အပိုင်း (၁၀)
"ကွက် ကွက် ကွက်"
မြေပြင်တွင် ရွှေမြွေကြီးက လဲနေသည်။ ဒေါင်လိုက်ပုံစံမျိုး ဖြစ်နေသည့် အညိုရောင်မျက်ဝန်း တစ်စုံနှင့်အတူ သစ်ပင်အနောက်ဘက်မှ ထွက်လာသည့် ပုံရိပ်တစ်ခုကို ကြည့်လိုက်သည်။
"ဟင်"
ဆုပိုင်က အသက်ပြင်းပြင်း ရှူပြီး သူ့ကိုယ်ထက်ပင်ကြီးသော ဖားကြီးအနောက်ဘက်သို့ ခြေဖျားထောက်ကာ သွားလိုက်သည်။ ထိုအချိန်တွင် ဖားကြီးက အောင်မြင်စွာ အမဲလိုက်နိုင်ခြင်းကြောင့် ပျော်မွေ့နေချိန် ဖြစ်သည်။ သူကလည်း သူ၏အနောက်ဘက်မှ သေးငယ်သော အမွှေးမပါသည့် တစ်စုံတစ်ယောက်က ရောက်လာကြောင်း မသိမထားမိချေ။ ထိုတစ်စုံတစ်ယောက်က မြေပြင်ပေါ်ရှိ သစ်ကိုင်းကို ကောက်ကိုင်လိုက်သည်။
ဘန်း ဘန်း ဘန်း
ဆုပိုင်က မြေပြင်ပေါ်မှ သစ်သားကို ကောက်ယူပြီးနောက် ခေါင်းသို့ကျော်အောင် မြှောက်ချလိုက်သည်။
အရှေ့မှဖားကြီးက သက်ရှိဖြစ်သော်လည်း တာဝန်အရ ရွှေမြွေကို ကယ်ရမည် ဖြစ်သည်။
ထိုဖား၏ ပုံပန်းသွင်ပြင်ကို အကဲဖြတ်ရုံနှင့်တင် ဆုပိုင်ကို တွေ့သွားသည်နှင့် သူ၏အခြေအနေက မြွေထက်အခြေအနေ ဆိုးသွားမည်ကို စိုးရိမ်ရသည်။ ထို့နောက် ဆက်တိုက် ထုရိုက်သံများက ထွက်ပေါ်လာသည်။
"ခရက်"
ကြီးမားသော ဖားပြုတ်ကြီးက ရွှေမြွေကို တဖြည်းဖြည်းချင်း ဝါးမြိုနေရာမှ စူးရှစွာ အော်ဟစ်လိုက်သည်။ သူက မြိုထားပြီးသား အမြှီးနားကို ပြန်အန်ထုတ်လိုက်သည်။ ထို့နောက် နေရာမှ ခုန်ထွက်လိုက်ပြီး ဆုပိုင်၏တိုက်ကွက်ဝန်းကျင် အပြင်ဘက်သို့ ခုန်ရှောင်လိုက်သည်။
"ခူး ခူး ခူး"
သူ၏ပါးကြီးက မြင့်မားစွာ ဖောင်းတက်လာသည်။ သူ၏မျက်လုံးကလည်း စားပွဲတင် တင်းနစ်ဘောလုံး အရွယ်အစားထိ ပြူးထွက်သွားပြီး ဆက်တိုက် လှုပ်ခါလာသည်။ ထိုသို့ဖြင့် ထိုဖားကြီးထံမှတစ်ဆင့် အဖြူရောင်အငွေ့များက ထွက်ပေါ်လာသည်။ ထိုဖားကြီးက အဖြူရောင် အငွေ့တန်းနှစ်တန်းကို မှုတ်ထုတ်လိုက်ခြင်း ဖြစ်သည်။ သူက အလွန့်အလွန် ဒေါသထွက်နေသည်မှာ သေချာသည်။
"အနားကို မလာနဲ့ အနားကို မလာနဲ့"
ဘန်း
ဆုပိုင်က လက်ထဲမှ သစ်သားတုတ်ကို မြှောက်ပြီးရိုက်ချမည့် ပုံသဏ္ဌာန်မျိုး လုပ်သည်။ ထို့နောက် သတိမေ့နေပုံရသော ရွှေမြွေကို ကြည့်လိုက်သည်။
