ရှောင်းကျန့် သတိရလာတော့ သူနဲ့မရင်းနှီးတဲ့အခန်းတစ်ခန်း
ပြီးတော့ သူနှုတ်ခေါင်းထဲအလုအယက်၀င်လာတဲ့ ဆေးရနံ့တွေ။
သူငုတ်တုတ်ပိုတ်ထိုင်လိုက်တော့ ဆစ်ကနဲကိုက်တက်လာတဲ့ခေါင်း။
ကိုက်နေလွန်းလို့ လက်တစ်ဖက်က ခေါင်းကိုခပ်ဖွဖွထုတယ်။
အားတဲ့ ညာဘက်လက်နဲ့ ထုဖို့ပြင်တော့ ဆေးချိတ်ထားတာကြောင့် မရ။
ဟူး ...
မောင်အခုအချိန်ဆို တစ်ခြားလူအပိုင်ဖြစ်နေလောက်ပြီ။
ချက်ချင်းတန်း၀ဲတက်လာတဲ့မျက်ရည်တို့ကို မသုတ်ပဲ ဥပေက္ခာပြုထားလိုက်တယ်။
မောင်ဟာ သူမပိုင်တော့တဲ့ တစ်ခြားလူအပိုင်ဆိုတာကြီးကိုတွေးပြီး အဲ့ဒီအတွေက သူကို နှိပ်စက်နေပြန်တယ်။
ထိုအချိန်ပဲ သူအနားကိုရောက်လာတဲ့ ပါးနဲ့မား
"သားကျန့်လေး ဘယ်လိုနေသေးလဲ သားလေး"
"သားခေါင်းနည်းနည်းကိုက်နေသေးတယ်"
ခေါင်းလေးကိုင်ကာပြောလာတဲ့ သားကြောင့်စိတ်ကမကောင်း။
"အင်းလေ နည်းနည်းကိုက်မှာပေါ့ သားက အရမ်းငိုထားတာကို!"
"ဟုတ်"
ရှောင်းကျန့်ပြောပြီး မားရဲ့ခါးကို လက်တစ်ဖက်နဲ့ဖက်ကာ မားရင်ခွင်ကိုကလေးလေးလို မှီလိုက်တယ်။
မားက ရှောင်းကျန့် ဆံပင်အိအိလေးတွေကိုထိုးဖွးပြီးပွတ်သက်ပေးနေတယ်။
"သားမေ့လဲသွားတော့ မားအရမ်းစိတ်ပူသွားတာ သားတစ်ခုခုများဖြစ်သွားပြီလာလို့"
"စိတ်ပူစေမိလို့ မားကို တောင်းပန်ပါတယ်"
"ရတယ် သားကျန့် ထမင်းမစားတော့ ခုခံအားနည်းပြီး မူးလဲသွားတာ ကျန်တာဘာမှမဖြစ်ဘူး "
"ဟုတ်"
ရှောင်းကျန့် မားပြောနေတာလေးတွေကို ခေါင်းတစ်ညှိမ့်ညှိမ့်နဲ့နားထောင်နေတယ်။
ဆိုဖာပေါ်မှာထိုင်နေတဲ့ ရှောင်းပါးကတော့ သူမိန်းမနဲ့သား
ကိုကြည့်ပြီး ခပ်ဖွဖွပြုံးတယ်။
"ဒါဆို သားမေ့နေတာ 2ရက်ရှိပြီပေါ့"
"အင်း သားကျန့်လေး မားကလေးလေး အိပ်ပျော်နေတာ 2ရက်တောင် မားတော်တော်ကြီး စိုးရိမ်ခဲ့တာ တစ်ခုခု ကိုယ်မာ ၀င်တာမျိုးတွေ"
"မားကို စိတ်ပူအောင်လုပ်ခဲ့မိတာ သားက တကယ်တော့သားမိုက်"
"မဟုတ်ပါဘူးသားသားရာ မားအသဲတုံးလေးက အလိမ္မာတုံးလေး
မွ"
ရှောင်းမား ပါးလေးကိုနမ်းလိုက်ပြီး သူသားလေးကို ကျီစယ်နေတယ်။
"သားရေ ဆန်ပြုတ်သောက်ရမယ်ပြီးရင်ဆေးသောက်ရမယ်နော်"
"ဟုတ်မား"
"မားခွံ့မယ်"
ရှောင်းမား သူသားလေးကို ဆန်ပြုတ်ခွံ့တိုက်တယ်။
ဆန်ပြုတ်ကျွေးတာ ပြီးတော့ ဆေးတိုက်ကာ ကုတင်ပေါ်လှဲနေခိုင်းတယ်။
ဆေးအရှိန်ကြောင့် ရှောင်းကျန့်မျက်ခွံလေးက လေးတက်လာပြီး
မျက်တောင်ကော့ကော့လေးတွေက အောက်ညွှတ်ကျလာတော့တယ်။
ရှောင်းကျန့်လည်း ဆေးသောက်ပြီး ထပ်အိပ်ပျော်သွားတော့တယ်။
ရှောင်းပါက companyမှာသူမရှိရင်လည်းမဖြစ်တာမို့
အမြန်ပဲ companyကိုအလျှင်အမြန်သွားရတော့တယ်။
.
