အပိုင်း(၁၅)
"ဘာဖြစ်တာလဲ"
"ဒီနေ့ မဖွင့်ဘူးလား"
"ဟုတ်သားပဲ။ ငါနောက်ဆုံးတော့ ဒီနေရာကို ရောက်လာခဲ့ရတာ။ ပြောထားတဲ့အတိုင်းဆိုရင် အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ဝက်ဝံကြီးတစ်ကောင် ရှိတယ်တဲ့။ ဒါပေမယ့် ဘာဖြစ်လို့ မမြင်ရတာလဲ"
"အဲ့ဒီနေ့က တံခါးဝမှာ ရှိတာ တွေ့လိုက်ပါတယ်။ ဒါကြောင့် အထူးတလည် ရောက်လာခဲ့တာလေ။ ငါ့ရဲ့ ကလေးတွေကိုလည်း ထပ်ပြချင်လို့လေ"
ကောင်းကင်ပြာ တိရိစ္ဆာန်ရုံဝင်ပေါက်မှ လူတစ်အုပ်က ကျယ်လောင်စွာ အော်ဟစ်နေသည်။
သူတို့ကလည်း တစ်နေ့က မြင်ခဲ့ရသော ချစ်စရာကောင်းသော ပန်ဒါအကြောင်း ပြောနေကြခြင်း ဖြစ်သည်။
"သူဌေးဆုက မနေ့ကလည်း မဖွင့်ဘူးဆိုတော့ အရေးကြီးကိစ္စ ရှိနေလို့များလား။ ဒါပေမယ့် သူဒီနေ့ ဖွင့်မယ်လို့ ပြောထားမယ် မဟုတ်လား"
ရွယ်ဟောင်ယွီက တံခါးဝတွင် ရပ်နေပြီး ဖုန်းကိုသာ တစ်ချိန်လုံး စိုက်ကြည့်ကာ မျက်မှောင်ကျုံ့နေသည်။
"အိပ်နေတာများလား"
သူက တစ်နေ့လုံးပန်ဒါကို မမြင်ရသေးချေ။ ထို့ကြောင့် တစ်ညလုံး အိပ်ပင် မအိပ်နိုင်ခဲ့ချေ။ ထို့ကြောင့် ရေဒီယိုဌာနမှဆိုင်းငံ့ထာားသည့်တိုင်အောင် ရွယ်ဟောင်ယွီက စိတ်ဓာတ်မကျပါချေ။ အနည်းငယ်ပင် ပျော်နေသေးသည်။
အစစ်အမှန် တိရစ္ဆာန်များကို မြင်ရပြီးနောက် ရွယ်ဟောင်ယွီက သူ၏အနာဂတ် အသက်မွေးဝမ်းကြောင်းကို ရှာတွေ့သွားပြီ ဖြစ်သည်။
လောကရှိလူများက နားမလည်ကြသေးချေ။ အစစ်အမှန် တိရစ္ဆာန်ပေါ်လာကြောင်းကို မယုံကြည်ကြသေးချေ။ ထို့နောက် သူက ထိုအကြောင်းကို သူကိုယ်တိုင် နာမည်ဖြင့် ရီပို့တင်နိုင်သည်။ သူသည် ဌာနမှမလုပ်နိုင်လျှင် သူက သတင်းစာများကို သုံးနိုင်သေးသည်။ သတင်းစာများက မလုပ်နိုင်သေးလျှင် အင်တာနက်များကို သုံး၍ရသည်။
အနှေးနှင့်အမြန် လူများက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံထဲတွင် အစစ်အမှန်တိရိစ္ဆာန်များ ရှိနေကြောင်း မြင်တွေ့ကြရမည်။
