My Youth Was Yours ( Complet...

By popophoenix207

44.1K 3K 313

ဉာဏ်လင်းထင် × ပိုင်ဇေယံ သူငယ်ချင်းမဖြစ်ချင်ဘူးဆိုရာကနေ သူငယ်ချင်းဖြစ်သွားကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ဇာတ်လမ်းလေ... More

Intro & Note
1. When we were young
2. Why can't we be friends?
3. What am I to you?
4. I only care about you
6.Life is like a ferris wheel
7. Jealousy is slowly killing me
8. Eighteen isn't last forever
9. How was your first date?
10. In other words , I love you
11. The days without you
12. Best friends can kiss too
13. He loves me or not ?
14. Same but different
15. Whatever will be, will be
16. How could I tell you that I need you?
17. My father's secrets
18. The girl in the white shirt
19. Have you ever loved me ?
20. If home is a person
21. Meet me in the pouring rain ( Final part )
Extra - Happily ever after

5.Let's keep growing old together

1.5K 119 3
By popophoenix207

( Uni )

' သူပျော်ဖို့ ငါတစ်ယောက်တည်းနဲ့ မလုံလောက်ဘူးလား ' ဆိုတဲ့ မေးခွန်းကို ဓာတ်တော်ချိုင့်က ပြန်လာကတည်းက ယံယံတစ်ချိန်လုံး တွေးနေမိသည်။

ယံယံကရော ဉာဏ်တစ်ယောက်တည်းနှင့် လုံလောက်လား။

ဉာဏ်က ယံယံ့လိုဘောလုံးကန်လေ့မရှိ ၊ အသေးစားလက်မှုပညာတွေ ဖန်တီးရတာကို စိတ်မဝင်စား ၊  အတန်းလစ်ရတာ မကြိုက်သူ။

ယံယံ့မှာလည်း ဉာဏ့်အပြင် တခြားသူငယ်ချင်းတွေရှိပါသည်။ ပြောရလျှင် ဘောလုံးအသင်း တစ်သင်းလုံး ၊ အားလပ်ချိန် Miniatureတွေ ဖန်တီးတဲ့နေရာမှာ တိုင်ပင်ဖော်တိုင်ပင်ဖက် မိန်းကလေးသူငယ်ချင်း မီမီဟန်  ၊ ယံယံ့လိုမျိုး သင်္ချာဆိုအရမ်းပျင်းသော အားမာန်နှင့် သူရိန် ။

သို့သော် ယံယံက ဉာဏ့်ကိုမြင်လျှင် ဘောလုံးသမားတွေကိုလည်း ထားခဲ့ပြီး ဉာဏ့်နောက်ကိုပဲလိုက်ခဲ့သည်။ ဉာဏ်က နေ့လယ်စာအတူစားဖို့ပြောတဲ့နေ့ဆို အားမာန်နှင့် သူရိန့်ကို ဘေးဖယ်ပြီး ဉာဏ်ရှိရာ စားပွဲမှာပဲထိုင်ခဲ့သည်။ ကျောင်းပိတ်ရက်မှာ အသေးစား လက်မှုပညာပြပွဲကိုအတူသွားဖို့ မီမီဟန်က သူ့အတွက်‌ရော လက်မှတ်ဝယ်ထားသည်ဆိုတာတောင် ဉာဏ်က ဓာတ်တော်ချိုင့်သွားဖို့ ပြောသည့်ရက်နှင့် တိုက်နေသဖြင့် မီမီဟန်နှင့်အတူမသွားခဲ့ ။

ဉာဏ်ကရော တခြားသူတွေနှင့်ယှဉ်လျှင် ယံယံ့ကိုရွေးပါ့မလား ။

ဉာဏ်က စက်ဘီးနောက်မှာ ခေါင်ထွဋ်နဲ့ ခန့်သော်ဇင်ကိုလည်း တင်စီးသည်။ သံစဉ်ချိုနဲ့ လဝန်းမေကိုလည်း မုန့်ဝယ်ကျွေး၏။  ဘယ်သူက သင်္ချာလာရှင်းပြခိုင်းခိုင်း ငြင်းဆန်လေ့မရှိ ။

တကယ်တော့ ဉာဏ်က ယံယံတစ်ယောက်တည်းတင်မဟုတ်ဘဲ သူငယ်ချင်းတိုင်းအပေါ် ဂရုစိုက်ပေးတတ်သည်ဆိုတာ သိလိုက်ရသည့်အချိန်မှာ ယံယံ့စိတ်ထဲ အနည်းငယ် ဝမ်းနည်းသွားရသည်။

" မာမား.... တက္ကသိုလ်တုန်းက မာမားနဲ့ အန်တီရတီက အချစ်ဆုံးသူငယ်ချင်းတွေလား "

" ဒါပေါ့..မာမားတို့က အိပ်တော့လဲ တစ်ခန်းတည်း...ကျောင်းမှာထိုင်တော့လဲ တစ်ခုံတည်း... ဈေးဝယ်ထွက်လဲ အတူတူ...ရုပ်ရှင်သွားကြည့်တော့လဲ အတူတူ... တက္ကသိုလ်ကျောင်းသူဘဝ တစ်လျှောက်လုံး မာမားတို့နှစ်ယောက်က တတွဲတွဲလေ "

" ဒါဆို ဘာလို့အကြာကြီး ကွဲသွားကြတာလဲ "

" ဪ...သားရယ် ..အဲဒီတုန်းက အခုလောက် တစ်နေရာနဲ့တစ်နေရာ ဆက်သွယ်ဖို့မလွယ်ဘူးလေ... နောက်တော့ ကိုယ်စီအလုပ်အကိုင်တွေနဲ့ ဖြစ်သွားပြီး ကျောင်းတုန်းကလို မလွတ်လပ်ကြတော့ဘူး.. အိမ်ထောင်တွေ လည်းကျပြီး ကိုယ့်ဘဝနဲ့ကိုယ်ဖြစ်သွားကြတာကိုး "

ဒါဆို သူတို့ကြီးသွားလို့ ကိုယ့်ဘဝနဲ့ကိုယ် ဖြစ်သွားကြလျှင်ရော ဉာဏ်နှင့်သူလည်း ဝေးသွားမှာပဲလား ။ သူတို့မှာ ဘဝလက်တွဲဖော်တွေ ၊ သားသမီးတွေရှိလာခဲ့လျှင် တစ်ယောက်နဲ့တစ်ယောက် မေ့သွားကြမှာလား ။

ဘာဖြစ်ဖြစ် ဉာဏ်လင်းထင်ကတော့ ယံယံ့မှတ်ဉာဏ်ထဲမှာ တစ်သက်လုံး သတိရနေမည့်သူဖြစ်လိမ့်မည်။ သူနှင့်အတူ မုန်တိုင်းဝင်တဲ့ ညအမှောင်ကြီးထဲမှာ ဖြတ်သန်းခဲ့ဖူးသူတစ်ယောက်၊ ဘောလုံးပွဲထဲမှာ သူ့ကိုထိခိုက်အောင်လုပ်သည့် ကစားသမားကို လက်သီးနှင့် ဝင်ထိုးခဲ့တဲ့သူတစ်ယောက် ၊ ပြီးတော့ တခြားသူတွေကိုတောင် မျှမပေးချင်မိတဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်အဖြစ် ။

" အန်တီ ....ယံယံ ရှိလား "

ယံယံ အောက်ထပ်ဆင်းလာမလို့လုနေစဉ် ဉာဏ့်အသံ ကြားလိုက်သဖြင့် အခန်းထဲပြန်ဝင်ပြီး ကုတင်ပေါ်မှာ စောင်ခြုံအိပ်နေလိုက်သည်။ ပြင်ဦးလွင်က ပြန်လာကတည်းက ဉာဏ်နှင့်သူ မတွေ့ဖြစ်တာ သုံးရက် ။ အမှန်အတိုင်း ပြောရလျှင် သူ့ဟာသူ တစ်ဖက်သတ် စိတ်‌ကောက်ပြီး ဉာဏ့်ဆီ မသွားခဲ့ခြင်းပင် ။

" ရှိတယ် သား ... အပေါ်တက်သွားနော်...
အဲ့ကောင်လေး ဘာလုပ်နေလဲမသိဘူး...မနက်စာစားပြီးကတည်းက တက်သွားတာ ထွက်မလာဘူး "

ယံယံကသာ စာသင်လာရင်း ဉာဏ့်အခန်းထဲကို အမြဲရောက်ပေမဲ့ ဉာဏ်ကတော့ လူကြီးတွေမပါဘဲ ယံယံတို့အိမ်ဘက် သိပ်မရောက်ဖြစ်ပေ။ မနက်ခင်းကျောင်းသွားလျှင်လည်း ယံယံက အိမ်ရှေ့ကနေစောင့်နေလေ့ရှိသဖြင့် ဒါက ပထမဆုံးအကြိမ် ယံယံ့အခန်းထဲထိ  ဉာဏ်ရောက်ဖူးခြင်းပင် ။

" ယံယံ ...ဘာလို့အိပ်နေတာလဲ ဒီအချိန်ကြီးကို...
နေမကောင်းဘူးလား "

စောင်ခြုံပြီး မျက်လုံးတွေမှိတ်ထားသည့် ယံယံ့နဖူးကိုတစ်လှည့် ကိုယ့်နဖူးကိုယ်တစ်လှည့် ဉာဏ်စမ်းကြည့်ရင်း ...