.
.
"၀မ်ရိပေါ် မင်းဘာလုပ်အခုလိုလုပ်ရတာလည်း?"
"အဖိုး အဲ့စကားက ကျွန်တော်ကမေးရမှာ ပါ ရှီမီမှာ ကိုယ်၀န်ရှိတာသိရက်နဲ့ ကျွန်တော်နဲ့ လက်ထပ်ပေးတဲ့အဖိုးကိုတကယ် ...တကယ်ဗျာ.."
"ရှီမီမှာတခြားလူနဲ့ကိုယ်၀န်ရှိတာ ငါသိတယ် !"
"ပါးရယ် သိရက်နဲ့ ဘာလို့ကိုယ်မြေးလေးကို ပေးစားရတာလဲ အခု အားလုံးမျက်နှာပူနေရပြီ"
၀မ်ပါး၀င်ပြောလိုက်တော့ ၀မ်ဖိုးဖိုးက ၀မ်ပါးကို မျက်စောင်းထိုးကြည့်ပြီး။
"ငါပေးစားတာကို ငြိမ်မနေပဲအခုလို မင်းရဲ့သားက ထလုပ်တော့ အ ခုလိုမျက်နှာပူသွားရတာလေ!"
"သား၀မ်နေရာမှာဆိုရင်လည်း ကျွန်တော်အဲ့လိုလုပ်မိမှာ
ပါး သာ၀မ်ရဲ့ ဆန္ဒာကိုယ်ဘာလို့ ချုပ်ကိုင်နေရတာလဲ"
"တောက်စ်! မင်းတို့သားအဖချင်းအတူတူပဲ ကောင်းစားစေချင်လို့ နတ်ပြည်တင်တာကို မြင့်တယ်ဆိုပြီး ခုန်ချတာ မင်းတို့!"
"အဖိုးအဲ့လိုမပြောနဲ့ အဖိုးက ကောင်းစားစေချင်လို့ မြေတောင်မြှောက်ပေးတာမဟုတ်ဘူး ၊ နွံထဲနှစ်တာဗျ နှစ်,တာ"
"တောက် ၀မ်ရိပေါ် မင်း!!!"
၀မ်ဖိုးဖိုး လက်သီးနဲ့ထိုးဖို့ ကြံရွယ်နေတာကြောင့်
ရိပေါ် မျက်လုံးမှိတ်ပေးလိုက်ပြီး။
မကြာဘူး ရိပေါ်ပါးပြင်ပေါ် ကျရောက်လာတဲ့ခပ်ပြင်းပြင်း က်သီးတစ်ချက် !ပါးသောင်ကွဲသွားပြီး ချက်ချင်း ရိပေါ် ပါးစပ်ထဲ သွေးတို့ ပြည့်နှပ်လာပြီး ရိပေါ်လည်းကြမ်းပြင်ပေါ် ထွေးထုတ်လိုက်တယ်။
"သားလေး သား၀မ်"
၀မ်မား အစိုးအရိမ်ကြီးပြီး သားလေးကို လာထူပေမဲ့ သူးက လက်ကာပြတာကြောင့်ငြိမ်နေလိုက်ရတယ်။
"ဟိုးငယ်ငယ်လေးကတည်း လက်သီးနဲ့ထိုးဖို့မပြောနဲ့
လက်နဲ့တောင်မရွယ်ဘူးတဲ့ အဖိုးက အဲ့ရှီမီဆိုတဲ့မိန်းမကြောင့် ကျွန်တော်ကို ထိုးတယ်ပေါ့ ဟုတ်လား !
