မောင်ဂျပန်ကို သွားတာ4ရက်ရှိပြီ..
မောင်မရှိတော့ မောင်ကိုယ်သင်းရနံ့လေးပါလွမ်းမိတယ်။
ကျောင်းသွားတိုင်းလာခေါ်တက်ပြီး နေ့လည်ထမင်းဆိုလည်း အိမ်သူအတွက်အိမ်ထမင်းထုတ်ပါ ယူလာတဲ့ မောင်ကို လွမ်းတယ်။မောင်မရှိတဲ့4ရက်မှာ သူအကျင့်တွေပျက်နေပြီ။ ကျောင်းကန်တင်းက ထမင်းတွေသာ သူဗိုက်ထဲပြည့်နေတယ်။
မောင်အသံချိုချိုလေးလည်း ကြားချင်မိတယ်။အလုပ်များနေတဲ့မောင်က ဟိုကို ရောက်သွားတဲ့4ရက်လုံး
ဖုန်းတစ်ပေါက်မှမဆက်ဘူး။ လိုင်းတက်တာတောင်မတွေ့ဘူး။
မောင်အလုပ်များနေတာသိပေမဲ့လည်း ...ရှောင်းကျန့် စာသာရေးနေရတယ် စိတ်ကမောင်ဆီရောက်နေတော့တယ်။
ညဘက်ကောင်းကင်က ကြယ်လေးတွေလှမ်းကြည့်လိုက်..ထိုအချိန် ဖုန်း၀င်လာတယ်..
"Maung"💚 ဆိုတဲ့ phone nameလေးကြောင့် ရှောင်းကျန့် ထခုန်မိမတက်ပဲ အမြန် လက်တုန်တုန်နဲ့ ဖုန်းကို ကောက်ကိုင်ပြီး အလိုလို မျက်ရည်ကလွယ်လာတယ်။
"ပေါင်ပေ့"
သြေရှရှအသံနဲ့ မောင်ရဲ့အသံဟာ အရမ်းအလုပ်ပင်ပန်းနေပုံပဲ။
မောင်အသံလေးကြားရတဲ့ရှောင်းကျန့်မှာတော့ အော်သာငိုလိုက်ချင်တယ် သူအပိုပြောတာမဟုတ်ဘူးတကယ်ကြီး မောင်အသံလေးကို လွမ်းနေတာ"မောင်~~"
ရှောင်းကျန့် အသံတုန်တုန်နဲ့ မောင်ကိုသာခေါ်လိုက်တာ
ငိုချင်လာတာလူက မောင်အသံကြားရုံနဲ့တင် သူမှာ.."ပေါင်ပေ့ မောင်ကလေးလေး ဘာဖြစ်တာလဲ မောင်ကိုပြော ?"
မောင်ရဲ့စိုးရိမ်တဲ့အသံကြောင့် ရှောင်းကျန့်မှာငိုချင်ရဲ့လက်နဲ့တို့ဆိုသလို တရှံ့ရှံ့နဲ့စတင်ငိုလာပါတယ်။
"မောင့် အဟင့် ~"
"မောင်စိတ်ပူလိုက်တာ ပေါင်ပေ့ရာ ဘာဖြစ်လို့လဲ
မောင့်ပေါင်ပေ့လေးကိုဘယ်သူပြောတာလဲ မောင်ကိုပြော""ရွှတ် မောင်ကို လွမ်းလို့ အဟင့် "
"အဟား ချစ်ဖို့ကောင်းလိုက်တာ ပေါင်ပေ့ရာ"
![](https://img.wattpad.com/cover/347634739-288-k658179.jpg)
YOU ARE READING
" 𝐘𝐨𝐮 𝐀𝐫𝐞 𝐒𝐰𝐞𝐞𝐭 𝐀𝐧𝐝 𝐋𝐨𝐯𝐞"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fanfictionလူတစ်ယောက်ကို စတွေ့ကတည်းကတစ်ဘ၀လုံးစာ ချစ်မိလိမ့်မယ်လို့ မထင်ခဲ့မိဘူး