တစ်လဆိုသည့်အချိန်က ခနမျှသာ နောက်အပတ်ဆို ဆယ်တန်းကျောင်းသားများအားလုံစာမေးပွဲဖြေရတော့မည်။ကျောင်းသား/သူများသည်လဲ စာကိုအခုထဲကကြိုတင်ပြီးကျက်နှင့်ကြပြီ ထိုအထဲတွင် သမုအတ္တညိုမပါဝင်။အတန်းကိုလဲပုံမှန်မတက် ကောင်မလေးပြဿနာတွေကလဲခနခနသတင်းကထွက်တယ်။ရန်ဖြစ်သည့်ကိစ္စကိုတော့မကြားရတာကြာပြီပေါ့။
"ခေတ်သွေး ! ဒီနားကိုလာခဲ့"
"ဘာလာလုပ်ရမှာလဲ"
"လာဆိုလာခဲ့စမ်းပါ "
"အင်း လာပြီ"
ခေတ်သွေးက သမုရဲ့ဘေးခုံမှာဝင်ထိုင်လိုက်သည်။
သမုရဲ့မျက်နာက ရဲနေတာပဲ လက်ဝါးရာကြီးနဲ့တူပါရဲ့...
"မင်း ပါးကဘာဖြစ်တာလဲ"
"အော် အဲ့တာလား ခုနက ဟိုစော်ပေါ့ သူ့ကိုပလေးလို့တဲ့ရိုက်သွားတာ"
"...."
ခေတ်သွေးသမုကိုဆိုတ်ကြည့်နေသည်။ဘာစကားတစ်ခွန်းမှမတုံ့ပြန်ပေ။
"ရော့..."
"ဒါကဘာလဲ"
"ကွတ်ကီးလေ"
"ဘာအတွက်ပေးတာလဲ"
"မင်းပဲကြိုက်တယ်ဆို မင်းစားဖို့အတွက်ပေါ့"
ဖန်ပုလင်းအကြည်ထဲတွင် မြေပဲကွတ်ကီးများကိုသေသပ်စွာထည့်ပြီး အဖုံးလေးကိုသေချာစွာဖိတ်ထားသည်။
ခေတ်သွေးရဲ့လက်ထဲကို ကွတ်ကီးပုလင်းလေးအားပေးလိုက်သည်။
"ကျေးဇူးမတင်တော့ဘူးလား"
"...."
"စိတ်ဆိုးနေတာလား ငါဘာလုပ်မိပြန်ပြီလဲ စိတ်ဆိုးရင်လည်းဆိုးရတဲ့အကြောင်းလေးတော့ပြောပါ အဲ့တာမှငါရှင်းပြလို့ရမှာ ငါ့ကိုအဲ့လိုကြီးစကားမပြောပဲတော့မနေပါနဲ့ခေတ်သွေးရာ ငါမနေတက်လို့ပါ"
သမုက ခေတ်သွေးကိုမျက်နှာငယ်လေးဖြင့် ပြောလေသည်။
"ဟားးးဟားးးအရူးကောင် ငါကမင်းကိုစချင်လို့ပါကွာ"
"ဟာ မင်းက ငါ့ကိုစတယ်ပေါ့ လာခဲ့"
"ဟီးးးဟီးးးယားတယ်လွှတ်တော့ကွာ"
ခေတ်သွေးရဲ့ခါးလေးကိုကိုင်ကာ ကလိထိုးနေသည့်သမု၊ ခေတ်သွေးကလဲရယ်သူတို့နှစ်ယောက်သည် သူငယ်ချင်လို့သာနာမည်တပ်ထားတာ ဘယ်လိုသူငယ်ချင်းတွေပါလဲ။
နှစ်ယောက်လုံးရဲ့ခံစားချက်တွေက မရိုးသားပါ သို့သော သူတို့နှစ်ယောက်သူငယ်ချင်းဆိုသည့်စည်းကိုစောင့်ထိန်းနေသေးသည်။
________________________________________________________
"စာမေးပွဲဖြေရင် သချာဖြေနော် စာတွေမရှန်းနဲ့ကြားလား မေမဒီညို သမုအတ္တညို သားညီမလေးကိုပါတစ်ခါတည်းခေါ်သွားလိုက်"
"အင်း..."