" ပူတော့မပူပါဘူး "

ပြီးနောက် သူအခုမှရောက်ဖူးသည့် ယံယံ့အခန်းထဲကို လှည့်ပတ်ကြည့်နေမိသည် ။ အခန်းနံရံမှာ ကမ္ဘာကျော်ဘောလုံးသမားပုံတွေ ကပ်ထား၏။ပြီးတော့ ယံယံရခဲ့ဖူးသည့် ဆုဖလားတွေကို မှန်ဘောင်ဖြင့်ထည့်ထားသည်။ လုပ်လက်စ အိမ်သေးသေးလေးနှင့် ဘေးမှာပြန့်ကျဲနေသည့် ပစ္စည်းအတိုအထွာလေးတွေ ။ အိပ်ရာဘေးက စာကြည့်စားပွဲပေါ်မှာတော့ ဖိုတိုစတန်းလေးခု။ ယံယံငယ်ငယ်က ရိုက်ထားသည့် မိဘတွေနှင့်ပုံတစ်ပုံရယ်၊ အကောင်းဆုံး ဘောလုံးသမားဆုကိုင်ပြီး ရိုက်ထားသည့်ပုံတစ်ပုံရယ်။ ယံယံ သုံးလေးနှစ်အရွယ်လောက်က မျက်မှန်အမည်းရောင် အဝိုင်းလေးနှင့် နှုတ်ခမ်းထော်ပြီး ပဲပေးရိုက်ထားသည့်ပုံကိုမြင်တော့ ဉာဏ်ရယ်မိသေးသည်။

' ပိုင်ဇေယံက ဒီလိုကျ ချစ်စရာလေး '

နောက်ဆုံး ဖိုတိုစတန်းကတော့ ဉာဏ့်ကိုအံ့အားသင့်သွားစေပါသည်။ သူတို့စတွေ့ခါစအချိန်က လူကြီးတွေနှင့်အတူ ဘုရားသွားရင်း ဘုရားမှာ သူတို့နှစ်ယောက်တည်းကို ရိုက်ပေးထားသည့်ပုံလေး။ ဝဝတုတ်တုတ်လေးနှင့် ဉာဏ်က တစ်ဖက်က လက်နှစ်ချောင်းထောင်လျက် တစ်ဖက်က ယံယံ့ပုခုံးကိုဖက်ကာ မျက်လုံးတွေမပေါ်အောင် ရယ်နေပြီး ယံယံကတော့ ခြေထောက်နှစ်ချောင်းကို လိမ်ရပ်ထားကာ မျက်မှောင်ကြုတ်၍ ဂျစ်တစ်တစ် ကြည့်နေသည်။ ဉာဏ့်အိမ်ကalbum ထဲမှာလည်း ဒီပုံလေးရှိပေမဲ့ ယံယံ့လိုတော့ စားပွဲပေါ်မှာ တင်မထားမိပါ။

" ဉာဏ်လင်းထင် ဘာလုပ်လာတာလဲ "

ဓာတ်ပုံလေးကို လက်ကကိုင်ကြည့်နေစဉ်မှာပဲ အိပ်ရာပေါ်က ထွက်လာသည့်အသံကြောင့် စားပွဲပေါ်မှာပြန်ချပြီး ယံယံ့ဘေးကိုသွားလိုက်သည်။

" မင်းကိုတွေ့ချင်လို့ပေါ့...သုံးရက်စလုံး ငါ့ဆီ ပေါ်မလာဘဲ ဘာတွေလုပ်နေတာလဲလို့ " 

ဉာဏ့်ဆီက သူ့ကို တွေ့ချင်လို့ဆိုသော စကားကို ကြားလိုက်ရသဖြင့် ယံယံ တစ်ဖတ်သတ် စိတ်ဆိုးနေတာပါ ပြေသွားရသည်။

" လာ... ဒီပေါ်မှာ ထိုင် "

အိပ်ရာ တစ်ဖက်ခြမ်းကို နည်းနည်းတိုးပေးလိုက်ရာ ဉာဏ်က ဘေးမှာဝင်ထိုင်သည်။ ယံယံ ဉာဏ့်ပေါင်ပေါ်ကို ခေါင်းအုံးလိုက်တော့ သူ့ခန္ဓာကိုယ်က အိပ်ရာပေါ်မှာ ကန့်လန့်အနေအထား။

" ကျောင်းပိတ်တော့ ပျင်းစရာကြီးနော် ...
ဒီမှာ ဘာလုပ်ရမှန်းလဲ မသိဘူး... ထားဝယ်မှာဆို သူငယ်ချင်းတွေနဲ့ နေ့တိုင်း ကမ်းခြေသွားပြီး ဘောလုံးသွားကန်... ရပ်ကွက်ထဲမှာ လျှောက်သွား မုန့်တွေစားကြနဲ့ "

" ထားဝယ်က သူငယ်ချင်းတွေကို သတိရနေတာလား "

" အွန်း ... ရတာပေါ့ ... သဘက်ခါကျရင် ငါ ထားဝယ် သွားဦးမှာ "

" ဟင်... ငါ့ကျတော့ မြစ်ကြီးနား မပြန်နဲ့ဆို "

" တစ်ပတ်တည်းပါ... တစ်ပတ်လောက်တော့ ငါ့အဘွားက လာခဲ့ပါဆိုလို့...ငါ့ကို စိတ်မဆိုးပါနဲ့...ဟိုရောက်ရင် ငါ မင်းကို ဖုန်းဆက်လိုက်မယ်လေနော် "

ဉာဏ် သက်ပြင်းတစ်ချက်ချပြီး အိပ်ရာပေါ်လှဲအိပ်လိုက်တော့ ယံယံ့ခေါင်းက သူ့ဗိုက်ပေါ်ရွှေ့လာသည်။

" မင်းပြန်လာရင် ငါနဲ့အတူ အင်္ဂလိပ်စာသင်တန်း လိုက်တက်ရမယ်နော် "

" အွန်း တက်မယ် "

" ပြီးတော့ ဘာလုပ်ချင်သေးလဲ ... ဒီက သူငယ်ချင်းတွေနဲ့လဲ မင်း ဘောလုံးချိန်းကန်လို့ရတာပဲ "

" မင်းရော လိုက်ကန်မှာလား "

" မကန်ပါဘူး... မင်းနဲ့တော့ လိုက်ခဲ့မယ်လေ... ပြီးတော့ ငါ မနှစ်ကတက်တဲ့ ဂီတာတီးသင်တန်း ဆက်တက်ဦးမှာ "

ယံယံက ခဏလောက် ငြိမ်သွားသည်။ ပြီးမှ

" ဉာဏ် ... ငါပြန်လာရင် ဂီတာတီးပြ "

" တီးပြမယ်... မင်း တစ်ပတ်အတွင်း ပြန်လာမှနော်...
တစ်ပတ်ကျော်ရင် မတီးပြဘူး "

" ပြန်လာမှာပါဆို.. ငါမရှိတုန်း ဘယ်မှလျှောက်မသွားနဲ့...ငါပြန်လာမှ ငါနဲ့သွားမယ် "

" အိုခေ "

ခဏလောက် သူတို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်သွား၏ ။ ပြီးမှ ယံယံက စကားပြန်စလာသည်။

" ဉာဏ်... နောက် ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်လောက်ဆို ငါတို့ဘာဖြစ်မယ်ထင်လဲ "

ဉာဏ် ခဏတွေဝေသွားသည်။ သူ ဒါကို တစ်ခါမှ စဉ်းစား မကြည့်ခဲ့ဖူးပါ။

" မသိဘူးလေ... ငါ မစဉ်းစားဖူးဘူး "

" အဲဒီအချိန်လောက်ဆို မင်းက သင်္ချာပါမောက္ခဖြစ်နေလောက်ပြီ "

" ဒါဆို မင်းလဲ လက်ရွေးစင်ဘောလုံးသမား ဖြစ်နေလောက်ပြီ "

" အဲဒီကျ ငါတို့ အခုလို တွေ့ဖြစ်ကြပါတော့မလားဟင် ဉာဏ်  "

သည်မေးခွန်းကိုကြားရတာ ဉာဏ့်စိတ်ထဲ တစ်မျိုးဖြစ်သွား၏။ ရုတ်တရက် ဝမ်းနည်းလာသလိုလို။

" ဘာလို့ မတွေ့ဖြစ်ရမှာလဲ ယံယံ "

" ငါတို့မှာ ကိုယ်ပိုင်ဘဝတွေ ရှိလာတဲ့အချိန်ကျရင်လေ.... တခြားဦးစားပေးရမဲ့အရာတွေ ရှိလာပြီး ငါတို့တွေ ဝေးသွားကြတဲ့အခါကျ ငယ်ငယ်ကသူငယ်ချင်းကို မေ့သွားကြမှာပဲ မဟုတ်လား "

ယံယံပြောမှ ဉာဏ်မျက်ရည်ပါဝိုင်းလာ၏။

" မင်း ဘာလို့ ငါ့ကို ငိုချင်လာအောင် ပြောနေတာလဲ  "

