My Youth Was Yours ( Complet...

Por popophoenix207

43.9K 3K 313

ဉာဏ်လင်းထင် × ပိုင်ဇေယံ သူငယ်ချင်းမဖြစ်ချင်ဘူးဆိုရာကနေ သူငယ်ချင်းဖြစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ဇာတ်လမ်းလေ... Más

Intro & Note
1. When we were young
2. Why can't we be friends?
3. What am I to you?
4. I only care about you
5.Let's keep growing old together
6.Life is like a ferris wheel
8. Eighteen isn't last forever
9. How was your first date?
10. In other words , I love you
11. The days without you
12. Best friends can kiss too
13. He loves me or not ?
14. Same but different
15. Whatever will be, will be
16. How could I tell you that I need you?
17. My father's secrets
18. The girl in the white shirt
19. Have you ever loved me ?
20. If home is a person
21. Meet me in the pouring rain ( Final part )
Extra - Happily ever after

7. Jealousy is slowly killing me

1.4K 136 18
Por popophoenix207

( Uni )

ကြားလိုက်ရသော စကားနှင့် မြင်ကွင်းထဲမှာ ရောက်လာသော ပုံရိပ်နှစ်ခုက ယံယံ့တစ်ကိုယ်လုံးကို တောင့်တင်းသွားပြီး လှည့်ပတ်နေသောသွေးများပါ ရပ်တန့်သွားသလို ခံစားရစေသည်။

ဉာဏ်လင်းထင်က မိန်းကလေးတစ်ယောက်နှင့်အတူ ပြုံးရယ်ပြီး သူတို့ရှိရာလာနေ၏။ ဉာဏ့်ဘေးကမိန်းကလေးကို ယံယံလည်း မြင်ဖူးပါသည်။ သေချာမသိပေမဲ့ ဆယ့်တစ်တန်းက စီနီယာအစ်မတစ်ယောက်။

ဉာဏ့်ထက် ခေါင်းတစ်လုံးလောက် အရပ်နိမ့်သော စီနီယာက ဉာဏ့်မျက်နှာကို မော့ကြည့်ပြီး စကားပြောနေရင်း လက်ကလည်း တစ်ချက်တစ်ချက် ဉာဏ့်လက်မောင်းကို သွားကိုင်လိုက်သေး၏။ ဉာဏ်ကလည်း ခေါင်းတညိတ်ညိတ်နှင့် ဘေးကပြောသမျှကို ပြုံးနားထောင်နေသည်။ ရှေ့မှာ သူနှင့် ခန့်သော်ဇင်ကိုမြင်တာတောင် ဘယ်လိုမှမနေဘဲ စကားပြောမပြတ် လျှောက်လာသည့် ပုံစံကိုကြည့်ပြီး ယံယံ့ရင်ဘတ်တစ်နေရာစီက ဆစ်ခနဲနာကျင်လာသလိုပါ။

" ခဏလေး သော်ဇင် .... ငါ မင်းနဲ့လိုက်ခဲ့မယ် "

သော်ဇင်ကလည်း ဉာဏ်တို့နှစ်ယောက်ကို မြင်သဖြင့်

" ဟိုမှာ ဉာဏ် လာပြီလေ "

" ငါ မင်းနဲ့ပဲ လိုက်ခဲ့မယ် ... ကျေးဇူးပြုပြီး ဒီနေရာကနေ မြန်မြန်သွားပါတော့ "

သူလာတာမြင်နေပါလျက်နှင့် သော်ဇင့်ဆိုင်ကယ်နောက်ကနေ တက်လိုက်သွားသော ယံယံ့ကို ဉာဏ်အံ့ဩသွားကာ ဒီတိုင်းကြည့်နေမိပြီးမှ

" ပိုင်ဇေယံ "

လှမ်းအော်လိုက်ပေမဲ့ ယံယံတို့ဆိုင်ကယ်က ဉာဏ်နှင့်ဝေးဝေးကို ရောက်သွားပါပြီ။

" ဉာဏ်နဲ့အတူလာတာ မဖြူစင်သန့်လေ ...သူ့ကို မင်းမသိဘူးလား ယံယံ "

" မသိဘူး ... မြင်တော့မြင်ဖူးပါတယ် "

" မင်းကလဲ မဖြူစင်သန့်ကို ဒီရက်ပိုင်း ဉာဏ်နဲ့ အမြဲအတူတွေ့နေရတာကို မသိဘူးတဲ့ .... မင်းက ငါတို့အခန်းထဲက မဟုတ်လို့ .....အဲ့အစ်မက အခုတလော ဉာဏ့်ဆီအမြဲလာပြီး ဉာဏ်ကလဲ သူလာခေါ်တိုင်း လိုက်လိုက်သွားတာ ငါတို့အခန်းထဲကလူတွေဆို အကုန်သိတယ် "

သော်ဇင့်စကားတွေက ယံယံ့နှလုံးသားကို လက်ဖဝါးကြမ်းကြမ်းနှင့် ဆုပ်ချေနေသည့်နှယ်ပင် ။

" အင်းပါ ... အဲဒါ ငါ့ကိစ္စမဟုတ်ပါဘူး... ငါ့ကို အိမ်ပြန်ပို့ပေးပါလား သော်ဇင်....ငါ ဗိုက်တွေအောင့်နေလို့ ဒီညနေ ကျူရှင်မတက်တော့ဘူး "

ရုတ်ရက်ကြီး ဗိုက်ထနာသွားသော ယံယံ့ကို သော်ဇင်ကတော့ ဘယ်လိုထင်မည် မသိပါ ။ ယံယံပြောသလိုတော့ အိမ်လိုက်ပို့ပေးပါသည်။

" ယံယံ ...သား ကျူရှင်မရှိဘူးလား ဒီနေ့ "

" ရှိတယ် မာမား ...သား ဒီနေ့ နည်းနည်းပင်ပန်းနေလို့ မတက်တာ ... အနားယူလိုက်ဦးမယ်နော် "

ပြောပြောဆိုဆိုနှင့် အပေါ်တက်သွားသော သားကိုကြည့်ပြီး ဒေါ်သီတာလည်း အံ့ဩနေမိသည်။ သူမသားက တော်ရုံတန်ရုံ ပင်ပန်းတတ်သူတော့မဟုတ်။ နေများမကောင်းလို့လား ။ အခုရော ဉာဏ်က ပြန်ပို့ပေးတာလား။ ဘာမှမမေးလိုက်ရ။ ရောက်ရောက်ချင်း အိမ်ပေါ်တက်ပြီး အခန်းထဲ တန်းဝင်သွားသည်။ ဒီအရွယ်တွေဆိုတော့ ငယ်ငယ်ကလို မိဘကို ဘာဖြစ်လာပါတယ်ဆိုပြီး လုံးစေ့ပတ်စေ့လည်း မပြောပြတော့ဘူးလေ။

ဉာဏ်ကတော့ ကျူရှင်မှာ သော်ဇင့်ကိုပဲမြင်ပြီး ယံယံ့ကို မတွေ့ရသဖြင့် ခေါင်းထဲမှာ မေးခွန်းတွေများသွားရသည်။ ယံယံက ဘယ်ရောက်သွားတာလဲ။ တစ်ခါမှ သူ့နောက်ကလွဲပြီး ဘယ်သူနှင့်မှ မလိုက်ဖူးတဲ့သူက သည်ကနေ့မှ ထူးထူးဆန်းဆန်း သော်ဇင့်ဆိုင်ကယ်နောက်က စီးသွားသည်။ ငယ်ငယ်ကဆို ရန်ဖြစ်ထားလို့ စကားမပြောလျှင်တောင် စက်ဘီးတစ်စီးစီဖြင့် ကျောင်းသွားကျောင်းပြန် အတူစောင့်ပြီးမှ သွားလေ့ရှိ၏။ အခုတော့ သူ့ကိုမစောင့်ဘဲ အရင်ထွက်သွားသည်။

" ပိုင်ဇေရော သော်ဇင် ...မင်းနဲ့အတူလိုက်သွားတာ ငါမြင်လိုက်ပါတယ် "

" ဟုတ်တယ် ... ဗိုက်အောင့်နေလို့တဲ့... သူ့အိမ်ပြန်ပို့ခိုင်းလို့ ငါလိုက်ပို့ပေးခဲ့တယ် "

နေမကောင်းတာလည်း ယံယံက သူ့ကို ဘာမှမပြော။ တော်တော်များ အောင့်နေလို့လား။ ဉာဏ် တစ်ညနေလုံး စာသင်ရတာ စိတ်မပါပေ။ ကျူရှင်ဆင်းဖို့သာ စိတ်စောနေ၏။

ကျူရှင်ဆင်းတာနှင့် အိမ်ကိုတန်းမပြန်ဘဲ ယံယံ့အိမ်ကို အရင်ဝင်တော့ အန်တီသီတာနှင့် အရင်တွေ့သည်။

" အန်တီ ယံယံ ရော "

" ကျောင်းကပြန်လာကတည်းက သူ့အခန်းထဲဝင်သွားတယ် သားဉာဏ်... သွားကြည့်လိုက်ပါလား.... ခုနက အန်တီ သွားကြည့်တုန်းကတော့ အိပ်ပျော်နေတယ် "

ဉာဏ် အခန်းထဲဝင်သွားတော့ ယံယံက အိပ်ပျော်နေသည်။ ဉာဏ်လည်း အိပ်ရာပေါ်မှာ ဘေးတစောင်း ဝင်ထိုင်ပြီး အိပ်ပျော်နေသူကို ခဏလောက်ထိုင်ကြည့်နေပြီးမှ နဖူးကို လက်ဖြင့်အသာစမ်းကြည့်မိ၏။ နည်းနည်းငွေ့နေပေမဲ့ တအားကြီးတော့ အဖျားမရှိလောက်ပါဘူးဟု ယူဆရသည်။

" နေမကောင်းရင်လဲ ငါ့ကိုပြောတာမဟုတ်ဘူး ...
ဘာလို့ သော်ဇင့်ကို ပြန်လိုက်ပို့ခိုင်းရတာလဲ "

မျက်နှာပေါ် ဝဲကျနေသည့် ယံယံ့ဆံပင်လေးများကို သပ်တင်ပေးပြီး ခြေသံဖွဖွဖြင့် အခန်းထဲကပြန်ထွက်လာခဲ့၏ ။

ည ခုနစ်နာရီခွဲလောက်မှ ယံယံ့ဆီကို အခြေအနေ အကျိုးအကြောင်း လှမ်းမေးဖို့ ဖုန်းခေါ်ကြည့်ရာ ယံယံက သူ့ဖုန်းကိုမကိုင်သဖြင့် message ပို့ထားလိုက်သည်။

