"ရွယ်မေ "
"ဟင် ပြောလေ ကျန့်ကျန့်"
"နင်နဲ့ dateမဲ့ သူ မလာသေးဘူးလား "
ကော်ဖီခွက်ကလေး ကိုင်နေရင်း မေးတဲ့
ကျန့်ကျန့်ကို ရွယ်မေက ပြန်ဖြေလိုက်တယ်။"အာ ငါဖုန်းလှမ်းဆက်ထားတယ် လမ်းမှာတဲ့"
"ဟေ့ ရွယ်မေ မင်း တကယ်ကြီး ယူမှာလား"
"အာ ငါ အဲ့လောက်ကြီးအထိ မတွေးထားသေးဘူး"
"ရွယ်မေ ငါတော့ထင်ကို မထင်ဘူး "
"လူကြီးချင်း တွေ့တဲ့ နေ့က
ငါသူကို တွေ့ဘူးတယ် သူက အရမ်းချောတယ် နောက်ပြီး ယောင်္ကျားပီသတယ်""အမယ်..."
"ဟဲ့ နင်နော် ငါက ဒီအတိုင်းပြောပြတာ "
"ငါကလည်း ဘာပြောလို့လည်း"
"သူကလေ ငါတို့နဲ့ရွယ်တူ ကျန့်ကျန့်ရဲ့
သူက ကိုယ်ပိုင် Company တောင် သူဘာသာ ထောင်ထားတာ နည်းတဲ့ အရည်အချင်းတော့မဟုတ်ဘူး""ရွယ်မေ မင်း အကြီးအကျယ် မြှောက်နေ..."
"ကျန့်ကျန့်ကလည်း...."
နှုတ်ခမ်းဆူပြတဲ့ ရွယ်မေပုံကို ရှောင်းကျန့်
ရီပြီး နှာဖူးကိုနာ နာ လက်နဲ့တောက်ပစ်တယ်."အ့ ကျန့်ကျန့်အစုတ်ပလုတ်လေး နာတယ်ဟ"
"နာအောင်ပဲ လက်နဲ့တောက်တာကြီးကို"
"နင်နော်"
နာသွားတဲ့ ရွယ်မေကို ကြည့်ပြီးရှောင်းကျန့် ရီလိုက်တယ်
သူတို့နှစ်ယောက်က ဟို မူကြိုကတည်းက ပခုံးဖက်ပေါင်းလာတဲ့ ငယ်သူငယ်ချင်းဖြစ်တယ်ပြောမနာဆိုမနာ သူတွေဆိုလည်း မမှား..ရှောင်းကျန့် သူကြိုက်တဲ့ စတော်ဘယ်ရီအအေးသောက်နေတုန်း သူအရှေ့လာရပ်တဲ့
ခြေတစ်စုံ...သူမော့ကြည့်လိုက်တော့ အရမ်းချောမော လွန်းတဲ့ အမျိုးသားကလည်း သူကို ကြည့်နေတယ်...
'ဒုတ် ဒုတ် ဒုတ် "
သူမမြင်နိုင်တဲ့ နှလုံးသားက စီးချက်မညီပဲ အတင်းခုန်ပေါက်နေတယ်...
ရှောင်းကျန့် ထို အမျိုးသားကို မကြည့်မလွှဲပဲ ငေးကြည့်နေမိတယ်...
YOU ARE READING
" 𝐘𝐨𝐮 𝐀𝐫𝐞 𝐒𝐰𝐞𝐞𝐭 𝐀𝐧𝐝 𝐋𝐨𝐯𝐞"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fanfictionလူတစ်ယောက်ကို စတွေ့ကတည်းကတစ်ဘ၀လုံးစာ ချစ်မိလိမ့်မယ်လို့ မထင်ခဲ့မိဘူး