" ငါက ဒီတိုင်း တွေးကြည့်တာပါ... အဲ့လိုသာဆို ငါ အသက်မကြီးချင်တော့ဘူး "

" ဒါပေမဲ့ အချိန်စက်ဝန်းကို ငါတို့ရပ်တန့်ထားလို့မှ မရတာ  "

အချိန်ကိုလည်း ရပ်တန့်ထားလို့မရ၊ ရှေ့ဆက်ကြီးပြင်းလာမည့် သူတို့ရဲ့အသက်အရွယ်ကိုလည်း ရပ်တန့်ထားလို့မရ၊ တခြားလိုအပ်ချက်တွေရှိလာဦးမည့် သဘာဝတရားကိုလည်း ရပ်တန့်ထားလို့မရ။
လောကကြီးမှာ လူသားတစ်ယောက်အနေနှင့် မတတ်နိုင်တာတွေ အများကြီးပဲမဟုတ်လား ။

" ဉာဏ်.... ငါ မင်းကိုချစ်တယ်နော် "

သူ့ဗိုက်ပေါ်ကိုခေါင်းအုံးအိပ်ရင်း သည်ကနေ့မှ ထူးထူးဆန်းဆန်းစကားတွေ ပြောနေသော ယံယံ့ကို ဉာဏ် ခေါင်းထောင်ကြည့်လိုက်တော့ နှုတ်ခမ်းလေးတွေကွေးသွားအောင် သူ့ကိုပြုံးပြသည်။

" ဘယ်အရွယ်ရောက်ရောက် မင်းက ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းပဲ "

သုံးတန်းတုန်းက သူ့လက်ကိုဖြုတ်ချပြီး သူငယ်ချင်းမလုပ်ချင်ဘူးဟု ပြောခဲ့သောကောင်လေးက အခု သူ့ကိုအချစ်ဆုံးသူငယ်ချင်းပါတဲ့ ။ ရင်ထဲမှာ ငြိမ့်ခနဲ ဖြတ်ပြေးသွားသည့် ခံစားချက်က ကြည်နူးမှုလား ။ သို့မဟုတ် တစ်ခြားတစ်ခုခုလား။

" အင်း... ပြီးတော့ ဘယ်အရွယ်ရောက်ရောက် ငါတို့က တွေ့ဖြစ်ကြမှာ ယံယံ... လျှောက်တွေးမနေနဲ့ ...မင်း တွေ့ချင်တဲ့ ဘယ်အချိန်နေနေ ငါ မင်းဆီ လာခဲ့မယ်... နောက်အနှစ်နှစ်ဆယ်မဟုတ်ဘူး...သုံးဆယ်၊ လေးဆယ်၊ ငါးဆယ်... ဘယ်တော့ဖြစ်ဖြစ် "

" ငါက နေ့တိုင်း တွေ့ချင်တယ်ဆိုရင်ရော "

" နေ့တိုင်းလာမှာပေါ့ "

" အဲ့ကျ မင်းမှာ မိသားစုတွေရှိနေပြီလေ "

" ရှိရှိပေါ့ "

" တကယ်ပြောတာလား ဉာဏ်လင်းထင် "

" တကယ်ပြောတာ ပိုင်ဇေယံ "

" ကတိပေး "

ယံယံ ထောင်ပြလာသော လက်သန်းလေးကို ဉာဏ် သူ့ လက်သန်းဖြင့် ဆွဲချိတ်လိုက်ပြီး

" ပေးတယ်... ကတိ "

" တစ်ခါတည်းလား "

" ဆယ်ခါ "

" ဆယ်ခါတည်းလား "

" မင်းကြိုက်သလောက်ကွာ... ကဲ "

" ဟားဟားဟား "

ထို့နောက်မှာတော့ သူတို့ အုန်းသီးရေခဲမုန့် ထွက်စားခဲ့ကြသည်။ ထုံးစံအတိုင်း ယံယံက ရေခဲမုန့်နှစ်ခုစားပြီး ဉာဏ်က ပိုက်ဆံရှင်းရသည်။ နှစ်ယောက်သား တစ်နေ့လုံး ဂိမ်းဆိုင်သွား ဂိမ်းဆော့ပြီး ညနေ ယံယံတို့အိမ်မှာ ထမင်းစားပြီးမှ ဉာဏ် အိမ်ပြန်လာခဲ့၏။

နောက်နှစ်ရက်နေတော့ ယံယံက အန်တီသီတာနှင့် ထားဝယ်သွားသည်။ ဉာဏ့်ကို ပြောခဲ့သလို ဖုန်းလည်းမဆက် ၊ တစ်ပတ်အတွင်းလည်း ပြန်မရောက်ဘဲ ဆယ်ရက်ကြာမှ ရောက်လာခဲ့၏။

သို့သော် ဉာဏ်ကတော့ ယံယံတောင်းဆိုသည့်အတိုင်း ဂီတာတီးပြခဲ့ပါသည်။ ဉာဏ် ဂီတာတီးပြီး ပထမဆုံး ယံယံ့ကို ဆိုပြသည့်သီချင်းက Fly Me To The Moon တဲ့ ။

ပြီးတော့ သူတို့အစီအစဉ်အတိုင်း သင်တန်းအတူတက်ကြ၊ ဂိမ်းအတူဆော့ကြ၊ Super Heroes ကားတွေ အတူကြည့်ကြဖြင့် ကျောင်းပိတ်ရက်ကို အတူကုန်ဆုံးခဲ့ကြသည်။

*****

ကျောင်းတွေပြန်ဖွင့်ပြီး ရှစ်တန်းနှစ်ကတော့ ငယ်ငယ်ကတည်းက လူကြီးတွေ မြင်ချင်ခဲ့သည့်ပုံစံအတိုင်း နှစ်ယောက်သား တပူးပူးတတွဲတွဲပါ။

ဉာဏ်ပါသည့် music club အနားမှာ ယံယံ့ကို အမြဲတွေ့ရတတ်ပြီး ယံယံ training ဆင်းနေတာကိုလည်း ဉာဏ်က စာအုပ်ဖတ်ရင်း ထိုင်စောင့်နေတတ်သည်။

နှစ်‌‌‌ယောက်သား စိတ်ဆိုးပြီး စကားမပြောဖြစ်ကြသည့် နေ့တွေလည်းရှိ၏။

ဉာဏ်က သံစဉ့်ကို စာအုပ်တွေ ကူသယ်ပေးနေသည်ကို ယံယံ တွေ့သည့်အခါ ၊ ယံယံ့ပုခုံး ဒဏ်ရာရလာသဖြင့် နောက်ထပ် ဘောလုံးမကန်တော့ဖို့ ဉာဏ်က ပြောသည့်အခါ ၊ ဉာဏ်က ယံယံ့ကိုအသိမပေးဘဲ ခေါင်ထွဋ်နှင့် ရှေးဟောင်းပစ္စည်းအရောင်းဆိုင် လိုက်သွားသောအခါ ၊ ယံယံက အနုပညာပြခန်းကို ‌မီမီဟန်နှင့် နှစ်ယောက်တည်း အတူသွားခဲ့မှန်း ဉာဏ်သိသွားသောအခါ စသဖြင့် တစ်ယောက်နှင့်တစ်ယောက် စကားနာထိုးရင်းကနေ ရန်ထဖြစ်ကြသည့် အခါမျိုးတွေလည်း ကြိုးကြားကြိုးကြားပါ ။

" သံစဉ်နဲ့ လဝန်း ဘယ်သူပိုလှလဲ ဉာဏ်လင်းထင် "

" မသိဘူးလေ.. နှစ်ယောက်စလုံး သူ့ဟာနဲ့သူ လှတယ်နေမှာပေါ့ ...ဘာလို့မေးတာလဲ မင်းက "

" မင်းမျက်စိထဲ ဘယ်သူပိုလှလဲ သိချင်လို့ "

" ဘယ်သူမှ မလှဘူး....နေပါဦး အဲ့ဒါတွေလာမေးနေရအောင် မင်း အခုမှ ဆယ့်ငါးနှစ်ရှိသေး... ရည်းစားထားဖို့ စိတ်ဝင်စားနေပြီလား ပိုင်ဇေယံ "

" မင်းရော စိတ်မဝင်စားဘူးလား "

" No.... မင်းလဲ ဝင်စားဖို့ စိတ်မကူးနဲ့...အဲ့ဒီအစား သင်္ချာပုစ္ဆာတစ်ပုဒ်လောက် ငါမပြောပြရဘဲ တွက်နိုင်အောင်သာ အာရုံစိုက်....မဟုတ်လို့ကတော့ မင်း ရည်းစားထားဖို့ စဉ်းစားနေပြီဆိုပြီး မင်းအမေနဲ့ ပြန်တိုင်မှာ "

ဒီတစ်ခါ ဉာဏ့်ကို ဆရာလုပ်ပါသည်ဆိုပြီး ယံယံပြန်ရန်မတွေ့ဘဲ ပြုံးနေမိသည်မှာ သူ့စိတ်ထဲ ဘာကိုကျေနပ်သွားလို့ရယ်မသိပေ။ ထိုနေ့ကစပြီး သံစဉ်နှင့် လဝန်းအပေါ် အမြင်မကြည်တာမျိုးလည်း မရှိတော့ပါ။