ရွယ်ဟောင်ယွီလည်း ဆုပိုင်၏နောက်ကွယ်တွင် အင်အားကြီးမားသည့် သုတေသနဌာနတစ်ခု ရှိသော ဆုပိုင်က သိုသိပ်စွာ နေတတ်ပြီး ဟန်ကျိုး၏မြို့ပြင်တွင်သာ အေးအေးဆေးဆေး နေတတ်သည့်တိုင်အောင် သူ့တွင် အကြံအစည် ရှိမည်ဟု ယူဆရသည်။ ကောင်းကင်ပြာ တိရိစ္ဆာန်က အကြောင်းပြချက် တစ်ခုသာ ဖြစ်လောက်သည်။
ဘန်း
သူက လက်ဆန့်ထုတ်ပြီး ယိုယွင်းနေသာ တံခါးကို အသာပုတ်လိုက်သည်။ ရွယ်ဟောင်ယွီ၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး နောက်သို့လွှင့်သွားသည်။ အရှေ့ရှိတံခါးက အပြာရောင် လျှပ်စီးများ ဖြတ်သွားသည်။
"လုံခြုံရေးစနစ်က ပြင်းထန်လွန်းလိုက်တာ"
ထိုအခြေအနေကို မြင်သောအခါ ရွယ်ဟောင်ယွီကလည်း သူ၏ခန့်မှန်းမှုက မှန်ကန်ကြောင်း တွေ့လိုက်သည်။ ကောင်းကင်ပြာတိရိစ္ဆာန်၏ အနောက်တွင် network တစ်ခုလုံးကို ဦးဆောင်နိုင်သည့် သုတေသနအဖွဲ့တစ်ခု ရှိလောက်သည်။
"အားလုံးပဲ မလှုပ်ရှားကြပါနဲ့။ ဒါက အလိုအလျောက် ခုခံတဲ့စနစ်တစ်ခုကို တပ်ဆင်ထားတဲ့ပုံပဲ။ သူဌေးဆုက မကြာခင် ရောက်လာလိမ့်မယ်"
ကလစ်
ဆုပိုင်က တံခါးကို ဖွင့်လိုက်သည်။ အရှေ့ဘက်မှ လူအုပ်ကို မြင်သောအခါ ကြောင်သွား၏။ သူက အချိန်ကို ကြည့်လိုက်သည်။ အချိန်က ဆယ်နာရီထိုးကာစ ဖြစ်သည်။ လူကမူ အလွန်များနေ၏။
"သူဌေး ထွက်လာပြီ။ မြန်မြန်လေး လက်မှတ်ရောင်းပါ"
"ပျော်မနေကြနဲ့ ငါ အရင်လာတာ ငါ အရင်လာတာ"
"သူဌေးဆု လက်မှတ်ဝယ်ရအောင် ငါတို့ တပိုင်ကို သွားကြည့်ချင်ပြီ"
မိဘတစ်အုပ်ကလည်း လက်မှတ် ပြတင်းပေါက်နားတွင် ပိတ်နေကြသည်။ သူတို့ကလည်း လက်ထဲတွင် ပိုက်ဆံများကို ကိုင်ထားပြီး အခြားသူများက လုယက်ဝယ်သွားမည်ကို စိုးရိမ်နေကြသည်။
လူတိုင်းကလည်း ထိုနေ့က အဖြစ်အပျက်ကို မြင်လိုက်ရသည်။ သူတို့က ရှေ့ဆုံးတွင်သာ ရပ်ပြီး ကြည့်နိုင်မည်ဆိုလျှင် အားသာချက် ရှိပေလိမ့်မည်။ နောက်ပိုင်းတွင် ဝင်တိုးခံရလျှင်မူ အခြေအနေက ခက်ခဲသွားနိုင်၏။