ငါတို့ ဒီကောင်နဲ့ ဒီအတိုင်း တိုက်ခိုက်နေလို့ မဖြစ်တော့ဘူးပဲ။ သူက တိုက်ခိုက်လိုက်တာနဲ့ ငါက ခံနိုင်တော့မှာ မဟုတ်ဘူး။
ဝှစ်
ရုတ်တရက် ထိုဖားကြီး၏ပါးစပ်က ပွင့်ထွက်သွားပြီး ရှည်လျားလွန်းသော လျှာကြီးက လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နူန်းဖြင့် ပေါ်ထွက်လာသည်။
အချိန်မှီ မတုန့်ပြန်နိုင်သော ဆုပိုင်က လက်ထဲမှ တုတ်ကိုသာ
အလျင်စလို မြှောက်လိုက်ရသည်။
သူက ခြေတစ်လှမ်းကိုလည်း အလျင်စလိုလည်း ဆုတ်ရသေးသည်။
ခရက်
သို့ရာတွင် မြေပြင်ပေါ်ရှိ ညိုးနွမ်းနေသော မြက်များကမူ ကြွပ်ရွသောအသံကို ထုတ်လွှတ်သည်။ ထိုဖားကြီး၏ ကိုယ်ရှိ ရှည်လျားသော ကြွက်သားများက ခြေထောက်မှ တဆတ်ဆတ် တုန်ခါသွားရင်း သူ့ထံခုန်အုပ်ရန် ပြင်ဆင်နေလိုက်သည်။ ဆုပိုင်က ခုန်ထွက်လိုက်သည့် တစ်ခဏတွင် သူ၏စိတ်က ဗလာဖြစ်သွားသည်။
သူ၏ခန္ဓာကိုယ်က အလိုလျောက် အောက်သို့ ဆောင့်ကြောင့်ထိုင်လိုက်ပြီး တစ်ပတ်လှိမ့်လိုက်သည်။
ဘန်း
မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြန်လည် ပြုတ်ကျပြီးနောက် မြေပြင်ပေါ်ရှိ ရွှေမြွေ၏ ခန္ဓာကိုယ်ကြီးကို ကောက်ပွေ့လိုက်ကာ ပုခုံးမှတစ်ဆင့် ရစ်ပတ်ကာ သယ်ဆောင်ရင်း နောက်သို့လှည့်မကြည့်ပဲ ပြေးသည်။
စနစ်၏ တာဝန်အရ ရွှေမြွေကို ကယ်ရန်ဖြစ်သည်။ ထို့ကြောင့် သူက ဖားနှင့်တိုက်ခိုက်ရန် မဖြစ်နိုင်လေရာ ထွက်ပြေးရန်သာ လုံလောက်လေသည်။
ထို့အပြင် ဆုပိုင်ကလည်း ထိုဖားကို မနိုင်ပါချေ။
"ဟွင်း ဟွင်း ဟွင်း"
"ညီအစ်ကို ကျေးဇူးပြုပြီး ထပါတော့"
ဆုပိုင်က တောအတွင်းမှ လျင်မြန်ဖြတ်လတ်သော မျောက်တစ်ကောင်ကဲ့သို့ ထိုရွှေမြွေ၏ ကိုယ်ထည်ကို သူ၏ခန္ဓာကိုယ်တွင် ရစ်ပတ်ရင်း ခုန်ပျံကျော်လွှားကာ ထွက်ပြေးနေရသည်။
ခရက်
နောက်မှ ကြီးမားသော ဖားပြုတ်ကြီးကလည်း ဆက်တိုက်လိုက်လာသည်။ သူ၏မျက်လုံးကြီးကလည်း မီးတောက်မတတ် ဖြစ်နေသည်။ သူက နောက်ဆုံးတွင် မြွေကို မြိုနိုင်တော့မည့်အချိန်မှ ဘယ်ကမှန်းမသိ လူတစ်ယောက် ထွက်လာပြီး သူ၏သားကောင်ကို တိုက်ခိုက်ရဲသည်။
သို့ရာတွင် အရှေ့မှ ဝဖြိုးသော ခန္ဓာကိုယ်ကို ကြည့်လိုက်မိသော အချိန်တွင် ...