*****

ကိုးတန်း .... ။

အတန်းကြီးလာသည်နှင့်အမျှ လေ့လာရသည့်စာတွေလည်း များလာပြီး စိတ်ဝင်စားစရာကောင်းသည့် တခြားအရာတွေလည်း အများအပြားရှိလာ၏။

ဉာဏ်လင်းထင်က ကောင်မလေးတိုင်း ရင်းနှီးချင်သော အတန်းခေါင်းဆောင်ဖြစ်သည့်အပြင် ကျောင်းက တီးဝိုင်းအဖွဲ့ရဲ့ Guitarist တစ်ယောက်လည်း ဖြစ်လာသည်။

ပိုင်ဇေယံကတော့ တခြားကျောင်းတွေအထိပါ ရေပန်းစားနေသည့် ဂိုးသွင်းကောင်းပြီး ရုပ်ချောချော ဘောလုံးသမား ။

စာကြည့်တိုက်ထဲက ဉာဏ့်ဘေးမှာ စာမေးချင်ယောင်ဆောင်ပြီး ကော်ဖီဝယ်တိုက်ချင်သော ကောင်မလေးတစ်ယောက်နှစ်ယောက်ကို အမြဲတွေ့ရတတ်ပြီး ယံယံရဲ့စက်ဘီးနှင့် ထိုင်‌နေကြ စာသင်ခုံပေါ်မှာတော့ ချောကလက်တွေ ၊ ရေမွှေးဆွတ်ထားသည့် စာအိတ်လှလှလေးတွေနှင့် ပန်းတွေက အမြဲနေရာယူထားတတ်သည်။

" ဉာဏ်... ဒီမှာ ငါ့စက်ဘီးပေါ် ပန်းတွေရောက်နေပြန်ပြီ... ဘယ်သူလာထားသွားပြန်တာလဲ မသိဘူး "

" သိချင်လို့လား....ဟိုမှာ CCTVရှိတယ်... record သွားတောင်းကြည့်လေ "

" မသိချင်ပါဘူး...ငါမှ စိတ်မဝင်စားဘဲ "

" ဒါဆိုလဲ ဘာလို့ အဲဒီပန်းတွေကိုင်ထားနေသေးလဲ... အမှိုက်ပုံးထဲ တစ်ခါတည်း ထည့်ခဲ့လိုက်လေ "

" နှမြှောစရာကြီး။ အိမ်မှာ ဘုရားပန်းအိုးထိုးလို့ ရတာကို "

သူ့ကိုဘာမှမပြောတော့ဘဲ မကြည်သည့်အကြည့်နှင့် တစ်ချက်ကြည့်ပြီး စက်ဘီးနင်းထွက်သွားသော ဉာဏ့်နောက်ကို ယံယံပန်းစည်းတစ်ဖက်ကိုင်ပြီး အမှီလိုက်စီးရတော့သည်။

*****

" ဉာဏ်လင်းထင် ငါတို့ ဆယ့်‌ခြောက်နှစ်ပြည့်တော့မှာနော် "

" အဲ့တော့ ဘာဖြစ်လဲ  "

" အချိန်တွေက ကုန်လွယ်သလိုပဲ.. ငါ အသက်မြန်မြန် မကြီးချင်ဘူး "

" စာတွေများလာလို့မို့လား.... အပျင်းမကြီးနဲ့ ထထ ...ဒီအင်္ဂလိပ်ကဗျာတစ်ပုဒ် မင်းအရင်ဘာသာပြန်ပြ "

ကိုးတန်းနှစ်မှာတော့ ယံယံက သူ့အိမ်မှာထက် ဉာဏ့်အိမ်မှာပဲ စာအတူကြည့်ရင်းအိပ်သည့်ညက ပိုများသည်။ ယံယံ အိပ်သည့်ညဆို ဉာဏ်က အခန်းထဲမှာ တစ်ညလုံး မီးဖွင့်ပေးထားပြီး  ပြတင်းမှန်တွေမှာလည်း မိုးရွာလို့ လျှပ်စီးလက်လျှင် မမြင်ရအောင် လိုက်ကာတွေတပ်ထား၏။ နောက်ပြီး ယံယံကြိုက်သည့် မုန့်တွေကိုလည်း စားပွဲပေါ်မှာ အမြဲအပြည့် ဖြည့်ပေးထားသေးသည်။

" ဉာဏ်... မင်းက ငါ့အတွက် အကောင်းဆုံးပဲသိလား... မင်းမရှိရင် ငါတော့ ဘယ်လိုလုပ်ရပါ့ "

" ငါက ဘယ်သွားမှာမို့လို့လဲ "

" နောက်ကျ ပြောတာ "

သည်နှစ်ပိုင်းတွေမှာ ယံယံ့ဆီက သည်လိုစကားမျိုး ဉာဏ် မကြာခဏ ကြားရတတ်သည်။

" နောက်လဲ ငါဘယ်မှမသွားဘူး ပိုင်ဇေယံ ....
မဖြစ်သေးတာတွေ လျှောက်တွေးပြီး ဒရာမာခင်းမဲ့အစား အခု ငါရှင်းပြထားတဲ့ ပုစ္ဆာကို တစ်ခါတည်းမှန်အောင်ပြန်တွက် "

" ရက်စ် ဆာ...
ပြောတဲ့အတိုင်း တသဝေမတိမ်း လိုက်နာဆောင်ရွက်ပါ့မယ် ဆာ "

သူ့ကို အလေးပြုပြီး ပြောလိုက်သည့် ပုံစံကြောင့် ဉာဏ် ခွက်ထိုးခွက်လန် ရယ်မိသည်။ ပိုင်ဇေယံတို့က ဘောလုံးသမား မလုပ်သင့်ဘူး ။ ရုပ်ရှင်မင်းသား လုပ်သင့်တာ ။

ဉာဏ်က ယံယံ့ထက် တစ်လကျော်ကြီးသဖြင့် ဉာဏ့်မွေးနေ့က  ယံယံ့ထက် အရင်ရောက်သည်။

သည်နှစ် ဉာဏ်ရဲ့ ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့မှာ ယံယံက သူကိုယ်တိုင် ဖယောင်းဖြင့် ဖန်တီးထားသည့် student festivalတုန်းက ဂီတာတီးနေသော ဉာဏ်ရဲ့ ပုံတူရုပ်ထုသေးသေးလေး လက်ဆောင်ပေး၏။

" ယံယံ... မင်း ဒါလေး ဘယ်တုန်းကလုပ်ထားတာလဲ "

" ဘယ်တုန်းကလုပ်လုပ်ပေါ့... ကြိုက်လား ပြော "

" ကြိုက်တာပေါ့ မင်းလုပ်ပေးတာပဲ ... နှစ်တိုင်း ငါ့ကို ဒါမျိုးလေး တစ်နှစ်တစ်ရုပ်လုပ်ပေး "

" ဘယ်နှစ်အထိလဲ "

" နှစ်တိုင်းပါဆို ပိုင်ဇေယံ ... ငါ့မွေးနေ့တိုင်း မင်း ငါ့ဘေးမှာရှိပေးရမယ် ... ငါတို့ အတူတူ အသက်ကြီးသွားတဲ့အထိ "

ဉာဏ့်စကားကို ယံယံက ပြုံးပြီး ခေါင်းညိတ်ကာ သဘောတူ၏ ။ နောက်ပြီးတော့ မွေးနေ့ကိတ်ပေါ် ဖယောင်းတိုင်ထွန်းကာ ဉာဏ့်ရှေ့ယူလာပြီး ဆုတောင်းစကားဆိုလိုက်ပါသည်။

" Happy Birthday ဉာဏ် "

#PoPoPhoenix

*
*
*
*
*

( Zawgyi )

' သူေပ်ာ္ဖို႔ ငါတစ္ေယာက္တည္းနဲ႔ မလုံေလာက္ဘူးလား ' ဆိုတဲ့ ေမးခြန္းကို ဓာတ္ေတာ္ခ်ိဳင့္က ျပန္လာကတည္းက ယံယံတစ္ခ်ိန္လုံး ေတြးေနမိသည္။

ယံယံကေရာ ဉာဏ္တစ္ေယာက္တည္းႏွင့္ လုံေလာက္လား။

ဉာဏ္က ယံယံ့လိုေဘာလုံးကန္ေလ့မရွိ ၊ အေသးစားလက္မႈပညာေတြ ဖန္တီးရတာကို စိတ္မဝင္စား ၊  အတန္းလစ္ရတာ မႀကိဳက္သူ။

ယံယံ့မွာလည္း ဉာဏ့္အျပင္ တျခားသူငယ္ခ်င္းေတြရွိပါသည္။ ေျပာရလွ်င္ ေဘာလုံးအသင္း တစ္သင္းလုံး ၊ အားလပ္ခ်ိန္ Miniatureေတြ ဖန္တီးတဲ့ေနရာမွာ တိုင္ပင္ေဖာ္တိုင္ပင္ဖက္ မိန္းကေလးသူငယ္ခ်င္း မီမီဟန္  ၊ ယံယံ့လိုမ်ိဳး သခ်ၤာဆိုအရမ္းပ်င္းေသာ အားမာန္ႏွင့္ သူရိန္ ။