"အားလုံးပဲ မအုံနေကြပါနဲ့။ အချိန်ယူကြပါ။ တစ်ယောက်ချင်းစီ လာကြပါ"
ဆုပိုင်က လက်မှတ်များကို ထုတ်ပြီး ဧည့်သည်များကို တစ်ယောက်ပြီးတစ်ယောက် ပေးသည်။
"သူဌေးဆု"
ရွယ်ဟောင်ယွီက ဘေးဘက်တွင် ရပ်လျက် သူ့ကို အပြုံးနှင့် နူတ်ဆက်ကာ အတွင်းသို့ ဝင်လာသည်။
"ဘန်း"
သို့သော် ဖောက်ထွင်းမြင်ရမတတ် ကြည်လင်သည့် အလွှာက သူ့ကိုတားကာ နောက်ပြန်တွန်းလေသည်။
"လက်မှတ်ဝယ်"
ဆုပိုင် နူတ်ခမ်းက ကော့တက်သွားသည်။ သူက လှမ်းကြည့်လိုက်သည်။
စနစ်က ထောက်ပံ့ပေးထားသော ခုခံမှုစနစ်က ကျော်ကြားမှုနှင့် ထိုက်တန်သည်။ မည်သူကမှ လက်မှတ်မပါပဲ ဝင်နိုင်မည် မဟုတ်ချေ။
"အိုး"
"ငါ မြန်မြန် လုပ်ရမယ်။ ထိုင်ခုံလိုအပ်တယ်"
ရွယ်ဟောင်ယွီက ခပ်တိုးတိုး ရေရွတ်ရင်း လက်မှတ်ကို လုသည်။ သူက နေရာကောင်း မရမည့် အခြေအနေကို စိုးရိမ်သွားသည်။
"လာ လာ လာ ငါ့ကိုဝင်ခွင့်ပေး။ ငါက ဝန်ထမ်းအဖွဲ့ဝင်ပါ"
ကလေးအနည်းငယ်ကို ဘေးသို့တွန်းဖယ်ပြီးနောက် ရွယ်ဟောင်ယွီက နောက်ဆုံးတွင် ဥယာဥ်အတွင်းမှ အခြေအနေကို မြင်နိုင်သွားပြီ ဖြစ်သည်။ သို့ရာတွင် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ရချိန်တွင် ရွယ်ဟောင်ယွီက ကင်မရာကို ခပ်မြန်မြန် ကောက်ကိုင်လိုက်ပြီး ရူးသွပ်စွာ ရိုက်သည်။
ဥယာဉ်အတွင်းတွင် မိန်းမငယ်လေး တစ်ယောက် ရှိနေသည်။ ထိုမိန်းမငယ်လေးက တပိုင်၏ကျောပေါ် တက်စီးပြီး လက်ကိုဆန့်ထုတ်လျက် မရပ်မနား အော်ဟစ်နေသည်။
"ဒါက ... ပါ ငါလည်း သွားချင်တယ် ဝူး ဝူး ဝူး ငါလည်း စီးချင်တယ်"
"အရမ်းပျော်စရာကောင်းမယ့်ပုံပဲ ငါလည်း ဝင်ချင်တယ်"
"မနာလိုလိုက်တာ ငါတို့ကလေးတွေ ဝင်လို့ရနိုင်တာလား"
မိဘတစ်အုပ်ကလည်း ရွယ်ဟောင်ယွီကို ဗဟိုပြုလျက် ဝိုင်းနေကြပြီး အမျိုးမျိုးသော မေးခွန်းများကို မေးနေသည်။
"ဒါက ..."