ထိုဖားက လျှာနှစ်ချက် သပ်သည်။ တံတွေးမြိုချပြီးနောက် ထိုအရာကို စားချင်လိုစိတ် ဖြစ်လာလေသည်။
"မလိုက်တော့ဘူး မဟုတ်လား"
ဆုပိုင်က နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ် တစ်ခုလုံးက အမွှေးများ ထောင်တက်သွားသည်။ ထိုဖား၏ ကြီးမားလုံးဝန်းသော မျက်လုံးကြီးများက သူ၏ကိုယ်ပေါ်ရှိ မြွေကိုမဟုတ်ပဲ သူ့ကို ကြည့်လာသည်။
သူ့ကို စားချင်တာလား သေစမ်း
ကလု
ဆုပိုင်က တံတွေးမြိုချလိုက်သည်။ သူက အမောတကော အသက်ရှူပြီး ဘေးဘီကို ကြည့်ရ၏။ သူ၏ဦးနှောက်ကလည်း စတင်ကာ ရူးသွပ်စွာ လိုက်လုပ်လာသည်။
ဖားက ဘာကို ကြောက်တတ်လဲ။
ဖားက မြွေကို ကြောက်ရမှာ မဟုတ်ဘူးလား။ ပြဿနာက ဒီအကောင်က ကြီးလွန်းနေတာပဲ။ သစ်ပင်ပေါ် ခုန်တက်ရမယ်။
မဟုတ်သေးဘူး။ ဒီဖားကလည်း အံ့ဩဖွယ်ကောင်းတဲ့ ခုန်နိုင်စွမ်းရှိတယ်။ သူက တစ်ချက်ခုန်လိုက်ရုံနဲ့ အပင်ပေါ် ရောက်လာမှာပဲ။
"ဟင်"
တစ်ချက်လှည့်ကြည့်ပြီးနောက် ဆုပိုင်က ဘေးသို့ကွေ့လိုက်ကာ ဘယ်ဘက်ခြမ်းသို့ ပြေးသည်။ တိုက်ဆိုင်စွာပင် ထိုနေရာတွင် ချောက်ကမ်းပါး တစ်ခုရှိနေသည်။ ထို့နောက် ...
ပုံစံအရ ချောက်ကမ်းပါးမှာလည်း လက်မောင်းလောက် တုတ်ခိုင်တဲ့ နွယ်ပင်ကြီးတွေ တွဲလောင်း ကျနေတယ်။
ဒါက စနစ်က သူ့အတွက် ပြင်ဆင်ပေးထားတာ များလား။
"ကွက် ကွက် ကွက်"
အနောက်မှာ အော်သံကလည်း ပို၍ပင် အလျင်လိုလာသည်။ ထိုဖားကြီး ခုန်လိုက်သည့် အချိန်တိုင်းလိုလို တုန်ခါနေသည့် မြေပြင်ကို ခံစားကြည့်ရုံနှင့်တင် ထိုဖားက ခပ်မြန်မြန် လိုက်လာကြောင်း သိနိုင်လေသည်။
"မတတ်နိုင်တော့ဘူး"
ခပ်တိုးတိုး အော်သံနှင့် ဆုပိုင်၏မျက်နှာက နီရဲသွားသည်။ ထို့နောက် သူက ထိုမြွေကို သူ၏ခါးတွင် ထပ်ခါတလဲလဲ ရစ်ပတ်လိုက်သည်။ ထို့နောက် ကြီးမားသောမြွေခေါင်းကို လည်ပင်းနားတွင် ကပ်တင်လိုက်သည်။