7:30 pm
" ယံယံ သက်သာလား ... ဗိုက်အောင့်လို့ဆို....ငါ ကျူရှင်ပြန်တော့ ဝင်ခဲ့သေးတယ်...မင်းအိပ်ပျော်နေလို့ မနှိုးတာ... ငါ့ကို ဖုန်းပြန်ခေါ်ဦး "

နာရီဝက်ကြာတဲ့အထိ ယံယံ့ဆီက စာပြန်မလာပေ။ သူတို့အရင်က အပြန်အလှန်ပို့ထားသော message များကို ပြန်ဖတ်ပြီး ဉာဏ် နောက်ထပ် တစ်စောင်ပြီးတစ်စောင် ပို့နေမိသည်။

8:00 pm
" အစောကြီးအိပ်သွားပြီလား .... ဆေးရော သောက်ရဲ့လား ပိုင်ဇေယံ "

8:15 pm
" နေမကောင်းရင် စောစောအိပ်နော်.... ငါ မနက်ကျ ကျောင်းသွားရင်း စောလာခဲ့မယ် "

8:40 pm
" မနက်စာ ဘာမုန့်စားချင်လဲ ပြောထားဦး.... ငါ ဝယ်ခဲ့မယ်နော် "

9:00 pm
" ဒီတစ်ပတ် တနင်္ဂနွေနေ့ကျ ရုပ်ရှင်သွားကြည့်ရအောင် ယံယံ .... Superman ဇာတ်ကားအသစ် ရုံတင်မှာ... ငါလက်မှတ်ဝယ်ထားမယ် "

9:20 pm
" ငါတစ်ယောက်တည်း ပျင်းလိုက်တာကွာ ... မင်းက ဘာမှပြန်မပြောတော့ ခြောက်ကပ်ကပ်ကြီး ... မင်း ကျောင်းပိတ်ရက် ထားဝယ် ပြန်သွားသလိုမျိုးပဲ ....ငါ မင်းကို လွမ်းတောင်လာပြီ "

9:45 pm
" ဗိုက်က သက်ရောသက်သာရဲ့လား ယံယံ ...
ဆေးခန်းသွားရမယ်ဆို ဘယ်အချိန်ဖြစ်ဖြစ် ငါ့ကိုလှမ်းခေါ်နော်...ငါ မင်းကိုစိတ်ပူလို့ "

10:00 pm
" ငါလည်း အိပ်ပြီ ...မနက်မှတွေ့မယ်
Good Night "

မနက်ကျ ကျောင်းသွားဖို့ ဉာဏ် အိမ်ကနေ ဆယ့်ငါးမိနစ်လောက် စောထွက်ခဲ့ပေမယ့် ယံယံက မရှိတော့။ ညက သူပို့ထားသည့် စာတွေကိုလည်း ကြည့်ထားပေမဲ့ ဘာမှပြန်ပြောမထားပါ။ အခုလည်း နည်းပြက အစောကြီး ခေါ်ထားသည်ဟု အိမ်ကိုပြောပြီး လွန်ခဲ့တဲ့နာရီဝက်လောက်ကတည်းက ကားနှင့်လိုက်ပို့ခိုင်းခဲ့သည်တဲ့ ။

နေ့တိုင်း နှစ်ယောက်အတူသွားနေကြကို ယံယံ မပါတော့ ဉာဏ့်စိတ်ထဲမှာ ဟာတာတာဖြစ်နေ၏။

Hermioneမပါသည့် Ronလို၊ Lois Lane မရှိသည့် Supermanလို၊ Clyde နဲ့တွဲမမြင်ရသည့် Bonnie လို ၊ ကြယ်ရောင်မမြင်ရသည့် ညကောင်းကင်လို ၊ နေရောင်ခြည်မရရှိသည့် အေးစက်စက်ဆောင်းမနက်ခင်းတစ်ခုလို၊ သံစဉ်မပါသည့် သီချင်းတစ်ပုဒ်လို၊ တီးမည့်သူ မရှိသည့် guitar တစ်လက်လို၊ Marshmallow မပါဘဲ သောက်ရသည့် ချောကလက်ပူပူတစ်ခွက်လို ၊ ထောပတ်သုတ်မထားသည့် ပေါင်မုန့်တစ်ချပ်လို၊ အသားလုံးမပါဘဲ စားရသည့် Spaghettiတစ်ပွဲလို...
သူ့ကိုယ်သူ မပြည့်စုံသလို ခံစားနေရသည်။

Training သွားနိုင်သည်ဆိုမှတော့ ယံယံက နေကောင်းလို့ပဲဖြစ်မှာပါ။ ဒါပေမဲ့ သူ့ကို ဘာလို့ စာပြန်မပို့ရတာလဲ။

ကျောင်းရောက်တော့လည်း ဘောလုံးကွင်းထဲမှာ ဘယ်သူမှ training ဆင်းနေတာ မတွေ့ရ ။ စာသင်ခန်းထဲမှာလည်း ယံယံက ရှိမနေ။ ဉာဏ်ဖုန်းခေါ်တော့လည်း မကိုင်ပါ။ ဉာဏ် စိတ်ပူသည့်အပြင် စိတ်ပါတိုလာသည်။

" ပိုင်ဇေယံ ... မင်း ဘယ်ရောက်နေတာလဲ
ဘာလို့ ငါ့ကို ဘာမှပြန်မပြောတာလဲ "

နေ့လယ်ထမင်းစားချိန်မှာလည်း ယံယံ့ကိုမမြင်ရ။ အားမာန်နှင့် သူရိန့်ကိုသွားမေးတော့ စောစောကအတူရှိပြီး နောက်တော့ ဗိုက်မဆာဘူးဟုပြောပြီး ထွက်သွားသည်တဲ့ ။

ဉာဏ် အသံလွှင့်ခန်းထဲသွားပြီး ပိုင်ဇေယံ ရောက်ရာအရပ်ကနေ သူ့ဆီအမြန်လာပါဟု အော်ချင်စိတ်တောင် ပေါက်နေပါပြီ။

ကန်တင်းမှာ ဉာဏ်ထမင်းစားပြီး ဘောလုံးကွင်းထဲမှာများ ယံယံ ရှိလိုရှိငြား ထပ်သွားကြည့်သော်လည်း မတွေ့။ ဉာဏ်လက်လျှော့ပြီး ပြန်လာသည့်အချိန်မှ ကော်ရစ်ဒါမှာ မီမီဟန်နှင့်ရပ်ပြီး ရယ်ရယ်မောမောစကားပြောနေသော ယံယံ့ကို မြင်လိုက်ရသည်။

" ပိုင်ဇေယံ... ငါနဲ့လိုက်ခဲ့ "

" ဘယ်လဲ ဉာဏ်လင်းထင်... ကျောင်းပြန်တက်...."

စကားကိုဆုံးအောင်မစောင့်ဘဲ ယံယံ့လက်ကို အားနှင့် အတင်းဆွဲခေါ်သွားသူ၏နောက်သို့ ယံယံ မရုန်းနိုင်ဘဲ လိုက်သွားရသည်။ တစ်လောကလုံးအပေါ် နူးညံ့ပြီး ကြင်နာတတ်သည့်ကောင်က ကျောင်းခေါင်မိုးထပ်ရောက်တဲ့အထိ ယံယံ့ကို စကားတစ်ခွန်းမှ ထပ်မပြောဘဲ တခြားကျောင်းသားတွေရှေ့မှာ အကြမ်းပတမ်း ဆွဲသွားတာခံရသဖြင့် စိတ်ထဲလည်း အနည်းငယ်ဝမ်းနည်းလာ၏။

ဉာဏ်လင်းထင်က ကောင်မလေးဘေးမှာကျ နူးနူးညံ့ညံ့နှင့် ပြုံးရယ်နေပြီး သူ့ကျတော့ ဆက်ဆံပုံက ဘီလူးသရဲစီးနေသည့်အတိုင်း ။

" ဉာဏ်လင်းထင် ... လွှတ် ....ဘောမို့ အတင်းဆွဲနေတာလား "

" ငါ့လာအော်မနေနဲ့ ....မင်း ဘယ်တွေသွားနေတာလဲ အရင်ပြော ပိုင်ဇေယံ ....ဘာလို့ ငါ့ဖုန်းကို မကိုင်တာလဲ .... ငါစိတ်ပူနေတာ မင်းမသိဘူးလား "

ယံယံ သိပါသည်။ ဒါပေမဲ့ ဉာဏ်လင်းထင်ဆီမှာ တခြားစိတ်ပူရမည့်သူရော ရှိနေပြီဆိုတဲ့အသိက ယံယံ့ကို တဖြည်းဖြည်းသတ်နေသလို ခံစားနေရသဖြင့် ဉာဏ်ဖုန်းခေါ်တာတွေ၊ စာပို့တာတွေကို လစ်လျူရှုထားခဲ့ခြင်းဖြစ်၏။ သို့သော်လည်း သည်အတွက်ကြောင့် ဉာဏ့်ကို ယံယံစိတ်ဆိုးခွင့်လည်းမရှိတာ နားလည်ပါသည်။

" Sorry... ငါ့ဖုန်းက ဒီနေ့အိမ်မှာ ကျန်ခဲ့လို့ "

" ဒါဆို ဘာလို့ training မရှိဘဲ မနက်က ငါ့ကိုမစောင့်တာလဲ ... training ရှိတောင် မင်း နေမကောင်းဘူးဆို ဖျက်ရမှာလေ "

ယံယံ စိတ်ကိုလျှော့ထားပြီး လေသံအေးအေးလေးနှင့်ပဲ

" training မရှိပါဘူး... နည်းပြနဲ့ နှစ်ယောက်တည်းစကားပြောစရာလေးရှိလို့ပါ "

" အဲဒါကို ငါ့ကို ပြောရင် မင်းသွားချင်တဲ့အချိန် ငါလာမှာပေါ့ "

" ငါက ဘာလို့ မင်းကိုအကုန်ပြောနေရမှာလဲ ဉာဏ်လင်းထင် .... မင်းလဲ ငါ့ကို မပြောဘဲ ဖုံးထားတာတွေ ရှိမှာပဲ "

သည်လိုပြောရင်းနှင့်ပင် ယံယံ ငိုချင်လာပေမဲ့ အခုအချိန်မှာတော့ မျက်ရည်ကျလို့မဖြစ်သေးပါ ။

" ငါ မင်းမသိအောင် ဖုံးထားတာ ဘာမှမရှိဘူး ယံယံ "

" အင်းပါ...မပြောမိတာ ငါမှားပါတယ် ....သွားရအောင် ဉာဏ်လင်းထင်....ကျောင်းတက်တော့မှာ "