"ဝင်လို့ရသေးတယ်"
"အားလုံးပဲ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးကြပါ။ ကလေးတွေပဲ ဝင်လို့ရပါတယ်"
ရုတ်တရက် အသံက နောက်လှည့်ကြည့်သည့်အချိန်တွင် သူဌေးဆုက ရောက်နေကြောင်း တွေ့လိုက်ရသည်။
"သူဌေး ကလေးတွေ တကယ် ဝင်လို့ရတာလား။ ငါတို့ရဲ့ ကလေးတွေက နာခံမှု ရှိပါတယ်။ ဒါကြောင့် မဖျက်ဆီးပါဘူး"
"ဒီအတိုင်း ငါတို့ကလေးတွေက စိတ်အားထက်သန်လွန်းပြီး အထဲက တိရိစ္ဆာန်လေးတွေကို ထိတွေ့ချင်ရုံပဲ"
"သူဌေးက သဘောထားကြီးလိုက်တာ။ ကလေးတွေ အထဲကိုဝင်ပြီး ပျော်ပါးလို့ရတဲ့ တိရိစ္ဆာန်မျိုး မရှိသေးဘူး"
"ဟ ဟ ရပါတယ်။ ကလေးတွေကတော့ ပြဿနာရှိမှာ မဟုတ်ဘူး"
ဆုပိုင်က ပြုံးလိုက်ပြီး တံခါးကို ဖွင့်ပေးသည်။ ထိုသို့ဖြင့် ကလေးများကို ဝင်စေသည်။
အချင်းချင်း သိကျွမ်းလာသည်မှာ ရက်အနည်းငယ် ကြာခဲ့ပြီးနောက် ထိုပန်ဒါက ဖျက်ဆီးတတ်လေ့ မရှိကြောင်း နားလည်လာသည်။ တပိုင်က တစ်နေ့လုံး ဒန်းကိုသာ စီးနေပေလိမ့်မည်။ နောက်တစ်နေ့တွင်လည်း သူ၏စိတ်အခြေအနေက အလွန်ကောင်းမွန်နိုင်၏။
စနစ်ကလည်း အလွန်ထူးခြားသော တိရိစ္ဆာန်မျိုးကို ဖန်တီးပေးထားခြင်း ဖြစ်သည်။ ဥယာဉ်အတွင်းရှိ ပျက်စီးသွားသော အလိုအလျောက် ပြင်ဆင်နိုင်သေးသည်။
"ဟစ် ဟစ် ဟစ်"
ကလေးတစ်အုပ်က ဥယာဉ်အတွင်းသို့ ဝင်ကာစသာ ရှိသေးသည်။ လူလက်မောင်း တစ်လုံးစာခန့် တုတ်ခိုင်သော မြွေကြီးတစ်ကောင်က ဘေးဘက်မှ တဖြည်းဖြည်းချင်း တွားသွား၍လာသည်။
မြွေခေါင်းက မြှောက်သွားပြီးနောက် သိချင်စိတ်ပြင်းပြစွာဖြင့် ကလေးများကို ကြည့်သည်။
"ဒါက ဘာလဲ"
လူတိုင်းကလည်း ရွှေမြွေကြီးကို ကြည့်ကာ နေရာတွင်ပင် တောင့်ခဲသွားကြသည်။
ထိုရွှေမြွေကဲ့သို့သော ပုံသဏ္ဌာန်က တစ်ကိုယ်လုံးရွှေရောင် အတိပြီး၍ တောက်ပြောင်နေသောကြောင့် မမြင်ဖူးသော အနေအထားမျိုး ဖြစ်နေလေရာ အားလုံးက အံ့ဩသွားကြသည်။ ပို၍ဆိုးသည်မှာ မည်သို့ပင်တွေးတွေး အရှေ့မှမြွေက အစစ်အမှန် ဆန်လွန်းနေသည်။
"ရှောင်ကျင်း ဒီကိုလာ"
ဆုပိုင်က ဥယာဉ်ထဲတွင် ရပ်လျက် ရှောင်ကျင်းကို လက်ရမ်းပြလိုက်သည်။ ထို့သို့ဖြင့် အနားသို့ရောက်လာသော ရှောင်ကျင်းကို ကောက်ပွေ့လိုက်သည်။
"ဘယ်သူ ထိကြည့်ချင်လဲ"
ဆုပိုင်က အရှေ့မှ ကြောက်နေသော ကလေးများကို ပြုံးပြလိုက်ပြီး မြွေခေါင်းလေးကို သူ၏လက်မောင်းတွင် ရစ်ပတ်ခိုင်းလိုက်သည်။