"အောင်မြင်တာ၊ မအောင်မြင်တာကတော့ အခြေအနေပေါ် မူတည်တော့မှာပဲ"
သူက လက်နှစ်ဖက်လုံးဖြင့် နွယ်ပင်ကို ဆုပ်ကိုင်လိုက်ပြီး ခြေလှမ်းအနည်းငယ် နောက်သို့ဆုတ်သည်။
"အား"
စူးရှသော အော်သံနှင့်အတူ ဆုပိုင်က ချောက်ကမ်းပါးဘက်ခြမ်းသို့ လွှဲလိုက်သည်။
ဆုပိုင်က သစ်ပင်အနောက်ဘက်မှ ခုန်ထွက်လာသည့် တစ်ခဏတွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးက တိတ်ဆိတ်နေပြီးသား ဖြစ်သည်။ သူတို့ကလည်း ဆုပိုင်ကလည်း မြွေ၏ခန္ဓာကိုယ်ကို ခါးတွင် ရစ်ပတ်လျက် ဆက်တိုက်ပြေးလာကြောင်း မြင်သောအခါ အားလုံးကလည်း ကြောက်လန့်လွန်းသဖြင့် သူ၏နှလုံးသားက လည်ပင်းမှ ပြုတ်ထွက်လာတော့မည်ဟုပင် ခံစားနေရသည်။
{ဘုရားရေ ငါ ကြည့်နေရင်းနဲ့ သေးထွက်တော့မှာပဲ}
{ဒါက ဘယ်လိုသောက်ကျိုးနည်း တိုက်ရိုက်ထုတ်လွှင့်မှုလဲ။ ခြောက်ခြားစရာ ကောင်းလွန်းတယ်။ ဒီဖားကြီးကို ဘယ်လိုဒီဇိုင်းဆွဲထားတာလဲ။ ကြည့်ရုံနှင့်တူ ငါသေချင်လာပြီ}
{အား ဒီတင်ဆက်သူက ဘာတွေဖြစ်နေတာလဲ။ အရှေ့မှာ ချောက်ကမ်းပါး}
{ဘုရားရေ ချောက်ကမ်းပါးပေါ် လက်ဗလာနဲ့ ကျော်သွားတော့မယ် ဟုတ်လား}
{မဟုတ်သေးပါဘူး ငါ့ကို အသက်ရှူဖို့ အခွင့်အရေးလေး ပေးပါဦး။ ဒါကို ရပ်ထားလို့ ရမလား။ ငါ့ရဲ့ နှလုံးကယ်ဆေးက ဘယ်ရောက်သွားတာလဲ။ ငါ့ရဲ့ သွေးဖိအားတွေတောင်မှ မြင့်လာပြီ}
{တင်ဆက်သူရယ် ပြေးမှရမယ်နော် ပြေးမှရမယ် ကြိုးစားထား]
{ဒီတိုက်ရိုက်ထုတ်လွှင့်မှုက တစ်ခုခု မှားနေတယ်လို့ ဘယ်သူကမှ သတိမထားမိကြဘူးလား။ နောက်ပြီး ဘယ်အချိန်က ဉာဏ်ရည်မြင့် သားရဲတွေက ဒီလောက်ထိ အသိဉာဏ်ရှိသွားတာလဲ။ ဒီဖားက ဘယ်လိုပဲကြည့်ကြည့် အစစ်အမှန်လိုပဲ}
...