"မေမေသွားပြီနော်"
အခုဆိုစာမေးပွဲတွေဖြေနေရပြီ ခေတ်သွေးကလဲသမကိုမတွေ့ဖြစ်သလို၊သမုကလဲခေတ်သွေူကိုမတွေ့ဖြစ်ပါ။ဒါပေမဲ့သမုက လူကြုံ့နဲ့ ခေတ်သွေးအတွက် ကွတ်ကီးပုလင်းလေးတွေပေးခိုင်းတက်သည်။
"ကိုကြီးသွားပြီနော်"
မေမဒီညိုပြောသည့်စကားကိုပင်ဆုံးအောင်နားမထောင် လှည့်ထွက်သွားသည်။
သမုရဲ့ခြေလှမ်းများဦးတည်ချက်သည် ခေတ်သွေးရဲ့ စာမေးပွဲဖြေဆိုနေသည့်အခန်းပင်ဖြစ်သည်။ခေတ်သွေးကိုများတွေ့မလားဆိုသည့်အတွေကနေရာယူလျက် ထိုအခန်းရှေ့မှာရပ်ကြည့်မိပါသေးသည်။
ကျစ် ဘယ်တွေလျောက်သွားနေတာလဲ ခေတ်သွေးရာ မင်းကိုဒီနေ့လည်းမတွေ့ပြန်ဘူး...
လူတွေကများတာကြောင့်ရော ခေတ်သွေးကိုရှာလို့မတွေ့ကြောင့်စိတ်များပင်တိုလာရသည်။စာမေးပွဲဖြေတာခြောက်ရက်ရှိပြီ ဒီနေ့နောက်ဆုံးဘာသာ ဖြေရမှာ ခုနှစ်ရက်လုံးလုံးဘယတွေမှာဘယ်လိုတွေတောင်ပုန်းနေနိုင်တာလဲ။
သမုလဲသုဖြေရမည့်အခန်းကိုသာပြန်လာလိုက်တော့သည်။
စာမေးပွဲဖြေတာတောင် စိတ်ကခေတ်သွေးဘယ်မှာရှိမလဲဆိုတာကိုသာအထပ်ထပ်အခါခါစဉ်းစားနေမိသည်။မေးခွန်းစာရွက်ရလာတော့ သမုလဲအတွေးများကိုခနဖယ်ရှားကာ မေးခွန်းတွေဘက်ကိုသာအာရုံဆိုတ်ဖြေလိုက်တော့သည်။
"ကဲ ဖြေဆိုပြီးတဲ့သူတွေ အပြင်ထွက်လို့ရပြီ"
ဆရာမပြောပြီးတာနဲ့ ကျောင်းသားတွေဲစာရွက်တွေထားပြီးအခန်းပြင်ကိုထွက်လာလိုက်သည်။
သမုကတော့နောက်ဆုံးမှထွက်လာသည်။အပြင်ထွက်ထွက်ချင်းသမုအရမ်းတွေ့ချင်နေတဲ့မျာနှာလေးကိုတွေ့လိုက်ရသည်။
"ခေတ်သွေး..."