"ဦးလေး ဒါက ထိလို့ရတာလား"
ထိုကောင်လေး၏ မျက်လုံးက ဝိုင်းနေသည်။ သူ၏နူတ်ခမ်းများက ကော့တက်သွားပြီး သတိအပြည့် ကပ်လျက် ရှေ့တိုးလာသည်။ သူက လက်သေးသေးလေးကို ဆန့်ထုတ်လိုက်ကာ မြွေ၏ကိုယ်ကို ထိတွေ့ကြည့်သည်။
"အား အေးနေတာပဲ"
သူက လက်ကို အလန့်တကြား ပြန်ရုတ်သည်။ ထိုကောင်လေး၏ မျက်နှာက နီရဲသွားပြီး စိတ်လှုပ်ရှားစွာ အော်သည်။
"ဒါက တိရိစ္ဆာန်အသစ် မဟုတ်လား။ ဒါက မြွေပေါ့"
ရွယ်ဟောင်ယွီ၏ မျက်လုံးက ပြူးကျယ်သွားသည်။ သူက ဆုပိုင်၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော မြွေကိုကြည့်ပြီး ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားသည်။
"လတ်စသတ်တော့ မနေ့က ဆိုင်မဖွင့်တာက သူဌေးဆုက တိရိစ္ဆာန်အသစ် သွားယူနေလို့ပဲ"
သို့ရာတွင် မှတ်တမ်းများအရ မြွေများသည် သွေးအေးတိရိစ္ဆာန်များ ဖြစ်သည်။
ဒါဆိုရင် ဘာလို့ အရှေ့ကတစ်ကောင်ကတော့ မတူညီတဲ့ပုံစံမျိုး ဖြစ်နေတာလဲ။
"ဟား ဟား ငါ အားလုံးနဲ့ မိတ်ဆက်ပေးပါရစေ"
ဆုပိုင်က ရွှေမြွေ၏ ခန္ဓာကိုယ်ကို အသာခါလိုက်ပြီးနောက် လူတိုင်း၏အရှေ့တွင် ကျယ်လောင်စွာ ရယ်လျက် အောင်ပြောပြသည်။
"ဒါက ရွှေမြွေလေ။ သူက တော်တော်လေးကို ရှားပါးတဲ့ မျိုးရိုးဗီဇ ပြောင်းလဲသွားတဲ့ မြွေတစ်မျိုးပေါ့။ ဒါပေမယ့် တော်တော်လေးကို ယဉ်ပါးတဲ့ စိတ်နေသဘောထားမျိုး ရှိပါတယ်။ အိမ်မွေးတိရိစ္ဆာန် အဖြစ်တောင် ထိန်းသိမ်းထားလို့ရတယ်"
"လာ ရှောင်ကျင်း လူတိုင်းကို မိတ်ဆက်လိုက်ပါဦး"
"ဟစ် ဟစ် ဟစ်"
ထိုရွှေမြွေက အနည်းငယ် ရှက်တတ်ပုံပေါ်သည်။ သူက လျှာလေးကို အကြိမ်အနည်းငယ်သာ မှုတ်ထုတ်လိုက်ပြီးနောက် ဆုပိုင်၏လက်မောင်းထံမှ တဖြည်းဖြည်းချင်း လျှောဆင်းလာလျက် အောက်သို့ဆင်းသည်။
"သူဌေးဆု"
ရုတ်တရက် ဥယာဉ်၏အပြင်ဘက်တွင် မျက်မှန်ဝတ်ထားသော လူအိုကြီးတစ်ယောက်က ပေါ်လာသည်။
"ငါက ချင်တု တက္ကသိုလ်ရဲ့ ဇီဝဗေဒဌာနက ပါမောက္ခတစ်ယောက်ပါ။ ငါက မျိုးတုန်းပျောက်ကွယ်သွားတဲ့ တိရိစ္ဆာန်တွေအပေါ် သုတေသနပြုဖို့ တာဝန်ယူထားတဲ့သူပါ"
"ခင်ဗျားက..."
"ဒီဥယာဉ်ထဲက တိရိစ္ဆာန်တွေက စက်ရုပ်တိရိစ္ဆာန်တွေနဲ့ မတူဘူး မဟုတ်လား"
သူက ထိုသို့ပြောလိုက်သည့်အချိန်တွင် လူတိုင်းက ထိုလူအိုကြီးကို လှည့်ကြည့်ကြသည်။
"ဘာကိုဆိုလိုတာလဲ"
"သူတို့က စက်ရုပ်တိရိစ္ဆာန်မဟုတ်ရင် ဒီနှစ်ကောင်က ဘာလဲ"