ဆုပိုင်၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။ သူက အောင်မြင်စွာဖြင့် တစ်ခြားတစ်ဖက်ခြမ်း မြေပေါ်သို့ ခြေချနိုင်ရပေမည်။ သို့မဟုတ်လျှင် ရှုံးနိမ့်မှု အကျိုးဆက်ပင် မဆိုထားဘိ ဒီချောက်က မည်မျှထိနက်ကြောင်းပင် မသိနိုင်ချေ။ ပြုတ်ကျသည်နှင့် သေသည်မှာ သေချာသည်။
"ငါးမီတာ"
"သုံးမီတာ"
"နှစ်မီတာ"
"သွား"
သူ၏မျက်ဝန်းတွင် တစ်ခြားတစ်ဖက်ခြမ်းတွင်သာ ရှိသည်။ အကွာအဝေးကို တွက်ချက်လိုက်ပြီးနောက် ကျယ်လောင်သော အော်သံနှင့်အတူ လက်ထဲမှနွယ်ပင်ကို လက်လွှတ်လိုက်သည်။
ဘန်း
"ထောက်"
ဆုပိုင်က လက်နှစ်ဖက်လုံးကို သုံးပြီး ချောက်ကမ်းပါးအဆုံးနားရှိ ကျောက်သားများကို ထိန်းကိုင်ထားရသည်။ သူ၏လည်ပင်းနားတွင်လည်း ရွှေမြွေ၏ခေါင်းလေးက ရှိနေသေးသည်။ သူက ခြေထောက်အောက်မှ ပြုတ်ကျမတတ် ရမ်းခါနေသည့် ကျောက်တုံးစများကို နင်းမိလိုက်သည်။ ထို့ကြောင့် ထိုအရာကိုသာ အားယူလိုက်ပြီး လက်ထဲမှ ကျောက်သားကိုလည်း ထိန်းကိုင်လျက် အင်အားကုန်သုံးကာ အပေါ်သို့ ကုန်းတက်ရသည်။
နည်းနည်းလေးပဲ နီးလိုက်တော့။
ကြည့်ရသည်မှာ သူက အနာဂတ်တွင် တောအတွင်း နေထိုင်နိုင်မည့် နည်းလမ်းများကို လေ့လာရန် လိုအပ်လောက်သည်။ သူ၏ အကွာအဝေးကို ခန့်မှန်းနိုင်သော စွမ်းရည်က အားနည်းလွန်းသည်။
သိသာစွာပင် သူက ခုန်နိုင်သည်။ သို့သော် အချိန်မှီသာ လက်ကိုမဆန့်ထုတ်နိုင်လျှင် ပြုတ်ကျသွားပေမည်။
"ခရက်"
"ဂလုတ်"
သူ၏ခြေထောက်အောက်ဘက်ရှိ ကျောက်တုံးထံမှ ကွဲအက်သံကို ကြားလိုက်ရသည်။ ဆုပိုင်၏ အပေါ်သို့တက်နေသော လှုပ်ရှားမှုက ချက်ချင်းလိုလို ရပ်တန့်သွားသည်။
"ဘန်း"
ရုတ်တရက် ကျောက်သားများက ကွဲအက်သွားသည်။ ဆုပိုင်၏ခန္ဓာကိုယ် တစ်ခုလုံးက တွဲလောင်းကျသွားလေပြီ။ သူ၏ လက်တစ်ဖက်ကသာ အပေါ်ရှိကျောက်တုံးကို စွဲမြဲစွာ ကိုင်ထားနိုင်သည်။
"သွားပြီ"
ဆုပိုင်က အောက်ဘက်ရှိ အဆုံးအစမဲ့သော ချောက်ကမ်းပါးကြီးကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
ပထမဦးဆုံးတာဝန်မှာတင် ကျရှုံးတော့မှာလား။
ထို့နောက် သူက ပြန်တွေးမိသည်။ တပိုင်က တိရိစ္ဆာန်ရုံတွင် ရှိနေသေးသည်။ သူကသာ မသွားနိုင်လျှင် တပိုင်က ဒုက္ခရောက်ပေလိမ့်မည်။
"ဟစ် ဟစ် ဟစ်"
ရုတ်တရက် သူ၏နားနားတွင် နှာမှုတ်သံကို ကြားရသည်။
သူ၏ကိုယ်ပေါ်ရှိ အေးစက်ကာ ချောမွတ်သော မြွေ၏ကိုယ်ထည်က တဖြည်းဖြည်းချင်း လှုပ်ရှားလာသည်။ ရွှေမြွေက ခေါင်းကိုမြင့်အောင် မြှောက်လိုက်ပြီး ရှေ့သို့ခုန်ထွက်လိုက်ကာ ချောက်ကမ်းပါးအစွန်းနားရှိ လက်မောင်းတစ်ဖက်စာခန့် ထူသော သစ်ကိုင်းတစ်ခုကို ရစ်ပတ်လိုက်သည်။
ဒါက မြွေက သူ့ကိုကယ်မလို့လား။