ဉာဏ့်စိတ်ထဲ တစ်ခုခုမှားနေသလို ခံစားရပေမဲ့ တစ်မနက်လုံး သူမမြင်ရသည့်မျက်နှာမှာ အခုလည်း အရမ်းပင်ပန်းနေသည့်ပုံ ပေါက်နေသဖြင့် ဘာမှထပ်မမေးလိုက်တော့ပါ ။

" အခုက နေကောင်းပြီလား "

" ကောင်းပြီ "

" ညနေကျရင်တော့ ဘယ်သူနဲ့မှလိုက်မသွားနဲ့နော် ယံယံ ...မင်းမပါဘဲ ဆိုင်ကယ်စီးရတာ တစ်မျိုးကြီးပဲ "

"အွန်း... ငါ မင်းကို စောင့်နေပါ့မယ် "

ခြောက်တန်းနှစ်ကတည်းက ကျောင်းသွားတိုင်း စက်ဘီးတစ်စီးနှင့် ဉာဏ် သူ့အိမ်ရှေ့ရောက်လာမည့်အချိန်ကို ယံယံ စောင့်ခဲ့ရသည်။ အတန်းခေါင်းဆောင်မို့ ကျောင်းသားတွေအားလုံးပြန်မှ တံခါးဘာညာပိတ်ပြီး နောက်ဆုံးကနေထွက်လာတတ်သူကို စက်ဘီးပေါ်ကနေ စောင့်နေရတာမျိုး ရှိခဲ့ပေမဲ့ အဲဒီအပေါ်မှာ ယံယံ တစ်ခါမှ မငြိုငြင်ခဲ့ဖူးပါ။ သူ့ရှေ့ရောက်လာတာနှင့် " စောင့်နေရတာကြာပြီလား " ဟုအမြဲမေးတတ်သော အပြုံးချိုချိုလေးကိုမြင်ရတာ သူစောင့်ရသည့်မိနစ်တိုင်းအတွက် ထိုက်တန်သည်ဟု မှတ်ယူခဲ့မိသည်။ အခုကျတော့ အဲဒီမိနစ်တိုင်းက တခြားတစ်ယောက်နှင့် ရှိနေတာပဲဖြစ်မည်ဆိုသည့်အတွေးက နေရာယူထားသည့်အခါ ယံယံ့ရင်ဘတ်တစ်နေရာက အနည်းငယ်နာကျင်ရပါသည်။

သည်ရက်ပိုင်း မကြာခဏ ဉာဏ်နှင့် မဖြူစင်သန့်ကိာ အတူတွဲမြင်ရတတ်ပေမဲ့ ယံယံ့စိတ်ထဲ နေသားမကျ။
တစ်ခါတလေ ကလေးတုန်းကလို အော်ဟစ်ငိုပစ်ချင်စိတ်ပါ ပေါက်သည်။

ဥပမာ ဉာဏ်လင်းထင်ရဲ့ ဆံပင်တွေက အနည်းငယ် ပွယောင်းနေပြီး အင်္ကျီကြယ်သီးတစ်လုံးပါ ပြုတ်ထွက်နေတာကို မြင်ရသည့် ညနေခင်းမျိုးမှာပေါ့။ ချွေးအနည်းငယ်စို့နေသောမျက်နှာပေါ်မှာ တစ်ခုခုဖြင့် ဖိကိုက်ခံထားရသောကြောင့် နီရဲပြီးပေါက်နေသော နှုတ်ခမ်းတွေကို မြင်ရသည့်အခါ တစ်စုံတခုကို ထုရိုက်ပစ်ချင်စိတ်တွေ ယံယံ့စိတ်ထဲ တဖွားဖွားပါ။

ဉာဏ့်ဆိုင်ကယ်နောက်မှာ အမြဲစွာကျယ်စွာကျယ်ဖြင့် စကားတွေပြောတတ်သော၊ လမ်းမှာတွေ့သည့်မုန့်ကို ရပ်ဝယ်ခိုင်းပြီး သွားရင်းလာရင်းစားတတ်သော ယံယံက အခုတလော နောက်ကနေတိတ်တဆိတ်ပဲ လိုက်ပါလာတာကို ရှေ့ကနေဆိုင်ကယ်စီးရင်း ဉာဏ်လည်း သတိမထားမိဘဲ မနေပါ။ ဒီရက်ပိုင်းတွေမှာ ယံယံက ဉာဏ့်ကို မသိမသာ ရှောင်နေသလိုလည်း ခံစားနေရသည်။ ညဘက်ဆိုလည်း ဉာဏ်က messageတွေ အများကြီးပို့ပေမဲ့ ယံယံကတော့ အင်း၊အဲ၊ good night လောက်သာ ဝတ်ကျေတန်းကျေ ပြန်ပို့သည်။

ယံယံက သူ့အပေါ်မှာ ဒီလိုမျိုးအေးစက်နေတာကို ဉာဏ် လုံးဝမနေတတ်ပါ။ ဒီကိစ္စကို ယံယံနှင့် ပွင့်ပွင့်လင်းလင်းပြောမှ ဖြစ်တော့မည်။

ညနေကျူရှင်ပြီးတော့ သူတို့အိမ်ပြန်နောက်ကျမည့်အကြောင်း ဉာဏ် မားကိုအရင်ဖုန်းဆက်အကြောင်းကြားပြီးမှ

" ယံယံ... ငါ‌တို့ ကျုံးဘက်သွားရအောင် ... ညဘက် ကျုံးဘေးရှုခင်းလဲကြည့်ရင်း "

" မင်းသွားချင်သွားလေ "

ယံယံက ဉာဏ့်သဘောအတိုင်း လိုက်လျောချင်လွန်း၍ မဟုတ်ဘဲ ဉာဏ်နှင့် အတိုက်အခံ မလုပ်ချင်သောကြောင့် အလွယ်တကူ လက်ခံလိုက်သည့်သဘော။

" ဗိုက်ဆာပြီလား ယံယံ...တစ်ခုခုစားမလား "

" မဆာသေးဘူး ... မင်း ‌ဆာရင်တော့စားလေ "

သူတို့ဘာမှမစားဘဲ ကျုံးနံဘေးက ခုံတန်းတစ်ခုပေါ်မှာပဲ ထိုင်ခဲ့ကြသည်။ ဘယ်သူကမှလည်း စကား စမပြောဖြစ်။ တအောင့်လောက်ကြာမှ ဉာဏ့်ဘက်က အရင်စကာ

" ယံယံ...မင်း ဒီရက်ပိုင်း ဘာဖြစ်နေတာလဲ ...
ငါ့ကို တစ်ခုခုစိတ်ဆိုးနေတယ်ဆိုရင်လဲ ပြောပါလား... မင်း ပုံမှန်မဟုတ်တာ ငါသိတယ်.... ပြီးတော့ မင်း အခုလိုဖြစ်နေတာ ငါမနေတတ်ဘူး "

ယံယံက ချက်ချင်း ဘာမှပြန်မတုံ့ပြန်ဘဲ ခြေထောက်ကို ခုံပေါ်တင်ကာ သူ့ဒူးနှစ်ဖက်ကို လက်ဖြင့်ပိုက်ထားပြီး ဉာဏ့်ကို ခဏလောက် ကြည့်နေ၏ ။ ပြီးမှ ...

" မင်းမှာ ရည်းစားရှိတာ ဘယ်အချိန်ကျမှ ငါ့ကိုပြောမှာလဲ ဉာဏ် "

" ရည်းစား...ဘယ်ကရည်းစားလဲ...ငါ့ရည်းစားလား...ဘယ်သူလဲ "

ဉာဏ် မသိဘူးလေ။ သူ့မှာမှ မရှိတာ ။ သူဘယ်လိုလုပ်သိမှာလဲ။ ဘယ်ကဘယ်လို သူကရည်းစားရပြီး ယံယံက အခုလိုပြောရတာလဲ။ သူ့ဟာသူတောင် မကြာခင်ကျင်းပတော့မည့် ကျောင်းသားစုံညီပွဲတော်အတွက် အလုပ်ရှုပ်နေရသည့်အထဲ ။ အခု သူတောင်မသိဘဲ ရည်းစားက ရနေပြန်သည်။

" မဖြူစင်သန့်လေ ...ဘာလို့ မသိချင်ယောင်ဆောင်နေတာလဲ "

" မဖြူစင်သန့် ဟုတ်လား "

အံ့ဩလွန်းလို့ ဉာဏ် ဘုရားတောင် တချင်သွားသည်။

" အင်း ...အဲဒါ မင်းကောင်မလေး မဟုတ်ဘူးလား "

ဉာဏ် စိတ်ပေါက်ပေါက်ဖြင့် ယံယံ့ခေါင်းကို လက်သီးနှင့် ထုချလိုက်သည်။ နာမှာတော့မဟုတ်ပါ ။

" ဘာတွေလျှောက်ပြောနေတာလဲ ...အဲ့အစ်မက ဆယ့်နှစ်တန်းက ကိုနေလင်း ရည်းစားလေ ... ကိုနေလင်း ကြားသွားမှ ငါက အလကားနေရင်း အထိုးခံနေရဦးမယ် "

ဒါဆို သော်ဇင်က ယံယံ့ကိုလျှောက်ပြောတာပေါ့။ ယံယံ့မှာတော့ ဒီတစ်ပတ်လုံး ထမင်းတောင် ကောင်းကောင်းမစားနိုင်။ ခန့်သော်ဇင်ဆိုတဲ့အကောင်ကို စိတ်ထဲကနေ မေတ္တာပို့လိုက်မိသည်။

{ မအေဘေး သော်ဇင်... မင်းတော့ မနက်ဖြန်ငါနဲ့‌တွေရင် အသေပဲ }

" တကယ်ပြောတာလား "

" ငါက ဘာလို့လိမ်ရမှာလဲ ...
မင်းကို ဘယ်သူက အဲ့လိုပြောတာလဲ ...ငါ့ကိုပြော "

" ခန့်သော်ဇင် "

" အဲ့လို ပေါက်ကရပြောတတ်တဲ့ကောင်ကို မင်းက ယုံတယ်ပေါ့ ဟုတ်လား ..ငါ့ကိုတောင် မမေးဘဲနဲ့လေ "

" မင်းတို့နှစ်ယောက်ကို ဒီရက်ပိုင်း တတွဲတွဲနဲ့ ငါလဲ မြင်နေရတာပဲ "

" မြင်ရင်လဲမေးပါလား... ငါတို့ဘာလုပ်နေကြတာလဲလို့ "

" ဘာလုပ်နေကြတာလဲ "