သို႔ေသာ္ ယံယံက ဉာဏ့္ကိုျမင္လွ်င္ ေဘာလုံးသမားေတြကိုလည္း ထားခဲ့ၿပီး ဉာဏ့္ေနာက္ကိုပဲလိုက္ခဲ့သည္။ ဉာဏ္က ေန႔လယ္စာအတူစားဖို႔ေျပာတဲ့ေန႔ဆို အားမာန္ႏွင့္ သူရိန႔္ကို ေဘးဖယ္ၿပီး ဉာဏ္ရွိရာ စားပြဲမွာပဲထိုင္ခဲ့သည္။ ေက်ာင္းပိတ္ရက္မွာ အေသးစား လက္မႈပညာျပပြဲကိုအတူသြားဖို႔ မီမီဟန္က သူ႔အတြက္‌ေရာ လက္မွတ္ဝယ္ထားသည္ဆိုတာေတာင္ ဉာဏ္က ဓာတ္ေတာ္ခ်ိဳင့္သြားဖို႔ ေျပာသည့္ရက္ႏွင့္ တိုက္ေနသျဖင့္ မီမီဟန္ႏွင့္အတူမသြားခဲ့ ။

ဉာဏ္ကေရာ တျခားသူေတြႏွင့္ယွဥ္လွ်င္ ယံယံ့ကိုေ႐ြးပါ့မလား ။

ဉာဏ္က စက္ဘီးေနာက္မွာ ေခါင္ထြဋ္နဲ႔ ခန႔္ေသာ္ဇင္ကိုလည္း တင္စီးသည္။ သံစဥ္ခ်ိဳနဲ႔ လဝန္းေမကိုလည္း မုန႔္ဝယ္ေကြၽး၏။  ဘယ္သူက သခ်ၤာလာရွင္းျပခိုင္းခိုင္း ျငင္းဆန္ေလ့မရွိ ။

တကယ္ေတာ့ ဉာဏ္က ယံယံတစ္ေယာက္တည္းတင္မဟုတ္ဘဲ သူငယ္ခ်င္းတိုင္းအေပၚ ဂ႐ုစိုက္ေပးတတ္သည္ဆိုတာ သိလိုက္ရသည့္အခ်ိန္မွာ ယံယံ့စိတ္ထဲ အနည္းငယ္ ဝမ္းနည္းသြားရသည္။

" မာမား.... တကၠသိုလ္တုန္းက မာမားနဲ႔ အန္တီရတီက အခ်စ္ဆုံးသူငယ္ခ်င္းေတြလား "

" ဒါေပါ့..မာမားတို႔က အိပ္ေတာ့လဲ တစ္ခန္းတည္း...ေက်ာင္းမွာထိုင္ေတာ့လဲ တစ္ခုံတည္း... ေဈးဝယ္ထြက္လဲ အတူတူ...႐ုပ္ရွင္သြားၾကည့္ေတာ့လဲ အတူတူ... တကၠသိုလ္ေက်ာင္းသူဘဝ တစ္ေလွ်ာက္လုံး မာမားတို႔ႏွစ္ေယာက္က တတြဲတြဲေလ "

" ဒါဆို ဘာလို႔အၾကာႀကီး ကြဲသြားၾကတာလဲ "

" ဪ...သားရယ္ ..အဲဒီတုန္းက အခုေလာက္ တစ္ေနရာနဲ႔တစ္ေနရာ ဆက္သြယ္ဖို႔မလြယ္ဘူးေလ... ေနာက္ေတာ့ ကိုယ္စီအလုပ္အကိုင္ေတြနဲ႔ ျဖစ္သြားၿပီး ေက်ာင္းတုန္းကလို မလြတ္လပ္ၾကေတာ့ဘူး.. အိမ္ေထာင္ေတြ လည္းက်ၿပီး ကိုယ့္ဘဝနဲ႔ကိုယ္ျဖစ္သြားၾကတာကိုး "

ဒါဆို သူတို႔ႀကီးသြားလို႔ ကိုယ့္ဘဝနဲ႔ကိုယ္ ျဖစ္သြားၾကလွ်င္ေရာ ဉာဏ္ႏွင့္သူလည္း ေဝးသြားမွာပဲလား ။ သူတို႔မွာ ဘဝလက္တြဲေဖာ္ေတြ ၊ သားသမီးေတြရွိလာခဲ့လွ်င္ တစ္ေယာက္နဲ႔တစ္ေယာက္ ေမ့သြားၾကမွာလား ။

ဘာျဖစ္ျဖစ္ ဉာဏ္လင္းထင္ကေတာ့ ယံယံ့မွတ္ဉာဏ္ထဲမွာ တစ္သက္လုံး သတိရေနမည့္သူျဖစ္လိမ့္မည္။ သူႏွင့္အတူ မုန္တိုင္းဝင္တဲ့ ညအေမွာင္ႀကီးထဲမွာ ျဖတ္သန္းခဲ့ဖူးသူတစ္ေယာက္၊ ေဘာလုံးပြဲထဲမွာ သူ႔ကိုထိခိုက္ေအာင္လုပ္သည့္ ကစားသမားကို လက္သီးႏွင့္ ဝင္ထိုးခဲ့တဲ့သူတစ္ေယာက္ ၊ ၿပီးေတာ့ တျခားသူေတြကိုေတာင္ မွ်မေပးခ်င္မိတဲ့ သူ႔ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းတစ္ေယာက္အျဖစ္ ။

" အန္တီ ....ယံယံ ရွိလား "

ယံယံ ေအာက္ထပ္ဆင္းလာမလို႔လုေနစဥ္ ဉာဏ့္အသံ ၾကားလိုက္သျဖင့္ အခန္းထဲျပန္ဝင္ၿပီး ကုတင္ေပၚမွာ ေစာင္ၿခဳံအိပ္ေနလိုက္သည္။ ျပင္ဦးလြင္က ျပန္လာကတည္းက ဉာဏ္ႏွင့္သူ မေတြ႕ျဖစ္တာ သုံးရက္ ။ အမွန္အတိုင္း ေျပာရလွ်င္ သူ႔ဟာသူ တစ္ဖက္သတ္ စိတ္‌ေကာက္ၿပီး ဉာဏ့္ဆီ မသြားခဲ့ျခင္းပင္ ။

" ရွိတယ္ သား ... အေပၚတက္သြားေနာ္...
အဲ့ေကာင္ေလး ဘာလုပ္ေနလဲမသိဘူး...မနက္စာစားၿပီးကတည္းက တက္သြားတာ ထြက္မလာဘူး "

ယံယံကသာ စာသင္လာရင္း ဉာဏ့္အခန္းထဲကို အၿမဲေရာက္ေပမဲ့ ဉာဏ္ကေတာ့ လူႀကီးေတြမပါဘဲ ယံယံတို႔အိမ္ဘက္ သိပ္မေရာက္ျဖစ္ေပ။ မနက္ခင္းေက်ာင္းသြားလွ်င္လည္း ယံယံက အိမ္ေရွ႕ကေနေစာင့္ေနေလ့ရွိသျဖင့္ ဒါက ပထမဆုံးအႀကိမ္ ယံယံ့အခန္းထဲထိ  ဉာဏ္ေရာက္ဖူးျခင္းပင္ ။

" ယံယံ ...ဘာလို႔အိပ္ေနတာလဲ ဒီအခ်ိန္ႀကီးကို...
ေနမေကာင္းဘူးလား "

ေစာင္ၿခဳံၿပီး မ်က္လုံးေတြမွိတ္ထားသည့္ ယံယံ့နဖူးကိုတစ္လွည့္ ကိုယ့္နဖူးကိုယ္တစ္လွည့္ ဉာဏ္စမ္းၾကည့္ရင္း ...

" ပူေတာ့မပူပါဘူး "

ၿပီးေနာက္ သူအခုမွေရာက္ဖူးသည့္ ယံယံ့အခန္းထဲကို လွည့္ပတ္ၾကည့္ေနမိသည္ ။ အခန္းနံရံမွာ ကမာၻေက်ာ္ေဘာလုံးသမားပုံေတြ ကပ္ထား၏။ၿပီးေတာ့ ယံယံရခဲ့ဖူးသည့္ ဆုဖလားေတြကို မွန္ေဘာင္ျဖင့္ထည့္ထားသည္။ လုပ္လက္စ အိမ္ေသးေသးေလးႏွင့္ ေဘးမွာျပန႔္က်ဲေနသည့္ ပစၥည္းအတိုအထြာေလးေတြ ။ အိပ္ရာေဘးက စာၾကည့္စားပြဲေပၚမွာေတာ့ ဖိုတိုစတန္းေလးခု။ ယံယံငယ္ငယ္က ႐ိုက္ထားသည့္ မိဘေတြႏွင့္ပုံတစ္ပုံရယ္၊ အေကာင္းဆုံး ေဘာလုံးသမားဆုကိုင္ၿပီး ႐ိုက္ထားသည့္ပုံတစ္ပုံရယ္။ ယံယံ သုံးေလးႏွစ္အ႐ြယ္ေလာက္က မ်က္မွန္အမည္းေရာင္ အဝိုင္းေလးႏွင့္ ႏႈတ္ခမ္းေထာ္ၿပီး ပဲေပး႐ိုက္ထားသည့္ပုံကိုျမင္ေတာ့ ဉာဏ္ရယ္မိေသးသည္။

