းျမင္တတ္လြန္းသြားတာရယ္ အသားေလးနည္းနည္းပါးပါးရမလားလို႔ပါ"
အနားမွာရွိတဲ့ကြၽမ္းဟုန္မိန္သည္ သေရာ္လိုက္သည့္။
" အသားလိုခ်င္ရင္ ေတာင္ေတြထဲသြားပါလား နင္လည္းစူးမန႔္လိုကံေကာင္းၿပီး သစ္ပင္နဲ႕ဝင္တိုက္တဲ့ယုန္ရိုင္းတေကာင္ပဲျဖစ္ျဖစ္ ျမက္နဲ႕ေျခေထာက္ညွိေနတဲ့ရစ္ငွက္ရိုင္းတစ္ေကာင္ပဲျဖစ္ျဖစ္ ေတြ႕ခ်င္ေတြ႕မွာေပါ့"
အရင္ကျဖစ္ထားတာကို ေမ့သြားသည့္အလား ကြၽမ္းဟုန္မိန္ရဲ႕ခနဲ႕တဲ့တဲ့ေလသံကိုၾကားလိုက္ရေတာ့ လုရွသည္သူမကိုေအးစက္စက္အၾကည့္တစ္ခ်က္ေပးၿပီး ေစ့ေစ့စူးစိုက္ၾကည့္လိုက္သည္။ ကြၽမ္းဟုန္မိန္သည္ တစ္ခုခုကို႐ုတ္တရက္သတိရသြားသကဲ့သို႔ မသိစိတ္ျဖင့္လုရွနဲ႕အၾကည့္မဆုံမိေအာင္လႊဲလိုက္ၿပီး အေနရခက္စြာျဖင့္ႏႈတ္ဆိတ္သြားသည္။
လုရွသည္သူမကိုေျဖရွင္းဖို႔ စိတ္အပင္ပန္းမခံနိုင္ဘဲ က်န္တဲ့လူေတြကိုေမးလိုက္သည္။
" စူးမန႔္နဲ႕တျခားသူေတြေရာ?"
" ရဲေဘာ္စူးကၿမိဳ႕ထဲသြားတယ္ ရဲေဘာ္ကုကလည္းတခုခုလုပ္စရာရွိလို႔ သူတို႔အတူသြားၾကတယ္ ေနာက္ေတာ့ရဲေဘာ္ခ်န္လည္းသူတို႔နဲ႕အတူလိုက္သြားတယ္"
လုရွ: .....အိုး ဇာတ္လိုက္ရယ္ ဇာတ္လိုက္မရယ္ ဇာတ္ပို႔မရယ္အတူသြားၾကတာပဲ။
အင္းေလ ဘာပဲျဖစ္ျဖစ္ သူတို႔ကိစၥကသူမနဲ႕ဘာမွမဆိုင္ပါဘူး။
*