" စုံညီပွဲအတွက် အစီအစဉ်တွေ ဆွဲနေကြတာ.. ဒီနှစ် ကျောင်းသားတွေ ပိုပြီးပျော်ရအောင်လို့ အနုပညာရှင်တွေရောဖိတ်ဖို့ တိုင်ပင်ပြီးစီစဉ်နေကြတာ .... တီးဝိုင်းကိစ္စရော ...အဲဒါမို့ သူက ငါ့‌ဆီ ခဏခဏလာနေတာ ... ဘာတွေလျှောက်ထင်နေတာလဲ ... ဘောလုံးချည်းမကန်ဘဲ ကျောင်းကိစ္စလေးလဲ စိတ်ဝင်စားပါဦး "

အနည်းငယ် စိတ်တိုနေသောလေသံဖြင့် တရစပ်ရှင်းပြနေသော ဉာဏ့်ကိုကြည့်ပြီး ယံယံ့စိတ်ထဲမှာ ပျော်လာသလိုပါ။ ဒါပေမဲ့ ဉာဏ့်ရဲ့ပြုတ်ထွက်နေတဲ့ ကြယ်သီးတစ်လုံးက ဘယ်လိုဖြစ်တာလဲ။

" ဒါဆို မင်းရည်းစားက ဘယ်သူလဲ "

" ဘယ်ကရည်းစားလဲ ... ငါ့မှာ မရှိပါဘူးဆို "

" မင်း ကြယ်သီးတွေလဲ ပြုတ်ထွက်လို့ ...နှုတ်ခမ်းတွေလဲ ပေါက်လို့ ... ဘယ်လိုဖြစ်တာလဲ အဲ့ဒါက "

ဒါက အံ့ဩစရာအကောင်းဆုံး။ ပိုင်ဇေယံတို့က ဉာဏ့်ကို ရည်းစားနှင့် ဘယ်အဆင့်ထိရောက်နေတယ်များ ထင်နေလဲမသိ။ ယံယံ့ခေါင်းကို နောက်တစ်ချက် ထပ်ထုပစ်လိုက်သည်။ ဒီတစ်ချက်ကတော့ အားနည်းနည်းပါ၏။

" နာတယ်ဟ "

" မင်း ငါ့ကို ဘယ်လိုလူအောက်မေ့နေတာလဲ ပိုင်ဇေယံ... ကျောင်းမှာ ငါက တစ်ချောင်ချောင်သွားပြီး ရည်းစားနဲ့ပလူးနေမယ်လို့ ထင်နေတယ်ပေါ့ ဟုတ်လား "

ဟုတ်တော့လည်း ဟုတ်သားပဲ။ ဉာဏ်လင်းထင် လို စံပြကျောင်းသားက စာသင်ကျောင်းမှာ ဒီလိုမျိုး မဖွယ်မရာတွေ လုပ်ပါ့မလား။ ယံယံ့ကြောင့်သာ ဘောလုံးပွဲထဲဝင်ပြီး ရန်တစ်ခါဖြစ်ဖူးခြင်းပင် ။ သို့ပေမဲ့ ဉာဏ့်နှုတ်ခမ်း ဘာဖြစ်တာလဲဆိုတာတော့ ယံယံ သိချင်သေးသည် ။

" မသိဘူးလေ ငါမြင်ရတာမှမဟုတ်တာ ...အဲဒါဆို မင်းနှုတ်ခမ်းက ဘာဖြစ်တာလဲ "

" တီးဝိုင်းခန်းထဲမှာ ပစ္စည်းတွေရွှေ့ရင်းနဲ့ ခိုက်မိတာ... ငါ့မှာ ခုံတွေကို ဟိုရွှေ့ဒီရွှေ့နဲ့ အမောကိုစို့နေတာပဲ ... ကြယ်သီးကလဲ အဲ့တုန်းက ပြုတ်သွားတာနေမှာပေါ့ ...မသိလိုက်ဘူး ...ငါ့ကိုကျ လာကူမပေးဘဲနဲ့ ... လျှောက်ထင်နေတယ် ....ချီးပဲ "

နှုတ်ခမ်းတွေပါထော်နေအောင် ရန်တွေ့နေသူကိုကြည့်ပြီး ယံယံ့ဆီမှာ စောစောလေးကအထိ ဝမ်းနည်းနေသော ခံစားချက်အားလုံး ပျောက်သွားသည်။ နာနေသည့် ရင်ဘတ်တစ်နေရာမှာလည်း ပျော်ရွှင်မှုတွေ ပြန်အစားထိုးလာ၏ ။

" ဟုတ်ပါပြီ....ဟုတ်ပါပြီ... ငါမသိလို့ပါ... နောက်တစ်ခါဆို လာကူပေးပါ့မယ် "

သိသိသာသာ အရောင်ပြောင်းသွားသော မျက်နှာလေးကြောင့် ဒီရက်ပိုင်း ယံယံ့ သူ့အပေါ် ဆက်ဆံပုံ တစ်မျိုးပြောင်းနေတာ ဒါကြောင့်ဆိုတာ ဉာဏ် နားလည်လိုက်ပါပြီ ။

" နောက်ဆို ငါ့ကိုအရင်မေး ... အခုလို တစ်ယောက်တည်း ဘာမှမပြောဘဲ ကြိတ်သဝန်တိုနေတာ မင်းနဲ့မလိုက်ဘူး ပိုင်ဇေယံ "

" ဘယ်သူက သဝန်တိုလို့လဲ "

" မင်းလေ "

" ငါက ဘာလို့သဝန်တိုရမှာလဲ ...မတိုပါဘူး "

" ဒါဆို ငါ့ကို စကား ကောင်းကောင်းမပြောတာ ဘာဖြစ်တာလဲ ပြော "

ယံယံ အထင်လွဲမိတာကို ဉာဏ်က အခုထိ မကျေနပ်သည့်လေသံဖြင့် ။ ဘာမှပြန်မဖြေဘဲ ခုံတန်းပေါ် လှဲအိပ်ချရင်း သူ့လက်သူခေါင်းခုလို့ရပေမဲ့ ဉာဏ့်ရဲ့ ပေါင်ကိုပဲ ခေါင်းအုံးလုပ်ဖို့ ရွေးလိုက်သည်။

ကျုံးနံဘေးမှာ နေရောင်မရှိတော့။ တစ်ခေတ်တစ်ခါက ကိုယ့်ထီး ၊ ကိုယ့်နန်း ၊ ကိုယ့်ကြငှန်းနှင့် ထီးနန်းစိုးစံခဲ့ကြသော သက်ဦးဆံပိုင်ဘုရင်တို့ စံမြန်းရာ ရွှေနန်းတော်ကြီးက မန္တလေးမြို့၏ ညရှုခင်းကို ပိုပြီးခမ်းနားတင့်တယ်အောင် အားဖြည့်ပေးနေသည်။

ဘာပူလောင်ခြင်းမှမရှိတော့ဘဲ ယံယံ့နှလုံးသားထဲမှာ ခံစားနေရသည့် အေးမြကြည်နူးမှုလေးက မျက်မှာပေါ်မှာ ဖြတ်တိုက်သွားသော လေနုအေးလေးကြောင့်လား။ ဒါမှမဟုတ် သူ့မျက်စိရှေ့က အပြုံးချိုချိုလေးကြောင့်လား။

ခုံတန်းနောက်မှီပေါ်ကို တင်ထားသည့် ဉာဏ့်လက်တစ်ဖက်ကို ယံယံဆွဲယူလိုက်ပြီး သူ့လက်တွေနှင့် ဆုပ်ကိုင်ထားလိုက်သည်။

" ဉာဏ်...မင်း ငါ့နောက်မှ ရည်းစားထားရမှာနော် ... မဟုတ်ရင် ငါတစ်ယောက်တည်း ကျန်ခဲ့မှာကြောက်တယ် "

ဉာဏ့်ကိုမော့ကြည့်ပြီး ပြောလာသူကို ခဏလောက် ငုံ့မိုးကြည့်နေခဲ့ပြီးနောက်မှာတော့ ဉာဏ် သက်ပြင်းဖွဖွချကာ စကားတစ်ခွန်းကို လေးလေးနက်နက်ဆိုလိုက်၏။

" ငါ မင်းကို ဘယ်တော့မှ ထားမသွားဘူး ယံယံ "

ကျုံးရေပြင်လို ယံယံ့နှလုံးသားထဲမှာလည်း အနည်းငယ် လှုပ်ခတ်သွားရပြီး လက်ချောင်းချင်း ရောယှက်လာသည့် ဉာဏ့်လက်တွေကို တစ်ဖန်ပြန် ဆုပ်ကိုင်ထားလိုက်သည်။

တွဲထားပြီးသားလက်တွေကို ဖြုတ်ချပြီး နှုတ်ဆက်ရမှာတော့ ယံယံ သိပ်ကြောက်မိပါသည် ။

#PoPoPhoenix

*
*
*
*
*

( Zgi )

ၾကားလိုက္ရေသာ စကားႏွင့္ ျမင္ကြင္းထဲမွာ ေရာက္လာေသာ ပုံရိပ္ႏွစ္ခုက ယံယံ့တစ္ကိုယ္လုံးကို ေတာင့္တင္းသြားၿပီး လွည့္ပတ္ေနေသာေသြးမ်ားပါ ရပ္တန႔္သြားသလို ခံစားရေစသည္။

ဉာဏ္လင္းထင္က မိန္းကေလးတစ္ေယာက္ႏွင့္အတူ ၿပဳံးရယ္ၿပီး သူတို႔ရွိရာလာေန၏။ ဉာဏ့္ေဘးကမိန္းကေလးကို ယံယံလည္း ျမင္ဖူးပါသည္။ ေသခ်ာမသိေပမဲ့ ဆယ့္တစ္တန္းက စီနီယာအစ္မတစ္ေယာက္။

ဉာဏ့္ထက္ ေခါင္းတစ္လုံးေလာက္ အရပ္နိမ့္ေသာ စီနီယာက ဉာဏ့္မ်က္ႏွာကို ေမာ့ၾကည့္ၿပီး စကားေျပာေနရင္း လက္ကလည္း တစ္ခ်က္တစ္ခ်က္ ဉာဏ့္လက္ေမာင္းကို သြားကိုင္လိုက္ေသး၏။ ဉာဏ္ကလည္း ေခါင္းတညိတ္ညိတ္ႏွင့္ ေဘးကေျပာသမွ်ကို ၿပဳံးနားေထာင္ေနသည္။ ေရွ႕မွာ သူႏွင့္ ခန႔္ေသာ္ဇင္ကိုျမင္တာေတာင္ ဘယ္လိုမွမေနဘဲ စကားေျပာမျပတ္ ေလွ်ာက္လာသည့္ ပုံစံကိုၾကည့္ၿပီး ယံယံ့ရင္ဘတ္တစ္ေနရာစီက ဆစ္ခနဲနာက်င္လာသလိုပါ။

