"ဟျောင့်သမုအတ္တညို သတင်းကောင်းတစ်ခုရှိတယ်ကွ"
သမုရှေ့ကိုပြေးလာတဲ့ကောင်းစစ်သက်တန့်
သမုရဲ့ပုခုံးကိုကိုင်ကာ သမုကိုစိုက်ကြည့်ပြီးပြောလိုက်သည်။
"ဟိုကောင် လင်းအာရုံမြတ် ကောင်မလေးရသွားပြီကွ"
"ဟမ်...ဘယ်သူနဲ့လဲ"
"ဟိုဘက်အခန်းက ကောင်မလေးပဲ အဲ့ကောင်ကအစကမင်းညီမကိုကြိတ်ကြိုက်နေတာ အခုတော့ ဟိုဘက်ခန်းကကောင်းမလေးဖြသ်သွားပြီ"
"ဒါနဲ့မင်းရော ကောင်မလေးရပြီလား"
သမုမေးလိုက်သည့်မေးခွန်းကြောင့် ကောင်းစစ်မှာမျက်နှာတွန့်ရှုပ်သွားသည်။
"မရှိသေးပါဘူးကွာ "
"ဟားးးဟားးးး"
သမုကကောင်းစစ်ကိုကြည့်ပြီးရီတော့သည်။
"ခွေးသား ရည်းစားမရှိတာဘာဖြစ်လဲ"
"သမု..."
ကောင်းစစ်နဲ့ သမုစကားပြောနေရင်းအနောက်ကနေ ခေတ်သွေးရောက်လာသည်။သမုလဲခေတ်သွေးရဲ့အသံလေးကိုကြားသည်နှင်ချက်ချင်းပဲလှည်ကြည့်လိုက်သည်။
"ခေတ်သွေး...မျက်နှာကဘာဖြစ်တာလဲ"
ခေတ်သွေးရဲ့ ညာဘက်ပါးမှာ ရှရာလေးတစ်ခုကို သမုမြင်လိုက်ရသည်။
"အာ ဒါကလား ခုနကဟိုဘက်ခန်းကကောင်မလေးဘောပင်နဲ့ခြစ်မိတာပါ သေးသေးလေးပါ ဘာမှမဖြစ်ဘူး"
"ဘာ! ဘောပင်နဲ့ခြစ်မိတာဟုက်လား လာခဲ့"
ခေတ်သွေးရဲ့လက်ကောက်ဝတ်ကိုဆွဲကာ ဟိုဘက်အခန်းရှေ့တွင်ရပ်လိုက်သည်။ကျန်ခဲ့တဲ့ကောင်းစစ်ကတော့ ကြောင်တောင်တောင်လေးကြည့်မိသည်။
"ဘယ်သူလုပ်တာလဲ"
"ငါဘာမှမဖြစ်ဘူး လာပါရန်မရှာပါနဲ့"
"ကျစ် ! ဘာကို ဘာမှမဖြစ်ပါဘူးလဲ ဒီမှာပါးမှာရဲနေတာပဲလေ ဘယ်သူလုပ်တာလဲပြောစမ်းပါ"
သမုက စိတ်မရှည်သည့်ဟန်ဖြင့် ခေတ်သွေးရဲ့ပါပြင်လေးကိုင်ကိုင်ကာပြောနေသည်။
"လာပါ ငါဘာမှမဖြစ်ဘူး"
"မင်း! ပြောလိုက်ရင်ပြီးနေပြီ ပြောဘယ်သူလုပ်တာလဲ"
"မင်းညီမ မင်းညီမဘောပင်နဲ့ချစ်မိတာ"
"ဘာ ! !!"