"ဟင့်...အာ့ သေပါပြီ"
ခေတ်သွေးရဲ့လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်တော့ ခေတ်သွေးလဲ သမုရဲ့ရင်ခွင်ကျယ်ထဲကိုတန်းဝင်သွားသည်။
"အာ လွှတ်အုံးအသက်ရှူကျပ်တယ်ကွ"
"နေ့တိုင်းအသက်ရှူနေရတာပဲ ခနလေးကျပ်တာကိုသည်းခံလိုက်"
"ဟာ လွှတ်ပါတော့ဆို ဟင့်..အီးးဟီးး"
"အေအေ လွှတ်ပြီလွှတ်ပြီမငိုနဲ့တော့နော်"
ခေတ်သွေးကရုတ်တရက်ထငိုတော့မှ သမုလဲ လွှတ်ပေးလိုက်ပါ ပါးပေါ်ကမျက်ရေတွေကိုဖွဖွလေးသုတ်ကာ ချော့ရတော့သည်။
"မငိုပါနဲ့ အချစ်ရာ တိပ်တော့နော် တိပ်ပါဆိုနေကွာ"
"ဟင့် မင်းကအသေဖက်တာကို ငါ့အရိုးတွေကြိုးပြီလားမသိဘူး ဟင့်"
"အင်းပါ ကျွန်တော်မျိုးကြီးမှားပါတယ်ဗျ"
"မျိုးကြီးကဘယ်သူလဲ"
"ဟာ ဘယ်သူမှမဟုတ်ပါဘူး လာမုန့်သွားစားရအောင်"
"ဟီးဟီး သွားကြတာပေါ့"
လိုချင်တာရရင်ရုပ်ကတစ်မျိုးမရရင်ရုပ်ကတစ်မျိုး ကလေးလေးကျနေတာပဲရယ်လိုရင်လည်းပါးချိုင့်လေးနှစ်ဖက်ကလဲနစ်ဝင်သွားတာအရမ်းချစ်ဖို့ကောင်းတယ်။
ကျောင်းရှေ့မုန်ဆိုင်တစ်ဆိုင်မှာ သမုနဲ့ခေတ်သွေူမျက်နှာချင်းဆိုင်ထိုင်လျက်စကားပြောနေကြသည်။
"သွေး..."
"ဘာလဲ"
"ငါ့ကိုကြည့်"
သမုပြောလိုက်တော့ စားနေရင်းလက်ကဇွန်းကိုချလိုက်ပြီးသမုကိုကြည့်လိုက်သည်။သမုရဲ့မျက်နှာက အနည်းငာ်ပင်တည်ငြိမ်နေသည်။တစ်ခုခုကိုပင်ကြောက်နေသည်။
"ငါ France ကိုသွားရတော့မယ်"
"ဟမ်....အင်းကောင်းပါတယ်"
"မင်း ငါ့ကိုတကယ်ပဲသွားစေချင်တာလား"
ငါကမင်းမသွားနဲ့မသွားမဲ့ကောင်ပါကွာ...
"အင်း မင်းကောင်းစားဖို့ပဲကိုသွားပေါ့"
ငါကမင်းကိုဘယ်သွားစေချင်မှာလဲကွာ ဒါပေမဲ့မင်းအတွက်ပဲလေ မင်းသွားသင့်တာပေါ့...
နှစ်ယောက်သားအတွေကိုစီဖြင့်ငြိမ်နေကြသည်။သမုမှာလဲခေတ်သွေးကိုပြောစရာစကားများပျေက်ရှ၊ခေတ်သွေးမှာလည်းသမုကို ဘာမှပြောပိုင်ခွင့်မရှိ။
နှစ်ယောက်သားတိပ်ဆိပ်နေကြသည်။အသက်ရှူသံနဲ့လေတိုက်သံကိုသာကြားရသည်။ထိုအခြေနေတို့ကိုသမုကဖျက်တောက်လိုက်သည်။
"အင်း မင်းသွားစေချင်ရင်ငါသွားပါမယ် စားလို့ပြီးရင်အိမ်ပြန်ကြမယ်"
"အင်း"
သမုတိုလဲထိုဆိုင်ထဲမှထွက်လာသည်။ပုံမှန်သွားနေကြလမ်းမထက်မှာ သူတို့နှစ်ယောပ်ဟာတိပ်သိတ်စွဲပဲစက်ဘီးလေးတွန်းလျက်လမ်းယောက်နေသည်။ခြေများများနဲ့ လေတိုက်သံတို့ကိုပဲကြားနေရသည်။တိပ်ဆိပ်နေတဲ့ အချိန်တွေကိုသမုဖျက်စီးလိုက်သည်။
"ခေတ်သွေး ငါပြောစရာရှိတယ်"
"အင်း ပြောလေ"
"ငါ မင်းကိုချစ်တယ် ဒါမင်းကိုအရိုးရှင်းဆုံးပြောပြတာ"
"ဟင်! !!"