" ခဏေလး ေသာ္ဇင္ .... ငါ မင္းနဲ႔လိုက္ခဲ့မယ္ "

ေသာ္ဇင္ကလည္း ဉာဏ္တို႔ႏွစ္ေယာက္ကို ျမင္သျဖင့္

" ဟိုမွာ ဉာဏ္ လာၿပီေလ "

" ငါ မင္းနဲ႔ပဲ လိုက္ခဲ့မယ္ ... ေက်းဇူးျပဳၿပီး ဒီေနရာကေန ျမန္ျမန္သြားပါေတာ့ "

သူလာတာျမင္ေနပါလ်က္ႏွင့္ ေသာ္ဇင့္ဆိုင္ကယ္ေနာက္ကေန တက္လိုက္သြားေသာ ယံယံ့ကို ဉာဏ္အံ့ဩသြားကာ ဒီတိုင္းၾကည့္ေနမိၿပီးမွ

" ပိုင္ေဇယံ "

လွမ္းေအာ္လိုက္ေပမဲ့ ယံယံတို႔ဆိုင္ကယ္က ဉာဏ္ႏွင့္ေဝးေဝးကို ေရာက္သြားပါၿပီ။

" ဉာဏ္နဲ႔အတူလာတာ မျဖဴစင္သန႔္ေလ ...သူ႔ကို မင္းမသိဘူးလား ယံယံ "

" မသိဘူး ... ျမင္ေတာ့ျမင္ဖူးပါတယ္ "

" မင္းကလဲ မျဖဴစင္သန႔္ကို ဒီရက္ပိုင္း ဉာဏ္နဲ႔ အၿမဲအတူေတြ႕ေနရတာကို မသိဘူးတဲ့ .... မင္းက ငါတို႔အခန္းထဲက မဟုတ္လို႔ .....အဲ့အစ္မက အခုတေလာ ဉာဏ့္ဆီအၿမဲလာၿပီး ဉာဏ္ကလဲ သူလာေခၚတိုင္း လိုက္လိုက္သြားတာ ငါတို႔အခန္းထဲကလူေတြဆို အကုန္သိတယ္ "

ေသာ္ဇင့္စကားေတြက ယံယံ့ႏွလုံးသားကို လက္ဖဝါးၾကမ္းၾကမ္းႏွင့္ ဆုပ္ေခ်ေနသည့္ႏွယ္ပင္ ။

" အင္းပါ ... အဲဒါ ငါ့ကိစၥမဟုတ္ပါဘူး... ငါ့ကို အိမ္ျပန္ပို႔ေပးပါလား ေသာ္ဇင္....ငါ ဗိုက္ေတြေအာင့္ေနလို႔ ဒီညေန က်ဴရွင္မတက္ေတာ့ဘူး "

႐ုတ္ရက္ႀကီး ဗိုက္ထနာသြားေသာ ယံယံ့ကို ေသာ္ဇင္ကေတာ့ ဘယ္လိုထင္မည္ မသိပါ ။ ယံယံေျပာသလိုေတာ့ အိမ္လိုက္ပို႔ေပးပါသည္။

" ယံယံ ...သား က်ဴရွင္မရွိဘူးလား ဒီေန႔ "

" ရွိတယ္ မာမား ...သား ဒီေန႔ နည္းနည္းပင္ပန္းေနလို႔ မတက္တာ ... အနားယူလိုက္ဦးမယ္ေနာ္ "

ေျပာေျပာဆိုဆိုႏွင့္ အေပၚတက္သြားေသာ သားကိုၾကည့္ၿပီး ေဒၚသီတာလည္း အံ့ဩေနမိသည္။ သူမသားက ေတာ္႐ုံတန္႐ုံ ပင္ပန္းတတ္သူေတာ့မဟုတ္။ ေနမ်ားမေကာင္းလို႔လား ။ အခုေရာ ဉာဏ္က ျပန္ပို႔ေပးတာလား။ ဘာမွမေမးလိုက္ရ။ ေရာက္ေရာက္ခ်င္း အိမ္ေပၚတက္ၿပီး အခန္းထဲ တန္းဝင္သြားသည္။ ဒီအ႐ြယ္ေတြဆိုေတာ့ ငယ္ငယ္ကလို မိဘကို ဘာျဖစ္လာပါတယ္ဆိုၿပီး လုံးေစ့ပတ္ေစ့လည္း မေျပာျပေတာ့ဘူးေလ။

ဉာဏ္ကေတာ့ က်ဴရွင္မွာ ေသာ္ဇင့္ကိုပဲျမင္ၿပီး ယံယံ့ကို မေတြ႕ရသျဖင့္ ေခါင္းထဲမွာ ေမးခြန္းေတြမ်ားသြားရသည္။ ယံယံက ဘယ္ေရာက္သြားတာလဲ။ တစ္ခါမွ သူ႔ေနာက္ကလြဲၿပီး ဘယ္သူႏွင့္မွ မလိုက္ဖူးတဲ့သူက သည္ကေန႔မွ ထူးထူးဆန္းဆန္း ေသာ္ဇင့္ဆိုင္ကယ္ေနာက္က စီးသြားသည္။ ငယ္ငယ္ကဆို ရန္ျဖစ္ထားလို႔ စကားမေျပာလွ်င္ေတာင္ စက္ဘီးတစ္စီးစီျဖင့္ ေက်ာင္းသြားေက်ာင္းျပန္ အတူေစာင့္ၿပီးမွ သြားေလ့ရွိ၏။ အခုေတာ့ သူ႔ကိုမေစာင့္ဘဲ အရင္ထြက္သြားသည္။

" ပိုင္ေဇေရာ ေသာ္ဇင္ ...မင္းနဲ႔အတူလိုက္သြားတာ ငါျမင္လိုက္ပါတယ္ "

" ဟုတ္တယ္ ... ဗိုက္ေအာင့္ေနလို႔တဲ့... သူ႔အိမ္ျပန္ပို႔ခိုင္းလို႔ ငါလိုက္ပို႔ေပးခဲ့တယ္ "

ေနမေကာင္းတာလည္း ယံယံက သူ႔ကို ဘာမွမေျပာ။ ေတာ္ေတာ္မ်ား ေအာင့္ေနလို႔လား။ ဉာဏ္ တစ္ညေနလုံး စာသင္ရတာ စိတ္မပါေပ။ က်ဴရွင္ဆင္းဖို႔သာ စိတ္ေစာေန၏။

အိမ္ကိုတန္းမျပန္ဘဲ ယံယံ့အိမ္ကို အရင္ဝင္ေတာ့ အန္တီသီတာႏွင့္ အရင္ေတြ႕သည္။

" အန္တီ ယံယံ ေရာ "

" ေက်ာင္းကျပန္လာကတည္းက သူ႔အခန္းထဲဝင္သြားတယ္ သားဉာဏ္... သြားၾကည့္လိုက္ပါလား.... ခုနက အန္တီ သြားၾကည့္တုန္းကေတာ့ အိပ္ေပ်ာ္ေနတယ္ "

ဉာဏ္ အခန္းထဲဝင္သြားေတာ့ ယံယံက အိပ္ေပ်ာ္ေနသည္။ ဉာဏ္လည္း အိပ္ရာေပၚမွာ ေဘးတေစာင္း ဝင္ထိုင္ၿပီး အိပ္ေပ်ာ္ေနသူကို ခဏေလာက္ထိုင္ၾကည့္ေနၿပီးမွ နဖူးကို လက္ျဖင့္အသာစမ္းၾကည့္မိ၏။ နည္းနည္းေငြ႕ေနေပမဲ့ တအားႀကီးေတာ့ အဖ်ားမရွိေလာက္ပါဘူးဟု ယူဆရသည္။

" ေနမေကာင္းရင္လဲ ငါ့ကိုေျပာတာမဟုတ္ဘူး ...
ဘာလို႔ ေသာ္ဇင့္ကို ျပန္လိုက္ပို႔ခိုင္းရတာလဲ "

မ်က္ႏွာေပၚ ဝဲက်ေနသည့္ ယံယံ့ဆံပင္ေလးမ်ားကို သပ္တင္ေပးၿပီး ေျခသံဖြဖြျဖင့္ အခန္းထဲကျပန္ထြက္လာခဲ့၏ ။

ည ခုနစ္နာရီခြဲေလာက္မွ ယံယံ့ဆီကို အေျခအေန အက်ိဳးအေၾကာင္း လွမ္းေမးဖို႔ ဖုန္းေခၚၾကည့္ရာ ယံယံက သူ႔ဖုန္းကိုမကိုင္သျဖင့္ message ပို႔ထားလိုက္သည္။

7:30 pm
" ယံယံ သက္သာလား ... ဗိုက္ေအာင့္လို႔ဆို....ငါ က်ဴရွင္ျပန္ေတာ့ ဝင္ခဲ့ေသးတယ္...မင္းအိပ္ေပ်ာ္ေနလို႔ မႏႈိးတာ... ငါ့ကို ဖုန္းျပန္ေခၚဦး "

နာရီဝက္ၾကာတဲ့အထိ ယံယံ့ဆီက စာျပန္မလာေပ။ သူတို႔အရင္က အျပန္အလွန္ပို႔ထားေသာ message မ်ားကို ျပန္ဖတ္ၿပီး ဉာဏ္ ေနာက္ထပ္ တစ္ေစာင္ၿပီးတစ္ေစာင္ ပို႔ေနမိသည္။

8:00 pm
" အေစာႀကီးအိပ္သြားၿပီလား .... ေဆးေရာ ေသာက္ရဲ႕လား ပိုင္ေဇယံ "

8:15 pm
" ေနမေကာင္းရင္ ေစာေစာအိပ္ေနာ္.... ငါ မနက္က် ေက်ာင္းသြားရင္း ေစာလာခဲ့မယ္ "

8:40 pm
" မနက္စာ ဘာမုန္႔စားခ်င္လဲ ေျပာထားဦး.... ငါ ဝယ္ခဲ့မယ္ေနာ္ "

9:00 pm
" ဒီတစ္ပတ္ တနဂၤေႏြေန႔က် ႐ုပ္ရွင္သြားၾကည့္ရေအာင္ ယံယံ .... Superman ဇာတ္ကားအသစ္ ႐ုံတင္မွာ... ငါလက္မွတ္ဝယ္ထားမယ္ "

9:20 pm
" ငါတစ္ေယာက္တည္း ပ်င္းလိုက္တာကြာ ... မင္းက ဘာမွျပန္မေျပာေတာ့ ေျခာက္ကပ္ကပ္ႀကီး ... မင္း ေက်ာင္းပိတ္ရက္ ထားဝယ္ ျပန္သြားသလိုမ်ိဳးပဲ ....ငါ မင္းကို လြမ္းေတာင္လာၿပီ "