သမုကအော်လိုက်တာကြောင့်ခေတ်သွေးခန္ဓာကိုယ်လေးတုန်တက်သွားသည်။
"သမု ဘယ်သွားမလို့လဲ ဟာ"
ခေတ်သွေးခေါ်တာကိုမင်မကြာတော့ပေ သမုမှာ ကိုးတန်းဆောင်ဘက်ကို ပြေးထွက်သွားသည်။
"မေမဒီညို ! လာခဲ့စမ်း"
သမုက ဒေါသပါသည့်အသံဖြင့်ပြောလေသည်။
"ကိုကြီး ဘာလာလုပ်တာလဲ"
"နင် ခေတ်သွေးကိုဘောပင်နဲ့ချစ်တယ်ဆို"
"ဟမ် အော် အဲ့တာကမတော်တစ်စဖြစ်တာပါ"
"မတော်တစ်စတေဘာတွေနားမလည်ဘူး ခေတ်သွေးကို နောက်တစ်ခါအခုလိုထက်ဖြစ်ရင်ညီမ တွေဘာတွေနားမလည်ဘူး လက်စဖျောက်ပစ်မှာနော်! အဟက်"
သမုမျက်ခုံးတစ်ချက်ပင့်ကာ ထိုအဆောင်ရှေ့မှထွက်လာသည်။မေမဒီညိုမှတော့ကြောင်အလျက် တွေးမိသည်။
"ငါက သူ့ကိုအကိုအရင်းလိုသဘောထားတယ် သူကျတော့ အဟက်ရယ်ရတယ်"
သမုရဲ့ကျောပြင်လေးကိုကြည့်လျက်မေမဒီညို မျက်မှောင်ကျုံ့ကာပြောလိုက်သည်။
ညနေကျောင်းဆင်းပြီဖြစ်တာကြောင့် သမုလဲ ခေတ်သွေးကိုစောင့်နေသည်။စောင့်နေတာ ငါးမိနစ်ရှိနေပြီခေတ်သွေးကအခုထိအရိပ်ယောင်တောင်ပေါ်မလာသေးပေ၊သမုစိတ်တိုလာလေသည်။
"ကျစ် ! ဘာလုပ်နေလို့အဲ့လောက်ကြာနေရတာလဲ ချီးပဲကွာ"
"ဟျောင့် သမုအတ္တညို ဘယ်သူ့ကိုစိတ်တိုနေတာလဲ"
သမုအနောက်ကနေ ရောက်လာသည့်ကောင်းစစ်။
"ဟ့ ! ငါမေးတာဖြေအုံးလေ ! ဟ့ ဟိုမှာတိမ်လွှာခေတ်သွေးမှတ်လား သူ့ဘေးနားကကောင်ကဘယ်သူတုန်းကွ"
ကောင်းစစ်ပြောလိုက်တော့ သမုချက်ချင်းပင်လှည့်ကြည့်မိသည်။ ခေတ်သွေးရဲ့ပုခုံးကိုဖက်ပြီးလမ်းလျောက်ရင်းစကားပြောလာကြသည်။ခေတ်သွေးကိုဖက်ထားတဲ့လူအားကြည့်ကာ မျက်မှောင်များကျုံ့လျက် လက်သီးကိုကျစ်ကျစ်ပါအောင်စုပ်ကာခေတ်သွေးနားကို ဒေါသဖြင့်သွားသည်။
ခွပ်~~~ခွပ်~~~
"သမုဘာလုပ်တာလဲ သမုရက်လိုက်နော်"
သမုကခေတ်သွေးပုခုံးကိုဖက်ထားသည့်ကောင်လေးကိုစောင့်တွန်းကာ အပေါ်ကနေတက်ထိုးတော့သည်။
"ဟျောင့် သမုအတ္တညို ဘာလုပ်တာလဲ ရက်လိုက်တော့ကွ"
သမုကိုကောင်းစစ်ကဆွဲလေသည်။တစ်ဖက်ကတော့ ခေတ်သွေးက သမုကိုစူးစိုက်စွာကြည့်နေသည်။
"ခေတ်သွေး ငါ့ကိုအဲ့လိုမကြည့်နဲ့ငါမကြိုက်ဘူး"
"မကြိုက်ရင်လည်းသေ..."
"ဘာ! !!"
ပြွတ်~~~
"အွန့်..."
သမုက ခေတ်သွေးရဲ့ပါးနှစ်ဖက်ကို အသေဖိကိုင်လိုက်ပြီး ခေတ်သွေးနှုတ်ခမ်းကိုအသေဖိနမ်းသည်။ ကောင်စစ်နဲ့ ခေတ်သွေးဘေးမှာပါလာသည့်ကောင်လေးတို့လည်း ခေတ်သွေးနဲ့သမုကိုကြည့်ပြီး ကြောင်အအလေးဖြစ်သွားသည်။
"ဖယ်စမ်း ! သမုအတ္တညို!"
ခေတ်သွေးက သမုကိုစောင့်တွန်းလိုက်ပြီး မကျေနပ်တဲ့အကြည့်ဖြင့်ကြည့်လိုက်သည်။
"အဟက် ! ချိုလိုက်တာ! ချိုလိုက်တာ! !!"
"မင်းအရှက်မရှိဘူးလား"
"ဟုတ်တယ် ! ငါကမင်းနဲ့ဆိုဘာအရှက်မှမရှိဘူး အဲ့တာသိရဲ့လား"
"မင်း..."