' ပိုင္ေဇယံက ဒီလိုက် ခ်စ္စရာေလး '

ေနာက္ဆုံး ဖိုတိုစတန္းကေတာ့ ဉာဏ့္ကိုအံ့အားသင့္သြားေစပါသည္။ သူတို႔စေတြ႕ခါစအခ်ိန္က လူႀကီးေတြႏွင့္အတူ ဘုရားသြားရင္း ဘုရားမွာ သူတို႔ႏွစ္ေယာက္တည္းကို ႐ိုက္ေပးထားသည့္ပုံေလး။ ဝဝတုတ္တုတ္ေလးႏွင့္ ဉာဏ္က တစ္ဖက္က လက္ႏွစ္ေခ်ာင္းေထာင္လ်က္ တစ္ဖက္က ယံယံ့ပုခုံးကိုဖက္ကာ မ်က္လုံးေတြမေပၚေအာင္ ရယ္ေနၿပီး ယံယံကေတာ့ ေျခေထာက္ႏွစ္ေခ်ာင္းကို လိမ္ရပ္ထားကာ မ်က္ေမွာင္ၾကဳတ္၍ ဂ်စ္တစ္တစ္ ၾကည့္ေနသည္။ ဉာဏ့္အိမ္ကalbum ထဲမွာလည္း ဒီပုံေလးရွိေပမဲ့ ယံယံ့လိုေတာ့ စားပြဲေပၚမွာ တင္မထားမိပါ။

" ဉာဏ္လင္းထင္ ဘာလုပ္လာတာလဲ "

ဓာတ္ပုံေလးကို လက္ကကိုင္ၾကည့္ေနစဥ္မွာပဲ အိပ္ရာေပၚက ထြက္လာသည့္အသံေၾကာင့္ စားပြဲေပၚမွာျပန္ခ်ၿပီး ယံယံ့ေဘးကိုသြားလိုက္သည္။

" မင္းကိုေတြ႕ခ်င္လို႔ေပါ့...သုံးရက္စလုံး ငါ့ဆီ ေပၚမလာဘဲ ဘာေတြလုပ္ေနတာလဲလို႔ " 

ဉာဏ့္ဆီက သူ႔ကို ေတြ႕ခ်င္လို႔ဆိုေသာ စကားကို ၾကားလိုက္ရသျဖင့္ ယံယံ တစ္ဖတ္သတ္ စိတ္ဆိုးေနတာပါ ေျပသြားရသည္။

" လာ... ဒီေပၚမွာ ထိုင္ "

အိပ္ရာ တစ္ဖက္ျခမ္းကို နည္းနည္းတိုးေပးလိုက္ရာ ဉာဏ္က ေဘးမွာဝင္ထိုင္သည္။ ယံယံ ဉာဏ့္ေပါင္ေပၚကို ေခါင္းအုံးလိုက္ေတာ့ သူ႔ခႏၶာကိုယ္က အိပ္ရာေပၚမွာ ကန႔္လန႔္အေနအထား။

" ေက်ာင္းပိတ္ေတာ့ ပ်င္းစရာႀကီးေနာ္ ...
ဒီမွာ ဘာလုပ္ရမွန္းလဲ မသိဘူး... ထားဝယ္မွာဆို သူငယ္ခ်င္းေတြနဲ႔ ေန႔တိုင္း ကမ္းေျခသြားၿပီး ေဘာလုံးသြားကန္... ရပ္ကြက္ထဲမွာ ေလွ်ာက္သြား မုန႔္ေတြစားၾကနဲ႔ "

" ထားဝယ္က သူငယ္ခ်င္းေတြကို သတိရေနတာလား "

" အြန္း ... ရတာေပါ့ ... သဘက္ခါက်ရင္ ငါ ထားဝယ္ သြားဦးမွာ "

" ဟင္... ငါ့က်ေတာ့ ျမစ္ႀကီးနား မျပန္နဲ႔ဆို "

" တစ္ပတ္တည္းပါ... တစ္ပတ္ေလာက္ေတာ့ ငါ့အဘြားက လာခဲ့ပါဆိုလို႔...ငါ့ကို စိတ္မဆိုးပါနဲ႔...ဟိုေရာက္ရင္ ငါ မင္းကို ဖုန္းဆက္လိုက္မယ္ေလေနာ္ "

ဉာဏ္ သက္ျပင္းတစ္ခ်က္ခ်ၿပီး အိပ္ရာေပၚလွဲအိပ္လိုက္ေတာ့ ယံယံ့ေခါင္းက သူ႔ဗိုက္ေပၚေ႐ႊ႕လာသည္။

" မင္းျပန္လာရင္ ငါနဲ႔အတူ အဂၤလိပ္စာသင္တန္း လိုက္တက္ရမယ္ေနာ္ "

" အြန္း တက္မယ္ "

" ၿပီးေတာ့ ဘာလုပ္ခ်င္ေသးလဲ ... ဒီက သူငယ္ခ်င္းေတြနဲ႔လဲ မင္း ေဘာလုံးခ်ိန္းကန္လို႔ရတာပဲ "

" မင္းေရာ လိုက္ကန္မွာလား "

" မကန္ပါဘူး... မင္းနဲ႔ေတာ့ လိုက္ခဲ့မယ္ေလ... ၿပီးေတာ့ ငါ မႏွစ္ကတက္တဲ့ ဂီတာတီးသင္တန္း ဆက္တက္ဦးမွာ "

ယံယံက ခဏေလာက္ ၿငိမ္သြားသည္။ ၿပီးမွ

" ဉာဏ္ ... ငါျပန္လာရင္ ဂီတာတီးျပ "

" တီးျပမယ္... မင္း တစ္ပတ္အတြင္း ျပန္လာမွေနာ္...
တစ္ပတ္ေက်ာ္ရင္ မတီးျပဘူး "

" ျပန္လာမွာပါဆို.. ငါမရွိတုန္း ဘယ္မွေလွ်ာက္မသြားနဲ႔...ငါျပန္လာမွ ငါနဲ႔သြားမယ္ "

" အိုေခ "

ခဏေလာက္ သူတို႔ႏွစ္ေယာက္ၾကားမွာ တိတ္ဆိတ္သြား၏ ။ ၿပီးမွ ယံယံက စကားျပန္စလာသည္။

" ဉာဏ္... ေနာက္ ဆယ့္ငါးႏွစ္ အႏွစ္ႏွစ္ဆယ္ေလာက္ဆို ငါတို႔ဘာျဖစ္မယ္ထင္လဲ "

ဉာဏ္ ခဏေတြေဝသြားသည္။ သူ ဒါကို တစ္ခါမွ စဥ္းစား မၾကည့္ခဲ့ဖူးပါ။

" မသိဘူးေလ... ငါ မစဥ္းစားဖူးဘူး "

" အဲဒီအခ်ိန္ေလာက္ဆို မင္းက သခ်ၤာပါေမာကၡျဖစ္ေနေလာက္ၿပီ "

" ဒါဆို မင္းလဲ လက္ေ႐ြးစင္ေဘာလုံးသမား ျဖစ္ေနေလာက္ၿပီ "

" အဲဒီက် ငါတို႔ အခုလို ေတြ႕ျဖစ္ၾကပါေတာ့မလားဟင္ ဉာဏ္  "

သည္ေမးခြန္းကိုၾကားရတာ ဉာဏ့္စိတ္ထဲ တစ္မ်ိဳးျဖစ္သြား၏။ ႐ုတ္တရက္ ဝမ္းနည္းလာသလိုလို။

" ဘာလို႔ မေတြ႕ျဖစ္ရမွာလဲ ယံယံ "

" ငါတို႔မွာ ကိုယ္ပိုင္ဘဝေတြ ရွိလာတဲ့အခ်ိန္က်ရင္ေလ.... တျခားဦးစားေပးရမဲ့အရာေတြ ရွိလာၿပီး ငါတို႔ေတြ ေဝးသြားၾကတဲ့အခါက် ငယ္ငယ္ကသူငယ္ခ်င္းကို ေမ့သြားၾကမွာပဲ မဟုတ္လား "

ယံယံေျပာမွ ဉာဏ္မ်က္ရည္ပါဝိုင္းလာ၏။

" မင္း ဘာလို႔ ငါ့ကို ငိုခ်င္လာေအာင္ ေျပာေနတာလဲ  "

" ငါက ဒီတိုင္း ေတြးၾကည့္တာပါ... အဲ့လိုသာဆို ငါ အသက္မႀကီးခ်င္ေတာ့ဘူး "

" ဒါေပမဲ့ အခ်ိန္စက္ဝန္းကို ငါတို႔ရပ္တန႔္ထားလို႔မွ မရတာ  "

အခ်ိန္ကိုလည္း ရပ္တန္႔ထားလို႔မရ၊ ေရွ႕ဆက္ႀကီးျပင္းလာမည့္ သူတို႔ရဲ႕အသက္အ႐ြယ္ကိုလည္း ရပ္တန႔္ထားလို႔မရ၊ တျခားလိုအပ္ခ်က္ေတြရွိလာဦးမည့္ သဘာဝတရားကိုလည္း ရပ္တန႔္ထားလို႔မရ။
ေလာကႀကီးမွာ လူသားတစ္ေယာက္အေနႏွင့္ မတတ္ႏိုင္တာေတြ အမ်ားႀကီးပဲမဟုတ္လား ။