9:45 pm
" ဗိုက္က သက္ေရာသက္သာရဲ႕လား ယံယံ ...
ေဆးခန္းသြားရမယ္ဆို ဘယ္အခ်ိန္ျဖစ္ျဖစ္ ငါ့ကိုလွမ္းေခၚေနာ္...ငါ မင္းကိုစိတ္ပူလို႔ "

10:00 pm
" ငါလည္း အိပ္ၿပီ ...မနက္မွေတြ႕မယ္
Good Night "

မနက္က် ေက်ာင္းသြားဖို႔ ဉာဏ္ အိမ္ကေန ဆယ့္ငါးမိနစ္ေလာက္ ေစာထြက္ခဲ့ေပမယ့္ ယံယံက မရွိေတာ့။ ညက သူပို႔ထားသည့္ စာေတြကိုလည္း ၾကည့္ထားေပမဲ့ ဘာမွျပန္ေျပာမထားပါ။ အခုလည္း နည္းျပက အေစာႀကီး ေခၚထားသည္ဟု အိမ္ကိုေျပာၿပီး လြန္ခဲ့တဲ့နာရီဝက္ေလာက္ကတည္းက ကားႏွင့္လိုက္ပို႔ခိုင္းခဲ့သည္တဲ့ ။

ေန႔တိုင္း ႏွစ္ေယာက္အတူသြားေနၾကကို ယံယံ မပါေတာ့ ဉာဏ့္စိတ္ထဲမွာ ဟာတာတာျဖစ္ေန၏။

Hermioneမပါသည့္ Ronလို၊ Lois Lane မရွိသည့္ Supermanလို၊ Clyde နဲ႔တြဲမျမင္ရသည့္ Bonnie လို ၊ ၾကယ္ေရာင္မျမင္ရသည့္ ညေကာင္းကင္လို ၊ ေနေရာင္ျခည္မရရွိသည့္ ေအးစက္စက္ေဆာင္းမနက္ခင္းတစ္ခုလို၊ သံစဥ္မပါသည့္ သီခ်င္းတစ္ပုဒ္လို၊ တီးမည့္သူ မရွိသည့္ guitar တစ္လက္လို၊ Marshmallow မပါဘဲ ေသာက္ရသည့္ ေခ်ာကလက္ပူပူတစ္ခြက္လို ၊ ေထာပတ္သုတ္မထားသည့္ ေပါင္မုန႔္တစ္ခ်ပ္လို၊ အသားလုံးမပါဘဲ စားရသည့္ Spaghettiတစ္ပြဲလို...
သူ႔ကိုယ္သူ မျပည့္စုံသလို ခံစားေနရသည္။

Training သြားႏိုင္သည္ဆိုမွေတာ့ ယံယံက ေနေကာင္းလို႔ပဲျဖစ္မွာပါ။ ဒါေပမဲ့ သူ႔ကို ဘာလို႔ စာျပန္မပို႔ရတာလဲ။

ေက်ာင္းေရာက္ေတာ့လည္း ေဘာလုံးကြင္းထဲမွာ ဘယ္သူမွ training ဆင္းေနတာ မေတြ႕ရ ။ စာသင္ခန္းထဲမွာလည္း ယံယံက ရွိမေန။ ဉာဏ္ဖုန္းေခၚေတာ့လည္း မကိုင္ပါ။ ဉာဏ္ စိတ္ပူသည့္အျပင္ စိတ္ပါတိုလာသည္။

" ပိုင္ေဇယံ ... မင္း ဘယ္ေရာက္ေနတာလဲ
ဘာလို႔ ငါ့ကို ဘာမွျပန္မေျပာတာလဲ "

ေန႔လည္ထမင္းစားခ်ိန္မွာလည္း ယံယံ့ကိုမျမင္ရ။ အားမာန္ႏွင့္ သူရိန႔္ကိုသြားေမးေတာ့ ေစာေစာကအတူရွိၿပီး ေနာက္ေတာ့ ဗိုက္မဆာဘူးဟုေျပာၿပီး ထြက္သြားသည္တဲ့ ။

ဉာဏ္ အသံလႊင့္ခန္းထဲသြားၿပီး ပိုင္ေဇယံ ေရာက္ရာအရပ္ကေန သူ႔ဆီအျမန္လာပါဟု ေအာ္ခ်င္စိတ္ေတာင္ ေပါက္ေနပါၿပီ။

ကန္တင္းမွာ ဉာဏ္ထမင္းစားၿပီး ေဘာလုံးကြင္းထဲမွာမ်ား ယံယံ ရွိလိုရွိျငား ထပ္သြားၾကည့္ေသာ္လည္း မေတြ႕။ ဉာဏ္လက္ေလွ်ာ့ၿပီး ျပန္လာသည့္အခ်ိန္မွ ေကာ္ရစ္ဒါမွာ မီမီဟန္ႏွင့္ရပ္ၿပီး ရယ္ရယ္ေမာေမာစကားေျပာေနေသာ ယံယံ့ကို ျမင္လိုက္ရသည္။

" ပိုင္ေဇယံ... ငါနဲ႔လိုက္ခဲ့ "

" ဘယ္လဲ ဉာဏ္လင္းထင္... ေက်ာင္းျပန္တက္...."

စကားကိုဆုံးေအာင္မေစာင့္ဘဲ ယံယံ့လက္ကို အားႏွင့္ အတင္းဆြဲေခၚသြားသူ၏ေနာက္သို႔ ယံယံ မ႐ုန္းႏိုင္ဘဲ လိုက္သြားရသည္။ တစ္ေလာကလုံးအေပၚ ႏူးညံ့ၿပီး ၾကင္နာတတ္သည့္ေကာင္က ေက်ာင္းေခါင္မိုးထပ္ေရာက္တဲ့အထိ ယံယံ့ကို စကားတစ္ခြန္းမွ ထပ္မေျပာဘဲ တျခားေက်ာင္းသားေတြေရွ႕မွာ အၾကမ္းပတမ္း ဆြဲသြားတာခံရသျဖင့္ စိတ္ထဲလည္း အနည္းငယ္ဝမ္းနည္းလာ၏။

ဉာဏ္လင္းထင္က ေကာင္မေလးေဘးမွာက် ႏူးႏူးညံ့ညံ့ႏွင့္ ၿပဳံးရယ္ေနၿပီး သူ႔က်ေတာ့ ဆက္ဆံပုံက ဘီလူးသရဲစီးေနသည့္အတိုင္း ။

" ဉာဏ္လင္းထင္ ... လႊတ္ ....ေဘာမို႔ အတင္းဆြဲေနတာလား "

" ငါ့လာေအာ္မေနနဲ႔ ....မင္း ဘယ္ေတြသြားေနတာလဲ အရင္ေျပာ ပိုင္ေဇယံ ....ဘာလို႔ ငါ့ဖုန္းကို မကိုင္တာလဲ .... ငါစိတ္ပူေနတာ မင္းမသိဘူးလား "

ယံယံ သိပါသည္။ ဒါေပမဲ့ ဉာဏ္လင္းထင္ဆီမွာ တျခားစိတ္ပူရမည့္သူေရာ ရွိေနၿပီဆိုတဲ့အသိက ယံယံ့ကို တျဖည္းျဖည္းသတ္ေနသလို ခံစားေနရသျဖင့္ ဉာဏ္ဖုန္းေခၚတာေတြ၊ စာပို႔တာေတြကို လစ္လ်ဴရႈထားခဲ့ျခင္းျဖစ္၏။ သို႔ေသာ္လည္း သည္အတြက္ေၾကာင့္ ဉာဏ့္ကို ယံယံစိတ္ဆိုးခြင့္လည္းမရွိတာ နားလည္ပါသည္။

" Sorry... ငါ့ဖုန္းက ဒီေန႔အိမ္မွာ က်န္ခဲ့လို႔ "

" ဒါဆို ဘာလို႔ training မရွိဘဲ မနက္က ငါ့ကိုမေစာင့္တာလဲ ... training ရွိေတာင္ မင္း ေနမေကာင္းဘူးဆို ဖ်က္ရမွာေလ "

ယံယံ စိတ္ကိုေလွ်ာ့ထားၿပီး ေလသံေအးေအးေလးႏွင့္ပဲ

" training မရွိပါဘူး... နည္းျပနဲ႔ ႏွစ္ေယာက္တည္းစကားေျပာစရာေလးရွိလို႔ပါ "

" အဲဒါကို ငါ့ကို ေျပာရင္ မင္းသြားခ်င္တဲ့အခ်ိန္ ငါလာမွာေပါ့ "

" ငါက ဘာလို႔ မင္းကိုအကုန္ေျပာေနရမွာလဲ ဉာဏ္လင္းထင္ .... မင္းလဲ ငါ့ကို မေျပာဘဲ ဖုံးထားတာေတြ ရွိမွာပဲ "

သည္လိုေျပာရင္းႏွင့္ပင္ ယံယံ ငိုခ်င္လာေပမဲ့ အခုအခ်ိန္မွာေတာ့ မ်က္ရည္က်လို႔မျဖစ္ေသးပါ ။

" ငါ မင္းမသိေအာင္ ဖုံးထားတာ ဘာမွမရွိဘူး ယံယံ "

" အင္းပါ...မေျပာမိတာ ငါမွားပါတယ္ ....သြားရေအာင္ ဉာဏ္လင္းထင္....ေက်ာင္းတက္ေတာ့မွာ "

ဉာဏ့္စိတ္ထဲ တစ္ခုခုမွားေနသလို ခံစားရေပမဲ့ တစ္မနက္လုံး သူမျမင္ရသည့္မ်က္ႏွာမွာ အခုလည္း အရမ္းပင္ပန္းေနသည့္ပုံ ေပါက္ေနသျဖင့္ ဘာမွထပ္မေမးလိုက္ေတာ့ပါ ။

" အခုက ေနေကာင္းၿပီလား "

" ေကာင္းၿပီ "

" ညေနက်ရင္ေတာ့ ဘယ္သူနဲ႔မွလိုက္မသြားနဲ႔ေနာ္ ယံယံ ...မင္းမပါဘဲ ဆိုင္ကယ္စီးရတာ တစ္မ်ိဳးႀကီးပဲ "

"အြန္း... ငါ မင္းကို ေစာင့္ေနပါ့မယ္ "