ခေတ်သွေးကသမုကိုကြောင်တောင်တောင်လေးဖြင့်ကြည့်နေသည်။
သမုကအင်္ကျီအိပ်ထဲက ပိုက်ဆံနှစ်ထောင်ကိုထုတ်ကာ စားပွဲခုံပေါ်တင်လိုက်သည်။
"ငါသွားပြီနော် နောက်သုံးနှစ်နေရင်ပြန်ဆုံကြတာပေါ့ အချစ်ရယ်"
ခေတ်သွေးရဲ့ပါပြင်လေးကိုဖွဖွလေးကိုင်ကာပြောသွားခြင်းပေ။ခေတ်သွေးကတော့ ကြောင်အလျက်သမုရဲ့ကျော်ပြင်ကျယ်ကိုကြည့်နေမိသည်။
"အကို ဒီမှာပိုက်ဆံထားခဲ့ပြီနော်"
ပိုက်ဆံထားခဲ့ကာ ပြန်အမ်းငွေတောင်မယူပဲဆိုင်ထဲမှခေတ်သွေးလဲထထွက်လာလိုက်သည်။
ခြေလှမ်းတို့ကဘယ်ကိုသွားရမှန်းမသိ။ဆယ်တန်းစာမေးပွဲဖြေပြီးတာဝမ်းသာရမလာဝမ်းနည်းရမလာတောင်မသိ။ခေတ်သွေးရဲ့စိတ်တွေကရောင်ခြောက်ခြားဖြစ်နေလေသည်။ဘာကိုမှလဲသေချာရေယာစွာလုပ်ရမလဲမသိ။အိမ်ကိုသာပြန်လာလိုက်တော့သည်။
"သားလေး စာမေးပွဲဖြေတာအဆင်ပြေရဲ့လား"
"ဟုတ်ကဲ့မေမေ ပြေပါတယ်"
"ဒါဆိုလည်း ရေသွားချိုးတော့ ပြီးရင်ထမင်းစားရအောင်"
ခေတ်သွေးခေါင်းတစ်ချက်သာငြိပ့်ပြပြီး အပေါ်ထက်ကိုလေးလန်နေသည့်ခြေလှမ်းတို့ဖြင့်တက်လာလေသည်။
"ငါ မင်းကိုချစ်တယ် ဒါမင်းကိုအရိုးရှင်းဆုံးပြောပြတာ"
ခေတ်သွေးရဲ့ခေါင်းထဲ သမုရဲ့အသံကိုသာကြားယောင်နေမိသည်။
ရေအချိန်ချိုးကာ အောက်ထပ်ကိုဆင်းပြီး သူ့အမေနဲ့ ထမင်းအတူစားပြီးအိပ်ယာဝင်ခဲ့သည်။
___________________________________________________________
"သမုအတ္တညို ဟိုရောက်ရင်ကျမ်းမာရေးဂရုစိုက် အစားအသောက်လဲပုံမှန်စား သုံးနှစ်ဆိုတဲ့အချိန်ကခနလေးပါ"
မေမေအတွက်ခနလေးဆိုပေမဲ့ သားအတွက်ကအရမ်းကြားလွန်းတယ်မေမေ...
"ဟုတ်ကဲ့ သားသွားပြီ"
"ကိုကြီးကျမ်းမာရေးဂရုစိုက်ပါ"
"အင်း"
သမုလဲသူအမေနဲ့ညီမကိုလက်ပြကာ လေယာဉ်ပေါ်သို့တက်သွားသည်။