" ဉာဏ္.... ငါ မင္းကိုခ်စ္တယ္ေနာ္ "

သူ႔ဗိုက္ေပၚကိုေခါင္းအုံးအိပ္ရင္း သည္ကေန႔မွ ထူးထူးဆန္းဆန္းစကားေတြ ေျပာေနေသာ ယံယံ့ကို ဉာဏ္ ေခါင္းေထာင္ၾကည့္လိုက္ေတာ့ ႏႈတ္ခမ္းေလးေတြေကြးသြားေအာင္ သူ႔ကိုၿပဳံးျပသည္။

" ဘယ္အ႐ြယ္ေရာက္ေရာက္ မင္းက ငါ့ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းပဲ "

သုံးတန္းတုန္းက သူ႔လက္ကိုျဖဳတ္ခ်ၿပီး သူငယ္ခ်င္းမလုပ္ခ်င္ဘူးဟု ေျပာခဲ့ေသာေကာင္ေလးက အခု သူ႔ကိုအခ်စ္ဆုံးသူငယ္ခ်င္းပါတဲ့ ။ ရင္ထဲမွာ ၿငိမ့္ခနဲ ျဖတ္ေျပးသြားသည့္ ခံစားခ်က္က ၾကည္ႏူးမႈလား ။ သို႔မဟုတ္ တစ္ျခားတစ္ခုခုလား။

" အင္း... ၿပီးေတာ့ ဘယ္အ႐ြယ္ေရာက္ေရာက္ ငါတို႔က ေတြ႕ျဖစ္ၾကမွာ ယံယံ... ေလွ်ာက္ေတြးမေနနဲ႔ ...မင္း ေတြ႕ခ်င္တဲ့ ဘယ္အခ်ိန္ေနေန ငါ မင္းဆီ လာခဲ့မယ္... ေနာက္အႏွစ္ႏွစ္ဆယ္မဟုတ္ဘူး...သုံးဆယ္၊ ေလးဆယ္၊ ငါးဆယ္... ဘယ္ေတာ့ျဖစ္ျဖစ္ "

" ငါက ေန႔တိုင္း ေတြ႕ခ်င္တယ္ဆိုရင္ေရာ "

" ေန႔တိုင္းလာမွာေပါ့ "

" အဲ့က် မင္းမွာ မိသားစုေတြရွိေနၿပီေလ "

" ရွိရွိေပါ့ "

" တကယ္ေျပာတာလား ဉာဏ္လင္းထင္ "

" တကယ္ေျပာတာ ပိုင္ေဇယံ "

" ကတိေပး "

ယံယံ ေထာင္ျပလာေသာ လက္သန္းေလးကို ဉာဏ္ သူ႔ လက္သန္းျဖင့္ ဆြဲခ်ိတ္လိုက္ၿပီး

" ေပးတယ္... ကတိ "

" တစ္ခါတည္းလား "

" ဆယ္ခါ "

" ဆယ္ခါတည္းလား "

" မင္းႀကိဳက္သေလာက္ကြာ... ကဲ "

" ဟားဟားဟား "

ထို႔ေနာက္မွာေတာ့ သူတို႔ အုန္းသီးေရခဲမုန႔္ ထြက္စားခဲ့ၾကသည္။ ထုံးစံအတိုင္း ယံယံက ေရခဲမုန္႔ႏွစ္ခုစားၿပီး ဉာဏ္က ပိုက္ဆံရွင္းရသည္။ ႏွစ္ေယာက္သား တစ္ေန႔လုံး ဂိမ္းဆိုင္သြား ဂိမ္းေဆာ့ၿပီး ညေန ယံယံတို႔အိမ္မွာ ထမင္းစားၿပီးမွ ဉာဏ္ အိမ္ျပန္လာခဲ့၏။

ေနာက္ႏွစ္ရက္ေနေတာ့ ယံယံက အန္တီသီတာႏွင့္ ထားဝယ္သြားသည္။ ဉာဏ့္ကို ေျပာခဲ့သလို ဖုန္းလည္းမဆက္ ၊ တစ္ပတ္အတြင္းလည္း ျပန္မေရာက္ဘဲ ဆယ္ရက္ၾကာမွ ေရာက္လာခဲ့၏။

သို႔ေသာ္ ဉာဏ္ကေတာ့ ယံယံေတာင္းဆိုသည့္အတိုင္း ဂီတာတီးျပခဲ့ပါသည္။ ဉာဏ္ ဂီတာတီးၿပီး ပထမဆုံး ယံယံ့ကို ဆိုျပသည့္သီခ်င္းက Fly Me To The Moon တဲ့ ။

ၿပီးေတာ့ သူတို႔အစီအစဥ္အတိုင္း သင္တန္းအတူတက္ၾက၊ ဂိမ္းအတူေဆာ့ၾက၊ Super Heroes ကားေတြ အတူၾကည့္ၾကျဖင့္ ေက်ာင္းပိတ္ရက္ကို အတူကုန္ဆုံးခဲ့ၾကသည္။

*****

ေက်ာင္းေတြျပန္ဖြင့္ၿပီး ရွစ္တန္းႏွစ္ကေတာ့ ငယ္ငယ္ကတည္းက လူႀကီးေတြ ျမင္ခ်င္ခဲ့သည့္ပုံစံအတိုင္း ႏွစ္ေယာက္သား တပူးပူးတတြဲတြဲပါ။

ဉာဏ္ပါသည့္ music club အနားမွာ ယံယံ့ကို အၿမဲေတြ႕ရတတ္ၿပီး ယံယံ training ဆင္းေနတာကိုလည္း ဉာဏ္က စာအုပ္ဖတ္ရင္း ထိုင္ေစာင့္ေနတတ္သည္။

ႏွစ္‌‌‌ေယာက္သား စိတ္ဆိုးၿပီး စကားမေျပာျဖစ္ၾကသည့္ ေန႔ေတြလည္းရွိ၏။

ဉာဏ္က သံစဥ့္ကို စာအုပ္ေတြ ကူသယ္ေပးေနသည္ကို ယံယံ ေတြ႕သည့္အခါ ၊ ယံယံ့ပုခုံး ဒဏ္ရာရလာသျဖင့္ ေနာက္ထပ္ ေဘာလုံးမကန္ေတာ့ဖို႔ ဉာဏ္က ေျပာသည့္အခါ ၊ ဉာဏ္က ယံယံ့ကိုအသိမေပးဘဲ ေခါင္ထြဋ္ႏွင့္ ေရွးေဟာင္းပစၥည္းအေရာင္းဆိုင္ လိုက္သြားေသာအခါ ၊ ယံယံက အႏုပညာျပခန္းကို ‌မီမီဟန္ႏွင့္ ႏွစ္ေယာက္တည္း အတူသြားခဲ့မွန္း ဉာဏ္သိသြားေသာအခါ စသျဖင့္ တစ္ေယာက္ႏွင့္တစ္ေယာက္ စကားနာထိုးရင္းကေန ရန္ထျဖစ္ၾကသည့္ အခါမ်ိဳးေတြလည္း ႀကိဳးၾကားႀကိဳးၾကားပါ ။

" သံစဥ္နဲ႔ လဝန္း ဘယ္သူပိုလွလဲ ဉာဏ္လင္းထင္ "

" မသိဘူးေလ.. ႏွစ္ေယာက္စလုံး သူ႔ဟာနဲ႔သူ လွတယ္ေနမွာေပါ့ ...ဘာလို႔ေမးတာလဲ မင္းက "

" မင္းမ်က္စိထဲ ဘယ္သူပိုလွလဲ သိခ်င္လို႔ "

" ဘယ္သူမွ မလွဘူး....ေနပါဦး အဲ့ဒါေတြလာေမးေနရေအာင္ မင္း အခုမွ ဆယ့္ငါးႏွစ္ရွိေသး... ရည္းစားထားဖို႔ စိတ္ဝင္စားေနၿပီလား ပိုင္ေဇယံ "

" မင္းေရာ စိတ္မဝင္စားဘူးလား "

" No.... မင္းလဲ ဝင္စားဖို႔ စိတ္မကူးနဲ႔...အဲ့ဒီအစား သခ်ၤာပုစာၦတစ္ပုဒ္ေလာက္ ငါမေျပာျပရဘဲ တြက္ႏိုင္ေအာင္သာ အာ႐ုံစိုက္....မဟုတ္လို႔ကေတာ့ မင္း ရည္းစားထားဖို႔ စဥ္းစားေနၿပီဆိုၿပီး မင္းအေမနဲ႔ ျပန္တိုင္မွာ "

ဒီတစ္ခါ ဉာဏ့္ကို ဆရာလုပ္ပါသည္ဆိုၿပီး ယံယံျပန္ရန္မေတြ႕ဘဲ ၿပဳံးေနမိသည္မွာ သူ႔စိတ္ထဲ ဘာကိုေက်နပ္သြားလို႔ရယ္မသိေပ။ ထိုေန႔ကစၿပီး သံစဥ္ႏွင့္ လဝန္းအေပၚ အျမင္မၾကည္တာမ်ိဳးလည္း မရွိေတာ့ပါ။