ေျခာက္တန္းႏွစ္ကတည္းက ေက်ာင္းသြားတိုင္း စက္ဘီးတစ္စီးႏွင့္ ဉာဏ္ သူ႔အိမ္ေရွ႕ေရာက္လာမည့္အခ်ိန္ကို ယံယံ ေစာင့္ခဲ့ရသည္။ အတန္းေခါင္းေဆာင္မို႔ ေက်ာင္းသားေတြအားလုံးျပန္မွ တံခါးဘာညာပိတ္ၿပီး ေနာက္ဆုံးကေနထြက္လာတတ္သူကို စက္ဘီးေပၚကေန ေစာင့္ေနရတာမ်ိဳး ရွိခဲ့ေပမဲ့ အဲဒီအေပၚမွာ ယံယံ တစ္ခါမွ မၿငိဳျငင္ခဲ့ဖူးပါ။ သူ႔ေရွ႕ေရာက္လာတာႏွင့္ " ေစာင့္ေနရတာၾကာၿပီလား " ဟုအၿမဲေမးတတ္ေသာ အၿပဳံးခ်ိဳခ်ိဳေလးကိုျမင္ရတာ သူေစာင့္ရသည့္မိနစ္တိုင္းအတြက္ ထိုက္တန္သည္ဟု မွတ္ယူခဲ့မိသည္။ အခုက်ေတာ့ အဲဒီမိနစ္တိုင္းက တျခားတစ္ေယာက္ႏွင့္ ရွိေနတာပဲျဖစ္မည္ဆိုသည့္အေတြးက ေနရာယူထားသည့္အခါ ယံယံ့ရင္ဘတ္တစ္ေနရာက အနည္းငယ္နာက်င္ရပါသည္။

သည္ရက္ပိုင္း မၾကာခဏ ဉာဏ္ႏွင့္ မျဖဴစင္သန႔္ကိာ အတူတြဲျမင္ရတတ္ေပမဲ့ ယံယံ့စိတ္ထဲ ေနသားမက်။
တစ္ခါတေလ ကေလးတုန္းကလို ေအာ္ဟစ္ငိုပစ္ခ်င္စိတ္ပါ ေပါက္သည္။

ဥပမာ ဉာဏ္လင္းထင္ရဲ႕ ဆံပင္ေတြက အနည္းငယ္ ပြေယာင္းေနၿပီး အက်ႌၾကယ္သီးတစ္လုံးပါ ျပဳတ္ထြက္ေနတာကို ျမင္ရသည့္ ညေနခင္းမ်ိဳးမွာေပါ့။ ေခြၽးအနည္းငယ္စို႔ေနေသာမ်က္ႏွာေပၚမွာ တစ္ခုခုျဖင့္ ဖိကိုက္ခံထားရေသာေၾကာင့္ နီရဲၿပီးေပါက္ေနေသာ ႏႈတ္ခမ္းေတြကို ျမင္ရသည့္အခါ တစ္စုံတခုကို ထု႐ိုက္ပစ္ခ်င္စိတ္ေတြ ယံယံ့စိတ္ထဲ တဖြားဖြားပါ။

ဉာဏ့္ဆိုင္ကယ္ေနာက္မွာ အၿမဲစြာက်ယ္စြာက်ယ္ျဖင့္ စကားေတြေျပာတတ္ေသာ၊ လမ္းမွာေတြ႕သည့္မုန႔္ကို ရပ္ဝယ္ခိုင္းၿပီး သြားရင္းလာရင္းစားတတ္ေသာ ယံယံက အခုတေလာ ေနာက္ကေနတိတ္တဆိတ္ပဲ လိုက္ပါလာတာကို ေရွ႕ကေနဆိုင္ကယ္စီးရင္း ဉာဏ္လည္း သတိမထားမိဘဲ မေနပါ။ ဒီရက္ပိုင္းေတြမွာ ယံယံက ဉာဏ့္ကို မသိမသာ ေရွာင္ေနသလိုလည္း ခံစားေနရသည္။ ညဘက္ဆိုလည္း ဉာဏ္က messageေတြ အမ်ားႀကီးပို႔ေပမဲ့ ယံယံကေတာ့ အင္း၊အဲ၊ good night ေလာက္သာ ဝတ္ေက်တန္းေက် ျပန္ပို႔သည္။

ယံယံက သူ႔အေပၚမွာ ဒီလိုမ်ိဳးေအးစက္ေနတာကို ဉာဏ္ လုံးဝမေနတတ္ပါ။ ဒီကိစၥကို ယံယံႏွင့္ ပြင့္ပြင့္လင္းလင္းေျပာမွ ျဖစ္ေတာ့မည္။

ညေနက်ဴရွင္ၿပီးေတာ့ သူတို႔အိမ္ျပန္ေနာက္က်မည့္အေၾကာင္း ဉာဏ္ မားကိုအရင္ဖုန္းဆက္အေၾကာင္းၾကားၿပီးမွ

" ယံယံ... ငါ‌တို႔ က်ဳံးဘက္သြားရေအာင္ ... ညဘက္ က်ဳံးေဘးရႈခင္းလဲၾကည့္ရင္း "

" မင္းသြားခ်င္သြားေလ "

ယံယံက ဉာဏ့္သေဘာအတိုင္း လိုက္ေလ်ာခ်င္လြန္း၍ မဟုတ္ဘဲ ဉာဏ္ႏွင့္ အတိုက္အခံ မလုပ္ခ်င္ေသာေၾကာင့္ အလြယ္တကူ လက္ခံလိုက္သည့္သေဘာ။

" ဗိုက္ဆာၿပီလား ယံယံ...တစ္ခုခုစားမလား "

" မဆာေသးဘူး ... မင္း ‌ဆာရင္ေတာ့စားေလ "

သူတို႔ဘာမွမစားဘဲ က်ဳံးနံေဘးက ခုံတန္းတစ္ခုေပၚမွာပဲ ထိုင္ခဲ့ၾကသည္။ ဘယ္သူကမွလည္း စကား စမေျပာျဖစ္။ တေအာင့္ေလာက္ၾကာမွ ဉာဏ့္ဘက္က အရင္စသည္။

" ယံယံ...မင္း ဒီရက္ပိုင္း ဘာျဖစ္ေနတာလဲ ...
ငါ့ကို တစ္ခုခုစိတ္ဆိုးေနတယ္ဆိုရင္လဲ ေျပာပါလား... မင္း ပုံမွန္မဟုတ္တာ ငါသိတယ္.... ၿပီးေတာ့ မင္း အခုလိုျဖစ္ေနတာ ငါမေနတတ္ဘူး "

ယံယံက ခ်က္ခ်င္း ဘာမွျပန္မတုံ႔ျပန္ဘဲ ေျခေထာက္ကို ခုံေပၚတင္ကာ သူ႔ဒူးႏွစ္ဖက္ကို လက္ျဖင့္ပိုက္ထားၿပီး ဉာဏ့္ကို ခဏေလာက္ ၾကည့္ေန၏ ။ ၿပီးမွ ...

" မင္းမွာ ရည္းစားရွိတာ ဘယ္အခ်ိန္က်မွ ငါ့ကိုေျပာမွာလဲ ဉာဏ္ "

" ရည္းစား...ဘယ္ကရည္းစားလဲ...ငါ့ရည္းစားလား...ဘယ္သူလဲ "

ဉာဏ္ မသိဘူးေလ။ သူ႔မွာမွ မရွိတာ ။ သူဘယ္လိုလုပ္သိမွာလဲ။ ဘယ္ကဘယ္လို သူကရည္းစားရၿပီး ယံယံက အခုလိုေျပာရတာလဲ။ သူ႔ဟာသူေတာင္ မၾကာခင္က်င္းပေတာ့မည့္ ေက်ာင္းသားစုံညီပြဲေတာ္အတြက္ အလုပ္ရႈပ္ေနရသည့္အထဲေလ ။ အခု သူေတာင္မသိဘဲ ရည္းစားက ရေနျပန္သည္။

" မျဖဴစင္သန႔္ေလ ...ဘာလို႔ မသိခ်င္ေယာင္ေဆာင္ေနတာလဲ "

" မျဖဴစင္သန႔္ ဟုတ္လား "

အံ့ဩလြန္းလို႔ ဉာဏ္ ဘုရားေတာင္ တခ်င္သြားသည္။

" အင္း ...အဲဒါ မင္းေကာင္မေလး မဟုတ္ဘူးလား "

ဉာဏ္ စိတ္ေပါက္ေပါက္ျဖင့္ ယံယံ့ေခါင္းကို လက္သီးႏွင့္ ထုခ်လိုက္သည္။ နာမွာေတာ့မဟုတ္ပါ ။

" ဘာေတြေလွ်ာက္ေျပာေနတာလဲ ...အဲ့အစ္မက ဆယ့္ႏွစ္တန္းက ကိုေနလင္း ရည္းစားေလ ... ကိုေနလင္း ၾကားသြားမွ ငါက အလကားေနရင္း အထိုးခံေနရဦးမွာ "

ဒါဆို ေသာ္ဇင္က ယံယံ့ကိုေလွ်ာက္ေျပာတာေပါ့။ ယံယံ့မွာေတာ့ ဒီတစ္ပတ္လုံး ထမင္းေတာင္ ေကာင္းေကာင္းမစားႏိုင္။ ခန႔္ေသာ္ဇင္ဆိုတဲ့အေကာင္ကို စိတ္ထဲကေန ေမတၱာပို႔လိုက္မိသည္။

{ မေအေဘး ေသာ္ဇင္... မင္းေတာ့ မနက္ျဖန္ငါနဲ႔‌ေတြရင္ အေသပဲ }

" တကယ္ေျပာတာလား "

" ငါက ဘာလို႔လိမ္ရမွာလဲ ...
မင္းကို ဘယ္သူက အဲ့လိုေျပာတာလဲ ...ငါ့ကိုေျပာ "

" ခန႔္ေသာ္ဇင္ "

" အဲ့လို ေပါက္ကရေျပာတတ္တဲ့ေကာင္ကို မင္းက ယုံတယ္ေပါ့ ဟုတ္လား ..ငါ့ကိုေတာင္ မေမးဘဲနဲ႔ေလ "

" မင္းတို႔ႏွစ္ေယာက္ကို ဒီရက္ပိုင္း တတြဲတြဲနဲ႔ ငါလဲ ျမင္ေနရတာပဲ "

" ျမင္ရင္လဲေမးပါလား... ငါတို႔ဘာလုပ္ေနၾကတာလဲလို႔ "

" ဘာလုပ္ေနၾကတာလဲ "

" စုံညီပြဲအတြက္ အစီအစဥ္ေတြ ဆြဲေနၾကတာ.. ဒီႏွစ္ ေက်ာင္းသားေတြ ပိုၿပီးေပ်ာ္ရေအာင္လို႔ အႏုပညာရွင္ေတြေရာဖိတ္ဖို႔ တိုင္ပင္ၿပီးစီစဥ္ေနၾကတာ .... တီးဝိုင္းကိစၥေရာ ...အဲဒါမို႔ သူက ငါ့‌ဆီ ခဏခဏလာေနတာ ... ဘာေတြေလွ်ာက္ထင္ေနတာလဲ ... ေဘာလုံးခ်ည္းမကန္ဘဲ ေက်ာင္းကိစၥေလးလဲ စိတ္ဝင္စားပါဦး "

