-3-

3.9K 229 21
                                    

ရှောင်းကျန့် ရိပေါ် ရဲ့ခါးကို တင်းနေအောင်ဖက်ထားပြီး သူမျက်လုံးလေးတွေကို ကျစ်ကျစ်ပါအောင် မှိတ်ထားတယ်...

သူဆိုင်ကယ်တစ်ခါမှ မစီးဘူးပါ..ပထမဆုံး စီးရတော့လဲ ရိပေါ် နောက်မှာ အသေကြောက်ရပါတယ်...

လူဆိုးကောင်ကလည်း သူကြောက်မှန်းသိလို့ အတင်းတွေမောင်းတယ်..

ရိပေါ် ဆိုင်ကယ် ဘက်မှန်ပေါ်က ပေါ်နေတဲ့ မျက်နှာလှလှလေးကို ကြည့်ကာ ပြုံးရပါတယ်..

ယုန်ဖြူလေးက အူယားစရာကောင်းလွန်းတယ်.. ကြောက်နေတာလေးက ဘယ်လိုချစ်စရာကောင်းနေမှန်း မသိဘူး...

မျက်လုံးလေးမှတ်ပြီး သူခါးကို လက်သွယ်သွယ်လေးတွေက ဖက်ထားတာကြောင့် သွေးလည်ပတ်မှုတွေအကုန်လုံးက နားထင်သို့ ရောက်ကုန်တယ်...

တစ်ခါမှ အခုလို ပုံစံမကြုံဘူးတာကြောင့် ၀မ်ရိပေါ်မီာ ဘယ်လို လုပ်ရမှန်းမသိ...

စိတ်လှုပ်ရှားတာနဲ့ရော သွားလို့ပါဆိုပြီး...ဆိုင်ကယ်မောင်းရင် စိတ်ကို လျှော့ချနေတယ်။

"ဟူးးးးး"

"ရိ ရိပေါ် ဘာပြုလို့လည်း?"

ရှောင်းကျန့် ရိပေါ်ကို ဖက်ထားရင်းရိပေါ်မောင်းနေတဲ့ဆိုင်ကယ်ကအရှိန်ကိုနှေးလာပြီး...ရိပေါ်ကပါ သက်ပျင်းချတာ
ကြောင့်...ဘာမဆိုင်ညာမဆိုင်နဲ့ရှောင်းကျန့်ကစိတ်ပူသွားတယ်..

"ဘာမှ မပြုဘူး ရှောင်း"

"အင်း ပါ"

ရိပေါ်လည်း သူပါးပိုင်တဲ့ ကုန်တိုက်ကို ခေါ်သွားတယ်..

ဟိုရောက်တော့ ယုန်လိမ္မာလေးက သူမားမား မှာတဲ့ ပစ္စည်းတွေကို ခြင်းလေးထဲ ထည့်ပြီး
ရွေးနေတော့တယ်...

ရိပေါ်ကတော့ လက်ပိုက်ကာ ရှောင်းရဲ့ လှုပ်ရှားမှုတွေကို လိုက်ကြည့်နေတယ်

ယုန်ဖြူလေးက ဂျေးများတက်ပါသေးသည်
ပစ္စည်းကို စျေးနည်းတယ် များတယ်နဲ့
ကိုင်လိုက် ပြန်ချလိုက်လုပ်နေတယ်...

ဒါက ရှောင်းရဲ့ သူမမြင်နိုင်တဲ့ တစ်ဖက်ခြမ်းက ချစ်စရာကောင်းမှုလေးလား

" 𝐘𝐨𝐮 𝐀𝐫𝐞 𝐒𝐰𝐞𝐞𝐭 𝐀𝐧𝐝 𝐋𝐨𝐯𝐞"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now