*****

ကိုးတန္း .... ။

အတန္းႀကီးလာသည္ႏွင့္အမွ် ေလ့လာရသည့္စာေတြလည္း မ်ားလာၿပီး စိတ္ဝင္စားစရာေကာင္းသည့္ တျခားအရာေတြလည္း အမ်ားအျပားရွိလာ၏။

ဉာဏ္လင္းထင္က ေကာင္မေလးတိုင္း ရင္းႏွီးခ်င္ေသာ အတန္းေခါင္းေဆာင္ျဖစ္သည့္အျပင္ ေက်ာင္းက တီးဝိုင္းအဖြဲ႕ရဲ႕ Guitarist တစ္ေယာက္လည္း ျဖစ္လာသည္။

ပိုင္ေဇယံကေတာ့ တျခားေက်ာင္းေတြအထိပါ ေရပန္းစားေနသည့္ ဂိုးသြင္းေကာင္းၿပီး ႐ုပ္ေခ်ာေခ်ာ ေဘာလုံးသမား ။

စာၾကည့္တိုက္ထဲက ဉာဏ့္ေဘးမွာ စာေမးခ်င္ေယာင္ေဆာင္ၿပီး ေကာ္ဖီဝယ္တိုက္ခ်င္ေသာ ေကာင္မေလးတစ္ေယာက္ႏွစ္ေယာက္ကို အၿမဲေတြ႕ရတတ္ၿပီး ယံယံရဲ႕စက္ဘီးႏွင့္ ထိုင္‌ေနၾက စာသင္ခုံေပၚမွာေတာ့ ေခ်ာကလက္ေတြ ၊ ေရေမႊးဆြတ္ထားသည့္ စာအိတ္လွလွေလးေတြႏွင့္ ပန္းေတြက အၿမဲေနရာယူထားတတ္သည္။

" ဉာဏ္... ဒီမွာ ငါ့စက္ဘီးေပၚ ပန္းေတြေရာက္ေနျပန္ၿပီ... ဘယ္သူလာထားသြားျပန္တာလဲ မသိဘူး "

" သိခ်င္လို႔လား....ဟိုမွာ CCTVရွိတယ္... record သြားေတာင္းၾကည့္ေလ "

" မသိခ်င္ပါဘူး...ငါမွ စိတ္မဝင္စားဘဲ "

" ဒါဆိုလဲ ဘာလို႔ အဲဒီပန္းေတြကိုင္ထားေနေသးလဲ... အမႈိက္ပုံးထဲ တစ္ခါတည္း ထည့္ခဲ့လိုက္ေလ "

" ႏွေျမႇာစရာႀကီး။ အိမ္မွာ ဘုရားပန္းအိုးထိုးလို႔ ရတာကို "

သူ႔ကိုဘာမွမေျပာေတာ့ဘဲ မၾကည္သည့္အၾကည့္ႏွင့္ တစ္ခ်က္ၾကည့္ၿပီး စက္ဘီးနင္းထြက္သြားေသာ ဉာဏ့္ေနာက္ကို ယံယံပန္းစည္းတစ္ဖက္ကိုင္ၿပီး အမွီလိုက္စီးရေတာ့သည္။

*****

" ဉာဏ္လင္းထင္ ငါတို႔ ဆယ့္‌ေျခာက္ႏွစ္ျပည့္ေတာ့မွာေနာ္ "

" အဲ့ေတာ့ ဘာျဖစ္လဲ  "

" အခ်ိန္ေတြက ကုန္လြယ္သလိုပဲ.. ငါ အသက္ျမန္ျမန္ မႀကီးခ်င္ဘူး "

" စာေတြမ်ားလာလို႔မို႔လား.... အပ်င္းမႀကီးနဲ႔ ထထ ...ဒီအဂၤလိပ္ကဗ်ာတစ္ပုဒ္ မင္းအရင္ဘာသာျပန္ျပ "

ကိုးတန္းႏွစ္မွာေတာ့ ယံယံက သူ႔အိမ္မွာထက္ ဉာဏ့္အိမ္မွာပဲ စာအတူၾကည့္ရင္းအိပ္သည့္ညက ပိုမ်ားသည္။ ယံယံ အိပ္သည့္ညဆို ဉာဏ္က အခန္းထဲမွာ တစ္ညလုံး မီးဖြင့္ေပးထားၿပီး  ျပတင္းမွန္ေတြမွာလည္း မိုး႐ြာလို႔ လွ်ပ္စီးလက္လွ်င္ မျမင္ရေအာင္ လိုက္ကာေတြတပ္ထား၏။ ေနာက္ၿပီး ယံယံႀကိဳက္သည့္ မုန႔္ေတြကိုလည္း စားပြဲေပၚမွာ အၿမဲအျပည့္ ျဖည့္ေပးထားေသးသည္။

" ဉာဏ္... မင္းက ငါ့အတြက္ အေကာင္းဆုံးပဲသိလား... မင္းမရွိရင္ ငါေတာ့ ဘယ္လိုလုပ္ရပါ့ "

" ငါက ဘယ္သြားမွာမို႔လို႔လဲ "

" ေနာက္က် ေျပာတာ "

သည္ႏွစ္ပိုင္းေတြမွာ ယံယံ့ဆီက သည္လိုစကားမ်ိဳး ဉာဏ္ မၾကာခဏ ၾကားရတတ္သည္။

" ေနာက္လဲ ငါဘယ္မွမသြားဘူး ပိုင္ေဇယံ ....
မျဖစ္ေသးတာေတြ ေလွ်ာက္ေတြးၿပီး ဒရာမာခင္းမဲ့အစား အခု ငါရွင္းျပထားတဲ့ ပုစာၦကို တစ္ခါတည္းမွန္ေအာင္ျပန္တြက္ "

" ရက္စ္ ဆာ...
ေျပာတဲ့အတိုင္း တသေဝမတိမ္း လိုက္နာေဆာင္႐ြက္ပါ့မယ္ ဆာ "

သူ႔ကို အေလးျပဳၿပီး ေျပာလိုက္သည့္ ပုံစံေၾကာင့္ ဉာဏ္ ခြက္ထိုးခြက္လန္ ရယ္မိသည္။ ပိုင္ေဇယံတို႔က ေဘာလုံးသမား မလုပ္သင့္ဘူး ။ ႐ုပ္ရွင္မင္းသား လုပ္သင့္တာ ။

ဉာဏ္က ယံယံ့ထက္ တစ္လေက်ာ္ႀကီးသျဖင့္ ဉာဏ့္ေမြးေန႔က  ယံယံ့ထက္ အရင္ေရာက္သည္။

သည္ႏွစ္ ဉာဏ္ရဲ႕ ဆယ့္ေျခာက္ႏွစ္ျပည့္ေမြးေန႔မွာ ယံယံက သူကိုယ္တိုင္ ဖေယာင္းျဖင့္ ဖန္တီးထားသည့္ student festivalတုန္းက ဂီတာတီးေနေသာ ဉာဏ္ရဲ႕ ပုံတူ႐ုပ္ထုေသးေသးေလး လက္ေဆာင္ေပး၏။

" ယံယံ... မင္း ဒါေလး ဘယ္တုန္းကလုပ္ထားတာလဲ "

" ဘယ္တုန္းကလုပ္လုပ္ေပါ့... ႀကိဳက္လား ေျပာ "

" ႀကိဳက္တာေပါ့ မင္းလုပ္ေပးတာပဲ ... ႏွစ္တိုင္း ငါ့ကို ဒါမ်ိဳးေလး တစ္ႏွစ္တစ္႐ုပ္လုပ္ေပး "

" ဘယ္ႏွစ္အထိလဲ "

" ႏွစ္တိုင္းပါဆို ပိုင္ေဇယံ ... ငါ့ေမြးေန႔တိုင္း မင္း ငါ့ေဘးမွာရွိေပးရမယ္ ... ငါတို႔ အတူတူ အသက္ႀကီးသြားတဲ့အထိ "

ဉာဏ့္စကားကို ယံယံက ၿပဳံးၿပီး ေခါင္းညိတ္ကာ သေဘာတူ၏ ။ ေနာက္ၿပီးေတာ့ ေမြးေန႔ကိတ္ေပၚ ဖေယာင္းတိုင္ထြန္းကာ ဉာဏ့္ေရွ႕ယူလာၿပီး ဆုေတာင္းစကားဆိုလိုက္ပါသည္။

" Happy Birthday ဉာဏ္ "

#PoPoPhoenix





Continue Reading

You'll Also Like

400K 30.8K 44
မုသားဟု ဆိုရာ၌..........
302K 16.2K 53
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
1.3M 21.6K 30
ယော.. ကျွန်တော်ကလူတော်..ဒါပေမယ့် လူကောင်းမဟုတ်ဘူး။ စာရေးသူ၏ စိတ်ကူးယဥ်မှုဖြင့် ရေးသောကြောင့် အပြင်လောကနှင့်ကွဲပြားနိုင်သည်ကို သတိချပ်ပေးစေလိုပါသည်။ လ...
117K 12.8K 110
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...