အနည္းငယ္ စိတ္တိုေနေသာေလသံျဖင့္ တရစပ္ရွင္းျပေနေသာ ဉာဏ့္ကိုၾကည့္ၿပီး ယံယံ့စိတ္ထဲမွာ ေပ်ာ္လာသလိုပါ။ ဒါေပမဲ့ ဉာဏ့္ရဲ႕ျပဳတ္ထြက္ေနတဲ့ ၾကယ္သီးတစ္လုံးက ဘယ္လိုျဖစ္တာလဲ။

" ဒါဆို မင္းရည္းစားက ဘယ္သူလဲ "

" ဘယ္ကရည္းစားလဲ ... ငါ့မွာ မရွိပါဘူးဆို "

" မင္း ၾကယ္သီးေတြလဲ ျပဳတ္ထြက္လို႔ ...ႏႈတ္ခမ္းေတြလဲ ေပါက္လို႔ ... ဘယ္လိုျဖစ္တာလဲ အဲ့ဒါက "

ဒါက အံ့ဩစရာအေကာင္းဆုံး။ ပိုင္ေဇယံတို႔က ဉာဏ့္ကို ရည္းစားႏွင့္ ဘယ္အဆင့္ထိေရာက္ေနတယ္မ်ား ထင္ေနလဲမသိ။ ယံယံ့ေခါင္းကို ေနာက္တစ္ခ်က္ ထပ္ထုပစ္လိုက္သည္။ ဒီတစ္ခ်က္ကေတာ့ အားနည္းနည္းပါ၏။

" နာတယ္ဟ "

" မင္း ငါ့ကို ဘယ္လိုလူေအာက္ေမ့ေနတာလဲ ပိုင္ေဇယံ... ေက်ာင္းမွာ ငါက တစ္ေခ်ာင္ေခ်ာင္သြားၿပီး ရည္းစားနဲ႔ပလူးေနမယ္လို႔ ထင္ေနတယ္ေပါ့ ဟုတ္လား "

ဟုတ္ေတာ့လည္း ဟုတ္သားပဲ။ ဉာဏ္လင္းထင္ လို စံျပေက်ာင္းသားက စာသင္ေက်ာင္းမွာ ဒီလိုမ်ိဳး မဖြယ္မရာေတြ လုပ္ပါ့မလား။ ယံယံ့ေၾကာင့္သာ ေဘာလုံးပြဲထဲဝင္ၿပီး ရန္တစ္ခါျဖစ္ဖူးျခင္းပင္ ။ သို႔ေပမဲ့ ဉာဏ့္ႏွတ္ခမ္း ဘာျဖစ္တာလဲဆိုတာေတာ့ ယံယံ သိခ်င္ေသးသည္ ။

" မသိဘူးေလ ငါျမင္ရတာမွမဟုတ္တာ ...အဲဒါဆို မင္းႏႈတ္ခမ္းက ဘာျဖစ္တာလဲ "

" တီးဝိုင္းခန္းထဲမွာ ပစၥည္းေတြေ႐ႊ႕ရင္းနဲ႔ ခိုက္မိတာ... ငါ့မွာ ခုံေတြကို ဟိုေ႐ႊ႕ဒီေ႐ႊ႕နဲ႔ အေမာကိုစို႔ေနတာပဲ ... ၾကယ္သီးကလဲ အဲ့တုန္းက ျပဳတ္သြားတာေနမွာေပါ့ ...မသိလိုက္ဘူး ...ငါ့ကိုက် လာကူမေပးဘဲနဲ႔ ... ေလွ်ာက္ထင္ေနတယ္ ....ခ်ီးပဲ "

ႏႈတ္ခမ္းေတြပါေထာ္ေနေအာင္ ရန္ေတြ႕ေနသူကိုၾကည့္ၿပီး ယံယံ့ဆီမွာ ေစာေစာေလးကအထိ ဝမ္းနည္းေနေသာ ခံစားခ်က္အားလုံး ေပ်ာက္သြားၿပီး နာေနသည့္ ရင္ဘတ္တစ္ေနရာမွာလည္း ေပ်ာ္႐ႊင္မႈေတြ ျပန္အစားထိုးလာ၏ ။

" ဟုတ္ပါၿပီ....ဟုတ္ပါၿပီ... ငါမသိလို႔ပါ... ေနာက္တစ္ခါဆို လာကူေပးပါ့မယ္ "

သိသိသာသာ အေရာင္ေျပာင္းသြားေသာ မ်က္ႏွာေလးကို ဉာဏ္ၾကည့္ၿပီး ဒီရက္ပိုင္း ယံယံ့ သူ႔အေပၚ ဆက္ဆံပုံ တစ္မ်ိဳးေျပာင္းေနတာ ဒါေၾကာင့္ဆိုတာ ဉာဏ္ နားလည္လိုက္ပါၿပီ ။

" ေနာက္ဆို ငါ့ကိုအရင္ေမး ... အခုလို တစ္ေယာက္တည္း ဘာမွမေျပာဘဲ ႀကိတ္သဝန္တိုေနတာ မင္းနဲ႔မလိုက္ဘူး ပိုင္ေဇယံ "

" ဘယ္သူက သဝန္တိုလို႔လဲ "

" မင္းေလ "

" ငါက ဘာလို႔သဝန္တိုရမွာလဲ ...မတိုပါဘူး "

" ဒါဆို ငါ့ကို စကား ေကာင္းေကာင္းမေျပာတာ ဘာျဖစ္တာလဲ ေျပာ "

ယံယံ အထင္လြဲမိတာကို ဉာဏ္က အခုထိ မေက်နပ္သည့္ေလသံျဖင့္ ။ ယံယံ ဘာမွျပန္မေျဖဘဲ ခုံတန္းေပၚ လွဲအိပ္ခ်ရင္း သူ႔လက္သူေခါင္းခုလို႔ရေပမဲ့ ဉာဏ့္ရဲ႕ ေပါင္ကိုပဲ ေခါင္းအုံးလုပ္ဖို႔ ေ႐ြးလိုက္သည္။

က်ဳံးနံေဘးမွာ ေနေရာင္မရွိေတာ့။ တစ္ေခတ္တစ္ခါက ကိုယ့္ထီး ၊ ကိုယ့္နန္း ၊ ကိုယ့္ၾကငွန္းႏွင့္ ထီးနန္းစိုးစံခဲ့ၾကေသာ သက္ဦးဆံပိုင္ဘုရင္တို႔ စံျမန္းရာ ေ႐ႊနန္းေတာ္ႀကီးက မႏၲေလးၿမိဳ႕၏ ညရႈခင္းကို ပိုၿပီးခမ္းနတင့္တယ္ေအာင္ အားျဖည့္ေပးေနသည္။

ဘာပူေလာင္ျခင္းမွမရွိေတာ့ဘဲ ယံယံ့ႏွလုံးသားထဲမွာ ခံစားေနရသည့္ ေအးျမၾကည္ႏူးမႈေလးက မ်က္မွာေပၚမွာ ျဖတ္တိုက္သြားေသာ ေလႏုေအးေလးေၾကာင့္လား။ ဒါမွမဟုတ္ သူ႔မ်က္စိေရွ႕က အၿပဳံးခ်ိဳခ်ိဳေလးေၾကာင့္လား။

ခုံတန္းေနာက္မွီေပၚကို တင္ထသည့္ ဉာဏ့္လက္တစ္ဖက္ကို ယံယံဆြဲယူလိုက္ၿပီး သူ႔လက္ေတြႏွင့္ ဆုပ္ကိုင္ထားလိုက္သည္။

" ဉာဏ္...မင္း ငါ့ေနာက္မွ ရည္းစားထားရမွာေနာ္ ... မဟုတ္ရင္ ငါတစ္ေယာက္တည္း က်န္ခဲ့မွာေၾကာက္တယ္ "

ဉာဏ့္ကိုေမာ့ၾကည့္ၿပီး ေျပာလာသူကို ခဏေလာက္ ငုံ႔မိုးၾကည့္ေနခဲ့ၿပီးေနာက္မွာေတာ့ ဉာဏ္ သက္ျပင္းဖြဖြခ်ကာ စကားတစ္ခြန္းကို ေလးေလးနက္နက္ဆိုလိုက္၏။

" ငါ မင္းကို ဘယ္ေတာ့မွ ထားမသြားဘူး ယံယံ "

က်ဳံးေရျပင္လို ယံယံ့ႏွလုံးသားထဲမွာလည္း အနည္းငယ္ လႈပ္ခတ္သြားရၿပီး လက္ေခ်ာင္းခ်င္း ေရာယွက္လာသည့္ ဉာဏ့္လက္ေတြကို တစ္ဖန္ျပန္ ဆုပ္ကိုင္ထားခဲ့၏။

တြဲထားၿပီးသားလက္ေတြကို ျဖဳတ္ခ်ၿပီး ႏႈတ္ဆက္ရမွာေတာ့ ယံယံ သိပ္ေၾကာက္မိပါသည္ ။

#PoPoPhoenix



















Seguir leyendo

También te gustarán

1.3M 21.6K 30
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
99.4K 6.5K 53
Unicode Version ကံကောင်းစွာပဲ ကျွန်တော့်အချစ်တွေ သူ့အတွက်ကြွေကျခွင့်ရခဲ့တယ်... ကံဆိုးစွာပဲ အားလုံးနင်းခြေခံလိုက်ရတယ်... Start date = 6.6.2022 (Mon) E...
37.7K 2.5K 34
သူငယ္ခ်င္းသံေယာဇဥ္ကိုပဲ အျဖဴေရာင္သက္သက္ဟု ထင္ခဲ့မိေသာ ေကာင္ေလးႏွစ္ေယာက္ .....
11.9K 2.3K 13
ᴵ ᶠᴵᴺᴰ ʸᴼᵁ ᴵᴺ ˢᴬᴰ ˢᴼᴺᴳˢ ᵀᴴᴱ ˢᴼᵁᴺᴰ ᴼᶠ ᴿᴬᴵᴺ, ˢᵁᴺˢᴱᵀˢ, ˢᵁᴺᴰᴬʸˢ, ˢᴹᴵᴸᴱˢ, ᴬᴺᴰ ᴬᴸᴸ ᵀᴴᴱ ˢᴹᴬᴸᴸ ᵀᴴᴵᴺᴳˢ ...