"မင်း...ဘာဖြစ်လဲ ! ဆက်ပြောလေ အချစ်ရဲ့"
သမု ခေတ်သွေးကိုစိုက်ကြည့်ကာ မထိမမင်အပြုံးပြုံးလေသည်။ခေတ်သွေးရဲ့ပါးပြင်မို့မို့လေးနှစ်ဖက်မှာလဲရဲတက်နေလေသည်။
"မင်း...ထွက်သွား ငါ့ရှေ့ကနေထွက်သွား"
"ဘာလဲ အဲ့ကောင်ကြောင့် ခများက ကျုပ်ကိုမောင်းထုပ်တယ်ပေါ့ "
ခများတဲ့လားသမုရာ ငါတောင်းပန်ပါတယ်ငါစကားမှားတာကို။
"မင်းပါးစပ်ပိတ်လိုတော့ သမု"
"တော်ကြပါတော့ကွာ ငါတောင်းပန်ပါတယ် တကယ်တော့"
"ခများစောက်ပေါ့ပိတ်ပြီးလစ်လိုက် ကျုပ်ခေတ်သွေးနဲ့ပြောစရာရှိတယ် ကောင်းစစ် ဒီကောင်းကိုခေါ်သွားလိုက်တော့"
"ဟမ် ဪ အင်း"
ကောင်းစစ်လဲထိုကောင်လေးအားခေါ်သွားသည်။သမုနဲ့ခေတ်သွေးကတော့ မျက်လုံးချင်းစုံလျက်စစ်တိုက်နေကြသည်။
"ခများ ဘယ်သွားမှာလဲ"
"ငါ့ လက်ကိုလွှတ် ! သမုအတ္တညို"
"မလွှတ်ပေးနိုင်ဘူး ခများကကျုပ်အပိုင်ပဲ"
ခေတ်သွေးရဲ့လက်ကိုကျစ်ကျစ်ပါအောင်စုပ်လက် ခေတ်သွေးရဲ့မျက်လုံးမျက်ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။
"သမုအတ္တညို မင်းဘာတွေပြောနေတာလဲ ငါဘာတစ်ခုမှနားမလည်တော့ဘူး လွတ်ပါငါ့လက်တွေနာနေပြီ"
"ကျုပ် လွှတ်ပေးလိုက်ရင်ခများထွက်သွားမှာလား"
"မင်းကသိပ်ဆိုးတယ်ကွာ ကတိပေးတယ်ငါမသွားဘူး လွှတ်တော့"
"အင်း"
ခေတ်သွေးရဲ့လက်ကလေးကိုဖြေးဖြေးချင်ူလွှတ်ပေးလိုက်သည်။ လက်ကောက်ဝတိနားလေးမှာရီရဲနေတာပဲ သမုကဖြေးဖြေးလေးကိုင်လိုက်တာပါပဲ ခေတ်သွေးကိုက ထိလို့ကိုမရတာ။
"အိမ်ပြန်မယ်"
ခေတ်သွေးက ကျောင်းရှေ့သစ်ပင်အောက်မှာ ရပ်ထားသည့်စက်ဘီးကိုတွန်းလေသည်။ သမုကတော့ ခေတ်သွေးရဲ့မျက်နှာလေူကိုကြည့်လျက်။
"ခေတ်သွေး ငါ့ကိုစိတ်ဆိုးနေလာဟင်"
"ငါမင်းကိုဘယ်တုန်းကမှစိတ်မဆိုးပါဘူး"
"ဒါဆို ဘာလို့ ငါ့ကိုစကားမပြောတာလဲ ငါဟိုကောင်ကိုထိုးလိုက်လို့လား ငါကအဲ့ကောင်ကိုမထိုးချင်ပါဘူး အဲ့တာမင်းကြောင့်ထိုးမိတာပါ"
"ဘာ! !!"
ထိုးလိုက်တာက သူ တရားခံရှာတာကလဲသူ သူလုပ်ပြီးသူများကိုအပစ်လွှဲချနေတဲ့ သမုကိုခေတ်သွေးအောင်လိုပ်သည်။
"ငါ့ကြောင့် ငါကဘာလုပ်မိလို့တုန်း"
"မင်းကိုအဲ့ကောင်က ပုခုံးဖက်ထားတယ်လေ ငါမကြိုက်ဘူး နောက်ပြီးဒေါသတွေလဲအလိပ်လိုပ်ပဲထွက်လာတာ နောက်တစ်ခါမင်းကိုလာဖက်တဲ့ကောင်တွေကိုသတ်ပစ်မယ်"
"လူဆိုးကောင် ! မင်းကိုတော့ငါမနိုင်ဘူး"
စကားတစ်ပြောပြောနဲ့လမ်းလျောက်လာတာ ခေတ်သွေးအိမ်ကိုတောင်ရောက်ပြီ။
"ခေတ်သွေးစာမေးပွဲရှိတာ်နော် စာကျက်အုံး"
"အင်းပါ ငါ့ကိုဘဲပြောမနေနဲ့မင်းလဲကျက်အုံး"
သမုကခေတ်သွေးပြောလိုက်တော့ ခေါင်းငြိမ့်ပြကာသူ့ရဲ့ပြိုင်ဘီးအနက်လေးကိုစီးကာ သူ့အိမ်ကို ပြန်လာလိုက်သည်။
"သမုအတ္တညို ဘယ်အချိန်ရှိပြီလဲ"
"ဟိုမှာနာရီရှိတာပဲကြည့်လိုက်လေ"
"သမုအတ္တညို မင်းမေမေကိုဘယ်လိုတွေပြောလိုက်တာလဲ စကားကိုပြင်ပြောစမ်း နောက်လစာမေးပွဲရှိတယ် အဲ့တော့မင်းစာကိုသေချာကြိုးစား"
"ပြောချင်တာဒါပဲမို့လာ သွားပြီး"
သမုအပေါ်ထက်ကိုခပ်သွက်သွက်တက်သွားတော့သည်။ဒေါဝေဟန်နန်းညိုကတော့ သမုကိုကြည့်လျက်အံကြိတ်မိသည်။ကြီးလေ ထိန်းမနိုင်လေးပဲ သူ့ကိုနိုင်တဲ့မိန်းကကိုတော့ဆရာခေါ်ရမည့်အလား။