"သား ~~"
"ဒီမှာအဖိုး ကျွန်တော်ကို Wang မျိုးရိုးထဲက အမွေပြတ်စွန့်လွှတ်လိုက်တော့ ကျွန်တော် ဆက်မနေနိုင်ဘူး ကျွန်တော် ချစ်တဲ့ကျွန်တော်ချစ်သူကို လက်ခံနိုင်မှ ကျွန်တော်ချစ်သူနဲ့အတူပြန်လာခဲ့မယ် "
ရိပေါ် မားနဲ့ပါးကိုအားနာတဲ့အကြည့်နဲ့ကြည့်တော့ မားနဲ့ပါးက ခေါင်းခါပြတယ်။
ရိပေါ်ထွက်သွားဖို့ပြင်နေတုန်း
"၀မ်ရိပေါ် မင်းနဲ့အဲ့ကောင်လေးကို ငါတစ်သက်လုံး လုံး၀ သဘောတူမှာမဟုတ်ဘူး"
"အဖိုးပြောသလိုပဲ ကျွန်တော်ကလည်း ကျွန်တော်ကောင်လေးကို
ကျွန်တော်တစ်သက်လုံး လက်ထပ်ပေါင်းသင်းသွားမှာ ကျွန်တော်တို့နှစ်ယောက်ကြားကို ဘယ်လိုနည်းနဲ့မှ ၀င်နှောက်ယှက်လို့မရစေရဘူး "
"၀မ်ရိပေါ် မင်းအခုပြန်လာခဲ့စမ်း !"
"သူကိုပဲ ရွေးချယ်ထားပြီးသားမို့ ကျွန်တော်ဘယ်တော့မှ နောက်မဆုပ်ဘူး သူကို ကျွန်တော်အသက်ထပ်ပိုပြီးချစ်တယ်
ပိုပြီးမြတ်နိုးတယ် ချစ်တယ်ဆိုတာထပ်ပိုတယ်"
ရိပေါ် ပြောပြီး ထွက်လာခဲ့တယ်။
မင်းတစ်ယောက်ထဲကိုပဲ ရွေးချယ်ခဲ့ပြီပေါင်ပေ့။
မင်းကိုရွေးချယ်ခဲ့လို့ မောင်ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။
မင်းကသာ မောင်ဘ၀အတွက် မရှိမဖြစ် အောက်ဆီဂျင်ဓာတ်ကလေးပါ ပေါင်ပေ့ရာ။
.
.
"ပေါင်ပေ့ ရေ မောင်လာတယ် "
"ပေါင်ပေ့ !"
"ဟာကွာ "
ရိပေါ် ပေါင်ပေ့ဆီကိုလာတာဖြစ်တယ် ဒါပေမဲ့ ပေါင်ပေ့က ထွက်မလာ ။
ထိုအချိန်ပဲ အိမ်ခြံတံခါးကို ရောက်လာတဲ့ အိမ်အကူတစ်ယောက်။
"ဘယ်သူနဲ့တွေ့ချင်လို့လဲရှင့်"
"ပေါင်.. အာ ရှောင်းကျန့်နဲ့တွေ့ချင်လို့ပါ"
"အကိုလေးမရှိဘူးရှင့် ဆေးရုံ ရောက်နေတာ "
"ရှောင်းကျန့်ဘာဖြစ်လို့လဲ !"
"အဲ့တာတော့ အတိအကျမသိပါဘူးရှင့် ဆေးရုံတက်နေရတာ 2ရက်ရှိပြီ "
"ဘယ်ဆေးရုံလဲ လိပ်စာလေး တစ်ချက်ပေး"
"xxxxလမ်းဘက်က ဆေးရုံပါ "
"ကျေးဇူး"
ရိပေါ်ထွက်သွားတော့တယ်။
မောင်စိတ်ပူလိုက်တာ ပေါင်ပေ့ရာ ! မောင်အမှားတွေပါကွာ မောင်အမှားတွေပါ ပေါင်ပေ့ကို အကုန်ပြောမပြပဲ တဇွတ်ထိုးလုပ်ခဲ့မိတာ မောင်မှားတာ ။
.
.
--------
နောက် 3ပိုင်းလောက်ရေးပြီးရင် Final ရောက်ပြီရှင့်
ဒါပေမဲ့မခွဲချင်သေးဘူး။☹️
----
ဟူး ...
"ဟုတ်"
"ဟုတ်"
မွ"
"ဟုတ်မား"
"မားခွံ့မယ်"
.
.
.
"တောက် ၀မ်ရိပေါ် မင်း!!!"
"သားလေး သားဝမ်"
"သား ~~"
"ဒီမှာအဖိုး ကျွန်တော်ကို Wang မျိုးရိုးထဲက အမြွေပတ်စွန့်လွှတ်လိုက်တော့ ကျွန်တော် ဆက်မနေနိုင်ဘူး ကျွန်တော် ချစ်တဲ့ကျွန်တော်ချစ်သူကို လက်ခံနိုင်မှ ကျွန်တော်ချစ်သူနဲ့အတူပြန်လာခဲ့မယ် "
.
.
"ပေါင်ပေ့ !"
"ဟာကွာ "
"ကျေးဇူး"
.
.
--------